book

Index 5

အခန်း [ ၅ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖


""မိန်းကလေးအချစ်ပါ.....ကိုယ့်ချစ်သူ.....
ပျော်ရွှင်ဖို့ဆိုရင်.....အားလုံးကို.....""

""ဟယ်လို...""

မော်ဒယ်တစ်ယောက်အတွက် ဒီဇိုင်းတွေလုပ်
ပေးနေရာမှ အဆက်မပြတ်ဝင်နေသည့်ဖုန်း
ကြောင့်မှော်အသံဆူအောင့်အောင့်ကလေးနှင့်
ကောက်ကိုင်လိုက်မိ၏။ တစ်ဖက်မှဘာသံမျှ
မကြားရ။ အလိုလိုနေရင်း စိတ်ရှုပ်နေပါရဲ့
တစ်ဖက်မှ ဖုန်းထူးသံမကြားရတော့ မှော်
ပိုပြီးစိတ်တိုချင်လာသည်။

""ဟဲလို...!...ဘယ်သူလဲ ဘာမှလဲမပြောဘူး
ကျွတ်....""

""ဟဲလို""

""ဟင်""

တစ်ဖက်မှ အသံသြသြလေးကို ကြားလိုက်ရသည်နှင့် မှော်ကြက်သေသေ သွားရသည်။
လက်ထဲမှ ကတ်ကြေးလေးပင်ပြုတ်ကျသွား
ရသည်ထိပင်။ တော်သေးပါရဲ့ ခြေထောက်
တည့်တည့်ပြုတ်မကျတာ။

သူ့အသံ....သူမှသူ။ မှော်သိတာပေါ့။ သူနှင့်
ပတ်သက်သမျှအရာရာကို မှော်သိနေခဲ့တာပဲ။
ခြောက်ကပ်နေသည့် လည်ချောင်းထဲခဲရာ
ခဲဆစ် တံတွေးကို မှော်မြိုချမိသည်မှာ ထိတ်
လန့်နေမိသလိုနှင့်....။

""ဟဲလိုကြားလား""

""ဟုတ်....ဟုတ်ကြားပါတယ်""

ဖုန်းထဲမှ အလိုမကျစွာ ငေါက်ဆတ်ဆတ်သူ့
အသံကြားမှ မှော်သတိဝင်လာပြီး အလန့်တ
ကြားထူမိ၏။ ရင်ထဲတွင်တော့ ရင်ခုန်နှုန်း
မြန်နေဆဲ။ အနားမှာရှိသည့် ဆိုဖာပေါ်နွဲ့နွဲ့
လေး ဝင်ထိုင်ပြီး သက်ပြင်းတွေခိုးချနေမိတာ
ဘာအတွက်ကြောင့်မှန်းမသိတော့ပါ...။

""အပြင်ထွက်ခဲ့ ပြောစရာရှိတယ်""

""ရှင်""

""ကျစ်....""

တစ်ခါမျှစကားမပြောဖူးပါပဲ ရင်းနှီးဖွယ်
မဟုတ်ပေမယ့် မှော့်ကိုအမိန့်ဆန်ဆန် ခေါ်ထုတ်နေတာ ထူးဆန်းမနေဘူးလား။ အူ
ကြောင်ကြောင်လုပ်နေသည့် မှော့်ကိုသူ့ဘက်
မှ စိတ်မရှည်ဖွယ် ကျွတ်သတ်နေသည်တဲ့။
မှော်နားမလည်တော့ဘူး။ သူဘာကြောင့်
ခေါ်ထုတ်နေမှန်းသာ မှော်တွေးမိ၏။ မှန်တံခါးကြားမှ အပြင်ဘက်လှမ်းကြည့်မိတော့
ပြိုင်ကားအနက်ရောင်ပေါ်၌ လျှာထိုးဦးထုတ်
အနက်ရောင်ကို ငိုက်ဆိုက်ဆောင်းထားပြီး
မျက်မှန်အနက်ကိုပါ တပ်ပြီးစီးကရက်ငွေ့တွေ
ကြားမှ လူတစ်ယောက်။ သူပေါ့.....သူ့ကိုမှော်
မှတ်မိနေသားပဲ။

""မင်းကိုအပြင်ထွက်ခဲ့ ပြောနေတာပြောစရာ
ရှိလို့...""

""ဟို....ဟိုလေ။ အလုပ်ကိစ္စဆို ဆိုင်ထဲပဲ
ဝင်လာခဲ့ပါ။ မှော်စောင့်နေပါ့မယ်""

""..........""

အေးစက်နေသည့် လက်ဖျားတွေကိုဘယ်
လိုနွေးထွေးအောင်လုပ်ရမှန်းမသိ။ ရင်တွေ
တဒိန်းဒိန်းဆောင့်ခုန်နေတာ တကယ်ဆိုဘာ
အကြောင်းကြောင့်ဟု မေးပါလျှင်မှော်မဖြေရဲ
ပါ။ သူရှိရာဘက်လည်း မကြည့်ရဲ။

သူ့ဘက်မှဖုန်းချသွားမှ မှော်အသက်ဝဝရှူပြီး
လေးပင်စွာ သက်ပြင်းချမိ၏။ မနေ့ကကော်ဖီ
ဆိုင်လာတယ်။ ဒီနေ့သူထပ်လာပြန်တယ်။
ဘာကြောင့်လဲ သူမှော့်ကိုဘာအတွက်တွေ့ချင်
နေရတာလဲ.....။ အကြောင်းတစ်ခုခုတော့ရှိမှာ
ပါ။ မဖြစ်ပါဘူး သူ့ကိုထွက်တွေ့မှပါပဲ။

""လာ....လိုက္ခဲ့...""

""ဟင်...!...""

""ဟယ်....အဆိုတော်စီးချင်းထိုး။ မမမှော်ကို
လာခေါ်တယ်""

""အရမ်းမိုက်တာပဲ""

သူဆွဲခေါ်ရာနောက် မှော်ကြောင်အမ်းအမ်နှင့်
ပါသွားရပေမယ့် လူတစ်ကိုယ်လုံးမှာထူပူပြီး
ဘာဖြစ်သွားမှန်းမသိ။ သူ့လက်ဖျားနွေးနွေး
တွေထဲ အေးစက်နေသောမှော်တစ်စုံသာ
အပြစ်မဲ့သက်သက် စေရာအတိုင်းပါလာခဲ့ပေ
မယ့် ရင်တုန်နေဆဲပါ။

~~~~~~~~~~~~~~~~~

""သောက်!!!""

""ဟုတ်!!!!"

ယခုချိန်ထိ မျက်တောင်မခတ်ငေးနေမိသည့်
မှော်ရှေ့သံပုရာရည်ခွက်ကို သူမှေးငေါ့ပြပြီး
သောက်ခိုင်းမှ မှော်အသိဝင်လာသူတစ်
ယောက်နှယ် သူ့အမိန့်အတိုင်း သောက်မိ၏။
ရင်ထဲအေးစိမ့်သွားမှပင် နေသာထိုင်သာနှင့်
စိတ်ကလေးလန်းသွားမိသည်။

သူကတော့မှော့်တစ်ကိုယ်လုံးထံ စုံချီဆန်ချီ
အကဲခတ်စိုက်ကြည့်နေသည်မှာ မှော်အတွက်
ပိုပြီးအနေခက်စေရ၏။ သူ့မျက်ဝန်းစူးစူးတွေ
ကိုရင်မဆိုင်ရဲစွာ မှော်မျက်ဝန်းများကိုရှောင်
လွှဲနေလိုက်သည်။ ရှင်အတွက်ထူးဆန်းနေမှာ
ပဲမောင်။

ကျွန်မအရင်လိုပုံစံမှ မဟုတ်တော့ပဲ။
အရင်လိုဖက်တီးပုတ်မဟုတ်တော့ဘူး။ အရင်
လို ပုံတုံးမလေးမဟုတ်တော့ဘူး။ အရင်က
နဲ့မတူတော့တာ အများကြီးပါပဲ....။ အရာရာ
အရင်လိုမဟုတ်တော့ပဲ ပြောင်းလဲမှု့တွေ အများကြီးထဲကမှ မပြောင်းလဲနိုင်တဲ့အရာလေး တစ်ခုတော့ရှိနေတယ်မောင်။ မောင့်ကို
အရမ်းချစ်တဲ့ စိတ်လေးတစ်ခုက မပြောင်းမလဲချစ်နေလျှက်ပါမောင်.....။

""မင်းကိုမနေ့က လာတွေ့တာမင်းသိမှာပါ""

""ဟုတ်....ပြောကြပါတယ်။ မှော်အလုပ်တွေ
ရှုပ်နေလို့ပါ""

""ထားပါတော့....""

ကန်ဘောင်နံဘေးမှ ဘန်ဂလိုလေးတွေနှင့်
ပြုလုပ်ထားပြီး အေးအေးချမ်းချမ်းလေးနှင့်
ကန်ရေပြင်မှ တသုန်သုန်တိုက်ခတ်နေသည့်
လေနုအေးအေးလေးတွေကြောင့် စိတ်၏ကြည်လင်မှု့များကို ပိုပြီးပေးစွမ်းနိုင်
ပေမယ့် မှော့်အရှေ့မှ မျက်နာတည်တည်ကြီး
နှင့် မှော်ကိုစိုက်ကြည့်နေသည့်သူ့ကြောင့်
စိတ်မသက်သာလှပါ။ အရင်ကထက် ခနွာကိုယ် ပိုတောင့်တင်းလာပြီး ဆံပင်အရှည်တွေ
ကိုစုစည်းထားသည့် သူ့မျက်နှာသည်အလွန်
ကြည့်ကောင်းနေသည်။

ကြည့်မကောင်းတာ
တစ်ခုမှာ တစ်ကိုယ်လုံး တက်တူးတွေပြည့်
နေသည်မှာ တခြားသူတွေအတွက်တော့
သူ့တက်တူးတွေမှာ ဆွဲဆောင်မှု့ရှိရင်ရှိနေလိမ့်
မည်။ မှော်အတွက်တော့ စိတ်အနောက်အယှက်ဖြစ်စရာ တစ်ခုအဖြစ်မြင်နေရသလို
ပါပဲ။ မှော်ကိုယ်တိုင်ကပဲ တက်တူးတွေကို
မုန်းနေ၍လားပဲ....။ တစ်ခါကသူ့သတင်းတွေ
တက်လာပါတယ်။ သူ့တက်တူးတွေကြောင့်
Fanတွေပိုပြီး စိတ်ဝင်စားအားပေးကြတာတဲ့။

""မင်းကိုအလုပ်အပ်ချင်လို့ပါ""

""ဟင်.....ဘာများလဲ""

""ငါ့အတွက် ဒီဇိုင်နာအဖြစ်ပေါ့...""

သူနောက်နေတာတော့ မဖြစ်နိုင်ပါ။ မျက်နာ
တည်တည်နှင့် မှော်ကိုတစိုက်မတ်မတ်ကြည့်
နေသည့် သူ့မျက်ဝန်းများထံ အကြည့်ပို့မိ၏။

""မဖြစ်နိုင်ဘူးထင်တယ်။ အဟင်း....မှော့်ထက် ကောင်းတဲ့ဒီဇိုင်နာတွေ ရှိနေပါလျှက်
မှော့်ကို ခုလိုကမ်းလှမ်းတာ ကျေးဇူးတင်ပါ
တယ်။ ဒါပေမဲ့ မှော်ကအရမ်းကျွမ်းကျင်တဲ့
ဒီဇိုင်နာမဟုတ်ဘူး။""

""ဆက်ပြော....""

မှော်စကားလေးခဏရပ်ပြီး မှော့်ကိုစိုက်ကြည့်
နေသည့် သူ့မျက်ဝန်းများကို မော့ကြည့်တော့
မျက်ဝန်းစူးစူးများနှင့် မလွှဲဖယ်ကာစိုက်ကြည့်နေ သည့်သူ့အကြည့်များကြား မျက်လွှာ
လေးချပြီး ဆက်ပြောဖို့ရန် အားမွေးမိ၏။
ယောင်ယမ်းပြီး သံပုရာရည်တစ်ကြိုက်
သောက်ချလိုက်မိပြန်သည်။

""မှော့်ကြောင့်အဆင်မပြေတာတွေ ရှိမှာလဲ
စိုးရိမ်မိလို့ပါ ကမ်းလှမ်းမှု့ကိုတော့ အရမ်း
ကျေးဇူးတင်တယ်။ သေချာဆုံးပြောရရင်
တော့ မှော်လက်မခံချင်ဘူး""



""ဘာကြောင့်လဲ""

""မှော်မကျွမ်းကျင်သေးလို့ပါ""

တကယ်တော့မှော်ညာလိုက်မိတာပါ။ အဂ်လန်မှာ ဒီဇိုင်းနှင့်ပတ်သက်သမျှ ပညာတွေကို အစွမ်းကုန်ကြိုးစားပြီး သင်ယူခဲ့ပြီးမှ တတ်ကျွမ်း၍ လုပ်နေခြင်းပါ။ သူ့ကိုမှော်လက်မခံချင်၍ ငြင်းဆန်ကာ အကြောင်းပြ
ချက်ကောင်းကောင်းပေးမိ၏။

""မင်းကလက်မခံဘူးဆိုတဲ့သဘောလား""

""ဟုတ်တယ်။ မှော့်ကိုမှော်ယုံကြည်မှု့မရှိသေး
လို့ပါ။ ရှင့်အတွက်ပိုပြီး အဆင်ပြေစေမယ့်
နာမည်ကြီး ဒီဇိုင်နာတွေနဲ့ပဲ လက်တွဲလိုက်ပါ""

သူ့အကြည့်များကို မှော်လွှဲဖယ်ပြီးအကောင်း
ဆုံးအကြောင်းပြချက်ပေးမိ၏။ သူကတော့
အားမနာတမ်း မှော့်ကိုစိုက်ကြည့်နေလိုက်တာ
မနေတတ်လောက်အောင်ပါပဲ။

""နာမည်ကြီးတွေထက် မင်းကိုပိုပြီးယုံကြည်
လို မင်းကိုကမ်းလှမ်းတာလေ.... ။ လက်ခံပါ။
စကားနှစ်ခါမပြောဘူး....မင်းလက်ခံဖို့ပဲ
လိုအပ်တယ်။ မင်းကျွမ်းကျင်တာ မကျွမ်းကျင်တာက မင်းအသိဆုံးပါ။ ငါ့တောင်းဆိုမှု့ကို ငြင်းချင်တာနဲ့တော့ အကြောင်းပြချက် ကောင်းကောင်းပေးမနေ
ပါနဲ့....""

ခက်နေသားပဲ....မှော်အကြံတွေ သူအားလုံး
သိနေတာပဲ။ မှော်သက်ပြင်းကိုသာအကြိမ်
ကြိမ်ခိုးချမိသည်။

""ရှင်ယုံကြည်တယ်ဆိုလဲ ရပါတယ်မှော်
ကြိုးစားပါ့မယ်။ အထူးသဖြင့်ရှင်ကနာမည်
ကြီးလေ။ ဒါကြောင့်တစ်စုံတစ်ရာ အမှားအယွင်းတွေ ဖြစ်မိမှာမှော်သိုးရိမ်လို့ပါ""

""ဘာအတွက်မှ စိုးရိမ်မနေနဲ့ ငါအဆင်ပြေ
တယ်ဆိုရင်ရပြီ မင်းလက်ခံဖို့ကသာ
အဓိကပဲ""

""ကျေးဇူးပါ။ မှော်အရာရာအဆင်ပြေဖို့
ကြိုးစားပါ့မယ်""

သူခေါင်းမငြိမ့်ခေါင်းမခါပဲ မှော့်မျက်နှာလေး
ကိုသာစိုက်ကြည့်နေတာ ဘာကြောင့်မှန်းမသိ။ မှော်အတော်လေးအနေခက်ရသည်။
စကားတွေသာသူ့ကိုပြောနေတာ။ သူ့မျက်နှာ
ကိုပင် ရဲရဲမကြည့်ရဲ။ ထူးဆန်းတယ် အရာ
အားလုံးထူးဆန်းနေတာပဲ။ မှော့်ကိုဘာကြောင့်များရွေးချယ်ပြီး ဒီဇိုင်နာအဖြစ်အပ်ရလဲ
ဆိုတာ မှော်အတွက်တွေးစရာတွေကြီးပါပဲ။

တစ်ခုတော့ ဝမ်းသာရမည်ပေါ့။ သူနှင့်ပိုပြီး
နီးကပ်သွားရခြင်းကို....တစ်ခုစိတ်မကောင်း
စရာမှာ သူ့အနားမှာရှိနေသမျှ သူ့ကောင်မလေးတွေနှင့် သူ့ကိုမြင်ရရင်မှော်
စိတ်ညစ်ရမှာ တစ်ခုပါပဲ။ ဘာပဲဖြစ်ဖြစ်သူ့
အနီးအနားနေခွင့် ရရုံလေးနှင့် မှော့်အတွက်
ေကျနပ်စရာရှိနေပါပြီ။

ထိုနေ့ကမှော်ပျော်ခဲ့ရပါသည်။ မှော်အတွက်
စိတ်ညစ်စရာတွေ ဖြစ်လာလိမ့်မည်ဟု မှော်
မွမသိခဲ့ပဲ....။

~~~~~~~~~~~~~~~~

""သမီးရေ မောင်တိဿရဖုန်းဆက်ထားတယ်
မေမေပြောလိုက်တယ် ဆိုင်မှာလို့...""

""ဟုတ်....မေမေ သမီးဖုန်းကိုဘာလို့မဆက်
တာလဲမသိဘူး""

""ဆက်မရဘူးပြောတယ်""

""အယ်...ဟုတ်သားပဲ ဖုန်းကဆိုင်မှာကျန်ခဲ့
တာကိုး""

ဧည့်ခန်းထဲဘာတွေ အလုပ်ရှုပ်နေမှန်းမသိ
ဖြစ်နေသည့် မေမေ့ကိုပင် စကားရပ်ပြောမနေ
တော့ပဲ အပေါ်ထပ်အခန်းရှိရာတက်လာပြီး
ဆရာ့ထံဖုန်းခေါ်မိသည်။ ဝုတ်သားပဲ
ဖုန်းကမှော်ဆိုင်မှာ ကျန်ခဲ့တာ။ သူလာခေါ်
တာရုတ်တရက်ကြီးဆိုတော့ မှော်ယူဖို့မေ့
သွားတာ။ ဆိုင်ရောက်ပြန်တော့လဲ ဖုန်းကို
ကြည့်မနေတော့ပဲ တန်းပြန်ခဲ့တာ။

""ဟဲလို...""

""ကလေးရေ...ဘယ်တွေလျှောက်သွားနေတာ
လဲ။ ကိုယ်ကဆိုင်မှာ သွားစောင့်နေတာ။ အပြင်ထွက်သွားတယ်ဆိုလို့ ကိုယ်စောင့်နေ
တာ ဆေးရုံကအရေးကြီးလို့သာ ပြန်ခဲ့ရတယ်
စိတ်မချနေဘူး""

စိုးရိမ်တကြီးနှင့် တရစပ်ပြောနေတဲ့ ဆရာ့
အသံကြောင့် မှော်ပိုပြီးမောသွားရ၏။ အရမ်း
ကြီးဂရုစိုက်နေတော့လည်း မှော်စိတ်ကျဉ်းကျပ်မိသား။ အဆန်းကြယ်ကြီးတော့မဟုတ်
ပါ....မှော့်ကိုဆရာက ဟိုးငယ်စဉ်ထဲက ခုလို
အမြဲအလိုလိုက်စိတ်ပူနေကြပဲလေ။

""ဒီဇိုင်းလာအပ်တဲ့သူနဲ့ စကားသွားပြောနေ
လို့ပါ။ ""

""ဘယ်ကလဲမှော်""

""ဆရာကလဲ မှော့်ကိစ္စတွေကို ဘာလို့ဝင်စွက်
ဖက်ချင်နေရတာလဲ။ ""

""မဟုတ်ဘူးကလေး။ အထင်မမှားပါနဲ့
ကိုယ်ကသဘောရိုးနဲ့ပဲ ပြောလိုက်တာပါ
ကလေးကိုမယုံလို့မဟုတ်ဘူးနော် ကလေးမကြိုက်ရင် ကိုယ်မပြောတော့ဘူး""

ပျာပျာသလဲ ဖြေရှင်းနေသည့် တရာစကား
သံတွေကို မှော်နားထောင်ပြီး သူ့ကိုမြင်ယောင်မိသည်။ ဆရာလိုသူသာဂရုစိုက်ပေး
ခဲ့ရင် ခုလိုပဲမှော်စိတ်ပျက်မိမှာလား။ ဟင့်အင်း...မဖြစ်လောက်ပါဘူး။ သေချာတယ်
မှော်အရမ်းပျော်နေမိမှာ...။

""ဒါပဲနော်ဆရာ...။ မှော်နားချင်ပြီ ပင်ပန်းလာတယ်""

""ဟုတ်ပြီကလေး။ အေးဆေးအနားယူနော်
Good Bye!!!""

မှော်ဖုန်းလေးကို မှန်တင်ခုံပေါ်တင်ပြီး
ယနေ့အတွက် ပျော်ရွှင်ခဲ့ရသည်လား စိတ်ရှုပ်
ခဲ့ရသည်လားဆိုပြီး အတွေးပေါင်းစုံနှင့်
အဖြေရှာပေမယ့် ထွက်မလာခဲ့တာ ဘာကြောင့်မှန်းမသိ။ သူကိုယ်တိုင် မှော်ထံ ဒီဇိုင်နာ
အဖြစ်လညအပ်တာ ဘာကြောင့်များလဲ။
တကယ်ဆိုသူ့မန်နေဂျာဖြစ်ဖြစ် တစ်ယောက်
ယောက်ကို လွှတ်ပြီးကမ်းလှမ်းခိုင်းခဲ့လျှင်
ရနေသားနှင့် ဘာကြောင့်များသူကိုယ်တိုင်
လာအပ်ရတာလဲ။

မသိတော့ဘူး။ မှော်ပျော်နေတာပဲသိတယ်။
ခုန်နေသည့် ရင်ဘတ်ကလေးကို လက်နှစ်ဖက်နှင့် ဖွဖွလေးဖိထားပြီး ပီတိပြုံးတွေနှင့်။
သူ့အနားရှိနေရတော့မည် ဆိုသည့်အတွေး
လေးနှင့်လေ....။

~~~~~~~~~~~~~~~~

""မှော်နယ်ကိုတော့ လိုက်ဖို့အဆင်မပြေလောက်ဘူးထင်တယ်""

""မလိုက်လို့မရဘူး""

ကျွတ်။ မှော်စိတ်ထဲမှ အလိုမကျစွာ သူမမြင်
နိုင်မှန်းသိပေမယ့် မျက်နှာကိုမဲ့ရွဲ့ထားမိ၏။
စိတ်ညစ်တယ် သူ့ရိုက်ကူးရေးက နယ်ကိုဆင်းရမည်တဲ့။ မှော်ဆိုင်ကို ပြစ်ပြီးသွားရမှာ
အဆင်မပြေနိုင်မှန်း မှော်သိတယ်။

တစ်ဖက်မှ သူ့အသံကိုနားထောင်ရင်းမှော်ပို
ပြီးစိတ်ရှုပ်ရသည်။ သူဘာကြောင့်အတင်း
တောင်းဆိုနေတာလဲ။ သူ့ကိုအလုပ်လက်ခံ
ပြီးထဲမှ ယခုမှဖုန်းနှင့် ပြောဖြစ်ကြသည်။
အမိန့်တွေနှင့်သာ မှော့်ကိုပြောနေတာကိုသိပေ
မဲ့ မှော်ကိုယ်တိုင်ကပဲ သူ့အမိန့်တွေ မလွနိဆန်
နိုင်တာ ခက်သားလား။

""နယ်လိုက်ဖို့ကတကယ်အဆင်မပြေနိုင်ဘူး။
မှော်....""

""မင်းကိုအလုပ်အပ်ထဲက အားလုံးလက်ခံ
နိုင်မယ်လို့ ထင်ပြီးအပ်ခဲ့တာ""

""မှော်ကနယ်ကိုလိုက်မှ မလိုက်နိုင်တာ""

""မင်းဆက်ငြင်းနေမှာလား။ ""

""မှော်ဘက်ကိုလဲ စဉ်းစားပေးအုံး။
မှော်အလုပ်လက်ခံစဉ်က နယ်တွေလိုက်မယ်
ပြောခဲ့လို့လား""

ခုမှမှော် ဒုက္ခတွေ့တော့တာပဲ သေသေချာချာ
မမေးမြန်းပဲ လက်ခံခဲ့မိတာပဲ မှော့်အမှားတွေ
ပါ။

""ကိုယ်စိတ်မရှည်တတ်ဘူး ရှင်းရှင်းပဲပြော""

အမိန့်တွေပေးနေပြန်ပြီလားမောင်။ မှော်ငြင်း
ဆန်နေခြင်းက တကယ်တန်းတွေးကြည့်ရင်
မပြတ်သားနိုင်မှု့တွေပါ။ မှော်သက်ပြင်းကို
ချပြီး အပြင်မှာတဖွဲဖွဲကျနေသည့် မိုးစက်
လေးတွေကို ကြည့်မိသည်။ သူ့အိမ်ဘက်ကို
ငေးကြည့်ပြီး နောက်ဆုံးအကြိမ် လေးပင်စွာ
သက်ပြင်းချပြီးမှ.....

""ဟုတ်ပြီ မှော်လိုက်ခဲ့မယ်""

""ok....မနက်ဖြန်မနက် ကိုးနာရီ ဖလိုက်ထွက်
မှာ အားလုံးစီစဉ်ထားလိုက်""

""ဟုတ်...""

ပြောချင်ရာပြောပြီး ကျေနပ်စွာနှင့် သူ့ဘက်မှ
ဖုန်းချသွားသည်။ မှော့်မှာတော့စိတ်မသက်သာလှပါ။ မေမေနဲ့ဖေဖေကို အတိုက်ခံ
လုပ်ပြီး မှော်ပြောရတော့မှာပေါ့။

~~~~~~~~~~~~~~~~

""လီလီ""

""အံ့သြသွားလား မတွေ့တာကြာပြီနော်
အရမ်းအောင်မြင်နေတဲ့ ဒီဇိုင်နာမမ""

နှုတ်ခမ်းကို သာမန်ထက်မဲ့ရွဲ့ပြီးပြောလိုက်
သည့် လီလီစကားသံများမှာ အရင်လိုနွေးထွေးမှု့မရှိတော့တာ အမှန်ပင်။ မှော်ရေချိုး
ပြီးစ ဆံပင်အစိုတွေကို ခြောက်အောင်သုတ်
နေပြီး မနက်ဖြန်နယ်ထွက်ရဖို့ရန် အားလုံး
စီစဉ်နေချိန်မှာ ရုတ်တရက်ရောက်လာသည့်
လီလီကြောင့် မှော်တအံံ့တသြငေးနေမိ၏။
မှော်နဲ့လီလီမတွေ့ဖြစ်တာ ခြောက်နှစ်မျှ ရှိနေ
ပြီပဲလေ။

""လီလီငါ့ဆီလာလည်တာလား""

""အင်းပေါ့...... ဒီထက်ပိုမှန်အောင်ပြောရရင်
ပြောစရာတွေ အများကြီးရှိနေလို့...အဟင်း""

""ဟုတ်တယ်နော် ငါတို့မတွေ့ဖြစ်ကြတဲ့
အတောအတွင်း နင်လဲပြောင်းလဲလာတယ်
ငါလဲပြောင်းလဲသွားတယ် ကမ္ဘာကြီးကလဲ
ပြောင်းလဲ သွားတယ် အဟင်း""

""နင်ပြောတဲ့အထဲမှာ ပိုပြီးပြောင်လဲသွားတာ
ကပိုပြီးသိသာတယ်""

""ဘာများလဲ""

""နင်လေ....အဟွန်း။ နင်အရင်ကလို ဖက်တီးပုတ်မဟုတ်တော့ဘူး အရမ်းလှလာတယ်
ဒါကြောင့်လဲ နင့်ကိုမချစ်ပါဘူးဆိုပြီး
ပက်ပက်စက်စက်ငြင်းခဲ့တဲ့ လူကချဉ်းကပ်
နေတာ မဆန်းပါဘူး""

မှော်သိတာပေါ့။ မှော်အရင်ကထက်လှနေတာ။ လီလီပြောတဲ့ စကားတွေမှာတော့
မှော်နားမလည်နိုင်ပါ။ အိမ်ကိုမလာတာကြာ
နေပြီး ခုမှဘယ်ကဘယ်လိုရောက်လာမှန်း
မသိပါပဲ ရုတ်တရက်ရောက်လာပြီး ပြောနေ
သည့်စကားများမှာ အထက်စီးဆန်နေသလို။
မှော်အရင်လို နုံအအကောင်မလေးမဟုတ်
တော့မှန်းသိနေသေးရဲ့လားလီလီ။

""လီလီဘာပြောချင်တာလဲ""

""နင်နဲ့စီးချင်းကိစ္စလေ""

""ဘာများလဲသူနဲ့ငါ့ အကြောင့်ဘာများပြောစရာရှိနေလို့လဲ""

""အိပ်ချင်ယောင်ဆောင်နေတဲ့သူက ပိုပြီး
နိုးရခက်တယ်တဲ့ အမှန်ပဲနော် အဟင်း....""

မှန်တံခါးတွေကို ခန်းစီးစတွေနှင့် ပိတ်ကာထား၍ သူ့အိမ်ကိုမမြင်ရ။ ပိတ်ကားထားတဲ့
အပြာရောင် ခန်းစီးတွေကို ဆွဲဖယ်ပြီး သူ့အိမ်
ဘက်ကို ကြည့်နေသည့် လီလီလုပ်သမျှတွေ
ကိုမှော်ဘာမှမပြောပဲ ကြည့်နေမိသည်။

""ဟိုကလဲအဆိုတော်။ ဒီကလဲဒီဇိုင်နာ အဟင်း....ဟုတ်နေတာပဲ""

""လီလီနင်ဘာကို ပြောချင်တာလဲ
နင်နဲ့ငါ့ကြားမှာ ဒီလိုခနဲ့ပြီးပြောနေဖို့လိုသလား ရှင်းရှင်းပဲပြောစမ်းပါ""

မှော်စိတ်မရှည်တော့ပါ။ ကျောခိုင်းရပ်ထား
သည့္ လီလီကျောပြင်က်ုကြည့်ပြီးပြောမိသည်။

""စီးချင်းနဲ့ငါကအတည်ပြတ်ကြတာ မဟုတ်ဘူး။ စိတ်အခန့်မသင့်လို့ ချစ်သူအဖြစ်ခေတ္တ
ရပ်နားထားကြတာ နင်ဖို့ပြောပြတာ....""

""ငါသဘောပေါက်ပြီ နင်ကငါနဲ့ စီးချင်းကို
တစ်မျိုးထင်နေတာပဲ""

""နင်နားလည်လွယ်သားပဲ""

""အဟင်း....""

လီလီမျက်နှာကို ကြည့်ပြီးမှော်ပြုံးမိသည်။
ထိုအပြုံးတွေမှာ နာကျင်မှု့တွေ ပါနေလိမ့်
မည်ဆိုတာ မည်သူသိပါလိမ့်မလဲ။ ရေသုတ်
တဘက်ကလေးကိုချထားပြီး မှော်မဲ့ရွဲ့ပြုံးမိ
သည်။

""နင့်ကိုငါထင်မထားဘူး လီလီ။ အရင်ကငါ
တို့တွေ သူငယ်ချင်းတွေ ဖြစ်ခဲ့ကြပြီး ငါ့ကို
ခုလိုရန်သူတစ်ယောက်လိုရန်လာတွေ့နေတာ
ငါအရမ်းအံ့သြတယ်။ အမှန်ဆိုနင်ဒီစကားတွေပြောဖို့ အချိန်လေးပေးပြီး စဉ်းစားလိုက်
ရင်ငါနင့်ကို အထင်သေးမိမှာမဟုတ်ဘူးလီလီ""

""ပြောကြည့်လေ ဘာကြောင့်အထင်သေး
တာလဲ""

""ယောက်ျားတစ်ယောက်ကို ပထမဦးဆုံး
အကြိမ်ငါကလေးဘဝကနေ ချစ်လျှက်နှင့်
စွန့်လွှတ်ပေးခဲ့တယ်။ နင်တို့ချစ်ကြပါစေဆိုပြီ
သူ့ရဲ့ရွေးချယ်မှု့ကို ငါလက်ခံနိုင်ခဲ့တယ်။
ခုဒုတိယအကြိမ် နင်ငါ့ကိုဘာမှမဖြစ်ပဲ
ရန်လိုနေတာ ဘာကြောင့်မှန်းမသိပေမယ့်
နင်မှားနေပြီလီလီ တကယ်ဆိုငါတို့တွေက
ဘာမှပတ်သက်မှု့မရှိဘူး""

""ဟုတ်တယ်ငါမှားတယ်။ နင်ပြောတဲ့အဲ့ဒီ
အမှားကို ငါကိုးကွယ်ပူစော်ထားမယ်
ငါပြောသလိုသာနင်နေပေးပါ စီးချင်းရဲ့
ဒီဇိုင်နာအဖြစ်လက်ခံထားတာကို နင်ငြင်း
လိုက်ပါ""

""ဘယ်လို....လီလီ""

~~~~~~~~~~~~~~~~

အခန်း[ ၆ ]မျှော်

AUTHOR~~~ငှေသုန်ဒရီ

စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
လေးစားချစ်ခင်စွာနှင့် ကြိုးစားလျှက်..🙏🙏🙏


rate now: