book

Index 13

(အပိုင်း....၁၃)

သူ..ချန်ခဲ့လေသော 

********************************


မြူခိုးဝေလွင်


ဒီနာမည်ကိုကြားတိုင်း....ရင်ထဲမှာ ခုန်နေတက်တာ....

နှစ်တွေကြာလေ. သွေးအေးသွားလေ ဖြစ်တက်တယ်လို့ဆိုကြပေမဲ့ နေသူရိန်လင်း

အတွက်တော့ ပိုပိုပြ်ီးချစ်ရ.. ရင်ခုန်ရပါတယ်

သိပ်ခေါင်းမာတဲ့...

ဒီမိန်းကလေးကို သူဘယ်လို ပြုပြင်ပေးရမလဲ သူမကြိုက်တာတွေ ရွေးလုပ်တက်တဲ့..


ဒီမိန်းကလေးကိုမှ...


သူကလဲ မခွဲနိုင်ပြန်....အခုတလောဆို


သူမ အနားမှာ ငယ်ရွယ်ပြီးချောမောတဲ့ ကောင်လေးတစ်ယောက်ကို တွေ့ရတာမို့...

သူ...ပိုရင်တုန်ရသည်


သူမစိတ်လည်သွားမှာစိုးရိမ်သည်...

သူတို့ RS ကို သူမလို ပေါ့ပေါ့ပါးပါးနေတက်သူက စိတ်ကုန်နေလောက်မှာလဲ

အသေချာဖြစ်သည်..

မတွေ့ရင် လွမ်းနေတက်သည် တွေ့ရပြန်ရင် ရန်ဖြစ်ကြရသည်


သူကပဲ ချစ်ပုံချစ်နည်းမှားနေခဲ့လေသလား


'' ဆရာ စုံစမ်းခိုင်းထားတာတွေ "


'' ok တင်ထားခဲ့လိုက် "


သူ့လက်ထောက် တင်ပေးခဲ့သည့် ပရိုဖိုင်တွေကို သူစိတ်ပါလက်ပါကြည့်နေမိသည်..

ဟိုနည်းနည်း ဒီနည်းနည်း အစုရှယ်ယာအချိူ့ပိုင်ဆိုင်မှု့တွေရယ်...

ရေရေရာရာ ဘာမှမရှိတဲ့ ဒီကောင်လေးကို သူမ ကြိုက်ပါ့မလား.....


ဟင်...


ရိုးထက်ဖြူ.....

ရိုးကြည်ဖြူရဲ့အကိုလား.....


တိုက်ဆိုင်မှု့တွေဟာ တကယ်ပဲ အံသြဖို့ကောင်သည်...

ညီမကြောင့် စိတ်ရှုပ်ရသလို...

အကိုကြောင့် အာရုံနောက်ရပြန်ဦးမည်ပေါ့....


.....................................................................


သူမရုံးဆီရောက်လာတဲ့ ပန်းစည်းကို ကြည့်ပြီး စိတ်ပျက်မိသည်...


သိပ်ချစ်တယ့်

                     ကို


card မှာပါတဲ့ ဘယ်လိုမှ ရင်ခုန်ဖွယ်မရှိသည့်စာတစ်ကြောင်း.....

သူမ လိုတာ သူခုထိမသိဘူးလား....


တခါတရံရောက်လာတက်သည့်....


ပန်းစည်းတွေကိုလဲ ရင်မခုန်တက်...

နာမည်ကြီးအိတ်တွေ

Luxuy brand အဝတ်အစားတွေ....


ဘာတစ်ခု မှ မမက်မောဖူး....

ဒါတွေရောက်လာတိုင်း..စ်ိတ်ပျက်ရသည်သာ


သူပေးရင် သုံးမှလဲ ကြိုက်တက်သေးသည်

အင်မတန်အခက်တွေ့ရပါလား..

သူမလိုချင်တာ ဒါတွေမဟုတ် ရိုးရှင်းလှသည်.....ချစ်ခြင်းမေတ္တာတွေသာ

ဂရုစိုက်မှု့တွေ.......

နားလည်ပေးမှု့တွေ......


ဒီတာမရ ရတာမလိုဖြစ်နေခဲ့လေသလား...


တစ်ရုံးလုံးက အားကျတဲ့အကြည့်တွေနဲ့ ကြည့်နေကြပေမဲ့ သူမ မပျော်ရွှင်နိုင်ပါ..

ပန်းစည်းကို ကားပေါ်တင်ရင်း..

အတွေးတွေက ဒီည ဘယ်လိုပျော်အောင်နေရမလဲ.....


'' ပန်းတွေကလှသားပဲ "


ကားကိုမှီထားရင်း...


သူမအိမ်ရှေ့မှာလာစောင့်နေပုံပေါ်သည့် ရိုးထက်ဖြူ


သူမ ကျော်သွားမည်လုပ်တော့ သူမရှေ့ရောက်လာကာ ပိတ်ရပ်ပြစ်သည်..

ခြံနှင့်ဝန်းနှင့်နေရသော်လည်း....

တံခါးတွေ ဆင်းဖွင့်ရသည်မှာ အဆင်ပြေမနေပါ 


'' ဖယ် ''


'' ဘာလို့ ဒီလူကို ဒီလောက်မုန်းနေရတာလဲ "


'' တို့ ဘယ်သူကိုမှမမုန်းဘူး တို့မင်းနဲ့ မခင်ချင်ယုံပဲ ချစ်သူရှိတာသိရင်လဲ နောက်ဆုပ်လိုက်တော့ပေါ့ကွာ..."


'' အဟွန်း နောက်ဆုပ်လိုက်ချင်တာပေါ့ ဒါပေမဲ့ မ အနားမှာ လူကောင်းတွေပဲရှိစေချင်တာ...မ မှမသိပဲ မ သိပ်ချစ်ရသူဟာ ကျွန်တော်နောက်ဆုပ်ပေးချင်ရအောင်အထိ ကောင်းမနေတာ "


'' တို့မသိဘူး.. ?? ''


နှုတ်ခမ်းလှလှတွေကို ခပ်ဟဟပွင့်သည့်အထိ အားရပါးရရယ်သည်


'' တို့မသိတဲ့မင်းအကြောင်းတောင် အားလုံးသိနေအောင်စုံစမ်းနိုင်သေးတာပဲ တို့အနီးကလူအကြောင်းမသိဘူးထင်လို့လား...

သိနေလို့လဲ မင်းနဲ့ အဆင်မပြေချင်တာပေါ့ 

မင်းလဲသိတယ်မဟုတ်လား... တို့ကို ဒါတွေပြောမဲ့အစား တို့ကို တကယ်ချစ်ရင် မင်းညီမ မင်းထိန်းပေးမလား "


သူ့မျက်နှာတွေအနားအနီးကပ်လာကာ ခပ်တိုးတိုးပြောသည့်သူမစကားတွေကြောင့်..

သူပြန်ဖြေရန်မရှိ....မှင်သက်နေသည်


'' မင်းလိုခပ်ချောချောကောင်လေးက ကို့ရဲ့နောက်ရည်းစားနဲ့ မောင်နှမတော်နေတာ နှမြောစရာပဲ "


သူ မသိမသာ ခန္ဓာကိုယ်က နောက်ဆုပ်မိသော်လည်း...သူမက သူ့မျက်နှာနားထိ နီးကပ်လာတာကိုလဲ ရင်ခုန်နေရသည်မို့ ဘာစကားမှထွက်မလာခဲ့....

သူမ စကားအဆုံးမှာ နှုတ်ခမ်းလှလှကလေးကနေ သူမျက်နှာပေါ်ကို တချက်လေးနှင့်မှုတ်ရင်း ကျီဆယ်သွားသေးသည်..


'' ဒါကြောင့် ကျွန်တော်နဲ့ မပတ်သတ်ချင်တာလား "


''ဆိုပါတော့ "


'' ညီမလေးနဲ့အကြောင်းသိရက်နဲ့ ဘာလို့ မ ဘဲကြီးကို ဘာမှမပြောတာလဲ "


''မင်းမပါသေးလို့ မင်းသိရဲ့လား တို့ကမထင်ရင်မထင်သလို ပွဲထကြမ်းတက်သေးတယ်ဆိုတဲ့အကြောင်း.."


သူ့ပါးတွေကို သူမ လက်ချောင်းတွေနှင့်ထိတွေ့လိုက်ပြီး


'' မင်း ညီမလေးကို ဂရုစိုက် "


ခန့်မှန်းရခက်တဲ့ အပြုံးတွေနှင့်....ကျောခိုင်းသွားသည့် သူမကို ကြည့်ရင်း သူမှာ အသက်ရှူဖို့ပင်မေ့နေမိသလားမသိ.....


တကယ်ပဲ ကို့အရှုပ်ကလေးရဲ့ အကိုဖြစ်နေတာ နှမြောဖို့ကောင်းတယ်..

သူမ တွေ့ရင်း ပြုံးလိုက်မိတယ်....

အနီးကပ်ကြည့်မှ တကယ်ကို ချောလွန်းတဲ့ကောင်လေးပါ 


'' ဝေ ''


သူမ အိမ်ထဲရောက်ရောက်ချင်း...


နောက်ကနေ ခါးတွေကို ဖက်လိုက်တဲ့... နေသူရိန်လင်း


'' ကို ရောက်နေတာကြာပြီလား "


" လွမ်းလိုက်တာ "


သူမ ဆံနွယ်တွေကြား မျက်နှာအပ်ရင်း...

သူမ. လည်ပင်းတွေပေါ် အနမ်းတွေချွေချရင်း မေးတာတခြား ဖြေတာတခု...


'' ဝေ အဲ့ဒီကောင်လေးကို ပြုံးပြီးစကားပြောနေတာ နီးနီးကပ်ကပ်ရှိနေတာ မြင်ရတာ ကိုယ် မနာလိုဘူးဝေ ရယ် "


ဝေလဲ ကို ဟိုမိန်းကလေးနဲ့ရှိနေတာကိုတွေ့မိတိုင်း မနာလိုဘူးကို


ဒါပေမဲ့ သူမ ထုတ်မပြောဖြစ်ပါ....


အခုမှတွေ့ကြတာမဟုတ်လား ရန်ဖြစ်စေမဲ့စကားတွေရှောင်ချင်မိတယ်..သူမ စိတ်မညစ်ချင်ပါ ... သူ မရှိရင်မဖြစ်နိုင်လို့ သူ မရှိဘဲနေနိုင်ဖို့ ယုံကြည်ချက်မရှိသေးလို့....


သူမ တချိူ့အရာတွေ မသိချင်ယောင်ဆောင်နေလိုက်တာပေမဲ့...

ပြိုင်အရွေးခံရမဲ့ အနေအထားမျိူးကို မုန်းတယ် သံယောဇဥ်တွေ ဖြတ်လိုက်ချင်ရဲ့...

ရိုးထက်ဖြူနဲ့ ရှိနေတာကို သဝန်တိုသတဲ့လား


ညစ်ကျယ်ကျယ်အပြုံးတွေ နှုတ်ခမ်းမှာ အလိုလို ရောက်လာခဲ့သည်....


ဒီထက်ပိုပြီး...


သဝန်တိုရတဲ့ အရသာ ကို ခံစားဖူးစေချင်သေးသည် ဒါမှ ကိုယ်ချင်းစာတက်မယ်မဟုတ်လား ....


သူမ.....


သူ့ဘက်ကို လှည့်လိုက်သည်.....


သူ့လည်တိုင်တွေကို သိုင်းဖတ်ရင်း သူနှုတ်ခမ်းတွေကို အနမ်းကြမ်းရှရှ တချိူ့ သူမဘက်က စတင် ချွေချပြစ်လိုက်သည်...


ကျမ မရှိတော့ရင်တောင် ဒီအနမ်းတွေကို ရှင့်ကို စွဲလန်းကျန်နေခဲ့ စေချင်သေးတယ်...

ရှင်မရှိတော့ရင်တောင် သေချာပေါက် ကျမ ရှင့်ကိုပဲ ဆက်ချစ်နေအုန်းမယ်ထင်တယ်...


သေချာပေါက်....


ကျမကို အရှိအတိုင်း လက်မခံနိုင်ခဲ့တဲ့ရှင့်ကို....ဆက်ချစ်နေအုန်းမယ်ထင်တယ်


rate now: