ကြင်နာသူ ... ရွှေမင်းသား
(or)
 သူ့ 'ချစ်ခြင်း' ကြောင့် 'လင်း'ပါသည်။
••••••••••• Part-[ 10 ] •••••••••••
ကိုကိုက အိန်ဂျယ့်လ်ကိုယ်ပေါ်မှာ ငုံ့မိုးလျက်ရှိနေရင်း ညှို့သောမျက်ဝန်းတို့ဖြင့်ကြည့်ကာ ချိုသော နှုတ်ခမ်းဖျားမှ ညင်သာစွာ ထွက်ပေါ်လာသည့် စကားသံက 'ချစ်တယ်' တဲ့။ ဟင်!! ကိုကိုက အိန်ဂျယ်လ့်ကို ချစ်တယ်လို့ ပြန်ပြောလိုက်တာလား?
ကြားခါစမှာတော့ ဒီအတိုင်း အိန်ဂျယ်လ်စိတ်ချမ်းသာအောင် ပုံမှန်တုံ့ပြန်စကားလေးဆိုလိုက်ခြင်းလို့ ထင်မိပြီး ရယ်မောကာ ပြန်ဖြေလိုက်ပေမယ့် တဖြေးဖြေးနဲ့ မျက်နှာဆီ ငုံ့ကျလာသော နှုတ်ခမ်းတို့ ပါးပြင်နဲ့ထိတွေ့မိချိန်မှ မျက်လုံးလေး ဝိုင်းစက်သွားရကာ အလန့်တကြားဖြင့် သူ့အင်္ကျီရင်ဘတ်ကိုလည်း လက်လေးနဲ့ ဖမ်းဆုပ်ထားမိသည်။ နွေးထွေးသော ခံစားချက်တို့က ပါးပြင်ကနေ နှလုံးသားအထိ စီးဝင်နေသော်လည်း လက်ဖျားလေးတွေကတော့ အေးစက်နေကာ သူ့ရင်ခွင်အောက်မှ ရုန်းလည်းမရုန်းမိဘဲ မျက်တောင်လေး ပုတ်ခတ် ပုတ်ခတ်ဖြင့် တောင့်တောင့်လေး ငြိမ်သက်နေမိ၏။
"".....""
ပါးလေးကို နမ်းရုံနဲ့ အေးစက်စက်လက်ဖျားတို့က သူ့အင်္ကျီရင်ဘတ်ကို လာဆွဲဆုပ်ကာ မျက်လုံးပြူးလေးဖြစ်နေသော ကလေးကြောင့် အလင်း တကယ်ရယ်ချင်ပါသည်။ ဘယ်လောက်တောင် ဖြူစင်နုနယ်နေတဲ့ ပန်းပွင့်လေးပါလိမ့်။ ဒီလိုဆိုတော့ ကိုယ်က မင်းကို ပထမဆုံးနမ်းခွင့်ရတဲ့ ယောကျ်ားဖြစ်နေလေမလားပဲ။ တကယ်တော့ ချစ်တယ်ဆိုတဲ့စကားကို ဒီအချိန်မှာပြောထွက်သွားဖို့ ကိုယ်မရည်ရွယ်ခဲ့ပါဘူး အိန်ဂျယ်လ်။ ဖြစ်နိုင်ရင် တစ်သက်လုံးပဲ ဖုံးကွယ်သွားလိုက်ချင်တယ်။
ချစ်ခဲ့ဖူးပါတယ်...လွမ်းခဲ့ဖူးတယ်။ ချစ်တဲ့သူနဲ့ဝေးကွာရတဲ့ နာကျင်ခြင်းကိုလည်း သိထားနှင့်ခဲ့တယ်။ ဒီအတွက်ကြောင့် ထပ်ပြီး ချစ်ရမှာကိုလည်း မလိုလားသလို ကိုယ့်နှလုံးသားကိုလည်း တစ်စုံတစ်ယောက်ဆီ ထပ်ပြီးမတိမ်းညွတ်စေရအောင် ရှောင်ဖယ်နေခဲ့ပါလျက်...၊နေလည်းနေနိုင်ခဲ့ပါလျက်...အခုတော့ ဘယ်လိုဖြစ်ရတာလဲ။ ဘယ်လိုလုပ်ပြီး 'မင်း' ဆိုတဲ့ ကလေးဆိုးလေးကို ကိုယ်ချစ်မိသွားရတာလဲ?
""ကိုကို!!""
သူမ မျက်နှာလေးဆီ ငုံ့ကြည့်ရင်း အတွေးတို့ရှည်ကြာနေရင်းမှ ခေါ်သံတိုးလျလျလေးကြောင့် အသိပြန်ဝင်သွားရကာ...
""ပြောလေ""
""ကိုကို တကယ်ပဲ အိန်ဂျယ့်လ်ကိုချစ်တယ်လို့ပြောလိုက်တာလား?""
"" အင်း""
""တကယ်ချစ်လို့လား?ဇာတ်လမ်းထဲက မင်းသမီးတွေကိုလည်း ဒီလိုပြောတာ တွေ့ဖူးသားပဲ""
နှုတ်ခမ်းစူကာပြောပြီး တစ်ဖက်သို့လှည့်သွားသည့်မျက်နှာလေးကြောင့် သူ ပြုံးမိရပြန်သည်။ ကြည့်ဦး! ဒါက မယုံကြည်တဲ့သဘောပေါ့လေ။
""အိန်ဂျယ်လ်...ဒီကိုကြည့်""
"".....""
""သူတို့နဲ့မင်းက မတူဘူးလေ""
""ဘာမတူတာလဲ?""
""နားထောင်! ကိုကို မင်းကိုချစ်တယ်
မင်းသမီးတွေကို ပြောဖူးတာက အလုပ်သဘောအရပဲလေ...cameraတွေရှေ့သရုပ်ဆောင်ရုံပဲ ခဏနေရင်မေ့ပစ်လိုက်မှာ...ဒါပေမယ့် မင်းကတော့ ကိုယ့်တစ်သက်လုံးစောင့်ရှောက်သွားချင်တဲ့ အချစ်ပဲ...အဲ့လိုမျိုး ကွာခြားတယ်""
""ဟုတ်လို့လား?""
""မင်းစိတ်ထင် ကိုကိုက မယုံကြည်ချင်စရာဖြစ်နေလို့လား?""
""ဟင့်အင်း...အဲ့လိုတော့ မဟုတ်...
အ!!""
""အိန်ဂျယ်လ်...ခေါင်းကိုက်လာလို့လား
ရရဲ့လား?""
သူ့မျက်နှာကို ပြန်ကြည့်နေရင်းမှပဲ စောကတည်းက အရှင်းမသက်သာသေးသည့် ခေါင်းကိုက်ခြင်းက ပြန်ဖောက်လာကာ အာရုံထဲ ပုံရိပ်တချို့ဝင်လာပြန်သည်။ ဒီတစ်ခါမှာတော့ မြင်ကွင်းတို့ကပါ ဝေဝါးသွားပြီး သိစိတ်လွတ်ချင်သလိုလိုတောင် ဖြစ်သွားရကာ ဘေးက စိုးရိမ်တကြီး ခေါ်နေသံကို ကြားပေမယ့် ပြန်မဖြေနိုင်ပေ။
""အိန်ဂျယ်လ်...ကိုယ် ခေါ်တာကြားရလား""
အလင်းလည်း စကားမေးမရသည့် ကလေးကြောင့် စိုးရိမ်စိတ်တို့ မြင့်တက်ကာ သူမ ကိုယ်လေးကို ပွေ့ထူလိုက်ပြီး ပါးလေးကို ဖွဖွစမ်း၍ ခေါ်မိပြန်သည်။ ဘယ်လိုပဲခေါ်ခေါ် အခြေအနေမထူးတာကြောင့် သူ အိန်ဂျယ့်လ်ကိုပွေ့ချီလိုက်ပြီး နေရာမှ ထရပ်၍ အပြင်သို့ခြေလှမ်းပြင်လိုက်တော့ စကားသံထွက်မလာပေမယ့် လက်လေးက တစ်ခုခုကို အမူအရာပြသည်မို့ သူမ အနားသို့ ခေါင်းကို ငုံ့ကပ်ကာ...
""ဘာပြောမလို့လဲ
ကိုကိုရှိတယ်""
""ဆေးရုံ မသွားချင်ဘူးနော်""
""မရဘူး.. .မင်း ဒီလောက်ခံစားနေရတာ
ဆေးရုံမသွားလို့မဖြစ်ဘူးလေ""
""ခဏလေးဆို ကောင်းသွားမှာပါ ကိုကိုရယ်
ခဏလေးအိပ်လိုက်မယ်နော်...ပြန်ထိုင်လိုက်ပါလား""
""မဟုတ်ဘူး...အိန်ဂျယ်လ်...""
""ကိုကို!!...အိန်ဂျယ်လ် အိပ်ချင်တယ်""
ဆေးရုံသွားဖို့ အတင်းငြင်းနေသောကြောင့် သူ စိတ်တိုင်းမကျချင်ပါ။ ဘာဖြစ်မှန်းသိရအောင် စမ်းသပ်ကြည့်မှသိမှာလေ...။ပြန်ငုံ့ကြည့်လိုက်တော့ စောစောကထက် အနည်းငယ်ငြိမ်သက်သွားသည့်အတွက် စိတ်ကိုလျှော့ကာ သူမကို ပွေ့ထားလျက်ဖြင့် ဆိုဖာပေါ်ပြန်ထိုင်နေလိုက်ရ၏။ ဒီတော့မှ ရင်ဘတ်ပေါ် ခေါင်းမီရင်း မျက်နှာလေးလာအပ်ထားကာ မျက်ဝန်းလေးတွေ မှိတ်ယှက်လျက်ငြိမ်သက်နေလေရဲ့။ သူလည်း ဘေးတစောင်းမြင်နေရသည့် မျက်နှာလေးကို ငုံ့ကြည့်ရင်း စိုးရိမ်စိတ်ပူစွာ ပါးလေးကို လက်နဲ့ မကြာခဏစမ်းနေမိသည်။ အိန်ဂျယ်လ် အရင်က ဒီလိုမျိုးမဖြစ်ဖူးပါဘူး။ ဧကန္တ မေ့နေတဲ့ အကြောင်းအရာတွေက မင်းဆီ ပြန်လာနေကြပြီထင်တယ်...။
အခုတော့ သူလည်းစိုးရိမ်တတ်ခဲ့ပါပြီ။ အတိတ်တွေကို ပြန်မမှတ်မိစေချင်တာ မဟုတ်ပေမယ့် နှစ်ယောက်ကြားက ဒီအနေအထားလေးပျောက်ပျက်သွားရမှာကိုလည်း စိုးရိမ်သည်။ သာမန်လေးပဲဆိုရင် ကိစ္စမရှိပေမယ့် အခြေအနေတစ်ခုခုပြောင်းလဲစရာ ဖြစ်လာခဲ့ရင်...တစ်စုံတစ်ယောက်ကများ အိန်ဂျယ့်လ်ကို ကိုယ့်ရင်ခွင်ထဲက ဆွဲထုတ်သွားခဲ့ရင် ဘယ်လိုခံနိုင်ရည်မျိုးနဲ့နေခဲ့ရမှာလဲ?ရင်မောမိတယ် အိန်ဂျယ်လ်...မင်းနဲ့ကိုယ့်ရဲ့အနာဂါတ်စာမျက်နှာမှာ တကယ် ဘာတွေများရှိနေလိမ့်မလဲ?
တစ်ယောက်ထဲအတွေးတို့ဖြင့် သက်ပြင်းကို အခါခါချရင်း လက်တို့ကတော့ ရင်ခွင်ထဲပွေ့ထားသည့် ကလေးရဲ့ဆံနွယ်လေးတွေကို ဖွဖွပွတ်သပ်ပေးနေမိစဥ်...ရုတ်တရက် သူ့လက်အား ဖမ်းဆုပ်ထားခြင်းခံလိုက်ရသည်မို့ ပြန်ငုံ့ကြည့်မိတော့ မျက်လုံးတို့က ဖွင့်မလာပေမယ့် နှုတ်ခမ်းနုနုလေးမှာ ပြုံးယောင်ယောင်လေး ပေါ်နေလေ၏။
""အိပ်မပျော်သေးဘူးလား
အိပ်လေ""
""အင်းပါ""
""သက်သာရဲ့လား?
အရမ်းဆိုးလာရင် ကိုကို့ကိုပြောနော်""
""ဟုတ်""
ခဏကြာတော့ သူ့လက်ကို လာရောက်ဖိဆုပ်ထားသည့် လက်လေးတွေက အနည်းငယ်ပြေလျော့သွားတာကြောင့် အိပ်ပျော်သွားမှန်းသိလိုက်ပါသည်။ သို့ပေမယ့် သူကတော့ ထိုင်နေရာမှ မထဖြစ်ဘဲ ဒီအတိုင်းလေးသာ ရှိနေရင်း သူမမျက်နှာလေးကိုသာ မကြာခဏငုံ့ကြည့်နေမိရင်း...။
နံရံပေါ်မှာတော့ အလှည့်ကျလည်ပတ်နေသည့် နာရီ မိနစ် စက္ကန့်လေးတွေက တရွေ့ရွေ့ကုန်ဆုံးနေလျက်..။
~~~~~~~~
ထိုနေ့မှစ၍ အိန်ဂျယ်လ် မကြာခဏ ခေါင်းကိုက်တတ်လာရသည်။ အာရုံမှာလည်း တစ်ပိုင်းတစ်စမြင်ယောင်နေသည့် ပုံရိပ်တွေက ဝေဝါးသွားလိုက် တစ်ချို့ကျ ပီပြင်သွားလိုက်ရှိပေမယ့် အကြောင်းအရာ အလုံးစုံကိုတော့ မဆက်စပ်နိုင်သေးပေ။ ဘာပဲဖြစ်ဖြစ် သေချာသည်မှာ အိန်ဂျယ်လ်က ရိုးရှင်းတဲ့ဘဝက လာခဲ့သူမဟုတ်နိုင်ပေ။ အိပ်မက်မက်တိုင်းလည်း လူတစ်ချို့က တစ်နေရာကို အတင်းဆွဲခေါ်နေ၍ ရုန်းကန်ပြေးလွှားရင်း မောဟိုက်စွာ နိုးထလာခဲ့ရပေါင်းများပြီ။ ဘာကိုမှ မသိချင်တော့ပါဘူး...ဒီအတိုင်းလေး.. ချစ်ရတဲ့ ကိုကို့အနားမှာပဲ အတူရှိသွားလိုက်ချင်တာပါ။ ဒီလိုဆိုရင် မဖြစ်ဘူးလား ကံကြမ္မာရယ်။ ကျေးဇူးပြု၍ အိန်ဂျယ့်လ်ကို ရှုပ်ထွေးလှတဲ့ အတိတ်တွေဆီ ပြန်မပို့ပါနဲ့တော့လား။
""အိန်ဂျယ်လ်...ကော်ဖီသောက်လေ
ဘယ်တွေငေးနေတာလဲ""
""မငေးပါဘူး မမရဲ့...တွေးနေတာ
ကိုကိုရော?""
"" နောက်ရိုက်မယ့်sceneအတွက် အဝတ်အစားလဲနေတယ်""
""""
""ခဏလေး...မမ ဖုန်းလာလို့ သွားပြောလိုက်ဦးမယ်
ထိုင်နေနော်""
""ဟုတ်""
မမထွက်သွားတော့ အိန်ဂျယ်လ်လည်း ခုံလေးမှာထိုင်ရင်း ဘေးပတ်ဝန်းကျင်ကိုလိုက်ကြည့်နေမိသည်။ ဒီနေ့ shootingက outdoor sceneမို့ အပြင်ရှုခင်းလေးတွေ ကြည့်ကာ settingပြင်နေသည့် လူတွေဘက်လည်း လှမ်းကြည့်ပြီး လက်ထဲက ကော်ဖီဗူးလေးကိုလည်း မော့သောက်ရင်း စဥ်းစားခန်းက ဝင်ရပြန်သည်။ ရုပ်ရှင်တစ်ခါရိုက်ရင် အနားမှာ လူတွေကမနည်းဘူးပဲ။ ဘယ်နှယောက်တောင် ရှိပါလိမ့်!
""""
တွေးနေရင်းမှ ဖုန်းလေးဝင်လာသံကြား၍ ငုံ့ကြည့်လိုက်တော့ ကိုကိုဖြစ်နေတာကြောင့် မျက်နှာလေးပြုံးသွားရကာ ဖုန်းကိုဖွင့်ကိုင်လိုက်ပြီး..
""ကိုကို!""
"".....""
""မသွားပါဘူး...ဘယ်မှလျှောက်သွားဘူး
မမအနားမှာပဲထိုင်နေတာ""
"".....""
""ဟုတ်..လာခဲ့မယ်
ခဏစောင့်""
ဖုန်းပြောပြီးသည်နှင့် နေရာမှထရပ်ကာ ခြေလှမ်းတို့က ရွေ့လာခဲ့သည်။ ကိုကိုက သူ့ဆီခဏလာခဲ့ဖို့ ခေါ်၍ ပြောသည့်နေရာသို့ လျှောက်လာရင်း တစ်နေရာအရောက်မှာ...ရုတ်တရက်ရှေ့က ပေါ်လာသည့် လူနှစ်ယောက်ဖြင့်ဝင်တိုးမိလေ၏။ တစ်ယောက်က ရှောင်လိုက်ဖို့အချိန်မီသွားသော်လည်း နောက်တစ်ယောက်ရဲ့ အင်္ကျီဖြူဖြူပေါ်သို့ အိန်ဂျယ့်လ် လက်ထဲက ကော်ဖီရည်များဖိတ်စင်ကုန်လေ၏။
!သေပါပြီ...ငါတော့ ပြသာနာတက်ပြီထင်တယ်!
""......""
'ဆွိ'နဲ့ stylistတို့ နှစ်ယောက်သား စကားတပြောပြောဖြင့် ထွက်လာစဥ် ရှေ့ကိုမကြည့်ဘဲ ဖုန်းကိုသာ အာရုံစိုက်လျက်လျှောက်လာသည့် ချာတိတ်မတစ်ယောက် လာဝင်တိုက်လေ၏။ တိုက်တာတောင်ရိုးရိုးမဟုတ်... လက်ထဲက ကော်ဖီတွေကြောင့်ဇာတ်ဝင်ခန်းအတွက် ပြင်ဆင်ထားသော အင်္ကျီတွေလည်း ပေကျံကုန်သည်မို့ ဆွိ စိတ်တိုသွားရကာ ဒေါသမျက်ဝန်းများဖြင့် ရှေ့က ကလေးမကို စူးခနဲကြည့်မိသွားရသည်။
ဘယ်သူများလဲ မှတ်တယ်။ အလင်းရဲ့အနားမှာ အမြဲကပ်နေတဲ့ ငတိမကိုး! မန်နေဂျာရဲ့ ညီမဆိုပြီးရှုတင်လာတိုင်း တွေ့ရတတ်ကာ အလင်းကလည်း သူ့ကို အရေးပေးဂရုစိုက်တာ အားလုံးသိသည်။ ပုံစံက ကလေးလိုလိုနဲ့သိပ်ပြီး ထူးခြားလှတယ်လည်းမဟုတ်။ ဘာတွေများ စွမ်းနေလဲမသိပေမယ့် မျက်နှာသေနဲ့ ခပ်ချေချေ ရွှေမင်းသားနဲ့တောင် သို့လော သို့လော ထင်ကြေးပေးသူများရှိနေပြီ။ ဒါတော့ မဖြစ်နိုင်ပါဘူး...အလင်းလိုလူက သူ့ကို ကြိုက်တာတော့ ဘယ်နည်းနဲ့မှမဖြစ်နိုင်ဘူး...။
'အလင်းနှစ်'ကို ဟန်နီဆွိ ဆိုတဲ့ ဒီမင်းသမီး ကပ်တုန်းကတောင် ခေါက်ထားခံခဲ့ရတာကို သူ့ကိုကျ မျက်နှာသာပေးလိုက်တာ..အမြင်ကိုကပ်တယ်။ စတွေ့ကတည်းက မျက်မုန်းကျိုးတာပါ။ သူကလည်း ဆွိကို ဘာတွေမကျေနပ်တယ်မသိ...ဟိုတစ်ခါကဆို မျက်စောင်းလှမ်းထိုးတာပါ တွေ့ရသေးရဲ့။ အခုလည်း အလင်း အားကိုးနဲ့ တမင်ရန်လာစတာပဲဖြစ်မည်။ နင်နဲ့တော့တွေ့ကြသေးတာပေါ့...
""ဒီမှာ...ဝင်တိုက်ပြီးရင် တောင်းပန်မှပေါ့
နင်ကလည်းမှားသေးတယ်...ဘာ မျက်လုံးပြူးနဲ့ပြန်ကြည့်နေတာလဲ'"
ဒီစကားကို ကာယကံရှင်က မပြောဘဲ ဘေးလူထံမှ ထွက်လာခြင်းကြောင့် အိန်ဂျယ်လ် စိတ်တိုသွားရသည်။ တောင်းပန်မလို့ပါပဲ...အမှားလုပ်မိရင် တောင်းပန်ရမယ်မှန်း အိန်ဂျယ်လ်လည်း သိပါတယ်။ တကယ်ဆို ကိုယ်လည်း တမင်လုပ်တာမှ မဟုတ်ဘဲ... အခုတော့ သူတို့က လေသံမာကြီးနဲ့...။
အတွေးက ထိုသို့ပေမယ့် လက်တွေ့မှာတော့ ကိုယ့်အမှားမို့ ခေါင်းကို ငုံ့လိုက်ကာ...
""အိန်ဂျယ်လ် တောင်းပန်ပါတယ်။
မမြင်လိုက်မိလို့ပါ...အင်္ကျီတွေကို ဘယ်လိုပြန်လုပ်ပေးရမလဲ""
""ဘယ်လိုလုပ်ရမှာလဲ...ဒါ အခုရိုက်မယ့်sceneအတွက်ပြင်ထားတဲ့ဟာ...ဒီမှာ နင် ဒါတမင်လုပ်တာ မဟုတ်လား""
""ဟင်...အိန်ဂျယ်လ်ကဘာလို့ရှင့်ကို တမင်လုပ်ရမှာလဲ""
""သိနိုင်မလား..နင်ကငါ့ကိုအမြဲရန်လိုနေတာ""
""ဟက်! အိန်ဂျယ်လ်က သူများကိုအသားလွတ်မမုန်းတတ်ပါဘူး..အခုလည်း မတော်တဆဖြစ်သွားရတာ။ တောင်းလည်း တောင်းပန်နေတာပဲ...ရှင် မကျေနပ်လည်း မပြောတတ်ဘူး""
""ဟ! နင်ကလည်းမှားသေးတယ်
ငါ့ကိုလည်း ပြန်ပြောရဲတယ်...အရေးပေးခံရလို့တော်တော်ဘဝင်မြင့်နေတာပဲ""
""အိန်ဂျယ်လ် ရှင့်ကိုတောင်းပန်နေတာပဲ""
စကားက အချေအတင်ဖြစ်လာရတော့ အနားကလူတွေလည်း အာရုံစိုက်လာလေ၏။ Directorနဲ့ shooting managerကလည်း ပြေးလာကာ...မမနေခြည်လည်း အိန်ဂျယ့်လ်အနားရောက်လာပါသည်။
""ဆွိနဲ့ အိန်ဂျယ်လ် ဘာဖြစ်တာလဲ?""
""ညီမလေး...ဘာဖြစ်လို့လဲ?""
""ရောက်လာပြီလား..ရှင့်ညီမပေါ့ ဆွိကိုရန်လာစနေတယ် ဒီမှာကြည့်ဦး အဝတ်အစားတွေအကုန်ပေကုန်ပြီ""
""မမ...အိန်ဂျယ်လ် တမင်လုပ်တာမဟုတ်ဘူး
သူ့ကိုလည်း တောင်းပန်ပြီးပြီ...သူက""
""sorryပါ...ညီမလေးအစား နေခြည်တောင်းပန်တယ်နော်""
""မတောင်းပန်နဲ့..ခွင့်မလွှတ်ဘူး သူတမင်လုပ်တာ ဆွိသိတယ်""
ဒီလောက်ပြေလည်အောင် တောင်းပန်နေပါလျက် တမင်လုပ်တယ်ပဲ ဇွတ်ပြောနေသောကြောင့် အိန်ဂျယ်လ် ဒေါသဖြစ်သွားရကာ...စိတ်ရဲ့ဦးဆောင်ရာနောက် လက်ကပါ၍ ကော်ဖီဗူးက ထိုမိန်းကလေးဘက်ဦးတည်သွားရပြန်တော့ ...
""ဟဲ့...ညီမလေး မလုပ်ရဘူးလေ""
လက်ကလှုပ်ရှားမှုကို ရိပ်ခနဲမြင်လိုက်၍ နေခြည် ပျာပျာသလဲ လှမ်းတားလိုက်သော်လည်း အချိန်မမီလိုက်ပါချေ။ ဗူးထဲရှိလက်ကျန်ကော်ဖီများက ဟန်နီဆွိဘက်သို့နောက်တကြိမ် ရောက်ရှိသွားရချိန်တွင်...။
~~~~~~~~
တစ်ဖက်မှာတော့ designerနဲ့စကားပြောရင်း scriptကိုလည်း ဖတ်နေစဥ် အခန်းဝဘက်ကို မကြာခဏကြည့်နေမိသည်။ အပြင်မှာ နေပူလို့အထဲဝင်နေဖို့ပြောလည်း အပြင်မှာပဲထိုင်မယ်လုပ်နေလို့ မနည်းခေါ်ထားရတာကို..။အခုကြည့်...မလာသေးပါလား။ နေရာကို ရှာမတွေ့တာလား..။ အတွေးကြောင့် ဖုန်းကိုထုတ်ကာ ခေါ်ကြည့်ဖို့ပြင်နေဆဲမှာပဲ ရိုက်ကူးရေးအဖွဲ့မှ staffတစ်ယောက်ပြေးလာကာ...
""အလင်း...ဟိုမှာမင်းမန်နေဂျာနဲ့ ဆွိတို့ပြသာနာတက်နေတယ်""
""ဟမ်! ဘာဖြစ်တာလဲ""
""မသိဘူး...အိန်ဂျယ့်လ်ကြောင့်ဖြစ်တာထင်တယ်""
စောစောက အေးဆေးစွာ မေးခွန်းထုတ်လိုက်ပေမယ့် 'အိန်ဂျယ့်လ်ကြောင့်'ဆိုသည်နှင့် သူ နေရာမှ ချက်ချင်းထရပ်မိကာ ခြေလှမ်းတို့ကလည်း ချက်ချင်းအပြင်သို့ရောက်သွားလေပြီ။
~~~~~~~~~
""နင်...နင်ကများ
ကဲဟာ!!""
""ဖြန်း!!""
""ဟာ!""
""ညီမလေး...""
ဘေးနားက အသံတွေစုံသွားရသလို ပြင်းထန်လှသည့်ရိုက်ချက်ကြောင့် အိန်ဂျယ်လ်လည်း ဘေးသို့ယိုင်ခနဲလဲကျသွားရပါ၏။ ဒီလောက်ထိ ပြင်းထန်လိမ့်မယ်မထင်ခဲ့၍ ရုတ်တရက်ကြောင်အသွားကာ နာကျင်ပူထူသွားသည့် ပါးတစ်ဖက်ကိုလည်း လက်ဖြင့်အုပ်ကိုင်ရင်း မျက်ရည်များကစီးကျလာရသည်။ ဘေးမှာလည်း လူတွေက အများကြီး ဝိုင်းပြုံကြည့်လာတော့ ခန္ဓာကိုယ်တစ်ခုလုံးတောင် အငွေ့ပျံလာသလိုပင်။
"".....""
""ညီမလေး...လာ ထ
ရရဲ့လား?""
မမက လက်မှပြန်ဆွဲထူးပေးတော့ အိန်ဂျယ်လ်ပြန်ထရန် ပြင်လိုက်စဥ်မှာပဲ ရုတ်တရက် ခါးလေးမှဖက်ကာ ပွေ့ထူခြင်းခံလိုက်ရ၍ ဘေးနားသို့ပြန်လှည့်ကြည့်လိုက်မိတော့ စိုးရိမ်သည့်မျက်ဝန်းများဖြင့် ကြည့်ကာ လက်လေးကို ဆုပ်ကိုင်လိုက်သူက အိန်ဂျယ့်လ်ရဲ့ ကြင်နာသူ ကိုကို...။ သူက အိန်ဂျယ်လ့်ကိုယ်လေးကို သူ့ဘက်သို့ဆွဲခေါ်ကာ ရင်ခွင်ထဲဖက်ထားလိုက်သော်လည်း စူးရဲနေသည့် မျက်လုံးများကတော့ ရှေ့က မိန်းကလေးဆီသို့ ဦးတည်သွားရလေ၏။
""ဘာဖြစ်တာလဲ... ပြော""
""ဒီမှာလေ..အခြေအနေကမြင်တဲ့အတိုင်းပဲ""
""အိန်ဂျယ်လ် တမင်လုပ်တာမဟုတ်ဘူး ကိုကို
မတော်တဆဖြစ်တာပါ""
ထွက်ပေါ်လာသည့် အသံလေးကြောင့် ဘေးသို့ငဲ့ကြည့်မိတော့ ပါးပြင်ပေါ်က အနီရောင်အမှတ်အသားက သူ့ဒေါသတွေကို ဖိတ်ခေါ်နေသလိုပင်။ ပြသာနာဖြစ်တယ်ကြားသည်နှင့် သူမ ရှိရာဆီပြေးလာပေမယ့် အနည်းငယ်လေး နောက်ကျသွားရခြင်းမှာ အခုလို အနာတရမျိုးဖြစ်သွားရတာမို့ ပိုလို့ဒေါသထွက်နေရသည်။ မျက်စိရှေ့တင် ဟိုမင်းသမီးရဲ့ ရိုက်ချက်ကြောင့်အိန်ဂျယ်လ် လဲကျသွားရတာ...။ တွေးရင်းကပဲ ရင်ထဲ ဒေါသတို့ မုန်တိုင်းထန်ကာ...
""တောက်!!""
""ဒါလေးဖြစ်တာကို မင်း ဒီလို ကိုယ်ထိလက်ရောက်လုပ်ဖို့လိုသလား...မင်း အဝတ်အစားဘယ်လောက်တန်လဲ...ငါ လျော်တယ်""
""အလင်း...ဒေါသမထွက်ပါနဲ့
ပြေပြေလည်လည်ပြော..စိတ်လျှော့!""
""ဟုတ်တယ်...အလင်း အဲ့လောက်ဒေါသမထွက်ပါနဲ့""
အနားကလူတွေ ပြေအေးစွာပြောနေပေမယ့် ထွက်ခဲလှသည့် ဒေါသက အရှိန်မသေနိုင်တော့ပေ။ ဘယ်လောက်တောင် တရားလွန်လိုက်သလဲ?ကြီးမားတဲ့ ကိစ္စမဟုတ်ပါဘဲ တမင်ပြသာနာရှာကာ သူ အမြတ်တနိုးနမ်းတဲ့ ပါးကို ဒီလိုထိပါးရတယ်လို့...
""Sorry! ဆွိဘက်ကလွန်သွားရင်တောင်းပန်ပါတယ်""
""ရတယ်..မလိုဘူး
အိန်ဂျယ့်လ်အမှားအတွက် ငါတောင်းပန်တယ်""
"".....""
""ပြီးတော့ အားလုံးကို...တစ်ခုပြောချင်ပါတယ်..ဒီဇာတ်လမ်းကို ကျွန်တော် ဟန်နီဆွိနဲ့လက်တွဲပြီး ဆက်မရိုက်နိုင်တော့ဘူး..ဒီအတွက် 'အလင်းနှစ်'ရဲ့ပျက်ကွက်မှုအဖြစ် မှတ်ယူပြီး..လျော်ကြေးကိုဆွေးနွေးလို့ရပါတယ်..""
""အလင်း..အဲ့လိုမလုပ်နဲ့လေ
အခုက လက်စသတ်ခါနီးနေပြီ""
""ဟုတ်ပါတယ်..ဒီလောက်မြန်မြန်ဆုံးဖြတ်ချက်မချပါနဲ့..ဒီနေ့အတွက်စိတ်အနှောက်အယှက်ဖြစ်သွားတယ်ဆိုရင် shootingခဏနားလိုက်မယ်""
""ကျွန်တော့်ဆုံးဖြတ်ချက်ကို ပြင်ဖို့မရှိဘူး
sorryပါ""
""အလင်း...ဒီကောင်လေးကတော့ ခက်တာပဲ""
စကားဆုံးသည်နှင့် ဘေးက ကောင်မလေးကိုလက်ဆွဲကာ ထွက်သွားလေတဲ့ အလင်းနှစ်ကို အားလုံးက အံ့သြစွာ ကြည့်နေကြလေ၏။ ဘယ်တုန်းကမှ ဒီလောက်သွေးဆူတဲ့ ပုံစံမျိုးကိုမတွေ့ခဲ့ဖူး၍ ပိုလို့အံ့သြနေကြတာပင်။
~~~~~~~~
အိန်ဂျယ့်လ်ကို ကားဆီပြန်ခေါ်လာခဲ့ပြီးတော့ နောက်ခန်းထဲမှာ အတူဝင်ထိုင်နေလိုက်သည်။ ရှင်းစရာကိစ္စက ကျန်နေဦးမှာမို့ မန်နေဂျာကို ခဏစောင့်နေရင်း ဘေးက ကလေးမဆီ အကြည့်ရောက်မိတော့ အနားမှာမထိုင်ဘဲ ဟိုဘက်က တံခါးကို ပေါက်ထွက်မတတ်သွားမီကာ ထိုင်နေလေ၏။ ရှိုက်သံကလည်းထွက်နေဆဲမို့ ငိုနေသေးမှန်းသိနေလေတော့ သူသက်ပြင်းကိုချမိပေမယ့် ဘာမှတော့မပြောဖြစ်ဘဲ ကားရှေ့ခန်းမှ တစ်စုံတစ်ခုကို ရှာဖွေနေမိသည်။ သူ့ဘက်ကကြည့်ရင် မြင်သာတဲ့အခြမ်းက ပါးပြင် နီရဲရဲကြောင့် စိတ်ကအဆင်ပြေမနေဘူးလေ...။
"".....""
အိန်ဂျယ်လ်ကတော့ လက်ရှိအနေအထားကို လန့်နေသဖြင့် ဘာစကားမှပြောမထွက်သလို ကိုကို့မျက်နှာကိုတောင် စေ့စေ့မကြည့်ရဲပါ။ ကိုယ်စတဲ့ ပြသာနာကြောင့် အခုဘာတွေဖြစ်ကုန်ပြီလဲ။ ကိုကို့အလုပ်ကိစ္စတွေလည်း ထိခိုက်ရပြီ။ သူတော်တော်စိတ်ဆိုးနေပြီထင်ပါတယ်...အိန်ဂျယ်လ် ကိုကို့ကိုသိလာသမျှမှာ ဒီလောက်ဒေါသကြီးတဲ့ ပုံစံမျိုးတစ်ခါမှမတွေ့ဖူးခဲ့။ အခုလည်းကြည့်! မျက်နှာတည်ကြီးနဲ့ ဘာစကားမှလည်းမပြောတော့ပေ။
ဒုက္ခရေ! ဒီလိုနဲ့ အိန်ဂျယ်လ်လမ်းဘေးရောက်ရတော့မှာလား? ကိုယ့်ဘာသာမနေဘဲ ပြသာနာသွားရှာမိတော့ ခက်ပါပြီ။ သူက အိန်ဂျယ့်လ်ကို မောင်းထုတ်လိုက်ရင် ဘယ်လိုလုပ်မလဲ။ မမ အိမ်မှာမနေနဲ့တော့ ဆိုရင်ရော???
""အ!!""
အတွေးတို့ ယောက်ယတ်ခတ်နေစဥ် အရိုက်ခံရသည့်ပါးပြင်ပေါ်သို့ ဖွဖွလေးတို့ထိလာသည့် အထိအတွေ့ကြောင့် လန့်သွားရကာ ဘေးသို့ပြန်ကြည့်တော့ အနားသို့ ရောက်နေပြန်သည့် ကိုကို..။ပါးစပ်ကတော့ ဘာမှမပြောပေမယ့် လက်တို့ကတော့ အိန်ဂျယ့်လ် ပါးပြင်ပေါ် တရွေ့ရွေ့နဲ့ ခပ်စေးစေးခံစားချက်လေးကြောင့် ဆေးလိမ်းပေးမှန်းသိလိုက်ပါ၏။
""ကိုကို""
""ဘာလဲ..ပြော""
""အိန်ဂျယ့်လ်ကိုစိတ်ဆိုးနေလားဟင်
တောင်းပန်ပါတယ်...သက်သက်မဲ့ လျှောက်ပြီးပြသာနာရှာမိတယ်""
""ကိုယ့်ကိုကိုယ်သိရင်ပြီးရော
စကားမများနဲ့တော့""
""...""
""မင်းက ဘာလို့သူများလုပ်တိုင်း ခံရတာလဲ
ပြန်ပြီးမတုံ့ပြန်တတ်ဘူးလား...ဘာလို့လူကြားထဲ ငိုနေလဲ""
""လန့်သွားလို့ပါ""
""ဒီလို ဆေးလိမ်းပေးနေရတာ ဘယ်နှခါရှိပြီလဲ?နောက်ဆို မင်းဒဏ်ရာရရင်ကိုယ်ဂရုစိုက်မှာမဟုတ်ဘူးနော်...""
""ဟင့်! ဘာလို့လဲ?""
""ဆေးလိမ်းပေးမယ့်သူရှိရင် အကျင့်ပါပြီး ဒဏ်ရာအရခံနေမှာစိုးလို့""
အခုမှပဲ မျက်နှာက နည်းနည်းပြုံးလာတာကြောင့် အိန်ဂျယ်လ် သူ့မျက်နှာကို သေချာလေးကြည့်လိုက်ရင်း...
""ကိုကိုစိတ်မဆိုးတော့ဘူးလားဟင်?""
""အစကတည်းက စိတ်ဆိုးတယ်ပြောမိလို့လား?""
အဖြေစကားလေးကြောင့် အိန်ဂျယ်လ်အခုမှပဲ ပျော်နိုင်တော့ကာ ကိုကို့ရင်ခွင်ထဲသို့ အတင်းတိုးဖက်ထားလိုက်မိ၏။ စိတ်မဆိုးဘူးဆိုလို့ တကယ်တော်ပါသေးရဲ့...
""ဟာ..အတင်းမမီနဲ့လေကွာ
ဒီမှာ ဆေးတွေပေကုန်ပြီ""
ပြောလိုက်တော့မှ ခေါင်းလေးမီထားပေမယ့် ရင်ခွင်ထဲအပ်ထားသည့် မျက်နှာလေးကို အနည်းငယ်ခွာလိုက်တာကြောင့် လက်တစ်ဖက်က သူမ ကိုယ်လေးကိုဖက်ထားရင်း တစ်ဖက်ကလည်း ဆေးကိုဆက်လိမ်းပေးနေစဥ်...
""အလင်း...မင်းကို အစ်မ..
ဟင်..!""
ရုတ်တရက် ရှေ့ခန်းကတံခါးကို ဆွဲဖွင့်လိုက်ရင်း ပြောလိုက်သူက Alexပင်။ တွေ့ရသည့်အနေအထားကြောင့် မျက်နှာကြီးက ပြုံးဖြီးကာ...
""မင်းကိစ္စနဲ့ အစ်မတော့ ခေါင်းမီးတောက်အောင်ရှင်းရတော့မယ်..မင်းကသာယာနေတယ်ပေါ့""
""မင်းကဘယ်လိုရောက်လာတာလဲ?""
""သီချင်းnotesလာပေးတာလေ
စောစောကဖြစ်တာမြင်တယ်..အခုဖြစ်နေတာကိုတော့ ကားမှန်လုံနေလို့မမြင်မိလိုက်ဘူး..sorry ဟဲ ဟဲ""
""ဆေးလေးလိမ်းပေးရုံပါကွာ""
""ဟင်း! အလင်းနှစ်ရဲ့နည်းလမ်းကောင်းကြီးမှတ်တောင်ထားရဦးမယ်..ဆေးလိမ်းတာ အဲ့လိုရင်ခွင်ထဲထည့်ပြီးလိမ်းရတာလား?""
""တော်တော့နော်...ငါ့ဒေါသက ဒီဧရိယာတစ်ဝိုက်ပဲစက်ကွင်းလွတ်တာ..ကျန်တဲ့နေရာတွေစောစောကအတိုင်းပဲ""
""အေးပါကွာ...သွားပြီ ငါလည်း""
စနောက်ပြီးတော့ သူငယ်ချင်းဖြစ်သူလည်းထွက်သွားလေ၏။ ခဏနေတော့ သူတစ်ခုသတိရသွားကာ...
""အိန်ဂျယ်လ်..စနေနေ့ကျရင် ကိုကိုညနေပိုင်းအားတယ်...ဘယ်သွားချင်လဲ?""
""မသွားချင်ပါဘူး ကိုကိုရယ်
အားတယ်ဆိုလည်း နားလိုက်ပေါ့..ကိုကိုက အမြဲအလုပ်များနေရတာ""
""တစ်ခါတစ်လေတော့လည်း ချစ်သူနဲ့dateရမှာပေါ့""
""dateတယ်ဆိုတာ ဘာလဲ?""
""သြော်! ချစ်သူတွေနှစ်ယောက်ထဲ အတူလျှောက်သွားတာ..ရုပ်ရှင်ကြည့်တာ မုန့်စားတာမျိုးလေ""
""ဒါဆို ရုပ်ရှင်ကြည့်မယ်""
""အင်း..ok!""
~~~~~~~~
ချိန်းထားတဲ့နေ့ကျတော့ အိန်ဂျယ်လ် ကိုကို့ shootingဆီလိုက်မသွားတော့ဘဲ အိမ်မှာပြင်ဆင်ပြီးမှ ကိုကို့ အိမ်ကိုtaxiနဲ့လာခဲ့လိုက်သည်။ အခုတော့ လိပ်စာကိုပြောပြီး taxiစီးတာမျိုးကို အိန်ဂျယ်လ်လုပ်တတ်နေပါပြီ။ မမကတော့ စိတ်မချလို့ ခဏခဏကိုဖုန်းတွေခေါ်နေတော့သည်။ တကယ်ဆို ဟိုကိုလိုက်သွားပြီးမှ အတူတူအိမ်ပြန်လာလည်းရပေမယ့် ကိုကိုကလည်း အိမ်ကိုအရင်ပြန်လာဦးမည်ဆို၍ အိန်ဂျယ်လ် ဒီကပဲလာစောင့်နေလိုက်တော့သည်။ ဖုန်းဆက်ထားပါတယ်...ကိုကို ပြန်လာနေပြီတဲ့!
အိမ်သော့ကတော့ အိန်ဂျယ့်လ်ဆီမှာလည်း ရှိတာကြောင့် အထဲသို့အဆင်ပြေပြေပဲဝင်လာရင်း ကိုကို့ အလာကိုစောင့်နေမိသည်။ ပြောရရင် ကိုကိုနဲ့အပြင်မှာထွက်လည်မျိုးတစ်ခါမှမလုပ်ဖူးဘဲ အခုမှ ပထမဆုံးdateမို့ ရင်ထဲတောင်ခုန်နေမိသား။
""အဟက်!""
တစ်ယောက်ထဲ ဟိုဒီလမ်းလျှောက်နေရင်းမှ တနေ့က ပန်းချီလေးတွေရှိသည့် အခန်းကိုထပ်ရောက်မိပြန်သည်။ အခန်းလေးထဲလှည့်ပတ်ကြည့်နေစဥ် ထောင့်တစ်နေရာမှာ ရှိနေသော စားပွဲလေးထံ အကြည့်ရောက်မိတော့ ဘာရယ်မဟုတ် သွားစပ်စုမိပြန်၏။
""ဟင်!""
စားပွဲရဲ့ အံဆွဲကို ဖွင့်ကြည့်မိချိန်မှာတော့ အထဲ၌တွေ့လိုက်ရသော အရာလေးကြောင့် စူးစမ်းစွာထုတ်ကြည့်လိုက်မိသည်။ ကတ္တီပါဗူး အနက်လေးထဲမှာ တလက်လက်တောက်နေသည့် စိန်လက်စွပ်လေးရှိနေပြီး တွေ့တွေ့ချင်းမှာပဲ သဘောကျမိသည့်စိတ်ကြောင့် ထိုအရာလေးအား ထုတ်ယူကာ ဝတ်ကြည့်မိစဥ် အိန်ဂျယ့်လ်လက်ချောင်းလေး၌ အံဝင်ခွင်ကျလေးဖြစ်နေလေရဲ့...
""ဟယ်..ငါနဲ့အတော်ပဲ""
တစ်ယောက်ထဲပြောကာ နောက်ဘာများရှိဦးမလဲလို့ လျှောက်ကြည့်တော့ ပန်းချီလေးတစ်ချပ်ကိုတွေ့မိသည်။ မှောက်လျက်အနေအထားလေးဖြစ်နေတာကြောင့် လှမ်းယူကာ ကြည့်မိစဥ် တွေ့လိုက်ရတာကမိန်းကလေးတစ်ယောက်ရဲ့ ပုံတူပန်းချီ။
""ဟင်..သူက ဘယ်သူလဲ?
ငါ တွေ့ဖူးသလိုပဲ""
သေချာကြည့်တော့ ဓာတ်ပုံတွေလည်းရှိနေပါသည်။ အိန်ဂျယ်လ်လည်း လှမ်းယူကာထုတ်ကြည့်တော့...
""သြော်! သူက ဟိုဇာတ်လမ်းထဲမှာ ကိုကိုနဲ့တွဲတဲ့
နှောင်ဖွဲ့ကြိုးပဲ...ကိုကိုက သူ့ပုံကိုဘာလို့ဆွဲတာလဲ
ပြီးတော့ ဟိုမှာလည်းမထားဘဲ သိမ်းထားတယ်""
""အိန်ဂျယ်လ်...မင်းဒီမှာဘာလုပ်နေတာလဲ""
တွေးနေရင်းမှ အသံကြားတော့ လန့်သွားကာ လှည့်ကြည့်မိ၏။
""ကိုကို ပြန်လာပြီလား?""
""ဘာလို့အဲ့ဒါတွေလျှောက်ကြည့်နေတာလဲ?""
""ပျင်းလို့..ကိုကို ဒီမှာကြည့်""
ပြောပြီးတော့ လက်လေးတစ်ဖက
See less