book

Index 7

အခန်း [ ၇ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

""ကျွန်တော်တို့က ဒီကမမ.... မနက်ဖြန်
ပြန်မှာ ဆိုလို့ လက်ဆောင်လာပေးကြတာပါ
အကိုစီးချင်း...""

""ဘာလက်ဆောင်မှ လက်မခံဘူး မင်းတို့ပြန်
လိုက်တော့""

""ဗျာ...!!!""

ချည်ထိုးအကျီလက်ရှည် အနီလေးနှင့်လှချင်
တိုင်းလှနေသည့် သူမထံ အကြည့်ပို့ပြီးမကျေ
မနပ် ဖြစ်သွားရသည့် သူ့စိတ်သူပင် ဖြတ်ရိုက်
ပြစ်ချင်စရာကောင်းလှသည်။ တကယ်ဆို
ဘာမှမဆိုင်ပဲ သူတစ်ယောက်ပဲ မောဟတွေ
နှင့် သူမကိုစတွေ့လိုက်သည်နှင့် အလိုလိုမနာ
လို ဝန်တိုနေခြင်းတွေမှာ အတိုင်းအတာမရှိ။

""ကျွန်တော်တို့က...""

""မင်းတို့ကို ငါပြန်လိုက်တော့လို့ ငါပြောနေ
တာ...နားမလည်ဘူးလား""

သူ့ကို ပေစောင်းစောင်းနှင့် မကျေနပ်ဖွယ်
ဟန်တွေနှင့် ထွက်သွားကြသည့် ထိုကာလ
သားအဖွဲ့တွေကို ကြည့်ပြီးသူမထံပြန်ကြည့်
တော့ မျက်နှာလေးရှုံ့မဲ့နေတာ ဘာသဘော
လဲ။

အဆိုဆိုသည့် သိက္ခာတွေမထားနိုင်လောက်
အောင် သူ့မှာတော့သူမနှင့် ပတ်သက်သမျှ
ကြမ်းတမ်းနေရတာ။ သူမမှာတော့ အေးချမ်း
နေတာ မျှတမှု့လား။

""ဘာလဲ....သူတို့ပေးတဲ့ လက်ဆောင်တွေကို
မယူလိုက်ရလို့ မကျေမနပ်ဖြစ်နေတာလား""

""ဘာအတွက် မှော်ကမကျေနပ်ရမှာလဲ။
ကျေနပ်တယ် အားလုံးကျေနပ်တယ်""

""မင်းမျက်လုံးတွေက အဲ့ကောင်တွေဆီပဲ
ရောက်နေတာ...""

သူ့အသံကျယ်ကြောင့် မှော့်ဘေးမှာထိုင်နေ
သည့် ကောင်မလေးမှာမျက်လုံးလေးပြူးပြီး
ဟိုကြည့်သည်ကြည့်နှင့် တုန်တုန်ယင်ယင်
ရေနွေးခယားအိုးလေးကောက်ကိုင်ပြီး....

""လုံ....ရေနွေးကြမ်းသွားဖြည့်အုံးမယ်မမ""

""ဟုတ်လုံ...""

ထိုကောင်မလေးထွက်သွားသည်နှင့် မကျေနပ်သမျှတွေ သူပေါက်ကွဲတော့သည်။

""မင်းကတမင် ရွာကကောင်တွေနဲ့ရင်းနှီးချင်
တိုင်း အပြင်ထွက်ထိုင်နေတာလား""

သူနှင့်သူမကြားတွင် ခြားထားသည့် ဝါးထိုင်
လေးကို သူဆုပ်ကိုင်ထားပြီး ကွတ်ပျစ်ပေါ်
တမင်ခွေလေးထိုင်နေသည့် မှော့်ကိုအပြစ်မရှိ
အပြစ်ရှာချင်နေသည့်သူ။

""ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မကိုရှင်
ဘယ်လိုသဘောများ သတ်မှတ်နေတာလဲ
ရှင်ပြောတဲ့စကားတွေက ကျွန်မသိက္ခာကို
စော်ကားလွန်းနေပြီ""

""ငါပြောနေတာတွေမဟုတ်လို့လား""

မင်းထင်ချင်သလိုထင် မှော်ပန်းချီ။ ငာ့စိတ်ကိုငါနားမလည်နိုင်ပေမယ့် မငျးကျုမွငျတိုငျး
အကြောင်းမရှိ အကြောင်းရှာပြီး စကားတွေ
ပြောချင်နေတဲ့ငါ။ မင်းအနားမှာရှိသမျှ
ေယာက်္ားမွန္သမျှဆွဲထိုးချင်စိတ်ပေါက်နေ
တဲ့ငါ။ မင်းကိုအရင်က ဟားတိုက်ပြီးပြစ်ပယ်
မိတဲ့ငါက ခုလိုတွေ ဖြစ်နေတယ်ဆိုတာ သိရင်
မင်းငါ့ကိုပြန်ဟားနေမှာ ငါမလိုလားဘူး။

သူ့ကိုမကျေနပ်စွာ ကြည့်နေသည့်မှော်မျက်
ဝန်းတွေကို တုံ့ပြန်ကြည့်မိသည်မှာ လှောင်
ရိပ်ထင်းနေသောအကြည့်နှင့်....

""ရှင်ကျွန်မကို နေရာတကာဒီလိုတွေ လိုက်
ပြောနေမယ်ဆိုရင် ရှင့်ဒီဇိုင်နာအဖြစ်ကနေ
ကျွန်မနှုတ်ထွက်ရလိမ့်မယ်။ နေရာတကာ
ရှင် ကျွန်မကိုရန်လိုနေသလိုပဲ ရှင်သိထားဖို့က
ကျွန်မကိုအမိန့်ပေးတာ ကျွန်မအမုန်းဆုံးပဲ""

""နေဦး!!!!""

""အ့...ရှင်! !!
လွှတ်...ကျွန်မလက်ကို....""

မှော်သူနှင့် မျက်နှာချင်းမဆိုင်ချင်တော့၍
ထ ထွက်ခဲ့တော့ လက်ကောက်ဝတ်မှနာကျင်
အောင် ဆုပ်ကိုင်ထားသည့် သူ့လက်အေးအေ
ကြီးတွေကို မှော်အတင်းဖယ်ချပေမယ့်မလွှတ်ပဲ ပိုတင်းပြီးမှဆုပ်ကိုင်လာသည်။

""ငြိမ်ငြိမ်နေ!!!""

မျက်တောင့်နီကြီးတွေနှင့် မှော့်ကိုအံကြိတ်ပြီး
ပြောနေသည့် သူ့အသံကြီးမှာ ကြောက်ဖို့ကောင်းနေသည်။

""အရင်ကမင်းငါ့ကိုချစ်တဲ့အချစ်တွေ ဘယ်
ရောက်ကုန်လဲ။ မင်းငါ့ကိုချစ်တယ်ဆို ခုမင်း
ဘာကြောင့်ငါ့ကို အမြဲရှောင်ချနေရတာလဲ""

""ရှင်ရူးနေလား....ကျွန်မလက်ကိုလွှတ်""

""မလွှတ်ဘူး....!!!!
ငါမေးတာပဲဖြေ""

ခုလိုသူ့ထံမှ ရုတ်တရက်မေးခံလိုက်ရတော့
မှော်မျက်နှာတစ်ခုလုံး ပန်းနုရောင်သမ်းသွား
ရသည်ထိ။ ကိုယ်ကချစ်ခဲ့ဖူးတာ ကလေးဘဝ
ကရူးရူးမိုက်မိုက်။ ခုလိုသူလဲအရွယ်ရောက်
ကိုယ်လဲအရွယ်ရောက်နေပြီ။ ဒီလိုမေးခွန်း
မျိုးက မေးဖို့သင့်သလား။ မှော့်ကိုတမင်မာန
တွေချိုးလိုက်သလိုပါပဲ။ ချစ်တာတော့ချစ်
တာပဲ။ ခုလိုကာယကံရှင် ကိုယ်တိုင်ကမေး
လိုက်တော့ မှော်ရှက်မိသား။

""ရှင်ဘာတွေပြောနေတာလဲ။ ဘာဆိုင်လို့
ကျွန်မကဖြေရမှာလဲ ကလေးဆန်တဲ့စကား
တွေ လာမပြောနဲ့ လွှတ်ကျွန်မလက်ကို....""

""မင်းကိုငါမေးတာပဲဖြေ!!!""

မှော်မျက်ရည်တွေ စီးကျလာရသည်။ ဖိဆုပ်
ကိုင်ထားသည့် သူ့လက်တွေကိုလဲ မရုန်းချင်
တော့။ မျက်ရည်များကျနေသည်ကို သူကြည့်
နေသည်တဲ့။ သူ့ကိုမော့ကြည့်မိသည်မှာ
အနိုင်မခံလိုသော အကြည့်များနှင့်....

""ရှင်ပြောတာမှန်တယ်။ အရင်ကလေးဘဝ
ကရှင်ကို ချစ်ခဲ့တယ်။ ကလေးအတွေးနဲ့ချစ်
ခဲ့တယ်။ ခုတော့စိတ်ကူးထဲတောင်ရှင့်ကို
မရှိဘူး။ ရှင့်ကိုရှင်အရမ်းအထင်ကြီးမနေနဲ့
ရှင်တွေ့ဖူးတဲ့ မိန်းကလေးတွေလိုကျွန်မကို
မသတ်မှတ်နဲ့ အတိတ်ကအတိတ်ပဲ အနာဂါတ်ကအနာဂါတ်။ အတိတ်ကအဖြစ်တွေအတွက်လည်း တွေးမိတိုင်းကျွန်မ ရင်နာ
တယ်....ရှက်မိတယ်။ ရှင့်ကိုချစ်ခဲ့မိတဲ့အတိတ်ကို ကျွန်မမုန်းနေမိလို့ပဲ""

""မင်း...!!!!""

""လက်ရှိအနာဂါတ်မှာ ရှင့်ကိုမချစ်တော့တာ
အသေအချာပဲ။ ရှင်သိထားဖို့က ကျွန်မကို
ရှင်တွေ့ဖူးသမျှ မိန်းမတွေလိုသတ်မှတ်ထား
ရင် ရှင်ရူးနေလို့ပဲ""

""နေဦး!!!""

အံ့တင်းတင်းကြိတ်ပြီး မျက်ဝန်းတွေမှာနီနေ
လျှက် မှော်ထံဒေါသတကြီးကြည့်နေသည့်
သူ့မျက်ဝန်းတွေကို မှော်အံ့တုပြီးကြည့်နေ
လိုက်သည်။ ဒါကျွန်မရဲ့မာနပဲ မောင်.....။
ရှင့်ကိုချစ်တဲ့ ကျွန်မအချစ်တွေကရိုးသားပေ
မယ့် မရိုးသားတဲ့ရှင့်အတွက်တော့ ဒဏ်ခတ်
တဲ့အနေနဲ့ မှော့်အချစ်တွေကို တစ်သက်လုံး
ဖုံးကွယ်ထားဖို့ မှော်ခုပဲဆုံးဖြတ်လိုက်မိပြီမောင်။

""ဟွန်း....မင်းငါ့ကိုညာချင်တိုင်းညှာလို့ရမယ်
မင်းစိတ်ကိုတော့မင်း ညှာလို့မရဘူး...။
သေချာစဉ်းစားကြည့်ပါအုံး မင်းငါ့ကိုတကယ်မချစ်တာလားချစ်နေတာလားဆို
တာပေါ့။ သေချာတယ် မင်းငါ့ကိုချစ်နေသေး
တယ်ဆိုတာငါသိနေတယ်...""

သူထင်ရာသူပြောပြီး ကျောခိုင်းလှည့်ထွက်
သွားပြန်သည့် မှော်ရဲ့ချစ်ရပါသောမောင်။
ရှင်အမြဲနိုင်ပါတယ်...မောင်။ အရှုံးပေးဖို့
တောင်းဆိုစရာမလိုပါပဲ ရှုံးနေပြီးသားလူ
ကမှော်ပါပဲမောင်။ ကျွန်မမောင့်အပေါ်ဘယ်
တုန်းကမှ အနိုင်မယူခဲ့ပါဘူး။ နောင်လဲအနိုင်
ယူမှာမဟုတ်ဘူးလေ။ မချစ်ဘူးပြောတိုင်း
ရင်ထဲမှာ နင့်နင့်သည်းသည်းခံစားရတဲ့
မှော်နှလုံးသားက မောင့်ကိုညာမိတိုင်း ဒဏ်ခတ်နေသလိုပဲမောင်။ မောင်မသိခဲ့ဘူး။
ကျွန်မနှလုံးသားလေးက မောင့်ကိုခြောက်နှစ်
လုံးလုံးတမ်းတမက်မောနေမိတာကို မောင်
မသိခဲ့ပါဘူး....။


ကောင်းကင်မှ ကြယ်တာရာမှိတ်တုတ်တုတ်
လေးတွေထံ မှော်ကြည့်ပြီး အသက်ကိုဝဝရှူ
ရှိုက်မိသည်။ ထို့နောက်သက်ပြင်းရှည်ကြီး
ကို တစ်ပြိုင်နက်ချမိပြန်သည်။ ကောင်းကင်
တစ်ခုလုံး တိမ်ကင်းစင်ပြီး ကြယ်ရောင်စုံ၏
အလှတွေနှင့် ငြိမ်သက်လှပနေပေမယ့် မှော့်
ရင်ထဲမှအချစ်တွေနှင့် မအေးချမ်းနိုင်တာ
မှော် တစ်ယောက်တည်းလား မောင်ကကောမှော့်ကို မေးခွန်းတွေထုတ်ပြီး အေးချမ်းနေ
ရဲ့လားမောင်....

နှလုံးရဲ့စေညွှန်းရာထဲမှာ မောင့်အရိပ်တွေပဲ
စွန်းထင်းနေသမျှ မောင့်အနားမှာမှော်က
အရိပ်ကလေးလို ရှိနေခဲ့ရင်ခွင့်လွှတ်ပါ....
မောင်.....။

စီးချင်းနဲ့မှော့်ကို တိတ်တဆိတ်ပင်မရာနှင့်
ခိုးရိုက်သွားကြသည်ကိုတော့ သူတို့နှစ်
ယောက်လုံးမသိခဲ့ပါ။

~~~~~~~~~~~~~~~~~

Ring...Ring

""ဖုန်းကဘယ်ဂျောင်ကျသွားပြန်တာလဲ......
ကျွတ်.....""

ပြန်ဖို့ရန်အတွက် အဝတ်ထုတ်တွေနှင့်ရှုပ်
နေချိန် ဘယ်ကိုရောက်နေမှန်းမသိသည့် ဖုန်း
ကိုလိုက်ရှာနေမိသည်။ မှော်ဘယ်နားဖုန်း
ချလိုက်မိလဲ မသိ။ စောင်အောက်ကို လှန်ကြည့်မိတော့ မြည်နေသည့် ဖုန်းကိုကောက်ကိုင်
ပြီး ပါးနှင့်ဖုန်းလေးကို ကပ်ထားပြီးလက်မှ
အဝတ်တွေ ခေါက်ထည့်နေမိ၏။

""ပြန်လာပြီလားသမီး""

""ပြန်လာမှာလေမေမေ ဘာဖြစ်လို့လဲ""

""ဟုတ်လား...လေယာဉ်ကဘယ်ချိန်ထွက်မှာ
လဲသမီး။ အဲ့နယ်ကထွက်တဲ့ ချဉ်ဇော့ခါးသီး
ဝိုင်လေးဝယ်ခဲ့လားသမီး""

""အယ်....မေ့နေတာ""

""အချိန်ရရင်ဝယ်ခဲ့ပါလား""

""ဟုတ်မေမေဝယ်ခဲ့မယ်...ဒါပဲနော်မေမေ""

""အေအေ..""

မှော်ဖုန်းလေးကို ခေါင်းအုံးပေါ်တင်ထားပြီး
မေမေပြောမှ သတိရတယ်။ မေမေကမှော်
မလာခင်ထဲက ဒီချဉ်ဇော့ခါးသီးပဲတမ်းတမ်း
တတပြောနေတာ။ မဖြစ်ဘူးပါအောင် ဝယ်
သွားပေးမှပါ။

မှော်ခေါက်လက်စ အဝတ်တွေကိုချပြီး
နာရီလေးငုံ့ကြည့်မိသည်။ လေယာဉ်ချိန်က
တစ်နာရီလောက်လိုပါသေးတယ်။

""မမ...လုံဘာလုပ်ကူပေးရမလဲ""

""အတော်ပဲလုံရေ ဒီနယ်ကထွက်တဲ့ ချဉ်ဇော့
ခါးသီယိုတွေ ဝိုင်တွေဝယ်ချင်လို့ မှော့်ကို
စျေးခနလိုက်ကူပါလား""

""ရတာပေါ့မမမ...လုံဆိုင်ကယ်မောင်းပြီး
လိုက်ပို့မယ်""

""ကျေးဇူးပဲလုံ။ ဒါဆိုမှော်အကျီလဲလိုက်အုံး
မယ်။ လုံလဲသွားလဲ""

""ဟုတ်မမ""

မှော့်အခန်းထဲ လုံထွက်သွားသည်နှင့်
ဂျင်းဘောင်းဘီအရှည်ကို ရွေးဝတ်လိုက်ပြီး
ဒီနယ်မှာက ညဘက်ဆိုချမ်းစိမ့်စိမ့်နှင့် နေ့ခင်း
ဘက်ကျတော့ နေအရမ်းပူတာ။ မှော်ချည်
ထည်အကျီအပါးလက်ရှည် အဝါနုရောင်
လေးကို ဝတ်လိုက်သည်။ ဆံနွယ်တွေကို
ခေါင်းစီးကွင်းလေးနှင့် လျော့လျော့လေး
ချည်ပြီး ပိုက်ဆံအိတ်လေး ကောက်ကိုင်ကာ
အိမ်ထဲမှ ထွက်လာခဲ့သည်။

""လုံကစောင့်နေတာကြာပြီလား""

""မကြာသေးပါဘူးမမ""

အိမ်ရှေ့အသင့်စောင့်နေသည့် လုံမောင်းသညိ့
ဆိုင်ကယ်နောက် မှော်ကြောက်ကြောက်နှင့်
လှမ်းတက်လိုက်သည်။ တစ်ခါမှ ဆိုင်ကယ်
မစီးဖူးတော့ မှော်ကြောက်နေသလိုပဲ။ လုံခါး
ကိုတင်းတင်းဖက်ထားပြီး မှော်လိုက်လာမိ၏။ လမ်းတစ်ဝက်ရောက်မှ မှော်စျေးလာ
တာ စီးချင်းကိုမပြောခဲ့ရတာသတိရသည်။
တော်ပါပြီ....မပြောလဲရပါတယ်ခနပဲလာ
တာပဲလေ။ လေယာဉ်ချိန်တော့ နောက်မကျလောက်ပါဘူး။ သူနှင့်စကားပြောရမှာလဲ
မှော်မျက်နာပူနေသလိုပင်။ ဒါကြောင့်ထုတ်ထားလက်စ ဖုန်း
လေးကို ပိုက်ဆံအိတ်ထဲ ပြန်ထိုးထည့်ပြီး
နေလိုက်သည်။

""ဂျိမ်း.....""

""အမလေး....!!!
လုံရေ....မိုးတွေက ညှို့မှိုင်းနေတာပဲ။
အပြန်ကြရင်လမ်းတွေက ချောနေတော့မှာပဲ""

""ရပါတယ်မမရဲ့ လုံဆိုင်ကယ်မောင်းကျွမ်း
ပါတယ်...ဟီး။ မကြောက်နဲ့မမ""

""ဟုတ်ပါပြီရှင်....စျေးကဝေးလားလုံ""

""နာရီဝက်ပဲ မောင်းရမှာမမ""

""အင်းပါ""

ကျွမ်းတယ်သာ ပြောတယ်မြေလုံးခဲတွေ
ကြား ဆိုင်ကယ်ကို ဟိုရမ်းသည်ရမ်းနှင့်
မောင်းနေသည့် လုံနောက်မှ မှော်လိုက်လာပေမယ့် စိတ်မအေးလှပါ။ ချိုင့်ခွက်
တွေရောက်တိုင်း ဘုရားတတနေရသည်သာ။

မည်းမှောင်ပြီး မိုးခြိမ်းသံတဂျိန်းဂျိန်းနှင့်
ကောင်းကင်ကို မော့ကြည့်ပြီးမှော်သက်ပြင်း
ကိုသာ အကြိမ်ကြိမ်ချမိ၏။ လာမိတာမှားပြီ
လားဟုလည်း တွေးနေမိတာ ရွာတော့မည့်
မိုးမင်းကြီးကြောင့်ပါ။

~~~~~~~~~~~~~~~

""ကျစ်....ဘာလို့ဖုန်းကခေါ်မရတာလဲ""

""လူကြီးမင်းခေါ်ဆိုသော တယ်လီဖုန်းမှာ
ဆက်သွယ်မှု့ ဧရိယာ.....""

""တောက်....""

အကြိမ်ပေါင်းမနည်း ခေါ်နေသည့်မှော်ဖုန်း
မှာ ဧရိယာနှင့်ပဲ တိုးတိုးနေ၍ သူစိတ်တွေ
တိုလာရသည်။ စိတ်တိုတိုနှင့် ဖုန်းကိုပါ
ကြမ်းပြင်ပေါ် ပေါကျခှဲပစျတော့ မျက်လုံးအပြုးသားနှင့် သူ၏မန်နေဂျာဂျူနိုကြည့်လာ
သည်။ ဂဏာမငြိမ်ဖြစ်နေသည့် သူ့ကိုဘာမှ
လဲမပြောပဲ သူလှုပ်ရှားသမျှသာ မျက်လုံးအပြူးသားနှင့် ကြည့်နေသည်။

""ဘယ်သွားတာလဲ။ ဒီနေ့ပြန်မယ်ဆိုတာ
သိလျှက်နဲ့ ဘာလို့လျှောက်သွားရတာလဲ။
တစ်နေရာရာသွားမယ်ဆိုလဲ ငါ့ကိုပြောသွား
ဖို့သင့်တာပဲ""

""ကိုယ်....""

သူစိတ်တိုတိုနှင့် တစ်ယောက်တည်းပြောနေ
စဉ် တံခါးပေါက်မှခေါ်သံနှင့်အတူ Rose
အခန်းထဲဝင်လာသည်။ ဂျူနိုကတော့အလိုက်
သိစွာနှင့် ရှောင်ထွက်သွားသည်။

""ကိုယ်ဘာဖြစ်နေတာလဲ....လေယာဉ်ကနောက်နာရီဝက်ဆို ထွက်တော့မှာ အားလုံးပြန်ဖို့ စီစဉ်ပြီးနေပြီ ဒါရိုက်တာတွေလဲ
လေယာဉ်ပေါ်ရောက်နေကြပြီ သူ့ကိုချန်ထားလိုက်မယ်လေ Roseတို့ပြန်နင့်ကြမယ်""

""ဖယ်စမ်းRoseရာ...""

သူ့နောက်ကျောမှ ဖက်တွယ်လာသည့်
Roseကိုယ်လေးကို ခပ်ကြမ်းကြမ်းတွန်းလွှတ်
ပြစ်ပြီး စိတ်ရှုပ်စွာနှင့် ခေါင်းကိုခါရမ်းပြစ်
သည်။ ခုချိန်မှော့်ကိုသာ စိတ်ပူပန်နေရ၍
ဘာလုပ်၍ဘာကိုင်ရမှန်းမသိ။

""ကိုယ်...ဘာဖြစ်နေတာလဲ စိတ်ရှုပ်နေရင်
တောင် Roseကိုအဲ့လို မဆက်ဆံပါနဲ့""

""ကျွတ်....""

စိတ်ရှုပ်နေရတဲ့ကြားထဲ မျက်ရည်တွေနှင့်
Roseကိုကြည့်ပြီး သူပိုစိတ်ပျက်သွားရသည်။
အပေါ်ထပ် အကျီလက်ရှည်ကို ချွတ်ပြစ်
လိုက်ပြီး ဆံပင်ရှည်တွေကို လက်နှင့်ထိုးဖွ
ကာ Roseထံအကြည့်ပို့လိုက်မိသည်။

""Rose...!!!
မင်းတို့ပြန်လိုက်ကြတော့.....ငါသူ့ကိုစောင့်
ပြီး နောက်နေ့တွေမှ လိုက်လာခဲ့မယ်""

""ဟင့်အင်း....ဘယ်ဖြစ်မလဲ သူနဲ့ကိုယ်နဲ့
နှစ်ယောက်ထဲ ချန်ထားဖို့ကို Roseစိတ်မချဘူး""

""မင်းငါ့ကို စောဒကမတက်နဲ့ ပြန်ဆိုပြန်လိုက်
ငါ့ကို အတင်းချုပ်ချယ်ကပ်တွယ်တာမျိုး
တွေ ငါမုန်းတယ်ဆိုတာ မင်းသိတယ်နော်""


""Roseက အဲ့လိုသဘောမျိုးနဲ့ ပြောတာ
မဟုတ်ပါဘူးကိုယ်ရယ်။ ကိုယ်နေခဲ့ရင် Rose
လဲကျန်ခဲ့မယ်""

""မင်းသွားလိုက်တော့...""

""ကိုယ်...!!!""

သူစိတ်တိုတိုနှင့် အော်ပြစ်လိုက်မှ မျက်ရည်
တွေကြားမှ ငိုသံပါလေးနှင့် ပြေးထွက်သွား
သည်။ သူစိတ်ရှုပ်စွာ ထူပူနေသည့်ဖခါင်းကို
လက်ညှိူးလေးနှင့် ထောက်ပြီး ဘာလုပ်ရမ
လဲစဉ်းစားနေမိ၏။ သူကပဲစိတ်ပူလွန်နေတာ
လား။ ဒါမှမဟုတ် မှော်တကယ်ပဲဒုက္ခဖြစ်
နေပြီလား။

""ဂျိမ်း...ဂျလိန်း....ဒုန်း""

အဆက်မပြတ်မိုးခြိမ်းသံကျယ်ကြီးတွေကြောင့် သေချာတယ် သူမဒုက္ခရောက်နေပြီ။
စိတ်မှအလိုလို ဦးတည်ချက်မှာ မှော်တစ်ခုခု
ဖြစ်နေပြီဆိုတာ အလိုလိုသိနေသလိုပင်။
သူခနကချွတ်ပြစ်လိုက်သည့် အကျီလက်ရှည်ကို ကောက်ဝန်လိုက်ပြီး အခန်းပြင်ထွက်ခဲ့မိ
သည်။

အခန်းရှေ့အသင့်စောင့်နေသည့် ဂျူနိုကို
သူကြည့်လိုက်ပြီး....

""ဟိုတယ်ကဝန်ထမ်းတစ်ယောက်ကိုငါခေါ်
သွားမယ်။ ဆိုင်ကယ်တစ်စီးအမြန်စီစဉ်ခိုင်း
ပြီးမှော်ပန်းချီနောက် ငါလိုက်သွားမယ်။ မင်းတို့ပြန်နင့် ငါနဲ့မှော်ပန်းချီနောက်နေ့မှ လိုက်ခဲ့မယ်""

""နေအုံး...စီးချင်း""

အလောတကြီး သူ့ပုံစံကို ဂျူနိုခပ်အေးအေး
စိုက်ကြည့်ပြီး လှမ်းတားသည်။ ဂျူနိုက
သူ့အတွက် မန်နေဂျာဆိုလည်းဟုတ်သည်။
သူငယ်ချင်းဆိုလည်း ဟုတ်သည်။ စီးချင်းဆို
သည့်သူ့အကြောင်းကို အသိဆုံးသောညီအကို တစ်ဝမ်းကွဲပဲမဟုတ်လား။

""မင်းနဲ့မှော်ပန်းချီရဲ့ မနေ့ညကပုံတွေ
Onlineပေါ်ရောက်နေတယ် အနေအထိုင်....""

""မင်းပါးစပ်ကို ပိတ်လိုက်တော့။ ဒီအခြေ
အနေမှာ ငါဘယ်သူ့ကိုမှ ဂရုမစိုက်ဘူး။
ခုမှော်ဘာဖြစ်နေလဲပဲ ငါစိုးရိမ်နေတယ် နောက်ထပ်ငါ့ကိုဘာမှ ဆက်မပြောနဲ့
Onlineပေါ်မကလို့ ဘယ်ပေါ်ပဲရောက်ရောက်
ငါဂရုမစိုက်ဘူး။ ငါပြောသလိုပဲမင်းတို့ပြန်
လိုက်ကြတော့။ နောက်နေ့မှငါ့အစီအစဉ်နဲ့ ငါ
ပြန်လာခဲ့မယ်။""

ပခုံးကို ဆုပ်ကိုင်ထားသည့်လက်တွေ
ကိုခပ်ကြမ်းကြမ်း ခွာချပြီးထွက်သွားသည့်
စီးချင်း၏ ကျောပြင်ကို သက်ပြင်းအကြိမ်
ကြိမ်ချပြီး ကြည့်နေမိသူမှာ ဂျူနို။
သတင်းတွေက အမျိုးမျိုးတက်ပြီး အရမ်း
အောင်မြင်နေသည့် စီးချင်းကို တိုက်ခိုက်ချင်
နေကြသူတွေမှာ အများကြီးပင်။ ဒါကိုဂရု
မစိုက်စွာ ဘယ်အရာကိုမှ ဂရုမစိုက်အလေးမထားတတ်သည့် စီးချင်းကိုတော့ ဘယ်အရာ
မျိုးနှင့်မှ ဖြေသိမ့်ဖြောင်းဖျ၍မရနေသမျှ
ပွသနာပေါငျးစုံကျု ခေါင်းခံဖြေရှင်းနေရအုံး
မှာပါပဲ။

~~~~~~~~~~~~~~~~~

""ဂျိမ်း...!!!!""

""အမလေး....!!!""

တစ်လမ်းလုံး မြေနီရွှံ့ပွက်တွေကြားမှ ဖိနပ်
ပင် မစီးနိုင်လောက်အောင် ဆိုးရွလွန်းသည့်
လမ်းကြောင့် မှော်သွေးပျက်သွားရသည်။
ခုချိန်လောက်ဆို လေယာဉ်လဲ ထွက်သွား
လောက်ပြီ။ နှစ်ယောက်သားမိုးရေတောထဲ
ဆိုင်ကယ်ကို တွန်းပြီးရွှံ့ဗွက်တွေကြား ချော်လဲလိုက် လမ်းလျှောက်လိုက်နှင့် မှော်တို့
နေသည့် ရွာကိုမရောက်တော့။ မိုးကလဲမှောင်
စပြုနေပြီ။ တစ်ကိုယ်လုံးလည်း အေးစက်
ကျင်ခဲနေပြီး ဆိုင်ကယ်ကိုပင်ဆုပ်ကိုင်တွန်း
နေသည်မှာ ခွန်အားမရှိတော့။

ဒီကြားထဲအဆက်မပြတ် ခြိမ်းနေသည့်
မိုးခြိမ်းသံကြီးမှာ ခြိမ်းချောက်နေသလိုပင်။
ကြောက်စရာကောင်းနေသည်။ မှောင်ရီပြိုးစ
တောလမ်းလေးမှာ လူတွေလဲပြတ်သည်။
အရှေ့မှ ဆိုင်ကယ်တွန်းနေသည့် လုံလေးလဲ
ကြောက်နေရှာပုံရသည်။ မှော်ကိုယ်တိုင်လဲ
အကြောက်လွန်လိုက် မိုးရေစက်တွေကြား
အေးစက်သွားလိုက်နှင့် ဘုရားတပြီးသာ
သွားနေရသည်။

""လုံရေ...ရောက်တော့မှာလား...""

""ရောက်ခါနီးနေပြီမမမ...ဘာမှမကြောက်နဲ့
နော် လုံရှိတယ်""

""အင်းပါလုံရယ်""

မှေးရိုက်အောင် အေးနေကြပြီး လုံကအား
ပေးရှာပါသည်။ မှော့်ကိုသာမကြောက်နှင့်
ပြောတာ....သူမလေးလဲကြောက်နေတာပဲ။
တစ်လမ်းလဲလှဲလိုက် လျှောက်လိုက်နှင့်
တစ်ကိုယ်လုံးလဲ ရွှံ့ဗွက်တွေနှင့် ဆိုင်ကယ်
ပွိုင့်မှ စင်သည့်ဗွက်တွေမှာလဲ မျက်နှာတွေကို
လာစင်တော့ တစ်ကိုယ်လုံးရစရာပင်မရှိတော့။

""ဘုန်း!!!
အား...!!!.""

""မမအဆင်ပြေလား.....လုံလက်ကိုဆွဲလိုက်""

""အား!!!
ကျွတ်...ကျွတ်""

ရှေ့မှာဆိုင်ကယ်နှင့် သွားရသည့် လုံကမလဲ
ပါပဲ ဘာမှမတွန်းရပဲ တစ်ကိုယ်ထဲမှော်က
ရွှံဗွက်တွေထဲ လဲပြစ်သည်မှာ ပက်ပက်စက်
စက်။ လုံကမ်းပေးတဲ့ လက်ကိုလဲရုတ်တရက်
ကြီး မလှမ်းနိုင်သေးပေ။ မြီးညောင့်ရိုး
အောင်းသွား၍ လူကမထနိုင်တော့။ ဆိုင်ကယ်ကို ပြစ်ချပြီး မှော်ကိုအပြေးလေးလာ
ထူရှာသည့် လုံမေလေး။

""ထ...ထမမ""

""ရတယ်လုံ...ရတယ်""

""ဘယ်နား...နာသွားလဲမမ""

""မြီးညှောင့်ရိုး အောင့်သွားတာပါ....အား...
ကျွတ်..ကျွတ်""

""ဖြေးဖြေးချင်းထမမ""

ထလိုက်တာနှင့် အရိုးထဲစိမ့်နေအောင်
အောင့်သွားရတာကြောင့် မှော်မျက်နှာလေး
ရှုံ့မဲ့သွားရသည်။ မှောင်နေသည့်ဘဘေးပတ်
ဝန်းကျင်ကို ကြည့်ပြီးအလိုလိုနေရင်းပဲ
ကြောက်ပြီး ငိုချင်နေပါတယ်ဆိုမှ မျက်ရည်တွေမှာ အကြောင်းပြချက်မရှိ စီးကျလာရ
သည်။ ဒါကိုလုံမေတွေ့တော့ အထိတ်ထိတ်
အပျာပျာလေးနှင့်.....

""မမဘာဖြစ်လို့လဲဟင်...မငိုပါနဲ့မမရယ်နော်
လုံရှိတယ်မကြောက်နဲ့..""

""မြှီးညှောင့်ရိုး အရမ်းအောင့်သွားလို့ပါ
လုံရယ်။ မကြောက်ပါဘူးနော်""

""ဟုတ်""

မှော်ကကြောင်တယ်ပြောရင် လုံလဲပိုကြောက်
သွားမှာလေ။ သူမလေးကို မှော်ကဒုက္ခပေးမိ
တာပါ။ တကယ်ဆို ဒီလောက်ဝေးမယ်မှန်းသိ
ရင် မှော်မလာပါဘူး။ လုံပြောတော့ နာရီဝက်
တဲ့။ တစ်နာရီနီးနီးသွားသည့် ခရီးကိုနာရီဝက်
လို့ ပြောထွက်ရက်တဲ့ လုံကိုလဲမှော်အပြစ်
မတင်တော့ပါ။

ဒီလိုမှောင်ကြီးမည်းကြီးနှင့် မိုးရေတွေမှာ
တစ်ကိုယ်လုံး စိုရွဲပြီးအေးစက်နေတာ လူက
ခြေလှမ်းပင် မရွေ့နိုင်တော့။ တစ်လမ်းလုံး
လဲလာတည်းက လူတစ်ယောက်မျှမတွေ့။
ခုပြန်တော့လဲမတွေ့။ လက်ထဲမှ ချဉ်ဇော့ခါး
သီးဝိုင်တွေ ယိုတွေလဲ ဘယ်နားကျကျန်ခဲ့ပြီး
လဲမသိတော့။ လက်ထဲလဲတစ်ခုမှပါမလာ။

ခုချိန်မှော်အရမ်းပဲ ငိုချင်နေမိပြီ။
ကိုယ်မသိတဲ့ တခြားနယ်မြေ မှောင်မည်းကြီး
ထဲ ဘယ်သွားပြီးဘယ်သူ့ကို အကူအညီ
တောင်းရမယ်မှန်းလဲမသိ။

""တီ...တီ...တီ""

""မမမှော်...အရှေ့မှာဆိုင်ကယ် တစ်စီးလာ
နေတယ်။....အီးဟီး...""

""ဟင်!!!!
လုံဘာဖြစ်လို့ငိုတာလဲ""

ဆိုင်ကယ်ကိုရှေ့မှ တွန်းနေပြီး အရှေ့တည့်
တည့်မှ ဆိုင်ကယ်မီးအလင်းရောင်ကြီးမှာ
မိုးရေတွေထဲမှ အရှိန်ပြင်းပြင်းနှင့် မောင်းနင်
လာသည်ကို တွေ့သည်နှင့် ဘာမပြောဘာမဆို
ရုတ်တရက် ငိုချလိုက်သည့်လုံကြောင့်
လူပင်တုန်သွားရသည်။

""မမမှော်....လုံတို့တော့သွားပါပြီ။
ဒီနားမှာ လုယက်တဲ့လူတွေက အရမ်းပေါတယ်...ရှေ့တည့်တည့်က ဆိုင်ကယ်တအား
မောင်းလာပုံ ထောက်ရင် ဒီနားကဓားမြတွေ
ဖြစ်လောက်တယ်....အီးဟီး...""

""ဟင်.....ဘယ်လို!!!!""

""မမမှော်....မမမှော်!!!""

လုံစကားကြောင့် မှော်ပျော့ခွေသွားပြီး
ရပ်နိုင်စွမ်းပင်မရှိတော့။ အေးနေသည့်အရှိန်
ကြောက်သည့် စိတ်နှင့် မှော်ပျော့ခွေလှဲကျသွားပြီး အမှောင်ကမ္ဘာထဲ ရောက်သွားရသည်။ နောက်ဆုံးကြားလိုက်ရသည့်အသံ
မှာ လုံမေ၏ခေါ်သံလိုလိုရယ်သာ ကြားလိုက်
ရသည်။

စီးချင်း.....ရှင်မှော့်ကိုလာမကယ်တော့ဘူး
လား။ မှော့်ကိုလာကယ်ပါနော်.....

~~~~~~~~~~~~~~~~

အခန်း [ ၈ ] မျှော်
AUTHOR~~~ငှေသုန်ဒရီ




rate now: