သူ..ချန်ခဲ့လေသော
*******************************
'' ဝေ ''
Shopping Center ထဲမှာ သူမနောက်က အမောတကော လိုက်လာပုံရတဲ့..
နေသူရိန်လင်း..
'' မြန်လိုက်တာ ဝေရယ် "
'' ကို.."
သူမ ပြုံးပြလိုက်ပေမဲ့...
အသက်မပါမှန်းသိသာလှကာ.
" ကိုယ့်ကို တွေ့ရဲ့သားနဲ့ ဘာလို့ရှောင်သွားတာလဲ "
'' ကို့ ကိုခေါ်လို့ရရဲ့လား မသေချာလို့ပါ "
'' ဝေ "
'' မအော်ပါနဲ့လား ကို ရယ် "
'' ကို့စိတ်ကို မစွနဲ့လေ "
'' ဝေဘာလုပ်နေလို့လဲ "
'' ဘာလို့စကားနာတွေထိုးနေလဲ "
'' ဝေ သဘောရိုးနဲ့ ပြောတာပါ တွေ့တာနဲ့ အထင်လွဲ ရန်ဖြစ်နေရပြန်ရော စိတ်မရှုပ်ဘူးလား "
'' အကောင်ငယ်ငယ်လေးတွေ အနားကပ်နေတာကျ စိတ်မရှုပ်ဘူးလား "
ခပ်ရွဲ့ရွဲ့မျက်နှာထားနဲ့ သူ့မျက်နှာကို စိုက်ကြည့်ရင်း..
'' ဒါ ဝေ ကိစ္စပါ ကို နဲ့ဘာဆိုင်လို့လဲ "
'' တောက် "
'' ဝေတောင် ကို့ရဲ့ personal တွေ တခွန်းမေးလို့လားကိုရယ် မြူခိုးဝေလွင် ငတုံးမ မဟုတ်ဘူး ..ကို ဘာဝယ်ဖို့လာတာလဲ ဝေ သူငယ်ချင်းနဲ့ ချိန်းထားလို့ See you "
'' ဟို ကောင်လေးနဲ့ပဲမှတ်လား "
သူမ လက်တွေမြင့်တက်သည်အထိ ပခုံးတွန့်ပြရင်း..
မပြောတက်ဘူးလေ ဆိုသည့်ပုံ လုပ်ပြကာ..
'' ကို့ ကလေးမလေးကိုသာ ဂရုစိုက်ပါ ချစ်စရာလေးနော် ကိုယ်သေချာ ဖွက်ထားမှဖြစ်မယ်ထင်တယ်....
မြူခိုးဝေလွင် အကြောင်းသိတယ်မဟုတ်လား "
ကြောင်အမ်းအမ်းဖြစ်သွားသည့် သူ့ရှေ့မှ ထွက်ခဲ့လိုက်သည်...
ရန်တွေဖြစ်ရတာ ငြီးငွေ့လှသည်မဟုတ်လား
ကျမ ကမ္ဘာမှာ ကျမပျော်စရာတွေသာ ဖန်တီးချင်သည်....
သူမအနည်းငယ် လှည့်ပတ်ရင်း..
ရိုးထက်ဖြူနှင့် ထပ်တွေ့ပြန်သည်..
" မ "
သူမ တမင် မကြားချင်ယောင်ဆောင်ခဲ့သော်လည်းမရ..
လိုက်ခေါ်နေပြန်သည်.
ဘယ်လိုဖြစ်နေတာပါလိမ့် ဒီယောက်ျားတွေ
အေးအေးဆေးဆေး Shopping ထွက် Relax လုပ်ပါမယ်ဆိုမှ...
'' ကဲ ဆို.. မင်းကရော ဘာကိစ္စ လဲ "
'' တောင်းပန်ပါတယ် "
'' ရော် ဘာအတွက်တုန်း "
'' ဝေ ''
သူကရော ဘာကိစ္စထပ်ပေါ်လာပြန်တာတုန်း
'' ရှင်တို့နဲ့ကျမ ဒီနေ့ Shopping ထွက်ရအုန်းမှာလား.. S***t တယောက်မှ လိုက်မလာနဲ့ ပြောစရာရှိရင် နောက်မှ ဖုန်းဆက်ကြ..ဒီနေ့ကျမ မအားဘူး တကယ်ပဲ Shopping ထွက်ဖို့တောင် အချိန်မလောက်ရတဲ့အထဲ "'
ကြောင်အမ်းအမ်းနဲ့ နှစ်ယောက်သား ရပ်ကျန်ခဲ့ကာ..
သူမကတော့ ထို Center မှ ထွက်ခွာလာခဲ့သည် တခြား Center ပြောင်းမှ ဒီမှာဆို..
ဒင်းတို့ကြောင့်
အာရုံနောက်အုန်းမယ်...
စိတ်က ကြည်မနေချင်တော့ beauty sloon ဘက် လှည့်ခဲ့သည်..
ခေါင်းလျှော်မည်...
သူမရဲ့ ခပ်ခွေခွေ ဆံပင်ကောက်ကောက်ကလေးကို..ရွှေအိုရောင်က နဲနဲ ရိုးချင်ပြီမို့..
Treatment လုပ်မည်..
အဆင်ပြေလျှင် အရောင်ပြောင်းမည်...
Nail colour လဲ ပြောင်းချင်သည်...
အမလေး လုပ်စရာတွေမှ ပုံလို့...
အချိန်လောက်ပါ့မလားပင် မသိ
သူမ ဆိုင်သို့ရောက်လျှင် လုပ်ချင်သည်များပြောကာ..
Sloon မှာပင် အချိန်အတော်ကုန်သည်...
တိတ်ဆိတ်ပြီး...
လူအနည်းငယ်သာရှိသည်မို့...ဒီဆိုင်ကို သူမ မကြာမကြာလာဖြစ်သည်..တကယ်တော့ သူမလာသည့်ဆိုင်က..
VIP Only မို့ လူအနည်းစုသာ လက်ခံခြင်းဖြစ်သည်..
ရွှေအိုရောင်ဆံပင်တွေကို နီညို ခပ်ဖျော့ဖျော့ ပြောင်းဆိုးလာခဲ့သည်..
သူမ မျက်နှာနှင့် ဆံပင်အရောင်က အရိုင်းမဆန်ပဲ လိုက်ဖက်လွန်နေပြန်သေးသည်..
သူမ ကောင်တာမှာ ကျသင့်ငွေရှင်းနေတုန်း..
'' မြူခိုးဝေလွင်မဟုတ်လား "
ဖေ့ဖေ မိတ်ဆွေ အန်တီကြည်နှင့်တန်းတိုးသည်.. စိတ်ရှုပ်ရအုန်းမပေါ့..
အန်တီကြည်က အကြွားသန်သည်...
စကားကားသည်...
သူမ က ဒါကိုမကြိုက်..
'' အန်တီလဲ ဒီမှာ ဆံပင်လုပ်နေကြလား "
'' ဟုတ်တယ်ကွယ် အန်တီ့သားမက်ပို့ပေးတာလေ သမီးကော တစ်ယောက်ထဲလား ''
''ဟုတ် "
'' သမီးလေးကကွယ် ရုပ်ကလေးကလဲ ကြွေရုပ်လေးလိုလှပါရဲ့ ချစ်သူရည်းစားတောင်မရှိဘူးလား.. အဟင်းဟင်း တကယ်ဆို အိမ်ထောင်ပြုသင့်နေပြီလေ "
ဒါ သူမ ကိစ္စလေ...
နေရာတကာပါလွန်းတာကို စိတ်အချဥ်ပေါက်တာရယ် လူက စိတ်ကြည်မနေတာရယ် ပေါင်းပြီး..
အလှဆုံး အပြုံးတခု ပြုံးလိုက်ကာ
'' ဝေက အရာရာ ပြည့်စုံပြီးသားလေ အန်တီရဲ့ တစ်စုံတယောက်ကို မှီခိုမှ သုံးနိုင်ဖြုန်းနိုင် ရပ်တည်နိုင်မဲ့ မိန်းမစားမျိူးမဟုတ်တော့..
ဝေ့အတွက် အပိုဖြစ်မဲ့ အိမ်ထောင်ပြုခြင်း အလုပ်ကိုလဲ စိတ်မဝင်စားဘူး..
အဟွန်း.....အန်တီကြည် ဝေ့ကို ခွင့်ပြုအုန်းနော် "
သေချာပါသည်...
မကြာခင် ဦးဝေလွင်သမီး....
မြူခိုးဝေလွင် ဟာ ရိုင်းတယ် လို့ အပြောခံရတော့မှာ...
ဒါပေမဲ့လေ သူမကတော့ ဂရုမစိုက်ပါဘူး...
တကယ်လဲ ရိုင်းတာမှန်တာပါပဲ...
ရိုင်းချင်အောင် လာလုပ်ကြရင်ပေါ့...
အေးဆေးနေချင်ကာမှ အနှောင့်မျိူးစုံနဲ့..
Unlucky Sunday ပါပဲ.....
အိမ်ပဲ တန်းပြန်လာခဲ့ကာ ရေချိူး အနားယူတော့မည်
ညဘက်တွေရောက်ရင် အထီးကျန်သလိုလို အများစုက ခံစားတက်ကြပေမဲ့..
သူမက ညတွေဆိုပျော်သည်....
တခါတရံ ဝိုင်တခွက်နှင့်..
တခါတရံ ရှန်ပိန် တခွက်နှင့်..
သူမကြိုက်နှစ်သက်သည်. Cigarette တွေရှိသည်
အလုပ်တွေ မပြတ်သည့်အခါ အိမ်ထိ သယ်လုပ်ရသည့်အခါရှိသော်လည်း
နားချိန်တွင် အပြည့်အဝ နားတက်သည့်အကျင့်ကြောင်..
ညတွေမှာ အလုပ်လုပ်နေတာရှားသည်..
အများစုက Horror movie တွေ...
ကြည့်ရင်း အချိန်ကုန် တာများသည်...
Thiller Psycopath ဒီလို ကားတွေအကြည့်များသလို...
တခါတရံ Disney cartoon တွေ ကြည့်တက်သေးသည်
တချိူ့ညတွေကိုတော့ Bar Club တွေမှာ Night out ရင်း အချိန်ဖြုန်းလိုက်သေးသည်
ညတွေမှာ အထီးကျန်ချိန်ပင်မရ.....
သူများတွေလို အပေါင်းအသင်းမရှိပေမဲ့ ပိုက်ဆံတွေရှိနေသည်မဟုတ်လား..
ဘာမဆို မဖြစ်တာ.မရှိ
လိုတရနေတဲ့ဘဝမှာ အထီးရောကျန်ချိန်ရှိနေပါ့မလားနော်...
လက်ကြားထဲက Cigarette လေးကို နှုတ်ခမ်းလှလှတွေဆီ ပို့ရင်း...
မှုတ်ထုတ်လိုက်တဲ့ အငွေ့တွေကို အကြောင်း
မဲ့ ငေးကြည့်ရင်း..
ငြိမ်သက်နေမိသည်.....
တချိူ့ညတွေကိုတော့....
အခုလို ငေးမောရင်း....တွေဝေရင်း
အကြောင်းအရာမယ်မယ်ရရမရှိ ကောင်းကင်ကြီးကိုမော့ကြည့်ရင်း
ဖြတ်သန်းလေ့ရှိတက်သေးသည်ပေါ့......
တခါတရံတော့လဲ.... သူမ ကိုယ်သူမ မေးခွန်းပြန်ထုတ်မိသေးသည်..
တကယ်ရောပျော်ရွှင်နေရဲ့လား.....
တကယ်ရောအထီးမကျန်တာဟုတ်ရဲ့လား...
တကယ်ရော ကို မရှိတော့ရင်ဖြစ်ရဲ့လား
ပေါက်ခနဲကျလေ့ရှိတဲ့...မျက်ရည်စတွေအကြောင်းကိုတော့
ကောင်းကင်ကြီးကလွဲရင် ဘယ်သူ့ကိုမှ
ပြောဖြစ်မယ်မထင်...
မငိုပါနဲ့ မရယ်...
မ မျက်နှာလှလှလေးပေါ်က မျက်ရည်တွေဟာ ဒီလူရင်ကို နာကျင်စေလို့...
မ နဲ့အတူ ဒီလူရှိနေမယ် ခနနေရင်အိပ်တေယ့နော် Good Night..
အမှတ်မထင်ရောက်လာတဲ့ message ကို ဖတ်ရင်း...သူမ ထွက်ထိုင်နေမိတဲ့...ဝရံ့တာကနေ အရှေ့ကို လှမ်းကြည့်မိတော့...
ခြံရှေ့တွင်...
သူမ တိုက်ချခဲ့ဖူးတဲ့ ကားလေးကိုမှီရင်း..
ဒီဘက် ဝရ့ံတာပေါ်လှမ်းကြည့်ရင်း..
ပြုံးပြနေတားး ပါးချိူင့်ကလေးတွေကို ပင် ခပ်ရေးရေးလှမ်းမြင်ရသည်မို့..
သူမကို သူ လှမ်းမြင်နေရမှာအသေချာပင်...
ဘယ်တုန်းကရောက်နေပါလိမ့်..
တကယ်ဆို သူမ ထိုင်နေသည့် ဝရံ့တာကနေဆို လမ်းမက ကားသံတွေ ကြားနိုင်သည်....
အခုတော့...
ကားသံပင် မကြားမိလိုက်ချေ.....။
အထီးကျနိနေချိန်ဆို ရောက်ရောက်လာတက်တာ တိုက်ဆိုင်မှု့လား...
ရိုးထက်ဖြူဆိုတဲ့ ဒီကောင်လေးက ထူးတော့ထူးဆန်းသည်....