book

Index 14

Part-[ 14 ]

ကြင်နာသူ ... ရွှေမင်းသား

(or)

 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။


••••••••••• Part-[ 14 ] •••••••••••


အံ့သြခြင်းတို့ပြည့်နှက်နေသည့် ခေါ်သံက တိုးလျလျသာထွက်ပေါ်လာခဲ့၏။ ထို့နောက် အနားသို့တလှမ်းချင်းတိုးကပ်လာနေသော ခြေလှမ်းတို့ကြောင့် ဖွဲ့ ရင်တွေတဒိန်းဒိန်းဆောင့်ခုန်ကာ လက်ရှိအခြေအနေကို ဘယ်လိုရင်ဆိုင်ရမယ်မတွေးတတ်။ မသိဟန်ပဲဆောင်နေရမလား?...။သူ့ကိုတော့ ယုံကြည်လိုက်ရင်ဖြစ်မလား?...။ဘာကိုမှမစဥ်းစားတတ်တော့ဘဲ ခေါင်းတစ်ခုလုံး ပူထူကာ နေရာကပင် အငွေ့ပျံပျောက်ကွက်သွားလိုက်ချင်၏။ မပတ်သက်တော့ဘူးဆိုပြီး ရှောင်ပြေးဖို့ကြိုးစားခါမှ အတိတ်အငွေ့အသက်တွေက ချက်ချင်းကို လိုက်လာခဲ့ပါရောလား။ ဖွဲ့ကို နည်းနည်းလေးမှတောင် မျက်နှာသာမပေးတော့ပါလား ကံကြမ္မာရယ်...


""ညီမလေး..မင်း...""


အနားသို့ရောက်လာကာ ပခုံးနှစ်ဖက်ကိုဆုပ်ကိုင်လျက် မေးခွန်းထုတ်လာသူကို ရင်ဆိုင်မကြည့်ဘဲ လက်တွေကိုတော့ ရုန်းဖယ်ပစ်လိုက်ရင်း အတတ်နိုင်ဆုံး ဟန်ဆောင်ဖို့သာ ရွေးချယ်လိုက်မိသည်။ သို့သော် လွယ်မှာတော့မဟုတ်မှန်းလည်း နားလည်ပါသည်။ 'စစ်ရန်မခ'ဆိုတာ ဖွဲ့နဲ့ငယ်စဥ်ကတည်းက သိကျွမ်းလာခဲ့သူမို့ လိမ်ညာဖို့ရန် လွယ်ကူပါ့မလား? ထားပါ! အရင်ဆုံးတော့ ကြိုးစားကြည့်ရမှာပဲ။


"" ဘာကိစ္စရှိလို့လဲ?""


""ဖွဲ့လေး မင်း ဒီကိုဘယ်လိုလုပ်ပြီးရောက်နေတာလဲ? စံအိမ်ကနေ ဘယ်လိုလုပ် မင်းက..""


နည်းနည်းလေးမှတောင် ထင်ယောင်ထင်မှားခြင်းမရှိဘဲ နာမည်ကိုအတပ်ခေါ်ကာ အသံတို့ကလည်း အက်ရှတုန်ယင်နေခဲ့၏။ ထို့နောက် ဖွဲ့ ရဲ့ခြေထောက်တွေဆီအကြည့်ရောက်သွားပြီး မျက်နှာထက် အံ့သြဝမ်းသာရိပ်တို့ စွန်းထင်လာပြန်ရင်း ဖွဲ့ကိုယ်လေးကို သူ့ရင်ခွင်ထဲ ဆွဲဖက်ထားကာ...


""ညီမလေး...လမ်းလျှောက်နိုင်သွားပြီပဲ

ကိုယ်...""


စကားတို့မဆုံးသေးခင် တင်းကျပ်စွာဖက်ထားမိသော သူ့ရင်ခွင်အား ဇွတ်အတင်းဆောင့်တွန်းခြင်းခံလိုက်ရလေ၏။


"" ဒီမှာ...ရှင်ပြောတာတွေ ကျမ မသိဘူးနော်

ကျမက အိန်ဂျယ်လ်ပါ...ရှင် ဒီကိုဘာကိစ္စနဲ့လာတာလဲ?""


ရုတ်တရက် တခြားနာမည်ကို သုံးနှုန်းလိုက်တော့ လက်ရှိအခြေအနေကို သတိရမိသွား၏။ ဟုတ်တယ်..အိန်ဂျယ်လ်ဆိုတဲ့ မိန်းကလေးကိုတွေ့ဖို့ သူလာခဲ့တာပဲ။ ဒါပေမယ့် အိန်ဂျယ်လ်က ဘာလို့ မုန်းမဖွဲ့သာ ဖြစ်နေရတာလဲ? နာမည်အစိမ်းနဲ့ ကိုယ့်ကိုမသိသလို ပြောနေတဲ့ စကားသံတို့ကလည်း စိမ်းနေပေမယ့် ကြည့်နေသည့်မျက်လုံးတို့မှာတော့ ရင်းနှီးသည့် အငွေ့အသက်ကိုမဖုံးကွယ်နိုင်။ ဘယ်လိုပဲ တခြားသူတစ်ယောက်လိုပြောင်းလဲနေပါစေ သူ့ရှေ့က အိန်ဂျယ်လ်ဆိုသောမိန်းကလေးဟာ 'ဖွဲ့'မှန်း သူ မသိပဲရှိပါ့မလား? ဒါပေမယ့် စံအိမ်မှာ ရှိနေရမယ့် ဖွဲ့က ဘာဖြစ်လို့ ဒီမှာရောက်နေတာလဲ?


""ညီမလေး...စံအိမ်မှာ ဘာတွေဖြစ်ခဲ့တာလဲ?

မင်းက ဘာလို့ဒီကိုရောက်နေတာလဲ ကိုယ့်ကိုပြော""


""အိန်ဂျယ်လ် ရှင့်ကိုမသိဘူးလို့ပြောနေတယ်နော် ရှင်ဘာမှဆက်မပြောပါနဲ့ ဒီအခန်းထဲကသွားပါ""


""ဖွဲ့...မင်းကိုယ့်ကို မသိဘူးဆိုတာ ညာနေတာ

ကိုယ့်ကိုကြည့်!""


ဖွဲ့ရဲ့ ပခုံးလေးနှစ်ဖက်မှဆွဲကိုင်လျက် သူနဲ့မျက်နှာချင်းဆိုင်ကာ မျက်လုံးကိုဆုံအောင်ကြည့်စေသည်။ မျက်ဝန်းတွေမှာလည်း အံ့သြခြင်း၊ဝမ်းနည်းခြင်း၊ ကြေကွဲနာကျင်ခြင်း အရိပ်အယောင်တို့ယှက်သန်းနေကာ ဖွဲ့ဆီက တစ်စုံတစ်ရာသော စကားသံကို မျှော်လင့်နေဟန်က အထင်းသား။ နဂိုကတည်းက မုသားစကားတွေ ၊ ဟန်ဆောင်လိမ်ညာခြင်းအတတ်တွေနဲ့ မရင်းနှီးခဲ့သည့် ဖွဲ့က သူ့မျက်လုံးတွေကို ရင်ဆိုင် ဆုံကြည့်နေစဥ်မှာပဲ ပါးပြင်ထက်မျက်ရည်တို့ တလိမ့်လိမ့်ကြွေဆင်းသွားခဲ့၏။ သူကလည်း ဘာစကားမှထပ်မပြောတော့ဘဲ ဖွဲ့ ကိုယ်လေးကို ဖက်ထားပြန်ကာ...


"" မငိုပါနဲ့...ကိုယ်မှားသွားပါတယ်...ဘာအကြောင်းအရာကိုမှထပ်မမေးဘဲ...

မင်းကမသိဘူးလို့ပြောရင် ကိုယ်အဲ့ဒီအတိုင်းပဲနေပေးပါ့မယ်...""


"".....""


""ကိုယ့်နာမည်က စစ်ရန်မခ...မီးလောင်မှုဖြစ်ခဲ့တဲ့ hotelရဲ့ တာဝန်ရှိသူအနေနဲ့ ထိခိုက်နစ်နာသူဆီ လာတွေ့တောင်းပန်တာပါ... Hotelဘက်က ပေါ့ဆခဲ့မှုအတွက်...တောင်းပန်ပါတယ်""


""အစ်ကို!""


ခေါ်နေကျနာမ်စားလေးက သူမ နှုတ်ဖျားလေးမှ ခပ်တိုးတိုးထွက်ပေါ်လာခဲ့၏။ ပြီးတော့ မျက်ရည်တို့ပြည့်အိုင်နေသည့် မျက်လုံးများက တောင်းပန်သလို တောင်းဆိုသလို အဓိပ္ပာယ်တို့ပျော်ဝင်စွာ လက်ဖျားကိုလည်း လာရောက်ဆုပ်ကိုင်၍...


""ဖွဲ့ တောင်းပန်ပါတယ်

မသိဟန်ပဲဆောင်နေပေးပါ...ဖွဲ့ကို ဒီနေရာမှာတွေ့တာ ဘယ်သူ့ကိုမှမပြောပါနဲ့..အထူးသဖြင့် စံအိမ်ကလူတွေကို လုံးဝအသိမပေးပါနဲ့နော်""


ထူးဆန်းသော တောင်းဆိုမှုကြောင့် သူအံ့သြစွာပြန်ကြည့်မိသည်။ ဘာအတွက်ကြောင့်မှန်းမသိပေမယ့် ဒီအထဲမှာ လေးနက်မှုများစွာတော့ရှိနေမှာ အမှန်မို့ ခေါင်းကိုငြိမ့်ကာ သဘောတူပေးလိုက်ပြီး...


""ဟုတ်ပြီ..ဒါဆို လုံလောက်တဲ့အကြောင်းပြချက်ကို ပြောလေ...ဧကန္တ ကိုယ်နဲ့လက်ထပ်ရမယ့်ကိစ္စကြောင့်လား?""


""ဟုတ်တယ်...အဲ့ဒါကြောင့်ပဲ

ဖွဲ့ စံအိမ်ကထွက်ပြေးခဲ့တာ""


""မင်း ခြေထောက်တွေဘယ်တုန်းကပြန်ကောင်းနေခဲ့တာလဲ?""


""လေညှင်းကြောင့် ရေကန်ထဲကျပြီးကတည်းက ပြန်ပြီးလှုပ်ရှားလို့ရခဲ့တာ ...ဖွဲ့ ဘယ်သူ့ကိုမှအသိမပေးခဲ့ဘူး...အဲ့ဒီ့အိမ်ကနေ ဘယ်သူမှမသိခင်ထွက်ပြေးချင်ခဲ့တာ...ဒါပေမယ့်...ဒါပေမယ့်""


""ညီမလေး...""


ပြောပြနေရင်းမှပင် မျက်လုံးတို့ကမတည်မငြိမ်ဖြစ်လာကာ တစ်စုံတစ်ရာကို ကြောက်ရွံ့ထိတ်လိန့်နေသလို ပုံစံဖြင့် စကားတို့ရှေ့မဆက်နိုင်ဘဲ အသံတွေတုန်ယင်လာတာကြောင့် သူ စိုးရိမ်စွာခေါ်မိ၏။ သူမကတော့ ဆတ်ဆတ်တုန်နေသည့် နှုတ်ခမ်းလေးတွေကိုကြိုးစားဖွင့်ဟရင်း စကားကိုထပ်ဆက်ပြန်သည်။


""လေညှင်း...အဲ့ဒီ့နေ့က ဖွဲ့နဲ့လေညှင်းရန်ဖြစ်ခဲ့တယ် ဖွဲ့ကြောင့် သူဒဏ်ရာရပြီး...သွေးတွေလည်းအများကြီးပဲ...အဲ့ဒါကြောင့် ဖွဲ့လန့်ပြီး ထွက်ပြေးလာခဲ့တာ..သူ သူ...သေတော့မသေဘူးမဟုတ်လားဟင်...သူ မသေဘူးမဟုတ်လား""


""ဟင့်အင်း...လေညှင်းဘာမှမဖြစ်ပါဘူး

အကောင်းအတိုင်းပဲရှိနေတယ်...စံအိမ်မှာလည်းအားလုံးကအရင်အတိုင်းပဲ...မင်း ရှိမနေတာကိုလည်း လူသိမခံခဲ့ဘူး...""


လေညှင်းအသက်ရှင်နေတယ်ဆို၍ ဖွဲ့ အတော်လေးဝမ်းသာသွားရ၏။ ဒါဆိုရပြီ...ဖွဲ့က ရာဇဝတ်သားမဟုတ်ဖူးပဲ။


""ကိုယ့်ကို သေချာပြောပြ

လေညှင်းနဲ့ဘာဖြစ်ခဲ့တာလဲ?""


""ဟင့်အင်း..အခုပြောပြဖို့အချိန်မရှိတော့ဘူး

ဒီအတိုင်း ဖွဲ့ကို မသိသလိုပဲနေပေးပါ...ခဏနေဆို ကိုကိုလာတော့မှာ...နောက်မှအားလုံးကိုရှင်းပြပါမယ်...အခုပြန်ပါတော့နော်""


"".....""


စကားဆုံးသည်နှင့် အခန်းတံခါးက ချပ်ခနဲပွင့်သွားလေ၏။ ထို့နောက် တံခါးဝမှာပေါ်လာသူက 'အလင်းနှစ်'။ သူက အခန်းထဲရှိနေသည့် ဧည့်သည်ကိုတော့ အသိအမှတ်ပြုသလို ပြုံးကြည့်ကာ သူ့မိန်းကလေးအနားသို့ ဆက်လျှောက်သွားရင်း ဘေးမှာဝင်ထိုင်လိုက်လေ၏။ ပြီးတော့ အကဲခတ်သလို တစ်ချက်ပြန်ကြည့်လာကာ...


""ကိုစစ်ရန်မခ...ဒီကိုဘာကိစ္စရှိလို့လဲ?""


မေးခွန်းကိုကြားပေမယ့် ချက်ချင်းပြန်မဖြေမိ။ ဖွဲ့ နဲ့ပတ်သက်သည့် ပဟေဠိများကသာ ရင်ထဲရှုပ်ယှက်ပြေးလွှားနေရင်း 'အိန်ဂျယ်လ်'ဆိုတဲ့မိန်းကလေးကက'အလင်းနှစ်'ရဲ့ချစ်သူဆိုသည့် ကြားစကားတစ်ခွန်းကိုလည်း သတိရမိသည်။ တကယ်ပဲ...ဘာတွေပြောင်းလဲသွားခဲ့တာလဲ။ ဒီအခြေအနေကို ဘယ်ကနေအစရှာရမလဲ...။ သူဘာမှနားမလည်နိုင်စွာ ဖွဲ့ရဲ့မျက်နှာကို လှမ်းကြည့်တော့ မပြောပါနဲ့လို့ အဓိပ္ပာယ်ရသော အကြည့်မျိုးဖြင့် တောင်းဆိုနေတာကြောင့် သက်ပြင်းကို ချလိုက်မိ၏။ ထို့နောက်...


""ကျွန်တော်က ထိခိုက်နစ်နာသူဘက်ကိုတောင်းပန်ရင်း သတင်းလာမေးတာပါ""


""သြော်! ကျေးဇူးပါပဲ""


အရင်ရက်ပိုင်းတုန်းက တစ်ကြိမ်ဆုံဖူးထား၍ အလင်း ထိုလူကိုမှတ်မိနေခြင်းပါ။ အခုတော့ အိန်ဂျယ်လ့်အနားမှာ မထင်မှတ်ဘဲ တွေ့လိုက်ရပြီး...ဘာလို့မှန်းမသိ ဒီလိုတွေ့ရတာကို သူ့စိတ်ထဲ အလိုမကျသည့် ခံစားချက်ကရှိနေပြန်၏။ အိန်ဂျယ့်လ်ကို ကြည့်လိုက်တော့လည်း ခေါင်းငုံ့လျက်သာငြိမ်နေတာကြောင့် ပါးလေးဖွဖွလှမ်းစမ်းလိုက်ရင်း...


""နေလို့ကောင်းရဲ့လား ကလေး

ဘယ်လိုနေသေးလဲ...ကိုကို့ကိုပြော""


""အိန်ဂျယ်လ် နေကောင်းပါတယ် ကိုကိုရဲ့""


""ဒါဆို ကျွန်တော့်ကိုပြန်ခွင့်ပြုပါဦး

နောက်မှပဲထပ်တွေ့ကြတာပေါ့""


တကယ်ပဲ ချစ်သူတွေလား? အချိန်ခဏလေးအတွင်း မြန်ဆန်လှသည့် အလှည့်အပြောင်းကိုလိုက်မမီသေးသော်လည်း မျက်စိရှေ့ကမြင်ကွင်းကတော့ သူ့အတွက်အဆင်မပြေလှ၍ နှုတ်ဆက်စကားဆိုကာ ထိုနေရာကို ကျောခိုင်းလိုက်မိသည်။ ဖွဲ့ရဲ့မျက်နှာလေးထံ ငုံ့ကြည့်ကာ ပါးလေးကိုဖွဖွစမ်းလျက် တယုတယပြုမူနေသော သူစိမ်းယောကျ်ားတစ်ယောက်...။ဖွဲ့ရဲ့နှုတ်ဖျားမှ ညင်သာစွာထွက်ပေါ်လာသော ခေါ်သံ...။အဲ့ဒီနှစ်ခုရဲ့ ထပ်တူညီခြင်းသည် သူ မသိချင်သောအဖြေသာဖြစ်လိမ့်မည်။


မင်းက ကိုယ်ရည်ရွယ်ခဲ့တဲ့ ပန်းပွင့်လေးပါ ဖွဲ့ရယ်...

ဘာအတွက်ကြောင့် သူများရင်ခွင်ဆီ ကြွေခဲ့ရတာလဲ? ဒီအချိန်အတွင်းမှာ ဘာတွေမှားယွင်းသွားခဲ့တာလဲ? ကိုယ်သိအောင် ကြိုးစားမှဖြစ်မယ်။


"".....""


ပိတ်သွားတဲ့ အခန်းတံခါးလေးကိုကြည့်ကာ ဖွဲ့ အခုမှပဲ သက်ပြင်းလေးခိုးရှိုက်မိသည်။ မပြောပြသွားတာ တော်ပါသေးရဲ့။ အဲ့ဒီ့စံအိမ်၊ အဲ့ဒီလူတွေနဲ့ လုံးဝမပတ်သက်ပဲ ဒီအတိုင်းလေးသာ နေသွားခွင့်ရရင်ကောင်းမှာပါပဲ။ ဖွဲ့ မရှိတာကို လူသိမခံခဲ့ဘူးတဲ့လား...။ ဒေါ်ဧကရီက ဘာတွေကြံစည်နေတာပါလိမ့် ။ ဖြစ်နိုင်တာကတော့ ဖွဲ့ အသက်၂၀မပြည့်ခင် အတိမ်းအစောင်းအဖြစ်မခံနိုင်လို့ ဒီအကြောင်းကိုဖုံးကွယ်ပြီး တိတ်တိတ်လေးကျိတ်ရှာနေခဲ့တာပဲဖြစ်မယ်။ ဘယ်သူမှမသိခင် နေရာမှန်ပြန်ထားဖို့နေမှာပေါ့။ သူတို့မထင်လိုက်တာက ဖွဲ့ ဒီလောက်ဝေးဝေးမှာပုန်းနိုင်ခဲ့မှာကိုပဲ။


မဖြစ်ဘူး..

သူတို့ဆီကို ပြန်သွားလို့မဖြစ်ဘူး...

တစ်ကြိမ်တစ်ခါ ကံကောင်းလို့လွတ်မြောက်ခဲ့ပေမယ့် နောက်တကြိမ်သာ အဲ့ဒီ့အကျဥ်းထောင်ထဲပိတ်မိခဲ့ရင် သေလမ်းကလွဲပြီးမရှိနိုင်ဘူး...


""အိန်ဂျယ်လ်...""


""ရှင်...ကိုကို""


""ဘာတွေစဥ်းစားနေတာလဲ ကလေးရဲ့""


""ဟင့်အင်း...ဘာမှမစဥ်းစားပါဘူး""


""ခုနလာသွားတဲ့သူနဲ့ အရင်ကသိလို့လား?""


""ဟင့်အင်း...မသိပါဘူး ကိုကိုရဲ့

ဘာဖြစ်လို့လဲ?""


""သူ့အကြည့်က မင်းကိုရင်းနှီးနေသလိုပဲ

အရင်ကများ မင်းနဲ့သိနေလား..သူဘာပြောသေးလဲ?""


""ဟင့်အင်း..ဘာမှမပြောပါဘူး

ဒီအတိုင်း သတင်းပဲမေးတာ""


""သြော်!""


""ကိုကို...အိန်ဂျယ်လ် ဆေးရုံကနေပြန်လို့မရသေးဘူးလားဟင်""


""ဘာလို့လဲ...ကိုကို့အိန်ဂျယ်လ်လေးပျင်းနေပြီလား?""


"" အိန်ဂျယ်လ် ဒီမှာမနေချင်တော့ဘူး

အိမ်ပြန်ချင်တယ်""


""အင်းပါကွာ

ဒါဆို ကိုယ် ဆရာဝန်ကိုမေးကြည့်ပေးမယ်နော်""


""ဟုတ်""


~~~~~~~~


""သူ ဆေးရုံက ဆင်းသွားပြီ မေမေ""


""ဒါဆို အိမ်ကိုစုံစမ်း""


မုန်းမဖွဲ့ ရှိတဲ့ဆေးရုံကိုလိုက်လာခဲ့ပေမယ့် နောက်ကျသွားခဲ့ရသည်မို့ ဒေါသဖြစ်ရပြန်၏။ တွေ့တဲ့နေရာကနေ ချက်ချင်းပြန်ဆွဲခေါ်လာဖို့အရေးကို ဘာတွေများ ဒီလောက်ခက်ခဲနေရတယ်မသိ။ စစ်ရန်မခဘက်ကလည်း အဆက်အသွယ်မရပုံထောက် သူနဲ့မတွေ့ရသေးတာလား? အဲ့ဒီ့မိန်းကလေးက စံအိမ်ကပျောက်သွားတဲ့ ပြသာနာထုပ် အမှန်ပဲဆိုတာကတော့ နှစ်ခွန်းငြင်းစရာမလိုတဲ့အမှန်တရားပါ။ ထားပါလေ! အခု သဲလွန်စရနေပြီပဲ စိတ်အေးအေးထားပြီး လှုပ်ရှားတာပေါ့...


""အရင်ဆုံး ပြန်ကြမယ်

ပြေးနိုင်တုန်း ပြေးနေပါစေဦး

ငါလက်ထဲပြန်ရောက်တာနဲ့ တစ်စစီဖြစ်အောင်လုပ်ပစ်မယ်""


"" ....""


သားအမိနှစ်ယောက်သား တစ်ယောက်မျက်နှာတစ်ယောက်ကြည့်ကာ ပြုံးမိကြ၏။ မစင်ကြယ်သော ထိုအပြုံးတို့ရဲ့ နောက်ကွယ်မှာတော့ ရက်စက်မှုနဲ့ တပ်မက်သော အလိုရမ္မက်တို့ပြည့်နှက်နေလျက်..။


~~~~~~~~


""အိန်ဂျယ်လ်...ကိုကို အလုပ်သွားတော့မယ်""


အပေါ်ထပ် ဝရံတာလေးမှ အပြင်သို့ငေးကြည့်နေစဥ် အနောက်ဖက်မှသိုင်းဖက်ကာ ပခုံးပေါ်မေးတင်လျက် ပါးလေးကိုဖျတ်ခနဲနမ်းလိုက်သော ကိုကို့ကြောင့် ဖွဲ့ ပြုံးမိရင်း ငြိမ်ငြိမ်လေး ရပ်နေမိ၏။ အရင်က ဘာကိုမှမသိခဲ့ဘဲ အပူအပင်ကင်းစွာနေနိုင်ခဲ့သလောက် အခုတော့ သူ့အပေါ်တစ်စုံတစ်ရာဖုံးကွယ်ထားမိသည် ဟူသောအသိက အပြစ်တစ်ခုကျူးလွန်မိသလိုပင်။ မဟုတ်သေးဘူး...ဖွဲ့ ကိုကို့ကို ဖုံးကွယ်ထားတာ မမှန်ဘူးထင်တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကိုကိုက ဖွဲ့ ချစ်ရတဲ့သူ...အနားမှာရှိနေပေးမယ့် တစ်ဦးတည်းသောသူ...အတိတ်တွေကို ပြန်ရင်ဆိုင်ဖို့၊ ပြန်ပတ်သက်ဖို့ကြောက်တယ်ဆိုပေမယ့် ကိုကို့တစ်ယောက်ကိုတော့ ပေးသိဖို့သင့်တယ်...။ သူက ဖွဲ့ကို အိမ်ပြန်ခိုင်းရင်ရော...ဘယ်လိုဆက်ရှင်းပြရမလဲ? ဒါပေမယ့် အသိမပေးဘဲနေတာကလည်း သူ့ကို လိမ်ညာနေတာပဲလေ။


!ပြောပြကြည့်မယ်!


အတွေးတို့ဆုံးသည်နှင့် ဖွဲ့ ကိုယ်လေးကို သူနဲ့မျက်နှာချင်းဆိုင်လှည့်ရပ်လိုက်ကာ...


""ကိုကို..""


""""


စကား စဖို့ ခေါ်ရုံလေးသာရှိသေး...ဖုန်းသံကမြည်လာသည်မို့ ကိုကိုက ဖုန်းကိုထုတ်ကြည့်ရင်း...


""ကလေး...ခဏနော်!""


""Hello!""


""......""


""အခုပဲထွက်လာမှာပါ""


"".....""


""အင်း...ok

နာရီဝက်ပဲ""


""......""


""Studioကဆက်နေတာ

ကိုကို သွားတော့မယ်နော် ကလေး

သြော်! စောစောက ဘာပြောမလို့လဲ ပြောလေ""


""ဟင့်အင်း..ပြန်လာမှပဲပြောတော့မယ်

ကိုကို အလုပ်ကိစ္စအရေးကြီးလို့ဆို

သွားလေ!""


""အင်း...ဒါဆို သွားတော့မယ်

သိပ်နေကောင်းသေးတာမဟုတ်ဘူး အပြင်မထွက်နဲ့နော်""


""ဟုတ်...စောစောပြန်လာ""


အိန်ဂျယ့်လ်ကို နှုတ်ဆက်ပြီး ထိုနေရာမှလှည့်ထွက်လာချိန် အလင်း ရင်ထဲတစ်မျိုးလေးဖြစ်သွားရသည်။ အရင်ကဆို studioသွားတာဖြစ်ဖြစ် shootingသွားတာဖြစ်ဖြစ် လိုက်မယ်ပူဆာကာ တကယ်လည်း သွားလေရာပါတတ်သူလေးက အခုတော့ ခပ်အေးအေးဖြင့်သာ နှုတ်ဆက်လိုက်သည်ပဲ။ ဒီကလေး တစ်ခုခုများဖြစ်နေတာလား...။ထားပါလေ! သူလည်း နေမကောင်းသေးလို့ စိတ်မကြည်သေးတာထင်ပါတယ်။


အတွေးတွေများရပေမယ့် သင့်တော်သလိုဖြည့်တွေးကာ ပြန်လာမှပဲမေးကြည့်ရန်ဆုံးဖြတ်လိုက်ပြီး ကားပေါ်တက်ကာမောင်းထွက်လာခဲ့၏။


~~~~~~~~


""""


အိန်ဂျယ်လ်တစ်ယောက်ထဲကျန်နေခဲ့စဥ် ဖုန်းလေးမြည်သံကြောင့် ထုတ်ကြည့်လိုက်တော့ နံပါတ်က စိမ်းသက်နေ၏။ ထို့ကြောင့် ဘယ်နှကြိမ်ပင်ခေါ်နေပါစေ လုံးဝမကိုင်ပဲ နောက်ဆုံးpowerကိုပိတ်ရန် ပြင်လိုက်စဥ် messageလေးတစ်စောင်ဝင်လာတာကြောင့် ဖတ်ကြည့်လိုက်တော့...အစ်ကိုစစ်ရန်မခဖြစ်ကြောင်းသိလိုက်ရသည်။ ပြောချင်တာရှိလို့ ဖုန်းကိုင်လိုက်ပါတဲ့!


ထို့နောက် ထပ်ဝင်လာသည့် ခေါ်ဆိုခြင်းကိုတော့ ဖွဲ့ လက်ခံလိုက်ကာ တစ်ဖက်ကဘာပြောမည်ကိုနားစွင့်နေလိုက်၏။


""ကိုယ် ပြောစရာရှိတယ်

တွေ့ရအောင်...မင်း ဒီအခြေအနေတွေနဲ့ပတ်သက်ပြီး ကိုယ့်ကိုရှင်းပြမယ်လို့ပြောခဲ့တယ်မဟုတ်လား?""


""အစ်ကို! အဲ့ဒါက...""


""မင်းလာမတွေ့ဘူးဆိုရင်

ကိုယ် မင်းအမေကို အသိပေးလိုက်ရုံအပြင်မရှိဘူး ဖွဲ့...ရွေးချယ်လိုက်!""


""ဟင်..!""


တစ်ဖက်က ထွက်ပေါ်လာသော အာမေဍိတ်သံလေးမှာ ကြောက်ရွံ့ခြင်းတို့ ပျော်ဝင်နေမှန်းသိပါသည်။ ခြိမ်းခြောက်အကျပ်ကိုင်သလိုဖြစ်သွားရပေမယ့် ဒီလိုမှမပြောရင်လည်း သူမက ထွက်လာမည်မဟုတ်။ ကိုယ့်အိမ်ကိုပြန်ဖို့ ဘာအတွက် ဤမျှအထိတုန်လှုပ်နေရမှန်းလည်း သူ နားမလည်နိုင်။ ဖွဲ့ တစ်ယောက်ထဲသာ သိနေသော အကြောင်းအရာတစ်ခုခုရှိနေ၍ပဲလား။ အမေဖြစ်သူကရော သမီးတစ်ယောက်လုံးပျောက်နေတာကို ရှိသလိုဟန်နဲ့ သွေးအေးအေးနေနိုင်ရတဲ့ အကြောင်းပြချက်ဘာများလဲ။


အဖက်ဖက်က တွေးစရာတွေများလွန်းလှ၍ သူလည်း စံအိမ်ကိုပြန်ခေါ်သွားရန် စဥ်းစားနေရခြင်းပါ။ သို့သော် သူစိမ်းယောကျ်ားတစ်ယောက်နဲ့အတူရှိနေတာကလည်း သူ့ရင်ထဲ အဆင်မပြေလှ။ ခက်လိုက်တာ ညီမလေးရယ်...မင်းဆီမှာ ဘာအကြောင်းတွေရှိနေတာလဲကွာ...။


~~~~~~~~


မလာခဲ့ရင် ဟိုအိမ်ကိုအသိပေးလိုက်မည်ဆို၍ ဖွဲ့ သူချိန်းတဲ့ နေရာသို့ taxiဖြင့်ရောက်လာခဲ့ရသည်။ နေရာကို သူmessageပို့ပေးသည့်အတိုင်း ပြကာ လာခဲ့ရပေမယ့် တစ်ယောက်ထဲ အပြင်ကိုအသွားအလာသိပ်မရှိသူမို့ ခပ်ကြောက်ကြောက်ပါပဲ။ သို့သော် ဒါကိုကြောက်နေရင် ဒါထက်ကြောက်စရာကောင်းတာက လာမည်မဟုတ်လား။


Coffeeဆိုင်ထဲရောက်တော့ ဖွဲ့ ဟိုဒီ ခေါင်းလေးလည်ကာကြည့်မိတော့ ရောက်နှင့်နေပြီဖြစ်သောသူ့ကို တွေ့လိုက်ရသည်မို့ ထိုအနားသို့ ဆက်လျှောက်သွားလိုက်သည်။ ဆိုင်ရဲ့အတွင်းပိုင်းထောင့်စားပွဲမို့ လူမြင်မလွယ်သည့်နေရာကို သူရွေးထားခြင်းပါပဲ။ ဖွဲ့လည်း သူ့ရှေ့ဝင်ထိုင်လိုက်တော့ ခပ်ပြုံးပြုံးလေးလှမ်းကြည့်လာကာ...


""ကိုယ့်ဆီလာတွေ့ပါ့မလားလို့

တကယ်လို့မလာခဲ့ရင် အိမ်ကိုလိုက်လာရင်ကောင်းမလား တွေးနေတာ""


"" အိမ်ကိုသိတယ်လား""


""အင်း...သိတာပေါ့

ကဲ...အခုပြောလို့ရပြီလား

ဘာတွေပြောင်းလဲနေခဲ့တာလဲ..မင်း ဒီမှာရှိတာကို ဘာလို့အိမ်ကိုပေးမသိချင်တာလဲ?""


""ဖွဲ့ အဲ့ဒီ့အိမ်ကိုမပြန်ချင်ဘူး အစ်ကို

သူတို့နဲ့မပတ်သက်ချင်ဘူး...ဖွဲ့သူတို့ကိုကြောက်တယ်

လေညှင်းကိုဒဏ်ရာရစေတဲ့ကိစ္စနဲ့ ဖွဲ့ကို သူလုံးဝအခဲကျေမှာမဟုတ်ဘူး...သတ်ပစ်လိမ့်မယ်""


""ဘာဆိုင်လို့လဲ ဖွဲ့

မင်းက သူ့ရဲ့သမီးအရင်း..လေညှင်းကမွေးစားသမီးလေ...ဘာလို့မင်းကိုအဲ့လိုလုပ်မှာလဲ""


လူတိုင်းက ဒီလိုပဲပြောကြမှာပါ။ သူက အယောင်ဆောင်တစ်ယောက်မှန်း ဘယ်သူမှမသိကြတာလေ။ ဘာသက်သေမှမပြနိုင်ဘဲ ဖွဲ့ရဲ့စကားကိုဘယ်သူက ယုံကြမှာလဲ...။


""ပြောလေ...ညီမလေး

မင်း ဘာတွေခံစားနေရတာလဲ...ပြောပြမှဖြေရှင်းလို့ရမှာပေါ့""


""မသိဘူး..ဖွဲ့ မသိဘူး

အဲ့ဒီအိမ်ကိုမပြန်ချင်တာပဲ သိတယ်...အဲ့ဒီ့အိမ်က အရမ်းကြောက်စရာကောင်းတယ် အစ်ကို..ဖွဲ့ ပြောရင်ယုံမှာမဟုတ်ပေမယ့် အဲ့ဒီ့အမေဆိုတဲ့ သူကပဲ ဖွဲ့ကိုသတ်မှာ...အဲ့ဒါအမှန်ပဲ...အိမ်ကိုပြန်ရင်ဖွဲ့သေလိမ့်မယ်""


မျက်ရည်တွေစီးကျကာ အမေအရင်းက သူ့ကိုသတ်ပါမယ်ပြောနေသော ဖွဲ့ကြောင့် စစ် အံ့အားသင့်သွားရသည်။ အိမ်မပြန်ချင်လို့အကြောင်းပြချက်ပေးတယ်ဆိုလည်းပဲ ဒါကတော့ ယုတ္တိမဆန်သော ဆင်ခြေဖြစ်နေပြီ။ ပထမ သူထင်ခဲ့တာက လက်ထပ်မယ့်ကိစ္စကြောင့် ဒါကိုမကျေနပ်သည့်လေညှင်းနဲ့ အချင်းများခဲ့ပြီး ထိုကိစ္စကိုရော မင်္ဂလာပွဲကိုပါ ရှောင်လွှဲလို၍ အိမ်ကထွက်ပြေးသွားခြင်းလို့ပဲ ရိုးရိုးတွေးလိုက်မိသည်။ ဒေါ်ဧကရီဘက်က ပိပိရိရိဖုံးကွယ်နေခဲ့တာကလည်း သူ့သမီး အိမ်ပြေးတာကို သိက္ခာကျမှာစိုးလို့ လူကုံထံအသိုင်းဝိုင်းကြား မဖွင့်ဟလိုခြင်းပေါ့...။ အခုတော့ မထင်မှတ်သော ဆင်ခြေကြောင့် သူ့မှာ ကြောင်အသွားရသည့်အဖြစ်။


""မဟုတ်သေးဘူး..မင်း ကိုယ့်ကိုယုံအောင်လည်းပြော

အိမ်ကိုမပြန်ရဲတာ အမေကိုကြောက်လို့မှန်းကိုယ်သိတယ်...ဒါပေမယ့် မင်းအမေက သတ်တဲ့အထိတော့ လုပ်မလား...အမေပဲလေ""


""......""


""ကိုယ့်ကိုလက်မထပ်ချင်လို့ဆိုရင်လည်းရတယ်

ကိုယ် အဲ့ဒီကိစ္စအတွက်အချိန်ပေးမယ်...စံအိမ်ကိုပြန်ရအောင်..မင်းအမေလည်းစိတ်ပူနေမှာ""


""ဟုတ်တယ်...သူစိတ်ပူနေမှာ

ဒါပေမယ့် ဖွဲ့ကိုတော့မဟုတ်ဘူး...အသက်၂၀ပြည့်တဲ့အထိရှာမတွေ့ရင် အမွေကိုလက်လွှဲယူဖို့နောက်ကျနေမှာကို""


""ဘယ်လို!""


""ယုံမှာတော့ မဟုတ်ပေမယ့် ပြောပြမယ်

သူက ဖွဲ့ အမေမဟုတ်ဘူး..တခြားတစ်ယောက်ပဲ""


"".....""


""သူဟန်ဆောင်နေတာ...မေမေနဲ့ တထေရာတည်းတူတဲ့မျက်နှာရှိပေမယ့် သူက မေမေမဟုတ်တော့မှန်း ဖွဲ့သိတယ်""


""ညီမလေး..မင်းဘာတွေပြောနေတာလဲ?""


""ဖွဲ့ ပြောတာ အမှန်ပဲ အစ်ကို

လွန်ခဲ့တဲ့ ၇နှစ်တုန်းက စံအိမ်မီးလောင်နေတဲ့အချိန်မှာ မျက်နှာဆင်တူနဲ့ မိန်းမနှစ်ယောက်လုံးကို ဖွဲ့မျက်စိနဲ့တပ်အပ်တွေ့ခဲ့တာ...ဖွဲ့အရမ်းကြောက်လွန်းလို့ သတိလစ်သွားခဲ့ပြီး ပြန်နိုးလာတော့ ဘေးမှာမေမေရှိနေခဲ့ပေမယ့် သူက မေမေမဟုတ်တော့ဘူး""


"".....""


""ဒီနှစ်တွေတစ်လျှောက်လုံး ဖွဲ့ကို သူတို့ရဲ့ကြိုးဆွဲရုပ်လိုစိတ်ကြိုက်ခြယ်လှယ်နေခဲ့ကြပြီး...နှိက်စက်ညှင်းပန်းကြတယ်..အခုသူတို့လက်ကနေ မနည်းကြိုးစားပြီး ထွက်ပြေးလာခဲ့ရတာ...ဖွဲ့ သူတို့ဆီမပြန်ပါရစေနဲ့...အစ်ကိုရယ် တောင်းပန်ပါတယ်""


ပြောပြနေသောစကားသံများကြား သူ ရုတ်တရက်ဆွံ့အသွားရသည်။ တစ်ခါမှတွေးမထင်ခဲ့ဖူးသော အဖြစ်တွေမို့ ယုံနိုင်ရန်လည်းခက်ပါသည်။ ဒါပေမယ့် အမှန်တရားသာဆိုရင် တော်တော်လေးကို ဇစ်မြစ်လှန်ဖို့ခက်သော ပြသာနာဖြစ်လိမ့်မည်။ ငယ်စဥ်ကတည်းက သိကျွမ်းလာခဲ့သမျှ ဒေါ်ဧကရီမှာလည်း အရင်နဲ့ ထူးခြားစွာကွဲလွဲခြင်းမျိုးမရှိ။ ပုံမှန်းအတိုင်း ဖွဲ့ အပေါ်လည်း ဂရုတစိုက်ရှိလွန်းလို့ သိသူတိုင်း ပြောစမှတ်တွင်အောင် ချီးကျူးကြသည်ချည်းပင်။ နောက်ကွယ်မှာ နှိပ်စက်ကြတယ်တဲ့...ဒါဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ...


""မဖြစ်နိုင်ဘူး..အဲ့ဒီအချိန်က မင်းအရမ်းငယ်သေးပြီး

အရမ်းကြောက်နေလို့ အမြင်မှားတာလည်းဖြစ်နိုင်တာပဲ""


""မမှားဘူး...ဖွဲ့မမှားဘူး

အစ်ကို မယုံလည်းရတယ်...ဒီကိစ္စတွေနဲ့ပတ်သက်ပြီး ဖွဲ့ဘာမှလည်း ထပ်မသိချင်ဘူး...ဖွဲ့က ဒီအတိုင်း ကိုကို့ဘေးမှာ အိန်ဂျယ်လ်အဖြစ်ပဲနေသွားချင်တယ်..ကူညီပေးပါ...ဒါမှမဟုတ်သေလူလို့သတ်မှတ်ပြီး ဒီအတိုင်းဥပေက္ခာပြုပေးပါ""


""မဟုတ်သေးဘူး...ဒါက မှန်ကန်တဲ့ နည်းမဟုတ်ဘူး

မင်း ပြောတဲ့အတိုင်း အမှန်ဆိုရင် အဲ့ဒီ့ညက မင်းအမေအစစ်ဘယ်ကိုရောက်သွားလဲဆိုတာ မသိချင်ဘူးလား...မတော်တဆအသက်ရှင်နေမယ်လို့မထင်ဘူးလား""


""မဖြစ်နိုင်ဘူး..သူ့အတွက်သေမိန့်ဖြစ်မယ့်သက်သေကို ရှင်သန်ခွင့်ပေးထားမှာမဟုတ်ဘူး..ဖွဲ့ကိုက အသက်ပြည့်မှဆက်ခံခွင့်ရမယ့်အမွေတွေကြောင့် ရှင်ခွင့်ပေးထားတာ..အဲ့ဒီနောက်မှာကျိန်းသေအစဖျောက်ပစ်မှာ""


"".....""


""ဖွဲ့မှာ ချစ်သူရှိတယ်...သူ့ကိုမခွဲနိုင်ဘူး..ပြီးတော့ ဒီပြသာနာအရှုပ်အထွေးတွေနဲ့လည်း မပတ်သက်စေချင်ဘူး...""


""ဒါဆို မင်းက သူ့ကိုဘာမှမပြောပြထားတာလား?""


""ဟုတ်တယ်...ဖွဲ့ သူ့ဆီကိုစရောက်တုန်းက ဘာမှမမှတ်မိနိုင်ပဲဖြစ်နေခဲ့သေးတယ်...အိန်ဂျယ်လ်ဆိုတဲ့နာမည်ကို သူပေးပြီး သူ့အရိပ်မှာရှင်သန်ခွင့်ပေးခဲ့တာ...အရင်အကြောင်းတွေကို ပြန်သတိရတာမကြာသေးပေမယ့် သူ့ကိုလည်းဖွင့်မပြောရသေးဘူး""


""မင်းသူ့ကို သိပ်ချစ်တာပဲလား""


""ချစ်တယ်...ကိုကိုက ဖွဲ့ အချစ်ရဆုံးပဲ

ဒါကြောင့် ဖွဲ့ရဲ့အတိတ်တွေက သူ့အတွက်အရှုပ်တွေဖြစ်စေမှာစိုးတယ်...ဒီအတိုင်းဘာမှမသိတဲ့ အိန်ဂျယ်လ်အဖြစ်ပဲ သူ့အနားနေသွားချင်တာ...ဒါပေမယ့် ဖွဲ့သူ့ကိုပြောပြမှာပါ...လက်ရှိအနေအထားလေး ပြောင်းလဲသွားမှာစိုးလို့ တွေဝေနေမိတာ""


စကားတွေ တရှည်တလျားပြောရင်း မျက်ရည်တွေအဆက်မပြတ်စီးကျနေသော ဖွဲ့အနားသို့ သူရွှေ့ထိုင်ကာ ပါးပြင်ပေါ်က မျက်ရည်တွေကို သုတ်ပေးလိုက်မိသည်။


""ကိုယ်သိခဲ့တဲ့ ကလေးငယ်လေးက အချစ်ကိုရှာတွေ့သွားပြီပဲ...လူတစ်ယောက်ကိုအဲ့လောက်တောင်ချစ်မိသွားပြီပေါ့""


ခေါင်းလေးကိုဖွဖွပွတ်သပ်ပေးနေရင်းမှ သူမ ကိုယ်လေးအား သူ့ရင်ခွင်ဆီ မီစေရင်း ပွေ့ဖက်ထားပေးလိုက်တော့ မရုန်းထွက်ဘဲငြိမ်သက်ကာ ခန္ဓာကိုယ်လေး သိမ့်သိမ့်တုန်အောင် ငိုကြွေးနေလေ၏။ ဒါကတော့ အစ်ကိုတစ်ယောက်က ညီမလေးတစ်ယောက်ကို နှစ်သိမ့်ပွေ့ဖက်ခြင်းသက်သက်ပါပဲ။ ဆုံးရှုံးရပြီဟူသော အသိကရင်ကိုပူလောင်စေသော်လည်း ချစ်ရသူသာ ပျော်ရွှင်မယ်ဆိုရင် စွန့်လွှတ်ရခြင်းဟာလည်း ထိုက်တန်တာပါပဲ။


မင်းအတွက် ရင်ဆိုင်ရမယ့်ပြသာနာတွေကို ကိုယ်ဖြေရှင်းပေးပါမယ်...ညီမလေး။


ထိုသို့ နှစ်ဦးသားဖက်လျက်အတူရှိနေသောမြင်ကွင်းလေးကိုတော့ ဆိုင်ရဲ့ထောင့်တစ်နေရာမှ ဦးတည် မှတ်တမ်းတင်နေသော Cameraတစ်ခု ရှိနေခဲ့လေ၏။ ထို့နောက်...


""Ring Ring""


""အလင်း...မင်း ပြန်တော့မှာလား?

ငါတို့နဲ့ လိုက်ဦးမလား?""


""မလိုက်တော့ဘူး...ငါ့အိန်ဂျယ်လ်လေး အိမ်မှာတစ်ယောက်တည်းကျန်ခဲ့တာ ပျင်းနေလောက်ပြီ။ အခုတလော ကလေးကဘာဖြစ်နေတယ်မသိဘူး...ငါ နောက်ကျရင် မျှော်နေလိမ့်မယ်""


""အေးပါကွာ..ချည်တိုင်လေးရှိနေမှတော့ ဆွဲမထားပါဘူး""


Studioမှာ တစ်နေကုန်အောင် recordingကိစ္စနဲ့အလုပ်များနေရတာ ညနေရောက်မှသာအိမ်ပြန်ဖို့ပြင်နိုင်သည်။ သူငယ်ချင်းတွေ dinnerဝိုင်းဖို့ခေါ်တာကို သူမလိုက်တော့ဘဲ ပြန်ဖို့ခြေလှမ်းပြင်လိုက်စဥ်...


""ring ring""


""ကျ 


See less


rate now: