book

Index 4

အခန်း[ ၄ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

[ မျှော ပ န်း ချီ ၏အနာဂါတ် နေ့စွဲသစ် ]

{ ခြောက်နှစ်ခန့် ကြာပြီးနောက်....}

""ချွမ်း...ချွမ်း...ချွမ်း""

ဆိုင်အဝင်ဝမှာချိတ်ဆွဲ
ထားသည့် အလှဖန်စီလေးတွေနှင့် ပိတ်ကာ
ထားသည့် တံခါးလေးကို ဧည့်သည်တစ်
ယောက်ဝင်လာတိုင်း ကြားရသည့်အသံလေး။ မှော်စာအုပ်ကလေးကို လက်က ကိုင်
လျှက်နှင့်ပဲ ကောင်တာမှာထိုင်နေရာမှ
မတ်တပ်ကလေးရပ်ပြီး ညောင်းညာနေတဲ့
ဇက်ကျောတွေကို ဟိုလိမ်သည်လိမ်နှင့်ချိုး
လိမ်ပြီး တံခါးဘက်လှမ်းကြည့်မိ၏။

""ဟယ်....အဆိုတော် "စီးချင်းထိုး" လာတယ်""

""ချောလိုက်တာ""

မှော်မတ်တပ်ရပ်နေတဲ့ ခြေထောက်တွေပင်
ယိုင်ချင်လာသည်။ တံခါးပေါက်မှမားမား
ကြီးပေါ်လာသည့် သူ့အရပ်ရှည်ကြီးတွေနှင့်
အရင်လိုပါပဲ မြင်လိုက်မိတဲ့အချိန် လူအများ
ကြားထင်းနေအောင် ထင်ပေါ်နေတတ်သူ။

မှော် ပြန်ထိုင်ချလိုက်သည်မှာ အထိတ်တလန့်
စိတ်တွေမှာ ငြိမ်သက်မှု့မရှိ။ တုန်ယင်ပြီး လှိုက်မောလာလျှက် အယောင်
ယောင်အမှားမှား လက်နှစ်ဖက်ကိုသာဆုပ်
နှယ်နေမိသည်။ မျက်ဝန်းတွေမှာ ဟိုသည်ရွေ့
လိုက်နှင့် စိတ်လှုပ်ရှားမှု့တွေမှာ သိသာနေ၏။
မှော်ကောင်တာလေးနှင့် နီးရာစားပွဲလေးမှာ
ဝင်ထိုင်လိုက်သည့် သူ့ကျောပြင်ကိုမှော်ခိုး
ကြည့်ပြီး သက်ပြင်းတွေချနေမိသည်။
သူ့လှုပ်ရှားမှု့တိုင်းကို မှော်အသက်မရှုပဲ
ခိုးကြည့်နေမိသည်။ တော်ပါသေးရဲ့မှော့်ကို
မတွေးသွားတာ။ တကယ်ဆိုဘာများဆိုင်နေ
လို့လဲ။ သူ့ဆိုင်လာတာနဲ့ပဲ အရမ်းစိတ်တွေ
လှုပ်ရှာပြီး အကြောက်လွန်နေသည့် မှော်စိတ်
မှော်ပင်နားမလည်ချင်တော့ပါ...။

ဘောင်းဘီအိတ်ထဲမှ စီးကရက်ကိုထုတ်ပြီး
သောက်နေသည့် သူ့ပုံစံမှာအလွန်ကြည့်ကောင်းနေတာ မှော်ဝန်ခံပါသည်။ စီးကရက်
သောက်တဲ့သူတွေကို မှော်မုန်းပေမယ့်
စမတ်ကျအောင်စီးကရက်သောက်နေတဲ့သူ့
ကိုတော့ မှော်ငေးနေမိသား။

""ပုလဲနှစ်ကော်ဖီနှစ်ခွက်""

""ဟုတ်..!..ဟုတ်ကဲ့ရှင့်။
ဟိုလေ....ညီမတို့ကို အကိုစီးချင်းရဲ့လက်မှတ်
ကလေးအမှတ်တရ အဖြစ်ထိုးပေးပါလား
ရှင်....။""

""Sorryပဲ ကျွန်တော်လုပ်လေ့မရှိလို့""

""ရှင်....!!!!
ဟုတ်...ဟုတ်""

ရှင်ကအရင်လိုပါပဲလား စီးချင်းရယ်။
လက်မှတ်ကလေးထိုးခိုင်းတာကို မာနတွေ
ကြီးနေလိုက်တာပါလား။ ကော်ဖီနှစ်ခွက်
မှာတာဆိုတော့ သူ့ကောင်မလေးနဲ့များလာ
တာများလား။ ခဏကမှော်မြင်လိုက်တာ
သူတစ်ယောက်တည်းပါ။ အင်းလေသူက
ချစ်သူတွေဒီလောက်ပေါနေတာ သူချိန်း
လိုက်တာနှင့် သူ့အနားအချိန်မရွေးရောက်လာတတ်တဲ့ မိန်းကလေးတွေကတန်း
စီနေတာပဲ။ လီလီနှင့်လည်း မတွေ့ဖြစ်မခေါ်
ဖြစ်တာ သူနှင့်ပတ်သက်ကြပြီးတည်းကပါပဲ။
သတင်းစစလေးတော့ကြားမိပါရဲ့ ပြတ်သွား
ပြီတဲ့။ စီးချင်းထိုး ဆိုတဲ့နာမည်နှင့် အဆိုပိုင်း
မှာနာမည်ကြီးသလို ပွေရှုပ်သည့် သတင်းများ
မှာလဲ နာမည်အကြီးဆုံးသူ။ မော်ဒယ်မလေး
တွေ အကယျဒမီမငျူသမီးတှနှေငျ့ ချစ်သူဖြစ်
ကြတဲ့ သတင်းတွေနှင့် ပြသာနာတွေမှာလဲ
ရှုပ်နေအောင်မမြင်ချင်မှ အဆုံးသတင်းတွေ
တက်လာတတ်သည်။ ဘာပဲဖြစ်ဖြစ်ပါလေ
မှော်သူ့ကို ဘယ်တော့မှ အပြစ်မယူပါ။
မှော်သူ့ကိုချစ်နေသမျှ အပြစ်မယူနိုင်ပါ...။

ဆယ်တန်းပြီးထဲမှ အဂ်လန်မှာဒီဇိုင်းနာသင်
တန်းသွားတက်ပြီး အားလုံးနှင့်ဝေးရာကို
မှော်ထွက်သွားရပေမယ့် Onlineပေါ်မှာ
ဂယက်ထအောင်နာမည်ကြီးနေသည့် အဆို
တော် စီးချင်းထိုး။ နှုတ်ခမ်းနီမလေးတွေရဲ့
အသည်းစွဲ။ ဝေးဝေးကလွမ်းပြီ မှန်သားပြင်
ပေါ်က သူ့မျက်နှာလေးကို ကြည့်ပြီးအလွမ်း
ဖြေနေရတဲ့ မိန်းကလေးတစ်ယောက်ကမှော်
ဆိုတာ မည်သူကသိပါလိမ့်မလည်းလေ။

အားလုံးကိုမေ့ဖို့ ကြိုးစားနေစဉ်မှာ မမေ့နိုင်
တဲ့ မှော့်နှလုံးသားကို အပြစ်မတင်ရက်ပါ။
မှော့်နှလုံးသားလေးက အချစ်စစ်အချစ်မှန်
ကိုသာ ဖော်ပြနေတော့လည်း မှော်ကျေနပ်
စွာနှင့် သူ့အကြောင်းလေးတွေးပြီး တစ်
ယောက်ထဲ ကိုယ့်စိတ်ကူးလေးနှင့် သာယာ
ကျေနပ်နိုင်ခဲ့တယ်။ မှော်ကသူ့ကိုချစ်တာပဲ
လေ။ မှော့်အချစ်ကပေးဆပ်ခြင်းလား ရယူ
ခြင်းလား မှော်မသိဘူး။ မှော်သိတာသူ့ကို
ချစ်နေရရုံလေးနှင့် မှော်ကျေနပ်တယ်။

မြန်မာပြည်ရောက်တာ တစ်လမျှရှိသေး
သည့်မှော်။ မှော်တတ်ကျွမ်းသည့် ပညာက
ဒီဇိုင်နာ။ ဆိုင်လည်း""မှော်ပန်းချီ""ဆိုသော
နာမည်လေးနှင့်ပဲ ဖွင့်ထားပြီးပြီ။ ကိုယ်အတတ်နိုင်ဆုံး ကြိုးစားသင်ယူခဲ့တဲ့ ပညာ
လေးကတော့ မှော်ကိုအကျိုးပြုပါတယ်။
မြန်မာပြည်ရောက်တာမကြာသေးပဲ အလုပ်
ကလေးတွေလုပ်ရသည်။ အလုပ်လုပ်ရတော့.နာမည်လေးလဲတစ်စွန်းတစ်စ ကြီးနေ
သည်ကိုလဲသိရသည်။ ယခုခေတ်ကမီဒီယာ
ခေတ်ပဲလေ။ ကိုယ့်လုပ်ရည်ကိုင်ရည်ကတော်.နေခဲ့ရင်တော့ အရာရာကအောင်မြင်
ဖို့ရန် မခက်ခဲတာတော့အမှန်ပါပဲ။

ယခုကော်ဖီဆိုင်နှင့် စာအုပ်ဆိုင်လေးတွဲရက်
ဖွင့်ထားတာကတော့ မှော့်စိတ်ကူးလေးနှင့်
တမင်ဖွင့်ထားတာပါ။ အမြဲတမ်းဒီဇိုင်းတွေ
အတွက်လုပ်နေစဉ် စိတ်ရှုပ်တိုင်း ဒီဆိုင်လေး
မှာ Customer လုပ်လိုက်ဆိုင်ရှင်လုပ်လိုက်
နှင့် စိတ်ဖိစီးမှု့တွေကို ဖြေဖျောက်ဖို့ တစ်ခါ
တစ်ရံ မှော့်ရဲ့စိတ်အပန်းဖြေနေရာလေး။
ကော်ဖီကြိုက်သည့်မှော့်အတွက် စာအုပ်တွေ
ဖတ်ရင်း စိတ်အပန်းဖြေမိတာ ဒီဆိုင်လေးမှာပါ။

မှော်ရဲ့ ကော်ဖီဆိုင်လေးကို ""Dream Cafe""
ဟုပေးထားမိ၏။
တိုက်တိုက်ဆိုင်ဆိုင်ပဲ သူကမှော့်ဆိုင်မှာ
လာထိုင်နေတာ ထူးဆန်းလေစွ။

""မမမှော်...မမမှော်""

""ဟင်..!..""

မှော့်အတွေးများ ဆိုင်ဝန်ထမ်းကောင်မလေး
ခေါ်မှပဲ ပြတ်တောက်သွားရသည်။

""ဧည့်သည်ခေါ်နေတယ်မမ""

""ဟင်...ဘယ်သူများလဲ""

""အဆိုတော် စီးချင်းထိုး""

""ဘာ...!...""

~~~~~~~~~~~~~~~~

""ပြော...ပြောလိုက် မှော်မရှိဘူးလို့ပြောလိုက်
နော်""

""ရှင်""

""သွားတော့အမြန်အူကြောင်ကြောင်လုပ်မနေ
နဲ့.... ""

သူ့ကိုကြည့်ပြီး စိတ်တွေမငြိမ်နေသည့်ထဲ
အူကြောင်ကြောင်လုပ်နေသည့် ကောင်မလေး
ကြောင့်မှော် မာဆတ်ဆတ်လေး ဒေါသသံ
လေးနှင့်ပြောမိသည်။

""ဟုတ်...ဟုတ်" "

သူ့နှင့်မှော်ကြား အူကြောင်ကြောင်နှင့်
သူစားခံဖြစ်ရသူက ထိုကောင်မလေးပါ။
ခေါင်းလေးကုတ်ပြီး ထွက်သွားလိုက်သည်။

မှော်သူ့ကိုမတွေ့ချင်တာ မဟုတ်ပါမတွေ့ရဲ
တာပါ။ အရင်လိုချစ်နေဆဲပါ စီးချင်းရယ်။
မှော်ရှင့်နဲ့ မျက်နှာချင်းမဆိုင်ရဲတာပါ။ ရှင့်ကို
တွေ့ရင် အလိုလိုရစ်ဝဲလာတဲ့ မျက်ရည်တွေ
အလိုလိုအေးစက်သွားတတ်တဲ့ ခြေဖျားလက်
ဖျားတွေ တုန်ယင်နေတတ်တဲ့စိတ်တွေ ဘာလုပ်ပြီးဘာကိုင်ရမှန်း မသိတဲ့အူကြောင်
ကြောင်အမူအယာတွေ ရှင့်ကိုမတွေ့စေချင်
တာပါ။



ဘာကြောင့်မှော့်ကိုတွေ့ချင်ရတာလဲ။
မှော်နှင့်သူ့ကြားမှာ ရေနစ်တုန်းကမှတ်မှတိရရ တစ်ခါကယ်ဖူးရုံမျှသာ ရှိဖူးသည်။
လီလီနှင့် ချစ်သူတွေဖြစ်စဉ်ကလဲ သူနှင့်
မိတ်ဆက်ပေးတာမျိုးမရှိခဲ့။ ဘာကြောင့်မှော်
ကိုတွေ့ချင်ရတာလဲ။

မှော်အတွေးလေးနှင့် သူ့လှုပ်ရှားမှု့တွေကို
ချောင်းကြည့်နေရင်း အတွေးပေါင်းစုံ
နယ်ချဲ့နေမိ၏။ ဝန်ထမ်းကောင်မလေး
သွားပြောသည့် စကားကိုခေါင်းတစ်ချက်ညိမ့်
ပြပြီးကျန်တာဘာမျှမပြောတော့ပဲ ပိုက်ဆံ
ရှင်းကာ ဆိုင်ထဲမှမျက်နှာတည်တည်နှင့်ထွက်
သွားသည့် သူ့ကျောပြင်ကြီးကိုသာမှော်တမေ့
တမောငေးကြည့်နေမိသည်။

မှော်မတွေ့ရဲလို့ပါမောင်.... ။ မောင့်ကိုမတွေ့
ချင်လို့မဟုန်ပါဘူးနော်။ တွေ့ချင်တာမှအရမ်း
ကိုတွေ့ချင်နေတာပါ။ ဘာအကြောင်းကြောင့်
တွေ့ဖို့ တောင်းဆိုမှန်းမသိပေမယ့် မှော်ကြောက်နေတာမို့ မောင့်ကိုပထမဦးဆုံးအကြိမ်ငြင်းဆန်လိုက်မိတယ်။ စိတ်လှုပ်ရှားမှု့
များစွာနှင့် သူထွက်သွားရာကိုသာ မျက်စိ
တစ်ဆုံးကြည့်နေမိသူမှာ မှော်ရယ်ပါ။

သူမှာထားသည့် ကော်ဖီနှစ်ခွက်ကလေးမှာ
တော့ စားပွဲပေါ်တွင် အထီးကျန်စွာ မည်သူမှ သောက်မည့်သူမရှိပဲ....။

~~~~~~~~~~~~

""ကျွတ်....ဒီလောက်ထိရွာနေမှတော့
အိမ်ဘယ်လိုပြန်ရပါ့မလဲနော်..... စိတ်ညစ်
တယ်တကယ်ပဲ""

""ဝေါ...ဝေါ...ဝေါ""

""ရွာကြရွာကြ...မိုးကောင်းတုန်းရွာထားဦး
ပေါ့ ....ပြီးမှမှော့်အကြောင်းသိစေရမယ်.....
ဟွင်း..ဟွင်း""

တစ်ယောက်ထဲမိုးနှင့်အပြိုင် စကားပြောနေ
သည့်မှော်။ အသက်တွေသာတဖြေးဖြေးကြီး
လာတယ်။ မှော်ပန်းချီဆိုတာ အရင်လိုခပ်ဖိုင့်
ဖိုင့်ဝဝလေးမဟုတ်တော့ပေမယ့် စိတ်ဓာတ်
ကတော့ အရင်လိုပေါတောတောလေးဖြစ်နေ
တုန်းပါပဲ။

ခုလည်းကြည့်လေ ဒီဇိုင်နာတစ်ယောက်သာ
လုပ်နေတယ် စိတ်လေးက အရင်လိုမေမေနဲ့
ရန်ဖြစ်ကောင်းနေဆဲ။ ဆိုင်ကိုသွားရင်လဲ
ကိုယ်ပိုင်ကားမမောင်းပဲ အိမ်ကဒရိုင်ဘာကို
မောင်းပို့ခိုင်းတာ ကားမောင်းပျင်း၍တဲ့လေ။
ခုတော့အိမ်ကလာမကြိုနိုင်တော့ TAXIနှင့်
ပြန်ရုံပေါ့။

တစ်နေကုန်မောင့်အကြောင်းတွေ စဉ်းစား
ပြီးမနက်ကမောင့်ပုံရိပ်ကလေးတွေနှင့် စိတ်
ကူးယဉ်နေတာ ယခုညနေ ခြောက်ဆွဲတဲ့ထိ
အချိန်ဘယ်လိုကုန်ဆုံးသွားမှန်းမသိတော့ပါ။

""မမမှော်...နွေးတို့နဲ့လိုက်ခဲ့ပါလား။
ဒီနေ့ဖယ်ရီမလာတော့ သမီးတို့လဲ TAXIပဲ
စီးရမှာ တူတူပြန်ကြမယ်""

ဆိုင်မှဝန်ထမ်းကောင်မလေး ပြောတော့မှော်
ချက်ချင်းခေါင်းငြိမ့်မိသည်။ မှော့်အတွက်
မြန်မာနိုင်ငံဆိုတာ စိမ်းသက်နေသလိုပဲလေ။
ခုခေတ်သတင်းတွေတက်လာတာ TAXI
သမားယောင်ဆောင်တဲ့ လူတွေကလဲခပ်ခပ်ပေါပေါရယ် ယုံရတဲ့လူတွေ ကခပ်ရှားရှား။
ကြောက်ရတယ်။

""လာမမမှော် သွားကြမယ်""

နွေးလေးကစကားသွက်ပြီး အလုပ်ကြိုးစား
သည့်ကောင်မလေး။ သုမလေးကလဲမှော့်ကို
အရမ်းချစ်သလို မှော်ကလဲသူမလေးကို
တော်တော်မျက်စိတော့ကျသား။ သိတာ
မကြာသေးပေမယ့်သံယောဇဉ်လေးနှင့်
ခင်မင်မိသည်။ ကျူးဆိုတဲ့ကောင်မလေးက
တော့ခပ်အေးအေးရယ် သူ့ဖာသာတစ်
ယောက်ထဲ ငြိမ်ငြိမ်ကုပ်ကုပ်ကလေးနေတတ်
သူလေး အားလုံးကိုမှော်ချစ်ပါတယ်။ ကိုယ့်ဆိုင်က ဝန်ထမ်းပဲလေ။

သုံးယောက်သား ဆိုင်ထဲမှထွက်လာစဉ် မိုးရေ
တောထဲမယအရှိန်ပြင်းပြင်း မောင်းလာသည့်
ကားတစ်စီး ဘရိတ်ဆွဲသံ အကျယ်ကြီးနှင့်
မှော်တို့ရှေ့ရပ်လိုက်သည်။

""ကျွီ......""

~~~~~~~~~~~~~~

""မှော်....ကားပေါ်တက် ခင်ဗျားလေး
အကြောင်းကျုပ်သိလို့ လိုက်လာတာ""

""ဆရာ.....ဘာလို့လာကြိုတာလဲ အားနာ
စရာကြီး...""

""လာပါအမြန်တက် မိုးကမစဲခေါက်တော့
ဘူး""

ကားထဲမှ ဆင်းလာပြီးမှော့်ကို ထိုးမိုးပေးကာ
ကားထဲအတင်းထိုင်ခိုင်းနေ၍ နွေးနှင့်ကျူး
ကိုပင်မှော်နှုတ်မဆက် နိုင်ပဲကားထဲဝင်ထိုင်
မိ၏။ မှော်ကားထဲရောက်သည်နှင့် ဆရာကား
ကိုအမြန်မောင်းထွက်လာခဲ့သည်။

""မှော်ကားမပါမှန်း ဆရာဘယ်လိုသိလဲ""

""ခင်ဗျားလေးကိုလဲ ငယ်ငယ်ကလိုစာမရရင်
စာမကျက်တတ်တဲ့ အကျင့်လေးပျောက်အောင် ကြိမ်လုံးလေးနဲ့ နာနာလေးရိုက်ပေး
ပြီး စာကျက်အောင်ဆုံးမတဲ့ နည်းလေးတွေ
အရင်လို....ပြန်သင်ပေးရမလိုဖြစ်နေပြီ...။""

""ဆရာနော်....မှော်အရင်လို ကလေးမဟုတ်
တော့ဘူး ရိုက်ကြည့်ပါလား...""

""မရိုက်ရဲပါဘူးဗျာ""

ကားမောင်းနေရင်း မှော့်ကိုကြည့်ပြီး ရယ်နေ
တဲ့ ဘေးတစောင်းဆရာ့မျက်နှာကို မှော်မျက်
စောင်းတွေ ရွယ်ပြီးမကျေနပ်စွာ ကြည့်နေမိ
သည်။ ဆရာကတော့အရယ်မရပ်ပါပဲ ဆက်
ရယ်နေသည်ကို မှော်မုန်းမုန်းနှင့် စိုက်ကြည့်
ထားလိုက်သည်။

""ဆရာဆိုတာကြီးကို မခေါ်ပါနဲ့လို့ မှာထား
တာ ခင်ဗျားလေး မေ့နေတာလား မေ့ချင်ဟန်
ဆောင်နေတာလား""

""နှစ်ခုလုံးပဲ""

မဆုံးမတွမှော့်အဖြေကြောင့် ဆရာရယ်နေ
ရာမှ ရပ်ပြီးမှော်ဘက် တစ်ချက်တစ်ချက်လှည့်ကြည့်လာပြီး တစ်ခုခုပြောချင်ဟန်နှင့်
နှုတ်ခမ်းအစုံမှာ လှုပ်စိလှုပ်စိနှင့် စကားသံတော့ထွက်မလာခဲ့။

""မခေါ်ပါနဲ့တော့လား ကလေးရယ်။
ဆရာဆိုတဲ့နာမ်စားကြီးက စိမ်းသက်လွန်းနေ
တယ်....။ ကိုယ့်ဘက်ကိုလဲ တစ်ခါတစ်လေ
စဉ်းစားပေးသင့်နေပြီ မှော်...""

""မှော်ကအကျင့်ပါနေလို့ပါ""

""ကိုယ့်ခံစားချက်တွေကို တမင်လျစ်လျှူရှု့
ထားတယ်ဆိုရင်ပိုမှန်နေမလား မှော်...""

မှော်စိတ်ညစ်ရပြန်ပါပြီ....။ မျက်နှာလေးမှာ
မကြည်လင်တော့ပဲ ဆရာ့စကားတွေကို ဘယ်
လိုတုံ့ပြန်ရမလဲသာ တွေးနေမိ၏။ အမြဲတမ်း
ဆရာပြောနေကြစကားတွေမို့ မှော်နားထဲ
ပဲ့တင်ထပ်နေပါပြီ။

""ငယ်စဉ်ထဲက အရိပ်လိုကြည့်ရှု့ ပျိူးထောင်
ပေးခဲ့တာ အရမ်းတန်ဖိုးထားပြီးယုယခဲ့တာ
ကိုယ့်စိတ်ထဲ သန့်ရှင်းရဲ့လားလို့မေးတိုင်း
ကိုယ့်ကိုကိုယ်အမြဲ အပြစ်တင်မိတယ် ကလေးအပေါ်မရိုးသားမှု့ကြောင့်ပေါ့ ဒါပေမဲ့
မရိုးသားမှု့ကလဲ ကိုယ်ကလေးကိုအရမ်း....
ချစ်လို့ပါ""

""မှော်က အကိုလိုဆရာလိုပဲ ချစ်ခဲ့တာလေ
လွယ်လွယ်နဲ့တော့ ပြောင်းလဲဖို့ကခက်နေတယ်....မှော့်ကိုနားလည်ပေးပါ ဒီအခြေအနေလေးကိုပဲ မှော်ကျေနပ်နှစ်သက်နေတယ်....။""

""ကိုယ်စောင့်နေတာပဲကလေးရယ်။ အတင်း
အကျပ်ကြီး ကိုယ်ပြောနေလို့လား ကလေး
ကိုလဲ စိတ်အနောက်အယှက်မဖြစ်စေချင်လို့ပါ။ ကိုယ်အားလုံးကိုနားလည်ပေးတယ်
အရေးကြီးတာ ကလေးကိုယ့်ကိုပြန်ချစ်ဖို့ပဲ""

မှော် ဆရာမျက်နှာကို ကြည့်ကာမျက်တောင်
လေးပုတ်ခတ် စိုက်ကြည့်နေပြီး ဘာပြော
ရမှန်းမသိတော့ပါ။ မှော်ပြောနေကြစကားတွေမှာလဲ ပဲ့တင်ထပ်နေတာ ဆရာသိနေသားနှင့် မှောွကိုတွေ့တိုင်း တောင်းဆိုနေတဲ့ဆရာ
စကားတွေကို ကြာလာတော့ မှော်စိတ်ပျက်
နေမိပြီ။

" "ကလေးသာ ခေါင်းတစ်ချက်ငြိမ့်လိုက်.....""

""မှော်အလုပ်ကိုပဲ အာရုဏ်ထားနေတာဆရာ
သိနေတာပဲ။ နောက်ထပ်ကျေးဇူးပြုပြီး
မတောင်းဆိုပါနဲ့ မှော်အချစ်အကြောင်း
မစဉ်းစားချင်သေးလို့ နောက်ထပ်မပြောပေး
ပါနဲ့ မှော်တောင်းပန်ပါတယ် ဆရာနဲ့မှော်ရဲ့
သံယောဇဉ်က အချစ်ကိုအစပြုဖန်တီးခြင်း
ဆိုတာ မှော်မသိခဲ့ဘူး။ တစ်ခါမှလဲမတွေးဖူးဘူး။ အရင်လို ခင်မင်မှု့မျိုးပဲနေကြရအောင် အချစ်အတွင်မှော်မစဉ်းစားချင်
နေသေးဘူး ဒါကြောင့်မှော် စိတ်အနောက်အ
ယှက်ဖြစ်နေတဲ့ စကားတွေကို နောင်ထပ်မပြောပါနဲ့...။""

""ကိုယ်က....""

""တော်တော့ဆရာ မှော်ခေါင်းကိုက်လာပြီ
မြန်မာပြည်ရောက်တာ မကြာသေးဘူး.....။
မှော်အလုပ်ကြိုးစားချင်တယ်....။ အောင်မြင်ကျော်ကြားတဲ့နေရာတစ်ခုကို အချစ်ထက်
ပိုပြီးမက်မောတယ် မှော့်ကိုမျှော်လင့်မနေပါနဲ့ မှော်လုပ်ရမဲ့အရာလေးတွေကိုပဲ ဦးစားပေးမှာ
လေ....။ မှော့်အချစ်ကိုရဖို့ စောင့်နေရင်တော့
ဆရာဆံဖြူသွားကျိူးသွားလိမ့်မယ် မှော့်နေရာမှာ တခြားသူကိုသာ ချစ်လိုက်ပါ""

မှော့်စကားတွေကို နားထောင်ပြီး တစ်ခွန်းမှ
မဆိုပဲ တွေတွေလေးစိုက်ကြည့်နေတဲ့ ဆရာ
မျက်ဝန်းတွေကို မျက်နှာလွှဲထားလိုက်မိသည်။ မှော်သနားတတ်တယ်...။သနားခြင်း
ကနေ အချစ်အဖြစ်မဖန်တီချင်....။ ဘယ်လို
အချစ်မျိုးက မှော့်အတွက် စိတ်သက်သာရာ
စိတ်ချမ်းသာရာဆိုပြီး မှော်မရွေးချယ်ချင်ဘူး။ မှော်တစ်ယောက်တည်း ယုယထွေးပိုက်
ခဲ့ဘူးတဲ့ တစ်သက်မှာတစ်ခါ ချစ်မိခြင်း
အချစ်တစ်ခုသာ မှော်ယုံကြည်ချစ်ချင်တယ်။

မှော်ချစ်နေလို့ သူပြန်မချစ်လဲမှော်ကျေနပ်
တယ်....။ မှော့်ရွေးခြယ်မှု့တိုင်းမှာ မှော်ပထမ
မဖြစ်ချင်နေ အသိအမှတ်မပြုချင်နေ....
မှော်နှလုံးသားထဲမှာ ရှိနေခြင်းက စိတ်ချမ်း
သာခြင်း တစ်မျိုးပဲလို့ မှော်ယူဆထားလို့ပါ။

""အင်းပါ ကိုယ်ဆက်မပြောတော့ပါဘူး။
ကိုယ်မှားတာပါ မဖြစ်နိုင်မှန်း သိလျှက်နဲ့ တောင်းဆိုမိတာပါ။ ကလေးစိတ်အနောက်အယှက် ဖြစ်စေတယ်ဆိုရင် ကိုယ်မပြောတော့ဘူးနော် ကလေး ကိုယ်မျှော်လင့်နေတယ် ဆိုတာကလေးသိနေပေးပါ""

စိတ်မကောင်းပါဘူးဆရာ။ မှော်နှလုံးသား
ခံစားမှုက မောင့်တစ်ယောက်ထဲအတွက်ပဲ
မို့ တခြားသူအတွက် အချစ်ကိုမျှဝေပေးဖို့ရန်
မှော့်အတွက် အစီအစဉ်မရှိနေဘူး။ မှော့်နှလုံး
သားက မောင့်အပိုင်ပဲကြောင့်ပါ....။

~~~~<~~~~~~~

အခန်း [ ၅ ] မျှော်

AUTHOR~~~ငှေသုန်ဒရီ


rate now: