သူ...ချန်ခဲ့လေသော
*******************************
တစ်စစီ ပြန့်ကျဲနေတဲ့.... အဝတ်အစားတွေရယ်
ဖြူလွှလွှ ကုတင်ပေါ်က ပူလောင်ပြင်းပြတဲ့ ညို့အားပြင်းပြင်းအလှနဲ့... အမျိူးသမီးရယ်...
အဖြူရောင် အခိုးအငွေ့တွေကို မှုတ်ထုတ်ရင်း..နံဘေးက သူ့ ရှပ်အကျီ မိုးပြာရောင်ကို ကောက်ဝတ်ထားတယ့် သူမ....
''ဆေးလိပ်တွေသောက်နေပြန်ပြီလားဝေရာ ''
သြဇာအပြည့်ရှိတဲ့ အသံ ခပ်ရှရှ နဲ့ သူ....
ရေချိူးခန်းထဲက ထွက်လာသည်ကို လှည့်မကြည့်ပဲ သူမ သိလိုက်သည်....
သဘက်ပိုင်းတထည်သာ ပတ်ထားသည်မို့...
ဗလာကျင်းဖြစ်နေသည့် ခန္ဓာကိုယ်အပေါ်ပိုင်းဆီ အကြည့်ရောက်မိကာ..
ကျန်းမာရေးလိုက်စားသူ ပီပီ
ကျစ်လစ်ပြီး မာဆယ်အပြည့်နှင့် ခန္ဓာကိုယ်ဟာ ကြည့်ကောင်းနေသည်..
'' ကိုယ်မကြိုက်တာ သိရဲ့သားနဲ့ကွာ "
'' ကျမ ကြိုက်လို့ပါ ကို "
သူမ နှုတ်ခမ်းရဲရဲ လေးတွေကို ပြုံးချလိုက်ပြီး ပြောလိုက်သည်မို့
'' မရွဲ့နဲ့ဝေ စောစောစီးစီး ကိုယ် ရန်မဖြစ်ချင်ဘူး "
'' ကျမ ကြိုက်တာ ကျမလုပ်တာ ကို့ ကိုရွဲ့တယ်ဖြစ်ရောလားကွယ် "
သူမ နှုတ်ခမ်းတွေ ထိုကဲ့သို့ ပြုံးနေသည်ကို သူ မကြိုက်...
မနက်စောစော စကားအချေအတင် မဖြစ်ချင်တာမို့... သူကပဲ ပါးစပ်ပိတ်နေလိုက်ရတော့သည်ပေါ့....
သူ့မာနကလက်မခံချင်သော်လည်း....
သူမနဲ့ ပတ်သတ်ရင် အရှုံးပေးရသူမှာ သူသာဖြစ်သည်မဟုတ်လား...
သူမနဲ့ သူ တွဲလာတာ ၇ နှစ်ထဲ ဝင်လာပြီ ဖြစ်သော်လည်း....
သူတို့အကြောင်း သိသူ သိပ်မရှိ....
သူမ.....
ရတနာလောကမှာ မသိသူမရှိအောင် နာမည်ကြီးလှတဲ့ လွင် မိသားစုက...
ဦးဝေလွင်ရဲ့ တဦးတည်းသော သမီး
မြူခိုးဝေလွင်
မျိူးရိုးစဥ်ဆက် ချမ်းသာလာသူ...
ရတနာ စိန်ကျောက် ဇယ်တောက်ကစားရင်း ကြီးပြင်းလာသူမို့....
သူ ထိန်းချူပ်ဖို့ခက်သည်...
သူက...... သူမအပေါ် ပြုပြင်ပေးချင်သည်
ဒါကို သူမက ချူပ်ချယ်လွန်းသည်ဟု မှတ်သည်..
သူ့မိသားစုဟာ ရုန်းကန်ရင်း ကြိုးစားရင်း...
ကြီးပွားလာသူတွေမို့....
သူ့အိမ်ထောင်ဖက်ကို ချမ်းသာခြင်းထက် သိမ်မွေ့ခြင်းအပြည့်နှင့် မိန်းကလေးသာ သူ့မိသားစုက လိုချင်ကြသည်...
သူ အပါအဝင်ပေါ့.....
သူ လိုချင်သော ပုံနှင့် သူ့ချစ်ရသော သူမ မှာ အကွာကြီး ကွာလှသည်..
သူမထက် ကြွယ်ဝလွန်းသော သူ့အပေါ် မှီခိုခြင်းမရှိ တက်မက်ခြင်းမရှိ..
သူမ ဘဝနှင့် သူမ ပျော်သူဖြစ်သည်...
ထို့ကြောင့် သူလိုချင်သောပုံစံမျိူး...
အသက်သွင်းရန် ခက်လှသည်...
မိတဆိုးလေးမို့... အလိုလိုက်ခံရရင်း ကြီးပြင်းလာသူ
သူ့ထက် မချမ်းသာသော်လည်း...
မျိူးရိုးစဥ်ဆက် ချမ်းသာလာသူမို့...
သူမ မှာလဲ သူမ ကြွယ်ဝမှု့တွေဟာ သုံးမကုန်ဖြုန်းမကုန်..
ငွေရှိရင် ဘာမဆိုဖြစ်တယ်ဆိုတဲ့ အတွေးကို
သူရော...သူမရော ဆုပ်ကိုင်ထားကြသူတွေမို့
တယောက်အပေါ်တယောက် အကြောမခံ...
သူက သူ့အပေါ်အားကိုးစေချင်သည် မှီခိုစေချင်သည်...
သူမက မှီခိုစရာမလိုအောင် သန်မာလွန်းနေသည်...
နှုတ်ခမ်းကို ရဲနေအောင် ဆိုးတက်သလို....
သူမရဲ့ နှုတ်ခမ်းထူထူလေးတွေနဲ့လဲ လိုက်ဖက်သည်...မို့ အမြင်ရိုင်းမနေပြန်
နှာခေါင်းချွန်ချွန်....မျက်တောင် ကော့ကော့လေးတွေပိုင်ဆိုင်ထားကာ
အနက်ရောင်မျက်ဝန်းလေးတွေက ညို့အားပြင်းပြင်းနှင့် ဆွဲဆောင်မှု့ရှိလှသည်..
သူမ ပြုံးရင် ကွေးတက်သွားတဲ့နှုတ်ခမ်းလှလှတွေကြောင့် လှပလွန်းသည်ဟု သူ ထင်ဖူးသော်လည်း....
ရန်ဖြစ်ကြရင်တောင် ပြုံးပြနေတက်တဲ့ ခနဲ့တဲ့တဲ့ အပြုံးတွေကိုတော့ သူမုန်းသည်..
မလုပ်နဲ့ ဆိုလျှင် ပိုလုပ်ပြတက်သည်..
ကျမ ကြိုက်တာ ကျမလုပ်တာပဲကွယ်
ဆိုတာ သူလုပ်ချင်ရာလုပ်ပြီးတိုင်း သုံးလေ့ရှိတက်လက်သုံးစကား..
သူမရဲ့ နှုတ်ခမ်းနီရဲရဲ တွေကို မကြိုက်လို့...
အရောင်ခပ်ဖျော့ဖျော့ နှုတ်ခမ်းနီတွေ တမင် လက်ဆောင်ပေးဖူးသည်..
ဝေက ဒီအရောင်လေးတွေနဲ့ဆိုပိုလှမှာ
လို့ သူပြောတော့....
ကျမ အလှပြင်တာ ကျမအတွက်ပဲ သူများအမြင်လှဖို့အတွက်မဟုတ်လို့ ကို့ အကြိုက်ပြောင်းပြင်မနေနိုင်တာ စိတ်မရှိနဲ့ လက်ဆောင်ကိုတော့ ကျမ ချစ်ရတဲ့ ကို ပေးတာမို့ လက်ခံလိုက်မယ်နော်...
ဒါပေမဲ့...ကျမဆိုးဖို့တော့ မမျှော်လင့်ပါနဲ့လား
ထိုသို့ပြောပြီး တကယ်ပဲ သူပေးတဲ့နှုတ်ခမ်းနီတွေ လုံးဝမဆိုး....
ဒီလို မိန်းကလေးမျိူး....
ဒီလို အကျင့်မျိူး...
သူ အပြစ်တင်လဲ ပြုံးပြတက်ပြီး ဂရုမစိုက်တက်တဲ့ အပြူအမူမျိူး....
သူ လုံးဝ မနှစ်သက်သော်လည်း....
အချိန်တန်လျှင် သူမ အနားသာရောက်ရောက်လာမိသည်...
ကို ကျမကို လက်ထပ်ဖို့ စိတ်ကူးရှိသလား
လို့ သူမ တခါမေးဖူးသည်...
စိတ်မကူးရဲသေးတာ.....
စိတ်ကူးရှိလို့...သူမကို ပြုပြင်ဖို့ကြိုးစားနေတာလို့ သူမပြောရသေးခင်ပဲ
ကျမက ကျမပုံစံအတိုင်းပဲ...ရှိနေမှာမို့ အရှိကို အရှိတိုင်း လက်ခံနိုင်မှ ကျမ လက်ထပ်မှာနော်
သူမျက်ဝန်းတွေကို ဖတ်တက်တဲ့ သူမ.....
ကို့ ကိုတော့ ကျမချစ်တာမို့ ကျမဘဝထဲ ဝင်လာရဲရင် Welcome ပါ
ဒီလိုနဲ့ပဲ...
သူမလဲ လက်ထပ်ဖို့အကြောင်း ထပ်မပြောတော့သလို...
သူလဲ ပြင်ဆင်ဖို့ကြိုးစားရင်းပဲ...
ရန်တွေဖြစ်လိုက် အရွဲ့တိုက်လိုက်...
ချစ်နေကြတဲ့အချိန်ထက်..
အပြစ်မြင်ရတဲ့အချိန်က ပိုများနေခဲ့တာလဲ ငြင်းလို့မရပါဘူး....
အချိန်တန်ရင် ပြန်တည့်သွားကြသလို..
သူမဆီက ရုန်းထွက်လို့မရတာလဲ အသေအချာပါပဲ...
သူမဆီမှာ သူကြ်ုက်တဲ့အချက်ကတော့....
တခြားမိန်းကလေးတွေလို စိတ်အခြေနေရှုပ်ထွေးတာမျိူး...
စိတ်ဆိုးစိတ်ကောက်ရှိမနေတက်တာမျိူး...
သူသာ စိတ်တို ရန်ဖြစ်ပြီးထွက်သွားရင်လဲ အပြုံးမပျက်ကျန်ခဲ့တက်သလို...
သူ...သူမဆီ သွားတဲ့ အခါ အပြုံးမပျက် ကြိုနေတက်တယ်...
သူကသာ သူမဆီ သွားရလေ့ရှိပြီး...
သူမကတော့ ဘယ်တုန်းကမှ သူ့ဆီရောက်မလာတက်ခဲ့တာ...သူမ ရဲ့ မာနလို့ခေါ်လေမလား...
သိပ်ကို သံယောဇဥ် ကင်းတဲ့ မိန်းမ.......