book

Index 3

အခန်း [ ၃ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖


""တီတောင်...တီတောင်""

အဆက်မပြတ် ဘဲလ်နိပ်သံကြောင့်မှော်တံခါး
ဘက် သခ်ျာတွက်နေရာမှ ခေါင်းလေးထောင်
ကြည့်မိသည်။

""ဘယ်သူမှမရှိကြဘူးထင်တယ် တံခါးသွား
ဖွင့်ပေးအုံးမယ်""

ထိုင်ရာမှ ထမယ်ပြင်ပြီးမှ မှော်လက်ကလေးကိုဆွဲချပြီး ထိုင်စေကာ...

""စာကိုပဲလုပ် ကိုယ်သွားဖွင့်လိုက်မယ်""

""ဟုတ်...""

ဆရာဘောပင်လေးကို လက်က ကိုင်လျှက်နှင့် ထွက်သွားသည်ကို မှော်စိတ်ဝင်တစားဘာရယ်မဟုတ်လိုက်ကြည့်နေမိသည်။

""ဟဲ့....တွက်လေ ဘာလိုက်ကြည့်နေတာလဲ""

အလိုမကျမျက်မှောင်လေးကျုံ့ပြီး သတောင်
နှင့်တွက်ကာ ပြောလာသည့်လီလီ။

""အမယ်!!!
နင့်ဆရာကို ကြည့်နေတယ်များထင်နေလား
ဘယ်သူလာတီးလဲ စိတ်ဝင်စားလို့ ကြည့်နေ
တာ...ဟွန်း!!!""

မျက်မှောင်လေး ကျုံ့ပြီးလီလီမကျေမနပ်နှင့်
မနာလိုဝန်တို မျက်လုံးလေးတွေနှင့် မှော့်ကို
တားဆီးနေသည်ကို မှော်အနိုင်နှင့်ပိုင်ပြီးပြောပြစ်သည်။ ဒါမှပြုံးစိစိဖြစ်သွားသည့် လီလီစုတ်။

""မသိဘူးလေဟယ်....ဆရာကိုများလိုက်ကြည့်နေသလားလို့""

""ကြည့်စရာလား...ကြည့်စရာလား။
ငါ့အချစ်တွေက ငါ့မောင်ဆီမှာရှိပြီးသား""

""အဟွတ်...အဟွတ်""

လိမ္မော်ရည်ခွက် ကောက်သောက်နေတဲ့လီလီ
မှော့်စကားကြောင့် ထသီးတော့သည်။ ပါးစပ်
ထဲမှ အချိုရေတွေ ထွက်သွားတာရုပ်ပျက်ဆင်းပျက်။ မှော်ဘောပင်လေးကို
ဆော့ကစားပြီး ပြုံးဖြီးနေသည်ကို လီလီ
တသြံတသြနှင့်ကြည့်နေသည်။

""နင်..!..နင်
တော်တော် အပြောင်းအလဲ မြန်တဲ့မိန်းမပါလား!!! ပြောတော့ဖြင့်စီးချင်းကို အရမ်းချစ်
ပါတယ်ဆို။""

မျက်လုံးပြူးမျက်ဆန်ပြူးနှင့် မယုံကြည်နိုင်
ဖွယ်အကြည့်တွေ မှော့်ကိုလက်ညှိုးထိုးပြီး
ပြောနေတဲ့ လီလီ။

""အဟီး...""

""ရီမနေနဲ့ နှင့်ကိုငါကြည့်မရတော့ဘူး။
ဆရာကိုတော့လာမထိနဲ့ ဆရာထိဓားကြည့်ပဲ""

""ထိစရာလား။ တကယ်ပါပဲ ငါ့ရင်ထဲမှာ
မောင်ဆိုတဲ့ နာမည်လေးက နှလုံးသား
သင်္ကေတလေးအဖြစ်အမှတ် တံဆိပ်ရိုက်ပြီး
သား...အဟင်း""

""တမောင်မောင်နဲ့ ငါစိတ်မရှည်တော့ဘူး
ဘယ်သူလဲ အမြန်ပြောစမ်းပါ""

လီလီနားလေးကို ပြုံးပြီးမျက်နာလေးကပ်ပြီး
လေပြေလေးနှင့် ပြောလာသည့်အမည်မှာ...

""စီးချင်း""

""အစထဲက စီးချင်းဆိုစီးချင်းပြောပါလား""

""ရှူး...ရှူး။
နင်ပြောတာနဲ့ သိကုန်တော့မှာပဲ""

ပါးစပ်ပြဲကီးနှင့် အသံကျယ်ကျယ်အော်ပြော
နေတဲ့ လီလီပါးစပ်ကို ပိတ်ပြီးအမြန်ဘရိတ်အုပ်လိုက်ရသည်။ ဆရာအနားရောက်
လာတာမကြားသွားလို့ တော်ပါသေးရဲ။
ေမွာ္ကေတာ့ မျက်လုံးလေးနှင့်လီလီက်ုအသံ
မထွက်ဖို့ အချက်ပေးမိရင်း လီလီကလဲအေးပါဆိုသည့် ပုံနှင့်မျက်စိမှိတ်ပြသည်။
နှစ်ယောက်သားအတိုင်အဖောက်တွေညီနေ
ကြလျက် မျက်နှာတွေက အပိုးမပြေ။

""မှော်""

""ရှင်ဆရာ""

""ဟိုဘက်အိမ်က အန်ကယ်တို့အတွက် အိမ်
တက်ဖိတ်စာလာဖိတ်သွားတယ် သွားပေး
လိုက်အုံး""

""ဟုတ်ဆရာ""

ဟိုဘက်အိမ်ဆိုတာနှင့် မှော်မျက်လုံးလေးတွေ အရောင်တလက်လက်နှင့် စားပွဲပေါ်တင်
ထားတဲ့ ဖိတ်စာကိုလှစ်ကနဲကောက်ယူပြီး
ဆရ်ာစကားတောင်အဆုံးထိနားထောင်မနေ
တော့ပဲ အိမ်ထဲပြေးဝင်လာခဲ့သည်။

သွားမယ်..သွားမယ်။
အဲ့အိမ်က အိမ်တက်ကိုသွားကိုသွားအုံးမယ်။

""မေမေရေ""

""ဟေ....""

ဧည့်ခန်းထဲစိန်ဘယက်တွေကြား မျက်မှန်ကြီး
တကားကားနှင့် ဘာတွေလုပ်ပြီး အလုပ်ရှုပ်
နေမှန်းမသိ။ မှော်ကိုပင်လှည့်မကြည့်ပါပဲ
အလုပ်ရှုပ်နေသည့် မေမေ့အနားပူးကပ်ထိုင်
လိုက်သည်။

""ဘယ်လိုဖြစ်နေတာလဲ ဒီမှာပြုတ်ကျကုန်တော့မယ်""

""ရော..မေမေဟိုဘက်အိမ်က အိမ်တက်လာ
ဖိတ်တာ ဖိတိစာ""

""အေအေချထား....မေမေမအားသေးဘူး""

""ဟုတ်""

မှော်ဖိတ်စာလေးချထားပြီး စာသင်ဖို့ရန်
ခြံထဲသို့ ပြန်ပြေးဆင်းခဲ့သည်။ အရင်လိုအမေ့
အနားမှာစကားများ လေမပေါနေတော့ပါ။ခုချိန် အတွေးထဲကီးစိုးနေတာ သီချင်းဆို
ကောင်းတဲ့ သူကိုတွေ့ရတော့မယ် ဟီး.....
ပျော်လိုက်တာ။

~~~~~~~~~~~~~

""ကျွီး...""

""ဟာ..ဟေ့..!..""

ကားဘရိတ်ဆွဲသံ အကျယ်ကြီးနှင့်အတူ
တစ်ဆက်ထဲမှာပဲ သူ့ပါးစပ်မှစိတ်ပျက်ညည်း
ညူသံထွက်ပေါ်သွားခဲ့သည်။ အလိုမကျမှု့
ကြောင့် မျက်နှာသည်လည်းအလိုလိုနေမှ
ခက်ထန်နေပါလျှက် ယခုတော့ပို၍ပင်မာထန်
သွားသည်။

ယခုချိနိထိ အူကြောင်ကြောင်နှင့် သူ့ကားရှေ့
လှဲနေရာမှမထသေူပါပဲ ငုပ်တုတ်မေ့နေသည့်
မျက်မှန်နှင့် မှန်ကြောင်မလေး။ လက်တစ်ဖက်မှ သာအုပ်တစ်ထပ်ကြီးမှာ ကွန်ကရစ်ပေါ် လွှင့်ကျသွားပေမယ့်ကျန်တစ်
ဖက်မှာ ကိုင်ထားတဲ့ တုပ်ထိုးသကြားလုံးလေးကတော့ လွှင့်ကျမသွားတာထူးဆန်းနေ
သား။

ကျောင်းဝတိစုံအဖြူအစိမ်းလေးမှာလဲ
တခြားကျောင်းသူတွေလို ကပျကပျရပျရပျလေးဝတျထားခွငျူမဟုတျ။ မျက်နှာမှာလဲ
ဘာအလှအပမှ မရှိပါပဲ ပလာကျင်း။
ကျောင်းဝတ်စုံကိုလဲ နောက်ထပ်လူနှစ်ယောက်ဝင်နိုင်အောင် ဝတ်ထားတာပွပွကြီး။
ဒီပုံစံကို သူကရင်ခုန်ရမည်တဲ့လား။ အတွေးနဲ့
တင်စိတ်ပျက်ဖို့ ကောင်းနေပြီ။ ကားထဲမှနေ
ပြီး သူမဘာဖြစ်သွားသလဲဆိုတာကို ဆင်း
မမေးပဲ သူမကိုသာစိတ်ထဲမှ ပြစ်တင်ဝေဖန်
နေမိတဲ့ စီးချင်း။

""အားယားယား....!!!
အားမီးငြောင့်ရိုးကျိုးပြီလားပဲ...ကျွတ်ကျွတ်""

မှော်မျက်နှာလေးရှုံ့မဲ့ပြီး လွင့်စင်ကျနေတဲ့
စာအုပ်တွေကို ကုန်းကွကွနှင့် လိုက်ကောက်
ပြီး ခုချိန်ထိရပ်နေဆဲဖစ်တဲ့ ကားကိုမှော်
စိတ်တိုတိုနှင့် မျက်ဝန်းစူးစူးလေးတွေနှင့်
ကြည့်မိတော့....

""မောင်...""

ပါးစပ်ကလေး ဟရုံခေါ်မိပြီးကိုယ့်ပါးစပ်ကို
မယုံကြည်နိုင်ဖွယ် အမြန်အုပ်လိုက်မိသည်။
သူ့အကြည့်များကတော့ မှော့်ကိုစိတ်ပျက်နေ
ဖွယ်အကြည့်များနှင့် ကြည့်နေဆဲ။ ဒီနေရာမှာ
သူမဝုတ်ပါပဲ တခြားသူဖြစ်နေပါက လူမှု့ရေး
ခေါင်းပါးပြီး တာဝန်မသိတတ်သောသူဆိုပြီး
မှော်အပြစ်တင် ပြောဆိုမိမှာ အသေအချာပင်
ခုတော့ သူဖြစ်နေသည့်အတွက် မှော့်မှာကား
ဆိုက်ခံရရင်ပင် ကျေနပ်နေမည့်ရုပ်မျိုး။

""တီ...တီ...တီ""

""အယ်...""

ကားဟွန်းသံ အကျယ်ကြီးထွက်လာမှ မှော်
ရုတ်တရက် အနောက်အမြန်ဆုပ်ပြီးရပ်မိ၏။
ကားမောင်းထွက်သွားသည့် သူ့မျက်နှာကို
ခိုးကြည့်ပြီး မှော့်မျက်နှာကြီးမှာကျေနပ်ပီတိ
တွေဖျာလျက် ကျောင်းခန်းထဲခုန်ဆွခုန်ဆွ
နှင့် အမြန်ပြေးဝင်သွားမိသည်။

မရတော့ဘူး လီလီကိုအရမ်းပြောပြချင်နေမိပြီ။ သူနဲ့ဆုံခဲ့ရတဲ့အဖြစ်ကလေးကို အဟိ။

~~~~~~~~~~~~~~~~~

အဲ့ဒီန်ေကပေါ့...မှော်အတွက် ရိုးနိုင်ဖွယ်
မရှိတဲ့နေ့လေးတွေထဲကမှ မှတ်မှတ်ရရအမှတ်တရနေ့စွဲလေး တစ်နေ့။

တာ မင်းထက်လှတဲ့လီလီကို အစားထိုးအသုံး
ချရုံပေါ့...Sorryပဲ...ဟွန်း""

သူကိုယ်တိုင်ကလဲ လီလီကိုမျက်စိကျပြီး
စိတ်ဝင်စားမိတာ အခန်းရှေ့လာချောင်းတဲ့
ရက်တွေထဲကမှ တိုက်တိုက်ဆိုင်ဆိုင်ပဲ ဟိုနေ့
ကFacebookမှာ လီလီနုသွေးဆိုတဲ့အကောင့်
တွေ့ပြီး သူငယ်ချင်းဖြစ်သွားကြတာနှင့်
အရင်ကထက် ရင်းနှီးသွားခဲ့သည်မှာ တစ်ပတ်မျှရှိနေပြီ။ သူ့လိုလူကို ဘယ်လိုမိန်းကလေးမျိုးက လွယ်လင့်သကူငြင်းပယ်
ရဲကမှာလဲ။ လီလီနုသွေးဆိုတာကလဲ သူလက်ဖြောင့်တီးလိုက်သည်နှင့် အလိုလိုသူ့ထံ
ခစားဖို့ အသင့်ဖြစ်နေတဲ့ မိန်းကလေးပဲလေ။
သူ့အတွက် ဘယ်အရာကခက်ခဲဖို့ရန် ရှိခဲ့ဖူး
ပါလိမ့်မလဲ။

""ရောက်လာချိန်မှာတော့....အဆင့်ဖြစ်အောင်
အမြဲတမ်းပဲ...........ရှင်းလင်းထားပါတယ်
ဝေးနေပါသော်လည်း.........မျှော်လင့်ဆဲပါ
ပြက္ခဒိန်စာရွက်များ.....တစ်ရွက်စီလွန်ပေမယ့်
မင်းအတွက်ရင်မှာ.....တစ်နေရာစာ......
ကိုယ်ဦးထားတယ်....အို့ဟို....အချစ်ရေ.....""

သီချင်းလေးညည်းပြီး သူကတော့ပျော်နေ
နိုင်ခဲ့သည်။

~~~~~~~~~~~~~~~~~~

""ဟိုဘက်အိမ်က စီးချင်းတို့အိမ်လေ။
ငါ့ကိုအိမ်သစ်တက်ဖိတ်ထားလို့ လာခဲ့တာ
သွားကြမယ်""

မသိခဲ့ဘူး။ သူဖြစ်နေလိမ့်မယ်မှန်း။ သူဆိုတာ
လီလီပြောပြမှ သိရသူပါ။ မနက်စောစော
အလှတွေပြင်ပြီး ရောက်လာတဲ့လီလီကိုကြည့်ပြီး အံသနေပေမယ့် သူမကတော့ခပ်တည်
တည်ရယ်ပါ။အရင်ကလီလီမှ ဟုတ်ပါလား။
မှော်နှင့်အိမ်ချင်းကပ်လျှက် ဖြစ်နေ၍ မှော်
ပျော်ရမှာလား လီလီနှင့်သူခင်မင်သွားမှု့ကို
ကြည့်နေပြီး မှော်ဝမ်းနည်းရမှာလားကွယ်။

မှော်မျက်နှာ
လေးမကောင်းဖြစ်နေသည်ကို လီလီသိပါ
သည်။ သို့ပေမယ့် မတတ်နိုင်ပေ။ စီးချင်းကို
လီလီလုယူတာမှ မဟုတ်ပဲ။ စီးချင်းကအလို
လိုနှင့်ပဲ လီလီအနားရောက်လာတဲ့သူလေ။
လီလီကိုလီလီမတရားဘူးလို့ မထင်ဘူး။ သူ့
ရဲ့ရွေးခြယ်မှု့ကသာ မှန်သည်လားမှားသည်
လား။ သူ့အနားအနီးကပ် သူ့မျက်နှာချောချောကို မြင်ရလေ ကျမရင်ခုန်လေပဲ။
Sorryမှော် ငါမတရားလုပ်ခဲ့တာမဟုတ်တဲ့အတွက် ငါ့ကိုယ်ငါ သံတယကင်းကင်းခံစား
နေရတာပဲ အဲ့အတွက်ငါတို့သူငယ်ချင်းကြား
မခေါ်နိုင်မပြောနိုင်ဖြစ်စရာအကြောင်းမရှိဘူး
လို့ငါထင်တယ်။

""မလာတော့ဘူး ထင်နေတာ""

""လာမှာပေါ့ စီးချင်းကိုယ်တိုင်ဖိတ်ထားတာပဲ
လီကငြင်းရဲပါ့မလား""

""အဟွန်း....""

""လီလာတဲ့အတွက်ကော စီးချင်းရင်ထဲ
ပျော်ရဲ့လား""

""အင်း....ပျော်ပါတယ် လာပေးလို့လဲ
ကျေးဇူးတင်ပါတယ်""

""အဟင်းဟင်း""

လည်ကတုံးအကျီအနက် လက်ရှည်ဝတ်ဆင်
ထားပြီး ပိုးပုဆိုးအနီရောင်လေးနှင့် သူ့ကို
ကြည့်ရသည်မှာ စိတ်ထဲအေးချမ်းနေပေမယ့်
မှော့်စိတ်တွေမအေးချမ်းနိုင်ခဲ့ပါ။

မျက်တောင်လေး ပုတ်ခတ်ပုတ်ခတ်နှင့် စီးချင်းနှင့်လီလီကို တစ်ယောက်တလှည့် ကြည့်ပြီး ရင်ထဲကြေကွဲဆို့နစ် နေတဲ့ မှော့်ကို
သူတို့ရှိတယ် ထင်ပါသေးရဲ့လား။

~~~~~~~~~~~~~~~

ဝမ်းနည်းခြင်း နေ့စွဲတွေကို မှော်တစ်ယောက်
တည်းအထီးကျန်စွာ ကျော်ဖြတ်ခဲ့ပေမယ့် ထိုနေ့ကတိုက်တိုက်ဆိုင်ဆိုင်သူနှင့် ဆုံစည်းဖို့ရန်
ဖန်လာခဲ့သော နေ့လေးတစ်နေ့။ မှော်အမှတ်ရ
နေဆဲပါ။

""ဟာ...မောလာပြီဆရာ။ မလျှောက်နိုင်တော့.ဘူး""

""ဟောဗျာ....""

အမြဲတမ်းဆရာအပေါ် အနိုင်ယူတတ်တဲ့မှော်
တစ်ယောက် လက်ထဲမှအကျီထုတ်တွေကို
လူအများကြီးကြားမှာပဲ စိတ်ပျက်လက်ပျက်
ပြစ်ချမိသည်။

စူပုတ်ပြီးကောက်ချိတ်နေတဲ့ မှော့်ကိုကြည့်ပြီး
ဆရာ့မှာတော့အရယ်မပျက်ခဲ့။ အရင်ကဆို
ဒီလိုကျောင်းပိတ်ရက်နေ့လေး ဆရာကလဲDuty Offတဲ့ရက်ကလေးတွေနှင့် တိုက်ဆိုင်
ခဲ့ရင် ခုလိုပဲဆရာနှင့်အတူ မှော်ရယ်လီလီရယ်
မုန့်ထွက်စား လိုအပ်တာတွေ လိုက်ဝယ်နေကြ
ပေါ့။ ခုတော့လီလီရေ အပြင်သွားကြမယ်ဆို
ရင် အရင်ကဘယ်တော့မှ မငြင်းဆန်ဖူးတဲ့လီလီက ယခုတော့ ဘယ်အရာမဆိုငြင်းဆန်နေတာ အထူးအဆန်းမဟုတ်တော့ပါပဲလေ။
အရင်လိုကျောင်းမှာ လီလီကမှော့်ကိုမခေါ်
တော့ပါ။ မေးထူးခေါ်ပြောရုံသာ လုပ်ပြီး
ကျောင်းသူကျောင်းသားတွေထံမှ ကြားနေရ
သည့် သတင်းအတိုအစလေးမှာ စီးချင်းနှင့်
လီလီချစ်သူတွေဖြစ်နေကြပြီတဲ့။

မှော်ရင်နာပေမယ် ကျေနပ်ပါတယ်။ တစ်နေ့
ပြီးတစ်နေ့အမြန် ကုန်ဆုံးနိုင်ဖို့ရန်ပဲမှော်
လက်ချိုးရေတွက်ပြီး တစ်ယောက်ထဲ
ဝမ်းနည်းနေ့စွဲတွေကို ကျော်ဖြတ်ပြီးစာတွေ
နှင့်နပန်းလုံးနေစဉ် သူ့ကိုမေ့ဖျောက်နိုင်ခဲ့
သည်။ နေတတ်လာခဲ့သည်။ မချစ်တော့တာ
မဟုတ်ပါ မေ့ဖို့ကြိုးစားနေလိုက်တာပါ။

""ဘာဖြစ်တာတုန်း မျက်နာလေးကဝက်ပုတ်
လေးကြနေတာပဲ ပြန်တော့မှာလား""

""မပြန်ဘူး...ကစားကွင်းမှာ ရေကူးဦးမယ်""

""ပြောတော့ဖြင့် လမ်းမလျှောက်နိုင်တော့ဘူး
ဆို ပြန်ကြမယ်လေ""

တမင်သိလျှက်နှင့် ပြုံးပြီးစနေသည့် ဆရာ့ကို
​ေမှာ်မျက်စောင်း ချိတ်ပြီးခါလေးထောက်ကာကြည့်တော့ ကြည်နူးပြုံးတွေမှာဆရာမျက်နာပေါ် ဝေဖြာလျှက်....

""မသိဘူး မနက်ဖြန်ဆို ကျောင်းကဖွင့်တော့မှာ စာမေးပွဲကလဲ နီးနေပြီလည်ရတုန်းလေး
အဝလည်ထားမှာပဲ""

""အလည်မလေး အမျိုးမျိုးတတ်တယ်
ပေးပေးအိတ်တွေအကုန်လုံး ကိုယ်ပဲသယ်လိုက်တော့မယ်""

""ဟီး....""

""တမင်လူလည်ကျတဲ့ ဝက်ပေါက်လေး သကြားလုံးတွေလဲ အများကြီးမစားနဲ့တော့""

""ဟုတ်...""

ဆရာလက်ထဲမှာ အိတ်တွေပြည့်နေတာမှော်
မြင်နေတာပဲ တမင်သကြားလုံးကောင်းကောင်းမစားရလို့ ဂျီကျလိုက်တာ။
အိတ်တွေလိုက်ကောက်နေတဲ့ ဆရာကိုမှော်
ပြုံးလျှက် ကြည့်နေလိုက်သည်။

""မှော်ပန်းချီ...မဟုတ်လား""

အနောက်မှမှော်နာမည်ကို ခေါ်သံကြားလိုက်
၍ လှည့်ကြည့်လိုက်တော့ စီးချင်းတို့သူငယ်
ချင်းအဖွဲ့တွေ။ မှော်ပြူးကြောင်ကြောင်လေး
နှင့် သူတို့ကိုကြည့်နေသည်ကို သူ့မျက်လုံးတွေမှာ ဆရာထံတွင်သာ အကြည့်တွေ
ရောက်နေသည်။ အံကြိတ်လိုက်သည့် သူ့
မျက်နှာကြီးကိုလဲ မှော်သေချာတွေ့လိုက်ရ
သည်။

""မင်းတို့နဲ့ သိတာလား သိရင်နှုတ်ဆက်ပြီး
နေခဲ့ကြငါသွားပြီ""

""ဟာ...ဟေ့ကောင်စီးချင်း!!!
နေအုံးလေ""

""မှော် ငါတို့သွားပြီနော်""

""ဟုတ်""

ကရောသောပါး သူ့သူငယ်ချင်းတွေသူ့နောက်
ပြေးလိုက်သွားကြသည်ကို မှော်မျက်စိတစ်ဆုံး ကြည့်နေမိသည်။ မှော့်ကို
ကြည့်ပြီး ခက်ထန်မာကျောသွားတဲ့ သူ့ပုံရိပ်
ကို မှော်မျက်စိထဲ မြင်ယောင်နေဆဲ။ တစ်ခါ
မှစကားမပြောဖူးကြပေမယ့် မှော့်ကိုနှုတ်ဆက်သွားကြသည့် သူ့သူငယ်ချင်းတွေ
ကိုလဲ မှော်အံ့သနေတာပါ။

""မှော်တို့ကျောင်းကလား""

""ဟုတ်..ဆရာ သွားကြမယ်""

""အင်အင်""

ထိုနေ့က မှော်မပျော်ခဲ့ပါ။ သူ့အကြည့်တွေက
မှော့်ကို နိပ်စက်နေသလိုပဲ။ ဝေခွဲရခက်တဲ့
သူ့အကြည့်တွေကြောင့် စိတ်စွဲလမ်းတတ်လွန်းသည့်မှော် အိမ်မက်ထဲထိပါ သူ့ကိုမြင်
ယောင်ပြီး အယောင်ယောင်အမှားမှားနှင့်
သူ့ကိုလိုက်တောင်းပန်နေသည်တဲ့။

တကယ်ဆို မှော်နှင့်သူကဘာမျှဖြင့် မဆိုင်ခဲ့
ပါပဲလေ။
နာကျင်စရာနေ့တွေကို ရင်နာနာနှင့်ကုန်ဆုံး
ပြီး စီးချင်းဆိုတဲ့ မှော့်နှလုံးသားအမည်နာမလေးကို မှော့်အတွေးမှော့်အာရုဏ်တွေထဲ
ဖျောက်ဖျက်နိုင်ဖို့ ကြိုးစားခဲ့တယ်။
သူနှင့်ပတ်သက်ပြီး နေတတ်လာတယ်တစ်
ယောက်တည်း။ မျိုသိပ်တတ်လာတယ်။
အရာရာကိုသည်းခံတတ်လာတယ်။
ခွင့်လွှတ်တတ်လာနိုင်တယ်။
တစ်ခုပဲမှော်မလုပ်နိုင်ခဲ့တာ......သူ့ကိုမေ့ဖို့
မှော်မလုပ်နိုင်ခဲ့ဘူး။ ဥပေက္ခာတရားတွေနှင့်
သူ့ကိုမှော် ဝေးဝေးကချစ်ပြီး ဝေးဝေးကပဲ
လွမ်းနေလိုက်တယ် အဓိကကမှော် သူ့ကို
ချစ်နေဖို့ပဲလေ ကျန်တာဘာတွေလိုအပ်နေဦး
မှာလည်းလေ....။

~~~~~~~~~~~~~~~~~

သူနှင့်လီလီချစ်သူတွေ ဖြစ်သွားကြပြီတဲ့။
တစ်ကျောင်းလုံး သတင်းတွေမှာပျံနေတာပဲ။
မှော်မကြားချင်မှ အဆုံး။ မှော်စိတ်မကောင်း
ပေမယ့် သူတို့နှစ်ယောက်စလုံးကို တစ်ခါမျှ
အပြစ်မတင်ခဲ့ပါ။ မှော်ကစီးချင်းကိုမပိုင်
သလို လီလီကိုလဲ နင်မချစ်ရဘူးဆိုပြီး
ပိတ်ပင်တားဆီးခွင့်မှ မရှိပဲ။ သူတို့ရဲ့ကိုယ်

ပိုင္လႊတ္လပ္ခြင့္ပဲ မှော်နှင့်မှဘာမျှမဆ်ုင်ပဲ။
ထို့နောက်ပိုင်း လီလီနှင့်မှော်အရင်လို မတှဲ
ဖြစ်တော့တော့ပါ။ မေးထူးခေါ်ပြောရုံနှင့်သာ
နေခဲ့ကြပေမယ့် မှော်မနေနိုင်ပါ။ မှော်ဘက်က
စပြီးခေါ်မှသာ ပြန်ထူးတတ်တဲ့လီလီ။

မှော်စိတ်ထဲမှာ ဘာအငြိုးအတေးတွေမှ
မရှိခဲ့ပါ ။ မှော်ကိုယ်တိုင်ကဘယ်အရာကိုမှ
အပိုင်မှမတွက်ထားခဲ့တာပဲလေ။ သို့ပေမယ့်
မှော်...လေ စီးချင်းကို အရမ်းချစ်တာ။

""လီလီဖြေနိုင်လား....အယ် Sorry""

ကျောင်းခန်းထဲမှ ထွက်ပြီးကုက္ကိုပင်အောက်
လီလီနောက်ကျောကို တွေ့လိုက်ရ၍ မှော်ဝမ်း
သာအားရနှုတ်ဆက်မိတာ မျက်နှာချင်းဆိုင်
သူ့မျက်နှာကြီးမြင်ရတော့ မှော်စိတ်တွေ
တုန်သွားသည်ထိ ရင်ခုန်မြန်နေဆဲပါပဲ။

""ဪ... မှော်ပါလား။ အဟင်း...ဖြေနိုင်ပါ
တယ် နင်ကောဖြေနိုင်ရဲ့လား""

""ဖြေ..ဖြေနိုင်ပါတယ် ""

""အဟင်း...ဘာပြောမလို့လဲမှော်""

""ဖုန်းဆက်လိုက်မယ်""

""အေးပါ""

သူ့ကိုမြင်တာနှင့် တုန်တုန်ယင်ယင်
ဂဏာမငြိမ်ဖြစ်တတ်သည့် မှော်ကိုသူကြည့်
နေမိသည်။ လီလီနှင့်ချစ်သူဖြစ်ပြီးနောက်ပိုင်း
သူ့အခန်းရှေ့မပြောနှင့် အရင်လိုလမ်းမှာ
တွေ့ရင်ပင် ပြုံးမနေတော့သည့် မေှာ်ပန်းချီ။ မျက်နှာလေးရှုံ့
မဲ့ပြီး ရှောင်ရှောင်ထွက်သွားသည့် သူမ။
သူ့စိတ်တွေ သူမကိုတွေ့တာနှင့် အလိုမကျဖြစ်တတ်တာ ဘာကြောင့်မှန်း သူ့ကိုယ်သူပင်
မဝေခွဲတတ်တော့ပါ။

""စီးချင်းကတိ တည်ပါစေနော် မနက်ဖြန်
ကလပ်လိုက်ပို့မှာ ကတိ""

""အင်း...ပြန်တော့မယ်။ ဖုန်းဆက်လိုက်မယ်""

""ဟင်...ချက်ချင်းကြီး""

""စိတ်နှောက်နေတယ် ဘယ်သူနဲ့မှစကားမပြောချင်တော့ဘူး ပြန်တော့မယ် စကားမများ
စမ်းနဲ့လီလီ""

""အင်းပါ...စီးချင်းစိတ်ညစ်အောင် လီဘာမှ
မပြောတော့ပါဘူး""

""Relax!!!""

""Ok..!!..See U""

ဆယ်တန်းနောက်ဆုံးရက်မှာ အားလုံးကို
နှုတ်ဆက်ခွဲခွာရတာ လွမ်းမောစရာတော့ကောင်းသား။ အမှတ်တရတွေ အမှတ်တမဲ့တွေကို လူငယ်တိုင်းရဲ့ရင်ထဲမှ ခံစားမှု့လေး
သိမ်းဆည်းထားရတဲ့ ဘဝသစ်နေ့စွဲလေး။

ငယ်ငယ်ကဆရာတွေဆရာမတွေ ပြောပြတာ
ကြားဖူးတယ် ဆယ်တန်းပြီးရင် လူ့ဘဝ
ပထမခြေလှမ်းအစပြုနေ့စွဲလေးတဲ့။ ဒါဆို
အားလုံး ပထမခြေလှမ်းလေးနှင့် အတူကိုယ်
ဝါသနာတွေနှင့် ပျော်ရွှင်စွာ ရှေ့ဆက်နိုင်ဖို့
အားလုံး ခြေလှမ်းစလိုက်ကြစို့လား။

~~~~~~~~~~~~~~~

အခန်း(၄)မျှော်

AUTHOR~~~ငှေသုန်ဒရီ


rate now: