သူ..ချန်ခဲ့လေသော
*******************************
'' မ... မ ဘဲကြီး ပြန်သွားပြီလား "
မနက်စောစော သူမ အိမ်ရှေ့ကို ရောက်နေတဲ့ ဒီကောင်လေးကို တွေ့လိုက်ရတော့
သူမ အံသြသွားမိရဲ့...
ဘာလာလုပ်ပြန်တာလဲ....
'' ရှိတယ် တို့အခန်းထဲမှာ အိပ်နေတယ် တွေ့ချင်လို့လား ဝင်သွားလိုက်လေ "
တကယ်ဆို...
ညကထဲက အလုပ်ကိစ္စကြောင့် ခနပဲလာပြီး..
ပြန်သွားခဲ့ပြီးဖြစ်သော်လည်း..
သူမ.... ထိုကောင်လေး ကို ညစ်ချင်တာမို့ တမင်ပြောလိုက်ချင်းဖြစ်သည်..
'' တွေ့ချင်စရာလား.... "
'' မသိဘူးလေ ယောက်ဖလောင်းလဲ ဖြစ်ချင်ဖြစ်လာနိုင်တာမို့ လာများတွေ့နေသလားလို့ "
'' ယောက်ဖလောင်းရော မ အမျိူးသားရော ဖြစ်မလာစေရဘူး "
သူ့အပြောကြောင့် သူမ မျက်ခုံးတွေမြင့်တက်သွားကာ..
'' သေချာနေပါလား ချာတိတ်ရဲ့ "
'' သေချာတာထက်ပိုတယ် ''.
'' ဒါဖြင့် ဘယ်သူ့အမျိူးသားလဲ မင်းအမျိူးသားဖြစ်အောင်ဖန်တီးမလို့လား..."
'' ဟာဗျာ ဘယ်လိုတောင်တွေးပြီး ဘာတွေလာပေးစားနေတာလဲ "
'' မင်းက တချိန်လုံး သူ့ကိုပဲမေးနေတာကိုး "
'' မေးတိုင်းသာ ကြိုက်ကြေးဆို မ နဲ့ညားတာကြာရောပေါ့ ဘဲနာကြီးကိုများ "
'' စွာလိုက်တာကွာ "
သူမ ရယ်ကျဲကျဲနဲ့ ပြောနေတာမြင်မှ...
သူ့မျက်နှာလေး ရဲတက်လာကာ ဘာကိုရှက်သွားတာလဲ...
'' မင်း breakfast မစားရသေးဘူးမှတ်လား "
'' အင်း "
'' မနက်စာ သွားစားမယ် တို့ကို လိုက်ပို့...ပို့ခအနေနဲ့ တို့ ဝယ်ကျွေးမယ် "
သူမျက်နှာချက်ချင်း ပြုံးရိပ်သန်းလာရာမှ...
'' deal "
ပထမဆုံးအကြိမ် ဒီကောင်လေးနှင့် ပတ်သတ်လိုက်ဖို့...
သူမ တွေးလိုက်မိသည်....
တကယ်ဆို ဇာတ်လမ်းရှုပ်ရမှာတွေ မကြိုက်တာမို့ တမင်ရှောင်နေတာဖြစ်သော်လည်း..
ရှောင်မနေချင်လောက်အောင်အထိ...
ဒီကောင်လေးက သိပ်ချစ်ဖို့ကောင်းလွန်းတနေတယ်.....
အားလပ်ချိန်တွေရဲ့ စိတ်အပန်းဖြေစရာလေးပေါ့...
......................................................................
'' တကယ်ပဲ ကိုယ့်ကို အရွဲ့တိုက်မှ ဖြစ်မှာလား ဝေ ''
ph ထဲက သူ့အသံဟာ ဒေါသသံတွေ ရောစွတ်နေခဲ့တာ သူမသိသည်..
'' ကျမ ဘာလုပ်လို့လဲ "
ခပ်ထေ့ထေ့ သူမ အသံတွေဟာ သူ့ဒေါသကို မိုင်မြှင့်ပေးသလို ဖြစ်သွားမည်မှန်းသိသည်..
ဒေါသတွေနဲ့ ပိပြားနေလိုက် ကို
'' ဟိုကောင်လေးနဲ့ ဘာလို့တတွဲတွဲ ဖြစ်နေရတာလဲ "
'' ကို... သိလား ကို့ကောင်မလေး ကျမကို လာရှာသွားတယ် ''
သူ့ဘက်က တိတ်ဆိတ်သွားကာ...
အတန်ကြာသည်အထိ အသံထွက်မလာ....
''အဟွန်း "
'' ဘာတဲ့လဲ "
'' သိချင်ကိုယ်တိုင်သွားမေးကြည့်ပေါ့...''
ဟိုကောင်မလေးကိုလဲ သူမ ဒီအတိုင်းပဲ ပြောပစ်ခဲ့တာပါ..
တော်ယုံလူတောင် မသိတဲ့ သူနဲ့သူမအကြောင်း ဘယ်လိုသ်ိလာသလဲမသိ...
ကို့ အရှုပ်တွေ.....
ခုလို ဆိုက်ဆိုက်မြိုက်မြိုက် ရောက်လာတာ ပထမဆုံးပင်....
သူမ ဖုန်းချပြစ်လိုက်တော့....
တချိန်လုံး အကဲခတ်နေသည့် ရိုးထက်ဖြူက...
'' တကယ်ပဲ ညီမလေး လာသွားတာလား "
'' အင်း "
'' ဘာတဲ့လဲ "
'' စိတ်ပူတယ်ပေါ့ သိချင် ကိုယ်တိုင်သွားမေးကြည့်ပေါ့ "
သူမ ခပ်ချည်ချည် ပြောလိုက်ကာ...
Cigarette ကို ထုတ်ပြီး မီးညှိလိုက်သည်....
ဒါကြောင့် သူနဲ့ မပတ်သတ်ချင်ခဲ့တာ...
ရိုးကြည်ဖြူအကြောင်း....
ကိုယ်စိတ်ပျော်ရာနေရာမှာ ထပ်မကြားချင်.....
'' သူ ကျွန်တော့်ကိုအဆက်သွယ်ဖြတ်ထားတာ ကြာပြီ ''
ဘာမှ မဖြစ်သလို ပြောလာတာပေမဲ့...
စိတ်မကောင်းဖြစ်သွားတာကိုတော့ သူ့မျက်လုံးတွေက ဖော်ပြပေးနေသည်...
'' တို့ပြန်တော့မယ် ''
စိတ်ပျော်ချင်လို့....
bar ကို လာခဲ့တာဖြစ်ကာ...
အခုတလော... ရိုးထက်ဖြူ နဲ့ အဆင်ပြေနေတာမို့...
bar ကို သူနဲ့ ချိန်းပြီး လာထိုင်ခြင်းဖြစ်သည်..
မထင်မှတ်ပဲ စိတ်ရှုပ်စရာတွေသာ ကြုံတွေ့နေရသည်မို့ ဒီနေရာမှာ ဆက်မနေချင်တော့...
သူမ ထိုနေရာမှ ထ ထွက်ခဲ့ကာ....
သောက်လက်စ ဆေးလိပ်ကို ထိုးချေ ပစ်လိုက်သည်...
သူမ ကားပါကင်ဆီလျှောက်ခဲ့ကာ...
ကားပေါ်အရောက်... ကားတံခါးကို လာခေါက်သံကြောင့် ရိုးထက်ဖြူမှန်း သိလိုက်သည်မို့ ကားမှန်တွေချပေးလိုက်သည်..
'' ကားမှပါမလာတာ ဒီလူကို ထားခဲ့တော့မလို့လား "
'' ကားပေါ်တက် "
လိုချင်တာရတဲ့ ကလေးလို သွားတွေပေါ်အောင်ပြုံးရင်း..
ကားပေါ်အပြေးလေး တက်လာတဲ့ သူ့ကို ကြည့်ရင်း သူမ နှစ်နှစ်ခြိုက်ခြိုက် ပြုံးလိုက်မိတယ်...
သူ့ရဲ့အပြူမူလေးတွေကို....
သူမ သဘောကျလာမိသော်လည်း..
ကစားစရာအရုပ်ကလေး အပြင်မပိုဘူးထင်ပါရဲ့...
တကယ်ဆို သူမတို့ မတရား ရာကျပါတယ်...
ကိုယ့် RS ပြသာနာတွေကြား...
သူတို့မောင်နှမဟာ...
ဓားစာခံ ဖြစ်ကြရတာ......
သူမ ဟိုတခေါက်က သူ့အိမ်ရောက်ဖူးသည်မို့ တန်းမောင်းလာခဲ့ကာ..
သူကတော့ ကလေးတယောက်လို နှစ်လိုဖွယ်အပြုံးလေးတွေနဲ့ စကားတွေပြောသည်...
သူမတို့ စကားတွေပြောဖြစ်ကြသည်...
အတူရယ်မောဖြစ်ကြသည်...
ခုနက စိတ်ရှုပ်နေတာတွေ ပျောက်ချင်းမလှကွယ်ပျောက်..
" ရောက်ပြီ "
'' မ ကျွန်တော်အိမ်ကို ဝင်လည်ပါလား "
ကလေးတွေ ငယ်ငယ်က အိမ်လည်ခေါ်သလို ရုပ်မျိူးနဲ့မို့....
သူမ ပြုံးလိုက်မိသည်..
'' အိမ်လိုက်လည်ရင် ဘာကျွေးမှာလဲ "
'' diner ကျွေးမယ်လေ မ ခုန ကလဲ ဘာမှမစားရသေးဘူးမှတ်လား ပြန်ရောက်ရင်လဲ ဘာမှ ထ လုပ်စားမဲ့ပုံမဟုတ်ဘူး ဒါကြောင့် ခေါ်တာပါ "
'' ဒါဖြင့်... မ လို့မခေါ်ရင် လိုက်မယ် ''
'' ဟင် ဒါဖြင့် ဒီလူက ဘယ်လိုခေါ်ရမလဲ မကြိုက်ဘူးလား မ လို့ခေါ်တာ ''
'' မင်းက တအားငယ်နေတယ်လေ မ မ နဲ့ခေါ်တော့ တို့အသက်ကြီးနေတာကို ပိုပြီးသတိရစေတယ် "
'' ခေါ်ချင်နေတဲ့ နာမ်စားတော့ရှိတယ် "
'' ပြောကြည့် "
'' Jewel ''
'' Lwin Jewelry ရဲ့ သမီးမို့လို့လား "
'' No ကျွန်တော့အတွက် ရတနာ တမျိုးမို့လို့ "
'' ok cool ''
Jewel
ပြောတက်တဲ့ ဒီကောင်လေးကို သူမ သဘောတွေကျနေမိသည်..
အခေါ်ဝေါ်က စ သူများနဲ့မတူတာ...
မပတ်သတ် သင့်မှန်း သိပါရက်နဲ့ ရှေ့ဆက်တိုးနေမိတဲ့ သူမ....
မသိတော့ဘူးကွယ်...
ထုံးစံအတိုင်းပဲ သူမတွေးလိုက်မိတယ်..
ကျမပျော်ဖို့အတွက်....
ကျမ ဘာမဆိုလုပ်မယ်.....