book

Index 9

အခန်း [ ၉ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

""ဟို...ဟို...""

မျက်မှန်တွေကွယ်ထားသည့် သူ့မျက်ဝန်းညို
တွေကိုမမြင်ရပေမယ့် ပခုံးပေါ်မှဆုပ်ကိုင်
ထားသည့် သူ့လက်တွေဖယ်ခွာချပြီး မှော်မော့ကြည့်ပြီးမြင်နေရသည့် သူ့မေးဖျားမှ
အံ့ကြိတ်ပြီး အကြောများထောင်သွားသည်ထိ သူ့ဒေါသစိတ်ကို မှော်သိလိုက်ရသည်။

ခဏတာသာယာမှု့လေးကို မှော်မက်မက်မော
မောထွေးဆုပ်ခွင့်မရချိန် ဝေဝေ ဝါးဝါးလျှပ်
တပျက်ကွယ်ပျောက်မြန်လွန်းသည့် အတွေ့
အထိလေးကို ဘယ်လိုဖမ်းဆုပ်ရမယ်မှန်းမသိ။

""သွားလေ....မင်းကြိုခိုင်းထားတာမဟုတ်
လား။ ရတယ်သွား""

လေသံအေးအေးနှင့် ပြောနေပေမယ့်မှော့်
နားထဲ အေးစက်ပြီး စိမ်းကားသွားသည့်သူ့
အမူအယာတွေကိုတော့ မှော်မလိုချင်ပါ။
မနေ့ကအဖြစ်ကလေးတွေ တွေးပြီးမှော်ရင်
ခုန်သာယာမှု့လေးက ဒီလောက်ပဲလား။
အရင်လိုသူစိမ်းဆန်သွားအုံးမှာလား။ စိမ်းကားလွန်းသည့် အခြေအနေလေးကို နယ်
မှာ မိုးရေထဲစိုးရိမ်တကြီး မှော့်ကိုလာကယ်
ပေးတဲ့ သူနဲ့မှော့်ကြားကအရင်ကထက် နွေး
ထွေးမှု့ အရိပ်အယောင်လေးကို ဖမ်းဆုပ်ထား
ဖို့ကြံရွယ်နေစဉ်မှာ ဒီလိုအဟန့်အတားတွေ
ကြောင့် ကျွန်မတို့သူစိမ်းဆန်သွားရအုံးမှာ
လားမောင်။

မှော်သူ့ကိုငေးကြည့်ပြီး ချက်ချင်းစိမ်းကား
သွားသည့်သူ့ကို မှော်ရင်ထဲဆုံးရှုံးမှု့ကြီးမား
စွာ လက်လွတ်လိုက်ရသလို ရင်ထဲလစ်ဟင်း
သွားတာပဲ။ သူနဲ့မှော့်ကြားအရင်လိုစိမ်းကား
မှု့မျိုးကြီး မှော်မရှိချင်တော့တာအမှန်ပါ။
ဒီရင်နှီးမှု့လေးကို မှော်မဖန်တီးပဲ အမှတ်တမဲ့
ရခဲ့တာပေမယ့် ခက်ခက်ခဲခဲရင်းနှီးမှု့လေး။
ဒီရင်းနှီးမှု့လေးကို မှော်ခြောက်နှစ်လုံးလုံး
စောင့်မျှော်ခဲ့တာ....မောင်။ ခုလိုပဲလွယ်လွယ်
နဲ့သူစိမ်းဆန်သွားမယ်ဆိုရင် မှော်ရင်ထဲမချိ
အောင်ပဲ အရမ်းခံစားရမှာပဲမောင်။

မှော်အတွေးများစွာနှင့် ရင်ထဲဝမ်းနည်းမှု့
ကြီးကအတိုင်းအဆမဲ့။ ကျောခိုင်းဖို့ကြံရွယ်
နေသည့် သူ့ကျောပြင်ကြီးကို ပြေးဖက်ပြီး
မှော်ရှင့်ကားနဲ့ လိုက်ပြန်ပါ့မယ်ပဲပြေးပြော
ရမလား။

""မှော်!!!
ကလေးကိုယ်ဒီမှာ...""

""ကျွတ်!!!""

ဆရာလက်ဝှေ့ရမ်းပြပြီး မှော့်သူ့ကိုမမြင်တာ
အထင်နှင့် နာမည်ခေါ်ပြီး မှော့်အနားကို
ခြေလှမ်းကြဲတွေနှင့် လျှောက်လာသည့်ဆရာ
ကို စိတ်တိုတိုနှင့် ကြည့်မိသည်။ သူကလဲ
ခြေလှမ်းသာပြင်နေပေမယ့် အနားမှထွက်မ
သွားပဲ မှော့်ကိုငုံ့ကြည့်နေသည့်မောင်။

""မင်းဘာရပ်လုပ်နေတာလဲ သွားလေ။
မင်းကိုလာကြိုတာမလား....သွားပါ။""

""ကျွန်မ....""

မှော့်စကားပင်ဆုံးအောင်နားမထောင်ပဲ
ကျောခိုင်းလှည့်ထွက် သွားသည့်သူ။ မှော်
သက်ပြင်းလေးချပြီး အနားရောက်လာသည့်
ဆရာ့ကို ဆူအောင့်ပြီးမကျေနပ်စွာကြည့်မိ
တော့ အပြုံးမပျက် ကြည့်နေသည့်ဆရာ။

""ဘယ်သူကလာကြိုပါပြောလို့လာကြိုတာ
လဲ""

""ဟောဗျာ!!!
ခရီးဦး စိတ်ဆိုးတော့တာပဲ။
ဒီကလူကလွမ်းလွန်းလို့ မအားတဲ့ကြားက
လာပြေးကြိုတာကို ဒီလိုပဲနှုတ်ဆက်တော့တာ
လား""

""ဟုတ်တယ်။ ဆရာ့အဲ့လိုအလုပ်တွေရှုပ်
နေတာသိလို့ တမင်လာမကြိုစေချင်တာ
လာမကြိုနဲ့...""

""ကလေးထက်ဘယ်အရာမှ အရေးမကြီး
ဘူး။""

""အဲ့ဒီကလေးကလေးဆိုတာကြီးကို
မခေါ်ပါနဲ့ပြောတာလဲ မမှတ်ထားဘူးလား။
စိတ်ရှုပ်တယ်ဆရာနဲ့လဲ။ လူကြားထဲမှာ
ကလေးကလေးနဲ့ဘယ်လောက်ရှက်စရာ
ကောင်းလဲ....ကျွတ်!!!""

""အဟွန်း""

မောင့်ကျောပြင်ကို ကြည့်ပြီးစိတ်အလိုမကျ
တိုင်းဆရာ့ကို အပြစ်မရှိအပြစ်ရှာနေသည့်
မှော်။ မှော်ဘယ်လိုပဲပြောပြောအပြုံး
မပျက်ဖြစ်နေသည့် ဆရာ့ကိုရှိသမျှအပြစ်
တွေ ပုံချချင်နေသည်။ လူအုပ်တွေကြားဘယ်
ချိန်ပျောာက်ကွယ်သွားမှန်းမသိသည့်
မောင့်ကိုမှော်မျက်လုံးဝိုင်းလေးတွေနှင့်
လိုက်ရှာမိသေးသည်။ မြန်လိုက်တာဘယ်ချိန်
ပျောက်သွားမှန်းမသိလိုက်ဘူး။ မှော်သက်ပြင်းငွေ့ငွေ့လေးချမိပြီး မကျေနပ်စွာ
စူးစူးရဲရဲအကြည့်များမှာ ပြုံးစစနှင့်မှော်ကို
ငုံ့ကြည့်နေသည့် ဆရာထံဒိုင်းကနဲ။

""ဘာရယ်တာလဲ....ရယ်စရာပါလား
မှေ.့်စကားထဲမှာ။ လူကိုသက်သက်မဲ့လှောင်
နေတာ။ တော်ပြီတော်ပြီဆရာနဲ့ဘာစကားမှ
မပြောချင်ဘူး။ ဆရာ့ကားနဲ့လဲ လိုက်မစီးဘူး
Taxiငှားပြီးပြန်မယ်""

မှော်လေယာဉ်ကွင်းထဲမှလူတွေကိုလဲဂရုမစိုက် ဆရာ့ရှေ့မှ အလိုမကျစွာနှင့် ခြေဆောင့်
ပြီးထွက်ခဲ့လိုက်သည်။ အနောက်မှလိုက်
လာသည့်ဆရာ့ကိုလှည့်မကြည့်တော့ပါ။

""မှော်... မဆိုးပါနဲ့။ ကိုယ်ကဒီလိုပဲ
ငယ်ထဲကဒီလိုပဲ ခေါ်ခဲ့တာလေ ဒါကိုခုမှ
ပြန်ပြင်ဖို့ကလွယ်မှမလွယ်ပဲကလေးရယ်""

""မလွယ်ချင်နေမကြိုက်ဘူးဆို မခေါ်နဲ့ပေါ့
အဲ့လောက်ထိခေါ်ချင်နေရင် တခြားသူကို
သွားခေါ်။ မှော်ကိုတော့လာမခေါ်နဲ့ မကြိုက်
ဘူး""

""ခရီးကခုမှပဲရောက်တယ် စိတ်မဆိုးပါနဲ့
အိမ်ရောက်မှ ကလေးစိတ်တိုင်းကျဆိုး...""

""စိတ်မဆိုးဘူး စိတ်တိုတာ""

""ဒီဇိုင်းနာမမကြီးက ကျွန်တော့်ကိုစိတ်ကောက်နေပါတယ်ဆိုပြီး အော်ပြစ်မှာ
နော်....အဟွန်း""

""အော်ကြည့်ပါလား""

မှော်....အောက်နှုတ်ခမ်းလေးကိုက်ပြီး ဆရာ့
ရှေ့မှ အမြန်သွားသည့်ခြေလှမ်းတွေ ရုတ်တရက်ရပ်လိုက်ပြီး အနားရောက်လာ
သည့်ဆရာ့ကို လက်သီးဆုပ်လေးနှင့် ထုရိုက်
မိသည်။ မှော်လုပ်ရပ်ကိုစိတ်မဆိုးပဲ ရယ်နေသည့်ဆရာ။ မှော့်လုပ်ရပ်တွေက အများအမြင်မှာ ကလေးဆန်ချင်ဆန်နေပေလိမ့်မည်
ဆရာနှင့်မှော်ကြားမှာတော့ အထူးအဆန်း
မဟုတ်တော့ပါ။

""ဟောဗျာ....တကယ်လုပ်တယ်""

""လုပ်တယ်...လုပ်တယ်။ ဘာဖြစ်လဲ ဆရာ့ကို
လုံးဝမကျေနပ်ဘူး...အင့်အင့်အင့်....နာပါစေ
ရုပ်ဆိုးဆိုး ဆရာဝန်မနဲ့ညှားပါစေ""

""ရုပ်ချောချော ဒီဇိုင်နာမမလေးကိုပဲ
ချစ်တာ""

""ချစ်ချင်အုံး!!!
ချစ်ချင်အုံး....အင့်အင့်....""

လေယာဉ်ကွင်းထဲ သရုပ်ပျက်အောင်လိုက်
ပြေးထုတာမဟုတ်ပဲ အနားမှာကျောက်ရုပ်
ကြီးလိုရပ်ပြီး မှော်လုပ်သမျှအရယ်မပျက်
ခံနေသည့် ဆရာ့ကိုမကျေနပ်ချက်များစွာ
နှင့် ထုရိုက်နေမိ၏။ ဘေးနားမှလူတွေကလဲ
လှည့်ကြည့်လှည့်ကြည့်နှင့်....တချို့သော
ကင်မရာရိုက်ချက်တွေကိုတော့ မှော်သတိ
မထားမိပါ။ ခုချိန်စိတ်တိုနေတာပဲသိသည်။

Ring...Ring....

မှော့်အကျီအိတ်ကပ်ထဲမှ ဖုန်းလေးမြည်လာ
မှ မှော်စိတ်လျော့ပြီးမကျေမနပ် မျက်နှာနီနီ
လေးနှင့် ဆရ.့ကိုမျက်စောင်းရွယ်ကာ
ဖုန်းလေးကိုကိုင်လိုက်သည်နှင့်....

""ခြေထောက်အရမ်းနာတယ်။ လမ်းမလျှောက်နိုင်တော့ဘူး။ ကားထိလာတွဲပို့"_

""ရှင်!!!""

တစ်ဖက်မှ သူ့အသံမာဆတ်ဆတ်ကြီးကို
ကြားရမှ မှော်မျက်လုံးလေးတွေဝေ့ပြီးသူ့
ကိုရှာမိ၏။




""မင်းရှေ့တည့်တည့်က ခုံတန်းမှာလိုက်ရှာ
မနေနဲ့ အမြန်လာ။ မင်းဘေးကလူမျက်နှာကို
ငါမမြင်ချင်ဘူး မင်းတစ်ယောက်ပဲအမြန်လာခဲ့ ငါ့ခြေထောက်တွေအရမ်းနာနေပြီ""

ဖုန်းထဲမှ သူ့အသံနှင့်အတူ ရှေ့တည့်တည့်မှာ
မျက်နှာတည်တည်ကြီးနှင့် တောင့်တောင့်ကြီး
ထိုင်နေသည့်သူ့ကိုတွေ့ရ၏။ ဘယ်ချိန်ပျောက်သွားမှန်းမသိပဲ ခုတော့မှော်ရှေ့တည့်
တည့်မှာ ထိုင်ပြီးဖုန်းဆက်လာသည့်သူ့
ကြောင့် မှော်ဖုန်းပြောနေသည်ကိုအာရုံသိုက်ပြီး နားထောင်နေသည့် ဆရာ့ကိုခေါင်းလေး
စောင့်ကြည့်ကာ.....

""ဆရာပြန်နှင့်တော့။""

""ဘာလို့လဲ""

""ပြီးမှပဲမှော်ပြောတော့မယ်။ ခုတော့ပြန်လိုက်
တော့နော်။ မှော်သွားပြီ။ အမေ့ကိုလဲပြောပေးအုံးမှော်အရေးကြီး ကိစ္စလေးကြောင့် ညနေမှပြန်ရောက်မယ်ဆိုတာ...""

အကြောင်းတရားလေးပင် ရှင်းပြခြင်းမရှိ
ပါပဲ ရှေ့မှဇွတ်ထွက်သွားသည့် သူမလေး
ကြောပွငျကျု သက်ပြင်းချပြီးသူငေးနေမိ
သည်။ ကိုယ့်အချစ်တွေကို ဥပေက္ခာပြုလွန်း
တယ်ကလေးရယ်။ ဒီရင်ထဲကိုတစ်ခါတစ်ရံ
ဝင်ကြည့်ပေးပါလား။ မင်းလေးကြောင့်
ရူးမိုက်နေတဲ့ ကိုယ့်နှလုံးသားကြီးကို
အကြိမ်ကြိမ်ကျဆုံးနေတဲ့ ကိုယ့်နှလုံးသား
မင်းတစ်ယောက်အတွက် သီးသန့်ဖန်တီးထား
တယ်ဆိုတာ မင်းလေးသိစေချင်မိတယ်။

ကိုယ့်အပေါ်သာ ရက်ရက်စက်စက်ဥက္ခော
ပေးနိုင်တာ ဖုန်းထဲမှဘာပြောလိုက်လဲမသိ။
သူမမျက်နှာလေး ချက်ချင်းပျက်ယွင်းသွား
ပြီး စိုးရိမ်ရိပ်တွေ ထင်းသွားပုံမှာ...အချစ်
လား။

ရင်ထဲတဆစ်ဆစ်နှင့် ရှေ့မှကောင်လေးတစ်
ယောက်၏ လက်ကိုချိတ်တွဲသွားသည့်ကောင်မလေးတစ်ယောက်နှင့် ထိုကောင်မလေး၏ ပခုံးကိုပိုင်နိုင်စွာဖက်တွယ်သွားသည့် မြင်ကွင်းကိုရင်နာစွာ ကြည့်နေနိုင်
သည့် သူ့ကိုသူပင်မုန်းလာသည်။ အားလုံး
ကိုသိနေပေမယ့် အပြစ်မမြင်ရက်စွာ ကိုယ့်နှလုံးသားကို ဥက္ခောပြုထားသည့် နှလုံးသား
တစ်စုံကိုသာ မက်မောနေသည့် အဖြစ်ကိုသာ
အပြစ်တင်ချင်ပေမယ့်....
ချစ်မိနေတာပဲလေ....။

~~~~~~~~~~~~~~~~~

""ရလား....ရှင်အဆင်ပြေရဲ့လား""

""အဆင်မပြေလို့ပြောနေတာပဲ။ ခြေထောက်
ကအရမ်းနာလာတယ်""

""ဟုတ်လား။ ဒါဆိုကျွန်မပခုံးကို မှီထားလိုက်""

""အား...!!!.ကျွတ်..ကျွတ်""

သူမျက်နှာကိုတမင် ရှုံ့မဲ့ပြီးသူမပခုံးသေးသေးလေးကို မျက်လုံးတွေ မှိတ်ချပြီး ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်။ ဘာမှ
မသိရှာသည့် သူမလေးကတော့ သူ့ကိုစိုးရိမ်
တကြီး မျက်နှာလေးပျက်ပျက်နှင့် သူပခုံး
ကိုပါ လက်ချောင်းသွယ်သွယ်လေးတွေနှင့်
ဆုပ်ကိုင်ထားပြီး စိုးရိမ်မှု့လွန်ကဲနေပုံရသည်။

""စီးချင်းရှင်အဆင်ပြေရဲ့လား။ ဆေးခန်း
တစ်ခါထဲ ဝင်ပြလိုက်မှ ဖြစ်မယ်ထင်တယ်""

""ကျွတ်!!!
မပြဘူးလို့ ဘယ်နှစ်ခါပြောရမလဲ။
ဆေးခန်းက အနံ့အသက်တွေကို မခံနိုင်ဘူး။
ခြေထောက်ကလဲ ဆေးထည့်လိုက်ရင် သက်သာသွားမှာ ဘာမဖြစ်ဘူး""

""ရှင့်ကိုကြည့်ပြီး ကျွန်မစိတ်မသက်သာလိုက်
တာ။ တော်တော်နာနေလား။ မနေ့ထဲကဆေး
ထည့်ရမှာ မှော်မေ့သှားတာ ဆေး
ထည့်ပေးဖို့""

""ရတယ်။ ခုမင်းဘာမှမပြောပဲ ငြိမ်ငြိမ်လေး
ပဲနေ။ ဒါဆိုငါ့ခြေထောက်နာတာ ပိုပြီးသက်
သာမယ်လို့ထင်တယ်။""

""အင်းပါ ရှင်မပြောနဲ့ဆိုလဲ မှော်ဘာမှမပြောတော့ဘူး။ စီးချင်းသက်သာသလိုပဲနေနော်""

""အင်း....""

အဘွားကြီး ပေါက်စလေးကိုစကားတတွတ်
တွတ်နှင့် ပြောပြီး သူမကိုယ်သူမအလိုမကျနိုင်စွာ မျက်မှောင်လေးကျုံ့ပြီး ပြောနေပုံက
သူ့မှာပိုပြီး ရယ်ချင်သွားရ၏။ ကားရှေ့ခန်း
မှာကားမောင်းရင်း လှည့်ကြည့်လှည့်ကြည့်
လုပ်နေသည့် ဂျူနိုကိုမျက်လုံးမျက်ထားရာမှ
သူမလေးမမြင်အောင် မျက်စိတစ်ဖက်မှိတ်
ပြမိ၏။ ပြုံးစိစိနှင့် ကားဆက်မောင်းနေသည်။

မင်းကအရင်လိုပါပဲ တုံးအနေတာလား...ဒါမှ
မဟုတ်မင်းရဲ့ ပင်ကိုစိတ်ရင်းလေးက ရိုးသား
ဖြူစင်လွန်းနေတာလား မှော်ပန်းချီ။
မင်းရှေ့ကနေ ထွက်ခဲ့တုန်းက ကိုယ့်ခြေထောက်တွေက တည့်တည့်မတ်မတ်လျှောက်ပြီး ထွက်ခဲ့တာပဲ ချက်ချင်းကြီး
လမ်းမလျှောက်နိုင်လောက်အောင် ဖြစ်သွား
တယ်ဆိုတဲ့ ကိုယ့်စကားကို ယုံကြည်သွားတာ မင်းအရမ်းဖြူစင်လွန်းတယ်မှော်ပန်းချီ။

မင်းနဲ့ဟိုလူကြည်နူးပြုံးပျော်နေတာ မမြင်ချင်
၍တမင် မနာတဲ့ခြေထောက်ကိုနာတယ်လုပ်
လိုက်တာ။ ကိုယ့်စိတ်တွေ ဘာဖြစ်နေလည်း
မသိတော့ဘူးမှော်။

မင်းအနားမှာရှိနေရင် ကိုယ်ပျော်တယ်။
မင်းတခြားယောက်ျားတစ်ယောက်နဲ့ စကား
ပြောနေရင် ကိုယ်မကြိုက်ဘူး။ ဒဏ်ရာ
တကယ်ရထားပေမယ့် မနာတဲ့ခြေထောက်
ကိုနာတယ်ပြောလိုက်တာ။ မင်းအပေါ်ထား
တဲ့ မတည်မကျကိုယ့်စိတ်တွေကို အဖြေရှာ
ကြည့်ဖို့လိုအပ်နေပြီ။

ကိုယ်မာယာများတဲ့ ယောက်ျားမဟုတ်ဘူး။
မင်းနဲ့ပတ်သက်ရင်တော့ ပင်လယ်ကြီးထက်
ကိုယ်ကပိုပြီး မာယာကြွယ်တယ်။ မင်းအပေါ်
ထားတဲ့ ကိုယ့်စိတ်က မာယာကြွယ်ပေမယ့်
ဖြူဖြူစင်စင်မာယာတစ်ခုလို့ပဲ ကိုယ်သတ်မှတ်ထားတယ်။ အဲ့ဒါမင်းအပေါ် ထားတဲ့ ကိုယ့်ရဲ့...မာယာ။

~~~~~~~~~~~~~~~~

""ဟင်း!!!""

တိမ်ပြာရောင် မွေ့ယာကြီးပေါ် ကလေးတစ်
ယောက်လို အိပ်မောကျနေသည့် သူ့ကို
ကြည့်ပြီးမှော် သက်ပြင်းလေးချလိုက်မိ၏။
ရင်ဘတ်ပေါ်ထိသာ ခြုံထားသည့်စောင်ကို
ပခုံးထိဆွဲ ခြုံပေးလိုက်ပြီးဘယ်နှစ်ကြိမ်မှန်း
မသိသည့် သက်ပြင်းလေးကိုချမိသည်။

""သူတစ်ရေးန်ုးလာရင် တိုက္ဖို႔ေဆးကို
အရန်သင့်လုပ်ထားပေးတယ်နော်။ သေချာ
သတိထားပြီးတိုက်ပေးပါ။ ဆရာဝန်ကမှာ
ထားတယ် ခြေထောက်ကဒဏ်ရာကမကြီး
ပေမယ့် သံတွေနဲ့ထိုးမိထားတာတွေတဲ့
မီးခိုင်ပိုးဝင်တတ်တယ်တဲ့။ ဒါကြောင့်ဆေး
ကိုတိုက်ဖို့မမေ့နဲ့နော်""

""ဟုတ်...ဟုတ်ကဲ့""

ဘေးမှကောင်မလေးကို မှာစရာရှိတာမှားပြီး
မှော်ပြန်ဖို့တွေးမိ၏။

သူ့အိမ်ရောက်တော့လဲမပြန်ခိုင်းပဲ ကလေးလို
ဂျီကျနေတတ်သည့် သူ။ လက်မှာပတ်ထား
သည့် နာရီကို မှော်ငုံ့ကြည့်ပြီး သူ့ကိုတစ်လှည့်
ကြည့်ကာ ပြန်ဖို့စဉ်းစားမိ၏။ သူ့အိမ်နှင့်ကပ်
လျှက်ဆိုပေမယ့် ယခုမှသူ့အိမ်ကို မှော်ပထမ
ဦးဆုံးအကြိမ်အနေနှင့် ရောက်ဖူးသည်။

""ကိုဂျူနို ကျွန်မပြန်တော့မယ်။ သူနိုးလာရင်
ပြောလိုက်ပါ ကျွန်မပြန်သွားပြီလို့""

""ကျွန်တော်ခြံဝထိ လိုက်ပို့ပေးမယ်။
အပြင်မှာ မိုးမှောင်နေပြီ။""

""ဟုတ်""

အရှေ့ကအရင်ထွက်သွားသည့် ကိုဂျူနိုနောက် မှော်လိုက်လာရင်း သူ့အိမ်၏ကြီးမား
ခန်းနားမှု့ကို ငေးနေမိ၏။ တစ်အိမ်လုံးရွေရောင်တဖိတ်ဖိတ်လက်နေအောင် ကပ်ထား
သည့် ရွှေကြွေပြားတွေမှာ မျက်စိကျိန်းစရာ
ပင်။ ထူးဆန်းသည်မှာ သူ့အိမ်ထဲဝင်လိုက်
သည်နှင့် မှော့်အတွက် ဝမ်းနည်းသလိုကြီး
နှင့် လုံးဝမပျော်သည့်စိတ်ကထူးဆန်းနေ
သည်။ သူအိမ်ထဲ ဝင်ဝင်ချင်းဧည့်ခန်းထဲချိတ်
စွဲထားသည့် ပန်းချီကားထဲမှ အရမ်းချောသညိ့ အမျိုးသမီးကြီးကိုတော့ မှော်မတွေ့ခဲ့ရ
ပါ။ တစ်အိမ်လုံးမှ အလုပ်သမားများသာ
ရှိနေပြီး အိမ်ရှင်ဆိုပြီး မှော့်ကိုလာနုတ်ဆက်
သူတစ်ယောက်မျှမရှိ။

တိတ်ဆိတ်ပြီးငြီးငွေ့စရာကောင်းနေသည်။
မှော်သူ့ခြံပြင်ရောက်မှ အတွေးပေါင်းစုံ
နှင့် ခေါင်းထဲနောက်ကျိနေသမျှ လန်းသွား
သလိုရှိကာ အသက်ဝဝရှူမိ၏။

ခြံရှေ့ရောက်မှ မှော်သတိရမိ၏။ အမေတို့
ဆူတော့ကျုတှေးပွီး ခေါင်းကျိန်းနေမိ၏။ သူ့
ကိုစိတ်ပူနေရတာနှင့် ဘယ်သွားနေတယ်ဆိုတာဖုန်းဆက်ပြီး မပြောမိတာခုမှသတိဝင်လာ
ပြီး မှော်မျက်နှာမဲ့ပြီး ကိုဂျူနိုကိုကြည့်ကာ..

""ရပြီကိုဂျူနို။ လိုက်ပို့ပေးတာကျေးဇူးပဲ။
အိမ်ထဲဝင်ပါအုံးလား။""

""ရတယ် ကျွန်တော်မဝင်တော့ပါဘူး။
စီးချင်းကစိတ်ချရတာ မဟုတ်ဘူး။ ပြန်လိုက်ပါအုံးမယ် နောက်ကြုံမှပဲဝင်တာပေါ့""

""ဟုတ်ကျေးဇူးပါ ကိုဂြူနျု။ သူ့ကိုသေချာ
ဂရုစိုက်ပေးပါနော် ညကိုတစ်ခုခုဖြစ်ရင် မှော့်
ကိုဖုန်းဆက်ပါ""

""......""

မှော့်စကားကိုအကြောင်းမပြန်ပဲ ပြူံးပြုံးစိစိ
နှင့် ကိုဂျူနိုမျက်နှာကြောင့် မှော်ခုမှလွန်ကဲ
နေသည့်ကိုယ့်ကိုကိုယ်ရှက်မိသည်။

မှော်သူ့ကိုအစိုးရိမ်လွန်ပြီး ဘယ့သူ့ကိုမှ
ဂရုစိုက်မအားပဲ သူ့ကိုသာအာရုဏ်စိုက်နေမိတာ။

""စိတ်ချပါ။ ကျွန်တော်သူ့ကိုသေချာ
ဂရုစိုက်လိုက်ပါမယ်။ ကျွန်တော်ပြန်လိုက်ဦး
မယ်""

""ဟုတ်...ဟုတ်ကဲ့""

ကိုဂျူနိုနှင့်မှော်တစ်ယောက်နှင့်တစ်ယောက်
နှုတ်ဆက်ကျောခိုင်းပြီး မှော်အိမ်ထဲ အသက်ဝဝရှူကာ ရင်ဘတ်ကလေးကိုလက်နှင့်ဖိပြီး
ဝင်လာမိ၏။

ကလေးမဟုတ်တော့ပေမယ့် အမြဲစိုးရိမ်
စိတ်ပူနေတတ်သည့် အမေ့ကို မှော်တော်တော်
လေးရှင်းပြဖို့လိုအပ်နေပြီ။ ပြန်ရမဲ့နေ့မှာ
ပြန်မရောက်ပဲ ပြန်လာသည့်နေ့မှာလဲစော
စောပြန်မရောက်တဲ့ မှော့်ကိုအမေတော်တော်
စိတ်ဆိုးနေလောက်ပြီလေ။

ရှင့်အပေါ်ပဲ သာယာနေတဲ့ကျွန်မစိတ်ကို
ရှင်နားလည်ပေးတဲ့တစ်နေ့ ခြောက်နှစ်လုံးလုံး
ရှင့်အချစ်ကို မျှော်လင့်နေတဲ့ ကျွန်မကိုဆုချဖို့
သင့်နေပြီပဲ....မောင်။

~~~~~~~~~~~~

""တောက်.....!!!!""

သတင်းတွေကို ဖတ်ပြီးတဆတ်ဆတ်နှင့်
တုန်ယင်နေသည့် အသားများနှင့် တစ်
ယောက်နှင့်တစ်ယောက်ရယ်မောဖက်တွယ်
ထားကြသည့် သူတို့နှစ်ယောက်ကို လီလီ
ကျွတ်ထွက်မတတ် မျက်လုံးများနှင့် စိုက်ကြည့်နေမိ၏။

~~~~~~~~~

အခန်း [ ၁၀ ] မျှော်
AUTHOR~~~ငှေသုန်ဒရီ


rate now: