book

Index 27

အခန်း~[၂၇]

📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖

""ဟား..ဟားဟား""

ဖုန်းကိုကျစ်နေအောင်ဆုပ်ကိုင်ထားပြီး အရူး
တစ်ယောက်လို တစ်ဖက်မှ လီလီရဲ့ရယ်သံ
တွေကို နားစွင့်ပြီးအံ ့ကြိတ်မျက်ရည်ကျမိပေ
မဲ့..မနာကျည်းမိခဲ့ပါ။ ပူလောင်ဆုံးသော
ဘာမှမသိတဲ့ ခံစားချက်တွေကို ဥပေက္ခာပြု
လိုက်ချင်မိ၍ပါ..ထိုအရာကပဲ မှော်တို့အတွက် ပိုပြီးအဆင်အပြေဆုံးပဲဆိုတာ သိလာ၍ပါပဲ။

အဆုံးသတ်ချင်ပါပြီ..ဒီဝဋ်ကြွေး
ခံစားရတဲ့ ပျော်ရွှင်ခြင်း ဝမ်းနည်းခြင်း
နာကြည်းခြင်းများစွာသော ခံစားမှု့အလုံးစုံ
ကို လွှတ်ချ အေးချမ်းလိုက်ချင်ပါပြီ။
ဝဋ်ကြွေးရှိလို့ ခံစားခဲ့ရရင် ဒီဘဝဒီမျှပဲ အေး
ချမ်းပါရစေ..။

""နင့်ကိုငါပြောခဲ့တယ်နော်..နင့်ကိုငါပြောခဲ့
တယ်နော်..ငါမှစီးချင်းကိုမရရင်နင်လဲ မရစေ
ရဘူးလို့ငါပြောခဲ့တာ နင်မှတ်မိလား""

""နင်အခုဘယ်မှာလဲ လီလီ၊ နင်ပျော်နေလား
အဆင်ပြေနေလား ၊ ဖြစ်ပြီးသားလုပ်ပြီးသား
တွေကို ငါအပြစ်မတင်တော့ဘူး နင်ပျော်နေ
ရင် အဆင်ပြေနေရင်ငါကျေနပ်တယ် ""

""ဟားဟားဟား...ငယ်ငယ်ကကြည့်ဖူးတဲ့ ရုပ်ရှင်
တွေထဲက ဗီလိန်တွေဆို ငါသိပ်ကြိုက်တာ ငါကိုယ်
တိုင်ကလဲ ဗီလိန်လုပ်ရတာ နှစ်သက်တယ်..စီးချင်း
ကို စချစ်မိတဲ့ အချိန်တွေထဲကပေါ့..ဟီးဟီး...""

""နင် ဘာဖြစ်နေတာလဲ ဘယ်မှာလဲ"-

မူမမှန်တဲ့ လီလီစကားတွေကို နားထောင်ရင်း
လီလီ တစ်ခုခုများဖြစ်နေလားဆိုပြီး စိုးရိမ်
စိတ်ဝင်လာမိတာ သူငယ်ချင်းအပေါ်ထားမိတဲ့ စေတနာ သံယောဇဥ်တစ်ခုပဲလား။

""ဟားဟား...ငါလားအဆင်ပြေတာပေါ့ ငါ..
ခုဆေးရုံမှာလေ ဟီး..ငါပျော်နေတာ""

""ဘာ..ဘယ်လိုလီလီ""

" "နင်..နင် တို့ နှစ်ယောက် ဝေးသွားရရင်ငါ..
ငါပျော်တယ် ဟီ ဟီး""

""ဟယ်လို..ခုပြောနေတာ လီလီရဲ့ စိတ်ကျန်းမာရေးအတွက် ကုသပေးနေတဲ့ဒေါက်တာပါ..လီလီက ခုစိတ်ကျန်းမာရေး
ဆေးရုံမှာရောက်နေတာပါ..သူ့ကိုစိတ်ထိခိုက်
စေမဲ့စကားတွေ မပြောပေးပါနဲ့လို့ မေတ္တာရပ်ခံပါရစေ""

""ရှင်..!!""

တစ်ဖက်မှ ဖုန်းချသွားတဲ့ထိ မှော်တစ်ယောက်ထဲ ငုပ်တုပ်မေ့နေဆဲပင်..။ လီလီစိတ်
ကျန်းမာရေးဆေးရုံရောက်နေသည်တဲ့..။

~~~~~~~~~

""ဘယ်သူ့ကြောင့်ပါ..ဘယ်သူကြောင့်မှ ဆိုပြီး
အပြစ်တင်နေလဲ အပိုပဲ ၊ သူပြုသည့်ကံသူခံရ
တယ်လို့ပဲ ကိုယ်ထင်တယ်""

မှန်တံခါးချပ်တွေ ထဲမှ ဆံပင်စုတ်ဖွာကြီးနှင့်
အရုပ်ကြိုးပြတ် ရယ်လိုက်ငိုလိုက်နှင့် လီလီ
ထံ ဆရာနှင့်မှော် ကြည့်ပြီး စိတ်မကောင်းရုံ
မျှလွှဲ၍ ဘာမှျမတတ်နိုင်ပေ။ စိတ်မကောင်း
လွန်း၍ ကျောခိုင်းလိုက်ပေမဲ့ မျက်ရည်စက်
တွေမှာတော့ မှော် ပါးပြင်ပေါ် နေရာယူထား
ဆဲပါပဲ။

""စိတ်မကောင်းမဖြစ်ပါနဲ့ ကလေးရယ်...သူ့အပြစ်
နဲ့သူပဲလေ ""

""ဒါ ဒါပေမဲ့..သူက မှော်ရဲ့သူငယ်ချင်းလေ ဘယ်
လိုမှ စိတ်မကောင်းဘူး""

မှော် မျက်ရည်တွေကို ကြည့်ပြီး မှော် ပခုံးလေးကို
ဖျစ်ညှစ်ဆုပ်ကိုင်ပြီး သူ အားပေးမိ၏။

""သူ ခုလောက်ကြီး ဖြစ်သွားလိမ့်မယ်လို့ ထင်မထား
မိဘူး ခုတော့ ခုတော့ ..သူ့ကိုကြည့်ပြီး မှော် စိတ်မ
ကောင်းလိုက်တာ""

""ကိုယ်...သတင်းကြားတာတော့ သူကငယ်ထဲက
မွေးရာပါ စိတ်ရောဂါရှိတယ်လို့ ကိုယ်သတင်းကြား
တယ်""

""ဒါဆို..မှော်နဲ့လီလီက ငယ်ငယ်ထဲက ကျောင်းအတူ
တက်လာကြတာ ဘာလို့ ခုမှသိရတာလဲ""

မျက်ရည်တွေကို လက်ဖနှောင့်လေးနှင့် ဖိသုတ်ပြီး
မယုံနိုင်ဖွယ်မေးလာတဲ့ မျက်ဝန်းလေးတွေထံ
သူငုံ့ကြည့်ပြီး ခေါင်းကိုခါရမ်းလိုက်မိ၏။

""ကိုယ်လဲ အဲ့တာတော့ မပြောတတ်ဘူး ။ ကိုယ့်အထင်တော့ သူတို့မိသားစုတွေက မသိစေချင်လို့
တမင် ဖုံးကွယ်ထားတာလို့ပဲထင်တယ်""

""မဖြစ်သင့်ဘူး တကယ်ဆို ဘယ်သူမှမသိချင်နေ
မှော်တော့ သိသင့်တာပေါ့ မှော်က လီလီရဲ့သူငယ်ချင်း အရင်းကြီးပဲ သိသင့်တာပေါ့ ""

အရင်ထဲက လီလီကိုမမုန်းခဲ့ပေမဲ့ စိတ်တော့နာမိခဲ့
တယ်။ ခုလိုသိရပြန်တော့လဲ ဒီလိုကြောင့်ပါလား
ဆိုပြီး တွေးမိပြန်တော့လဲ ဘယ်လိုမှစိတ်က မဖြေ
သာနိုင်ခဲ့ ။ ရင်ထဲတနုံ့နုံ့နှင့်ပင် စိတ်ကအဆင်မပြေ
တော့ပေ။ ဖြစ်မှဖြစ်ရလေ လီလီရယ်..။

""ထားလိုက်ပါတော့ ကလေးရယ် ၊ ဖြစ်ပြီးသမျှတွေ
တွေးပြီးစိတ်မကောင်းရုံကလွှဲပြီး ဘာတတ်နိုင်မလဲ
သူ့ကိုအကောင်းဆုံးဖြစ်စေဖို့ပဲ ကူညီပံ့ပိုးရမှာပဲ
လေ""

""မှော် နားလည်ပါတယ် ဒါပေမဲ့ရင်ထဲတော့ ဘယ်လို
မှ ဖြေသိမ့်လို့မရဘူး တကယ်စိတ်မကောင်းဘူး""

""ဟော့ကြည့် မျက်ရည်တွေက ကျပြန်ပြီ၊ တိတ် တိတ်တော့နော် မငိုနဲ့တော့ ကိုယ် ဆရာဝန်ကို သူ့
​အခြေအနေသွားမေးအုံးမယ် ..ကလေးက ဒီမှာပဲ
ထိုင်စောင့်နေ""

မျက်ရည်တွေကို ဆရာသုတ်ပေးတော့ မှော်ဘာမှ
မပြောတော့ပဲ နားနေဆောင်ထဲမှ ခုံလေးကိုဝင်ထိုင်
မိ၏။ စကားမပြောနိုင်လောက်တဲ့အထိ မှော် ရင်ထဲ
ဆို့ကျပ်နေ၍ပါ။ ထွက်သွားတဲ့ဆရာကိုပင် စကား
ပြန်မပြောနိုင်ပဲ ငူငူလေးထိုင်နေမိတာ ရင်ထဲတကယ် အဆင်မပြေနေ၍ပါ...

""ဪ...မင်းတို့က ချိန်းတွေ့စရာ နေရာရှားလို့
ဆေးရုံမှာလာချိန်းတွေ့ကြတာပဲ""

မှော်မြင်ကွင်းထဲ ဝေဝေးဝါးဝါးမြင်နေရသည့်
ခြေတစ်စုံနှင့်အတူ ခနဲ့တဲ့တဲ့စကားသံပိုင်ရှင်သည်..

""မောင်""

~~~~~~~~~~~~~~~~~~~~~~~~~~

""နေပါဦး မောင်..မှော် ရှင်းပြပါရစေ""




""မလိုပါဘူး မင်းနဲ့ငါက ဘာဆိုင်လို့မင်းက ရှင်းပြ
ချင်နေရတာလဲ.. မလိုဘူး ငါ့နောက်ထပ်လိုက်မလာနဲ့""

""မရဘူး မောင် ..မှော် ရှင်းပြမယ်""

သူ့နောက်ကို ခလုတ်တိုက်မတတ် လိုက်နေတဲ့
မှော်ထံ မျက်ထောင့်နီကြီးနှင့် ရုတ်တရက်လှည့် ကြည့်ပြီး အံ့တင်းတင်းကြိတ်ကာမေးမိ၏။ ရင်ထဲအစိုင်အခဲတွေမှာတော့ ဒေါသတွေကြီးစိုးနေ၍ လှုပ်ရှားနေမှု့တွေပါ တစ်ကိုယ်လုံးကျင်ထုံပြီး ဆွံ့အချင်နေတဲ့အထိ မှော်ကို သူသိပ်သဝန်တိုနေတာ။
မင်းမှမသိပဲ မှော်..ဒီရင်ဘတ်ကြီးထဲ မင်းထက်
မလျော့တဲ့ ဝေသနာတွေကလဲ ခံစားနေရတယ်ဆို
တာ မင်းမှမမြင်နိုင်ခဲ့ပဲ..အဲ့တာ မင်းကိုသိပ်ချစ်လို့။

""မင်းတို့အပျော်တွေ ဖျက်စီးမိတဲ့ ငါပဲအမှားပဲ
အေးဆေးပြောကြပေါ့ ငါ့ကြောင့်စိတ်အနှောင့်
အယှက်ဖြသ်ကြပြီ ဆောရီးပဲ""

""မောင်ဘာလို့ အမြဲအထင်လွှဲ အပြစ်ပဲမြင်ချင်နေ
ရတာလဲ တစ်ခါတစ်လေလေး မှော့် ဘက်ကိုလည်း
ထည့်စဥ်းစားပေးကြည့်ပါလား""

လှည့်မကြည့်မိအောင် စိတ်ကိုတင်းထားပေမဲ့
အစွမ်းထက်လွန်းတဲ့ သူမငိုသံထက်တော့ သူ့စိတ်
တွေ မာနမကြီးခဲ့ပဲ။

""ဘယ်သူ့အတွက်မှ ငါမစဥ်းစားဘူး ငါကတစ်ကိုယ်
ကောင်းဆန်တဲ့သူဆိုတာ မင်းမေ့နေလား"

မျက်နှာချင်းဆိုင်ကြည့်တော့မှ မျက်ရည်တွေနဲ့ မှော်
ကို မြင်ရပြန်တော့လဲ မျက်ရည်တွေပြေးသုတ်ပေး
ချင်တဲ့ သူ့စိတ်တွေကို တင်းခံထားမိတာ အခက်ခဲ
ဆုံး အလုပ်တစ်ခုပင်။

""တော်ပါတော့ မောင် ၊ ဒီလိုအလိမ်အညာစကား
တွေပြောနေတဲ့ မောင်ကိုယ်တိုင် စိတ်မချမ်းသာရသလို မှော်လဲကျေနပ်နေတယ်များ မောင်ထင်နေလား
အားလုံးကို အကောင်းအတိုင်း ဖြစ်အောင်နှစ်ယောက်အတူ ရင်ဆိုင်ကျော်ဖြတ်ကြရင် မကောင်း
ဘူးလားမောင်""

""ဟွန့်...အဟက်..."-

သူ့နှုတ်ခမ်းတွေက ခနဲ့စွာပြုံးလိုက်ပေမဲ့ မှော်စကား
တွေမှာ အရည်ပျော်ကျချင်နေတဲ့ စိတ်ကထိန်းမနိုင်ချင်တော့..ဒါပေမဲ့ သူ မှော်ကိုသိပ်ချစ်တယ်။
သူ့ကြောင့် မှော်ကိုအထိခိုက်မခံနိုင်တော့တာ မှော်
ကို သိပ်ချစ်၍ပါပဲ။

အချစ်ကတစ်ခါတစ်လေ အတ္တ
ဆန်တယ်။ ရယူပိုင်ဆိုင်ခြင်းနှင့် ချစ်တာလဲအတ္တပဲ။
ပေးဆပ်လိုခြင်းနှင့် ချစ်တာလဲအတ္တပဲ...တကယ်တော့အချစ်က ဇာတ်ပွဲတစ်ခုလိုပဲ ဇာတ်ဆရာအလိုကျက,ပေးရသလို အချစ်ကလဲ ကိုယ်ကိုယ်ကိုယ်တိုင်ဇာတ်ဆရာတစ်ယောက်လို စွန့်လွှတ်ပြီးချစ်လိုက်ပေးဆပ်ပြီးချစ်လိုက်နှင့် တစ်ယောက်ထဲ အတ္တတွေနဲ့လိုရာစီခြယ်နေတာ။ တချို့သောအရာတွေသည် သိလျှက်နှင့် မိုက်ကြသောသူများသည် ပိုပြီးသွန်သင်ဆုံးမရခက်ခဲ ည်ဆိုတာ သိပ်ပြီးမှန်သောစကားဖြစ်သည်။

တကယ်ဆို သူမှော်ကို ခုလိုနှုတ်မဆက်သင့်ဘူး။
လီလီကျန်းမာရေးကို လာသတင်းမေးရင်းမှ ဆရာ
နှင့်မှော်ကို တွဲတွေ့ပြန်တော့လဲ စိတ်တွေကအစိုးမရ။ ရူးတော့မယ်မှော်...မောင်ရူးတော့မယ်။
ချစ်လျှက်နဲ့ ခွဲနေရတယ်။ ချစ်လျှက်နှင့် မုန်းချင်
ယောင်ဆောင်နေရသည်။ မောင်အရမ်းပင်ပန်းနေပါ
ပြီ ချစ်ရယ်။ မင်းလဲပင်ပန်းနေရောပေါ့...မောင့်လို
လူကို ချစ်ရတာ မင်းဘေးပိုပင်ပန်းတာပေါ့။

ငြိမ်သက်သွားတဲ့ သူ့ကိုကြည့်ပြီး သူသည်လည်း
မှော်ကြောင့် အပင်ပန်းခံနေရတာကို မှော်သိတယ်။
သူ့မျက်၀န်းတွေထံ ကြည့်တာနှင့်ပဲ မှော်သိပါတယ်
မောင်ရယ်။

""မောင်..မှော်ကို ကြိုက်သလိုလိမ်ပါ ၊ မောင့်ကိုမောင်တော့ လိမ်မနေပါနဲ့ မောင်ပင်ပန်းနေပါမယ်
မှော်တို့လေ အတူတူရင်ဆိုင်ဖြေရှင်းကြမယ်လေ
နော် မောင်..မောင့်ဘက်မှာ ဘယ်သူမှမရှိချင်နေ
မှော်ရပ်တည်ပေးမယ် မောင့်အနားမှာပဲမှော်တစ်သက်လုံးရှိနေပေးမယ်နော် မောင်""

သူ့လက်တွေကို ဆုပ်ကိုင်ပြီးအရှက်ကြီးလွန်းတဲ့
သူမက ဆေးရုံ၀န်းကြီးထဲမှာ အသနားခံနေတာ
တကယ်ပဲ မှော်ပန်းချီမှဟုတ်ပါလေစ။ မင်းအချစ်တွေကို လေးစားပါတယ်အချစ်ရယ်..ဒါပေမဲ့မင်းကိုလိမ်နေရတိုင်း မောင်ကိုယ်တိုင်လဲ မပျော်ပါဘူး။
မောင့်ကြောင့် မင်းရဲ့နစ်နာမှု့တွေက မတန်ဘူးလေ။
ဒါကြောင့် မောင့်ရဲ့ဆုံးဖြတ်ချက်ကိုတော့ မင်းလက်ခံပေးရမယ် မှော်။

""မင်းက အမှတ်သည်းခြေမရှိတာလား ၊ မှတ်ဉာဏ်နည်းတာလားမှော်...မင်းကိုမချစ်တော့တဲ့ လူတစ်
ယောက်က်ု ဘာလို့ကပ်တွယ်ချင်နေတာလဲ ၊ မင်း
လုပ်ရက်တွေကို ရပ်တန်းကရပ်လိုက်တော့ ငါ့ကို
နောက်ထပ် မောင်လို့ခေါ်ပြီးလဲ မျက်ရည်မခြူနဲ့
တော့ မင်းနဲ့ငါနဲ့ဇာတ်လမ်းက ပြီးသွားပြီ ဟွန်း..မင်း
လဲမင်းဘဝနဲ့မင်း ကျေနပ်နေနိုင်တာပဲ ""

""ဒီစကားတွေက မောင့်ရင်ထဲကမပါတဲ့ စကားတွေ
ဆိုတာ မှော်သိတာပေါ့ ဟန်ဆောင်ရတာမပင်ပန်း
ဘူးလားမောင်""

""မင်းလိုရာပဲ မင်းတွေးနေလိုက်၊ ငါရှင်းမပြဘူး
ရှင်းပြဖို့လဲ မလိုအပ်ဘူး ငါပြောခဲ့တဲ့စကားတွေ
တော့ မင်းမမေ့နဲ့ ထပ် မ ပတ် သက် နဲ့ ""

""မောင်""

ကျောခိုင်းပြီး ခြေလှမ်းကျဲတွေနှင့် ထွက်သွားသည့်
မောင့်ကျောပြင်ကြီးထံကြည့်ပြီး ရင်ထဲလှိုက်မောလာကာ စိတ်ထဲပြေးလိုက်ချင်ပေမဲ့ ခြေထောက်တွေ
မှာ ရွေ့လျားမသွားခဲ့။ ဒီလိုပဲ ကျောခိုင်းပြီးမောင်က
အမြဲ ထွက်သွားနေကြဆိုပေမယ့်... .မောင်တစ်ခါ
ကျောခိုင်းတိုင်း မှော်ရင်ဘတ်ကြီးတစ်ခုလုံး လှောင်
မြိှုက်သွားရတာမောင်မှမသိပဲလေ။ မောင်ပြော
ရက်တယ် တစ်လုံးခြင်းပြောသွားခဲ့သည်များ
ထပ်မပတ်သက်နဲ့တဲ့။

""မျှော်လင့်ချက်မဲ့အောင် ကလေးအပေါ် သင်ခန်းစာ
တွေပေူခဲ့တဲ့ သူကိုသတိတရရင်ထဲ သိမ်းထားတာ
ထက် ကလေးအပေါ် အကောင်းဆုံးလူတစ်ယောက်
အနေနဲ့ အမှတ်တရတွေ..ဖန်တီးပေးနေတဲ့ ကိုယ့်
ရဲ့လက်တစ်စုံကို ရဲရဲကြီးဆုပ်ကိုင်လိုက်ပါလား
ကလေးရယ်""

ရင်ဘတ်ကလေးကို ဖိဆုပ်ပြီး မျက်ရည်တွေအဆက်မပြတ်ကျနေရတာကိုပင် သူမထပ်ပြီး
သူ့ကို ခေါင်းခါငြင်းဆဲ။ အမှတ်မရှိတဲ့ သူပဲဖွင့်ပြော
မိသည်ကို နောင်တရနေရမလား သူမတွေးတတ်တော့ပါ။ တကယ်တော့ မှော်ကိုကြည့်ပြီး သူလည်းပဲ ထပ်တူခံစားနေရတာပါပဲ။ အဝေးကနေ သူမလေးတို့နှစ်ယောက် စကားပြောနေကြထဲက သူမြင်
ပေမယ့် အဝေးကနေပဲ ကြည့်နေခဲ့တာပါ။

""အရာအားလုံးအတွက် ကျေးဇူးတင်တယ် ဆရာ
မှော်တောင်းပန်ချင်တာလေး တစ်ခုက မှော် သူကလွှဲပြီး ဘယ်သူ့ကိုမှလက်မထပ်ဘူးဆိုတာ ဆရာ
သိပြီးတဲ့နောက် ဒီလိုစကားမျိုးတွေ ထပ်မပြောပေး
ဖို့ မှော်တောင်းပန်ပါရစေ""

""ကိုယ်က သိလျှက်နဲ့ ပြန်မိုက်မိပြန်တာပါ၊ သတ္တိလေး မွေးပြီးပြောမိတဲ့စကားက ကလေးကိုစိတ်
ပျက်စေတဲ့ စကားတွေ ဖြစ်မိပြန်ပြီ၊ ကိုယ်ပြန်ပြီး
တောင်းပန်ပါတယ် ကိုယ်ဒီစကားတွေကို ထပ်ပြီး
မပြောတော့ဘူးလို့ ကိုယ်ကတိပေးပါတယ်""

မှော် မျက်ရည်တွေကို သုတ်ပြီး အမှတ်မရှိတဲ့
သည်းခြေအတွက် ရင်နာရမလား ခွန်အားတွေထပ်
မွှေးရမလား မှော်ဇဝေဇဝါ ဖြစ်နေမိပြီမောင်။
မောင်တကယ်ပဲ မှော်ကို မချစ်တော့တာလား..မှော်
မောင်ထွက်သွားတဲ့ နေရာကိုကျောခိုင်းလိုက်ပြီး
ငိုချင်မိပြန်သည်။ ဆရာ့ကိုလဲသနားမိပေမယ့် မှော်မှ
မချစ်နိုင်ပဲလေ။ ပြတ်သားစွာတော့ ငြင်းဆိုရမှာပါပဲ။ ဒီအတွက်မှော်မတရားဘူးဆိုလဲ ကြိုက်သလိုအပြစ်မြင်ပါ ဒါပေမဲ့မှော်လုပ်ရပ်ကိုတော့ မှော်ပြင်
ဆက်ဖို့ရန် စိတ်ကူးမရှိခဲ့ပါ။

""အရာရာတိုင်းအတွက် ကိုယ်တောင်းပန်ပါတယ်""

ဒီနေရာတင်ပဲ ရပ်လိုက်ပါတော့ ဆရာ။ မှော်အချစ်
တွေက မောင်တစ်ယောက်တည်းအတွက်မို့ ဆရာ
ကို ထပ်ပြီးမနာကျင်စေတော့တာပါ..။

~~~~~~~~~~~~~~~~~~~~~~~~~

""Ring...Ring""

အဆက်မပြတ်မြည်နေသည့် ဖုန်းသံကြောင့် မှော်
အိပ်မှုန်စုန်မွှားဖြစ်နေသည့် မျက်စိတွေကို ပွတ်သပ်ပြီး ဖုန်းကိုမကြည့်ပဲ ပါးနားကပ်ထားပြီးနားထောင်
နမေိ၏။ ဒီနေ့မှစောစောအိပ်ပါတယ်ဆိုမှ ညသန်
ခေါင်ယံမဟုတ်ပေမဲ့ အိပ်ပျေက်သွားရတဲ့အတွက်
တော့ မှော်စိတ်တွေမပျေမနပ် စိတ်တိုချင်နေသည်။

""ဟယ်လို...မှော် ကျွန်တော်ပါ ဂျူနိုပါ""

""ဟင်""

မှော် အိပ်ချင်မူးတူးစိတ်တွေပင် ဘယ်ပျောက်သွား
မှန်းမသိတော့။ အိပ်ယာမှချက်ချင်းထထိုင်မိ၏။
အချိန်ကိုကြည့်ပြန်တော့လည်း ည၁၀နာရီပင်ထိုးတော့မည်။ စိတ်ထဲပင်ထင့်သွားကာ ရင်တွေတဒိန်း
ဒိန်းဆောင့်ခုန်တာလား ရင်တွေတုန်နေတာလား
မသိတော့ပါ။

""ကိုဂျူနို ဘာ ဘာ..ပြောမလို့လဲ""

""မှော် ခဏလောက်အပြင်ထွက်ခဲ့လို့ရမလား။ အား
တော့အရမ်းနာမိတယ် ဒါပေမဲ့ ဒီမှာ...""

""မောင် မောင်ဘာဖြစ်လို့လဲ ကိုဂျုနို""

အိပ်ယာပေါ်မှ ဝုန်းကနဲထရပ်ကာ ရင်တစ်ခုလုံး
တုန်ယင်နေတာတွေက ပျော့ခွေယိုင်လဲချင်လာသည်ထိပင်။ ကိုဂျူနိုစကားကိုလဲ ရင်တထိတ်ထိတ်နှင့် စောင့်မျှော်ရတာပင် စိတ်ကအားမရချင်တော့။

ကိုဂျုနိုဖုန်းဆက်တာနှင့် မောင်တစ်ခုခုဖြစ်၍ဆိုတာ
မှော်သိလိုက်၍ပါ။ စိတ်တွေမှာ ယောက်ယှက်ခတ်ပြီး ခြေမကိုင်မိလက်မကိုင်မိ ဖြစ်လာမိတာ မောင့်
ကြောင့်ဆိုတာ မောင်သိပြီးလိမ္မာဖို့သင့်ပြီ။

""စီးချင်း ဘာမဖြစ်ပါဘူး..ဒါပေမဲ့ သူအရက်မူးပြီး
သောင်းကျန်းနေလို့ (....)ကလပ်ကိုလာခဲ့ပေးပါ
လား။ ကျွန်တော်ထွက်စောင့်နေမယ်""

""ကျွန်မခုလာပြီ""

~~~~~~~~~~~~~~~~~~~~~~~~~~~

အခန်း~[၂၈]မျှော်

Own Creator~ငွေသုန္ဒရီ


rate now: