သူ...ချန်ခဲ့လေသော
********************************
နေသူရိန်လင်း
သူမ အသက် ၂၀ အရွယ်မှာ.... တွေ့ဆုံခဲ့တဲ့အမျိူးသား
သူမထက် အဆပေါင်းများစွာ ချမ်းသာတဲ့ မိသားစုကဖြစ်သလို..
စာသိပ်တော်တယ်..
အလုပ်သိပ်ကြိုးစားတဲ့...သူ
သူမ ထက် ၂ နှစ်ကြီးသလို...
သူမတို့ စတွေ့တဲ့ အချိန်တည်းက မိသားစု လုပ်ငန်းတချိူ့ကို သူစတင် ဦးဆောင်နေပြီပေါ့....
မျက်လုံး မျက်ခုံးကောင်းကောင်း...
အသားဖြူဖြူ ဘော်ဒီတောင့်တောင့်....
မုတ်ဆိတ် ကျင်စွယ် မထူမပါးနဲ့ သူ့ပုံစံဟာ..
သူမ Type ဖြစ်နေတာမို့...
စိတ်ဝင်စား မိကာ....
အမြဲ ငေးမောနေရတဲ့ အမျိူးသား.....
သိပ်မာနကြီးတဲ့သူ.....
သူမ သိပ်ချစ်ရတဲ့သူ....
'' တကယ်ဆို ကိုယ်တို့အသက်ရွယ် က မငယ်တော့ဘူး ဝေ "
သူ ရေချိူးခန်း ဝင်သွားတည်းက....
သူမ အသင့်ထုတ်ထားတဲ့ သူ့အတွက် အဝတ်အစား အသစ်တွေကို ယူဝတ်ပြီး...သူမ အနား တိုးလာသည်မို့...
သောက်လက်စ ဆေးလိပ်တွေကို ပြာခွက်ထဲ ထိုးချေ လိုက်ရသည်..
ကိုယ် ဆေးလိပ်ငွေ့တွေ အနံမခံနိုင်ဘူး ဝေ
ဒီစကားကို..သူမ အခုထိမှတ်မိနေကာ....
သူမနား သူကပ်လာတိုင်း.....
သူမသိပ်ကို စွဲလန်းတဲ့ ဆေးလိပ်တွေကို.... လွှင့်ပစ်ပေးခဲ့တာကြီးပါပဲ....
''ကိုယ်ရှိနေတဲ့ ခဏတောင် ဒီဆေးလိပ်တွေကို မသောက်ပဲမနေနိုင်ဘူးလား "
''အသက်မငယ်တာနဲ့...ကျမဆေးလိပ်သောက်တာ ဆိုင်လို့လား "
'' ကိုယ်တို့ အိမ်ထောင်ပြုသင့်တဲ့ အရွယ်ကို ရောက်နေပြီဝေ မင်းရဲ့ social ကျတာထက် လွန်နေတဲ့ အကျင့်တွေ ပြင်သင့်နေပြီ "
'' လူသိရှင်ကြား တောင် မတွဲရဲသေးပဲ ကို ရယ် ''
'' မင်းရဲ့ အကျင့်ကြောင့် ကိုယ်ခေါ်ထုတ်သွားဖို့မရဲတာ ကိုယ့် ဂုဏ်သိက္ခာ..."
သူမ နံဘေးမှာ မက်တပ်ရပ်နေတဲ့ သူ့အနား ထရပ်လိုက်ပြီးမှ.....
သူမ လက်ညိုးလေးကို သူနှုတ်ခမ်းတွေရှေ့ ဖိကပ်လိုက်ကာ...
'' ဆက်မပြောရင် ကောင်းမယ် ကို ရယ် ..ဟိုတွေး ဒီတွေးတွေးနေရ ရင် ကို့ ဘဝ ပုံသေမျည်းအတိုင်း ကို နေပါ "
သူ့ ပခုံးတွေကို သူမ လက်သွယ်သွယ်ကလေးတွေနဲ့ သိုင်းဖက်လိုက်ပြီး
သူ နှုတ်ခမ်း အေးစက်စက်တွေကို...
သူမ နှုတ်ခမ်း ဖူးဖူးလေးဖြင့် ဖိကပ် နမ်းပစ်လိုက်သည်.....
သူမ စိတ်မပျော်စေမဲ့ ဒီစကားတွေ ထပ်..ထွက်မကျလာစေဖို့ ရည်ရွယ်ကာ...
သူမ မက်မောတဲ့ သူနှုတ်ခမ်းတွေကို...
အရသာရှိရှိစားသုံးနေလိုက်တော့သည်...
ထိုနောက် အနမ်းတွေ ရပ်တန့်ပစ်လိုက်ပြီး..
ပြောလက်စ စကားကို ဆက်၍...
'' ကို့ ဘက်က ကျမတို့ လက်ထပ်ဖို့အတွက် တကယ်ဆန္ဒရှိရင်....
မနက်ဖန် ချက်ချင်း ထ လုပ်ပြစ်လိုက်လို့ရတယ်နော် ကို... အရှိကိုအရှိတိုင်း လက်ခံနိုင်ကြရင်ပေါ့ "
သူ့ နှုတ်ခမ်းတွေကို သူမ လက်မဖြင့် ပွတ်သတ်ဆော့ကစားနေရင်း...
ထုံးစံအတိုင်း....
အပြုံးလေးဖြင့် အဆုံးသတ်လိုက်ကာ...
သူမ ရေချိူးခန်းဘက် လှည့်ထွက်သွားဖို့ပြင်သည်..
သူ့ရှပ်အကျီဟာ...သူမ ခန္ဓာကိုယ်မှာ ခပ်ပွပွ ဖြစ်နေပြီး တမျိူးလေး ဆွဲဆောင်မှု့ရှိနေပြန်သည်.....
" မင်း..ကိုယ်နဲ့ အတူ မကြာမကြာနေဖြစ်နေတာ..ကိုယ်နဲ့ လက်မထပ်ဖြစ်မှာ မင်းမကြောက်ဘူးလား ဝေရယ်...
ကိုယ် ဘာလိုချင်တယ်..ဘယ်လို ပြုပြင်စေချင်တယ် မင်းသိနေပါတယ်...
ကိုယ်တို့ လက်ထပ်ဖို့ မကြိုးစားချင်ဘူးလား "
'' ကျမ..ဘာကို ကြောက်ရမှာလဲ ကို လက်မထပ်ဖြစ်မှာကိုလား...ကိုနဲ့ဝေးရမှာကိုလား..
ဒါမမဟုတ်...ကိုနဲ့ အတူအိပ်ဖူးတာကိုလား.. "
သူ့ မျက်လုံးတွေကို အသေချာ စိုက်ကြည့်ကာ...
'' Sex ဆိုတာ စိတ်ခံစားမှု့ သက်သက်ပဲကို...
ကျမတို့နှစ်ဦးသဘောတူ...အတူနေကြတဲ့ အပေါ်မှာ....
ကိုလဲ ပို မ သာသလို...
ကျမဘက်ကနာတယ်ဆိုတာမျိူးလဲ ကျမ မတွေးဘူး ကို.. သာယာမှု့ကို အတူခံစားတယ် ဒီအပေါ်မှာ သာတယ်နာတယ်တွေးရအောင်ထိ Educated မဖြစ်တဲ့ မိန်းမ မဟုတ်လို့...
ဒီလို အခြေနေထိရှိခဲ့ ကြလို့ ယူကိုး ယူကြရမယ်လို့ ကျမ မတွေးဘူး...''
'' ဒါဆို ကိုယ်နဲ့ လက်ထပ်ဖို့ အစီစဥ်မရှိဘူးလား "
'' ကို...ကျမကို အရှိကိုအရှိအတိုင်း လက်ခံနိုင်ပြီဆိုရင် အခုချက်ချင်း ထက်ထပ်နိုင်တယ် "
'' ကျွတ် "
ညှိနှိုင်းနေရတဲ့ မင်္ဂလာပွဲမျိူး...
သူမ အလိုမရှိ.. လုပ်ယူမှဖြစ်လာမဲ့ လက်ထပ်ခြင်းဆိုရင်တော့...
နေပါစေ...
သူမ လက်မထပ်ချင်တော့ဘူး.....
ဖိုဝါဒ လက်ကိုင်ထားတဲ့....
ဒီနိုင်ငံမှာ လူဖြစ်ရတာလဲ သူမအတွက် ခက်ခဲခြင်းတမျိူးပါပဲ..
လက်ထပ်ခြင်းမှာ ဘာကြောင့် အမျိူးသမီးတွေကပဲ တစ်ထပ်လျှော့ပေးရမှာလဲ.....
နှစ်ဦးပေါင်းဖက်ကြခြင်းမှာ...ဘာကြောင့် အမျိူးသမီးတွေကပဲ...
အိမ်အလုပ်တွေအကုန် သိမ်းကျုံးလုပ်ကြရတာလဲ...
ဘာကြောင့်....အိမ်ထောင်ပြုဖို့အတွက်
သူမ ဘက်က ဟိုအချက်တွေပြင်...
ဒီအချက်တွေပြောင်းလဲ လုပ်နေရမှာလဲ....
လက်မထပ်ခင်ရော....
လက်ထပ်ပြီးရင်ရော....
မိန်းကလေးတယောက်ဟာ... ရှိမြဲအတိုင်း ရှိနေသင့်တယ်မဟုတ်ဘူးလား
bathtube ထဲဝင်...
ရေစိမ်လိုက်ကာ....
သူမခေါင်းတွေကို နောက်သို့ မှီရင်း..မျက်လုံးတွေကို မှိပ်ပစ်လိုက်သည်....
စိတ်ရှုပ်စရာတွေ ခေါင်းထဲမထားချင်...
စိတ်အမှိုက်တွေဆို ခပ်ကြာကြာ သယ်မထားတက်တဲ့ သူမ မို့....
အေးငြိမ့်ငြိမ့် သီချင်းတွေကြား ပျော်ဝင်ရင်း..
မကြာခင်မှာပဲ.....
သူမခေါင်းထဲ ပြန်လည် ကြည်လင်လာသည်..... မြူခိုးဝေလွင် ဆိုတဲ့ သူမ ဘဝမှာ
ပျော်စရာတွေသာ ဖန်တီးချင်သော်လည်း..
တခါတရံတော့ သူနှင့် ညှိမရတဲ့ Relationship ကြားမှာ ပိတ်မိနေတက်တာကိုတော့...
သူမ ကျေနပ်သည်......
သူဆိုတဲ့ ဖြစ်တည်မှု့လေး....သူမ နံဘေးရှိနေယုံနဲ့တင်
ပျော်ရွှင်ရတာမို့လို့....
စီးကရက်တွေပြီးရင်....
သူ့ကို အစွဲလမ်းဆုံးမို့လို့.........
ကျမ သိပ်ချစ်ရသော ထိုအမျိူးသား......
သူ့ရဲ့ ဖြစ်တည်မှု့ ဘယ်အရာမဆို...
သူမ သိပ်ချစ်ရသည်မို့.....