📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖
""Sorryပဲလီလီ။ နင့်စကားတွေကိုငါလက်မခံ
နိုင်တဲ့အတွက်.... ။""
""ထင်သားပဲ။ စီးချင်းကိုအသေရရ အရှင်ရရ
ချဉ်းကပ်နေချင်တဲ့နင်က လွယ်လွယ်နဲ့ငါ့
စကားကို လက်ခံမယ်လို့ ငါထင်မထားတာ
အမှန်ပဲ....။""
""တော်လိုက်တော့လီလီ။ ငါ့သိက္ခာတွေကို
စော်ကားလွန်းနေပြီ။ နင်ပြန်လိုက်တော့""
""ပြန်မှာပါ စိတ်ချ။ ငါပြောချင်တဲ့စကားတွေ
ပြောလို့ပြီးရင်ပြန်မှာ....""
မှော်မျက်လုံးတွေကို မှိတ်ချလိုက်ပြီး ပထမ
ဆုံးအကြိမ် ဝမ်းနည်းမိသည်မှာ မှော်အချစ်ရ
ဆုံးသူငယ်ချင်း လီလီရဲ့စိတ်ဓာတ်ကို သိလိုက်ရ၍ပါပဲ...။ ငယ်ငယ်ကကိုယ့်အပေါ်
သစ္စာဖောက်ခဲ့သည်ကို ခွင့်လွှတ်နိုင်ပေမယ့်
ခုလိုအထက်စီးဆန်နေခြင်းကိုတော့ မှော်
သည်းမခံနိုင်ပါ။ လက်ခံနိုင်တဲ့ အရာတွေမှ
မဟုတ်ပဲ။
""စီးချင်းကနင့်ကိုအသုံးချဖို့အတွက် အလုပ်
အပ်ခဲ့တယ်ဆိုတာ နင်မှမသိပဲ""
""လီလီ...ငါနင့်ကိုရှင်းရှင်းပဲပြောမယ် ငါနဲ့
စီးချင်းဘာမှမပတ်သက်ဘူး နင်ယုံသည်ဖြစ်
စေ၊ မယုံသည်ဖြစ်စေ ဒါနင့်အပိုင်း ငါ့အပိုင်းကငါလုပ်ရမဲ့အလုပ်အတွက်ပဲ ငါတွေးထား
တယ် နင်တစ်မျိုးထင်လဲ ငါမတတ်နိုင်ဘူး
နင်ပြောသလို သူငါ့ကိုအသုံးချတယ်ဆိုလဲ
ငါဂရုမစိုက်ဘူး ငါ့ရင်ထဲမှာအရင်လိုသူမရှိ
တော့လို့ပဲ""
တချို့သော အရာတွေကမှန်နေတိုင်း ကောင်း
တာတွေမရှိဘူးမောင်....ဒါကြောင့်ကျွန်မရိုး
သားစွာနှင့် လိမ်လည်မိခြင်းကိုတော့ ခွင့်လွှတ်
ပေးပါ။ နာကျင်သွားတဲ့ မှော်နှလုံးသားအတွက်တော့ မှော်ရင်နာမိတဲ့ စကားတစ်ခွန်း
က မောင်ကမှော့်ကိုတကယ်ပဲ အသုံးချမှာလား။ ဘာအတွက်များမှော့်ကို နောက်ထပ်တစ်ကြိမ် ခံစားစေအုံးမှာလဲ မောင်ရယ်။
""နင်စောင့်ကြည့်နေလိုက် နင့်အကြံစည်တွေ
ဘယ်တော့မှ မအောင်မြင်နိုင်ဘူးဆိုတာ
သိလာအောင် ငါလုပ်ပြမယ်""
""ဟင်း...အဟင်း""
မှော်ဟက်ဟက်ပက်ပက်ပြုံးမိသည်။ ထိုအပြုံးတွေထဲမှာ နာကြည်းစရာတွေပါနေတယ်ဆိုတာ လီလီကြည့်ရုံနှင့် သိပါလိမ့်မည်။
""အတိတ်ဆိုတာ မေ့ကောင်းတဲ့အရာမဟုတ်
ဘူးလီလီ။ အတိတ်ကပုံရိပ်တွေက အနာဂါတ်
မှာအရာထင်လာမြဲပဲ နင်တို့ငါ့အပေါ်ရက်စက်
ခဲ့ကြစဉ်က ငါခေါင်းငုံ့ပြီး အလိုလိုဘေးထွက်
ရပ်ပေးခဲ့တယ်။ ခုလိုဘာမဟုတ်တဲ့ ကိစ္စလေး
နဲ့ နင်တုန်လှုပ်နေတာ သေချာတယ် နင့်ရဲ့
မကောင်းတဲ့အတိတ်က နင့်ကိုပြန်ပြီးခြောက်
လှန့်နေတယ်ဆိုတာ နင်သိထားဖို့သင့်နေပြီ
လီလီ""
""နင်....နင်....""
မျက်လုံးကြီးပြူးပြီး မှော့်ကိုစားမတတ်ဒေါသ
တကြီး ကြည့်နေသည့်လီလီကို မှော်အေးဆေ
စွာနှင့် တုံ့ပြန်ကြည့်မိသည်။
""ငါ့မှာဘာမှ ကြောက်စရာအတိတ်မရှိဘူး။
နင်သာတစ်ဖက်သတ် ကြိတ်ကြွေခဲ့တာ....
သူကိုယ်တိုင်ငါ့ကို ရွေးချယ်သွားတာပဲ
ငါ့ကိုငါမတရားဘူးလို့ဘယ်တော့မှ မထင်ဘူး
ဒါကြောင့် ငါ့လိပ်ပြာငါလုံတယ်""
""အဟွန်း....နင်ငါ့ကိုပဲလိမ်လို့ရမယ် နင့်ကိုနင်
တော့ လိမ်လို့မရဘူးလီလီ။ နင်ကိုယ်တိုင်က
လိပ်ပြာမလုံနေတာ နင့်မျက်နာကိုငါကြည့်
တာနဲ့ သိနေတယ် နင်မလိမ်နဲ့..""
""တောက်...!!!!
နင်သတိထားနေ .....""
ပြောချင်ရာပြောပြီး ခြေသံပြင်းပြင်းနှင့်
အခန်းထဲမှထွက်သွားသည့် လီလီကျောပြင်
ထံ မှော်ယူကျုူးမရ မယံုကြည်နိုင်ခြင်းများ
စွာနှင့် ငေးကြည့်နေလိုက်သည်။ လီလီဟုတ်
ပါရဲ့လား။ စကားအပြောအဆို မှော့်ကိုကြည့်
သည့်အကြည့်များမှာ အရင်ကလီလီမဟုတ်
တော့တာအသေအချာပဲ။
မှော့်တုန်းကအားလုံးကို တိတ်ဆိတ်စွာနှင့်
နောက်ဆုတ်ပေးနိုင်ခဲ့ပေမယ့် သူ့အလှည့်မှာ
တော့ မှော်ကလူဆိုးမကြိးဖြစ်နေသလိုနှင့်။
မှော်သက်ပြင်းရှည်ကိုသာ ချမိပြီးခေါင်းကို
ခါရမ်းပြီး ကိုယ်လုပ်ရမည့်အလုပ်အတွက်သာ ခေါင်းထဲတွေးမိတော့သည်။ နင်အရင်က
လိုမဟုတ်တော့ဘူး လီလီ။
အလွမ်းရဲ့ဒိုင်ယာရီထဲမှာ မောင်ကငါ့ရဲ့
အချစ်ဦးဆိုတာ .....
နင်သိလျှက်နဲ့ ငါ့အပေါ်အနိုင်ယူချင်နေတာ
လွန်မနေဘူးလားလီလီ။
~~~~~~~~~~~~~~~~
""လေယာဉ်မူးတတ်တယ်ကလေးက ရှူဆေး
လေးဆောင်ထားနော်""
""ဟုတ်!!!!""
""ဟိုမှာရာသီဥတုကအေးမလား ပူမလားမပြောတတ်ဘူး ဘာလို့အကျီတွေကို အပါး
တွေပဲထည့်သွားရတာလဲ""
""ဟာ....ဆရာကလဲ စိတ်ရှုပ်လာပြီ နေကပူရ
တဲ့ကြားထဲ စကားတွေကမပြီးတော့ဘူးလား
မှော်ကလေးမဟုတ်တော့ဘူး""
""ကိုယ်ကစိတ်ပူလို့လေ...စိတ်ဆိုးသွားတာလားမျက်နာလေးက.....""
သူမမျက်နှာပေါ် ဝှဲကျနေတဲ့ဆံနွယ်လေးတွေ
ကို သပ်တင်ပေးလိုက် ပြုံးပြီးငုံ့ပြောလိုက်သည့် ထိုလူမျက်နှာပြုံးစိစိကြီးကို စိတ်ရှိတိုင်း
ဆွဲထိုးပြစ်ချင်နေသည်။ ဘာကြောင့်လဲမေး
လျှင် သူမပြောတတ်။ မှော်နှင့် ဘာဆိုင်လဲ
မေးလျှင် သူနှင့်မှော်ဘာမျှမဆိုင်။ သူ့ကိုမမြင်နိုင်လောက်အောင် သူမလေးကလဲ ကြည်နူး
ပျော်ရွှင်နေတာ သူ့အတွက်ပိုပြီး ဒေါသထွက်
စရာတွေဖြစ်နေရသလိုပါပဲ...။
""မဆိုးပါဘူး။ စိတ်ချမှော်အားလုံးဂရုစိုက်
မယ် ဆရာပြန်တော့လေနော်။ ဆေးရုံဝင်ရ
အုံးမှာမဟုတ်လား""
""ဟုတ်တယ်ကလေး။ နယ်ရောက်တာနဲ့ဖုန်း
ဆက်နော် ဖြစ်နိုင်ရင်နယ်သွားရမှာကို ကိုယ်
နည်းနည်းလေးမှသဘောမတူဘူး""
""ဟေ့လူ!!!
ခင်ဗျားစကားပြောလို့ပြီးဦးမှာလား လေယာဉ်ထွက်တော့မှာကော သိရဲ့လား""
သူမနေနိုင်မထိုင်နှင့် လေယာဉ်ပေါ်မတက်
သေးပဲ အဖြစ်သည်းစွာသူမကို ဂရုစိုက်နေတဲ့
ထိုလူကို ဂျွတ်ဆတ်ဆတ်နှင့်ပြောမိတော့ သူထံရောက်လာသည်မှာ သူမရဲ့မျက်လုံးဝိုင်း
လေးတွေ။
""စီးချင်း.....ဓာတ်ပုံလေးတစ်ပုံလောက် ရိုက်
ချင်လို့ပါ""
မကျေနပ်ပုံနှင့် သူ့ကိုကြည့်နေသည့်ဆရာ
ဆိုသည့်လူအနား သူလျှောက်သွားမယ်ပြင်တော့ ပရိတ်တွေဝိုင်းလာကြတာနှင့် သူစိတ်
လျော့လိုက်ရသည်။ ဘာကိုဒေါသထွက်ပြီး
စိတ်တွေ အလိုမကျဖြစ်နေမှန်းမသိသည့်
သူ့စိတ်ကိုလဲ သူနားမလည်နိုင်တော့ပါ။
ပရိတ်သတ်တွေကို စိတ်မရှည်စွာနှင့်တာဝန်
အရသာ ပုံရိုက်ခံနေပေမယ့် စိတ်ကမှော်ဆို
သည့်သူမထံတွင်သာ။ တကယ်ဆို သူနှင့်
သူမဘာဆိုင်၍လည်း။ ဘာပတ်သက်မှု့များ
ရှိနေလို့လဲ။ သူကိုယ်တိုင်ပင် သူ့စိတ်သူနား
မလည်ချင်တော့။
နောက်ဆုံးသူ့အကြည့်ထဲ ဝင်ရောက်လာတဲ့
အနီရောင် ကိုယ်ကျပ်အကျီလေးနှင့်ကျော
လယ်မျှရှိသည့် ဆံနွယ်နက်တွေတလွှင့်လွှင့်
နှင့် သူ့ထံပင်မကြည့်ပါပဲ လေယာဉ်ပေါ်စတိုင်
ကျကျနှင့် တက်သွားသည့်သူမ။ သူကသာ
အလိုလိုနေပြီး ဒေါသတွေထွက်နေရတာ။
သူမမှာတော့ အေးဆေးနေနိုင်နေတာ တရား
သလား။
""နောက်ထပ်တစ်ပုံ...""
""တောက်..!..ဖယ်စမ်း...ဖယ်စမ်း""
""ဟင်..""
""ဟယ်""
သူ့အပြုအမူတွေကို မျက်လုံးအဝိုင်းသား
နှင့် ကြည့်နေကြသည့် မိန်းကလေး ပရိတ်သတ်တွေကို သူဂရုမစိုက်တော့။ လေယာဉ်
ပေါ်တက်ဖို့ရန်သာ ခြေလှမ်းနေမိသည်မှာ
ဘယ်အရာမှ ဂရုစိုက်ခြင်းမရှိ။
""သူနေမကောင်းနေလို့ စိတ်မကြည်နေတာပါ
ခွင့်လွှတ်ပါနော် စီးချင်းကမရိုင်းပါဘူး စီးချင်းနေမကောင်းနေလို့ပါဗျာ""
သူ့နောက်တွင်တော့ မန်နေဂျာ၏တောင်းပန်
သံတွေထပ်နေအောင်ကြားနေရသည်လေ။
~~~~~~~~~~~~~~~~~
""အဲ့ဒါဘာသွားလုပ်တာလဲ""
""ရှင်""
မျက်နှာမှုန်တည်တည်ကြီးနှင့် လက်တစ်ဖက်
မှာစီးကရက် ကျန်တစ်ဖက်မှာ ဘောင်းဘီ
အိတ်ထဲ လက်နှိုက်ပြီး မှော်အနားလျှောက်လာသည့်သူ။ သူစီးကရက်ကိုအရမ်းကြိုက်
သည်ထင်ပါရဲ့။ သူ့ကိုတွေ့တိုင်း စီးကရက်ကို
လက်ကမချအောင် သောက်တတ်သည့်သူ။
မျက်ဝန်းများမှာ စူးတောက်ပြီးမှော့်နှင့်သူ
အကြည့်ချင်းဆုံတိုင်း ပထမဦးဆုံးမျက်နှာ
လွှဲမိသူမှာ မှော်ပဲမဟုတ်လား။
""မှော်က ပျင်းနေလို့ သွားလုပ်ကူနေတာပါ""
လက်ထဲမှာပေနေသည့် မုန့်နစ်တွေကိုလက်နှစ်
ဖက်နှင့် ပွတ်သပ်ခါချရင်း သူ့ထံကြည့်မိသည်။ မှော်ဘာမှမဆိုငိပဲ သူ့ကိုဘာအတွက်
ကြောက်နေမှန်းမသိ။ သူ့အသံကြားလိုက်သည်နှင့် စိတ်ထဲတစ်မျိုးကြီး နေရကျပ်လာ
သလိုဖြစ်လာရသည်။
ညမှာသူ့စီးရီးထဲမှ သီချင်းအတွက်နယ်ဓလေ့
လေးကို ဖော်ပြပြီးရိုက်မှာမို့ မုန့်တွေလုပ်ပြီး
ရွာသူရွာသားတွေနှင့် ပျော်ပျော်နေကြသည်လေ။ မှော်ဘာများလုပ်နေလို့လဲ။
""မင်းကိုငါ့အတွက် ဒီဇိုင်နာအဖြစ်ခေါ်လာတာ
အလကား မရေးမပါတာတွေ လုပ်နေဖို့အတွက်မဟုတ်ဘူး""
""မှော်ကဘာများလုပ်နေလို့လဲ""
""မင်းဒီရွာကလူတွေကို ဘာထင်နေတာလဲ
ကိုယ်နဲ့ တစ်ခါမှမသိပဲနဲ့များ ရောတဝင်နေနေ
တာ မင်းမစဉ်းစားဘူးလား။ အရောဝင်သင့်သလားဆိုတာ""
""ရှင်....""
မှော်အူကြောင်လေးနှင့် သူ့ကိုကြည့်နေသည်
မိ၏။ သူဘာကိုပြောချင်နေတာလဲ။ မှော်နား
မလည်တော့ဘူး။ အမှန်ဆို မှော်ဘယ်လိုနေနေသူ့မှာ ခုလိုပြောပိုင်ခွင့် ရှိလို့လား။ မှော်ကလေးမှ မဟုတ်ပဲ မှော်စဉ်းစားတတ်တာပေါ့။ ခုသူပြောနေတာကြီးက မှော့်ကိုကျောင်း
ဆရာတစ်ယောက်က ကျောင်းသူလေးကို
အမိန့်ပေးနေပုံကြီးနှင့်...။
""မှော်သိပါတယ်။ ဒီရွာကလူတွေကိုမှော်
ခင်လို့ပါ""
""ဘာကိုခင်တာလဲ....မနေ့ညကအိမ်ရှေ့
ဂစ်တာလာတီးတာကို ကျေနပ်နေတာကိုလား""
မှော်သူ့စကားတွေကြောင့် သူ့ထံမျက်ဝန်း
စူးစူးလေးတွေနှင့် မော့ကြည့်သည်နှင့် ထပ်တူ သူ့မျက်ဝန်းတွေက မှော်ကိုရန်လိုစွာကြည့်နေဆဲ....
""ရှင်ဘာတွေပြောနေတာလဲ။ ကျွန်မကိုရှင်
ရန်လိုနေသလိုပဲ ကျွန်မရှင့်အပေါ်ဘာအမှား
များလုပ်ထားမိလို့လဲ""
""အမှားလုပ်မှ ငါကပြောနေရမှာလား""
""ကျွန်မရဲ့ လွတ်လပ်ခွင့်ကိုတော့ရှင်မပိတ်ပင်
သင့်ဘူး။ ကျွန်မကရှင့်အလုပ်သမားလဲ
မဟုတ်ဘူး။""
နယ်ရောက်တာ နှစ်ရက်ရှိပြီ။ နှစ်ရက်လုံးလုံး
ရိုက်ကူးရေးလုပ်မယ်ဆိုတာနှင့် မှော်သူ့အတွက် စီစဉ်ပေးတာကို ဂျစ်တိုက်ပြီးအချိန်
ပြည့်မှော့်ကိုအော်ငေါက်နေတာ။ မသိရင်မှော်
ကပဲ သူ့အလုပ်သမားကြနေတာပဲ။ အဆိုးဆုံး
က ဒါရိုက်တာတွေရှေ့ စီစဉ်သူတွေရှေ့ဆို
ပိုပြီးအော်ငေါက်နေတာ။ ကြာလာတော့မှော်
လဲစိတ်တိုလာပြီ။ အလိုလိုနေရင်းမှသူနဲ့ပတ်
သက်ရင် သိမ်ငယ်နေပါတယ်ဆိုမှ သူကခုလို
တွေ ပြောဆိုဆက်ဆံနေတော့ မှော်သူ့အနား
မှာပင်မနေချင်တော့။
""ငါ့ရဲ့ဒီဇိုင်နာ လုပ်နေရင်တော့ဆင်ချင်ရမှာ
တွေတော့ ငါပြောရမှာပဲ မင်းလက်မခံလို့မရဘူး""
""ကျွန်မကဘာတွေလုပ်နေလို့လဲ""
မှော်တစ်ခွန်းမကျန်သူ့ကို ပြန်ပြောမိသည်။
ကြာလာတော့စိတ်တိုလာပြီ။ မှော်လဲလူသား
ပါခံစားတတ်တယ်။ နေရာတကာအမိန့်တွေ
ပဲပေးခံနေရတာ။ လီလီကတစ်မျိူးသူကတစ်
မျိုး မှော့်မှာနေစရာပင်မရှိတော့သလို ဖြစ်လာ
ပြီ။
""မင်းကိုအနေအထိုင် ဆင်ချင်ဖို့ပြောနေတာ""
""ကျွန်မဆင်ချင်မယ်....ဟုတ်ပြီလား""
သူမှော့်ကိုများ အူတိုနေတာလား။ မနေ့က
မှော်တို့ တည်းတဲ့အိမ်ရှေ့ဂစ်တာလာတီးကြ
တဲ့ ရွာက ကာလသားတွေကို သူထည့်ပြောနေ
တာ။ ဒါဆိုသူသိနေတာပေါ့။ ညကသီချင်းဆို
ပြီးမှော်နာမည်ကို ဘယ်ကဘယ်လိုသိမှန်း
မပြောတတ်။ မှော်ပန်းချီကိုအရမ်းချစ်တယ်
ဆိုပြီးအော်သွားကြတာ။
""စီးချင်း...ဘာလုပ်နေတာလဲ""
နေပူကြီးထဲ ရပ်နေကြတာအချိန်ဘယ်မျှ
ကြာသွားမှန်းမသိ။ သူ့နောက်ကျောမှပေါ်
လာသည့် သူနှင့်အတူ သရုပ်ဆောင်သည့်
တက်သစ်စမော်ဒယ်မလေး။ နှစ်ယောက်သား
ပြိုင်တူ လှည့်ကြည့်မိ၏။ ထိုမိန်းကလေး၏
မျက်ဝန်းတွေမှာတော့ စီးချင်းအတူစကားရပ်
ပြောနေသည့် မှော့်ထံတွင်သာ ကြည့်နေသည့်
အကြည့်များမှာ မယုံသက်ာပုံနှင့်။
""ဘာမလုပ်ပါဘူး။ စကားခဏပြောနေတာ
လေ.... Roseဘယ်သွားမလို့လဲ""
""စီးချင်းဆီလာတာ ပြောစရာရှိလို့""
""အင်း...ပြောလေ""
""အေးဆေးတဲ့နေရာမှာပဲ ပြောချင်တယ်""
""Ok!!!!!""
ကျောခိုင်းလှည့်ထွက်သွားသည့် သူတို့နှစ်
ယောက်။ မှော့်မှာသာခံစားနေရတာ သူကတော့ပျော်နေမှာပါ။ မှော့်ကိုသာ ရှင်ချုပ်
ချယ်ချင်နေတာ ရှင်ကိုယ်တိုင်ကပွေရှုပ်ချင်
နေတာ။ ခုလိုချုပ်ချယ်တားဆီးမှု့မျိုးကို
မှော်ဘယ်လို သတ်မှတ်ရမှာလဲမောင်။
တိတ်တိတ်လေးစိတ်ထဲကနေ သတ်မှတ်မိ
တာက မောင်များမှော့်ကိုချစ်လာပြီးတားဆီး
ပိတ်ပင်နေတာများလားဆိုပြီး ဝင်လာတဲ့
အတွေးလေးက တဒဂ်သာယာမှု့လေးမှန်း
မှော်သိလိုက်ပြီမောင်။ မောင်ကဘယ်တုန်းက
မှ....ဘယ်တော့မှ မှော့်ကိုမချစ်ဘူးဆိုတာ
ပဲမောင်....။ တကယ်တော့အနီးဆုံးရှိနေပေမဲ့
စိမ်းသက်ပြီး သူစိမ်းတွေလို ဖြစ်နေဆဲပါ
လား ကျွန်မတို့က သူစိမ်းတွေပဲလေ....
~~~~~~~~~~~~~~~
""Roseဘာပြောမှာလဲ""
သူ့အကျီကြယ်သီးတွေကို လက်ချောင်း
လှလှလေးတွေနှင့် ဆော့ကစားပြီး သူ့ရင်ဘတ်ကိုနမ်းလိုက် မေးဖျားတွေလိုက်နမ်း
လိုက်နှင့် လုပ်နေသည့်Rose ကိုယ်လေးကို
သူစိတ်မရှည်စွာ တွန်းဖယ်ပြီး ကျောခိုင်း
ကာ စီးကရက်ကို မီးငြိပြီးသောက်နေလိုက်သည်။
""စိမ်းကားနေပါလား ကို....ဒို့တွေပတ်သက်မှု့
ကဒီလောက် စိမ်းကားဖို့လို့လို့လား ကို...""
""ကျစ်....""
နောက်ကျောမှ သိုင်းဖက်ပြီး သူ့ရင်ဘတ်ပွတ်
သတ်ချော့မြူနေသည့် လက်ချောင်းတွေကို
သူဖိဆုပ်ပြီး သူမနှင့်မျက်နှာချင်းဆိုင်
ရင်ဘတ်ချင်း ကပ်လိုက်မိသည်။ ဒါကိုသဘောတကျ တဟင်းဟင်းရယ်နေသည်တဲ့။
""ကိုယ်စိတ်ရှုပ်နေတယ်""
""ရှုပ်နေတာတွေ ရှင်းအောင်လုပ်ပေးမယ်
ဆိုရင်ကော....Roseကစီးချင်းအတွက် အမြဲ
တမ်းပျော်ရွှင်မှု့ ပေးနိုင်တဲ့သူလို့သတ်မှတ်
ကြည့်....အင့်...,..""
စကားပင်ဆုံးအောင်မပြောလိုက်ရပဲ သူမ
ခါးလေးကို ဆောင့်ဆွဲဖက်လိုက်၍ အသံလေး
ပါတိတ်ကျသွားသည်ထိ ။ သူ့အတွက်ရိုးနေ
သည့် ချဉ်းကပ်နည်းတွေ...။ တက်သစ်စ
မော်ဒယ်တွေ အောင်မြင်ချင်၍ ချဉ်းကပ်ကြ
သူတွေ သူ့ကိုတကယ်ချစ်၍ချဉ်းကပ်ကြသူ
တွေ...။
""ဘယ်လောက်ထိ ပျော်ရွှင်မှု့ဖန်တီပေးမှာလဲ""
""ဟော့ဒီ နှလုံးသားလေး ငြိမ်နေတာခုန်သွား
တဲ့ထိ...""
""ဒီနှလုံးသားကို ခုန်အောင်လုပ်ဖို့ဆိုရင်တော့
မင်းဆံပင်တွေ ဖြူသွားလိမ့်မယ်။ ငါရင်ခုန်ဖို့
အတွက် မိန်းကလေး ဒီကမ္ဘာမှာမမွေးသေး
ဘူး""
""အဟင်းဟင်း....ကိုယ်ကတော့ပြောပြီဆို...""
""ဟွန့်...""
""အဟွတ်...ဟွတ်""
သူ့လည်ပင်းကို သိုင်းဖက်ထားသည့်လက်
ချောင်းတွေမှာ ဟိုသည်ဆော့ကစားပြီး
သူ့နှုတ်ခမ်းတွေ ခြေဖျားလေးထောက်ပြီး
နမ်းမည်ပြင်နေသည့် သူမမျက်နှာကိုစီးကရက် ငွေ့တွေနှင့် လှမ်းမှုတ်လိုက်သည်
နှင့် ချောင်းတွေဆိုးပြီး သူ့ရင်ဘတ်ကိုလက်
တစ်ဖက်နှင့် တွန်းထားပြီး မျက်နှာလေးရှုံ့မဲ့
နေသည့် Rose။
သူ့မျက်စိထဲ မှော်ပန်းချီဆိုသည့်သူမကိုသာ
မြင်နေမိတာ ခက်သား။ အရင်ကလိုဖက်တီး
ပုတ်လေးမဟုတ်တော့....အရင်လိုသိမ်ငယ်
နေဟန် မျက်လုံးလေးတွေ မဟုတ်တော့။
သူပြောသမျှကို မျက်ဝန်းတောက်တောက်
ကလေးတွေနှင့် ရန်တွေ့ဖို့ရန်အသင့် ဖြစ်နေ
သည့်မိန်းမလှလေး။
ချစ်လားမေးကြည့် သူမဖြေတတ်ဘူး။
သူမနှင့်ပတ်သက်ရင် အရာရာစိတ်တိုဒေါသ
ထွက်နေမိတာ သူကပဲပူလောင်လွန်းနေပြီး
သူမကပဲ အေးချမ်းလွန်းနေတာလား။ အရင်
လို မှော်သူ့ကို မချစ်တော့တာလား။ အလုပ်
အပ်ခဲ့ထဲက ဘာရည်ရွယ်ချက်မှမရှိပေမယ့်
အနားမှာမှော်ဆိုသည့် သူမလေးကိုရှိစေချင်
သည်။ စိတ်တိုဖို့ကောင်းနေသည်က သူ့ကို
ဂရုမစိုက်သည့်မှော်....။
""ကိုယ့်ကိုအရမ်းချစ်တယ်...""
လည်တိုင်တွေ ရင်ဘတ်မှအနမ်းတွေနှင့် သူ့
ကိုဆွဲဆောင်နေသည့်Rose။ သူ့အတွက်မိန်းမ
မရှားပါ။ တကယ်ချစ်ရမည့်သူသာရှားနေတာ
ခကျနတောပဲ။
""အ့...ကိုယ်ဘာလုပ်တာလဲ...အဟင်းဟင်း""
သူ့နှုတ်ခမ်းပေါ်ရောက်လာသည့် Roseနှုတ်
ခမ်းတွေကို ကိုက်ချပြစ်သည်ကိုပင် တဟင်း
ဟင်းနှင့် ကျေကျေနပ်နပ်ရယ်နေနိုင်တဲ့မိန်း
ကလေး။ သူနှုတ်ခမ်းတွေကို တွန့်ကွေးပြုံး
လိုက်ပြီး သူ့ရင်ခွင်ထဲအတင်းတိုးဝင်ပြီး
နှုတ်ခမ်းတွေမှ တစ်ဆင့် သူ့အကျီကြယ်သီ
တွေကိုဖြုတ်နေသည့် Roseလက်ချောင်း
တွေကို သူဆုပ်ကိုင်ပြီး.....
""ကိုယ်စိတ်ရှုပ်နေတယ် Rose....""
""Roseက ကိုယ့်အတွက် စိတ်ရှုပ်စရာပဲ
ဖြစ်နေတာလား""
သူခေါင်းကိုခါရမ်းလိုက်ပြီး မီးအလင်းရောင်
နှင့် သူ့ရှေ့မှမျက်နှာလှလှလေးနှင့် မိန်းကလေးကို သူဘာကြောင့်ရင်မခုန်မှန်း
သူ့ကိုယ်သူပင်မသိတော့။ ရင်မခုန်တာအထူး
အဆန်းတော့မဟုတ်ပါ သူ့အတွက်လှတဲ့မိန်း
ကလေးတိုင်းရင်ခုန်ရမယ်ဆိုရင် သူ့နှလုံးသား
ခံနိုင်ရည်ဘယ်ရှိပါ့မလဲ။
""ကိုယ်မပျော်ဘူးလားဟင်....""
""မင်းကဆွဲဆောင်နေမှတော့....အဟွန်း""
""ဟာ...ကို...လူညစ်...အဟင်းဟင်း""
အနမ်းများနှင့် စီးမိုးပြီးအလိုက်သင့် သူ့
ရင်ခွင်ထဲရောက်နေသည့် မိန်းကလေးကို
သူချစ်လားမေးကြည့်။ လုံးဝမချစ်ပါ....သို့ပေမဲ့ ရင်ခွင်ထဲထည့်ပြီးမှတော့ စိတ်
သာယာမှု့ကို ဖန်းတီးနိုင်သည်။ ထိုအရာသည်
မှားသည်လားမှန်သည်လားသူမသိပါ။
သိလဲမသိချင်ပါ သူ့အတွက်ရိုးနေသည့်လုပ်ရပ်များမှာ သူ့အတွက်နောင်တရစရာတွေဟု ဘယ်တုန်းကမှမသတ်မှတ်ခဲ့ပေ။
~~~~~~~~~~~~~~~
""ဒီမြို့လေးကအရမ်းသာယာတယ်နော်
ငယ်ငယ်ကအမေတို့ကပြောတာလေ ကချင်
ပြည်နယ်က မအေးချမ်းဘူးတဲ့။ အာ့ကြောင့်
ကချင်ပြည်နယ်ကို လာရမှာအရမ်းကြောက်
တယ်""
""ခုကကော ပျော်လားမမ""
""အဟင်း...ပြန်တောင်မပြန်ချင်တော့ဘူး""
""ဟီး....ဒါဆိုမမ မပြန်နဲ့တော့....လုံတို့နဲ့
နေခဲ့လိုက်တော့""
ကျစ်ဆံမြီးနှစ်ခွ လေးနှင့်ဝဝလုံးလုံးလေး
လုံမေဆိုသည့် မှော်တည်းသည့်အိမ်က
ကောင်မလေး။ ည၏တိတ်ဆိတ်အေးချမ်းခြင်းနှင့်အတူ အေးစိမ့်စိမ့် ရာသီဥတုလေးမှာ
နေရတာ အရမ်းပျော်စရာကောင်းသည်။
ဒီမြို့လေးကို လည်ချင်သေးပေမယ့်လဲ
မနက်ဖြန်ပြန်ကြတော့မှာဆိုတော့ လည်ချိန်
ပင်မရတော့။ ဘာပဲဖြစ်ဖြစ်ကချင်ပြည်နယ်
လေးကို မှော်နှစ်သက်နေမိပြီ။
""မမ လက်မှတ်လေးထိုးပေးပါလား""
""ရှင်....""
မှော်တည်းသည့် အိမ်လေးမှာမနက်ဖြန်ပြန်ရ
တော့မည်ဆိုတော့ အိမ်ရှင်ညီမလေးတစ်
ယောက်နှင့် မှော်အိပ်မပျော်တာနှင့် လက်ဖက်
သုတ်လေး ကွတ်ပျစ်ကလေးမှာထိုင်စားနေစဉ်.... ရွာမှကာလသားတွေ ငါးယောက်မျှ
အနားရောက်လာကြသည်။ မှော်ရုတ်တရက်
ကြောင်အမ်းအမ်းနှင့် ဘာပြောရမှန်းမသိ။
လက်ထဲမှာလည်း ခြင်းတောင်းတွေနှင့်။
ငှက်ပျောကိုင်းတွေ ခြင်းတောင်းတွေနှင့်
ရှုပ်ရှက်တွေခပ်လို့ မျက်နှာလေးတွေမှာလဲ
ခွျေးစတွေနှင့်.....
""မှော်က မင်းသမီးမှမဟုတ်တာရှင်။""
""မသိဘူးဗျာ ကျွန်တော်တို့ကတော့ မမကို
အရမ်းကြိုက်တယ်။ မမကအရမ်းလှတော့
မမကို မင်းသမီးလို့ပဲ ထင်ထားတာ။ ""
""ဟုတ်တယ်ဗျာ....မမကမင်းသမီးမဟုတ်ရင်
လဲ အမှတ်တရအနေနဲ့ လက်မှတ်လဲထိုးပေး
ဒီလက်ဆောင်တွေလဲ ယူသွားပေးပါ""
""ဟုတ်တယ်မမ""
""ရပါတယ်နော်...မှော်လက်မှတ်ထိုးဆို ထိုးပေးပါ့မယ် လက်ဆောင်ပစ်သည်းတွေတော့
မယူပါရစေနဲ့နော် အားနာလို့ပါ""
""ဟာဗျားမဟုတ်တာ...ယူပါ""
ရွာသားတွေမှာရိုးသားမှု့အပြည့်ပါလား။
ဆောင်းရာသီမဟုတ်ပေမယ့် အရမ်းကြီးအေး
တာမဟုတ်ပဲ လေတဖြူးဖြူးနှင့်တိုက်နေ
သည်ကြောင့် အေးစိမ့်စိမ့်လေးဖြစ်နေ၍
အကျီလက်ရှည်လေးတွေ ထပ်ထားကြသည်။ မှော်ထက်ငယ်ပုံရမည်ပေါ်သည့်
ရွာသားလေးတွေ၏ မျက်နှာလေးတွေမှာ
ရိုးသားမှု့အပြည့်။
""ယူပါနော်မမမ....ကျွန်တော်တို့ကမမကို
တကယ်ချစ်ခင်လို့ပါ""
""ဘာဖြစ်နေကြတာလဲ....""
""ဟင်....စီးချင်း""
~~~~~~~~~~~~~~~~~~~~
အခန်း [ ၇ ]မျှော်
AUTHOR~~~ငှေသုန်ဒရီ