book

Index 26

အခန်း~[၂၆]

📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖

""မောင်""

လမ်းဆုံမှာ မျက်နှာချင်းဆိုင်တှေ့ကွတာ
မဟုတ်သလို မတွေ့ရတာကြာပြီးဖြစ်တဲ့
အလွမ်းတွေတနင့်တပိုးနှင့် မှော်အတွက်
သူအရင်က Supriseလုပ်ဖို့ရန် ငြားခဲ့ဖူးတဲ့
ကော်ဖီဆိုင်။ ထောင့်ဆုံးဝိုင်းလေးမှာ သူမ
တစ်ယောက်ထဲ ငူငူလေးထိုင်နေရာမှ သူ့ကို
နှုတ်ခမ်းလေးလှုပ်ရုံခေါ်လာတဲ့ သူမလေး။

တိုက်ဆိုင်တာလား ကြုံသွားတာလား...သူ
လွမ်းလွန်း၍ ဒီဆိုင်လေးကို တမင်လာခဲ့ခြင်း။
သူမနှင့်မှ တိုက်တိုက်ဆိုင်ဆိုင်တွေ့ရတာ
ပျော်ရမလား ။ လှည့်ထွက်သွားရမလား...
ရင်ထဲအတိုင်းအဆမသိ ပျော်ရွှင်နှုန်းတွေက
တော့ ရေလှိုင်းတွေပမာတရိပ်ရိပ် ညင်ညင်သာသာ လှုပ်ခတ်နေတာဘယ်သူသိမလဲ။

သို့သော်လည်း...သူ့မျက်နှာထက်တော့ ဆန့်
ကျင်ဘက်တင်းမာမှု့များကို အခြေပြုလိုက်
တာ မျှော်လင့်တကြီးကြည့်နေတဲ့ မှော်မျက်
ဝန်းတွေကြောင့်ပါ..။

""နေဦးမောင်""

လှည့်ထွက်ဖို့ရန် ပြင်လိုက်သည့်သူ့ခြေလှမ်း
တွေက ချက်ချင်းတုံ့ဆိုင်းသွားပြီး...
ဘယ်တုန်းကမှအမိန့်တွေကို မလိုက်
နာဖူးတဲ့ သူ့အတွက် မှောစကားတှကေ
တကယ်အစွမ်းထက်မှန်းသိသာလွန်းနေ၏။

""ရှင်ပျော်နေတာလား...အဆင်ပြေနေတာ
လား ""

ညင်သာနူးညံ့တဲ့ လေနုအေးလေးသူ့အနားရှပ်
တိုက်သွားပြီး သူ့ရှေ့သူမလေးရုတ်တရက်
ရပ်လာသည်က ပြိုတော့မဲ့မိုးလို ငိုမဲ့မဲ့မျက်နှာ
လေးနှင့်။ သူ့ခံစားချက်တွေကိုတော့ မြိုသိပ်
ပြီး မပျော်နိုင်တဲ့နှလုံးသားက ပျော်ချင်ယောင်ဆောင်မိတာ ခွင့်လွှတ်ပါ မှော်ရယ်။
မင်းအတွက်တွေပဲ မောင်ကြိုးစားဖြေသိမ့်
ရဦးမယ်..မင်းစိတ်ပင်ပန်းအောင် မောင်ခဏ
လေးပဲ လုပ်ခွင့်ပြုပါ။ မင်းတစ်သက်လုံးပျော်
စေဖို့ မောင်ကိုခွင့်ပြုပေးပါ။

""မင်းနဲ့ငါ့ကြားမှာ ခုလိုနှုတ်ဆက်ဖို့အထိ
လိုအပ်သေးရဲ့လား""

""မှော်မေးတာပဲဖြေပါ ရှင်ပျော်နေတာလား
ရှင်...ရှင် မှော်နဲ့အဝေးမှာ နေပြီးရှင်ကျေနပ်
နေတာလား ရှင်စိတ်ချမ်းသာနေတာလား""

မှော့်အသံလေး ခံစားချက်တွေကြောင့်
ကျယ်သွားသည်ကို ကော်ဖီဆိုင်ထဲမှ လူတွေ
သတိထားမိသလိုနှင့် မျက်လုံးများစွာ၏
အကြည့်တွေ ရောက်လာကြသည်။ သူနှင့်
မှော်ကတော့ ဂရုမထားပါ။ စိတ်ထဲလဲမည်သူ
မှ ရှိနေတယ်ဟုပင်မထင်ကြသလို မျက်ဝန်း
ချင်း၏ အကြည့်များမှာ ခံစားချက်တွေနှင့်
ဘယ်အရာကိုဘယ်လိုနားလည်ရမည်မှန်း
လည်း သူတို့ကိုယ်တိုင်မသိကြပါ။

""မင်းနဲ့ငါက ဘာမှမဆိုင်တော့ဘူး... ငါတို့က
ခုလိုနှုတ်ဆက်ဖို့ လိုနေသေးလို့လား၊ မေးခွန်း
တွေမေးဖို့လဲ မလိုအပ်တော့ဘူးလို့ငါထင်
တယ်""

""မောင်..မောင်ပြောလိုက်စမ်းပါ မောင်တစ်
ခုခုကို မှော့်မသိအောင်လိမ်ညာနေတယ်လို့ မောင်ကိုယ်တိုင်ဝန်ခံပေးပါ...ဟင့် ""

အနည်းငယ်ပိန်ကျနေတဲ့ မျက်နှာညိုညိုလေး
က အရင်လိုအပြင်အဆင်မရှိပဲ ဖြူဖျော့နေ
လျှက် သိသိသာသာညှိုးနွမ်းနေတာ သူ့စိတ်
မကောင်းလှချေ။ သို့ပေမဲ့ သူကိုယ်တိုင်ကလဲ
မပြုပြင်နိုင်ခဲ့လေပဲ။ သူ့အကျီရင်ဘတ်စထံ
ဆုပ်ကိုင်ထားတဲ့ လက်ကလေးတွေကို ခွာချ
လိုက်ပြီး မျက်နှာကိုတည်သည်ထက်တင်း
လိုက်ကာ...ရှိုက်သံမစဲတဲ့ မှော်မျက်နှာလေး
ကို မကြည့်ရက်စွာ မျက်နှာလွှဲပြီး

""မင်းသွားလိုက်တော့ ငါ့ကိုမဆိုင်တာတွေ
လာမပြောနဲ့ မင်းနဲ့ငါဘာမှမဆိုင်တော့ဘူး
လို့ ငါပြောပြီးသား မင်းဘဝနဲ့မင်းနေပျော်
လိုက်တော့... ငါ့ကိုလဲထပ်ပြီးမနောက်ယှက်နဲ့"

""မယုံဘူး...မယုံဘူးမောင်၊ မှော်အားလုံးသိပြီး
ပြီ...မောင် လိမ်နေတာ မောင်ဘာလို့မှော့်ကို
အားလုံးပြောမပြခဲ့တာလဲ မှော်က မှော်က
မောင့်ကိုနားလည်မပေးနိုင်ဘူးလို့ မောင်ထင်
နေတာလား""

ဒီလိုတွေ မှော်သိမည်စိုး၍ သူအားလုံးကိုထိန်း
ချုပ်ထားတဲ့ ကြားကမှော်သိသွားခဲ့ပြီ။ အံကို
တင်းတင်းကြိတ်ပြီး လှောင်မြိုက်နေတဲ့ရင်ထဲ
မှ နှလုံးသားမီးကျွမ်းလှောင်မှု့တွေကို
ဥပေက္ခာထားပြီး သူထပ်ပြီးသူမကိုမနာကျင်
စေလို၍ အမုန်းတွေကိုသာပို့ချဖို့ရန် ရင်နာနာ
နှင့်ပဲတွေးမိလေခြင်း။

""မင်းသိထားတဲ့ အကြောင်းအရာတွေနဲ့
ဆန့်ကျင်ဘက်ပဲ ၊ မင်းကိုချစ်လွန်းလို့ခုလို
တွေ အနစ်နာခံတယ်များမင်းထင်နေလား""

မျက်လုံးဝိုင်းလေးတွေနှင့် မျက်ရည်များပြည့်
အိုင်ကာ သူ့ကိုမယုံဘူးဆိုသောအကြည့်များ
နှင့် မှော်မျက်ရည်တွေက သူ့နှလုံးသားကို
ဒုက္ခပေးနေဆဲ။ တင်းကျပ်ဆို့ခဲနေတဲ့ရင်ကို
သက်ပြင်းငွေ့တွေနှင့်ခွျေးသိပ်ပြီး...ယိုင္နဲ႕နဲ႕
သူမပခုံးလေးကို ဖိဆုပ်ကာ..မတွန်းရက်၍
ခပ်ဖွဖွဖိဆုပ်ထားပြီး

""မင်းမသိဘူးလား..ငါ့မှာအပေါဆုံးက
မိန်းမပဲဆိုတာ မင်းမေ့နေလား ၊ အဟက်...
ငါကမိန်းမတစ်ယောက်ကို ဘယ်တော့မှ ကြာကြာမတွဲဘူး ပီကေတောင်ကြာကြာဝါးရင်
အချိုရည်ကုန်လာတော့ ပျင်းစရာကောင်း
လာလို့ ငါဘယ်တော့မှပီကေမဝါးဘူး၊
မင်းလဲအဲ့လိုပဲ မင်းကငါ့အတွက်အရမ်းရိုး
လွန်းသွားပြီ အချိုရေကုန်သွားတဲ့ပီကေ
လောက်တောင် စိတ်ဝင်စားဖို့မကောင်းတော့တာရှင်းလား""

""သေချာလားမောင်...မောင့်စကားတွေနဲ့
မောင့်ရင်ဘတ်ကြီးက တကယ်ပဲထပ်တူကျ
နေတယ်ဆိုတာသေချာရဲ့လား လိမ်မနေပါနဲ့
လား မောင်အရင်ကမလိမ်တတ်ဘူးဆိုတာ
မှော်သိနေတာပဲ""

သူ့စကားတွေကို ဘယ်လိုမှယုံဖော်မရတဲ့
မှော်ကြောင့် သူဘယ်လိုပြောရမည်မှန်းမသိတော့။ အသက်ပြင်းပြင်းရှူပြီးသူ့ကိုသာ
စူးစိုက်ကြည့်နေတဲ့ သူမမျက်ဝန်းတွေကို
ရင်ဆိုင်ကြည့်ကာ စကားတွေနှင့်ပဲထိုးစစ်ဆင်ဖို့ရန်ပြင်ဆင်မိ၏။

""ငါ့စကားတွေကအမှန်ပဲမှော်...မင်းနဲ့ငါတို့
ဇာတ်လမ်းက ပြီးသွားပြီ""

""လွမ်းလို့ခေါ်တာပဲ ဖြစ်ဖြစ် ၊ ဝေးလို့ပြန်လာ
တာပဲ ဖြစ်ဖြစ် ၊ ခဏလေးဆိုပြီး တစ်သက်လုံးဝေးသွားခဲ့ရရင် ဘယ်လိုလုပ်မလဲမောင်
အဲ့ဒါတွေကို မောင်စဉ်းစားမိလား ခဏလေးဆိုပြီး နှလုံးသားကိုဥပေက္ခာပြုထားပြီး နေလိုက်ရင်ကော မောင်နဲ့မှော်အချစ်တွေက ပြီး
ဆုံးသွားမယ်လို့မောင်ထင်လား""

ကျောခိုင်းလိုက်တဲ့ သူ့ကိုလှမ်းမတားပဲ
သူမစကားလေးက ရင်ထဲကိုစူးအောင့်သွား
စေတာ သူမ မသိခဲ့ဘူး။ မင်းမသိဘူးမှော်
မင်းကိုမောင် လွမ်းတယ်ဆိုပြီး မပြောရဲဘူး။
မင်းကိုလွမ်းတယ်လို့ ပြောမိရင် ထပ်လွမ်းနေ
ရလို့ မောင်လွမ်းတယ်ဆိုတဲ့ စကားကိုရူးမတတ်ကြောက်နေမိတာ မင်းမသိဘူး။

""ရှင်သိလား မောင်...မုန်းဟန်ဆောင်တဲ့လူ
တွေကပဲ အရမ်းချစ်တတ်ကြတယ်ဆိုတာ
မောင်သိလား ငယ်ငယ်ကဆိုမေမေက မှော်
အမွားတစ္ခုခုလုပ္ရင္ မှော့်ကိုထမင်းမကွျေး
ပဲ တစ်ညနေလုံး အပြစ်ပေးတတ်တယ် ဒါ...ဒါပေမဲ့..""

အသံလေးတိမ်ဝင်သွားပြီး ရပ်သွားတဲ့သူမ
စကားသံလေးကို သူထပ်နားစွင့်နေမိတာ
ကျောခိုင်းထားရက်နှင့်။

""မေမေက ညတွေဆိုမှော်ဗိုက်ဆာတတ်မှန်း
သိလို့ မှော့်ငိုပြီးအိပ်ပျော်သွားတဲ့အချိန်
ဘေးမှာ မှော်မသိအောင် မုန့်တွေလာထား
ထားတတ်တယ်...အဲ့ထဲကမှော်မှတ်ထားတာ
တစ်ခုက မုန်းဟန်ဆောင်တဲ့သူတွေက သူတို့
တကယ်အရမ်းချစ်ကြလို့ပဲဆိုတာ မှော်သိ
လိုက်တယ်...ခုလဲမောင် မှော့်ကိုမုန်းဟန်ဆောင်ပြီး မောင့်ရင်ထဲဘယ်လောက်ထိ
ခံစားနေရလဲဆိုတာ မှော်သိတယ် မောင်မလိမ်နဲ့...""

""မင်းအထင်တွေနဲ့ မင်းဟုတ်နေတာက မင်းခံ
စားချက်တွေကို တင်ပြပြီးဖြေသိမ့်နေတာလေ...အဟက်ငါ့အတွက် မင်းပြောတာ ခံစား
လို့မရဘူး မင်းစကားတွေကငါ့အတွက်မမှန်နေလို့ပဲ""

သူပြောပြီး လှည့်ထွက်ခဲ့တော့လဲ သူမနောက်
ကနေ လိုက်လာမှန်းသူသိ၍ ခြေလှမ်းတွေကို
မြန်သည်ထက်ပို မြန်လိုက်မိပေမဲ့ စကားသံ
လေးနှင့် သူမရဲ့အငွေ့အသက်လေးတွေက
တော့ သူ့အနားမှာနွေးထွေးနေဆဲပါ...

""မောင်ရှေ့ကနေ ထွက်သွားတိုင်း မောင့်နောက်မှာ မှော်ပါပြီးသားပဲ မောင်ထွက်သွား
ဖို့ပြင်တိုင်း လွတ်လပ်သွားမယ်မထင်နဲ့ မောင့်
အနားကို မှော်ရောက်အောင်လာမှာ ပဲမောင်၊
မောင့်ခံစားချက်တွေ မသိချိန်ကမှော် နားမ
လည်ပဲ မောင့်ကိုအပြစ်တင်ခဲ့တယ် မှော်မုန်း
ချင်ယောင်ဆောင်ခဲ့တယ် တကယ်မမုန်းခဲ့ဘူး။ ခုလဲမောင့်အနားမှာ မှော်အမြဲရှိနေတော့
မယ်ဆိုတာ မောင်သိထားပေး""

"မင်း..!!!...""



""အကို..အကို...ခနလေးပါ အကိုအမေက
မူးယစ်ဆေးမှု့နဲ့ ထောင်ကျနေတဲ့အကြောင်း
လေးကို အင်တာဗျူးချင်လို့ပါ""

မှော့်ကိုရုတ်တရက်လှည့်ပြီး စကားပြောမယ်
ပြင်တော့မှ သူနှင့်မှော်ကြားထဲ ရုတ်တရက်
လူတွေဝင်ပြီး မေးလာတဲ့မေးခွန်းကြောင့်
သူ့ဒေါသတွေက မှော်ကလွှဲ၍ ကျန်သူအတွက် အစိုးမရသည်ကြောင့် လက်သီးတစ်
လုံးက မည်သူ့မျက်နှာမှန်းမသိပြစ်ဝင်သွား
၏။ သတိကင်းလွှတ်အောင်ဒေါသတွေ
အထွဋ်အထိပ်ရောက်နေလျှက် သူ့ကိုလူတွေ
ဝိုင်းချုပ်ထားကာ...လက်မှလှုပ်မရ၍ ခြေ
အစုံကဟိုသည်ပတ်ရမ်းပြီး အားကုန်ရုန်း
ထွက်နေ၍ လူဆယ်ယောက်မျှပင်သူ့ကို
ချုပ်ထားရသည်။

""တောက်...မင်းတို့နဲ့ ဘာဆိုင်လဲ ဒီမေးခွန်း
ကို မေးရအောင်မင်းတို့နဲ့ ဘာဆိုင်လဲ""

""........""

""လာခဲ့စမ်း..!!!....""

""မောင်...""

သူ့ထံမျက်နှာငယ်လေးနှင့် လူတွေကြားထဲ
တောင်းပန်နေတဲ့ မှော်ကိုလဲသူမမြင်တော့ပေ။
သူနှင့်မှော်ကြားလူတွေ ပိတ်ထား၍ မှော်သူ့
ထံဘယ်လိုမှ ရောက်အောင်သွားမရ။ ဒီလိုနှင်ပဲ မှော်နှင့်သူ ဝေးခဲ့ရပြန်သည်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

""ယနေ့ လူငယ်အဆိုတော် စီးချင်းသည်
မီဒီယာတစ်ခုမှ အင်တာဗျူးခြင်းကို
ရိုင်းစိုင်းသော အပြုအမူနှင့် ဆက်ဆံ.....""

""တော်လိုက်တော့ ဂျူနို ငါမကြားချင်ဘူး
မင်းလဲငါ့အနားကနေသွားတော့ ငါတစ်
ယောက်ထဲ အေးဆေးနေချင်တယ်""

မှော်နှင့်အတူ စိုက်ခဲ့တဲ့သစ်ပင်လေးတွေအောက်မှာ နေပြီးသူ့ဘေးမှာသတင်းတွေဖတ်
ပြနေတဲ့ ဂျူနိုကိုသူလက်ကာပြပြီး မောင်း
ထုတ်မိ၏။ ဂျူနိုကတော့ဖတ်လက်စ သတင်း
ကို ပိတ်လိုက်ပြီးသက်ပြင်းချသံကြီးကသူပင်
ကြားလိုက်ရ၏။ သူဂရုမစိူက်ပဲ ဖူးပွင့်ခါနီး
အပင်လေးတွေကိုသာ ကြည့်နေမိတာ မှော်နှင့်သူ စိုက်ခဲ့ကြပါလားဆိုတဲ့အတွေးနှင့် အလို
လို ကြည်နူးနေမိတာပါ။

""မင်းသူ့ကိုလွမ်းနေပြန်ပြီလား""

""အဟက်....လွမ်းနေပြန်ပြီလား ဟုတ်လား""

သစ်ရွက်စိမ်းလေးတွေကို ကိုင်ပြီးခြောက်ကပ်ကပ်သူ့ရယ်သံက အသက်မပါလှသည်ကို ဂျူနိုကလဲ သိသိနှင့်ပဲ ကြည့်နေဆဲ။ သူ့နှုတ်ခမ်းတွေကို တွန့်ကွေးပြုံးပြစ်
သည်က ခံစားချက်မဲ့လှစွာ...

""လွမ်းတယ်လို့ ပြောရင်သူ့ကိုပိုပိုလွမ်းလွန်း
လို့ ငါသူ့ကိုလွမ်းနေတယ်လို့ မပြောရဲတာ
သူ့ကိုလွမ်းနေရလွန်းလို့ ငါမပြောရဲတော့တာ""

ကျောခိုင်းလှည့်ထွက်သွားတဲ့ စီးချင်းရဲ့ကျောပြင်ကို ကြည့်ပြီးသူတို့အစား ကြားညှပ်ခံနေရတဲ့ သူကသာရင်မောပြီး ခေါင်းကိုခါရမ်းကာ
အသက်ငွေ့ငွေ့လေးကိုသာ မရဲတရဲရှုရင်း
သူတိူ့ကို ပြေလည်စေချင်ပြီ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

""မောင်...ရှင်""

မိန်းမနှစ်ယောက်...အို..မဟုတ်ဘူး နောက်မှာ
တစ်ယောက်က ကပ်ပါနေသေးသည်။ မိနိးမ
သုံးယောက်ကို သူ့ဘေးမှာခြံရံလျှက် မှော်
ဟိုနေ့က သူ့ကိုတွေ့ခဲ့ရတဲ့ ဖရိုမရဲပုံစံမဟုတ်ပဲ စီးကရက်ကိုနှုတ်ခမ်းက ကိုက်ထားပြီး
ဂျင်းပန်အရောင်ရင့်ရင့်နှင့် ရှပ်အကျီအနက်ရောင်မှာ သူနှင့်ရှင်းသန့်လိုက်ဖက်လွန်းနေ၏။

သို့သော်လည်း...သူ့ဘေးမှခပ်ကဲကဲ မိန်းကလေးသုံးယောက်ကိုတော့ မှော်ကြည့်ရင်းနှင့်ပင် အူတိုစိတ်နှင့် အလိုလိုမုန်းလာမိတာအမှန်ပင်။ ကြည့်ပါဦး..သူကရှင်ဘုရင်
ကြနေတာပဲ။ ဘေးတစ်ဖက်စီမှာ ခြံရံလာတဲ့ မိဖုရားသုံးယောက်နှင့် ဘုရင်ကြီးတစ်ပါးကြွ
လာသလိုပင်။ ဟိုတယ်ထဲမှ ထွက်လာတာကပင် မှော့်ကိုပိုပြီးသံသယဝင်စေလိုသည့်အကြောင်းတစ်ခုပင်။ မှော်ရင်တွေပူလိုက်တာ
မောင်ရယ်။ မောင့်ကိုချစ်တဲ့အချစ်တစ်ခုနဲ့ပဲ
မှော်အေးချမ်းချင်ယောင်ဆောင်နေတာ
မောင်မှမသိပဲ။

ဒီနေ့မှတိုက်တိုက်ဆိူင်ဆိုင် ဧည့်ခံပွဲတစ်ခုကို
လာရင်းနှင့် မောင့်ကိုခုလိုရုတ်တရက်တွေ့
လိုက်ရတာ အပျော်လုံးဆို့ရမှာလား...အပူ
လုံးဆို့ရမှာလား။ သေချာတာကတော့ မှော်
ပြိုလဲချင်နေပြီ။ ယိုင်လုလုခြေထောက်တွေကိုအားယူထိန်းချုပ်ပြီး မောင်စိတ်ချမ်းသာဖို့
အတွင် မှော်မျက်နှာထက်အပြုံးတွေဆင်မြန်း
လိုက်တာ မှော်ပျော်နေလို့မဟုတ်ပါဘူး မောင်။ မောင်ပျော်ဖို့အတွက်ပါ။

""ကျွီ....""

""မောင်နေပါဦး""

""ဘာလဲ""

မှော်သူ့အနားရောက်သွားတော့ မိန်းကလေး
သုံးယောက်ကို ကားပေါ်တက်ဖို့မျက်စပြစ်ပြ
ပြီး တက်ခိုင်း၏။ သူကတော့စီးကရက်ကို
နှုတ်ခမ်းမှာတေ့ပြီး ညစ်ထေ့ထေ့အကြည့်
တွေမှာတော့ ဂရုမစိုက်ဘူးဆိုသည့်သဘော
နှင့်။

""ဘာကိစ်စလဲ""

ပူပြင်းတဲ့ နွခေါင်ခေါင်ကြီးရဲ့ကန္တာရထဲ
လျှောက်လမ်းရသလို မှော်အားအင်တွေကုန်
ခမ်းပြီး လည်ချောင်းထဲ ခြောက်သွေ့နေမှု့ကို
တံတွေးမြိုချမိသည်ကိုပင် လည်ချောင်းထဲ
ဓားရှသလိုနှင့်။

""မှော်တို့အေးဆေးစကားပြောကြရအောင်
လားမောင် ၊ အေးဆေးတဲ့တစ်နေရာရာမှာပေါ့
မောင့်အိမ်လာတော့လဲ မောင်ကထွက်မတွေ့ဘူး ခုလိုတိုက်ဆိုင်တဲ့အချိန်လေးကို မှော်
ကိုတော့အခွင့်အရေးပေးပါ""

""ငါ့မှာပြောစရာမရှိဘူး""

မျက်နှာချင်းဆိုင်ထားရာမှ အကြည့်တွေကတော့မတူကြပါ။ မောင်ကတော့စီးကရက်
ကို နျုတ်ခမ်းမှာ ဖွာရှိုက်နေပုံက သူ့အတွက်အပူအပင်ကင်းမဲ့ လွန်းလှစွာ။ မှော်ကတော့
မောင့်ကိုကြည့်ပြီးမှသာ ရင်ထဲအလုံးတွေဆို့
ပြီး အသက်ရှူကျပ်နေရတာ ချစ်တဲ့စိတ်တစ်
ခုတည်းနှင့်ပင်။

""မောင့်မှာမရှိပေမဲ့ မှော်မှာရှိတယ်""

"မင်းကိုငါပြောမယ်....လူတိုင်းကမွေးထဲက
တသ်ယောက်ထဲပဲ မွေးလာသလို သေရင်လဲ
တစ်ယောက်ထဲပဲ သေရမှာ.... မင်းလဲတစ်
ယောက်ထဲပဲ နေတတ်အောင်နေကြည့်ပါ
လား အဲ့ဒါမင်းအတွက်ပိုအဆင်ပြေလိမ့်မယ်""

""မောင်ပြောတော့ ဘယ်အရာမဆိုနှစ်ယောက်အတူရင်ဆိုင်ကျော်ဖြတ်ကြမယ်ဆို""

""အဲ့ဒါအရင်ကပါ""

ဂရုမစိုက်တဲ့ အကြည့်နှင့်ခနိုးခနဲ့အသံကတစ်ပါးသူအတွက်တော့ ခံပြင်းစရာဖြစ်ရင်ဖြစ်လိမ့်မယ် မှော့်အတွက်တော့ သူ့ကိုဘာမှအပြစ်မယူစေခဲ့ပါ။ ကားတံခါးကိုမှီပြီးရပ်ထားတဲ့ သူ့ကိုမှော်ငေးကြည့်ရင်း...ဟိုနေ့က
မီဒီယာတွေနဲ့ ဖြစ်ခဲ့တဲ့ပြသနာတွေကခုတော့
သူမကောင်းတဲ့ သတင်းအနေနှင့်ပျံနေပြီ။
ဒီအခိန်မှာ မောင်ဘာတွေလုပ်နေမလဲဆိုတာ
မျော်သိနေတယ်။ ဒါကြောင့်အရင်လို မောင့်
ကို မှော်ပြစ်မထားရက်တော့တာပါ...

""အချစ်က ဘဝကိုဖန်တီးပေးတတ်သလို
အချစ်ကဘဝကိုလဲဖျက်ဆီးပေးတတ်တယ်
ငါမင်းကိုပေးတဲ့အချစ်က ဖျက်ဆီးခြင်းပဲ
ထပ်ပြောမယ် မင်းငါနဲ့ပတ်သက်ဖို့ထပ်မကြိုး
စားနဲ့""

""မှော်ပေးခဲ့တဲ့အချစ်ကတော့ ဖန်တီးပေးတဲ့
အချစ်တွေပါ...""

သူမှော့်စကားကိုနားမထောင်ပဲ ကားပေါ်အမြန်တက်ပြီး မောင်းထွက်ခဲ့တော့လဲ ကားဘက်ကြည့်မှန်ထဲမှ ငူငူလေးရပ်နေတဲ့ မှော့်ကို
သူကြည့်နေဆဲ။ မင်းမသိလို့ပါချစ်ရယ်...
မောင့်ရင်ထဲမှာလဲ မီးတောင်တစ်ခုလိုပေါက်
ကွဲနေအောင်ခံစားရတာပါ။ မင်းအနားရောက်
မလာဖို့ မောင်ကြိုးစားနေတာ မင်းအတွက်ပါ။ မုန်းစေထျင်တာထက် မင်းလေးမောင့်ကို
မောင့်သင့်နေလို့ပါ။ မောင်တို့ ဒီလောက်နဲ့ပဲ
ရပ်လိုက်ကြရအောင်လား ချစ်ရယ်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

Own Creator~ငှေသုန်ဒရီ
အခန်း[၂၇]မျှော်
Please/Like&Share&Comments


rate now: