သူ..ချန်ခဲ့လေသော
*********************************
စိတ်အခန့်မသင့်ဖြစ်မယ်.....
စကားတွေ ကတောက်အဆဖြစ်မယ်....
အချိန်တန်ရင်..ဘာမှမဖြစ်သလို ပြန်အဆင်ပြေသွားကြတာပါပဲ..
မြူခိုးဝေလွင် ကလဲ စိတ်ကောက်တာမျိူးမရှိတက်...
နေသူရိန်လင်း ကလဲ တခါမှချော့ရသည်မရှိ.
သို့သော်......
ဒီတခေါက်တော့ အရင်နှင့်မတူ....
သူမရင်ထဲ စိတ်ညစ်စရာတွေမထားတက်တာမို့ ခု နေတဲ့ စိတ်ကိုရှင်းထုတ်သော်လည်း ပျောက်မသွား....
သူမ ကိုယ် သူမ ပိုပြီး စိတ်တိုမိသည်.....
ဘာမဟုတ်တာလေးနဲ့ကွယ်
ဒီရက်တွေမှာ...
အလုပ်တွေဆီလဲ အာရုံမရ...ဘာမှမဖြစ်သလို မျက်နှာထားမျိူးနှင့် သူ ကလဲ ရောက်လာခြင်းမရှိ....
မသိစိတ်ကမျှော်နေမိတာကို သူ သိမည်မထင်..
အို နေပါစေလေ.....
သူက ဘယ်တုန်းက သူမ အပေါ်နားလည်လို့လဲ မာနတွေက ဝင်ရောက်လာတဲ့အခါ ဖုန်းဆီ လှမ်းနေတဲ့ လက်တွေကို Cigarette ဘူးဘက်လှမ်းလိုက်သည်.....
ကို ဟာ Cigarette တွေလောက်မှ ကျမအပေါ် အဖော်မပြုပေးနိုင်ပဲကွယ်
Dinner တပွဲ တက်စရာရှိတာမို့.....
သူမ အလှပြင်ရင်း..... ဟန်ဆောင်အပြုံးတွေတပ်ဆင်ရအုန်းမယ်
ဖေ့ဖေ့မိတ်ဆွေရဲ့ သမီး wedding dinner မို့ သူမအလှည့်ရော...
ဘယ်တော့လဲ....
ဘယ်တော့စားရမလဲ.....
ချစ်သူမရှိသေးဘူးလား...မိတ်ဆက်ပေးရမလားဆိုတဲ့...
စကားလုံးတွေကြား...
အပြုံးတုတွေနဲ့ ဆက်ဆံရေးတွေကို ထိန်းရအုန်းမည်...
တကယ်ဆိုကျမ...
ဒီလိုပွဲတွေ ကို့ လက်ကိုဆွဲပြီး တက်ချင်တာပေါ့....
ဒါပေမဲ့....သူကမှ မလိုလားပဲ
သူမကို ပွဲထုတ်ဖို့အတွက် သူမအကျင့်တွေကိုပြုပြင်နေခဲ့တာမဟုတ်လား...
တကယ်ပဲ...
သူနဲ့ သူမဟာ ဆန့်ကျင်ဘက် အရပ်ကိုမျက်နှာမူထားကြသူတွေများလား..
ပေါက်ခနဲကျလာတဲ့ မျက်ရည်တွေ.....
မုန်းလိုက်တာ မြူခိုးဝေလွင် ရယ်...
ဒါ မင်းပုံစံမှ မဟုတ်ပဲ....
အနက်ရောင်ဇာအပွင့်ကလေးတွေနှင့် အကျီလက်ပြတ်ရယ်ကိုမှ..
အနီပေါ်တွင် အနက်ရောင်အပွင့်ခတ်ကလေးတွေဖောက်ထားသည့်စကဒ်အရှည်ကြပ်ကြပ်လေးနှင့်...
ချပ်ကပ်နေကာ လိုက်ဖက်လှသလို..
ဒူးနားမရောက်တရောက်အထိ ပြန်ခွဲထားသည်မို့... သူမ ခြေတံသွယ်သွယ်ကလေးတွေမြင်နေရသည်..
ရိုးရိုးရှင်းရှင်းနှင့် ခန္ဓာကိုယ်အလှပေါ်လွင်နေသလို.....
အရိုးဆုံး အထင်းဆုံးဖြစ်နေပြန်သည်....
'' ကို "
သူမ ပါးစပ် ခပ်တိုးတိုးရေရွတ်မိကာ...
သူတိုးသားနှင့် ရင်းရင်းနှီးနှီး စကားပြောနေရင်း.. သူ့မျက်ဝန်းတွေက သူမဆီ ဝေ့ကနဲ တချက်ကြည့်ကာ...
အပြုံးအရယ်မရှိ.....
သူစိမ်းဆန်လွန်းသည်.....
မသိချင်ယောင်ဆောင်ရမယ်ပေါ့....
သူမ နှုတ်ခမ်းက အလိုလို မဲ့ပြုံးပြုံးမိကာ..
မျက်လုံးအရောင်တွေက ချက်ချင်းစိမ်းသက်သွားသည်...
'' မ "
အသံလာရာဘက်ငဲ့ကြည့်တော့ ရိုးထက်ဖြူ...
မျက်ခုံးတွေ ပင့်လိုက်မိတော့...
'' သူတိုးသမီး က ငယ်သူငယ်ချင်းလေ "
သူမနှုတ်ခမ်းတွေကွေးယုံ ပြုံးပြရင်း..
'' အဆက်သွယ်ကောင်းတွေတော့ရှိသားပဲ "
'' ကျွန်တော်တို့မိသားစု ကိုက အဆက်သွယ်ကောင်းဖြစ်ခဲ့ဖူးတာပါ ''
အရင်က ချမ်းသားတဲ့မိသားစုရဲ့သားပါဟု ဆိုလိုချင်ပုံရသည်ကို သဘောပေါက်လိုက်သည်မို့...
'' ထားပါလေ တို့နဲ့ မင်း မသိဘူးလေနော်...Sorry "
သူမ နဲ့ခပ်ဝေးဝေးနေဖို့ပြောလိုက်တာပေမဲ့ ဒီကောင်မလေးက လက်လျော့မည့်ပုံ မရှိသလို
စိမ်းသက်တဲ့မျက်ဝန်းတွေဟာ အံသြတဲ့အရိပ်တွေအဖြစ်ပြောင်းကာ...တချက်သာဝေ့ကြည့်သွားသည့် နေသူရိန်လင်းက သူမတို့ကို စူးစိုက်ကာ ကြည့်နေသည်မို့..
ဒီကောင်လေးဟာ အမြဲတမ်း.....ကစားခါနီးပေါ်လာတက်သားပဲ.
''အစကနေ ပြန်ရင်းနှီးလို့မရဘူးလား.ကျွန်တော်မှားခဲ့တာတွေအတွက်တောင်းပန်ပါတယ် ဒီတခါ ဘာရည်ရွယ်ချက်နဲ့ မှမဟုတ်ပဲ မ နဲ့ ရင်းနှီးချင်တယ် "
'' ဘာအတွက်လဲ "
'' စိတ်ဝင်စားတာထက်ပိုလို့ "
'' တို့မှာ ချစ်သူရှိတယ် "
'' သိပါတယ်ဗျာ.... မကြွားပါနဲ့ ကျွန်တော်တို့ကို စူးစိုက်ကြည့်နေတဲ့ ဘဲကြီး မှတ်လား "
သူမ ဘာမှမပြော ငြိမ်၍သာနေလိုက်သည်..
'' အချင်းချင်းမနှုတ်ဆက်ကြဘူးလား....
နှစ်တွေအကြာကြီး တွဲခဲ့ကြပြီး.. Silent RS ပေါ့ အဟွန့် "
'' ငါတို့ကိစ္စပါ...မင်းနဲ့ဆိုင်လို့လား "
'' သူ အဖော်မလုပ်ပေးနိုင်ရင်..ကျွန်တော်..."
'' မလိုပါဘူးကွာ..တို့ဘဝမှာ တစ်ယောက်ထဲ အသားကျနေတာကို ပိုကြိုက်လို့ "
သူမလှည့်ထွက်သွားကာ...မျက်နှာပေါ် ဝန်ဆောင်ပြုံးတခု ဆင်မြန်းသည်..
မိတ်ဆွေအချိူ့ကို နှုတ်ဆက်ရင်း.....
ပွဲနှင့်သက်ဆိုင်သူတွေကို ပြုံးပြရကာ...ဟိုဟို ဒီဒီ စကားပြောရသည်..
ကြားနေကျ စကားတွေကို အပြုံးနှင့် ကျော်ဖြတ်ရသည်...
သိပ်ကို ပင်ပန်းရသည်မို့...
ခဏမျှသာအချိန်ဖြုန်းပြီး သူမ ထိုနေရာမှ ကျောခိုင်းထွက်ခဲ့သည်...
မွန်းကြပ်လာသည်မို့....
Hotel အပြင်ဘက် ရေကူးကန်ဘက်ခြမ်း ခနထွက်ခဲ့လိုက်ရဲ့...
ညဘက်မို့ ရေကန်ဟာ အတိတ်ဆိတ်ဆုံး လူအရှင်းဆုံးဖြစ်နေလောက်မည် ထင်သည်..
တိုက်တိုက်ဆိုင်ဆိုင် ထောင့်အကျဆုံးခုံတွင်.
ရိုးထက်ဖြူနှင့်ဆုံသည်....
အနည်းငယ် မူးနေပုံရသည်မို့ သက်ပြင်းချသံကြားနေရသည့် သူ့ကို..
'' မူးနေရင် ရေကန်နားမနေတာကောင်းတယ်
တို့ သတိပေးပြီးပြီနော် "
သူမ ပြောပြီး ထွက်သွားမည်အလုပ်..သူမ လက်ကို ဆွဲထားကာ..
သူ့မျက်နှာကို ငုံကြည့်မိတော့ မျက်ရည်တွေလဲ့နေသယောင်ယောင်...
'' သိပါတယ် ရည်းစားရှိမှန်းလဲသိတယ်...
နောက်ဆုပ်ရမယ်ဆိုတာလဲ နားလည်တယ်..
ဒီလို ခံစားချက်တွေ မထားသင့်တော့တာလဲသဘောပေါက်တယ်...
ဒါပေမဲ့....နဲနဲလောက်ပဲဖြစ်ဖြစ် ဒီလူကို ငဲ့ကြည့်ပေးလို့မရဘူးလား..
နဲနဲလောက်ပဲဖြစ်ဖြစ် ဒီလူ့အတွက် နေရာချန်ပေးလို့မဖြစ်နိုင်တော့ဘူးလား "
'' မဖြစ်နိုင်ဘူး "
ပေါက်ခနဲကျလာတဲ့ မျက်ရည်တွေကို အလျှင်အမြန်လက်နဲ့ ပွတ်ဆွဲပစ်သည်..
ပါးချိူင့်တွေခပ်ရေးရေးပေါ်လာသည်အထိ အပြုံးတခု အမြန်ဝင်ရောက်လာသည်
'' Sorry ကျွန်တော် နဲနဲ မူးလာလို့ မ သွားတော့နော် "
သူမ ထိုနေရာမှ... ခပ်မြန်မြန်လျှောက်လာပြီးမှ သူ့ကိုလှည့်ကြည့်ပြီး
'' ရိုးထက်ဖြူ.... အိမ်ပြန်ရောက်ရင်ပြော "
သူမရဲ့ကျောပြင်ကိုငေးကြည့်ရင်း..
ဒါ သူ့ ဖုန်းကို Block ေဖြပေးမယ်ပြောသွားတာလား..
မာကြောသလိုနဲ့ ကြင်နာတက်တဲ့စိတ်ထားလေးကို ဖုံးကွယ်ထားတာပါလား...
Hotel Staff တွေကို ရေကန်ဘက်မှာ အရက်မူးနေပုံရတဲ့ ကောင်လေးတစ်ယောက်ရှိတာမို့ သတိထားကြည့်ပေးဖို့မှာခဲ့လိုက်သေးသည်..
ကားပေါ်ရောက်မှ....
သူမ လုပ်ခဲ့မိတာတွေ နောင်တရသလိုရှိလာမိကာ..
သေလိုက်ပါတယ် မြူခိုးဝေလွင်ရယ်..
အပိုအလုပ်တွေလုပ်မိတယ်..
ယောက်ျားတွေရဲ့ မျက်ရည်ဟာ သနားစရာမဟုတ်ဘူး ထောင်ချောက်...