သူ...ချန်ခဲ့လေသော
*******************************
သူမ....
အဝတ်လဲခန်းထဲမှာ မြန်မာဝတ်စုံတွေ ထားသည့် ဗီဒိုဆီ ခြေဦးလှည့်လိုက်သည်...
လိမ္မော်ရောင် ခပ်ဖျော့ဖျော့ ဝမ်းဆက် တစ်စုံကို ဆွဲထုတ်ကာ...ဝတ်ဆင်လိုက်သည်..
သူမကို ခေတ်ဆန်လွန်းသည်ဟု...
သူ..က စွပ်စွဲသော်လည်း...
သူမ မြန်မာဝတ်စုံလေးတွေ ဝတ်ဆင်ရသည်ကို သဘောကျတက်ကာ..
မကြာ မကြာ ဝတ်ဆင်လေ့ရှိသည်...
ချူပ်ပုံက ခပ်ရိုးရိုး ရင်ဖုံး ဒီဇိုင်းသာ ဖြစ်သော်လည်း....
ခါးတင် လေး ချူပ်ထားတာမို့...
ဖြူဝင်းတဲ့ အသားရည်ပေါ်တွင်
အဆီပိုမရှိ ချပ်ချပ်ရက်ရက် ခန္ဓာကိုယ်နှင့် အံ့ဝင်ဂွင်ကျ ရှိနေကာ...
လိုက်ဖက်လွန်းလှသည်...
အရပ်ရှည်ရှည် ခပ်ပြည့်ပြည့် body ကို ထင်းကနဲ ဖြစ်စေကာ...
လုံးကြီးပေါက်လှ ဟု မကြာခဏ ပြောဆိုသံကြားရဖူးသည်...
ထုံးစံအတိုင်း....
နှုတ်ခမ်းနီ ရဲရဲ ကို ဆိုးလိုက်ပြီးနော် အလှပြင်ခြင်း အလုပ်တခု ပြီးမြောက်သည်....
အကျီနှင့်လိုက်ဖက်မည့် အသုံးဆောင်....
ဖိနပ်... အိတ် တို့ကို ရွေးချယ်လိုက်ပြီးနောက်
သူမ အပြင်သို့ ထွက်ခဲ့သည်....
ဒီနေ့နှင့်ဆို....
သူ...သူမဆီရောက်မလာတာ နှစ်ပတ် ပြည့်ပြီ
စကားအခြေတင်မများချင်လို့....သူရှောင်ထွက်သွားသည့်နေ့က...
တကယ်ဆို....
သူ ဒေါသတွေ ပိပြားနေတာ...သူမ သိသော်လည်း..
မတက်နိုင်......
ရန်ဖြစ်ရခြင်းတွေကို ငြီးငွေ့လှသည်မို့...
တခါတလေကျတော့လဲ...သူ အလုပ်ရှုပ်နေတာကို သူမ ပိုသဘောကျမိသည်...
ပေါ့ပါးသွက်လက်တဲ့ ခြေလှမ်းတွေနဲ့....
Lwin Jewellery Shop 12 ဘက်သို့ ဦးတည်ခဲ့လိုက်သည်...
ဒီလ ရောင်းအား ကျသည်မို့....
Shop 12 ဆီ.... သူမရောက်ရှိလာရခြင်းဖြစ်ကာ...
Customer Service ညံ့သည်ဟုသော..
Social media မှ မှတ်ချက်များကြောင့် ဝန်ထမ်းတွေနှင့် စကားပြောရန်..
လိုအပ်ချက်တွေ လေ့လာရန် သူမ တာဝန်ရှိလာသည်...။
'' ကြွပါ "
အသက်မပါလှသော လေသံနှင့် ကြိုနေသူ မျက်နှာသစ် ဝန်ထမ်းမလေး...
'' ဝန်ထမ်းအသစ် ထင်ပါရဲ့..."
'' ဟုတ်ပါတယ် လာနေကြထင်တယ် အပ်ထည် လာရွေးတာလားရှင့် "
သူမကို သိပုံမရတာမို့..
'' Dia ထဲက အသစ်တွေရှိရင် ပြပေးပါလား "
ပစ္စည်းတွေ တမျိူးပြီး တမျိူး ပြခိုင်းကာ...
မေးလိုက်တိုင်းဘာမှ မသိ....
ထားပါလေ လူသစ်မို့ မသိသေးတာ ဖြစ်နိုင်သော်လည်း...
ဆက်ဆံရေးမှာ ဆိုးရွားလွန်းလှသည်..
ဝယ်မှာလဲမဟုတ်ပဲ အာလာချောင်နေလေသလားဆိုတဲ့ အကြည့်မျိူးနှင့်ကြည့်တက်သေးသည်...
ဆိုင်တွင် လူကျ ချိန်မို့....
တခြားသူတွေ သူမဆီ အာရုံရောက်မလာကြ...
သူမသာ...Customer သာဆိုလျှင်..
ဒီနေရာက လှည့်ပြန်သွားမိမည်ထင်သည်...
အခြေအတင် ရန်ဖြစ်နေရလောက်အောင်အထိ Role အကျ မခံနိုင်...
Bad customer service တချိူ့သည်...
ထိုမိန်းကလေးထံမှ လာသည်ဟု သူမ..ကောက်ချက်ပြုကာ..
'' MD.... "
သူမ ကို လှမ်းမြင်သွားကာ..သတိထားမိသွားသည့် ဆိုင်ခွဲ မန်နေဂျာ.ကိုထွန်းခိုင်...
သူမအနားအပြေးရောက်လာသည်မို့..
'' ဒီမိန်းကလေးကို ၃ လစာပေးပြီး ပြန်ခိုင်းလိုက်တော့ "
'' ရှင် "
ချက်ချင်း ပျက်ယွင်းသွားသည့် မျက်နှာအနေအထားဟာ...
တော်ရုံတော့မဟုတ်... ဝမ်းနည်းသည့်အရိပ်ယောင်မရှိ အလုပ်ဖြုတ်ခံရသည်ကိုသာ..
ခံပြင်း ပုံပြသည်...
'' ဘာပဲရောင်းရောင်း စျေးရောင်းနေရတယ်ဆိုတဲ့ စိတ်ကို ထားတက်ရမယ်...
စျေးရောင်းတယ်ဆိုတာ....
ဝယ်သူ customer ကို စိတ်တိုင်းကျအောင်..
ဝယ်ချင်လာအောင် စိတ်ရှည်ရှည်နဲ့ Service ပေးနိုင်ရမယ် ကိုထွန်းခိုင် ကျမကို ဝန်ထမ်း Profile တွေ ယူလာပေးပါ...
ဒီမိန်းကလေး Profile ဖယ်ပြီးတော့နော် "
ရုံးချူပ် MD ဆင်းလာသည်မို့...ပြာသွားပုံရကာ..
သူမ...ဆိုင်အပေါ်ထပ် မန်နေဂျာ ရုံးခန်းဆီ လှည့်ထွက်လာခဲ့သည်...
ရုံးခန်းဆီရောက်မှ....
'' အလုပ်ဝင်တာ မကြာသေးတဲ့ အရောင်းအတွေ့အကြုံမရှိတဲ့ ဝန်ထမ်းတွေကို Ground မှာ တစ်ယောက်ထဲ လွှတ်မထားသင့်တာ ကိုထွန်းခိုင် မသိလေသလား "
'' ကျွန်တော်....."
'' ဆင်ခြေတွေဆို ဆက်မပြေတာကောင်းမယ်...ကျမ သေချာ announce လုပ်ပြီးသားထင်ပါတယ်နော် ဝန်ထမ်းအသစ်ကို service ပိုင်းနဲ့ product အကြောင်း training ပေးပြီးမှ စီနီယာတစ်ယောက်နဲ့တွဲလုပ်ခိုင်းဖို့ "
'' ဟုတ်ကဲ့ ကျွန်တော် အမှားပါ MD နောက်ထပ် မကြားစေရပါဘူး "
'' ကျမ တခြားဆိုင်ခွဲတွေက စီနီယာ ဝန်ထမ်းအချိူ့ လွှတ်ပေးလိုက်ပါ့မယ်
ဒီဆိုင်ခွဲမှာ
တနေကုန် Shop 12 တွင်သာ...
အလုပ်ရှုပ်နေခဲ့ကာ..
ဒီကနေသာ ရုံးတန်းဆင်းခဲ့လိုက်ရသည်....
''အမ...အမ ''
ခေါ်သံကြောင့်...သူမ လှည့်ကြည့်မိပြီး..
သူ့ကို ပြုံးပြနေတဲ့ ပါးချိူင့်တွေနဲ့ ဖြူဖြူပိန်ပိန် ကောင်ကလေးတစ်ယောက်..
'' တို့ကိုခေါ်တာလား ''
'' ဟုတ်.. ဟိုဟာလေ...အမတို့ရုံးက ကားလာခင်ဗျ ''
သူ ညွန်ပြရာ ကြည့်လိုက်တော့ Shop 12 ရဲ့ ဖယ်ရီအကြို့ပို့ကားဖြစ်နေသည်မို့...
သူမ ခေါင်းညိမ့်ပြလိုက်ရာ...
'' ကျွန်တော့ ကား ပါကင်ထိုးရင်း ငြိမိသွားလို့ အဲ့တာ.."
သူမ ကားကို ချက်ချင်း ရှေ့နောက် ပတ်ကြည့်မိရာ ညာဘက်အခြမ်း မီးသီးမှာ အတော်ပင် ထိခိုက်ထားပုံရသည်..
'' ကျွန်တော်တောင်းပန်ပါတယ်ခင်ဗျ ကားပြင်တဲ့ ကုန်ကျစားရိတ်ကို... "
'' မင်းက အဲ့တာပြောမလို့စောင့်နေတာလား ဘာလို့ ဆိုင်ထဲ ဝင်မပြောတာလဲ "
'' ကျွန်တော် ဟိုဘက်က ရုံးခန်းမှာ အင်တာဗျူး လာဖြေတာပါ နောက်ကျနေတာနဲ့ ကားပေါ်မှာလဲ Lwin Jewellery Shop 12 လို့ရေးထားတာမို့ အရင်အင်တာဗျူးသွားဖြေလိုက်တာပါ အခုကျွန်တော် ဆင်းလာလာချင်း အမကို တွေ့လို့ အမြန်လာပြောတာပါ ''
'' စိတ်ဝင်စားစရာပဲ ကျမ ကို Lwin ကမှန်း မင်းဘယ်လိုသိလဲ ကျမ customer လဲ ဖြစ်နိုင်တာပဲ ''
''အမ သော့ဖွင့်လိုက်တဲ့ ဒီကားလေးပေါ်မှာလဲ Lwin Jewellery လို့ရေးထားလို့ပါ ''
သူ လက်ညှိူးညွန်ပြရာကြည့်လိုက်တော့ ကားမှန်ထောင့်မှာ ဖုန်းနံပတ် ရေးထားတဲ့ကဒ်ကို ဆိုင် Logo နှင့် သုံးထားသည့် ကဒ်ကလေး ထောင်ထားသည်မှ အထင်းသား..
ရှုပ်အကျီအဖြူ....နှင့် ပုဆိုးလေးကို တွဲဖတ်ဝတ်ဆင်ထားကာ လူပုံစံက သန့်ပြန့်နေသည်..
အသားဖြူဖြူ အရပ်မြင့်မြင့်နှင့်...
တောင့်ဖြောင့် ကျစ်လစ်သော body မျိူးမဟုတ်သော်လည်း...
မပိန်လွန်း မဝလွန်းသည့် ခန္ဓာကိုယ်နှင့်..
ထိုကောင်လေးရဲ့ပုံစံမှာ...ကြည့်ကောင်းနေသလို..
အပြစ်ကင်းပုံပေါ်တဲ့ နှာတံချွန်ချွန်နှင့် နီထွေးနေသော နှုတ်ခမ်းလေးတွေဟာ ချစ်စရာကောင်းလှသည်...
လုံးဝ Cute type လေးပါလား....