book

Index 14

အပိုင်း (၁၄)

ကိုကိုမို့ ချစ်တာလို့☹


!!"အထူးကြေညာချက်"!!


(_မီးရဲ့ ခင်ပွန်းဖြစ်သူ Drရေပြင်ညီသည်  မူပိုင်ဇနီး မီးရှိပြီ ဖြစ်ပါ၍ မီးရဲ့ ခွင့်ပြုချက်မရှိဘဲ မည်သို့သော ကျူးကျော်မှုမျိုးမှ လက်ခံမည်မဟုတ် (စိတ်ထဲမှတောင်မနော်) 


-မီးရဲ့ ကိုကိုကို  ဆေး(၁)တွင်ရှိသော ဆရာမများ ကျောင်းသူအားလုံး လိုတာထက်ပို၍ မည်သို့သောအကူညီမှ မတောင်းရ ခင်မင်ရင်းနှီးစွာမနေရ (မေးထူးခေါ်ပြောတော့ရ၏)


-ဒီကြေညာချက်သည် ပထမဆုံးနဲ့ နောက်ဆုံးသတိပေးကြေညာချက်ပင်ဖြစ်သည်။)


!!! ခုလိုသတိပေးလို့ မီးနောက်ကွယ်တွင် မီးအတင်းတုပ်မနေနဲ့နော် မီးပြန်ကြားရင် လွယ်မယ်မထင်နဲ့ !!!😒


#The Water World ltd၏ ဒုတိယမြောက် ချွေးမ


ခခ postတင်ပြီးတယ်ဆို နေရာတကျပြန်ထားလိုက်ပြီး


"ဟွန့် လူပျိုလုပ်ခြင်တဲ့သူကြီး...."


ခခ ကိုကို့ဖုန်းကို နေရာတကျပြန်ထားပြီးတယ်ဆို ကိုကိုအိပ်တဲ့ဘက်ကိုမျက်စောင်းရွယ်လိုက်ပြီး သူမခေါင်းဦးအပါအဝင် သူရဲ့မပါမဖြစ်တဲ့ပူးရုပ်နဲ့အတူ နှစ်ယောက်ခြုံဆောင်ကြီးကိုပါ သူမမနိုင်မနင်းပိုက်လိုက်ပြီး ခေါင်းဦးတစ်လုံးနဲ့ဖက်ခေါင်းဦးတစ်လုံးသာကျန်ခဲ့တဲ့ကုတင်ကို မေးငေါ့ပြီး ​စောင့်စောင့်အောင့်အောင့်နဲ့ထွက်သွားတာ မသိရင် အခန်းအပြင်ထွက်မယ်ပုံ သို့သော်... ကုတင်နားက မွေ့ယာအသေးစားလေးပေါ်တင်လိုက်ပြီး ဘေးနားကကုတင်ကိုပြန်စောင်းကြည့်ပြီး


"ရှင်ကြီးနဲ့ တစ်ခန်းထဲတောင်နေခြင်တာမဟုတ်ဘူးသိလား ငယ်ငယ်ကတည်းက ကြောက်တဲ့စိတ်ဖျောက်မရလို့ ဟွန့်!"


>>>>>>>>>>


"မာမီ ဒီနေ့ ခခတစ်ယောက်ယောက်နဲ့ ဘာဖြစ်သံကြားသေးလည်း..."


ဒေါ်မေမီ မီးဖိုခန်းထဲ ဗေဒါနဲ့ပန်ကန်တွေထပ်နေစဥ် နောက်က ရေပြင့်အသံကြောင့် တအံတသြနဲ့


"ဟင် သားမအိပ်သေးဘူးလား... ဘာစားခြင်လို့လည်း..."


"မစားတော့ဘူးမာမီ ဒီနေ့ တစ်ယောက်ယောက် ခခကိုဆူလိုက်သေးလား လာမေးကြည့်တာ"


ရေပြင်အပြောကြောင့် ဗေဒါရောဒေါ်မေမီပါ ခဏမျှ တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လိုက်မိပြီး ဒေါ်မေမီကပဲ


"ဘာဖြစ်လို့လည်းသား... ဘယ်သူနဲ့မှရန်ဖြစ်သံမကြားပါဘူး... ဘာဖြစ်လို့လည်း.."


ရေပြင် ဒါဆို သူ့ကိုဆိုတာသေချာသွားပြီမို့


"ကျစ် ထားလိုက်တော့မာမီ ကျွန်တော်သွားပြီ"


ဗေဒါ စိတ်ရှုပ်သလိုမျက်နှာနဲ့ မီးဖိုးခန်းထဲက ထွက်သွားတဲ့ ရေပြင်ညီကိုကြည့်နေရာမှ


"ဂျစ်တူးလေး ရေပြင်ကို ဘာတွေကောက်ပြန်ပြီလည်းမသိဘူး မာမီ"


"အဟွန်း.. သမီးညီမ အရစ်သန်လေးနဲ့မှ မာမီသားလည်း မလာဖူးတဲ့မီးဖိုခန်းထဲဝင်လာရတော့တယ် အဟွန်း...."


"သမီးလည်း ရေပြင်ပေါ်မဆိုးနွှဲ့ဖို့ နောက် လူကြီးလို နေသင့်ပြီလို့လည်း ကြုံတိုင်းဆုံးမဖြစ်ပါတယ် ဒါမယ့် မီးလေးက ခံမပြောနားမထောင်လေး လုပ်နေတော့...."


"မီးလေးက အရမ်းငယ်ပါသေးတယ် သမီးရယ် မာမီတို့ကောင်းမှုကြောင့် သားနဲ့ အိမ်ထောင်ကျခဲ့ရတယ်ဆိုပင်မယ့် ကလေးစိတ်လေးရယ် ဒီလို ရူးရူးမိုက်မိုက်လေး အချိန်မှာ လိုသလိုပုံသွားသွင်းလို့မရဘူးသမီးရဲ့ တင်းလွန်းတဲ့ကြိုး ပျက်တက်တယ်တဲ့ မလျော့မတင်းလေးနဲ့ လိုရာကို တဖြေးဖြေး ပုံသွင်းယူကြတာပေါ့ကွယ် အဟွန်း မာမီ့ မီးလေးက လွတ်လွတ်လပ်လပ်နေတက်တာပါ သမီးရယ် အရမ်းအဆိုးကြီးထဲမပါ ပါဘူး ဟုတ်တယ်မှတ်လား စိတ်ထဲ အရမ်းမထားနဲ့ သမီးလည်း ကြာလေ အဖွားအိုလေးဖြစ်တော့မယ်နော် တော်ကြာ မာမိီ့သားကြီးက သူ့မိန်းမကို အလုပ်တွေအရမ်းခိုင်းလို့ ခုလိုဖြစ်တာပါဆိုပြီး မာမီကိုအပြစ်တင်နေအုန်းမယ်"


"အို မဟုတ်တာ မာမီရယ် ဗေဒါ့ပါသာ လုပ်တာပါ ဦးအဲ့လိုမပြောစေရပါဘူး"


ဒေါ်မေမီ သူမနောက်ပြောင်ပြောလိုက်တာတောင် ချက်ခြင်းဆိုသလို ခေါင်းတခါခါနဲ့ ဖြေရှင်းချက်ပေးနေတဲ့ ရိုးအေးတဲ့ ခြွေးမဦးလေးကို သဘောအကျကြီးကျကာ အပြုံးတို့နဲ့အတူ နွေးထွေးစွာထွေးပွေ့လိုက်ပြီး


"အဟွန်း မာမီက ဒီတိုင်းပြောလိုက်တာပါ သမီးလေးရယ် အဲ့လောက်ပဲ ရိုးအ့ရသလားကွယ်...."


>>>>>>>>>>>


ရေပြင် စာသင်ခန်းထဲမှာကတည်းက သူ့ကိုစူပုပ်ပုပ်လေးကြည့်နေတာမို့ ကားပေါ်မှာ စကောက်တာလား....


"ကျစ်"


ဒါလည်းမဖြစ်နိုင်ပါ ကားပေါ်ထိ ရယ်လို့ပြုံးလို့ ဒါဆိုဘယ်မှာဖြစ်တာပါလိမ့်


"ကျစ်"


ရေပြင် အခန်းဆီသွားတဲ့လမ်းတစ်လျှောက် စုပ်သက်လိုက် ခေါင်းခါလိုက်တဲ့ တစ်ယောက်ထဲအလုပ်ရှုပ်နေကာ အခန်းနားရောက်တယ်ဆိုသက်ပျင်းငွေ့ငွေ့ချလိုက်ပြီး တံခါးဖွင့်လိုက်တယ်ဆို


"ဟာ ဒါဘယ်လိုဖြစ်တာလည်း"


ရေပြင်ညီ တွန့်ကြေနေတဲ့ နှစ်ယောက်အိပ်ကုတင်ကြီးရဲ့ ဘေးနားမှာ ဟိုတစ်စ ဒီတစ်စ တစ်နေရာဆီရောက်နေတဲ့ သူမအသည်းကျော် ပူးရုပ်လေးအပါအဝင် ဖရိုဖရဲဖြစ်နေတဲ့ စောင်ကြီးနဲ့အတူ မွေ့ယာလေးပေါ် ကန့်လန့်ဖျက်အနေအထားနဲ့ ဝတ်ထားတဲ့ ညဝတ်အင်္ကျီခါးစလေးက ဗိုက်သားဖွေးဖွေးတို့ကို မဖုံးဖိနိုင်တဲ့အထိ အအိပ်ကြမ်းသူလေး....    


ရေပြင် အေးစိမ့်စိမ့်ဖြစ်နေတဲ့ အခန်းအနေအထားရယ် ခုလိုလုပ်ထားတဲ့ သူမလုပ်ပုံတွေကြောင့် စိတ်ပျက်ခြင်းနဲ့အတူ စုပ်သက်လိုက်ပြီး


"ကျစ် ခခ! ဟေ့! ထစမ်း..! ခခ!"


ခခ အခန်းရှေ့ကခြေသံကြားမှ အိပ်ခြင်ယောင်ဆောင်လိုက်သူပီပီ ကိုကို့ရဲ့ အသံကျယ်ကျယ်ကြီးကြောင့် ဆက်အိပ်ခြင်ယောင်ဆောင်ဖို့မဖြစ်နိုင်တော့တာမို့


"အာ.... ဘာဖြစ်နေတာလည်းလို့ မီးအိပ်နေတယ်လေ နည်းနည်းပါးပါး လူမှုရေးနားလည်ပါလား..."


ရေပြင်ညီ မအော်စဖူး သူ့ကိုခံအော်နေတဲ့သူမလေးကြောင့် သူအလိုမကျမူတို့နဲ့အတူ ခါးထောက်လိုက်ပြီး


"မင်းငါ့ကိုပြန်မအော်နဲ့ မင်းထက်ငါလူမူရေးနားလည်တယ် မင်းကိုနှိုးတာ မင်းဒီမှာအိပ်နေလို့နှိုးတာ ဘာလည်း ဆန္ဒပြတာလား ကျောင်းမှာလည်း နေ့လယ်စာငါနဲ့အတူမစားဘူး ခခ မင်းကျောင်းတက်တာ တစ်ပတ်မပြည့်သေးဘူး အချိုးတွေပြောင်းနေပြီနော်... သွား ခုကုတင်ပေါ်တက်အိပ်"


ခခ သူမကိုမက်တပ်ရပ်အနေအထားနဲ့ အသံကျယ်ကျယ် အမိန့်ပေးနေတဲ့သူကြီးကို စိတ်ထဲကကြောက်နေသလိုရှိနေတာမို့ ပူးရုပ်လေးကို ပိုက်ထားပြီး မျက်နှာမော့မော့လေးနဲ့ပဲ


"မအိပ်နိုင်ဘူး မီးဒီနေ့ကစပြီး ဒီမှာပဲအိပ်မယ် ဒါတောင် မတက်သာလို့ဒီမှာအိပ်ရတာ ဖြစ်နိုင်ရင် တပြင့်အခန်းတောင်သွားအိပ်လိုက်ခြင်သေးတယ် ဟွန့်"


ရေပြင် အဲ့လောက်ထိတောင် သူ့ကိုစိတ်တိုရအောင် သူကိုယ်တိုင်လည်းဘာမှမလုပ်ထားသူမို့ ဆွဲလေ ကဲလေဖြစ်မယ့် သူမလေးပုံစံကြောင့် စိတ်မရှည်တက်သူပီပီ


"အိပ်ခြင်လည်းသွားအိပ်လေ မင်းကိုတားမနေတော့ဘူး တားလည်းရမှာမှမဟုတ်တာ သွားအိပ်ခြင်တဲ့နေရာသွားအိပ်တော့"


ခခ သူမကို စိတ်ပျက်သလို သူမကိုပြောပြီးတာနဲ့ ရေချိုးခန်းဘက် လှည့်ထွက်သွားတဲ့ကိုကိုကြောင့် ဝမ်းနည်းစိတ်တို့နဲ့အတူ မျက်ရည်တို့ ရစ်ဝိုင်းလာပြီး


"ဟင့် အဟင့် ကိုကိုမကောင်းဘူး မီးအပေါ် ဆို ကိုကိုမကောင်းဘူး ကျောင်းက ဆရာမတွေလောက်တောင် မီးအပေါ်ကို ကိုကိုမကောင်းပေးဘူး သိပါတယ် မီးကို ကိုကိုမချစ်ဘူးဆိုတာ ဟီးးးးးးးး မီးကိုကလည်း ဘာကိုမျှော်လင့်နေမှန်းမသိတာ ရွှတ် တော်ပြီ ဒီနေ့ကစပြီး မီး ရှင်ကြီးကို ဘာမျှော်လင့်ချက်မှ မထားတော့ဘူး ရွှတ် ဟင့်"


ရေပြင်ညီ ခခစကားတွေကြောင့် ရေချိုးခန်းမသွားနိုင်တော့ဘဲ


"ကျစ် ခခ ဘာမှန်းမသိပဲ စိတ်ကောက်ပြီး တစ်ယောက်ထဲခံစားနေရတာကို ငါလိုက်ပြီး ချော့နေရတဲ့ထိစိတ်မရှည်ဘူးနော် ပြော မင်းဘာကို စိတ်ကောက်နေတာလည်း တစ်ခါတည်းပြော ရွဲ့လိုက် စောင်းလိုက် ကောက်လိုက် ဂျိတ်လိုက်တွေ ငါသိပ်စိတ်မရှည်ဘူးနော်"


ခခ သူမဒီလောက်ငိုရိုနေတာတောင် တစ်ချက်မချော့ပဲ ဆူတောင်ဆူနေသေးတဲ့ကိုကိုကြောင့် ဝမ်းနည်းခြင်းကို ပိုတွန်းပို့လိုက်သလိုရှိသွားတာမို့


"ဟီးးးးးးး မသိဘူး မသိဘူး ခခဘာကိုမှလည်းစိတ်မကောက်ဘူး ပြောလည်းမပြောခြင်ဘူး ကိုကို့ပါသာ စိတ်ချမ်းသာသလိုနေ ခခကို ရှိတယ်လို့တောင်စိတ်ထဲမထားနဲ့ မမြင်သလိုသာနေလိုက် ခခလည်း ခခပါသာ ကြိုက်သလိုနေမယ်"


ရေပြင် နှာသီးလေးတွေရဲကာ မျက်နှာလေးရဲနေသည်အထိ အော်ငိုပြီး တစ်ယောက်ထဲ အပြစ်တွေဆိုနေတာမို့ သူစိတ်ကို တစ်ထစ်ရှော့လိုက်ပြီး ခခနားထိုင်ချလိုက်ကာ


"ဟူး..... ok ခခ ကိုကိုပြောတာကို သေချာနားထောင် ခု ခခဖြစ်နေတဲ့ ခံစားချက်ကို ကိုကို့ကိုသေချာမပြောပြရင် ကိုကိုဘယ်လိုလုပ်သိမှာလည်း ကိုကိုပြောခြင်တာက ခခ ကိုကို့ပေါ် ပွင့်လင်းသင့်တယ် ခခ ကိုကို့ကြောင်း သိပါတယ် ကိုကို လူတွေစိတ်ကို မဖတ်တက်ဘူးဆိုတာ ကဲ ပြော ကိုကို့ကို ခုသေချာရှင်းပြ"


ခခ သူမပုခုံးတို့ကို နုညံ့နွေးထွေးမှုအပြည့်နဲ့ ခက်ဖွဖွစုပ်ကိုင်ပြီး သူမကို နားလည်အပေးနိုင်ဆုံး မျက်ဝန်းအစုံနဲ့ကြည့်ပြီး ပြောနေပင်မယ့်လည်း စိတ်ဆိုးမပြေသလို မျက်နှာစူပုပ်ပုပ်လေးနဲ့ ချက်ခြင်း မျက်နှာလွှဲပစ်လိုက်သည်။


ရေပြင်ညီ သူစကားတို့ကို ဂျစ်ကန်ကန်လေးနဲ့ သေချာနားထောင်နေပြီမှ ချက်ခြင်း စူပုပ်ပုပ်လေးနဲ့ မျက်နှာလွဲဲပြီး တိပ်ဆိတ်နေတဲ့သူမလေးကြောင့် သူပြုံးလိုက်မိတာတော့အမှန်ပါ။ ဆံပင်စုပ်ဖွားလေးနဲ့ ငိုထားတဲ့အရှိန်ကြောင့် နီမြန်းမြန်းဖြစ်နေတဲ့ ပါးပြင်လေးအထက် မျက်ရည်တို့စိုကပ်နေတာမို့ ဟိုတစ်စဒီတစ်စ ဆံနွယ်တို့ကြောင့်  တကယ် ဘယ်လိုရုပ်လေးမှန်းမသိ။ ရေပြင် အပြုံးတို့နဲ့ကြည့်နေရာမှ ပုံခုံးစွန်းတစ်ဖက်ရောက်နေတဲ့ အင်္ကျီလည်ပင်းပေါက်လေးကို ဆွဲစိပေးလိုက်ပြီး


"ကဲကဲ နှုတ်ခမ်းဆူနေတာတွေ ရပ်လိုက်တော့ ကိုဘာမှားမှန်းမသိပင်မယ့် ကိုတောင်းပန်တယ် ကျေနပ်တော့ ကိုနဲ့မီးလေးအသက်က အရန်းကွာနေတော့ မီးလေးစိတ်က ခုလိုကလေးစိတ်လိုဖြစ်နေရင် ကိုယ့်လို ပါမောက္ခ်ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ကလေးစိတ်ဖြစ်နေတဲ့ မီးလေးနဲ့ ဘယ်လိုလုပ်မလည်း"


"ဘာ မီးကို ကလေးစိတ်ဟုတ်လား.... ကလေးစိတ်ဆို ဘာလို့ယူထားသေးလည်း ကိုကိုလူကြီးဆို လူကြီးလိုနေလေ ကလေးက လိုက်ထိန်းနေရအောင် မနေနဲ့"


"ကျစ် ခခကကွာ....."


"ခခတွေ ဘာတွေလုပ်မနေနဲ့ ရှင်ကြီး ခခအရမ်းချစ်မှန်းသိလို့ ဥပက္ခာတွေပြုနေတာ ဒီက သိတယ်သိလား လူကို အေးတိအေးဆက်နဲ့ ဟင့် သူများတွေ ယောက်ျားယူရင် ပျော်စရာကြီး မီးကျတော့ ဟင့်"


ရေပြင် ယောက်ျားယူတာကို လွယ်လွယ်နဲ့ ပျော်စရာလို့ပြောထွက်လိုက်တဲ့ ခခကြောင့် မတည်နိုင်တော့တဲ့အဆုံး


"ဟား ဟား ဟား ခခကွာ..... အဟွန်း ဘယ်သူပြောတာပြော အိမ်ထောင်ပြုတာ ပျော်စရာလို့"


"ဟင် ရှင်ကြီးနော် လူကိုလာလှောင်မနေနဲ့ အိမ်ထောင်ပြုတာ ချစ်လို့ပြုတာလေ အဲ့တော့ ပျော်ကြတာပေါ့ မဟုတ်ဘူးလား..."


ရေပြင် လွယ်လွယ်တွေးပြီး လွယ်လွယ်လေးပြောလိုက်တဲ့ မီးလေးကြောင့် သူရယ်ခြင်စိတ်ကို မနည်းထိန်းကာ


"Ok Ok ဒါဆို ခခကရော ကိုကို့ကို ဘာလို့ လက်ထပ်တာလည်း.."


"ချစ်လို့လေ ချစ်လို့ ပိုင်ခြင်လို့ ကိုကို့ကို မီးအပိုင်လိုခြင်လို့လေ ပြောပြီးသားကို ဘာလို့ ထပ်မေးနေတာလည်း"


ရေပြင် သူမေးတယ်ဆို ဘားမှစဥ်းစားမနေပဲ ချက်ခြင်းပြန်ဖြေလိုက်ကာ သူ့ကိုတောင် ရန်လုပ်နေတဲ့ ခခကြောင့် သူပြုံးလိုက်ပြီး


"အွန်း အွန်း ဟုတ်ပြီး ကိုယ်ပြန်မေးမိလို့ ထက်ပြီး sorry ခုတော့ အိပ်တော့ ညင့်နက်လာပြီ လာ ဒီပေါ်မှာတက်အိပ် အောက်မှာအေးတယ်"


"ဟွန့် အေးပါစေပေါ့ အေးတာကြိုက်လို့ ဒီမှာပဲအိပ်မှာ"


သူမလေးကအဲ့လိုပါ ဘယ်တော့မှ အရှော့ပေးမရ ရှော့ပေးမှန်းသိ ပိုရောင့်တက်တဲ့ ကလေးတွေလိုပဲ သို့ပင်မယ့် ရေပြင်ညီဆိုတဲ့ ကိုယ်ဆိုတာကလည်း သူမလေးအပေါ်ဆို အမြဲအနိုင်ပေးနေကြက ငယ်ကျင့်လို ဖျောက်ရခက်တာမို့ ခက်တယ်....


"လာပါ ခခရာ... လာ ကျေအေးလိုက်တော့နော်"


"မသိဘူး ဘာမှလာမပြောနဲ့ ခုနကကျ သူများကို အော်ငေါက်နေတာ ဘယ်သူကြီးလည်း သူ့ ကျောင်းသူချောချောလေးတွေ ဆရာမချောချောလေးတွေနဲ့ကျ မအားလို့ အစားဝင်ပေးရတာနဲ့ စာမေးတာကိုလည်း သကာရေလောင်းထားတဲ့ မျက်နှာကြီးနဲ့ ပြန်ဖြေရတာနဲ့ ဟွန့် ဒီက အိမ်ကသူများကို ပြုံးရင်တောင် ခွန်နှစ်ခေါက်ချိုးရှစ်ခေါက်ချိုးမျက်နှာနဲ့ ဟွန့် ဒီကလည်းသိပါတယ် ခခတို့က အချဥ်မဟုတ်ပါဘူး...."


ရေပြင်ညီ ခုမှ သူမလေးကောက်နေတဲ့အကြောင်း ဂဃနဏသိသွားပြီး သဝန်တိုတက်နေပြီဖြစ်တဲ့ သူမလေးကြောင့် သူပြုံးလိုက်မိသည်။ သူ့ကို မဲ့ကာရွဲကာနဲ့ ခြေဟမ်လက်ဟမ်နဲ့ နှုတ်ခမ်းလေးလုံးနေအောင်ပြောပြနေတဲ့ သူမလေးကြောင့် အသဲယာစွာ....


"အဟွန်း အချဥ်မဟုတ်တော့အချိုပေါ့ဟုတ်လား..."


"အာ.... ကိုကို့ ရှင်ကြီး ဘာလို့သူများပါးကို ဘာလို့ လာဖဲ့နေတာလည်း နာတယ်နော်"


"နာပါစေ နာအောင်တမင်လုပ်တာ သူများကို ကိုယ်ထင်ခြင်သလိုထင်ပြီး ပုဒ်မတွေတက်နေတဲ့ ကောင်မလေးကို ဆုံးမတာ"


"ခခ ပြောတာ မဟုတ်လို့လား ဘာဆုံးမတာလည်း လာမဆုံးမနဲ့ ဟွန့်"


"မဟုတ်ပါဘူးကွာ.... အဲ့ဒါ ကိုယ်ရဲ့ဆရာမဆိုလည်းဟုတ်တယ် သူက ကိုယ်ဆေးကျောင်းစတက်ကတည်းက ကိုယ်တို့ကို စာသင်ပေးတဲ့ဆရာမလေကွာ အသက်က၆၀နီးပြီလေ အဲ့လောက် အသက်ကြီးသူဆိုတာကတော့"


"ဘာလည်း အသက်ငယ်တယ့ဆိုဏင် ရှင်ကြီးက စိတ်ပါမယ်ပေါ့ အဲ့ဆို တမီတည်း မီနေတဲ့ ဟိုကျောင်းသူကျတော့ရော"


ရေပြင်ညီ ရှင်းလေရှုပ်လေမို့ မထူးတော့တဲ့အဆုံး


"ကဲ တော်ပြီ နာရီကြည့်အုန်း ၁၂ ကျော်ပြီ မီမကလို့ မီးဘဲဖြစ်ဖြစ် ဒီကရေပြင်ညီက ဘယ်သူ့မှ ရင်မခုန်သေးဘူးဟုတ်ပြီလား... လာ ခုတော့"


"ဟင်! အမလေး!"


ခခ ရုပ်တရက်သူမကို ပွေ့လိုက်တဲ့ကိုကိုကြောင့် သူမလန့်လည်း လန့်သွားသလို ကျေနက်လောက်တဲ့ အဖြေမဟုတ်ကြောင့်


"ဘာလုပ်တာလည်းကိုကို့! လွှတ်! ခုချပေး! ချပေးဆိုနော်! သွား..... ခုမှသူများကို... သွား! လာမထိနဲ့ ကျောင်းက ကိုကို့ကျောင်းသူလေးတွေကို သွားထိ! ခုမှ သူများကိုလာပြီးတော့ ဟီးးးးး သွား! သွား!"


"အာ.... မငိုပါနဲ့ကွာ.... လာပါ ကိုကိုချော့သိပ်မယ်"


"မသိပ်နဲ့ သွား သွား ခုမှ လာမချော့နဲ့"


"လာပါကွာ.... ငယ်ငယ်လေးတုန်းကဆို ကိုကိုချော့သိပ်မှ အိပ်မယ်ဆိုတဲ့ ကောင်မလေးက လာပါကွာ...."


ခခ သူမကို ရင်ခွင်ထဲ အတင်ထည့်ပြီး အတင်းသိပ်မယ်လုပ်နေတဲ့ ကိုကိုကြောင့် သူမအတင်းရုန်းနေမိသည်။ ဟုတ်တယ်လေ အရင်တုန်းကဆို ကိုကိုနဲ့အိပ်နေကြပင်မယ့် ကိုကိုကလည်း ဟိုဘက်လှည့်အိပ်သလို ခခကလည်း လွတ်လွတ်လပ်လပ်အိပ်တက်သူပီပီ ဒီဘက်ထောင့်မှာ ခုကျ ကိုကို့ရင်ခွင်ထဲမှာအိပ်ရမှာကျ စိတ်ထဲ တစ်မျိုးကြီးပင် စိတ်ကျင်းကျက်သလိုလည်း ခံစားရတာမို့


"ဟင့်အင်း ခခ မအိပ်တက်ဘူး မအိပ်ခြင်ဘူး လွှတ်လို့ပြောနေတယ်နော်ကိုကို"


"အဟွန်း.... အိပ်ပါကွာ.... လာ စိတ်မဆိုးတဲ့တော့နော် နောက်လည်း ကိုယ့်ကြောင့် စိတ်မတင်မကျဖြစ်နေရင်ပြော ကိုယ်ရှင်းပြမယ်လေ အဟွန်း"


"တော်ပြီ ခခအိပ်ခြင်ပြီ ဒီပေါ်မှာအိပ်ဆိုလည်းအိပ်မယ် လွှတ်တော့ ခခနေရာမှာ ခခသွားအိပ်မယ်"


ရေပြင်ညီ ခုမှ အကြောက်အကန် သူ့ရင်ခွင်က ထွက်ပြေးခြင်နေတဲ့သူမလေးကြောင့် သူခက်ညစ်ညစ်ပြုံးလိုက်ပြီး


"အဟွန်း.... တော်ပြီ အိပ်တော့ စကားတွေအများကြီးမပြောနဲ့တော် ဒီနေ့ မင်းကိုယ့်ကို ခေါင်းစားအေယင်လာပ်တာ အတော်များသွားပြီ ကိုယ်အိပ်ခြင်နေပြီ ဒါမှမဟုတ် ပြောမရဘူးဆိုရင်တော့ ဟိုတစ်ခါလို ဗေဒါတို့အခန်းထွက်ပြေးချိန်တောင်မရှိဖြစ်သွားမယ်နော်"


ခခ သူမကိုလည်း မလွှတ်ပေးပဲ မျက်လုံးမှိတ်ရက်နဲ့ အမိန့်တွေပေးနေတဲ့ကိုကို့ကြောင့် ဒေါသပိစိလေးထွက်ခြင်နေပင်မယ့် ကိုကိုပြောတဲ့ ဟိုတစ်ခါ ကလိုဆိုတဲ့စကားကြောင့် ဘာမှပြန်မပြောနိုင်တော့ပဲ မျက်လုံးမိတ်လိုက်ရတော့သည်။


ရေပြင်ညီ သူ့ကိုပြန်မဖြေပဲ ညိမ်ကျသွားတဲ့သူမလေးကြောင့် သူမျက်လုံးအသာလေးဖွင့်ကြည့်လိုက်တော့ စိတ်ကျင်းကျက်သလို မျပ်နှာလေးနဲ့ မျက်လုံးမိတ်ပြီး ညိမ်သွားတဲ့သူမလေးကြောင် သူပြုံးလိုက်ပြီး


"အဟွန်း အိပ်တော့"


"ဟုတ်"


ရေပြင် သူပြောတာကို မျက်လုံးမှိတ်ရက်နဲ့ ချက်ခြင်ခေါင်းညိမ့်ဖြေလိုက်တဲ့သူမလေးကြောင့် သူအသည်းယားသွားတာမို့ ပွေ့ဖက်ထားတဲ့လက်တို့ကို ခက်တင်းတင်းလေး ဖက်လိုက်မိသည်။


မင်းနဲ့တော့ခက်တယ် ခခရယ်....


ခခ သူမကို အမြဲ ခခဒါမှမဟုတ် မီးလေးခေါ်တက်တဲ့ကိုကိုက မင်းတွေ ငါတွေ ကိုယ်တွေသုံးနေတော့စိတ်ထဲတော့တစ်မျိုးကြီးပင်။ အိမ်မှာတစ်မျိုး ကျောင်းမှာတစ်မျိုးလူကြီး မာမီတို့ရှေ့တစ်မျိုး သူများနဲ့ကျတစ်မျိုးလူကြီး သွား လာမသိပ်နဲ့ သူများအရမ်းချစ်မှန်းသိလို့ လာပြီးတော့ လူကို လုပ်ခြင်သလိုလုပ်နေတာ သိပ်မုန်းဖို့ကောင်းတဲ့သူကြီး။

'ဟင် နေအုန်း ငါ postတင်ထားတယ်လေ သေပြီ

 ငါကိုကရှည်တာ မတင်လိုက်ရင်ကောင်းသား... မိခခ နင်တော့ ဟင့် ' ' အော် ဘာဖြစ်လည်း တင်လိုက်တော့လည်း ကိုကိုက ဘာဆိုတာသိသွားတာပေါ့ ဟွန့်'


ရေပြင်ညီ ညိမ်နေရာမှ လှုပ်စိလှုပ်စိလုပ်နေတဲ့ကောင်မလေးကြောင့်


"ဟေ့ အိပ်တော့လေ လှုပ်စိလှုပ်စိ လုပ်မနေနဲ့ ကိုယ်မအိပ်တက်ဘူး"


(မအိပ်တက်ရင်လည်း သူများကို ဖက်မအိပ်နဲ့ပေါ့ ဟွန့်)


"ဟုတ်"


ခခ အတွေးတစ်ခု လက်တွေ့တစ်ခုနဲ့ဟန်ကျနေမိသည်။ ကျေးဇူးပြုပြီး မနက်ရောက်ရင် အဆင်ပြေပါစေဘုရား...။


သေချာတာကတော့ ခခတစ်ယောက် ထိုညက အိပ်ရေပျက်ခဲ့ရသောည....


◾◾◾◾◾◾◾◾◾◾◾◾◾◾◾


rate now: