📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း 📖
အခြေအနေတွေကို တကယ်တန်းရင်ဆိုင်နေ
ရသူမှာ ဂျူနိုပင်။ စီးချင်းကို ဖျောင်းဖျပြီး
ရှင်းလင်းပွဲလုပ်ဖို့ရန် နားချပေမယ့်လည်း..
""ပြစ်ထားလိုက် ဘာရှင်းလင်းပွဲမှ မလုပ်နဲ့
ငါဂရုမစိုက်ဘူး။ ငါ့အတွက်အောင်မြင်မှု့လဲ
မလိုဘူး ငွေလဲမလိုဘူး ငါ့အတွက်မရှိမဖြစ်
လိုအပ်တာ မှော်တစ်ယောက်ထဲ""
""ဒါဆိုလဲ မင်းသူ့ကိုပြန်ခေါ်လိုက်လေ""
ခေါင်းမထူနိုင်အောင် သောက်ထားပေမဲ့လဲ
ကမ္ဘာရင့်နေတဲ့ အရက်သမားကြီးသဖွယ်
ဘယ်တော့မှ အရမ်းကြီးမူးမသွားတဲ့ စီးချင်း။
သူ့စကားကိုခုလဲ လက်မခံပေ။ စားပွဲပေါ်
မှောက်ထားရာမှ ခေါင်းပင်ထူမလာပဲ သူ့ဘေး
ရပ်နေတဲ့ ဂျူနိုကိုလက်သာခါပြပြီး...
""သူ့ဘဝလေးနဲ့သူ သာသာယာယာနေပါစေ။
ငါကသူ့အတွက် အမှိုက် အရှုပ်ထုတ်၊ သူ့အမုန်းပဲငါလိုချင်တယ် ငါကပဲသူ့ကိုချစ်မယ်
သူငါ့ကိုချစ်ဖို့မလိုဘူး ရှင်းလား""
""မင်းအတွက် မရှိမဖြစ်လိုအပ်သူဆိုရင်လဲ
ခေါ်လိုက်လေ ဘာအတွက်ခံစားနေသေးတာလဲ ဖြစ်တာတွေလဲ ဖြစ်ပြီးသလိုထားလိုက်""
""မရှိမဖြစ်လိုအပ်တယ်ဆိုတာ ငါ့ရင်ထဲက
တောင်းဆိုမှု့ ၊ မင်းသိလားဂျူနို..အေ့..ကိုယ်
တကယ်အရမ်းချစ်တဲ့ သူတစ်ယောက်ကို
ကိုယ်ကအရိပ်တကြည့်ကြည့်နဲ့ သူလုပ်သမျှ
အဝေးကနေလိုက်ကြည့်နေရင်း သူပျော်နေ
တာလေးမြင်ရင်လဲ ကိုယ်ပျော်တယ်...အေ့..
သူရယ်နေတာမြင်ရင် အဝေးကနေအယောင်
ယောင် အမှားမှားနဲ့တောင် လိုက်ရယ်မိတဲ့
အခါရှိသေးတယ်..အဟွန်း...တချို့တွေမြင်
ရင်တော့ အရူးကြီးပေါ့...အေ့....""
သူက စကားနာထိုးလိုက်တာ မူးပေမယ့်လဲ
ဘယ်တော့မှ မရူးတဲ့စီးချင်းကတော့ စကား
သံတွေသာ သိပ်မသဲကွဲတော့ပေမဲ့လဲ စကား
လုံးမှာတော့ အဆီအငေါ်တည့်နေသည်က
ထူးဆန်းတယ်ပဲဆိုရမလား။ တကယ်တမ်း
စီးချင်းဆိုသူကလဲ ထူးဆန်းတဲ့လူသားပဲ
မဟုတ်လား။
ဂျူနို မတုန်မလှုပ် ရပ်ကြည့်နေမိ၏။ အတွေး
ပေါင်းစုံကတော့ စီးချင်းနှင့်မှော်အကြောင်းမှ
လွှဲ၍ ကျန်တာဘာမှမရှိချေ။
""ငါ့အတွက် သူအရင်က ဖြည့်ဆည်းပေးခဲ့
တာ ဘာမျှော်လင့်ခြင်းတစ်စုံတစ်ရာမှ မပါတဲ့
အဖြူထည်သက်သက်လေးနဲ့ အရိပ်လေးလို
ရှိနေပေးခဲ့တာ၊ မသန့်ရှင်းတဲ့ ငါ့ဘဝကသူနဲ့
ပတ်သက်မိရင် သူလက်ညှိုးထိုး ရှုပ်ချခံရ
မှာ ငါမလိုလားဘူး။ ကိုယ့်အတွက် ဖြစ်လာ
တာကို ဗေဒင်ဆရာတွေလို ငါ့ဒဏ်နင်ခံဆိုပြီး
ယတရာချေရအောင်လဲ ငါအယုံအကြည်မရှိ
ဘူး။ သူ့ကိုငါ့ကြောင့် အရာရာတိုင်းထက်ပို
တဲ့ ဘာထိခိုက်နစ်နာမှု့မှ မရှိစေတာ""
""ခုလိုကြတော့ မင်းတို့နှစ်ယောက်လုံး
ပျော်နေကြလား...မှော်လဲ မင်းမရှိပဲအဆင်
ပြေနေတယ် မင်းထင်လား""
""ဟေ့ကောင်...ဂျူနိုငါပြောပြမယ် မင်းသေချာနားထောင်ထား""
လက်ညှိုးလေးသာ ထောင်ပြီးအာလေးလျှာ
လေးအသံက မပီချင်တော့။ ဂျူနိုဘာမှမပြောတော့ပဲ နှုတ်ဆိတ်ပြီး သူ့ထံသာစိုက်ကြည့်နေလိုက်၏။
""ငွေရှိလို့ ပြည့်စုံကြတာထက် ဆင်းရဲ ပြီးစိတ်
ချမ်းချမ်းသာသာနေရတာက ပိုပြီးပြည့်စုံ
တယ်လို့ခေါ်တယ်။ ငွေဆိုတာ ဒုတိယဘုရား
သခင် ဟုတ်သလို စိတ်ချမ်းသာမှု့ဆိုတာလဲ
အဓိကအရေးကြီးဆုံးအချက်ပဲ""
""ငါပြောတာနဲ့ မင်းပြောတာနဲ့ ဘာဆိုင်လို့လဲ
ငါပြောနေတာ မင်းနဲ့မှော့်အကြောင်း ငွေ
အကြောင်းပြောနေတာ မဟုတ်ဘူး""
""မင်းခုချိန်ထိ အထာမနပ်သေးဘူးလား ဂျူနို
ငါ့အနားမှာနေပြီး ခြစ်ဆိုမီးတောက်ထားသင့်
နေပြီ ဒါကြောင့်လဲမင်းချစ်သူမရတာဖြစ်မယ်အထူအပါး နားမလည်တဲ့ ပိန်နဲသီးကောငျ""
အရက်သာမူးတယ် သူ့ကိုတော့ဖဲ့တတ်သားပဲ။ ဂျူနို မကျေနပ်တာတော့မဟုတ်ပဲ မအီမလည်မျက်နှာကြီးနှင့်ပဲ ငြိမ်နေလိုက်ရ၏။ မမူးရင်တောင် အမြဲဖဲ့နေတတ်တဲ့
သူ။ ခုလိုမူးနေတော့ စပြောမိတဲ့ သူ့ပါးစပ်
သူပဲ ပိတ်ရိုက်ပြစ်ချင်တော့သည်လေ။
""မှော်ငါ့ကို အရမ်းချစ်တယ်...အရင်ကငါ
မချစ်ဘူး နောက်ပိုင်းသူ့အချစ်တွေ သူ့စိတ်
ထားလေးတွေ ငါသိလာတော့ ငါချစ်တယ်။
ငါသူ့ကိုချစ်လို့ သူပျော်တယ်...ဒါပေမဲ့ ငါ့ရှေ့
သာ သူပျော်နေတာပါ သူ့ဘက်မှာရင်ဆိုင်ရ
တာတွေက အချစ်တစ်ခုထဲနဲ့ လှဲလည်ထားရ
တာ မတန်ဘူး အရမ်းကြီးမားလွန်းတယ်...
သူ့အချစ်နဲ့လဲ ငါကမထိုက်တန်ပါဘူး မင်း....
နားလည်လိုက်တော့ ဂျူနို...အေ့...လူတိုင်းရဲ့
ပြည့်စုံမှု့က ငွေနဲ့လဲမရဘူး စိတ်နဲ့လဲမရဘူး
သူ့အိုးနဲ့သူ့ဆန်မှသာ ပြည့်စုံရင်ပြည့်စုံကြလိမ့်မယ် ငါ့အတွက်တော့အမြဲလိုအပ်ချက်တွေ
ကြီးပဲ ဒါကြောင့် အရမ်းဖြူစင်တဲ့ သူမနဲ့ငါက
မတန်ဘူး""
စကားတွေအများကြီး ပြောနိုင်တာပဲ ကျေးဇူး
တင်ရမလား။ သူတို့ရဲ့တစ်ယောက်အပေါ်
တစ်ယောက်ထားတဲ့ နားလည်ခြင်းတွေ စွန့်
လွှတ်ခြင်းတွေကိုပဲ အတုယူရမလား ၊ ပယ်ချ
ပေးရမလား မခွဲ ခြားတတ်အောင်ပဲ နောက်ထပ်အတွေးများစွာကသာ ဂျူနို့ကို
ကြီးစိုးသွားပေမယ့် စီးချင်းကိုတော့ သူတရား
မချနိုင်ခဲ့ပါ...။
ဒီလိုနေ့တွေနှင့်ပဲ ဖြတ်သန်းနေခဲ့တာ ဘယ်
လောက်ကြာနေခဲ့ပြီလဲ...။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
""မောနင်းမောင်""
ရူးပြန်ပြီ။ မှော်.... အိပ်ချင်မူးတူးနှင့်လား
တမင်ပဲ အကျင့်ဖြစ်နေတာလား မသိတဲ့ခြေ
လှမ်းတွေနှင့် နံနက် ၈နာရီထိုးပြီဆိုလျှင်ပင်
သူနှင့်မှော် အမြဲ ပြုခဲ့ဖူးတဲ့ ဓလေ့လေးက
တော့ စိတ်ထဲခုချိန်ထိ ဖျောက်မရသေးပေ။
ခုလဲ နိုးစက်ပေးစရာမလိုအောင် ၈နာရီတိတိ
မှာပဲ အိပ်ယာမှနိုးလာပြီး အမြဲပြောခဲ့ဖူးတဲ့
အမြဲ အလွမ်းပြေဖုန်းထွက်ပြောနေကြတဲ့
အချိန်တွေပဲလားဟု မှော်ထင်မိပြန်ပြီ။
မှော်...အရင်က အရမ်းနှစ်သက်တာပဲဟု..
သူ့ကိုပြောခဲ့ဖူးတဲ့...
နံနက်ခင်းရဲ့ လေနုအေးအေးကို ရှူရှိုက်ပြီး
ညမှရွာထားသည့် မိုးစက်လေးတွေ၏ အရှိန်
နှင့် ခြံထဲမှပန်းပေါင်းစုံ ၏ ရနံ့များမှာ နှခေါင်း
ထဲမှ ရင်ထဲထိကြည်နူးစေတဲ့ နူးညံ့တဲ့အထိ
အတွေ့လေးက မှော်ကိုကြိုဆိုနေလျှက်...
ဝရံတာကို ဆုပ်ကိုင်ထားပြီး တဝဲလည်လည်
သူ့အိမ်ဘက်မှ ဝရန်တာကိုကြည့်မိရင်း
ပင့်သက်ရှိုက်မိ၏။
""ပြတ်သားဖို့ ကြံရွယ်နေတာပါပဲ...မပြတ်သားနိုင်တဲ့ နှလုံးသားတစ်စုံကသာ ခက်နေတာပါမောင်""
တစ်ယောက်ထဲ စကားတွေပြောနေတာ မှော်
အတွက်မထူးဆန်းတော့ပါ။ သူ့အတိုင်း.နေသားကျနေပြီပဲ..ဘာတွေဆန်းကြယ်နေဦးမှာ
လဲ။
""ဖြေဆေးရှိရင်ပေးပါလား သူနဲ့တိုက်ဆိုင်တဲ့
အမှတ်တရတိုင်းကို ကျွန်မမေ့နိုင်တဲ့ ဖြေဆေး
လေးပေါ့...သူ..မောင်ကတော့ မေ့နေလောက်ပါပြီ ရှင်သိလားမောင် ကျွန်မစိတ်ထဲ အရင်
လိုရှင်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရသလိုပဲ ကျွန်မအရမ်းကြည်နူးနေတယ် မောင်""
မိုးသားညိုညိုတွေ အောက်၌မျက်နှာလေး
ညိုမှောင်ပြီး တစ်ယောက်ထဲစကားတွေပြော
နေတယ်ဆိုပြီး ထင်ချင်ထင်ကြလိမ့်မယ်..။
တကယ်တော့ သူမရှေ့မှာ သူအမြဲရှိနေတယ်
ဆိုတာတော့ မည်သူမှမသိကြပါ။ မှန်တံခါးရဲ့
အနီညှို့ရောင် ခန်းစီးစတွေရဲ့ နောက်ကွယ်
မှာ ရှိနေတဲ့ သူ။
""မင်းခံစားရလားမှော်...မင်းနဲ့မောင်မျက်နှာ
ချင်းဆိုင်ထားတယ်လို့ မင်းရင်ထဲခံစားရရဲ့
လား...အချစ်စစ်မှန်ခဲ့ရင် မောင်တို့ရဲ့အငွေ့
အသက်တွေက အမြဲယှက်နွယ်နေမှာပဲ....
ရေခြားမြေခြားသွားလဲ မင်းစိတ်ထဲမောင်
ရှိနေခဲ့ရင် မောင့်စိတ်ထဲ မင်းရှိနေခဲ့ရင် အချိန်
တိုင်း နွေးထွေးနေမှာပဲ မှော် မင်းအရှေ့မှာ
ဖြစ်စေ မင်းနောက်မှာဖြစ်စေ မင်းရဲ့ရပ်တည်မှု့တိုင်းမှာ မောင်အမြဲရှိနေတယ်ဆိုတာ မင်းသိနေပေးပါ""
ဒါတွေကအချစ်တဲ့လား။ ချစ်လျှက်နဲ့ ဝေးနေ
ခြင်းကို ကျေနပ်နေကြတဲ့ သူတို့နှစ်ယောက်
ရဲ့ အချစ်တဲ့လား။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
ညမှရွာထားသည့် မိုးစက်လေးတွေ၏ အရှိန်
နှင့် ခြံထဲမှပန်းပေါင်းစုံ ၏ ရနံ့များမှာ နှခေါင်း
ထဲမှ ရင်ထဲထိကြည်နူးစေတဲ့ နူးညံ့တဲ့အထိ
အတွေ့လေးက မှော်ကိုကြိုဆိုနေလျှက်...
ဝရံတာကို ဆုပ်ကိုင်ထားပြီး တဝဲလည်လည်
သူ့အိမ်ဘက်မှ ဝရန်တာကိုကြည့်မိရင်း
ပင့်သက်ရှိုက်မိ၏။
""ပြတ်သားဖို့ ကြံရွယ်နေတာပါပဲ...မပြတ်သားနိုင်တဲ့ နှလုံးသားတစ်စုံကသာ ခက်နေတာပါမောင်""
တစ်ယောက်ထဲ စကားတွေပြောနေတာ မှော်
အတွက်မထူးဆန်းတော့ပါ။ သူ့အတိုင်း.နေသားကျနေပြီပဲ..ဘာတွေဆန်းကြယ်နေဦးမှာ
လဲ။
""ဖြေဆေးရှိရင်ပေးပါလား သူနဲ့တိုက်ဆိုင်တဲ့
အမှတ်တရတိုင်းကို ကျွန်မမေ့နိုင်တဲ့ ဖြေဆေး
လေးပေါ့...သူ..မောင်ကတော့ မေ့နေလောက်ပါပြီ ရှင်သိလားမောင် ကျွန်မစိတ်ထဲ အရင်
လိုရှင်နဲ့ မျက်နှာချင်းဆိုင် စကားပြောနေရသလိုပဲ ကျွန်မအရမ်းကြည်နူးနေတယ် မောင်""
မိုးသားညိုညိုတွေ အောက်၌မျက်နှာလေး
ညိုမှောင်ပြီး တစ်ယောက်ထဲစကားတွေပြော
နေတယ်ဆိုပြီး ထင်ချင်ထင်ကြလိမ့်မယ်..။
တကယ်တော့ သူမရှေ့မှာ သူအမြဲရှိနေတယ်
ဆိုတာတော့ မည်သူမှမသိကြပါ။ မှန်တံခါးရဲ့
အနီညှို့ရောင် ခန်းစီးစတွေရဲ့ နောက်ကွယ်
မှာ ရှိနေတဲ့ သူ။
""မင်းခံစားရလားမှော်...မင်းနဲ့မောင်မျက်နှာ
ချင်းဆိုင်ထားတယ်လို့ မင်းရင်ထဲခံစားရရဲ့
လား...အချစ်စစ်မှန်ခဲ့ရင် မောင်တို့ရဲ့အငွေ့
အသက်တွေက အမြဲယှက်နွယ်နေမှာပဲ....
ရေခြားမြေခြားသွားလဲ မင်းစိတ်ထဲမောင်
ရှိနေခဲ့ရင် မောင့်စိတ်ထဲ မင်းရှိနေခဲ့ရင် အချိန်
တိုင်း နွေးထွေးနေမှာပဲ မှော် မင်းအရှေ့မှာ
ဖြစ်စေ မင်းနောက်မှာဖြစ်စေ မင်းရဲ့ရပ်တည်မှု့တိုင်းမှာ မောင်အမြဲရှိနေတယ်ဆိုတာ မင်းသိနေပေးပါ""
ဒါတွေကအချစ်တဲ့လား။ ချစ်လျှက်နဲ့ ဝေးနေ
ခြင်းကို ကျေနပ်နေကြတဲ့ သူတို့နှစ်ယောက်
ရဲ့ အချစ်တဲ့လား။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
""ဆရာ မပင်ပန်းဘူးလား""
""ဘာလို့လဲ မှော်""
မေးခွန်းကို အဖြေမသတ်ပဲထပ်မေးလာတဲ့
မေးခွန်း။ ကားမောင်းနေတဲ့ဆရာ့ကို ကြည့်
ပြီး မှော်နှုတ်ခမ်းလေးလှုပ်ရုံ ပြုံးမိတာအေး
စက်စက်ပင်။ ဆရာတော့သိပုံမရပါ။ ကားကို
သာအာရုဏ်စိုက်မောင်းနေ၏။
""မှော့် အနားမှာနေရတာ မပင်ပန်းဘူးလား""
""မှော်အနားမှာ နေရင်အလိုလိုစိတ်ချမ်းသာနေတာပဲ မှော်က ကုသိုလ်တောင်ရသေးတယ်
စိတ်ထဲဘာလို့ အလေးခံပြီး မဆိုင်တဲ့အမေး
တွေ အဖြေထုတ်ချင်နေရတာလဲ မှော်""
""သူ့အလိုလို အမေးတွေပေါ်လာတာပါ...
ဆရာအတွက် အဆင်ပြေပေမယ့် မှော့်...
အတွက်တော့ မတရားရာများကျနေသလား
လို့ပါ""
ကားမောင်းနေရင်း တစ်ချက်လည်းပင်းလေး
လိမ်ပြီး ကြည့်လာတဲ့ဆရာ။ မှော့်ကိုအမြဲ
စိတ်ပျော်အောင် ထားပေးခဲ့တဲ့ဆရာ..။ မှော်
ကတော့ သူ့အပေါ်အမြဲ ခံစားချက်တွေနဲ့ပဲ
ဝေသနာတွေ ပေးနေခဲ့သူ။ မတရားဘူးဆို
တာ သိပေမဲ့ မတတ်နိုင်တဲ့နှလုံးသားအတွက်
တော့ ကျေးဇူးလဲမဆပ်နိုင်ပါ။
ဒီနေ့မှော့်ရဲ့ ၂၃နှစ်ပြည့်မွေးနေ့။ အရင်ကဆို
ဆရာနှင့် မိဘမဲ့ကလေးကျောင်းတွေ...၊ ဟိုး
တောတွင်းတွေထဲမှ ဘုန်းကြီးကျောင်းလေး
တွေ ၊ နွမ်းပါးသူလေးတွေ...အို..များစွာတဲ့
မပြည့်စုံသူတွေကို တက်တက်ကြွကြွနှင့်
အလှူလုပ်နေကြပင်။ ခုတော့မှော်ဥပေက္ခာ
ပြုထားလိုက်တဲ့ မှော်ရဲ့မွေးနေ့ကို ဆရာကတော့မမေ့မလျော့ပဲ အရင်လိုကျင်းပ
နေတာမဟုတ်ပဲ အရင်အတိုင်းအလှူတွေ
လုပ်နေချင်တုန်းပဲ။ မနက်ကစောစောအိမ်
ရောက်နေပြီး မှော်ကိုလာကြိုသည်တဲ့။ မှော်
ကိုစိတ်မနာတာလား ဆရာကပဲ ခံသည်ပါရမီ
နှင့် ပြည့်စုံနေသည်လားမသိတော့ပါ။
""စိတ်ချမ်းသာအောင်နေပါ...ကျန်တာဘာမှ
မတွေးနဲ့..""
""မှော်ကိုသာ နှစ်သိမ့်ပေးနေတာ ဆရာကိုယ်တိုင်ကကော စိတ်ချမ်းသာရဲ့လား""
""အဟွန်း...""
မှော့်ကို လှည့်မကြည့်ပါပဲ နှုတ်ခမ်းကိုသာ
လွန့်လွန့်လေးပြုံးပြီး ရယ်နေတဲ့ဆရာ။
""ကိုယ်ပျော်တာထက် တစ်ပါးသူပျော်တာ
မြင်နေရတာပဲ ကိုယ့်ရဲ့ပျော်ရွှင်ခြင်းပဲ""
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
""ယနေ့ ဘောဇဉ်ကုသိုလ်ရှင် ကြည်လင်စိတ်
ဝမ်း သာသနာတော် ရွက်ထမ်း ကျန်းမာတော်
မူပါစေ ချမ်းသာတော် မူပါစေ ဝမ်းသာတော်
မူပါစေ လန်းဖျာတော် မူပါစေ............""
""စိတ်တွေ အေးချမ်းနေတာပဲလား""
ကျလုလုမျက်ရည်တွေကို ထိန်းပြီးဘိုးဘွား
ရိပ်သာမှ ဘိုးဘွားတွေ၏ ဆုပေးတောင်းသံ
တညီတညာကြီးတွေမှာ ရင်ထဲတစ်ခါမှမခံ
စားဖူးသည့် ကြည်နူးမှု့လိုင်းလုံးလေးတွေ။
စိတ်ရှုပ်နေသမျှ တစ်ခဏတော့သက်သာ
ငွားသေတဲ့ ကြည်နူးမှု့လေးပါ။ ထိုအရာတွေ
ကြည့်ပြီး မျက်ရည်တွေရစ်ဝဲနေတာမဟုတ်ပဲ
ဝမ်းနည်းလို့ကျတဲ့ မျက်ရည်မဟုတ်ပါပဲ...
ကြည်နူး၍ ကျသောမျက်ရည်တွေကို ဆရာ
ကူသုတ်ပေးပြီး မှော့်ပခုံးလေးဖက်ကာ
နှစ်သိမ့်ပေး၏။
""မွေးနေ့ဆိုတာ မမေ့ထားသင့်ထဲ အရာတွေထဲက အရေးကြီးဆုံးသောတစ်ခုပဲ""
""မှော်...တမင်မေ့ထားတာပါ။""
""ခုကော...မှော်စိတ်ချမ်းသာရဲ့လား""
ထမင်းတွေကို အားပါးတရစားနေကြတဲ့
ရိပ်သာဆောင်ကို မှော်တစ်ချက်ကြည့်ပြီး
ဆရာနှင့်နှစ်ယောက်အတူ ခရေပင်လမ်းလေး
တွေကို လေညှင်းခံပြီး လျှောက်နေကြရင်း...
""ကြည်နူးမိတယ် ၊ အတွေးတစ်ခုလဲ ဝင်လာ
မိသေးတယ်""
""ဘာများလဲ မှော်""
သစ်ရိပ်ဝါးရိပ်တွေကြားထဲ အေးချမ်းတာ
ထက် တိတ်ဆိတ်ပြီး နေချင်စရာပတ်ဝန်းကျင်လေးက အမှန်တော့အထီးကျန်
ဆတ်လှတဲ့ နေရာလေးတစ်ခုပါ။ ကျောက်
စရစ်လမ်းလေးတွေအတိုင်း ဆရာနှငိ့နှစ်
ယောက်အတူ လျှောက်ကြရင်း....
""ဪ...ေမွာ္တို႔လဲ တစ္ေန႕ေန့တစ်ချိန်ချိန်မှာ
ဒီလိုနေရာမျိုးကို ရောက်မလာဘူးလို့မပြော
နိုင်ဘူးလေ "
""ဘာများလဲလို့ မှော်ရယ်...ဒီနေရာက သား
သမီးတွေ ဆွေမျိုးအသိုင်းအဝိုင်းတွေ မရှိ
တဲ့သူတွေပဲ လာနေကြတာများတာပါ မှော်
တချို့သားသမီးတွေက မိဘတွေအသက်ကြီးလာတော့ ကြှေးမှေးမပွုစုခငျြ
ကြတော့ ဒီလိုဘိုးဘွားရိပ်သာကို လာပို့တတ်
ကြတယ် ဒီလိုသားသမီးမျိုးကလဲ တစ်ရာမှာ
တစ်ယောက်လောက်ပဲရှိကြတာပါ""
""အဲ့တစ်ရာထဲက တစ်ယောက်က မှော်ပဲ ဖြစ်
လိမ့်မယ်၊ မိဘစကားနားမထောင်ပဲ လုပ်ချင်
ရာလုပ်တတ်တဲ့ မှော်လဲတစ်နေ့တော့ ဒီနေရာ
လေးကို ရောက်မလာဘူးလို့မပြောနိုင်ဘူး
လေ""
""အဟွန်း""
ရယ်စရာမပါပဲ ရယ်လိုက်တဲ့ဆရာ့ထံ မှော်
မကျေနပ်စွာ မျက်မှောင်လေး တွန့်ကြည့်မိတော့ ဆရာကအရယ်ပင်မပျက်ပါပဲ ...
""ကံတရားနဲ့ပဲ ဆိုင်တာပါ။ တစ်ခါတစ်လေ
ကိယ်ြလုပ်ချင်တာလေး လုပ်တာလဲ အပြစ်
မရှိသလို သဘောထားမတိုက်ဆိုင်ကြတဲ့အခါ
တွေမှာလဲ တိုက်တိုက်ဆိုင်ဆိုင် ငရဲကြီးတယ်
ဆိုပြီး ကြီးသွားတတ်ကြတာပါ""
စကားပြောရင်း လမ်းလျှောက်ရင်းနှင့် ဝါး
ပင်တွေကြား လမ်းလျှောက်ကာ ဆရာနှင့်
မှော်စကားတွေက ပြောမကုန်တော့ပါ။ မှော်
ပျော်ပါတယ်။ ဒီနှစ်မွေးနေ့လည်း အရင်နှစ်
မွေးနေ့တွေလို ပျော်ပါတယ်။ အရင်နှစ်တွေ
မှာတော့ ဘယ်သူ့ကိုမှ လွမ်းစရာမရှိခဲ့ပဲ
လွတ်လပ်ပေါ့ပါးနိုင်ခဲ့ပေမယ့် ဒီနှစ်တော့...
မှော်အတွက် အလိုအပ်ဆုံးသောတစ်ခုကတော့ သူ့ကိုဘေးနားရှိစေချင်ရုံလေးပါ။
~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~
Own Creator~ငှေသုန်ဒရီ
Please/Like&Share&Comments