book

Index 8

အခန်း [ ၈ ]

အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

""မှော်....!!!
မှော်ပန်းချီ....""

ခန္ဓာကိုယ်လေးတစ်ခုလုံး အေးစက်ပြီးနှုတ်
ခမ်းတွေပါ ပြာနှမ်းနေသည့် မှော့်ကိုသူစိုးရိမ်
တကြီး ပါးလေးနှစ်ဖက်ကို ဖျစ်ညှစ်ပြီး
လှုပ်နှိုးပေမဲ့ သတိမလည်လာ။ မိုးတွေမှာ
ဘယ်အငြိုးတွေကြောင့်မှန်းမသိ။ ရွာနေလိုက်
တာ တစ်ညနေလုံး။ယခုချိန်ထိ သည်းကြီးမဲ
ကြီးနှင့် မစဲနိုင်သေးသည့်မိုးကို တောက်
တခေါက်ခေါက်နှင့် အပြစ်မရှိအပြစ်ရှာနေ
ချင်သည့်သူ...။လာရတဲ့မြေနီလမ်းတစ်
လျှောက်လည်း ရွှံဗွက်တွေနှင့် ဘယ်လိုမှ
အဆင်မပြေ။ စိတ်ပူဇောနှင့်သာ ဘယ်လို
ရောက်လာမှန်းမသိပေမယ့် တွေးကြည့်ရင်
ပြန်ဖို့ရန်ပင် ခက်ခဲလှသည်။ ပိုဆိုးသည်မှာ
အဆက်မပြတ်မိုးကြီးကြောင့်ပင်။

တောလမ်းကျည်းလေးဖြစ်၍ ကားနှင့်လည်း
လာ၍မရ။ ဆိုင်ကယ်နှင့် တစ်လမ်းလုံးလှဲလိုက် မောင်းလိုက်နှင့် ဘယ်လိုရောက်လာ
မှန်းပင်မသိတော့။ သူရောက်လာသည်နှင့်
မိုးရေတွေကြား ဖျော့တော့စွာ သတိလစ်နေ
သည့် မှော့်ကိုတွေ့ရတော့ သူ့ရင်အသည်း
ထဲမိုးအေးတာထက် ပိုပြီးခိုက်သွားရသည့်ခံစာမှု့မျိုးတစ်သက်မှာ တစ်ခါမျှမခံစားဖူး
သော ခံစားမှု့တစ်မျိုး။

""မမမှော်....ဘာဖြစ်သွားတာလဲမသိဘူး
အီးဟီး....""

""အအေးလွန်နေတာ။ ခုမှလာငိုမနေနဲ့
မင်းတို့ကို ဘယ်သူကသွားခိုင်းလို့လဲ တော်
သေးတာပေါ့....ငါတို့လိုက်လာလို့...""

""..........""

သူ့အသံအကျယ်ကြီးကြောင့် အသံဗြဲကြီးနှင့်
အော်ငိုနေသည့် လုံမေအသံတိတ်ကျသွား
သည်မှာတိခနဲ....။ လက်ဖျားတွေအေးစက်ပြီး
နှုတ်ခမ်းသားတွေမှာ ပြာနမ်းပြီးသတိမလည်
လာသေးသည့် မှော်ကိုသူ့ရင်ခွင်ထဲ ထွေးဖက်
ထားလိုက်ပြီး.....

""ဖိုးထောင်""

""ဗျာ...အကို...""

""ဆိုင်ကယ်ဘောက်ထဲက မိုးကာအကျီယူ
လာခဲ့""

""ဟုတ်""

မင်းဘာမှမဖြစ်ဘူး။ မကြောက်နဲ့တော့မှော်။
သူစိတ်ပူပြီး လိုက်ခဲ့တာမှန်သွားသည်။ မဟုတ်ရင် သူမလေးဘယ်မျှထိကြောက်နေရှာမလဲ။ ခုတောင်ဓားမြတွေထင်
ပြီး အကြောက်လွန်သတိလစ်သွားတာတဲ့။
မင်းလေးဘယ်လောက်ထိ ကြောက်နေမလဲ
တွေးပြီးသနားလိုက်တာ။

အေးစက်နေသည့် သူ့ရင်ခွင်ထဲမှ သူမကိုယ်
လေးကို မိုးကာအကျီလေးဝတ်ပေးပြီး.....
ပခုံးပေါ်တင်ကာ ကုန်းပိုးလိုက်တော့ ဖိုးထောင်
နှင့် လုံမေမျက်လုံးပြူးလေးတွေနှင့် ကြောင်
အမ်းအမ်းမော့ကြည်လာသည်။

"" ဖို့ထောင်နဲ့လုံမေ ဆိုင်ကယ်ကိုထားပြီး
လျှောက်ခဲ့ကြတော့ လမ်းကဗွက်တွေအရမ်း
များတယ်...။ ဆိုင်ကယ်နဲ့ရုန်းရမှာမဟုတ်ဘူး
လူပဲအလွှတ်ပြန်ကြမယ်""

""အကိုစီးချင်းတို့ကကော...""

""ငါတို့အနောက်က...ဖြေးဖြေးချင်းလိုက်ခဲ့
မယ်""

""ဟုတ်....ဟုတ်ကဲ့""

သူမကိုယ်ပေါ့ပေါ့လေးကို ပိုးပြီးမြေနီရွှံ့တွေ
ကြား သူ့ဖိနပ်ပါမစီးနိုင်ပဲ ချွတ်ပစ်ခဲ့ရသည့်
အခြေအနေထိ လမ်းမှာဆိုးရွားလွန်းသည်။
ချောလွန်းသည့် လမ်းကိုမလှဲအောင်ထိန်းပြီး
သွားရသည်မှာ အတော်ခက်ခဲလှသည်။
ခုချိန်ထိ သတိမရသေးသည့် သူမကိုလည်း
သူပိုပြီးစိတ်ပူနေရသည်နှင့် ထိုလမ်းတွေကို
မပြေးရုံတမယ် သွားနေမိသည်။

မင်းဘာမှမဖြစ်ရဘူးမှော်။ မင်းဘာမှဖြစ်
လို့မရဘူး။ နွံတွေကြားမှထိုးထိုးထောင်ဆူး
တုတ်တွေရဲ့ ထိုးခြင်းကိုအံ့တုကြိတ်မှိတ်ခံပြီး
ကျောပေါ်ငြိမ်သက်နေသည့် သူမလေးကို
သစ်ပင်ကြီးခြေရင်းမှာ ခနချပြီးပါးနှစ်ဖက်
ကလေးကို ဖျစ်ညှစ်ကာလှုပ်နိုးမိ၏။

""မှော်.....မှော်!!!
မင်းသတိပြန်ရပါတော့!!!
မှော်....""

""ဝေါ....ဝေါ!!""

""ဂျိမ်း!!!""

""အင်း...ဟင်း....""

""ချမ်းတယ်!!!""

""မှော်...!!!""

မိုးခြိမ်းသံကြီးကို သူကျေးဇူးတင်ရမည်။
မိုးခြိမ်းသံအကျယ်ကြီးကြောင့် လန့်ပြီးသတိ
လည်လာသည့် သူမလေးကို သူဝမ်းသာလွန်း
၍ ရင်ခွင်ထဲဖက်ထားမိသည်။ သူမညည်းညူ
သံလေးကြားမှ ဖက်တွယ်ဖားသည့် သူ့လက်
တွေကို ဖယ်ချပြီး ထိုလက်တွေမှာမှော်ပခုံး
လေးပြန်ဆုပ်ကိုင်ပြီး မျက်လုံးလေးမှေးစင်း
ပြီးသူ့ကို ကြည့်နေသည့် မျှော့ကျုဝမျးသာတကွီး သူကြည့်ပြီး....

""မှော်....မင်းသတိရလာပြီ။
ဘာမှစိတ်မပူနဲ့ ကိုယ်ရှိတယ်။ မင်းဘာမှ
မကြောက်နဲ့....မင်းအနားမှာကိုယ်ရှိနေတယ်""

""စီးချင်း!!!""

နှုတ်ခမ်းမှ လှုပ်ရုံအသံလေးနှင့် အားငယ်နေ
သည့် မျက်ဝန်းလေးတွေမှာ အထင့းသား
ပေါ်နေပြီး အရမ်းအေးနေပုံရသည် မှေးခိုက်
နေအောင် တုန်နေသည့်သူမလေးကို သူဖက်
တွယ်လိုက်ပြီး.....

""ရောက်တော့မယ်မှော်။ မင်းဘာမှစိတ်မပူ
နဲ့တော့နော်။ မင်းအနားမှာကိုယ်ရှိတယ်""

""ဓား...ဓားမြတွေကော စီးချင်း""

""ဝေါ...ဝေါ...ဝေါ""

မိုးသံလေသံတွေကြားမှ အထိတ်တလန့်နှင့်
သူ့ကိုကြည့်ပြီး ပြောနေသည့် သူမလေး။
အရမ်းကြောက်သွားပုံရသည် သတိပပါလစ်
သွားတာပဲကြည့်။

""ဘယ်ကဓားမြမှမရှိဘူး။ မင်းနားမှာငါ
ရှိနေပြီပဲ ဘာတွေတွေးကြောက်နေတာလဲ""

""ကျွန်မ...ကျွန်မ....
အဟင့်...အရမ်းလန့်သွားတာ""

ရုတ်တရက်သူ့ရင်ခွင်ထဲ ခေါင်းလေးတိုးဝင်
လာပြီး လက်ချောင်းသွယ်သွယ်လေးတွေနှင့်
အားကိုးတကြီး ခိုဝင်လာသည့် သူမကိုယ်
လေးကြောင့် လှုပ်ခတ်သွားသည့် သူ့ရင်ထဲမှ
ခံစားမှု့အပိုင်းအစလေးကို သူဘယ်လို
အဓိပ္ပါယ်နှင့်ကောက်ချက်ချရမယ်မှန်းမသိ။
ကြည်နူးလှိုက်ဖြာသွားသည့် ခံစားမှု့လေးကို
လေး သူသိလိုက်မိတာပဲလေ။

ဘယ်တုန်းကမှ မရင်းနှီးခဲ့ဖူးပါပဲနှင့် ယခု
တော့ ဖက်တွယ်ထားသည့်လက်ကလေး
တစ်စုံနှင့် သူ့ရင်ခွင်သည်လည်းနွေးထွေးနေ
သည်တဲ့။ တစ်စုံတစ်ရာခံစားချက်တွေက
ရင်ထဲမှာပဲ ရှိနေခဲ့ကြသည်လား။

""မိုးတွေအရမ်းသည်းနေတယ်....ထ မင်း
လက်ဖျားတွေလဲကျင်ခဲနေတာပဲ ကိုယ်တို့
အမြန်ပြန်ရောက်မှဖြစ်မယ်""

အေးစက်နေသည့် သူမလက်ဖျားလေးဆုပ်
ကိုင်ပြီး သူမကိုယ်လေးကိုထစေပြီး ကုန်းပိုး
ဖို့ပြင်နေသည့် သူ့ကိုမိုးကာအကျီလေးကြားမှ ရုတ်တရက်သူ့အမူအယာကြောင့် သူ့ကို
မျက်တောင်လေးပုတ်ခတ်ပြီး ကြည့်နေသည့်
မှော်။

""ရတယ်...ရတယ်။
မှော်လမ်းလျှောက်မယ်....အောက်ကိုချပေး ""

""ငြိမ်ငြိမ်နေ!!!
လမ်းတွေအရမ်းဆိုးတယ် မင်းကိုယ်လေးက
နွဲ့နွဲ့လေးနဲ့ မိုးရေစီးကြောင်းထဲ ပါသွားချင်
တာလား....စကားမများနဲ့တိတ်တိတ်နေ""

သူ့ပခုံးကို လျော့လျော့လေးဖက်ထားရာ
မှ ခပ်တင်းတင်းပြန်ဖက်တွယ်လိုက်ပြီး မိုး
ရေတွေကြားမှ သူမအသံတိုးတိုးလေး ကြား
လိုက်ရသည်မှာ...

""ရှင့်ကို...ကျွန်မအရမ်းကျေးဇူးတင်တယ်""

သူဘာမှဆက်မပြောနိုင်တော့။ ရေစီးကြောင်း


အတိုင်းသွားနေရင်း ဖိနပ်မပါသည့် ခြေဖဝါး
တွေကို နွံတွေကြားမှ တုတ်တိုတုတ်စတွေရဲ့
ထိုးခံနေရခြင်းမှာ အသည်းခိုက်အောင်
နာကျင်စေသည်ထိ။ သို့ပေမယ့် သူမညည်းညူမိပါ။ သူမကိုယ်လေးကို ပိုးထားပြီး
ရွာထဲအမြန်ရောက်ဖို့သာ နာကျင်မှု့ဒဏ်ကို
အံကြိတ်ပြီးဆက်သွားမိသည်။

တစ်ချိန်က ကိုယ့်ရဲ့အသက်သခင်ဖြစ်ခဲ့ဖူး
သည့် သူမကို ဒီတစ်ကြိမ်သူက ပြန်လည်
ကယ်တင်ပေးနေရတာ တန်ပြန်သက်ရောက်
မှု့လား ဒါမှမဟုတ်.... ရင်ထဲမှတစ်စုံတစ်ရာ
ကြောင့်လား။

~~~~~~~~~~~~~~~~~

""ဟတ်...ဟတ်ချိုး..""

""ဟိတ်..!!!""

""အား....!!!....ရှင်!!!
ဘာလာလုပ်တာလဲ....!!!""

""ဟာ!!!...SORRY...""

တံခါးဝမှာပေါ်လာသည့် သူ့ကြောင့်မှော်
ပခုံးလေးမှ လက်နှစ်ဖက်နှင့် ယှက်ကာပြီး
အသံစူးစူးနှင့် အော်ပြစ်တာ သူဘယ်လောက်
ထိလန့်သွားလည်းမသိ။ မျက်လုံးပြူးတွေ
နှင့် ကြောင်ပြီးတံခါးအမြန်ပိတ်ပြစ်သည်ထိ။
မှော်အကျီမဝတ်ရသေးပဲ သဘက်ကလေး
နှင့်သာ ပတ်ထား၍ရုတ်တရက်သူ့ကိုတွေ့လိုက်ရ၍ မှော်သွေးပျက်သွားရသည်။

ရှက်လိုက်တာ.... ရှက်လိုက်တာ။
ဒီမျက်နှာကြီး ဓားနဲ့လှီးပြစ်ရမလားပဲ။
မှော်ရှက်လွန်း၍ မျက်နှာတစ်ခုလုံး ထူပူပြီး
သူ့ကိုဘယ်လို မျက်နှာပြရမယ်မှန်းမသိတော့။ တော်သေးသည်က တဘက်ကလေး
ပတ်ထားသည်ကြောင့်။ မဟုတ်ရင်တော့
မှော်ရှက်ပြီး သေလိမ့်မည်။

ဒုက်ခပဲ...။
အကျီကလဲ ဝတ်စရာမရှိဘူး။
တစ်ခါထဲ ဟိုတယ်ကိုလာခဲ့ကြတာ။
လုံကိုအိမ်ကိုမဝင်ပဲနှင့်..။ မှော်အကျီတွေက
လုံတို့အိမ်မှာလေ။ ဘယ်လိုလုပ်ရမလဲ။
ဘာဝတ်ရမလဲ။ ဆံပင်ရေစိုတွေ သုတ်ရင်း
မှော်ခုမှ ဝတ်စရာမရှိသည့်အကျီကို သတိရ
မိသည်။ ဒီညတော့ဒီတဘက်ပဲပတ်ထား
ပြီး နေရမည့်ပုံပါပဲ။

""ဒေါက်...ဒေါက်!!!""

မှော်ငိုမဲ့မဲ့မျက်နှာလေးနှင့် တွေးနေစဉ်
အပြင်မှ တံခါးခေါက်သံကြောင့် ချောက်ကပ်
နေသည့် လည်ချောင်းထဲတံတွေးနှင့် ရှင်းလိုက်ပြီး တံခါးနားဖြေးဖြေးချင်း တိုးကပ်
သွားပြီး....တိုးတိုးလေးမေးမိသည်။

""ဘယ်သူလဲ""

""ကိုယ်ပါ....မင်းမပြီးသေးဘူးလား""

သေပြီ။ သူခနထဲကအခန်းရှေ့မှာ ရပ်စောင့်နေတာနေမယ်။ သူ့ဆီကအကျီပဲ ငှားဝတ်ရ
မှာပဲ။ မထူးတော့ဘူး...အကျီမရှိပဲနှင့်တော့
မနေတတ်ဘူး။ သူ့ဆီကတီရှပ်ဖြစ်ဖြစ်ငှား
ဝတ်လိုက်မယ်။

မှော်သက်ပြင်းလေးခိုးချပြီး တံခါးနားလေး
မျက်နှာကိုကပ်ကာ လက်ကာလဲတံခါးဘုသီး
လေးကို ကိုင်ပြီး ပြောဖို့ရန်ပြင်လိုက်သည်နှင့်.....

""ကျွီ....""

""ဟင်...!!!""

""ဟာ!!!""

ရုတ်တရက်ယောင်ပြီး တံခါးကိုဖွင့်လိုက်မိ
သည့်မှော်။ အခန်းအပြင်မှာ ရှိနေသည့်သူ့
မျက်နှာနှင့် မှော်နှုတ်ခမ်းမှာ နမ်းမိပြီးသား။
သူ့လက်တွေမှာလည်း ယောင်ယမ်းပြီး
မှော့်တစ်ကိုယ်လုံးကို တင်းတင်းကြီးဖက်
ထားပြီး....မှော်လက်တွေမှာလဲ သူ့ခါးကို
အလိုလိုဖက်တွယ်ထားမိသည်မှာ အချိန်
ဘယ်မျှ ကြားသွားသည်မသိ။

""ဂျိမ်း...!!!""

""စီးချင်း....ကျွန်မကိုလွှတ်အုံး...""

""ဟာ....SORRY!!!""

မိုးခြိမ်းသံ ကျယ်ကြီးကြောင့်နှစ်ယောက်သား
တုန်ပြီး လန့်သွားမှ သူတို့နှစ်ယောက်၏
အနေအထားကို သတိရမိသည်။

မျက်နှာလေးတစ်ပြင်လုံး ပန်းနုရောင်သန်း
နေပြီး မျက်လုံးအပြူးသားနှင့် သူမလေး
ကို SORRYဟုတောင်းပန်ရသည်မှာ နှစ်ကြိမ်
ရှိသွားပြီ။ သူမကိုယ်အိအိလေးကို မလွှတ်ချင်နေသည့် စိတ်ကိုချုပ်တည်းလိုက်ပြီး
လွှတ်ပေးမိသည်။ သူလွှတ်ပေးလိုက်သည်
နှင့် အခန်းထဲအမြန်ပြေးဝင်ပြီး တံခါးကို
ပိတ်ချသွားသည့်သူမ။

""ဂျိမ်း....""

""စီးချင်းကျွန်မကို ရှင့်အကျီတစ်ထည်
လောက် ဝတ်ခွင့်ပေးပါ။ ကျွန်မ...ကျွန်မ
အကျီဝတ်စရာမရှိလို့""

""Ok....Ok!!!""

သူထိုအခန်းရှေ့မှ အမြန်ထွက်ခွာခဲ့ပေမဲ့
အသံတုန်တုန်လေးနှင့် မျက်နှာနီနီလေးနှင့်
သူမပုံရိပ်တွေသာ မျက်စိထဲမြင်ယောင်နေ
ဆဲ။ ခုန်နေသည့် ရင်ဘတ်ကိုလက်နှင့်ဖိထား
ပြီး သူမနှင့်တိုက်တိုက်ဆိုင်ဆိုင် အထိအတွေ့
လေးကို သူမက်မောရင်ခုန်နေမိ၏။ တဒဂ်က
လေးအတွင်း လှုပ်ရှားမြန်လွန်းသည့် သူလနှလုံးသားငိုသူနားမလည်နိုင်တော့။

ခုလိုအထိအတွေ့မျိုးမှာ သူ့အတွက်တော့
မဆန်းတော့ပါ။ ဘယ်မိန်းကလေးကိုမှ
ရင်မခုန်ခဲ့သည့် သူ့နှလုံး၏ လှုပ်ရှားနေခြင်း
သည် ထူးဆန်းနေသည်။ အတော်ကိုထူးဆန်
နေပြီ။ အချစ်အတွက်နဲ့ ဘယ်သူ့အပေါ်မှ
မကျရှုံးတတ်တဲ့ ငါ့နှလုံးသားကိုလှုပ်ခတ်စေ
တာ မင်းသိပ်တော်လွန်းနေပြီ မှော်ပန်းချီ။
ငါ့ပါးပြင်ပေါ်မှတ်သားပေးလိုက်တဲ့ မင်းနှုတ်
ခမ်းတစ်စုံက ငါ့အတွက်ပဲ....

သေချာတယ်...မင်းနဲ့ပတ်သက်ရင်ငါ...
အတ္တကြီးမိတော့မယ် ထင်တယ်မှော်ပန်းချီ။

~~~~~~~~~~~~~~

""မျက်မှန်တပ်ထား""

""ကျွန်မမျက်မှန်မကြိုက်ဘူး""

""မကြိုက်လဲ တတ်ထား""

မျက်နှာက ချက်ချင်းအလိုမကျဖြစ်သွား
သည့်သူ။ လေယာဉ်ကွင်းထဲ လူအုပ်တွေ
ကြားတိုးဝှေ့ပြီး မှော့်ပခုံးကိုမလွှတ်တမ်း
ဖက်တွယ်ထားသည့် သူ့လက်တွေ။

မနေ့ကအဖြစ်ကို မျက်နှာပူနေသည်ကြောင့်
သူ့အနားမှာ မနေချင်နေသည့်မှော့်ကိုသူ့လက်
ကနေကို မလွှတ်တော့။ တမင်ရှောင်နေမှပဲ
ပိုနီးကပ်နေသည့်သူ။သူ့ပရိတ်သတ်တွေက
လဲ အတင်းတိုးဝှေ့ပြီး သူ့အနားလိုက်ကပ်နေ
တာတွေကို ဂရုမစိုက်ပဲ လေယာဉ်ပေါ်မှ
အမြန် ဆင်းနေသည့်သူ။

""မှော့်ကို လွှတ်အုံး...မီဒီယာသမားတွေရှိနေ
တယ်။ ရှင်နဲ့ ကျွန်မရဲ့ ပုံတွေပျံကုန်တော့မယ်""

ကင်မရာမီးတွေ တဖျက်ဖျတ်နှင့် ရိုက်နေကြ
သည်ကို မှော်ရင်မဆိုင်ရဲတော့ပါ။

""မင်းကစိတ်ပူရမှာလား ငါကစိတ်ပူရမှာလား
အပိုတွေမပြောနဲ့ အငြိမ်နေ""

""ကျွတ်...""

စူပုတ်သွားသည့် မှော့်မျက်နှာကို သူပြုံးပြီး
ငုံ့ကြည့်လာသည်ကို မှော်မဲ့ရွဲ့ပြီးမော့ကြည့်
ပြစ်သည်ကို သဘောတကျရယ်နေပြန်
သည့်သူ။ မျက်မှန်နက်တွေကြားမှ သူ့မျက်
ဝန်းညိုတွေကို မှော်မြင်နေရသည်။


သူ့နားမှာပန်ထားသည့် ကျောက်စိမ်းပြာလေး
မှာလည်း သူ့မျက်နှာပေါ်ထင်းနေအောင်
တလက်လက်နှင့်။ ဖြစ်ချင်တော့ သူနှင့်မှော်
ဝတ်ထားသည့် အကျီမှာCouple ဖြစ်နေသည်
မှာပိုဆိုးလွန်းသည်။

အကျီတွေဝတ်စရာမရှိတော့ သူပေးတဲ့
အကျီကို ဝတ်ပြီးစျေးထဲမှာ ဂျင်းဘောင်း
ဘီတစ်ထည် ကိုယ်ကျပ်အကျီအနီလေးဝယ်
ပြီးဝတ်ခဲ့တာ။ အပေါ်မှဂျာကင်ကတော့
သူပေးသည့် ဂျင်းဂျာကင်အပွကြီး။
သူ့အကျီကို မဝတ်တော့ဘူးပြောပြန်လျှင်လဲ
မကျေနပ်ပဲ အပြစ်တွေပဲလေယာဉ်ပေါ်မှာ
ပြောနေသည့်သူ။

သူ့အလိုလိုက်ပြီး ဝတ်လာမိတဲ့မှော်ပဲ
မှားသွားမိပြီ။

""စီးချင်းနဲ့စီးချင်းရဲ့ ဒီဇိုင်နာမှော်ပန်းချီက
တကယ်ပဲ တွဲနေကြတာလား""

""ဖြေပေးပါ...""

""ဖြေပေးပါဗျ..""

အနားမှာလိုက်ကပ်ပြီး အတင်းလိုက်မေးနေ
ကြသည့် အင်တာဗျူးသမားတွေကြောင့်
မြန်နေသည့် သူ့ခြေလှမ်းတွေရုတ်တရက်ရပ်
ပြစ်တော့ သူ့ခြေလှမ်းအတိုင်းအမြန်လိုက်နေ
ရသည့် မှော်ဟန်ချက်ပျက်ပြီး သူ့ဆွဲဖက်
သည့်အတိုင်း သူ့ဖက်တွယ်ထားသည့်အတိုင်း
ငြိမ်ငြိမ်သူ့ရင်ခွင်ထဲ နေလိုက်ရသည်။

မျက်မှန်ကို ဟန်ပါပါချွတ်လိုက်ပြီး....
ပြုံးလိုက်တိုင်း သွားတက်လေးမဟုတ်ပါပဲ
အစွယ်လိုသူ့သွားချွန်ချွန်လေးတွေကို မှော်ငေးကြည့်နေမိသည်။ ကင်မရာမီးတွေကိုပင်
သတိမထားမိနိုင်သည်ထိပါပဲ။

""အားလုံးပဲ.....ကျွန်တော်ဖြေပေးပါမယ်
သတင်းအတိအကျဖြစ်ရင် ပြန်ပြောပါမယ်
ခုတော့ မေးခွန်းတွေမမေးပေးဖို့ တောင်းဆို
ပါတယ်""

""Facebookပေါ် ပျံ့နေတဲ့ အကိုစီးချင်းနဲ့
မှော်ပန်းချီရဲ့ ပုံတွေကလဲ တမင်ချိန်းတွေ့
နေကြတယိလို့ ပရိတ်သတ်တွေရဲ့ မှတ်ချက်
အပေါ်လဲ ဘယ်လိုဖြေရှင်းချက်လေး
ပေးမှာလဲခင်ဗျာ""

""သာမန်ရိုးရိုး တွေ့ဆုံမှု့တစ်ခုလို့ပဲသတ်မှတ်
ပေးကြပါ....ကျေးဇူးပြုပြီးနောက်ထပ် မေးခွန်းတွေ ထပ်မမေးပါနဲ့တော့""

မှော်ပခုံးလေးကိုဆုပ်ကိုင်ပြီး ခြေလှမ်းကျဲ
တွေနှင့် မီဒီယာတွေ သတင်းသမားတွေကြားမှ အမြန်ရှောင်ထွက်လာကြပေမယ့် သူနှင့်
မှော့်ကိုတစ်ကွင်းလုံးမှ လူတွေကဲ့
မျက်လုံးတွေမှာ မကျေနပ်ပုံတွေနှင့်။

ဟူး.....
မှော်သက်ပြင်းကိုသာ ချမိ၏။
အောင်မြင်ကျော်ကြားခြင်းသည်လည်း
ဒုက္ခတစ်မျိုးကို ခံစားရသလိုပါလားဆိုသည့်
အသိလေး သိလိုက်ရ၍ပါပဲ။ သူ့ကိုကြည့်ပြီး
မှော်စိတ်မသက်သာလှသလို ခနကကြားလိုက်ရသည့် စကားတချို့ထဲမှ သူနှင့်
မှော့်ပုံတွေ Facebookပေါ်ပျံ့နေပြီဆိုတဲ့
စကားကြောင့် မှော်ခေါင်းထဲနောက်ကျိသွား
ရသလိုပင်။

""မှော်...ကလေး ကိုယ်ဒီမှာ""

အရှေ့တည့်တည့်လူအုပ်တွေကြားမှ
ဂျူတီကုတ်နှင့် ဆရာကိုမြင်လိုက်ရသည်။
သူသည်လည်းဆရာကို မြင်လိုက်၍ ထင်
သည်။ မြန်နေသည့်ခြေလှမ်းများရုတ်တရက်
ရပ်ပြစ်ပြန်သည်။ မှော့်ထံငုံ့ကြည့်လာသည့်
သူ့အကြည့်များမှာ အေးစက်လွန်းလှစွာ...
အကြောင်းတရားမရှိပဲ သူ့အံ့ကြိတ်သံကြီးကို
မှော်ကြားလိုက်ရသည်။ ခပ်တင်းတင်းဆုပ်
ကိုင်ထားသည့် မှော့်ပခုံးမှ သူ့လက်တွေက
ဖယ်ခွာမချပဲ ပို၍တင်းကျပ်လာပြီး.....

""မင်းလာကြိုဖို့ ခေါ်လိုက်တာလား""

မျက်လုံးများကို စုကျဉ်းပြီးမော့ကိုကြည့်ကာ
ပြောလာသည့် သူ။

""ရှင်...!!!""

~~~~~~~~~~~~~~~~~

အခန်း [ ၉ ]မျှော်

AUTHOR~~~ငှေသုန်ဒရီ



rate now: