သူ...ချန်ခဲ့လေသော
.********************************
ရိုးထက်ဖြူ ရဲ့တိုက်ခန်းလေးဟာ..
သူမ ပထမဆုံးအကြိမ် ရောက်ဖူးတုန်းကနှင့်မတူတော့ချေ...
ပရိဘောဂ ပိုစုံလာသလို...
ပိုပြီး သပ်သပ်ရပ်ရပ် ရှိလာသည်...
'' မင်း တစ်ယောက်ထဲနေတာလား.."
'' အင်း "
ရေခဲသေတ္တာ ထဲကနေ ပစ္စည်း အချိူ့ထုတ်ရင်း..
သူအလုပ်ရှုပ်နေပုံက....
တမျိူးလေး ကြည့်ကောင်းနေပြန်ရဲ့.....
'' Jewel မကြိုက်တာ ဘာရှိလဲ ဘာစားချင်လဲ "
'' မကြိုက်တာတော့မရှိပေမဲ့ တို့က ညဘက်မှလာနှောက်ယှက်မိတာမို့ အသင့်စားခေါက်ဆွဲလောက်ပဲ လုပ်ပေးပါ "
'' ဟာ မဟုတ်တာ ဒီလူက တကူးတက ကြီးခေါ်လာပြီး ခေါက်ဆွဲပြုတ်ပဲကျွေးလိုက်စရာလား "
'' ကျမ စားချင်လို့ပါ ဖွယ်ဖွယ်ရာရာကျွေးချင်ရင် အားတဲ့တစ်ရက် ထပ်ကျွေးလေ ကျမကို ဂရုတစိုက် ချက်ကျွေးမဲ့သူမရှိတော့..အခု ချက်ပြုတ်ကျွေးတာကို ကျမသဘောကျတယ် "..
ပွင့်လင်းတဲ့ သူမ အပြောကို သူပြုံးပြီးနားထောင်နေကာ..
'' ok promise နော် ဒီလူ နောက်တခေါက် ထမင်းဖိတ်ကျွေးပါရစေ "
စကားလဲပြောရင်း လှုပ်ရှား မှု့ကလဲ မပြတ်...
အငွေ့တထောင်းထောင်းထနေတဲ့ အသားတွေအပြည့်နဲ့ခေါက်ဆွဲပန်းကန် သူမရှေ့မိနစ်ပိုင်းအတွင်း ရောက်လာခဲ့သည်...
ခေါင်းမဖော်စတမ်းစားနေသည့်...
သူမကို.... အပြုံးတွေနဲ့ ငေးကြည့်နေတဲ့ ရိုးထက်ဖြူ ရဲ့ မျက်လုံးတွေဟာ သဘောကျနေတဲ့ အရိပ်အငွေ့တွေအပြည့်နှင့်...
'' စားကောင်းရဲ့လား ''
သူ..
တမင်မေးလိုက်တာပေမဲ့....
သူမ လက်မထောင်ပြကာ သူ့ကို ပြုံးပြလိုက်သည့်အပြုံးက သူရင်တွေ အဆက်မပြတ်ခုန်လာစေကာ..
ပြုစားတက်တဲ့......အမျိူးသမီးပဲ
စားသောက်ပြီးတော့...
သူမအိတ်ထဲက ဆေးလိပ်တွေထုတ်ယူကာ...
သောက်ဖို့ပြင်ရဲ့....
သူမနှုတ်ခမ်းလှလှတွေပေါ်မှာ နေရာယူဖားတဲ့ဆေးလိပ်တွေရယ်..
အဆက်မပြတ် မှုတ်ထုတ်လာတဲ့ အဖြူရောင်အငွေ့တွေရယ်..
မလုပ်ပါနဲ့လို့မပြောချင် မတားချင်တဲ့အထိ..
ဒီအမျိူးသမီး ဘာလုပ်လုပ် သူကြည်ဖြူသည်..
ဒီအမျိူးသမီးကို...သူ ပျော်ရွှင်စေချင်သည်..
တဖြည်းဖြည်း နဲ့ ပိုင်ဆိုင်ချင်လာရင်..
ဘယ်လိုလုပ်ရပါ့မလဲ....
ရင်ထဲ ပူလောင်းပြင်းရှလာကာ ပိုင်ရသည်ဖြစ်စေ မပိုင်ရသည်ဖြစ်စေ ..
ပျော်ရွှင်နေတဲ့... သူမကို မြင်နေရရင်ပဲ..
သူကျေနပ်သင့်တယ်မဟုတ်လား.....
'' ကျွန်တော်လိုက်ပို့ပေးမယ်လေ "
ပြန်ဖို့ပြင်နေတဲ့ သူမကို.. သူ လှမ်းပြောလိုက်တော့..
သူမ သူ့ကို ခပ်စူးစူးစိုက်ကြည့်ရင်း..
''မင်းက တခါတလေ ကျွန်တော်လို့သုံးတက်ပေမဲ့ တခါတလေ ဒီလူလို့ ပြောတက်တယ်နော် "
ဆန့်ကျင်ဘက်အကြောင်းအရာတခုကို ရုတ်တရက် ထပြောလာသည့်အပြင်.
သူကိုယ်တိုင် သတိမထားမိသည့် အသုံးအနှုန်းတွေ အကြောင်းမို့ ယောင်လည်လည်ဖြစ်ကာ...
'' ဟုတ်လား "
'' ဒီလူ လို့ပဲ သုံး ပိုနားထောင်လို့ကောင်းတယ် "
ဖိနပ်တွေကို သူမခြေထောက်လှလှကလေးနှင့် ထိုးစီးလိုက်ရင်း...
'' တို့သွားတော့မယ် အရသာရှိတဲ့ dinner အတွက် thank နော် ''
'' ကျွန်တော်လိုက်ပို့ပေးမယ် "
သူ ဒုတိယအကြိမ် ထက်မံပြောရကာ...
'' ရတယ် တို့မှာ ကားပါတယ် ''
'' သိတယ်လေ မိုးချူပ်နေပြီမို့ ကျွန်တော်... ''
'' တို့ကရတယ်ဆို ရလို့ပေါ့ကွာ "
မှုန်ကုပ်ကုပ်မျက်နှာထားကြောင့်..
သူကပဲ အလျော့ပေးရပြန်ကာ...
သူမ ကားရပ်ထားရာနေရာဆီထိ လိုက်သွားလိုက်သည်..
'' Jewel သတိထားမောင်းနော် ''
'' ok see you ''
သူမ....
ကားထဲဝင်ဖို့တံခါးဖွင့်လိုက်သည်...
ချက်ချင်းကားထဲမဝင်သေးပဲ..
သူ့ဘက်ပြန်လှည့်လာကာ... သူမျက်နှာနားအထိ တိုးကပ်လာပြီး..
သူ့ ပါးတွေကို သူမနှုတ်ခမ်းတွေ နဲ့ ထိကပ်နမ်းလိုက်ကာ...
ခပ်ပြေပြေရနေသေးတဲ့
Cigarette အနံ ...
သူနဲ့ ရင်းနှီးပြီးသား ဒီအနံတွေက......
အခုတော့ သူ့ကို ရင်ခုန်ရစေသည်...
မထင်မှတ်တဲ့အပြုအမူကြောင့် သူမကို ဝိုင်းဆက်နေတဲ့မျက်လုံးပြူးလေးတွေနဲ့ ကြည့်နေတဲ့ သူ့ ကို ကြည့်ပြီး...
'' Payment For dinner ''
လှစ်ခနဲ ပြုံးရင်း ကားပေါ်တက်ကာ...
ပုံမှန်အတိုင်း ကားမောင်းထွက်သွားလေရဲ့..
သူ့မှာသာ..
ရင်ခုန်ရင်း မြင်ကွင်းတွေ ထဲက သူမ ကားနီနီကလေးပျောက်ဆုံးသွားသည့်အထိ..
ထိုနေရာတွင် ကျောက်ရုပ်ပမာ.......
ဒီလူကတော့ ဒီနွံတွေထဲ တရစ်ပြီးတရစ် နစ်သထက် နစ်ပြီ ထင်ပါရဲ့....
.....................
'' ရပ်တန်းကရပ်လိုက်သင့်ပြီဝေ ''
''ဘာကိုလဲ ''
မထီမဲ့မြင် မထေ့ပြုံးတွေနဲ့... သူမ ပြန်မေးလာသည်..
ဘာတွေကများ သူရဲ့ဝေကို ဒီလောက်ပြောင်းလဲ သွားစေရတာလဲ...
ဘယ်တုန်းကမှ သူ့အပြင် တခြားယောက်ျားတွေနဲ့ ပတ်သတ်လေ့မရှိတဲ့ ဝေဟာ...
အခုတော့ ပြောင်းလဲသွားချေပြီ....
သူမကြိုက်တာ သူမ ခေါင်းမာမာ လုပ်ခဲ့ပေမဲ့..
ဘယ်တုန်းကမှ တတိယလူ ကိစ္စမပါဝင်ခဲ့...
သူ.စကားကိုဆိုဘယ်တုန်းကမှ နားမထောင်ခဲ့ပေမဲ့လဲ...
သူက ပြောဆို ဆုံးမရအောင်အထိလဲ တခါမှ ဆိုးသွမ်းခဲ့သည်မဟုတ်..
အခုမှ...
'' ကိုယ့်ကို ရွဲ့ချင်တာလား ဝေ ယောက်ျားလေးနဲ့မိန်းကလေး ခြေရာတိုင်းပြီး အရွဲ့တိုက်ရင် နစ်နာမှာ မိန်းကလေးပဲနော် "
ပြောလိုက်ပြီးမှ...
သူမ မကြိုက်သည့်စကားမှန်း သတိရကာ အရှိန်သတ်လိုက်သော်လည်း မမှီတော့...
'' အဟွန်း "
ပြောလဲ မောတယ် ဆိုတဲ့အမူအယာနှင့် ...
နှုတ်ခမ်းလှလှတွေကိုမဲ့ရွဲ့ပစ်လိုက်ကာ..
ထိုနေရာမှ ထ ထွက်ဖို့ပြင်သည်..
'' ကိုနဲ့ဝေဟာ ဘယ်တော့မှ ညှိနှိုင်းလို့မရတာ ကို့ရဲ့ ဒီအတွေးအခေါ်တွေကြောင့်ပဲ "
'' မဟုတ်ဘူး ကိုယ်ပြောချင်တာ...."
'' မြူခိုးဝေလွင်နဲ့ ရိုးကြည်ဖြူ လဲလိုက်ဖို့အထိ တန်တယ်ထင်လို့ ကို အဲ့ဒီ ရိုးကြည်ဖြူဆိုတဲ့ကောင်မလေးနဲ့ ပတ်သတ်လိုက်ပြီးပြီမဟုတ်လား....
ဝေလဲ ကိုယ့်လိုပဲ ကိုယ်နောက်မဆုပ်သရွေ့ တလှမ်းမှ ဆုပ်မှာမဟုတ်ဘူး..
ဒါပေမဲ့... မပူပါနဲ့ ကို.. ဝေအချိန်တန်ရင် နေသူရိန်လင်း ဆိုတဲ့ ချည်တိုင်ဆိီပဲ ပြန်လာမှာပါ အဟွန်း "
သူမ စကားမှာ....
သူဟာ ဘာကောင်ဖြစ်လို့ ဖြစ်သွားမှန်းမသိ...
ဟိုဘက်ကို လက်လွှတ်လို့မရ
သေးတာမှန်ပေမဲ့..
သူမနဲ့တော့ လဲ မပြစ်နိုင်တာမို့...
သူမ ကို လမ်းမခွဲနိုင်ပေ...
ဒါကြောင့်လဲ နေမထိ ထိုင်မသာဖြစ်ကာ...
သူမနဲ့ ရိုးထက်ဖြူရဲ့ ပုံအချိူ့ကို ကိုင်ရင်း..
ဘယ်တုန်းကမှ...
လာမရှာဖူးတဲ့ ရုံးချိန်အတွင်း..
သူမကို အနီးဆုံး ကော်ဖီဆိုင်သို့ ချိန်းလိုက်ခြင်းဖြစ်သည်..
ထ ထွက်သွားတဲ့ သူမ နောက်က လိုက်ဖို့ ပြင်ပြီးမှ...
ရုတ်တရက် ထမြည်လာတဲ့ ဖုန်းသံ.....
ရိုးကြည်ဖြူ..
သူ ဖုန်းကို ကိုင်ရင်း... ထွက်သွားတဲ့သူမကို ငေးကြည့်နေမိသည်..
ဆိုင်အပြင်ရောက်တော့...
ဘယ်သူမှ ပါမလာသည့်အနောက်ကို လှည့်ကြည့်ရင်း ရင်ထဲ ဆစ်ခနဲ နာကျင်သလိုလို...
ကိုဟာ အမြဲ အဲ့သည်လိုပါပဲ...
ကျမက ဆွဲထားပါလို့မပြောမချင်း ဆွဲမထားတက်...
ကျမက လိုက်ခဲ့ပါလို့မခေါ်မချင်း မလိုက်တက်....
ဒါတွေကြောင့်ပဲ...သူမ ကိုယ့်အားကိုယ် ကိုးတက်လာသည်မဟုတ်ပါလား...
အခုလဲ.
ပေါက်ခနဲ ကျလာသည့် မျက်ရည်တွေကို အမြန်သိမ်းပစ်လိုက်သည်...
ကို ဟာ....ကျမကို နားလည်ဖို့ ဘယ်တုန်းကမှ မကြိုးစားခဲ့ဖူးပါ...