ကြင်နာသူ ... ရွှေမင်းသား
(or)
 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။
••••••••••• Part-[ 13 ] •••••••••••
""အိန်ဂျယ်လ်...မင်း ဘယ်မှာလဲ?""
တဖြေးဖြေးနဲ့ ပိုလို့သိပ်သည်းလာတဲ့ မီးခိုးငွေ့တွေကြား 'အိန်ဂျယ့်လ်' နာမည်ကို အော်ခေါ်လျက် သူ့ ခြေလှမ်းတို့က အပြေးတစ်ပိုင်းဖြစ်နေခဲ့၏။ ရှေ့ကမြင်ကွင်းကိုပင် သဲကွဲစွာ မြင်နိုင်ရန်ခက်နေသည်မို့ အခုထိရှာမတွေ့သေးသည့် သူမကို စိုးရိမ်စိတ်တို့က ရင်ဘတ်တစ်ခုလုံး ပေါက်ကွဲထွက်တော့မည့်နှယ်။ မင်း ဘယ်ရောက်နေတာလဲ? ကိုယ့်အသံကို ကြားရဲ့လား?
!မဖြစ်ဘူး...မင်း တစ်ခုခုဖြစ်သွားလို့ မရဘူးနော်
မင်း ဘာမှမဖြစ်ပါနဲ့!
""အိန်ဂျယ်လ်""
နာမည်ကို နောက်တစ်ကြိမ်အော်ခေါ်မိရင်း မျက်လုံးအကြည့်တို့က တစ်နေရာအရောက်မှာ...မလှမ်းမကမ်း၌ ခွေခေါက်လဲကျနေသော ပုံရိပ်လေးကို တွေ့လိုက်ရ၏။ သူလည်း အနားသို့ အားကုန်ပြေးသွားမိရင်း ခန္ဓာကိုယ်လေးကို ပွေ့ယူလိုက်တော့ လုံးဝမျက်လုံးတွေ ပွင့်မလာသည့် အခြေအနေ...။
""အိန်ဂျယ်လ်...
အိန်ဂျယ်လ်!!""
ခေါ်နေသံကို ကြားရပေမယ့် ဘာတုံ့ပြန်မှုမှ မပြနိုင်အောင် သတိကလွတ်မလိုဖြစ်နေရသည်။ သို့ပေမယ့် ကိုကို ရောက်လာမှန်းသိလိုက်ရတော့ အန္တရာယ်ထဲက လွတ်မြောက်ပြီလို့ ယုံကြည်နိုင်ပါပြီ။ ခန္စာကိုယ်လေးက လေပေါ်မြောက်တက်သွားသည့် အခိုက် ပိတ်လုလု မျက်လုံးတို့ကို အားယူဖွင့်ကြည့်မိသေး၏။ သူကတော့ ပါးစပ်က အိန်ဂျယ့်လ်နာမည်ကို တဖွဖွခေါ်ရင်း ခပ်မြန်မြန်လျှောက်လှမ်းနေသည့် ခြေလှမ်းတို့ရဲ့ ဦးတည်ရာက အန္တရာယ်နဲ့ဝေးရာဆီ...။
သူ့မျက်နှာကို လှမ်းကြည့်နေရင်းကပဲ လုံးဝမှိတ်ကျသွားခဲ့သော မျက်ဝန်းအစုံနဲ့အတူ ပတ်ဝန်းကျင်တစ်ခုလုံးလည်း တိတ်ဆိတ်ငြိမ်သက်သွားလေ၏။
"".....""
""အထဲကို ဝင်လို့မရပါဘူး
အန္တရာယ်များလို့ပါ""
""ဒါပေမယ့် အထဲမှာ ကျမ ညီမလေးကျန်ခဲ့လို့ပါ
ကယ်ပေးကြပါဦး""
""အထဲမှာ ကယ်ဆယ်ရေးတွေရောက်နေပါပြီ
ခဏလေး စိတ်အေးအေးထားပါ""
""အိန်ဂျယ်လ်...ညီမလေး
အလင်း...အလင်းကရော..""
အပြင်သို့ရောက်ရှိသွားပေမယ့် ရုတ်ရုတ်သဲသဲဖြစ်နေသော လူအုပ်ကြား နေခြည်လည်း ငိုယိုပြေးလွှားနေမိသည်။ မီးသတ်ကားတွေရောက်လာပြီး မီးငြိမ်းသတ်နေပေမယ့် အထဲမှာ မီးက အတော်လေးများနေပုံရကာ အလင်းနဲ့အိန်ဂျယ်လ် နှစ်ယောက်လုံးက ပေါ်မလာ။ ဒီကလေးနှစ်ယောက် ဘာများဖြစ်နေပြီလဲ?""
""ဟင်! ဟိုမှာ သူတို့ထွက်လာပြီ""
အမှန်ကိုပဲ အလင်းက အိန်ဂျယ့်လ်ကို ပွေ့ကာခေါ်ထုတ်လာသည့် မြင်ကွင်းကြောင့် နေခြည်ဝမ်းသာသွားရသည်။ အနောက်ဘက်မှာလည်း အထဲ၌ ပိတ်မိ ကျန်နေခဲ့သည့်လူတွေကို အသီးသီးကယ်ထုတ်နေကြ၏။
""အလင်း..ရရဲ့လား""
""ရတယ်
အိန်ဂျယ်လ်...သတိထားဦးလေ ကလေး
ကိုယ်ခေါ်တာလား ကြားလား အိန်ဂျယ်လ်""
ဘေးပတ်ဝန်းကျင်ကို ဘာမှဂရုမစိုက်နိုင်ဘဲ အိန်ဂျယ်လ့်ကိုပဲ စိုးရိမ်စွာအော်ခေါ်နေပေမယ့် သူမကတော့ လုံးဝကို သတိမရတော့ပေ။
""ခဏလေး! စိတ်အေးအေးထားပါ
မိန်းကလေးကို ဆေးရုံပို့ဖို့လိုတယ်""
""လမ်းဖယ်ပေးပါ""
""Ambulance readyလုပ်မယ်!!
လမ်းရှင်းပေးပါ..အာလုံး""
~~~~~~~~
မှန်ချပ်လေးတွေမှတဆင့် အပြင်၌မြင်နေရသော ရှုခင်းလေးကို ကြည်ကြည်နူးနူးကြည့်နေမိ၏။ ဒီနေ့က လေညှင်းရဲ့ မွေးနေ့မို့ ကိုကိုစစ်နဲ့နှစ်ယောက်ထဲ သီးသန့်တွေ့ရန်စီစဥ်ထားသည်လေ။ လေညှင်းကိုဆို သိပ်ပြီး မျက်နှာသာ မပေးတတ်သည့် စစ်ရန်မခ။ ဒီနေ့တော့ ချိန်းဆိုမှုကို မငြင်းခဲ့သည်မှာ ရှားရှားပါးပါးပင်။ သူ့ရဲ့ အရေးပေးမှု၊ ဂရုစိုက်မှုကို ဟိုတစ်ယောက်ကပဲ အမြဲရနေခဲ့တာ မဟုတ်လား။
'မုန်းမဖွဲ့သာ'။ နင်ကဘာတွေများ ဒီလောက်အစွမ်းထက်နေလို့ လက်ထပ်မယ်ဆိုတဲ့စကားအထိ သူ ပြောထွက်ခဲ့တာလဲ? ပြသာနာပဲ ရှာတတ်တဲ့ဟာမ..ငါ့ကိုတောင် ဒဏ်ရာရအောင် လုပ်ပြီး အိမ်ကထွက်ပြေး ဝံ့တယ်လို့...နင့်ကို ပြန်တွေ့ရဲတွေ့ကြည့်... ငါ အရေခွံဆုတ်ပစ်မယ်မှတ်!
ကနဦးမှာ ကြည်လင်နေသည့်စိတ်လေးများက အတွေးထဲ မုန်းမဖွဲ့ ဝင်လာသည့်အချိန်တိုင်း အခါခါပျက်ယွင်းသည်။ အရာရာမှာ သူ့ထက်သာလွန်အောင် ကြိုးစားခဲ့ပါလျက် သူနဲ့ယှဥ်ရင် လေညှင်း အနိုင်ရတယ်မရှိခဲ့။ အမွေကိစ္စကြောင့်သာမဟုတ်ရင် သူ့ကိုသတ်ပစ်လိုက်တာကြာပေါ့..။အခုတော့...
""ဒါနဲ့ ဟိုနေ့ကတွေ့တဲ့ မိန်းကလေးက...""
မကျေနပ်အတွေးတို့မဆုံးခင် ph screenပေါ်မှာတွေ့ခဲ့သော မိန်းကလေးကို သတိရမိသွား၏။ တူတယ်...မျက်နှာတော့သေချာမမြင်ရပေမယ့် ပုံစံက တော်တော်တူတာပဲ။ သူက ပျောက်ချင်းမလှ ပျောက်နေတာဆိုတော့ ကျိန်းသေ ခေါ်ထားတဲ့သူရှိလို့ပဲ။ မဖြစ်နိုင်လောက်ဘူး ဆိုပေမယ့် အတည်ပြုကြည့်တာ မမှားပါဘူး...ဟုတ်တယ်..
ထိုနေ့က မိန်းကလေးကိုပြန်စဥ်းစားမိသွား၍ ဖုန်းကိုထုတ်ကာ search list၌ နာမည်ကြီးခဲ့သည်ဆိုသော သတင်းကိုရှာကြည့်နေမိသည်။ အဲ့ဒီ့မိန်းကလေးပါတဲ့ ဓာတ်ပုံက ထိုတစ်ပုံတည်းပါပဲ။ အလင်းနှစ်ရဲ့ official accတွေ pageတွေမှာတော့ ဘာမှထူးထူးခြားခြားမရှိသည်မို့ ထိုပုံကိုပဲ ပြန်ကြည့်ရန်ပြင်လိုက်စဥ်...
""လေညှင်း..စောင့်နေတာ ကြာသွားလား?""
လေညှင်း စောင့်နေတဲ့ အသံပိုင်ရှင်ရောက်လာပြီမို့ လက်ထဲကဖုန်းကို အမြန်ပိတ်လိုက်ပြီး မျက်နှာကိုလည်း အတတ်နိုင်ဆုံးပြုံးကာ မော့ကြည့်မိရင်း...
""မကြာသေးဘူး ကိုကိုစစ်""
""ဒါနဲ့ ဖွဲ့ နေကောင်းရဲ့လား?""
ကြည့်! စောင့်နေတဲ့လူကို ဘာစကားမှအရေးတယူဆက်မပြောဘဲ ဟိုပြသာနာမကိုပဲ မေးပြန်ပြီ။
""လေညှင်း...ဘာဖြစ်လို့လဲ
ကိုယ်မေးတာကြားလား?""
""သူ သိပ်နေမကောင်းသေးဘူး
ထားပါ..ဒီနေ့က လေညှင်းမွေးနေ့လေ လက်ဆောင်ရော""
""ခဏနေကျမှ ကိုယ်ဝယ်ပေးပါ့မယ်""
""ဟင်...ဘာလို့တစ်ခါတည်းမယူခဲ့တာလဲ?""
""မင်းဘာကြိုက်မှန်း ကိုယ်မသိလို့""
ကောင်းပါရော! မုန်းမဖွဲ့သာ အတွက်ဆိုရင်တော့ သိလိုက်တာ သူ့အပြင်မရှိဘူး။ ကိုယ့်အတွက်ကျ အမြဲ ဒီအတိုင်းပဲ။
"".....""
မေးလိုက်ချိန်တိုင်း ညီမလေးရှိနေတယ်ဆိုတဲ့ အဖြေစကားသာကြားရပါသည်။ နေမကောင်းဘူးဆိုတဲ့ အကြောင်းပြချက်ကြောင့် ဖွဲ့ကို ဘယ်သူနဲ့မှ ပေးမတွေ့သလို ကိုယ့်ကိုဆို ပိုလို့ပင်တင်းကျပ်နေသလိုပါ။ ဘာလို့လဲ...လက်ထပ်တောင်းရမ်းတဲ့ ကိစ္စပြောပြီးကတည်းက အခုလိုဖြစ်သွားတာပဲ။ ဒီနောက်ပိုင်းမှ စံအိမ်ကို သိသိသာသာ အစောင့်တွေ တင်းကျပ်ထားသည့်အပြင် အပြင်လူလည်း အဝင်မခံခဲ့။ သမီးဖြစ်သူကို ဒီလိုသေချာသိမ်းဆည်းထားတယ်ဆိုတော့ မင်္ဂလာကိစ္စကို သွယ်ဝိုက်တဲ့နည်းနဲ့ ငြင်းသည့်သဘောလား...။ သို့တည်းမဟုတ်..'ဖွဲ့'နဲ့ပတ်သက်ပြီး လူသိမခံဝံ့စွာ ဖုံးကွယ်ထားတဲ့ ကိစ္စတစ်ခုခု ရှိနေတာများလား??
""ဘာတွေ တွေးနေတာလဲ? မုန့်စားလေ..ကိုကို""
""အင်း""
""""
""Hello!""
""....""
""ဟင်...ဟုတ်လား
ကျွန်တော်အခုချက်ချင်းလာခဲ့မယ်""
ဖုန်းကို ချပြီးသည်နှင့်တပြိုင်နက် သူ ထိုင်နေရာမှထရပ်၍ သွားဟန်ပြင်လိုက်တော့ လေညှင်းက နားမလည်သလို ကြည့်လာကာ...
""အခုပဲ ရောက်တယ်
ဘယ်သွားဦးမလို့လဲ?""
""ရန်ကုန်က ကိုယ့်ဦးလေး ပိုင်တဲ့hotelမှာ မီးလောင်မှုဖြစ်လို့... မီးကတော်တော်ပြင်းပြီး အကြီးအကျယ်ဖြစ်တဲ့ပုံပဲ...ဒဏ်ရာရတဲ့သူတွေလည်းရှိတယ်...ကိုယ်လိုက်သွားမှဖြစ်မယ်""
""ဟင်..အခုကြီးလား?""
""အင်း...sorryနော် လေညှင်း
ကိုယ်သွားတော့မယ်..happy birthday""
ပြောပြီးသည်နှင့် သူက ခပ်မြန်မြန်ပင်ထွက်သွားလိုက်လေ၏။ လေညှင်းအတွက်ဆို သူ့မှာ အချိန်ရတယ်လို့ကို မရှိပါဘူး...။အမြဲ ကိစ္စတစ်ခုမဟုတ်တစ်ခုပေါ်လာတော့တာပဲ။
~~~~~~~~
*At the Hospital*
!သတ်မလို့..ငါနင့်ကိုသတ်မလို့!
!သမီး...မေမေ ဒီမှာလေ...
သမီး...!
!သမီး ဒီမှာမနေနဲ့ ပြေးတော့!
""ဟင့်! ...မေ မေ...""
အနားမှာထိုင်ကာ လက်ဖဝါးလေးကို ဆုပ်ကိုင်လျက် အိန်ဂျယ့်လ်မျက်နှာလေးဆီလှမ်းကြည့်နေစဥ် မှိတ်ယှက်ထားသည့် မျက်ဝန်းအိမ်ထောင့်စွန်းမှ မျက်ရည်တို့ စီးကျလာကာ ဖြူဖျော့သွေ့ခြောက်နေသည့် နှုတ်ခမ်းလွှာတို့ကလည်း လှုပ်ခတ်နေရင်း တစ်စုံတစ်ခုသော နာမ်စားကို ရေရွတ်နေလေ၏။ ပြီးတော့ ဆုပ်ကိုင်ပေးထားသည့် သူ့လက်အား အတင်းဖိဆုပ်ကာ ရှိုက်သံတွေက ပိုမိုပြင်းထန်လာလျက်...။
""အိန်ဂျယ်လ်!!""
""ဟင့်အင်း...မလိုက်ဘူး မလိုက်ဘူး..အား!!""
"".....""
ရုတ်တရက် စူးစူးဝါးဝါးအော်လိုက်ပြီးနောက် မျက်လုံးများ ဖျတ်ခနဲပွင့်လာကာ အလန့်တကြားပုံစံလေးဖြင့် ချက်ချင်းထထိုင်လိုက်တာကြောင့် မောဟိုက် တုန်ယင်နေသည့် ခန္ဓာကိုယ်လေးအား ဆီးဖမ်း ပွေ့ဖက်ထားလိုက်မိ၏။ ရှိုက်ငိုကာ တသိမ့်သိမ့်တုန်နေသော နောက်ကျောပြင်လေးကို အသာပွတ်သပ်၍ ခေါင်းလေးကိုပါ လက်နဲ့ဖွဖွပွတ်ပေးရင်း...
""ဘာမှမဖြစ်ဘူး...ဘာမှမဖြစ်တော့ဘူးနော်
ကိုကိုရှိတယ်...""
""ကိုကို!""
ခေါ်နေကျ နာမ်စားကို သံယောင်လိုက်သလိုလေး ရေရွတ်မိ၏။ ကြောက်လန့်ဖွယ် အမှောင်ထုကနေ ဇွတ်အတင်းပြေးထွက်လာခဲ့ရင်း မောဟိုက် တုန်လှုပ်စွာ နိုးထလိုက်ချိန်မှာ ရောက်ရှိသွားရသည့်နေရာက ခပ်တင်းတင်းပွေ့ဖက်ထားသည့် ရင်ခွင်တစ်ခု။ ခေါင်းလေးကို ဖွဖွပွတ်ကာ ချော့မြူနေသည့် ထိုရင်ခွင်က ဖွဲ့အတွက်စိမ်းသက်မနေပါ။ သို့သော် စိမ်းသက်နေသည့် အတိတ်ကာလကပုံရိပ်များကတော့ တခဏချင်းမှာ အစီအရီကိုရောက်ရှိလာနေပါ၏။
အချိန်မရွေး သေမိန့်ကျနိုင်သည့် အကျဥ်းထောင်လို စံအိမ်ကြီးထဲကနေ ဖွဲ့ ထွက်ပြေးနိုင်ခဲ့တာပဲ။ အဲ့ဒီညက...လေညှင်းသွဲ့သာ ဘာဖြစ်သွားခဲ့လဲ? သူ..သူသေတော့ မသေလောက်ပါဘူးနော်...ဒါပေမယ့် သူ့ခေါင်းမှာ သွေးတွေအများကြီး...
""အ!!""
""အိန်ဂျယ်လ်...ဘာဖြစ်လို့လဲ?
ခေါင်းကိုက်လာလို့လား""
""ဟုတ်""
ခဏကြာတော့ ဆရာဝန်တွေလာစမ်းသပ်ပေးကာဆေးရုံမှာခဏလောက်ထပ်နေဖို့ပြောပြီး ပြန်ထွက်သွားလေ၏။
""အိန်ဂျယ်လ်...တစ်ခုခုဖြစ်ရင် ကိုကို့ကိုပြောနော်""
"".....""
""ခဏလေး...မင်းသတိရလာတဲ့အကြောင်း
အစ်မဆီဖုန်းဆက်ပြောလိုက်မယ်...သူလည်းစိတ်ပူနေတာ""
ခေါင်းကိုသာငြိမ့်ပြလေ၏။ စောစောကတည်းက သူသတိထားမိပါသည်။ သတိရလာပြီးတဲ့နောက် အိန်ဂျယ်လ်က စကားသိပ်မပြောဘဲ မျက်လုံးလေးတွေကတော့ သူသွားရာဘက် လိုက်ရွှေ့ကြည့်နေတတ်သည်။ တစ်ခုခုများဖြစ်နေတာလား...ဧကန္တအတိတ်က အကြောင်းတွေကိုများ ပြန်တွေးမိလို့လား??
""အိန်ဂျယ်လ်..ဘာဖြစ်လို့လဲ?
ကိုယ့်ကို ပြောစရာရှိရင် ပြောလေ ကလေး
တစ်ခုခုစဥ်းစားမိလာတာရှိလို့လား?""
အနားသို့ပြန်လာထိုင်၍ လက်လေးကိုဆုပ်ကိုင်ကာ အကြင်နာမျက်ဝန်းနဲ့ မေးလာသည့်စကားကို ပြန်ဖြေဖို့ ဆွံ့အနေရသည်။ ဘယ်လိုဖြေလိုက်ရမှာလဲ...ဖွဲ့က...ဖွဲ့က လူသတ်မိခဲ့သလားတောင် မသိနိုင်တာလေ..။ဒီစကားကို သူ့ဆီဘယ်လိုပြောပြရမလဲ...။ ဒါတွေကို မှတ်မိတယ် ပြောလိုက်တာနဲ့ အရင်ကဘဝကြီးနဲ့ ပြန်ပြီးဆက်နွယ်ရလိမ့်မယ်...။ သူ့အမိန့်ကို မနာခံဘဲထွက်ပြေးခဲ့လို့ ဖွဲ့ကို ရှာတွေ့တာနဲ့ အဲ့ဒီမိန်းမကြီးက သတ်မှာ...သတ်ပစ်မှာ။ ဒါမှမဟုတ် အမွေကိစ္စကြောင့် အရှင်ထားလည်း ရစရာမရှိအောင် ညှင်းပန်းနှိပ်စက်ကြမှာ...။ ဟင့်အင်း! မဖြစ်ဘူး...ကြောက်တယ်...အဲ့ဒီလူတွေဆီပြန်မသွားချင်ဘူး...မသွားချင်ဘူး။
""အိန်ဂျယ်လ်..""
ဘာတစ်ခွန်းမှ စကားမဆိုဘဲ ခေါင်းလေးကိုတွင်တွင်ခါးယမ်း၍ မျက်ရည်တွေ ပိုးပိုးပေါက်ပေါက်စီးကျလာသည့် အိန်ဂျယ်လ်ကြောင့် သူ့မှာ ထိတ်ထိတ်ပျာပျာဖြစ်သွားရသည်။ စိုးရိမ်တကြီး ကြည့်နေဆဲမှာပင် သူမက ရင်ခွင်ထဲတိုးဖက်လာတာကြောင့် အလိုက်သင့်လေးပြန်ဖက်ထားလိုက်ပြီး ပါးပြင်ပေါ်က မျက်ရည်စတွေကိုလည်း ဖွဖွသုတ်ပေးနေမိ၏။
""ရတယ်...စဥ်းစားလို့မရလည်းဖြစ်တယ်
မင်းအနားမှာ ကိုကိုရှိတယ်နော်...မငိုနဲ့တော့
ကလေးက နေမကောင်းသေးဘူးလေ ခေါင်းတွေကိုက်လိမ့်မယ်""
""ကိုကို!""
""ဟင်!""
""အိန်ဂျယ်လ်လေ...""
စကားက တဝက်တပျက်မှာရပ်တန့်သွားရပြန်၏။ ပြောပြလိုက်ရမလား...။ အတိတ်တွေက အရမ်းကိုရှုပ်ထွေးလွန်းတယ်...ပြီးတော့ သူတို့သာ ဖွဲ့ကို ရှာတွေ့သွားရင် ကိုကိုနဲ့ဝေးရာကို ခေါ်သွားကြမှာ။ ကိုကို့ကိုလည်း ဒီပြသာနာတွေထဲ ဝင်မပါစေချင်ဘူး...ပြီးတော့ မတော်လို့ လေညှင်းသာ အဲ့ဒီညက တစ်ခုခုဖြစ်ခဲ့ရင်...။
ဟင့်အင်း! မဖြစ်ဘူး...မပြောလိုက်နဲ့
မပြောလိုက်နဲ့...ဖွဲ့!!
အဲ့ဒီဘဝကိုပြန်မသွားသလို ကြောက်စရာကောင်းတဲ့အဲ့ဒီလူတွေနဲ့ထပ်မတွေ့ဘူး...
နင်က 'မုန်းမဖွဲ့သာ' မဟုတ်ဘူး
နင်က 'အိန်ဂျယ်လ်'ပဲ...။
""ဆက်ပြောလေ ကလေး
ကိုကို နားထောင်နေတယ်""
ကိုယ့်စိတ်နဲ့ ကိုယ် ဝေခွဲမရစွာ လွန်ဆွဲနေစဥ် ကိုကို့အသံကြားမှ ဆုံးဖြတ်ချက်ကိုသေချာစွာ ချလိုက်ပြီး မျက်လုံးအစုံကို မှိတ်လိုက်တော့ စီးကျသည့် မျက်ရည်တွေများစွာသည် ဖွဲ့ မျက်ဝန်းမှ ကိုကို့ရဲ့ အင်္ကျီရင်ဘတ်ဆီသို့ ယှက်နွယ် ကူးလူးနေကြလေ၏။ ထိန်းနေသည့် ကြားမှပင် မျက်ရည်တွေက တလိမ့်လိမ့်ကြွေဆင်းနေသဖြင့် ဖွဲ့ မျက်နှာလေးကို ကိုကို့ရင်ခွင်ထဲ ပိုလို့တိုးဝင်လိုက်ပြီး...လက်လေးတွေကလည်း သူ့ကျောပြင်ကို တင်းကျပ်စွာ ဖက်တွယ်ရင်း ခပ်တိုးတိုးလေး ထွက်ပေါ်လာသော စကားသံက...
"" အိန်ဂျယ်လ် ကိုကို့ကို အရမ်းချစ်တယ်""
""အဟင်း! အချွဲလေးရယ်...ဘာများပြောမလဲလို့
ချစ်ရင် အရမ်းမငိုနဲ့တော့..ဟုတ်ပြီလား?""
""ဟုတ်""
""မင်းက ငိုနေတော့ ကိုကို့မှာ ဘာလုပ်လို့ဘာကိုင်ရမှန်းတောင်မသိတော့ဘူး...အရမ်းလန့်သွားလို့လား ဟုတ်လား...ဘာမှမဖြစ်တော့ဘူးနော်""
""ကိုကိုရော ထိခိုက်မိခဲ့သေးလား""
""ဟင့်အင်း! ကိုကိုဘာမှမဖြစ်ဘူး
မင်းကွာ...အပြင်ကိုထွက်နိုင်ရဲ့သားနဲ့ ဘာလို့အထဲပြန်ပြေးဝင်တာလဲ...တကယ်ဒုက္ခရောက်တော့မလို့""
""အိန်ဂျယ်လ်က ကိုကို့ကိုမတွေ့လို့""
""အသက်အန္တရာယ်တောင် မကြောက်ဘူးလား
ငတုံးလေးလား မင်းက""
""ကိုကိုလည်း အိန်ဂျယ်လ့်ကိုလာရှာတယ်လေ""
""ဒါပေါ့ ဒါပေါ့...ကိုယ်လည်း ငတုံးကြီးပဲ""
""အဟက်!""
အခုမှပဲ အငိုတိတ်သွားကာ ရယ်သံသဲ့သဲ့လေးကြားရလို့ သူ့မှာ သက်ပြင်းချနိုင်တော့သည်။ အငိုထူလေးက ဆက်တိုက်ကို မမောမပမ်း ငိုနေခဲ့တာလေ။
""မရယ်နဲ့...ကိုယ်တကယ်ကို စိတ်ပူလွန်းလို့ ဘာမှကိုမမြင်နိုင်ခဲ့ဘူး...မင်းက ကိုယ့်ကို ခဏခဏစိုးရိမ်ရအောင်လုပ်တာပဲ""
"" အိန်ဂျယ်လ် ကိုကို့အနားက ပျောက်သွားမှာကို စိုးရိမ်လားဟင်""
""ဘယ်လိုမေးလိုက်တာလဲကွာ
လူကို ရင်တုန်ရအောင်""
""ဖြေသာ ဖြေပါ""
""အဲ့ဒါ ကိုယ့်ဘဝမှာအကြောက်ဆုံးပဲ...ဒါကြောင့်မင်းကို ဘယ်သူကမှ ကိုယ့်ဆီကလာမခေါ်နိုင်အောင် သိမ်းထားတော့မှာ...""
""....""
""လာ...စကားမများနဲ့တော့
အိပ်လိုက်ဦး!""
""ကိုကိုရော ဒီမှာပဲနေတာ မပင်ပန်းဘူးလား
အိမ်မှာပြန်နားလေ""
""ဟင့်အင်း...ရတယ်
ကိုကို ဒီမှာပဲ စောင့်ပေးမယ်...လာ လှဲလိုက်!""
ခေါင်းအုံးလေးထက် ညင်သာစွာချပေးရင်း စောင်လေးပါ ဆွဲခြုံပေးကာ...ဖွဲ့ရဲ့ ဘေးဘက်နေရာလွတ်လေးကို လက်ထောက်လျက် အပေါ်စီးမှ ငုံ့မိုးကြည့်ရင်း နဖူးလေးထက် ညင်သာစွာငုံ့နမ်းပြီး နှုတ်ခမ်းလေးပေါ်ကိုလည်း ထိရုံလေးသာ ဖိကပ်နမ်းရှိုက်သွားလေ၏။ ပြီးတော့ နားရွက်ဖျားလေးနားသို့ တိုးကပ်ကာ လေပြေလေးနဲ့ တိုးလျလျပြောသွားသော စကားလေးက 'ချစ်တယ်'တဲ့။
""အိပ်တော့...ကိုကို သီချင်းဆိုပြီး ချော့သိပ်မယ်""
သူ့အပြောကြောင့် ခေါင်းလေးငြိမ့်ကာ ပြုံးပြလိုက်ရင်း မျက်လုံးလေးကို မှိတ်ထားလိုက်မိသည်။ တိတ်ဆိတ်နေတဲ့ အခန်းလေးထဲမှာတော့ ချိုလွင်သာယာတဲ့ တေးသံစဥ်လေးတစ်ပုဒ် ငြိမ့်ညောင်းစွာ ပျံ့လွင့်လာခဲ့၏။ ထိုအသံလေးကို အာရုံစိုက် နားထောင်ရင်း မျက်ရည်မကျအောင် ကျိတ်မှိတ်မျိုသိပ်ထားမိသည်။
ပထမဆုံး မုသားပါ ကိုကို
ဖွဲ့ ဘဝမှာ ပထမဆုံးအကြိမ် လိမ်ညာဟန်ဆောင်ခဲ့ခြင်းပါ။ ကိုကို့အနားက ထွက်မသွားချင်ရုံ...ရှုပ်ထွေးလှတဲ့ အတိတ်တွေထဲက ပြေးထွက်ပြီး ကိုကို့ရင်ခွင်ထဲမှာပဲ ရှိနေချင်ရုံပါ ။ ဒါတွေအားလုံးကို ပြန်ပြီးသိခွင့်မရခဲ့ရင်သိပ်ကောင်းမှာ..။ အရင်က ဘဝအမှန်ကို လုံးဝပိတ်ဖုံးခဲ့ပြီး ကိုကို့ရဲ့အိန်ဂျယ်လ် အဖြစ်ပဲ ရှင်သန်သွားဖို့ ခွင့်ပြုပေးပါနော်...။
ညာမိတဲ့အတွက် တောင်းပန်ပါတယ် ကိုကို...။
~~~~~~~~
""မေမေ...ဒီမှာကြည့်
အရေးကြီးတဲ့ သတင်း""
""ဘာလဲ...မီးလောင်တဲ့သတင်းပဲမလား
ဘာအရေးကြီးလို့လဲ""
""မေမေ သေချာကြည့်
အဲ့ဒီထဲက မိန်းကလေးက ဟိုပြသာနာမပဲ
သေချာတယ်...""
""ဟမ်!""
အခုမှပဲ ဖုန်းကိုဆတ်ခနဲဆွဲလုကာ သေချာကြည့်မိ၏။ မီးလောင်မှုအဖြစ်အပျက်မှာ ထိခိုက်မှုရှိခဲ့တဲ့မိန်းကလေး...။ မျက်နှာကိုအသေအချာမြင်ရတဲ့ ပုံတွေမို့ ဒေါ်ဧကရီ မျက်လုံးပြူးသွားကာ...
""ဘယ်လိုဖြစ်တာလဲ...သူကဘယ်လိုလုပ်ပြီး""
""အရင်ရက်တွေကတည်းက သမီး သတိထားမိတာ
ပထမတစ်ခေါက်လည်း သူ့ပုံပါဖူးတယ်..ဒါပေမယ့် မသေချာသေးလို့ အခုတော့...""
""ဒါကြောင့်..ဒီမြို့မှာဘယ်လိုရှာရှာမတွေ့တာကိုး""
""သမီးတို့ ဘယ်လိုလုပ်ကြမလဲ?""
""ဘယ်လိုလုပ်ရမလဲ? အခုသူရှိတဲ့နေရာကို သိရပြီဆိုတော့ မရရတဲ့နည်းနဲ့ ဆွဲခေါ်လာရမှာပေါ့...အကြာကြီး ဒုက္ခိတဖြစ်ခဲ့တဲ့ ခြေထောက်တွေက လျှောက်ခွင့်ရတာနဲ့ တော်တော်ဝေးဝေးရောက်သွားတာပဲ...ပြန်တွေ့လို့ကတော့ တစ်သက်လုံးပြန်မထနိုင်အောင်ကို ရိုက်ချိုးပစ်ဦးမယ်""
""ဒါထက်...အဲ့ဒါ ကိုကိုစစ်ရဲ့ဦးလေးပိုင်တဲ့ hotel
သူက အဲ့ဒီ့ကိုလိုက်သွားပြီ..သူနဲ့များအရင်တွေ့သွားမလားမသိဘူး""
""ထားလိုက်...အကြောင်းတစ်ခုခုပြပြီးကြည့်စီစဥ်ကြတာပေါ့...ငါတို့လည်း သေချာပြင်ဆင်ထားရမယ်...အခုသူနဲ့ပတ်သက်နေတာက လူသိများတဲ့သူဆိုတော့ သေချာတဲ့အစီအစဥ်မရှိဘဲ ကမူးရှူးထိုးလုပ်ရင်သတိပေးသလိုဖြစ်သွားမယ်""
""မေမေရယ်...မေမေက သူ့အမေဆိုတာအားလုံးသိနေတာပဲ...အိမ်ကထွက်ပြေးသွားတဲ့သမီးတစ်ယောက်ကို အမေကပြန်ခေါ်တာပဲ...ဘယ်သူတားနိုင်မလဲ? ပြီးတော့ မေမေက ဒေါ်ဧကရီအစစ်မဟုတ်မှန်း ဘာအထောက်အထား ဘာသက်သေမှရှိတာမဟုတ်ဘူး...ပူမနေနဲ့""
""သတိဆိုတာ ပိုတယ် မရှိဘူး လေညှင်း
ပြီးတော့ နင်မေ့နေပြီလား...သေချာတဲ့ သက်သေအထောက်အထားတစ်ခုကျန်နေသေးတယ်ဆိုတာ...""
ဒီလိုပြောလာတော့ လေညှင်းလည်း ငြိမ်နေလိုက်မိ၏။အသည်းမာလှတဲ့ မေမေက ဒီသက်သေကိုဖြင့် အဘယ်ကြောင့် ချန်လှပ်ထားရသည်မသိပါ။ ဘယ်လိုပဲဖြစ်ဖြစ်..အခု ဟိုပြသာနာမကို ပြန်တွေ့ရတော့မှာပဲလေ...သူ့လို ခပ်ပျော့ပျော့ငနုံလေးက ဘယ်ကိုထပ်ပြေးနိုင်မလဲ ကြည့်ဦးမယ်...။
~~~~~~~~
ဆေးရုံကောင်တာမှာ အခန်းနံပါတ်ကို စုံစမ်းပြီး အိန်ဂျယ်လ်ဆိုသော မိန်းကလေးရှိမယ့်နေရာကို လိုက်ရှာနေမိ၏။ Hotelဘက်ကလည်း ဆုံးရှုံးမှုများခဲ့၍ သူလည်း ရန်ကုန်ရောက်ကတည်းက ထိုကိစ္စတွေလိုက်လံဖြေရှင်းပေးရသည်။ ဒဏ်ရာရတဲ့ နစ်နာသူတွေဘက်ကိုလည်း ညှိနှိုင်းတောင်းပန်ရဦးမှာမို့ အခု ဆေးရုံကိုလာခဲ့ခြင်းဖြစ်သည်။ ထိခိုက်တဲ့သူတွေထဲမှာမှ အိန်ဂျယ်လ်လို့ခေါ်တဲ့ ကောင်မလေးက အတော်လေးထိခိုက်သွားခဲ့ပြီး သူမက နာမည်ကြီးသရုပ်ဆောင်မင်းသားရဲ့ ချစ်သူလို့လည်း သတင်းတွေကြားမိ၍ အများအာရုံစိုက်ခံရသူမို့ ကိုယ့်ဘက်က ဝတ္တရားအတိုင်းတောင်းပန်ရင်း သတင်းမေးရန်လာခဲ့ခြင်းပါ။
ထိုနေ့က hotelမှာကျင်းပနေတဲ့ ပန်းချီပြပွဲမှာ celeတစ်ချို့လည်းရှိနေခဲ့ကြပြီး အဲ့ဒီ့အတွက်ကြောင့်လည်း ဒီသတင်းက ပိုပြီးလူသိများနေခဲ့ခြင်းပင်။ ကိုယ်ကလည်း Hotelဘက်က တာဝန်ရှိတဲ့သူမို့ အစစအရာရာ ဖြေရှင်းညှိနှိုင်းပေးဖို့က လုပ်ရမယ့်တာဝန်ပဲ မဟုတ်လား။
""ဒေါက် ဒေါက်!""
ဖွဲ့ အခန်းထဲ ဖုန်းပြောနေရင်းကပင် တံခါးခေါက်သံကြောင့် ခေါင်းလေးလှည့်ကာကြည့်မိ၏။ ဆရာဝန်လည်း ခုနမှလာသွားတာလေ...ကိုကိုနဲ့လည်း အခုပဲဖုန်းပြောတော့ လမ်းမှာပဲရှိသေးတာတဲ့! အခုချက်ချင်းကြီးမရောက်လောက်သေးဘူး...ဒါဆိုဘယ်သူပါလိမ့်!
""ဝင်ခဲ့ပါ""
စကားဆုံးတာနဲ့ တံခါးလေးက ချပ်ခနဲပွင့်သွားလေ၏။ ပြီးတော့ အခန်းထဲသို့ လှမ်းဝင်လာသည့် ခြေထောက်တစ်စုံ။ ဖွဲ့လည်း ထိုလူဆီသို့ လှမ်းကြည့်မိစဥ် မျက်လုံးတို့ ဝိုင်းစက်သွားရကာ ရင်ထဲ ဒိန်းကနဲဆောင့်ခုန်လျက် တံတွေးလေးမသိမသာ မြိုချရင်း အကြည့်ကိုလွှဲလိုက်မိ၏။
!သူ...
အစ်ကိုစစ်ရန်မခပဲ..!
တစ်ဖက်မှာလည်း ရှေ့၌တွေ့လိုက်ရသော မိန်းကလေးကြောင့် စစ် ရုတ်တရက် ကြောင်အသွားကာ ထိုမိန်းကလေးရဲ့မျက်နှာကို အသေအချာငေးစိုက်ကြည့်နေမိ၏။ အမြင်က တသတ်မတ်တည်းကောက်ချက်ချရန်မလွယ်သော်လည်း ဝေခွဲရန်မလိုသော နှလုံးသားကတော့ အတည်ပြုပေးနေခြင်းရဲ့နောက်...လက်ထဲကိုင်လာသော အဖြူရောင်ပန်းစည်းလေးသည် သူ့ခြေရင်းသို့ ပြုတ်ကျသွားကာ ခြေလှမ်းတို့သည်လည်း ရှေ့သို့မရွေ့။ သို့သော်လှုပ်ခတ်လာသော နှုတ်ခမ်းအစုံမှ ခပ်တိုးတိုးထွက်ပေါ်လာသည့် နာမ်စားလေးက...
""ညီမလေး!!""
(လိုက်လာပြီ တစ်ယောက်
ဟိုသားအမိကတော့ ခဏနေမှလာလိမ့်မယ်)
~~~~~~~~
Continue to >>>Part-14
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(Lëmoñ)
See less