📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖
""ဒုန်း ခွမ်း ...""
ခုချိန်စီးချင်း ပေါက်ခွဲနေသမျှ သူ့အနားမည်သူမှ
မကပ်ရဲကြပေ။ အနားကပ်သမျှလူတွေကိုပင် ကိုင်
ပေါက်ပြစ်သည်။ ကလပ်မှ Securityတွေပင်အနားမကပ်ရဲကြတော့၍ ဆိုင်ပိုင်ရှင်ထံဖုန်းဆက်ထားကြသည့်အဖြစ်ထိပင်။
""အနားကပ်ရဲတဲ့လူကပ်ခဲ့ကြ ကြိုက်တဲ့ကောင် ငါ့
နားကပ်ခဲ့ ..မင်းတို့တစ်ဆိုင်လုံးကို မီးရှို့ပြီးမှ
ငါရပ်မယ်""
စီးချင်းလုပ်ရပ်တွေကို ကြည့်ပြီးဂျူနိုသည်လည်း
စိတ်အပျက်ကြီးပျက်လှစွာ ဘာလုပ်ရမည်လဲမသိ
တော့၍ မှော်ကိုဖုန်းဆက်ခေါ်လိုက်ခြင်းပါ။ မှော်
မှ မထိန်းရင်သူ့ကို မည်သူမှ နိုင်တော့မည်မဟုတ်
တာသူအသိဆုံးပင်။
""ငါကအဆိုတော် ဖြစ်တိုင်း နှိုက်ကလပ်မလာရဘူး
လား Barမလာရဘူးလား ဆေးမသုံးရဘူးလား
အေး..ငါဘာလုပ်လုပ် မင်းတို့မင်းတို့တွေကို သောက်ဂရုမစိုက်ဘူး ငါလုပ်ချင်တာလုပ်မယ်မင်း
တို့ ဝေဖန်စရာမလိုဘူး တောက်...""
""အား...အမလေး""
ကလပ်မှာမူးပြီး က နေကြတဲ့ ကောင်မလေးတွေ
ပင် ကြောက်ကြောက်ကန်ကန် ထွက်ပြေးကုန်ကြ
သည်။ ပေါက်ကွဲပါစေ ဂျူနိုမတားတော့ပါ..တား၍
လဲ ရမည်မဟုတ်မှန်းသူသိနေ၍ပါပဲ။ လုပ်ချင်ရာ
ကို မလုပ်ရရင် တစ်ခုခုကို ပိုပြီးမဲတတ်တဲ့ စီးချင်း
အကျင့်ကို လဲ သူသိနေသည်ပဲ။ နာမည်ကလဲအဖတ်
ဆည်မရအောင် ပျက်နေပြီးမှတော့မထူးတော့ပြီ
လေ။
""မင်းတို့တစ်ဆိုင်လုံးကို မီးရှို့ပြီးမှ ငါပြန်မယ် ထွက်ခဲ့စမ်း ငါ့ကိုစိန်ခေါ်တဲ့ ကောင်တွေလာစမ်းပါ...ငါဆို
တဲ့ စီးချင်းကတစ်ယောက်ထဲ ဆိုပြီး သွေးကြောင်နေမဲ့အထဲမှာ ငါမပါဘူး ""
""ချွမ်း..ခလွမ်း""
အရက်ပုလင်း အရက်ခွက် ဖန်စတွေမှာ ကြမ်းပြင်
ပေါ်မြင်မကောင်းလှပေ။ စီးချင်းလက်တွေမှာလည်
ဖန်စတွေရှထား၍ သွေးတွေမှာ တော်တော်ရဲနေပြီး
ကြည့်မကောင်းအောင် ဒဏ်ရာတွေမှာ များနေပေပြီ။ စိတ်ရှိတိုင်း ရိုက်ခွဲနေတာ အချိန်ဘယ်မျှကြာသွားမှန်းမသိပေ။ သူ့ကိုမည်သူမှလည်းမတားရဲ
သို့ပေမယ့် တစ်ယောက်သောသူမှာတော့ သူ့စိတ်ကို ထိန်းချုပ်နိုင်မှာ အမှန်ပင်။
""မောင်""
""ဟင်""
အရက်ရှိန် ဆေးရှိန်နှင့် ဝင်နေသည့်စိတ်ရိုင်းတွေပင်
ငြိမ်သက်သွားစေသည်ထိ သူ့ဘဝရဲ့ မက်မက်မော
မော တစ်ဦးတည်းသော စွဲလမ်းရသူလေး၏ အသံ။
""မှော်""
စီးချင်းလက်မှ သွေးတွေကိုသတိမထားပဲ သူမ
တကယ်ပဲခေါ်နေတာလားဟု တွေးမိကာနောက်
လှည့်ကြည့်မိစဥ်..
""မောင်..အဟင့်""
မျက်၀န်းထဲမှ မျက်ရည်တွေက သူ့ကိုတွေ့မှပဲ
မိုးရေစက်တွေလို မှော်သွန်ချပြစ်မိတာ ဒီလိုပုံစံနှင့်
မောင့်ကို မမြင်မတွေ့ချင်၍ပါ။ မှော်..ကလပ်ထဲမှ
လူတွေကို ဂရုမစိုက်တော့ပဲ မောင့်အနားပြေးမိပြန်
တော့ လမ်းတစ်ဝက်တင်ခြေလှမ်းတွေ ရပ်တန့်သွား
ရ၏။ အံ့ကိုတင်းတင်းကြိတ်ကာ မှော့်ကိုသူ့အနား
မလာဖို့ လက်ကာပြရင်း..သူ့လက်တွေမှ သွေးစက်
တွေမြင်တော့ မှော်တလန့်တကြား ပါးစပ်ကလေး
ကို လက်နှင့်အုပ်ပြီး ကြက်သေသေနေမိ၏။
""မလာနဲ့..မင်းကိုဖန်စတွေ စူးလိမ့်မယ် မင်းမလာနဲ့""
ကလပ်ထဲမှ လူတွေရုတ်ရုတ်သဲသဲကြားမှ ကင်မရာ
မီး တဖျတ်ဖျတ်တွေကို မြင်နေရပေမယ့် သူနှင့်မှော်
ဂရုစိုက်မအားတော့ပေ။ မျက်ရည်တွေနှင့် မှော့်ကို
တွေ့ရတော့ စိတ်ထဲပျော်ရွှင်သွားရသလို ရိုင်းနေတဲ့
သူ့စိတ်တွေမှာလည်း သိသိသာသာပင် ငြိမ်သက်သွားတာ အချစ်ရဲ့စွမ်းအားတွေကြောင့်ဆိုတာ သူ
သိပါ၏။ မင်းကိုသိပ်ချစ်တယ်မှော်။
သူ့ခြေလှမ်းတွေ စတင်လိုက်သည်နှင့် သွေးစက်တွေ
ကြား လမ်းကိုလျှောက်နေမှန်း သူယခုမှသတိထားမိတော့သည်။
""မောင် သွေးတွေနဲ့ မောင်မလာနဲ့ မှော်လာမယ်""
""မင်းဆီ မောင်ရောက်အောင်လာမယ်၊ မင်းမလာနဲ့""
တစ်ယောက်နှင့်တစ်ယောက် အပြန်အလှန်စိတ်ပူ
နေကြရင်း တကယ်ပဲမှော်အနားရောက်သွားသူမှာ
စီးချင်းပင်။
""မင်းကို..အရမ်းချစ်တယ်မှော်""
သွေးစက်တွေနှင့် ပွေ့ဖက်လာတဲ့ သူ့လက်တွေထံ
ကြည့်ပြီး မှော့်မျက်ရည်တွေမှာ အတားအစီးမဲ့ ငို
ကြွေးရင်း ရင်တွေလဲနာလှပါပြီမောင်ရယ်။ မောင်သည်လည်း မှော်နှင့်ထပ်တူ မျက်ရည်တွေမကျပေ
မယ့် စိတ်တွေမှာတော့ ထိခိုက်ခံစားရလွန်ူ၍ ခံစားချက်မဲ့တဲ့ အသည်းနှလုံးပဲ မောင်ပိုင်ဆိုင်ချင်လှပါပြီ။
"-မောင်အရမ်းပင်ပန်းနေပြီ ချစ်ရယ်၊ မင်းနဲ့ဝေးပြီး
နေရတာ မောင့်ကမ္ဘာကြီး အမှောင်ဖုံးနေပါပြီချစ်ရယ် ထပ်ပြီးမောင်တို့ မဝေးချင်တော့ဘူးချစ်ရယ်""
""မောင့်အနားမှာ အမြဲရှိချင်ခဲ့တာပါ""
ကလပ်ထဲမှ လူများစွာ၏ အကြည့်တွေကို သူနှင့်
မှော် ဂရုမထားတော့ပဲ တစ်ယောက်နှင့်တစ်ယောက်
ပွေ့ဖက်ကာ အလွမ်းတွေသယ်နေမိကြသည်။
စောစောကနှင့် မတူညီစွာ ပြောင်းလဲသွားသည့်သူ့
အသွင်ကိုလည်း အားလုံးမှာကြောက်လန့်စွာကြည့်နေကြ၏။ ဂျူနိုကတော့ သူလုပ်ထားသမျှပြသနာ
ပေါင်းသုံကို ဒိုင်ခံဖြေရှင်းနေရ၍ သူတို့အနားမလာ
နိုင်ပေ။ မှော်..စီးချင်းအနားမှာရှိနေ၍ စီးချင်းအတွက် သူသိတ်ချလိုက်ပါပြီ။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
[ တစ်ပတ်ခန့်ကြာပြီးနောက် ]
နံနက်ခင်း ၉နာရီ။ နေရောင်ခြည်၏ နေနုသာသာ
ယာယာယာလေးနှင့် ခြံထဲမှ ဒန်းပေါ်လေးမှာ နှစ်
ယောက်အတူ မှော်ပေါင်ပေါ်လေးပေါ် စီးချင်းသည်
အိပ်စက်ပြီး မှော်ဖတ်ပြသမျှ စာတွေကိုနားထောင်
ရင်း နံနက်ခင်း၏ သဘာ၀အလှတရားတွေထက် ပိုပြီးလှပနေကြ၏။ စိတ်တွေတစ်ပါတ်အတွင်း တည်
ငြိမ်လာစေနိုင်တာ မှော့်အချစ်စွမ်းအားတွေကြောင့်
ပါ။ အရာရာတိုင်း မှော်ရိှနေတာနှင့် ပြည့်စုံနေပါပြီ။
စီးချင်း၏ ဆံပင်လေးတွေကို ပွတ်သပ်ပေးပြီး မှော်
သည်လည်းမပျင်းမရိသူ့ကို စာတွေဖတ်ပြ ရယ်စရာ
ဟာသလေးတွေ ပြောပြလိုက်နှင့် အရာရာတိုင်းအေးချမ်းနေရောပါပဲ။ မှော့်လက်ချောင်းသွယ်သွယ်
လေးတွေကို စီးချင်းဆော့ကစားရင်း...
""အရာရာတိုင်းအတွက် ကျေးဇူးတင်ပါတယ် မှော်၊
အချိန်တွေ ကြာလာတော့ မောင်သိလိုက်ရတာ
မောင့်အတွက် မင်းမရှိလို့မဖြစ်ဘူး""
မှော့်မျက်နှာလေးထံ မော်ကြည့်ရင်းပြောတော့
မှော်မချိပြုံးလေးနှင့် ပြုံးပြကာ..
""မှော့်အတွက်လဲ မောင်မရှိလို့မဖြစ်ဘူး ။ မောင်က
မှော့်အတွက် အချစ်ဦး ၊ အချစ်ဆုံး မှော်လက်ထပ်
ရမဲ့ မှော့်ရဲ့တစ်ဦးတည်းသော ယောကျ်ားတစ်
ယောက်""
မှော့်စကားကြောင့် စီးချင်းသွားတန်းလေးတွေပေါ်
သည်ထိ ပြုံးမိ၏။ မြတ်နိုးလွန်းစွာ လက်ဖမိုး
ထံ အနမ်းပွင့်များခြွေချရင်း
""မင်းကြောင့် မောင်အားလုံးကို ပြုပြင်မယ်၊ မှော်
သာမောင့်အနားမှာ အမြဲရှိနေပေးပါ မင်းမရှိပဲမောင့်
ဘဝရပ်တည်နိုင်မှာမဟုတ်ဘူး..အ..""
"".........""
""မှော်ကွာ ..ယူတောင်မယူရသေးဘူး နိုင်စားနေပြီ
ယူပြီးရင်တော့ ဘယ်လောက်တောင်နိုင်စားမလဲ
မသိဘူး""
သူ့စကားမဆုံးလိုက်ပဲ မှော့်ရဲ့လက်သီးဆုပ်လေးနှင့်
ခပ်ဖွဖွ သူ့နှဖူးထံလှမ်းထုခံလိုက်ရ၏။ မနာပါပဲ
တမင်အသံကျယ်ကျယ်နှင့် အော်လိုက်သည်ကြောင့်
မှော် သူ့ပါးစပ်ကိုလပ်ကလေးနှင့် ဖိအုပ်လိုက်ပြီး
မျက်ခုံးတစ်ဖက်ကလေးကိုပင့်ပြကာ..
""ကိုမာယာ မနာပဲနဲ့မအော်နဲ့ ..ခုမှ မှော်မရှိရင်မဖြစ်
ဘူး လာပြောနေတာ ပြစ်တုန်းကပြစ်ထားပြီးတော့"?
""မှော့်ကို စိတ်မဆင်းရဲစေချင်လို့ပေါ့ ဒီရင်ဘတ်ကြီး
ထဲ ဘယ်လိုနေနေရလဲဆိုတာ မသိပဲနဲ့တော့ အပြစ်
မပြောနဲ့ အမိ ခင်ဗျားလေးကို မြင်ရတိုင်း ရူးခါနေ
အောင် ပြေးဖက်ပြစ်ချင်တာ မသိပဲမပြောနဲ့ ဆန္ဒကို
သိက္ခာတွေနဲ့ ထိန်းထားရတာ လွယ်တဲ့အလုပ်မဟုတ်ဘူး ဟိုဆရာဆိုတဲ့ လူကိုလဲဆွဲထိုးချင်နေတာမတတ်နိုင်လို့တာ အေးဆေးနေလိုက်ရတာ ဒီရင်ဘတ်ကြီးက ငြိမ်းချမ်းနေတယ်ထင်လား ""
""ဒါဆိုမောင်ဘာလို့ ပြစ်ထားရက်လဲ""
""ချစ်လို့ပေါ့ ..ကိုယ်ချစ်တဲ့သူ အဆင်ပြေစေဖို့
နှလုံးသားတစ်ခုလုံး အရင်းအနှီးလုပ်ထားရတာ
လွယ်တဲ့အလုပ်မဟုတ်ဘူး""
ပြုံးစိစိမျက်နှာပေးနှင့် စကားတွေကြွယ်လွန်းနေတဲ့
မောင့်ကို မှော်မျက်စောင်းရွယ်မိ၏။ ပြစ်တုန်းကပြစ်ထားပြီး ခုတော့သူပဲအပြောကောင်းနေရော။
""မောင့်ကို ဘယ်သူကအတင်းအကျပ်ကြီး ဆန္ဒတွေ
သိက္ခာတွေ ထိန်းခိုင်းနေလို့လဲ ၊ မှော်ဘယ်လောက်
ခံစားရလဲ မောင်ကောသိလား မောင့်အပေါ်ဘယ်
တုန်းကအပြစ်မြင်ဖူးလဲ အပြစ်ဆိုဘူးလဲ မောင်တစ်ယောက်ပဲ မောင့်သဘောဆန္ဒတွေနဲ့ ဆုံးဖြတ်သွားတာ မှော့်မှာပြောပိုင်ခွင့်ရှိခဲ့လို့လား""
""ဖြစ်ခဲ့သမျှတိုင်းကို မောင်တောင်းပန်တယ် နောက်
ဘာအကြောင်းကြောင့်ပဲ ဖြစ်ခဲ့ဖြစ်ခဲ့ မောင်တို့
အတူတူရင်ဆိုင် ဖြေရှင်းကြမယ်နော် မောင်ကတိပေးတယ် ""
မျက်ရည်တွေ ဝေ့လာသည်ထိ မှော်ဝမ်းသာမိ၏။
မထိန်းနိုင်စွာ ပါးပြင်ပေါ်စီးကျလာသည့် မျက်ရည်
တွေကို မောင်သုတ်ပေးရင်း မှော်လက်တွေကို
ခိုင်မြဲစွာ ဆုပ်ကိုင်ထားကာ
""မငိုနဲ့တော့ မင်းအနားမှာ မောင်အမြဲရှိတယ် မင်းက
မောင့်ဘဝရဲ့ မရှိမဖြစ်အလိုအပ်ဆုံးသောသူ-""
""ချစ်တယ်မောင်...မောင့်ကိုချသ်တဲ့ မှော့်အချစ်တွေ
က အရာရာတိုင်းထက်ပိုပါတယ်""
မောင့်ရင်ခွင်ထဲ ခိုဝင်ကာ မှော်ဝမ်းသာမျက်ရည်တွေ
နှင့် ချွေးသိပ်မိ၏။
~~~~~~~~~~~~~~~~~~~~~~~~~~~~~~
သမီးအဖြစ်မှ အမွှေဖြတ်စွန့်လွှတ်ခြင်း ဆိုသည့်
စာလုံးနက်နက်ကြီးကို ကြည့်ပြီးမှော်အူခိုက်သည်း
လိုက် ငိုကြွေးမိ၏။ မှော့်လိုသမီးမှိုက်ကို ခုလိုလုပ်
တာမှန်ပါတယ်။ ဒါပေမယ့် မှော်အတွက်နှင့် မေမေ
တို့ စိတ်ဆင်းရဲခဲ့ရပြီ။ မောင်သည်လည်း မောင့်မေမေကိစ္စတွေကို သူကိုယ်တိုင် ဦးဆောင်ပြီး လုပ်
ကိုင်ပေးနေရ၍ ဒီရက်တွေမအားလပ်နေပါ။ စီးချင်း
ကို ဘယ်လိုမှအမြင်မကြည်တဲ့ မေမေတို့ကတော့
မှော့်လုပ်ရပ်တွေကို မုန်းသွားကြပြီ။
""သမီးမှိုက်ကို ခွင့်လွှတ်ပေးပါမေမေရယ်""
သတင်းစာရွက်ကလေးအား ရင်ဝယ်ပိုက်ထားပြီး
မှော် မျက်ရည်များနှင့် တောင်းပန်နေမိသည်။
~~~~~~~~~~~~~~~~~~~~
""စီးချင်း မင်းတို့ဘယ်လို လုပ်မယ်စိတ်ကူးထားလဲ""
ပြတင်းပေါက်ဘောင်လေးမှ သူတို့အားကျောခိုင်း
ထားပြီး ခန္ဓာကိုယ်လေး တသိမ့်သိမ့်တုန်ခါသည်ထိ
ငိုကြွေးနေတဲ့ သူ့ရဲ့ချစ်ရသူလေးကို ကြည့်ပြီးသူ့မှာ
စိတ်မကောင်းလှပါ။ စီးချင်းသက်ပြင်းကို လေးပင်
စွာချရင်း အကြည့်များမှာ မှော့်ထံတွင်သာ...
""ငါ မှော့်အပေါ်မတရားခဲ့တာတွေ အရမ်းများနေပြီ
အဲ့အတွက် မှော်စိတ်ချမ်းသာဖို့အတွက် ငါဘာမဆို
လုပ်ရတော့မှာပဲ""
စီးချင်းစကား မှန်ကန်နေ၍ ဂျုနိုခေါင်းတငြိမ့်ငြိမ့်
လုပ်ရင်း စီးချင်းပုခုံးအား ဖိဆုပ်ကာ...
""မှန်တယ်၊ မင်းအတွက် မှော်အားလုံးကို စွန့်စားခဲ့
သလို မင်းလဲသူ့အတွက် ဖြေရှင်းပေးရမှာပဲ""
""မှော့်အတွက်နဲ့ ငါသူ့မိဘတွေကို ဒူးထောက်ပြီး
တောင်းပန်မယ် ၊ သူ့မိဘတွေသဘောတူတဲ့အထိ
ငါပြင်ဆင်မယ် ငါ့ကြောင့် သူစွန့်လွှတ်ခဲ့တာတွေအများကြီးပါပဲ သူ့အတွက်ငါဒီလောက်တော့ ပေးဆပ်ရဲရမှာပဲ""
မင်းငိုနေတာ မြင်ရတိုင်း မောင့်ကိုယ်မောင်အသုံး
မကျတဲ့ ကောင်လ်ု့အမြဲသတ်မှတ်နေမိတယ်။ စိတ်ချပါ မှော်..မောင့်ကြောင့် မင်းပျော်စေရပါမယ်။
~~~~~~~~~~~~~~~~~~~~~
""မောင်..မောင် ဘာလုပ်တာလဲ ၊ မှော်အိမ်ပြန်မရမှန်း
မောင်သိလျှက်နဲ့ လက်ကို လွှတ်...""
အပြင်သွားမယ်ပြောပြီး ခေါ်လာခဲ့ပြီး မှော်အိမ်ရှေ့
ရောက်သည်နှင့် ကားပေါ်ကဆင်းကြသည်ထိ မှော်
ကြောင်အမ်းအမ်းနှင့် သူခေါ်ဆောင်ရာလိုက်နေမိတာ အိမ်ထဲဝင်မှပင်သတိဝင်လာတော့သည်။
ဘုရား..ဘုရား မေမေမတွေ့ပါစေနဲ့။ မေမေကိုလွမ်း
ပေမယ့် မေမေကတော့ မှော်ကိုတွေ့ရင်ဒေါသတွေ
အရမ်းထွက်နေမှာ အသေအချာပါပဲ။ မဖြစ်ဘူးအိမ်ထဲ ဝင်လို့မဖြစ်ဘူး။ မှော်တသ်ယောက်တည်း
အတွေးများစွာနှင့် ...
""မောင် ဘာလုပ်တာလဲ၊ မှော့်ကိုဘာလို့အိမ်ခေါ်လာ
တာလဲ မေမေနဲ့ပြသနာဖြစ်အောင်လုပ်နေတာလား""
""တိတ်တိတ်ကလေးပဲ ငြိမ်ပြီးလိုက်ခဲ့စမ်းပါ မှော်ရယ်""
""မတိတ်နိုင်ဘူး မောင်..မောင့်ကိုတခြားအရာတွေပဲ
အလိုလိုက်အလျော့မယ် ခုလိုတော့မှော့်ကို မပြော
မဆိုနဲ့ မလုပ်ပါနဲ့။ မောင်လဲသိနေတာပဲ မေမေ..
မေမေတို့ကမှော့်ကို သမီးအဖြစ်ကစွန့်လွှတ်ထားပြီ""
စကားတွေပြောပြီး မျက်ရည်တွေ စီးကျနေသည့်
သူမလေးကို ကြည့်ပြီးသူစိတ်မကောင်း ဖြစ်ရပြန်
သည်။ သူလုပ်ထားတဲ့အရာတွေကို သူမ မသိသေး
တော့ ဝမ်းနည်းနေမှာပဲလေ။ မျက်ရည်တွေကိုသုတ်
ပေးပြီး သူမကိုတစိမ့်စိမ့်စိုက်ကြည့်ကာ...
""မောင့်ကိုယုံလား""
""မောင့်ကိုယုံတယ်ဆိုတာ သိနေလျှက်နဲ့ မဆိုင်တဲ့
မေးခွန်းတွေ မမေးပါနဲ့လားမောင် ၊ မှော်တို့ပြန်ကြ
မယ်လေနော်။ တော်ကြာမေမေထွက်ခဲ့လို့ မှော့်ကို
တွေ့ပြီး စိတ်ထိခိုက်နေပါအုံးမယ် မောင်ရယ် လာပါ
ပြန်ကြမယ်နော်""
""ဘာမှဆက်မပြောနဲ့ မောင့်ကိုယုံတယ်မယုံဘူးပဲ
သေချာဖြေပေးပါ""
မျက်ရည်ကြည်တွေနှင့် မော်ကြည့်လာသည့် အကြည့်များထဲ ယုံကြည်မှု့တွေအပြည့်ရိနေပေမယ့် သူမ
တစ်ခုခုကို စိုးရိမ်နေသည်တော့ အလွန်သိသာနေ
သည်ပင်။ မျက်ရည်တွေက်ု သူသုတ်ပေးပြီး ပါး
ဖောင်းဖောင်းလေးတွေကို ညှစ်ကာချော့ြၽူမိ၏။
မှော်အတွက်ပျော်စရာ လေးကိုသူဖန်တီးပေးထားတာ မောင့်အပေါ်မင်းရဲ့ စွန့်စား ချစ်ခဲ့ခြင်းတွေကို
အသိအမှတ်ပြုပေးတဲ့ သဘောနဲ့ပါချစ်ရယ်။ မှော်
မေမေကို သူဒူးထောက်ပြီး တောင်းပန်ထားသည်ကို
မှော်မှမသိပဲ။ မှော့်..မေမေစိတ်ဆိုးပြေပြီး သူနှင့်မှော် ကြည်ကြည်ထြူဖြူနှင့် မင်္ဂလာဆောင်ကိစ္စကို
စီစဥ်ပေးနေသည်ကို မှော်သာသိရင် အရမ်းပျော်
သွားမည်ကို သူသိနေသည်။ သို့ပေမယ့် သူပြောမပြ
တာ သူမမေမေနဲ့ တွေ့မှသိစေချင်၍ပါ။
သူမလက်ကလေးအား တင်းကျပ်စွာဆုပ်ကိုင်လိုက်
ပြီး...
""မောင့်ကိုယုံတယ်ဆိုရင် အိမ်ထဲပဲ လိုက်ဝင်ကြည့်
မှော်အတွက်ပျော်စရာတွေပဲ ဖြသ်လိမ့်မယ်။""
""မောင် ဘာတွေလုပ်နေတာလဲ မှော်နားမလည်တော့
ဘူး"-
""ကိုယ့်ဘေးိားမှာ အမြဲအရိပ်လို ရှိနေပေးတဲ့ မှော့်
ကို မောင်ပိုင်ဆိုင် ခွင့်ရတဲ့အတွက် မောင်အရမ်းပျော်နေတာ မင်းကိုအရမ်းချစ်တယ်မှော်""
မှော့်လက်တွေကို တင်းကျပ်စွာဆုပ်ကိုင်ထားပြီး
ပြောနေတဲ့ သူ့ထံနားမလည်သည့် အကြည့်များနှင့်
သာ မှော်ကြည့်နေမိသည်။ မောင်ဘာတွေပြောပြီး
ဘာတွေလုပ်နေတာလဲ မှော်နားမလည်တော့ပါ။
""လာ မှော် ..အိမ်ထဲဝင်ကြမယ်""
""ဟုတ်""
ချစ်သူနှစ်ဦး အိမ်ထဲဝင်သွားကြသည်ကို ဂျူနို ကြည့်ရင်း ပီတိပြုံးတွေနှင့်....
ပြီးပါပြီ။
ဝါသနာရှင် အဆင့်မို့ လိုအပ်ချက်များစွာနှင့် အမှား
များကို အပြစ်မမြင် ပြင်ဖတ်ပေးစေလိုပါတယ်။
အားပေးကြသော စာဖတ်သူတစ်ဦးတစ်ယောက်
ချင်းစီတိုင်း ကျန်းမာပျော်ရွှင်ကြပါစေ။
စာရေးသူ~ ငွေသုန္ဒရီ