င်နာသူ ... ရွှေမင်းသား
(or)
 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။
••••••••••• Part-[ 12 ] •••••••••••
လှမ်းမြင်လိုက်ရသည့် ပုံရိပ်ကို လေညှင်း အသေအချာစိုက်ကြည့်နေမိသည်။ လူတစ်ယောက်ကဖက်ထား၍ ဘေးတစောင်းသာ မြင်နေရသော ထိုမျက်နှာသည် လေညှင်းနဲ့ရင်းနှီးလွန်းနေသယောင်။ ပြီးတော့ လူပုံစံကလည်း...ဟင့်အင်း! မဟုတ်သေးဘူး။ ဟိုငနုံမလေးက ဘယ်လိုလုပ်အဲ့ဒီကို ရောက်နေမှာလဲ? ရုပ်ရှင်မင်းသားရဲ့ချစ်သူလား...သူ့လိုလူကများ...အဟက်!မဖြစ်နိုင်တာတွေ...။ငါမူးနေပြီထင်တယ်။
အမှန်ကိုပင် အစောကတည်းက ဆက်တိုက်သောက်နေခဲ့သော ဝိုင်ရှိန်ကြောင့် မြင်ကွင်းကနှစ်ထပ်လိုဖြစ်ကာ ဝေဝါးလာပေမယ့် မလျှော့သောဇွဲနဲ့ မျက်လုံးကို အတင်းဖွင့်၍ ထပ်ကြည့်မိသေး၏။ ဘယ်နှခါကြည့်ကြည့် တူလွန်းသည့် သဏ္ဌာန်ကြောင့် လေညှင်း ထိုင်နေရာမှပင်ထရပ်မိသည်။
""ငါ့ကိုကိုတော့အချစ်တွေ့သွားပြီ""
""ကိုကိုအလင်းလိုလူမျိုးရဲ့ချစ်သူဖြစ်ရတာ သူ တော်တော်ကံကောင်းမှာ""
""ငါ့ကိုခဏပေး..မြန်မြန်ပေး""
ရုတ်တရက် လှုပ်လှုပ်ရှားရှားအမူအရာဖြင့် ဖုန်းကိုအတင်းလာဆွဲလုနေသော လေညှင်းကြောင့် သူငယ်ချင်းနှစ်ယောက်လည်း အံ့အားသင့်ကာ...
""ဘာဖြစ်လို့လဲ..လေညှင်း
နင်မူးနေလား..ရရဲ့လား?""
""ရတယ်""
ထိုတစ်ခွန်းသာပြောပြီး ဖုန်းကိုဖျတ်ခနဲဆွဲလုကာ ကြည့်နေစဥ်..
""အ!!""
""ဟယ်..လေညှင်း!!""
""Sorry! ကျွန်တော်တောင်းပန်ပါတယ်""
""တောက်!
ရှင်တော်တော် ရမ်းကားပါလား?""
တောင်းပန်နေပေမယ့် သူ့လက်ထဲက juiceတွေကြောင့် လေညှင်းရဲ့အဝတ်အစားတွေ စိုသွားပြီး ဖုန်းscreenပေါ်ကိုပါဖိတ်စင်လာသည်မို့ တက်ခေါက်ကာ ပက်ခနဲပြန်ပြောပစ်လိုက်သည်။အသံဆူသွားတာမို့ အနားကလူတစ်ချို့လည်း အာရုံစိုက်ကာ လှည့်ကြည့်လာတော့ လေညှင်း ကိုင်ထားသည့်ဖုန်းကို စားပွဲပေါ်ပြန်ပစ်ချကာ စုတ်သပ်ရင်း ထိုနေရာမှထွက်လာရန်ပြင်လိုက်တော့ သူငယ်ချင်းနှစ်ယောက်ကလည်း ပျာပျာသလဲ ထရပ်၍...
""လေညှင်း အဆင်ပြေရဲ့လား?""
""မပြေဘူး..ကျစ်! စိတ်ရှုပ်တယ်...နင်တို့ပဲဆက်ရှင်း...ငါပြန်ပြီ""
စိတ်က အနှောက်အယှက်ဝင်သွား၍ အာရုံတစ်မျိုးရောက်ကာ ထိုနေရာမှကျောခိုင်းထွက်လာခဲ့သည်။ စောစောက တွေ့လိုက်သော ပုံရိပ်ကိုလည်း ခဏတာ သတိမေ့သွားမိရလေ၏။
လေညှင်းရှိခဲ့သော စားပွဲလေးထက်မှာတော့ အချိုရည်စက်တွေဖိတ်စင်နေသော ဖုန်းscreenလေးက တဖြေးဖြေးနဲ့ အလင်းဖျော့သွားကာ ဒီအတိုင်းလေး ကျန်နေခဲ့လေရဲ့..။
~~~~  ~~~~
""အလင်း...မင်းတကယ်ပဲ အိန်ဂျယ့်လ်ကို ဒီမှာခေါ်ထားမလို့လား""
ဟုတ်ပါတယ်လို့ အခါခါဖြေလည်း ဒီမေးခွန်းပဲ အကြိမ်ကြိမ်လည်နေတာကြောင့် အလင်း စိတ်မရှည်ချင်ဖြစ်နေရသည်။ မနက်စောစောလည်း ရောက်ချလာသေး...။ကိုယ့်ချစ်သူ ကိုယ့်အိမ်ခေါ်ထားမယ့်ကိစ္စက ဒီလောက်ပဲ အံ့သြစရာကောင်းနေသလားမသိတော့ပါ။
""အခုအဲ့အရှုပ်ထုပ်လေးရော""
""အိပ်နေတုန်းပဲ...ငါ့အခန်းထဲမှာ""
""ဘုရားရေ! မင်းအခန်းထဲမှာ..
မဟုတ်မှ မင်းတို့အတူတူ...အ!""
ဘာဆက်ပြောမယ်မှန်းသိတာကြောင့် Alexရဲ့လက်မောင်းကို ခပ်နာနာလေးထိုးချလိုက်လေတော့ အသံကျယ်နဲ့ထအော်ပြန်ကာ...
""ငါပြောတာ မဟုတ်လို့လား?""
""ရူးနေလား...ငါ့ကိုဘယ်လိုကောင်များထင်နေလဲ""
""မင်းတို့ အခုအခြေအနေက ဘယ်လိုလဲ အလင်း
Fanတွေကြားမှာ ပျံ့နေတဲ့သတင်းတွေကို မင်း မငြင်းသလို ဝန်လည်းမခံဘူး...ထင်ကြေးတွေကတော့ မျိုးစုံပဲ""
""....""
""ဧကန္တ မင်းက အိန်ဂျယ်လ်နဲ့ပက်သတ်မှုကို silentသဘောမျိုးပဲထားမှာလား""
""Silentလုပ်စရာအကြောင်းမရှိပါဘူး...အိန်ဂျယ်လ်က ငါ့ရဲ့သတို့သမီးပဲ...Official Confirm""
""သတို့သမီး?""
""အင်း..အခုလက်ရှိပြသာနာကိုအရင်ရှင်းရမယ်
ပြီးတော့ ငါ အိန်ဂျယ့်လ်ကိုလက်ထပ်မယ်...""
""မင်း အဲ့ဒါတော့စဥ်းစားသင့်တယ်လို့ ငါထင်တယ်
သူက အတိတ်မေ့နေတဲ့သူလေ..သူ့ဘဝအမှန်ကိုမသိ ဘယ်ကလာမှန်းလည်းမသိရဘူး...ပြီးတော့စတွေ့တဲ့အခြေအနေကမရိုးရှင်းဘူးလေ...မင်းလဲသိသားနဲ့""
"".....""
""ငါပြောချင်တာကကွာ..သူက ဇာတ်ရှုပ်တစ်ခုနဲ့တစ်နေရာကထွက်ပြေးလာတယ်...လိုက်ဖမ်းတဲ့သူတွေလည်းရှိတယ်...အဲ့ဒါတွေရှင်းနိုင်တယ်ထားဦး..သူ့မှာအရင်ကချစ်သူ ရှိရင်လည်းရှိမယ်..ဒါမှမဟုတ်လက်ထပ်ပြီးသားဆိုရင်ရော...မင်းဘယ်လိုလုပ်မလဲ...ချစ်သူတွေကကိစ္စမရှိပေမယ့် လက်ထပ်တယ်ဆိုတာမျိုးက လူနှစ်ယောက်ရဲ့ဘဝကိုတသားတည်းဖြစ်စေတဲ့အရာပဲ အလင်း...သူက အိန်ဂျယ်လ်အဖြစ် ငါတို့ဆီခဏတာရောက်လာတာ သူ့နာမည်အစစ်နဲ့ ဘဝအမှန်ကရှိနေဦးမှာပဲ...တနေ့သူ အဲ့ဒီ့နေရာကိုပြန်သွားခဲ့ရင်...""
"" ငါ သေမှာ...ဒါမှမဟုတ် 'အလင်းနှစ်'ဆိုတဲ့ ငါ့ရဲ့ ဖြစ်တည်မှုတစ်ခုလုံးပျောက်ကွယ်သွားနိုင်တယ်""
ပြတ်သားစွာပြောချလိုက်သည့် အဖြေစကားကြောင့် Alexက ဆွံ့အသွားသည့် မျက်နှာဖြင့်လာကြည့်လေ၏။ ဟုတ်ပါတယ်...ဆုံးရှုံးမှုတွေများခဲ့သော ဘဝမှာ နှလုံးသားကလည်း အခါခါနာကျင်ခဲ့ရဖူးတယ်လေ။ မျှော်လင့်ချက်ဆိုတာလည်း အကြိမ်ကြိမ်သေဆုံးခဲ့ဖူးတဲ့ အရာ..။ ဒီတော့ အားလုံးကို ဥပေက္ခာပြုပြီး ခံစားချက်တွေ ထုံထိုင်းနေသော နှလုံးသားတစ်စုံနဲ့ နေသားတကျ ခံနိုင်ရည်မွေးမြူကာ ရှေ့ဆက်ခဲ့သော နေ့ရက်တွေက အေးစက်စက်ဖြစ်ခဲ့ပေမယ့် အိန်ဂျယ်လ်ကတော့ သူ့နှလုံးသားကို နွေးထွေးမှုပေးခဲ့တဲ့ ချစ်ခြင်းရောင်ခြည်လေးမို့ သူမကို အပြီးတိုင်ပိုင်ဆိုင်ချင်သည့် တပ်မက်မှုသည်လည်း မဝေးလိုသော ထိုချစ်ခြင်းကြောင့်သာ...။
""ဟင်း...မင်းရဲ့အချစ်ကံကလည်း ဘာလို့များအခေါက်တိုင်းအဆင်မပြေရပါလိမ့်..အမြဲတမ်းခက်ခဲနေတော့တာပဲ""
စကားပြောနေရင်းကနေ လှေကားမှဆင်းလာသည့် အဖြူရောင်လေးကို လှမ်းတွေ့လိုက်ပါ၏။ အိန်ဂျယ်လေး နိုးလာပြီပဲ...။
""အိန်ဂျယ်လ်...မင်း နေကောင်းရဲ့လား?
မနေ့ကတော်တော်လန့်သွားမှာပဲ""
""ဟုတ်...နေကောင်းတယ်""
Alexလှမ်းမေးလိုက်သည့် အမေးကို တစ်ခွန်းသာဖြေပြီး ထမင်းစားခန်းဘက်သို့ထွက်သွားလေ၏။ ဒီဘက်ကပြုံးပြနေသူကိုတော့ လှမ်း၍ပင်ကြည့်မသွားပေ။
!စိတ်ကောက်နေတုန်းပဲလားကွာ...!
""မင်းကို သိပ်မကြည်သေးဘူးနော် ဟိုမှာ""
""ဂရုစိုက်ရမယ့်သူ နိုးလာပြီ
သွား...မင်းပြန်တော့""
""အေးပါ..ပြန်ပါပြီ
မနက်ဖြန် စာနယ်ဇင်းပွဲ ငါမလာဘူးနော်""
""မလိုပါဘူး မင်းကိုလည်း
ငါ့ဘာသာရှင်းနိုင်တယ်""
""မလိုအပ်ဘဲ ဒေါသကြီးခဲ့တာ အခုတော့ရှင်းရပြီမလား""
""သွားတော့ ဆိုမှ""
သူငယ်ချင်းပြန်သွားမှ သူလည်း ထမင်းစားခန်းဘက်လိုက်ဝင်လာခဲ့၏။ အထဲရောက်တော့ မြင်လိုက်ရသည့် မြင်ကွင်းကြောင့် ပြုံးမိသွားရပြန်သည်။ အိန်ဂျယ်လ်က ဝင်ပေါက်ဘက်ကို ကျောပေးထားကာ နံရံကပ်စင်ပေါ်သို့ မော့ကြည့်နေလေရဲ့ ။ စင်က သူမအရပ်လေးထက် အနည်းငယ်မြင့်နေတာကြောင့် လှမ်းယူလို့လည်း မမီပေ။ နေပါဦး! စောစောကတည်းက ဒီအတိုင်းပဲ ရပ်နေခဲ့တာလား?
စင်ပေါ်မှာက ကော်ဖီခွက်လေးတွေရှိတာဆိုတော့ ဒီကလေး ကော်ဖီသောက်ချင်လို့ထင်တယ်...
အနောက်မှာရပ်ပြီးသဘောတကျ ပြုံးကြည့်နေပေမယ့် သူမကတော့ နောက်လှည့်မကြည့်ဘဲ အပေါ်က ခွက်ကိုရဖို့သာကြိုးပမ်းနေလေ၏။ ကိုယ့်အင်္ကျီကို ပေးဝတ်ထားတာကြောင့် ယောကျာ်းဝတ်ဆွယ်တာ အဖြူရောင်လေးက ဒူးအထက်နားအထိဖုံးနေပြီး သူမ ကိုယ်သေးသေးလေးပေါ်မှာ ပွယောင်းယောင်းဖြင့် ကပိုကရိုဖြစ်နေပုံလေးက ချစ်စဖွယ် ။ အင်္ကျီလက်နှစ်ဖက်ကလည်း အတော်လေးရှည်ကျနေကာ ဖြူဖွေးနေသည့် ခြေတံသွယ်သွယ်လေးတွေက အတိုင်းသားပေါ်လွင်နေပြီး မမေ့မလျော့ စီးထားသည့် သိုးမွေးဖိနပ် အဖြူရောင်လေးနဲ့မို့ လက်ရှိ အိန်ဂျယ့်လ်ပုံစံက ဖြူစွတ်နေတဲ့ နှင်းခဲလေးနဲ့ ပမာတူ၏။
ပြုံး၍လှမ်းကြည့်နေဆဲမှာပင် သူမက ခြေဖျားလေးထောက်ရန်ပြင်လိုက်တာကြောင့် ဒဏ်ရာထိသွားမှာကို စိုးရိမ်သဖြင့် သူ့ ခြေလှမ်းတို့က အမြန်ပင် အနားရောက်သွားပြီး သူမ ကိုယ်လေးကို 'မ'ချီပေးလိုက်တော့ လန့်သွားသည့် မျက်နှာလေးဖြင့် ပြန်ငုံ့ကြည့်လာကာ...
""လာရင်လည်း အသံပေးလေ
လန့်သွားတာပဲ""
တကယ်ပင် ကိုယ့်အာရုံနဲ့ကိုယ် ရှိနေတုန်း ရုတ်ချည်း လေပေါ်မြင့်တက်သွားတဲ့ ခံစားချက်ကြောင့် လန့်ကာ အောက်သို့ငုံ့ကြည့်တော့ ပြုံးစစဖြင့်ကြည့်နေပြန်သည့် ကိုကို။ အခုမှပဲ အရပ်က စင်ကိုမီသွားရကာ အိန်ဂျယ်လ်လိုချင်သည့်ခွက်လေးကိုယူပြီးနောက်...
""ရပြီ..အောက်ပြန်ချ""
""ကော်ဖီသောက်မလို့လား..ကိုကိုဖျော်ပေးမယ်
ခဏစောင့်နော်""
""ရတယ်""
""အိန်ဂျယ်လ်...ကိုကို့ကိုစိတ်မဆိုးပါနဲ့တော့ကွာ""
""စိတ်မဆိုးပါဘူး
ဟို...အိန်ဂျယ်လ် မမအိမ်ပြန်တော့မယ်""
မျက်လုံးချင်းဆုံအောင်ပင်မကြည့်ဖြစ်ဘဲ ပြောချင်ရာပြောကာ သူ့ကိုကျောခိုင်းလိုက်မိ၏။ တစ်လှမ်းနှစ်လှမ်းသာ လျှောက်ရသေးသော အနေအထားအရောက် လူတစ်လုံးကို သိမ်းကျုံးဖက်ထားခံလိုက်ရသော အသိနဲ့အတူ ကျောပြင်လေးက သူ့ရင်ခွင်ထဲထိကပ် နစ်မြုပ်သွားရပြန်သည်။ တတ်နိုင်သလောက် ရုန်းကြည့်ပြီး ခြေလှမ်းကို ရွှေ့ရန်ပြင်ပေမယ့် လက်နှစ်ဖက်ကိုပါ ရုန်းမရအောင်ထည့်ဖက်ထားသဖြင့် လေပူတစ်ချက်ကို မှုတ်ထုတ်ကာ..
""လွှတ်ပေးဦး...အသက်ရှူကြပ်တယ်""
""လွှတ်ရင် ထွက်ပြေးမှာပေါ့""
""မမ အိမ်ပဲပြန်မှာလေ""
""မပြန်ရတော့ဘူး..ခဏနေရင် မင်းပစ္စည်းတွေ သူလာပို့လိမ့်မယ်""
""ဟင်!""
အခုမှပဲ အံ့သြတကြီးမျက်နှာလေးဖြင့် သူ့ဘက်ပြန်လှည့်ကာ မော့ကြည့်လာလေ၏။
""ဟုတ်တယ်...ဒီနေ့ကစပြီး မင်း ဒီအိမ်မှာပဲနေရမယ်""
""မနေပါဘူး...ရှင်ချစ်တဲ့ ဟိုမင်းသမီးကိုသာ သွားခေါ်ပါလား""
မျက်စောင်းရွယ်ကာပြော၍ တစ်ဖက်သို့လှည့်သွားတဲ့ မျက်နှာလေးမှာ တကယ်ကိုအလိုမကျမှုအပြည့်။ ဘာအရောင်တွေမှ ခြယ်မထားဘဲ ပကတိဝင်းမွတ်နေသည့် အိပ်ရာနိုးစ ချစ်မဝမျက်နှာလေးက စူပုပ်ထားလည်း အရမ်းကိုလှပါ၏။ တကယ်ကို ကမ္ဘာခြားက နတ်သက်ကြွေခဲ့တာလား အိန်ဂျယ်လ်...။ မင်း သိပ်ကို လှတာပဲ ကလေးရယ်...။
""ဘာကြည့်တာလဲ မကျေနပ်လို့လား?""
သြော်! ဒီမှာ မြတ်နိုးမှုနဲ့တစိမ့်စိမ့်ကြည့်နေပါသည်ဆိုမှ သူ့ဘာသာတွေးချင်ရာတွေးပြီး မျက်စောင်းကြီးရွယ်ကာ မေးခွန်းထုတ်ပြန်သည်မို့...
""အဟင်း!!ကျေနပ်ပါတယ်ကွာ..ဒါပေမယ့် သူ့ကိုက ခေါ်လို့မရတော့ဘူး...ဘာလို့လဲဆိုတော့ သူက လက်ထပ်ပြီးသွားပြီလေ""
""ဟင့်! ဒါဆို ခေါ်လို့ရရင်ခေါ်မယ်ပေါ့
ရှင်တော်တော်ဆိုးတယ်..လူဆိုးကြီး သွား..လာမထိနဲ့""
""စိတ်ဆိုးတာ..ကိုကို့ကို သဝန်တိုလို့ပေါ့ဟုတ်လား""
""မသိဘူး""
""အိန်ဂျယ်လ်...မနေ့က ကိစ္စအတွက် ကိုကိုတောင်းပန်ပါတယ်...ခွင့်လွှတ်ပေးနော်""
""....""
""အရင်ကကိစ္စတွေကို မေ့လိုက်တာကြာပါပြီ။အဲ့ဒီ့ပစ္စည်းတွေရှိနေတာက ဒီအတိုင်း စွန့်ပစ်ဖို့သတိမရခဲ့ရုံပါ..အခု ကိုကို့ဘဝမှာအချစ်ရဆုံးက မင်းပါ ကလေးရယ်...ကိုကို့ကို စိတ်မကောက်နဲ့တော့နော်...စကားအကောင်းလေးမပြောတာ မနေ့ကတည်းကလေကွာ..အဲ့လိုစိတ်ဆိုးနေရင် ကိုကို မနေတတ်တော့ဘူး""
လက်ဖျားလေးကို ဆုပ်ကိုင်ကာ ထပ်တလဲလဲဖွင့်ဟချင်သော ချစ်စကားကို ဆိုမိပြန်၏။ ဒီတကြိမ်မှာတော့ မျက်ဝန်းနက်နက်လေးတွေက သူ့ထံသို့ တန်ပြန်မော့ကြည့်လာကာ လက်လေးကလည်း ပါးပြင်ကိုဖွဖွလေး လာထိလေ၏။
""ကိုကို့ကို စိတ်မဆိုးပါဘူး..ဒါပေမယ့် အိန်ဂျယ်လ်တကယ် အရမ်းဝမ်းနည်းခဲ့ရတာ...မနေ့က ဘယ်လောက်တောင် ငိုမိလဲသိလား...အိန်ဂျယ်လ်က ကိုကို့ရင်ထဲကို နောက်မှရောက်ခွင့်ရတဲ့ ဒုတိယလူပဲ..အဲ့ဒီ့အတွက် ဝမ်းနည်းတယ်..""
""ဘာလို့အဲ့လိုတွေ တွေးတာလဲ ကလေးရယ်""
""ကိုကို သူ့ကိုအရမ်းချစ်ခဲ့တာလားဟင်""
""အင်း..အဲ့ဒီ့တုန်းကတော့ တော်တော်လေးချစ်ခဲ့တယ်ထင်တယ်...သူကလွဲရင် နောက်ဆိုတာမရှိတော့ဘူးလို့ထင်ခဲ့တဲ့အထိ""
""တော်တော်ချစ်ခဲ့တာကိုး!
အိန်ဂျယ်လ်ကတော့ ကိုကိုကလွဲပြီး ဘယ်သူ့ကိုမှမချစ်ခဲ့ဖူးဘူး ထင်တယ်...ရင်ထဲမှာဒီလိုခံစားချက်က ပထမဆုံးပဲ""
မျက်နှာငယ်လေးနဲ့ပြောကာ မျက်လုံးထဲမှာလည်း ချက်ချင်းပင် အရည်ကြည်လေးတွေရစ်ဝိုင်းလာလေ၏။ ပြီးတော့ ကြွေလွင့်သွားသည့် မျက်ရည်စက်လေးက ပေါက်ခနဲ။ ဒါကို လှမ်းမြင်ရသည့် သူကတော့ ထိုမျက်ရည်ကို လက်နဲ့ဖွဖွလှမ်းသုတ်ပေးလိုက်ပြီး..
""အိန်ဂျယ်လ်...ဒီကိုလာ""
ပါးစပ်ကပြောရင်း သူမကိုလက်မှ ဆွဲခေါ်၍ သူ့ရင်ဘတ် ဘယ်ဘက်အခြမ်း၌ ပါးလေးကပ်ပေးလိုက်တော့ လက်လေးနှစ်ဖက်ကပါ ကျောပြင်ဆီ လာရောက်ယှက်သွယ်ထားပြီး အလိုက်သင့်ငြိမ်သက်နေလေ၏။
""နားထောင်!! သဝန်တိုတတ်တဲ့ ကောင်မလေး...
အရင်က ဘာကိစ္စတွေပဲရှိရှိ အခုဒီနှလုံးခုန်သံ မြန်နေတာ လက်ရှိကိုယ့်ရင်ခွင်ထဲက မင်းကြောင့်ပဲ...ဒီနေရာက မင်းအပိုင်ဖြစ်သလို 'အလင်းနှစ်'ဆိုတဲ့ ကိုကိုကလည်း မင်းအပိုင်ပဲ...တခြားဘာမှလျှောက်မတွေးနဲ့ ဟုတ်ပြီလား?""
"".....""
""နေရာကို မစဥ်းစားဘဲ ရင်ထဲက ချစ်တဲ့အတိုင်းအတာကိုပဲ ကြည့်ပါ ကလေးရယ်...မင်းက ကိုကို့ဆီ နောက်ကျမှရောက်လာခဲ့ပေမယ့် မျှော်လင့်ချက်မဲ့နေတဲ့ နှလုံးသားကို ပြန်ပြီးရှင်သန်ခွင့်ပေးခဲ့တယ်...နောက်တကြိမ်ထပ်ချစ်မိသွားစေခဲ့တယ်..မင်းက ကိုယ့်အတွက် သိပ်ကိုဆန်းကြယ်တဲ့ အမှတ်တရပါ အိန်ဂျယ်လ်...ကိုကို မင်းကို သိပ်ချစ်တယ်..မင်း ထင်ထားတာထက်ပိုတယ်""
""ဟုတ်လို့လား..ကိုကို့လို အရမ်းတောက်ပ ပြည့်စုံတဲ့ ရွှေမင်းသားက ဘယ်ကမှန်းမသိတဲ့ အရှုပ်ထုပ်လေးကိုအဲ့လောက် ချစ်တယ်ပေါ့""
""ချစ်တယ်...ကိုယ့်ရဲ့အတိတ်မှာ မင်းမပါဝင်ခဲ့ပေမယ့် အနာဂါတ်ကိုတော့ မင်းလက်တွဲပြီးလျှောက်ချင်တယ်..ဒါကြောင့် ရှေ့မှာဘာကိစ္စပဲရှိလာပါစေ..ကိုယ့်ကိုပဲ ရွေးချယ်ပေးပါနော်...မလိမ်ညာဘဲ မဖုံးကွယ်ဘဲ ကိုယ့်ကို မလှည့်စားဘဲ အနားမှာရှိနေပေးပါ..အဲ့ဒီကတိကိုတော့ပေးမယ် မဟုတ်လား?""
""ဟုတ်ကဲ့""
ချက်ချင်းခေါင်းလေးငြိမ့်ကာဖြေရင်း ရင်ခွင်ထဲပြန်တိုးဝင်လာသည့်ကလေးကို သူလည်းအလိုက်သင့် ပြန်ဖက်ထားပေးလိုက်၏။
ကိုယ် မင်းကို ယုံကြည်ပါတယ် အိန်ဂျယ်လ်။
မင်းကတော့ ကိုယ့်နှလုံးသားကို ထပ်ပြီးအနာတရမဖြစ်စေဘူးမဟုတ်လား? ဒီနှလုံးသားက မင်းကြောင့် ရှင်သန်လာခဲ့တာမို့ မင်းကိုယ်တိုင်က ထပ်ခွဲရင် နောက်တစ်ကြိမ်ရှင်သန်ဖို့ လုံးဝမဖြစ်နိုင်တော့ဘူး။ နာကျင်ရမှာ...ဆုံးရှုံးရမှာကြောက်ပေမယ့် ဒီချစ်ခြင်းရဲ့ အဆုံးအဖြတ်ကို မင်းလက်မှာပဲ တည်စေမယ်...။
~~~~~~~~
""မမ...ကိုကို ပြန်မလာသေးဘူးလား""
""သူကအလုပ်ကိစ္စရှိလို့""
""သူ့အလုပ်ကိစ္စက မမ လုပ်ပေးရတာမဟုတ်ဘူးလား?""
""ဟုတ်ပါတယ်..အခုက သူကိုယ်တိုင်နဲ့စကားပြောရမှာမို့လို့""
""အိန်ဂျယ်လ်က ဆိုးပါတယ်
ကိုကို့ကို အရှုပ်တွေပေးမိတယ်""
TV screen၌ပေါ်နေသည့် အစီအစဥ်ကိုလှမ်းကြည့်၍ မျက်နှာငယ်ဖြင့်ပြောနေပြန်သည့် အိန်ဂျယ်လ်။ မနက်က Liveလွှင့်တုန်းကလည်း ဖုန်းထဲကကြည့်ပြီးပြီပဲ။ အလင်းက ရိုက်လက်စseriesကိုဖျက်သိမ်းပြီး နှစ်ဖက်အခြေအနေတင်းမာခဲ့တဲ့အတွက် တရားဝင်ရှင်းလင်းပွဲလုပ်ရခြင်းဖြစ်သည်။ ဒါတင်မက ဟန်နီဆွိနဲ့ တွဲရိုက်ဖို့ Confirmထားသမျှ ကြော်ငြာနဲ့ MTVတို့ကိုပါ Cancelပစ်တာမို့ တစ်ဖက်Agencyနဲ့လည်း အနည်းငယ်ငြိစွန်းကာ လူပြောများသည့်သတင်းဖြစ်လာခဲ့၍ ဒီလောက်ထိဖြေရှင်းရခြင်းပါပဲ။
""အစ်မ!""
စဥ်းစားနေရင်းကပင် နောက်ဘက်မှခေါ်သံကြောင့်လှည့်ကြည့်မိတော့ အလိုကျမနေသည့် မျက်နှာဖြင့်ရပ်နေသူက အလင်း..။
""ဘာလဲ?""
သူက အိန်ဂျယ်လ့်ဆီတစ်ချက်လှမ်းကြည့်ကာ TVကိုပိတ်လိုက်ဖို့ အမူအရာပြလေ၏။ အိန်ဂျယ်လ်ကတော့ ဝင်ပေါက်ဘက်ကို ကျောပေးထိုင်ကာ TVကိုပဲစိုက်ကြည့်နေတာမို့ remoteကိုယူကာ လှမ်းပိတ်ပေးလိုက်ပြီး အနားမှထထွက်လာခဲ့၏။
""အစ်မပြန်တော့မယ်""
""အင်း""
အသံကြားသွားတော့မှ အိန်ဂျယ်လ်က သူ့ဆီဖျတ်ခနဲလှည့်ကြည့်လာကာ...အနားသို့ပြေးလာလေ၏။
""ကိုကို..ပြန်လာပြီလား""
""ဖြေးဖြေးလာပါကွာ...ခြေထောက်ကနာနေသေးလား""
""ဟင့်အင်း!
""စိတ်ညစ်ရအောင် ဘာလို့အဲ့သတင်းကိုကြည့်နေလဲ""
""အိန်ဂျယ်လ် တောင်းပန်ပါတယ်
ဒီလောက်ထိဖြစ်အောင် သက်သက်မဲ့ ပြသာနာစမိတယ် ""
""မင်းကြောင့် မဟုတ်ပါဘူး
ကိုကိုက မင်းကိုထိပါးတဲ့သူနဲ့အလုပ်ဆက်မလုပ်နိုင်လို့""
""အိန်ဂျယ်လ်က အဲ့လောက်အရေးမပါပါဘူး ကိုကိုရယ်..နောက်ဆိုအဲ့လိုဒေါသမထွက်နဲ့နော်..အခုတော့ အလုပ်ကိစ္စတွေလည်းထိခိုက်ရပြီ""
""မင်းက ကိုယ့်ဘဝရဲ့အရာရာထက်အရေးပါတယ်""
""ဒါပေမယ့်...""
""အဟက်! ဘာလဲ ကိုယ့်အလုပ်ကိစ္စတွေထိခိုက်လို့စိုးရိမ်တာလား..အဲ့လိုဆို မုန့်တွေမစားရတော့မှာစိုးလို့လား?မပူပါနဲ့...အလုပ်လေးတစ်ခုနှစ်ခုပျက်ရုံနဲ့ မင်းကိုကိုက မမွဲသေးပါဘူး""
""ဟင့်! အဲ့လိုမဟုတ်ပါဘူးနော်
ကိုကိုက အောင်မြင်တဲ့အနုပညာရှင်လေ...အဲ့တော့တစ်ချက်လေးမှားတာနဲ့ အာရုံစိုက်ခံရတယ်...fanတွေကလည်းအများကြီးရှိတယ်...အရေးမပါတဲ့ ကိစ္စသေးသေးလေးကြောင့် ဒီလိုဖြစ်ရတာ ကိုကို့ကိုသူများတွေအပြစ်တင်မှာပေါ့..အလုပ်နဲ့ကိုယ်ရေးကိုယ်တာကို ခွဲခြားရမယ်လေ""
""ဟုတ်ကဲ့ပါ..ကိုယ့်ရဲ့ဆရာမလေး
လူကြီးပေါက်စလေး...လာပါဦး အရမ်းတွေးပေးတတ်လို့ ဆုပေးပါရစေ""
ပါးစပ်ကပြောရင်း ထိုမြတ်နိုးဖွယ်လေးအား ရင်ခွင်ထဲဆွဲဖက်ကာ နမ်းနေကျ နဖူးနဲ့ ပါးပြင်လေးထက် အကြင်နာအနမ်းများ ခြွေခဲ့ပြီးနောက်...သူ့အင်္ကျီအိပ်ကပ်ထဲမှ တစ်စုံတစ်ရာကို ထုတ်ယူကာ...
""ဒီမှာကြည့်..ကိုကို့ကို ပန်းချီပြပွဲတစ်ခုဖိတ်ထားတယ်..Artistက ကိုကိုနဲ့ရင်းနှီးတဲ့ ဆရာတစ်ယောက်ပဲ""
""အဲ့တော့..""
""ကိုယ့်အိန်ဂျယ်လေးက ပန်းချီတွေကို သဘောကျတယ်မလား...ကိုကိုနဲ့အတူသွားရအောင်""
""ဟင်..တကယ်လား""
""အင်းပေါ့..လိုက်ခဲ့မယ်မလား?""
""ဟုတ်ကဲ့...ကိုကို နားလိုက်ဦးလေ
အိန်ဂျယ်လ် TVကြည့်နေမယ်""
ပြောကာ လှည့်ထွက်လိုက်စဥ် ရုတ်တရက်လက်ကိုလှမ်းဆွဲလိုက်တာကြောင့် ခန္ဓာကိုယ်လေးက သူ့ဘက်ပြန် လည်သွားရပြန်၏။
""ဘာလို့လဲ..ပြောစရာကျန်သေးလို့လား ကိုကို""
""ဟင့်အင်း..ဒါပေမယ့် နမ်းဖို့တော့ တစ်နေရာကျန်သွားတယ်""
""....""
သူ့စကားအဆုံး၌ စကားသံတို့တိတ်ဆိတ်သွားရသည်။ စကားတို့တိတ်ဆိတ်နေခြင်းမှာ အစားထိုးဝင်ရောက်လာသည့် ရင်ခုန်သံများကတော့ စည်းချက်မညီစွာ ဒုန်းစိုင်းခုန်ပေါက်နေရင်း...
သေချာစွာ လိုက်လံခံစား မှတ်သားမိသည်က ကိုကိုဖန်ဆင်းသော ချစ်အနမ်းတို့ရဲ့ အဓိပ္ပါယ်။
~~~~~~~~
""oh! လှလိုက်တာ""
""နားလည်လို့လား အဓိပ္ပာယ်ကို...
ကိုကိုတော့ မသိသေးဘူး""
""အိန်ဂျယ်လ်..နည်းနည်းတော့နားလည်တယ်ထင်တယ် ဟီး ဟီး!""
ပန်းချီလေးတွေကို သူမတကယ်သဘောကျတာပဲ။ ပွဲထဲစရောက်လာကတည်းက အရောင်တလက်လက်မျက်ဝန်းတို့နဲ့ တစ်ပုံပြီးတစ်ပုံကြည့်ရင်း ပြောလိုက်သည့်စကားတွေက စုံလို့။ ဆေးရောင်တွေအကြောင်းကိုလည်း ရှင်းပြလိုက်သေးရဲ့။ ဧကန္တ အရင်ကပန်းချီဆရာမများဖြစ်ခဲ့တာလား?
""""
""အိန်ဂျယ်လ်...ခဏလေး ကိုကိုဖုန်းလာလို့
ဟိုမှာ...မမနေခြည်နားသွားနေနော်...ကိုကိုပြန်လာမယ် ""
""ဟုတ်!""
နာမည်ကြီးArtistရဲ့ ပြပွဲမို့ ခန်းမထဲ၌လူအတော်များနေ၏။ ခမ်းနားသည့် ဟိုတယ်ကြီးရဲ့ ဒုတိယထပ်မှာ ပြပွဲလုပ်ခြင်းဖြစ်ပြီး အားပေးကြည့်ရှုသူအများကြီးနဲ့ အရာရာအဆင်ပြေနေသော်လည်း Hotelရဲ့တစ်နေရာမှာတော့ မှားယွင်းမှုတစ်ခု ပြင်းထန်စွာပေါ်ပေါက်နေ၏။
ခဏအကြာတွင်တော့...အချက်ပေးဘဲလ်သံတွေဆူညံစွာထွက်ပေါ်လာကာ...
""Ring Ring Ring""
""ဟင်..မီးသတိပေးသံ
မီးလောင်နေတယ်""
အလန့်တကြားအော်သံတွေနဲ့ အတူလူတွေလည်းခဏချင်းရှုပ်ထွေးသွားလေ၏။ပြေးလွှားနေတဲ့ လူတွေကြား အိန်ဂျယ်နဲ့မမလည်းရောညပ်နေကာ..
""အိန်ဂျယ်လ်...လာ မမကိုလက်ကိုတွဲထား""
""မမ...ကိုကိုရော""
""ဟင်..အလင်းကဘယ်ရောက်သွားတာလဲ?""
ဘယ်နားက လောင်မှန်းမသိပေမယ့် အိန်ဂျယ်လ်တို့နဲ့နီးစပ်ပုံရသည်။ လူတွေလည်းရုတ်ရုတ်သဲသဲပြေးလွှားနေကာ တစ်နေရာမှမီးခိုးလုံးတွေလည်းထွက်လာတော့ ရင်တွေတဒိန်းဒိန်းဆောင့်ခုန်လျက် မျက်လုံးတို့ပြာသွားရ၏။
""ကိုကို..""
တဖြေးဖြေးနဲ့ အိန်ဂျယ်လ်နဲ့မမက ထွက်ပေါက်ဘက်ရောက်လာပေမယ့် ကိုကို့ကိုမတွေ့ရသေးပေ။ စောစောက ကိုကို ဖုန်းပြောဖို့ထွက်သွားတာ အဲ့ဒီ့ဘက်မဟုတ်လား..။အတွေးကြောင့် စိုးရိမ်စိတ်တို့ကြီးစိုးကာဆွဲထားသည့်လက်ကို ရုန်းလွှတ်လိုက်ပြီး...
""မမ ခဏလေး""
""အိန်ဂျယ်လ်..ဘယ်သွားမလို့လဲ?""
ပြေးလွှားသည့်လူတွေက များနေ၍ လူအုပ်ကြားထဲတိုးဝင်သွားသော အိန်ဂျယ်လ့်ကို အချိန်မီမဆွဲထားလိုက်နိုင်ပေ။
""အစ်မ...အိန်ဂျယ်လ်ရော""
""ဟင်!..အလင်း
အိန်ဂျယ်လ်...အိန်ဂျယ်လ်က နင့်ကိုမတွေ့လို့
ရှာဖို့ဆိုပြီး အဲ့ထဲပြန်ပြေးဝင်သွားတယ်""
""ဘာ!""
အထဲကိုပြန်ကြည့်လိုက်တော့ ဘာမှမမြင်ရအောင်ပင် မီးခိုးလုံးတွေထွက်နေပြီမို့ ထိတ်လန့်တုန်လှုပ်သွားရကာ စိုးရိမ်လွန်းသည့်ခြေလှမ်းတို့က ထိုအထဲသို့ဦးတည်မိရင်း...။
~~~~~~~~
""ကိုကို...အဟွတ်!
အ!""
အထဲမှာလူသံတွေသိပ်မရှိတော့ဘဲ မီးခိုးတွေကြောင့်ရှေ့ကိုလည်း သိပ်မမြင်ရပေ။ ထိုစဥ်မှာပဲ မျက်စိရှေ့ရုတ်တရက်ပေါ်လာသည့် မီးတောက်တစ်ခုကြောင့် လန့်ကာ နောက်ဆုတ်လိုက်မိ၏။
""ဟင်..ဟိုအခန်းထဲမှာ...မီးတွေ
အ...အား!!""
မီးတောက်တွေကို ခြောက်ခြားစွာလှမ်းကြည့်ရင်း ခေါင်းထဲမှလည်း နာကျင်ကိုက်ခဲလာတာကြောင့် လက်နှစ်ဖက်နဲ့ဖိကိုင်ကာ ခေါင်းကိုခါယမ်းထုတ်ပေမယ့် အာရုံမှာ ပိုလို့တိုးဝင်လာသော ပုံရိပ်တွေသည်...
!မီး...စံအိမ်ထဲမှာမီးလောင်နေတယ်
သခင်မလေး...သခင်မလေးရော!
!သမီး...ပြေးတော့
ဒီမှာမနေနဲ့..အပြင်ကိုထွက်...သွား သွား!
!သမီး ဒီမှာမေမေလေ...လာ
ဒီကိုလာခဲ့!
ခေါ်သံတွေနဲ့ သဲကွဲသောအရိပ်အယောင်တွေက အဆက်မပြတ်တိုးဝင်လာတာကြောင့် ခြေလှမ်းတို့က ယိုင်ကျသွားရပြီး...
""အ! မေ..မေ
ဟင့်အင်း...မဟုတ်ဘူး..မေမေမဟုတ်ဘူး""
!သတ်မလို့..ငါနင့်ကို သတ်မလို့!
""အား!!""
ရှုပ်ထွေးသောပုံရိပ်တို့ကြောင့် မခံရပ်နိုင်စွာနာကျင်မှုနဲ့အတူ မီးခိုးကြောင့်အသက်ရှူလည်းကျပ်သွားကာ လူက ပုံလျက်သားလဲကျသွားတော့၏။
အသိအာရုံတို့အမှောင်အတိမကျခင်မှာ နာကျင်မှုတွေကြားမှ ပြင်းပြသော တမ်းတခြင်းက...
""ကိုကို..!""
""ကယ်ပါ...အိန်ဂျယ့်လ်ကိုကယ်ပါ""
ထို့နောက်တွင်တော့မျက်လုံးအစုံက တဖြေးဖြေးမှိတ်ကျကာ ပတ်ဝန်းကျင်နဲ့အဆက်သွယ်ပြတ်လုလု...အချိန်လေး၌နားထဲတိုးဝင်လာသော ကယ်တင်ခြင်းရဲ့ခေါ်သံကို ကြားမိလိုက်၏။
""အိန်ဂျယ်လ်...""
ဟုတ်ရဲ့လားတော့မသိပေမယ့်...ကြားနေပါတယ်...
သူ အိန်ဂျယ်လ့်ကို ခေါ်နေတယ်။
~~~~~~~~
Continue to >>>Part-13
Readers/Writersလေးတွေအားလုံးက VIPပါ
Writer-WineSatt Cho(Lëmoñ)
See less