သူ...ချန်ခဲ့လေသော
********************************
အရွဲ့တိုက်တက်တာလား....
သူနဲ့ သူမကပဲ ကိုက်ညီမှု့နည်းလွန်းသလား...
တကယ်ဆို ဒီဆိုင်က Chelf ဟာ သူ့မိတ်ဆွေမို့...Officialဖြစ်မနေတဲ့ သူတို့ RS ကို အထမဆုံးအကြိမ်..
သူအခင်မင်ရဆုံး မိတ်ဆွေဆီ ခေါ်လာခဲ်တာဖြစ်သည်.. တချက်မှလှည့်မကြည့်
ကျောခိုင်းထွက်သွားလိုက်တာမှ...
သူ ဆံပင်တွေကို ထိုးဖွရင်း...
Spaghetti ဆိုင်ထဲ ဝင်လာခဲ့သည်...
မုသားစကားဆိုရ၏...
သူမ မအားလို့ပါပေါ့....
နောက်တခေါက် အတူသေချာပေါက်လာကြဖို့ ဖိတ်တဲ့အကြောင်းတွေကိုလဲ သူ့နားထဲ မရောက်တချက် ရောက်တချက်ပါပဲ..
ဟန်ဆောင်ပြုံးထားရပေမဲ့...
ရင်ထဲမှာ တက်ခေါက်နေမိတာ အကြိမ်ကြိမ်
မြူခိုးဝေလွင် သိပ်ကို အကြောတင်းလွန်းတဲ့ မိန်းမ
စားသောက်နှုတ်ဆက်ပြီးတဲ့အခါ....
ကားကို ခပ်ကြမ်းကြမ်း မောင်းထွက်လာခဲ့ပြီးမှ..
ကားမပါပဲ သူမ ဘယ်လိုပြန်မလဲဆိုတဲ့အတွေး ဝင်ခဲ့သည်မို့ ပိုဒေါသထွက်ရကာ
နေသူရိန်လင်း...မင်းသိပ်ကို ပျော့ညံ့တဲ့ကောင်ပဲ
သူ့ကိုယ်သူ အားမလိုအားမရဖြစ်ခဲ့ကာ...
စိတ်ဖြေရာ တနေရာစီ ကားကို ဝုန်းဒိုင်းကျဲမောင်းချလာခဲ့သည်..
'' ကိုကို "
ဖြူစင်လွန်းတဲ့ အပြုံးကလေးနဲ့....ရိုးကြည်ဖြူ ဆိုတဲ့ကောင်မလေး
ဒီနေ့မှ ပါးမှာ သနပ်ခါးကလေးနှင့် သူ့ကို ဆီကြိုနေကာ...
သိပ်ကို ဖြူစင်လွန်းတော့လဲ တခါတရံ သူစိတ်မလုံ. သူချဥ်းကပ်ခဲ့ခြင်းမှာ ရာနှုန်းပြည့် ဖြူစင်မှု့ကင်းခဲ့ကာ..
သူမလေးကတော့ သူ့အပေါ်တွယ်တာရှာသည်..
အတွယ်တာမဲ့လွန်းသူထက်တော့ ကောင်းတယ်မဟုတ်လား..
သူမပါးတွေကို နမ်းပစ်လိုက်ကာ...
နှာခေါင်းနှင့် ပါးပေါ်က သနပ်ခါးလေးတွေကို ထိကာပွတ်တိုက်နေမိသည်..
'' သနပ်ခါးတွေက အမောပြေလိုက်တာ ကလေးရာ "
သူ့ကို ပြန်လည် ဖက်ထားရင်း...
'' ကိုကို ကို့ ရိုးက လွမ်းနေတာ "
'' ချစ်ဖို့ကောင်းအောင်ပြောတက်လွနိးတဲ့ နှုတ်ခမ်းတွေအတွက် "
သူ.....ရိုးရိုးရဲ့
နှုတ်ခမ်းပြေပြေကလေးကို နမ်းရှိုက်ရင်း
အနမ်းတွေက တဖြေးဖြေး ကြမ်းလာခဲ့ကာ..
အဖြည့်ခံဖြစ်စေမိလို့...တောင်းပန်ပါတယိ အဖြူထည်လေးရေ
အနမ်းတွေကို အဆင့်တက်...
ရမ္မာက်တွေ ဝင်ရောက်လာပေမဲ့...
ဒီကောင်မလေး တုန့်ပြန်ပုံက..
သူမနှင့်မတူ.......
သူကသာ ဦးဆောင်ရကာ... .သူမနှင့်လို အပေးအယူမျှ မနေ..
သို့သော်.....
အဖြည့်ခံပဲမဟုတ်လား....
ပွေ့ချီလာတဲ့ ကိုယ်လုံးသွယ်သွယ်သေးသေးလေးကို ကုတင်ပေါ် အသာယာချပေးလိုက်ပြီး...
ခန္ဓာကိုယ်အနှံအနမ်းတွေပေးသည်...
ရိုးရိုးကို အကဲခတ်ကြည့်တော့ ငြင်းဆန်ပုံမရတာကြောင့် သူတဆင့်တက်ရှေ့ဆက်သည်...
ခပ်ပွပွ တီရှပ်ကို ဆွဲဖယ်လိုက်တော့....
ရှက်သွေးဖြာနေသည့် မျက်နှာလေးကိုကြည့်ရင်း သူပြုံးမိသေးသည်...
သူမလေးပေါ်မှ အုပ်မိုးကြည့်ရင်း...
လည်တိုင်တွေကြားကို ခေါင်းတိုးဝင်ကာ အနမ်းတွေချွေချသည်...သူ့ကို ခပ်တင်းတင်းဖက်ထားသည့် သူမ လက်ကလေးတွေ..
တချက်တချက် ဆက်ကနဲ ဖြစ်သွားတက်ကာ...
ထိုမှ တဆင့်.....
ထိုမှတဆင့်.....သာယာမှု့တွေနဲ့ ဖြတ်သန်းခဲ့သော်လည်း ချစ်ခြင်းမေတ္တာတွေ က ပါမလာဘူးထင်ပါရဲ့
အားနာမိတယ်... ကလေးရယ် တကယ်ဆို ကိုယ်တို့.......
..............................................................
မနက်ခင်းနေရောင်နွေးနွေးရဲ့ အထိတွေ့တွေကြောင့်....
သူမ နိုးထ လာခဲ့သည်...
ခေါင်းထဲ အုံသလိုလို ခံစားချက်ကြောင့်...
ညက စကားကောင်းရင်း.....
သူမ သောက်နေကျထက် Limit ကျော်သည်အထိသောက်မိပုံရသည်
ဘယ်လို ပြန်ရောက်လာသည်ပင် မမှတ်မိ..
'' နိုးလာပြီလား မ "
သူမ နံဘေး ကုတင်ပေါ်ကို လက်ကလေးထောက် မေးကလေးတင်ရင်း..
သူမ မျက်နှာနဲ့ ခပ်နီးနီးမှာ ပြုံးပြနေသည်..
မျက်မှန် ဝိုင်းဝိုင်းကလေးနှင့်...ခပ်ရေးရေးပေါ်နေသည့်ပါးချိူင့်ကလေးတွေက
မနက်ခင်းအလင်းရောင်ကြည်ကြည်မှာ
သူ့မျက်နှာလေးက ပိုပြီးချစ်စဖွယ်ဖြစ်စေ သည်ဟု သူမထင်သည်...
မနက်စောစော ......အမောပြေပေါ့လေ
ဒီကောင်လေးဟာ... ချစ်စဖွယ်လူသားလေးပါပဲဆိုတာတော့ ငြင်းမရချေ..
အခန်းကိူ သေချာ ကြည့်မိမှ....
ဒါ သူမ အိမ်မဟုတ်...
''ညက မ ကို အိမ်လိုက်ပို့မလို့ပေမဲ့... "
'' ဒါ မင်းအိမ်လား..."
'' ဟုတ် "
သူမ ဝတ်ထားသည့် အဝတ်အစားအတိုင်းပင်...
ရိုးရိုးသားသား ခေါ်လာပုံရကာ..
အသားယူထားသည့်အရိပ်အယောင်မရှိ...
'' အသည်းယားလို့ နဖူးလေး နမ်းမိတာကလွဲရင် ကျွန်တော် အသားမယူ ဘူး မ "
'' သိပ်ရှင်းပြဖို့မလို့ပါဘူး....တို့က ခေတ်နောက်ပြန်ဆွဲ အယူသီးမဲ့ ပုံစံပေါက်နေလို့လား ''
'' ဗျာ "
'' အသားယူသည်ဖြစ်စေ မယူသည်ဖြစ်စေ ဘယ်လိုပဲ ဖြစ်ဖြစ် One Night Stand ပတ်သတ်ယုံလေးပဲကို...
တို့ကား ပါလာတယ်မဟုတ်လား "
အံသြနေတဲ့ မျက်နှာထားနှင့်....
သူမဆီက ဒီလိုစကားမျိူး မျှော်လင့်ထားပုံမရှိကာ...
အရမ်းကို ရိုးသားလွန်းသည်လို့တော့ သူမ မထင်ပါ...သူလဲ ခေတ်လူငယ်ပဲမဟုတ်လား...
သူမ ကို ကားသော့လှမ်းပေးရင်း..
'' ကျွန်တော်တို့ထပ်တွေ့ဖို့မရှိဘူးလို့ ဆိုလိုချင်တာလား "
'' ဆ်ိုပါတော့ "
လှည့်ထွက်သွားဖို့ပြင်နေတဲ့ သူမ လက်ကို လှမ်းဆွဲထားလိုက်ပြီး...
'' ဘာလို့လဲ...ကျွန်တော်တို့ ညကတင် ရင်းနှီးခဲ့ကြပြီ မဟုတ်ဘူးလား "
မျက်နှာပေါ်မှာ အရောင်စုံတွေရှိမနေတော့ပေမဲ့ နဂို ဖြူဝင်းပြီး ညက်ညောနေသည့်မျက်နှာပေါ်တွင်...
နှုတ်ခမ်းနီရဲရဲတွေ ဘယ်အချိန်က ပြင်ဆိုးလိုက်သည်မသိ..
မိတ်ကပ်ပြင်ထားသည့်အတိုင်း..
လှပနေဆဲ ဖြစ်သည့် မျက်နှာလှလှကလေးကို ခပ်မဲ့မဲ့ပြုံးလိုက်ကာ...
'' တို့ကို သိပ်မတွယ်ကပ်ပြပါနဲ့လား...မင်းဘာကြောင့် တို့အနားကိူ ရောက်လာသလဲ မင်းသိသလို တို့လဲသိတယ် "
'' ဗျာ "
''တို့အလုပ်ထုက်လိုက်တဲ့ ရိုးကြည်ဖြူ ဆိုတာ မင်းညီမ မဟုတ်လား.... မင်းနောက်က ကူညီနေတဲ့ ဘုန်းမာန်ဆိုရဲ့ မာန် company ကို...
The Shinning Sun အကူညီမပါတို့ တို့တစ်ယောက်ထဲနဲ့တင် ဖြိုချနိုင်တယ်ဆိုတာလေးလဲ ပြောပေးအုန်း
ဒီလောက်ဆို သဘောပေါက်တယ်ဟုတ် "
'' ဟို...မ "
'' မှတ်ထားချာတိတ် မြူခိုးဝေလွင် ဆ်ိုတာ မင်းတို့ ဆော့ကစားလို့ရတဲ့အနေအထားထင်ရင်မှားမယ်
တို့ ဒီနေရာကို ဒို့အဖေ အရှိန်နဲ့ တက်ခဲ့တာမဟုတ်လို့ ခပ်အအထဲမပါဘူး "
ခပ်ထေ့ထေ့အပြုံးနဲ့ လှည့်ထွက်သွားဖို့ ပြင်ပြီးမှ...
'' သြော် ဒါနဲ့ ဒီကစားပွဲမှာ လိုအပ်လို့ စတေးလိုက်တဲ့ မင်းသူငယ်ချင်းကားလို့ပြောထားတဲ့ မင်းရဲ့ကားလေး ပြင်တဲ့ ကုန်ကျစာရိတ်ကို တို့ မင်းအပ်ထားတဲ့ WorkShop ကို ရှင်းပေးထားလိုက်တယ်..
တို့ပျော်ခဲ့ရတာအတွက် လက်ဆောင်ပေါ့ "
သူ့နား အနားကပ်လာကာ....
'' မင်းက ချစ်ဖို့ကောင်းလို့ ဒီတခါ ခွင့်လွှတ်ပေးလိုက်တာနော် "
ယုံကြည်မှု့အပြည့် ခြေလှမ်းတွေနဲ့ သူမ ထွက်သွားပေမဲ့...
သူရင်ထဲက ရင်ခုန်သံတွေ ေဗြာင်းဆန်ကျန်ခဲ့တာ သူမ ထွက်သွားပြီး အတော်ကြာသည်အထိပါပဲ....
သိပ်ထက်လွန်းတဲ့အပြင်...
ဆွဲဆောင်မှု့ရှိလွန်းလှသူ...
အပြောတွေနဲ့ သတ်ချသွားတာ..
ဒီလူ ရင်မှာ မုန်တိုင်းမဆဲတော့....
ပိုပိုပြီး မြတ်နိုးရပါတယ်.........