book

Index 24

အခန်း [၂၄]

📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖

""မှော်...အိပ်ရေးပျက်တဲ့ ညတွေကများနေတုန်းလား""

"".........""

ကော်ဖီဆိုင်ထဲမှ အပြင်ကိုမြင်ရသည့်မှန်တံခါးတွေကြားမှ Shopping Mallကြီးထဲ
သွားလာနေကြတဲ့ လူပေါင်းစုံကို လိုက်ကြည့်ပြီး ဆရာပြောတဲ့စကားကို ခေါင်းငြိမ့်ရုံမျှ
လွှဲ ပြီးကျန်တာဆက်မဆိုမိ။

ဆရာထံမှ သက်ပြင်းချသံတွေ ကြားပေမဲ့
မှော်လှည့်မကြည့်။ အပြင်မထွက်တာ ဒီနေ့နှင့်
ဆို ဆယ်ရက်ပင်ပြည့်ခဲ့ပြီ။ ပိုပြီးသေချာအောင်ပြောရရင်တော့ သူနှင့်လမ်းခွဲလိုက်
တဲ့ နေ့ကစပြီး မှော်အိမ်ထဲနှင့်အိမ်ပြင်မပြော
နှင့် အိပ်ခန်းနှင့်အပြင်ပင် ထွက်ချင်မှထွက်
တတ်သည်။ တိတ်ဆိတ်ခြင်းက ကြီးစိုးလေ
လူကခြောက်ခြားလာလေပင်။

ဒါပေမဲ့ မှော်ကိုယ်တိုင်က ထိုအငွေ့အသက်တွေကို တမင်ဖန်တီးပြီး အထီးကျန်ခြင်းနှင့်
တစ်ကိုယ်ထီး တိတ်တဆိတ်ဖန်တီးနေမိ၏။
တိတ်ဆိတ်ခြင်းတွေထဲမှာ သူ့အငွေ့အသက်
တွေ သူ့အရိပ်အယောင်တွေကို ပုံဖော်ပြီး
မှော်သူနဲ့ စကားတွေတစ်ယောက်ထဲ ပြောနေ
ခဲ့တာ။ မှော်အဖော်မမဲ့ပါဘူး။ မှော်ဘေးမှာ
သူအမြဲရှိနေခဲ့တာ။ သို့ပေမဲ့ မှော်အိမ်မက်ဆိုး
တွေတော့ နေ့စဉ်မပျက်မက်နေတုန်းပါပဲ...

""အိမ်မက်ဆိုးတွေကော မက်နေတုန်းလား""

""အဲ့ဒီအိမ်မက်ဆိုးတွေကိုပဲ မှော်နှစ်သက်တယ်""

""မဟုတ်သေးဘူးမှော် ဘဝကိုဒီလိုနဲ့ အဆုံး
သတ်လို့မဖြစ်သေးဘူး""

တိဿရ...ခေါင်းကိုခါရမ်းပြီး ခေါင်းမာလွန်း
တဲ့ မှော်ကိုဘယ်လိုဖျောင်းဖျ နှစ်သိမ့်ပေးရ
မည်မှန်းမသိတော့။ သူမလေးအရမ်းခေါင်း
မာလွန်းတယ်....ကော်ဖီခွက်ကို လှမ်းယူပြီး
မျက်တွင်းညိုလေးတွေနှင့် မျက်နှာတစ်ခု
လုံး ညှိုးနွမ်းနေပြီး ဖြစ်သလိုအကျီလက်ရှည်
အစိမ်းနုလေးကို ဝတ်ဆင်ထားပုံက အရင်က
မှော်ပန်းချီပါဟု ပြောလျှင်ယုံချင်စရာပင်မရှိ။

""မှော် ခံစားနေရတာကို ကိုယ်ချင်းစာတယ်
ဒါပေမဲ့ ဒီလိုနေပြီးမှတော့ ခံစားနေရလဲ
မှော့်အတွက် ဘယ်အရာမှကောင်းကျိုးရှိ
လာမှာမဟုတ်ဘူး ပျော်ပျော်နေလိုက်ပါလား
မှော်""

""မှော်က ကောငျးကြိုးဆိုးကြိုးခှဲ ခြားပြီးနေနေတာမဟုတ်ဘူး မှော့်အတွက်အဆင်ပြေ
သလိုနေနေတာ မှော်အဆင်ပြေတယ် ဆရာတို့ကသာဘာမှမဟုတ်ပဲ စိုးရိမ်လွန်နေကြတာ""

""ဘယ်သူ့ကိုမှမငဲ့ညှာရင် အန်တီကိုတော့
ငဲ့သင့်တယ်မှော်၊ အန်တီလဲမှော်ကိုကြည့်ပြီး
စိတ်မကောင်းဖြစ်နေတာလေ""

""မေမေ့ကိုတော့ မှော်နားလည်အောင်ပြောပြ
ထားပါတယ် ၊ အခြေအနေတစ်ခုထိတော့
မှော့်ကိုနားလည်ပေးပါလို့၊ ဆရာနဲ့
လက်ထပ်ဖို့ကိုပဲ တိုက်တွန်းချင်နေတဲ့ မေမေ
က ိုမှော်ဥပေက္ခာပြုထားတာမဟုတ်ဘူး
မှော်မစဉ်းစားချင်သေးလို့ မေမေကိုစိတ်ဆင်း
ရဲအောင်လုပ်နေတာမဟုတ်ဘူး မှော်ကိုယ်
တိုင်စိတ်အဆင်မပြေနေသေးလို့ပါ ကိုယ်တိုင်ကစိတ်မှမပျော်ပဲ တစ်ခြားသူပျော်အောင်တော့ မှော်မဖန်တီးပေးနိုင်တာ ဝမ်းတော့နည်းမိသား""

စားပွဲပေါ်တင်ထားတဲ့ မှော့်လက်ချောင်းလေးတွေ အရင်ကပြည့်ပြည့်ဝဝလေးတွေမှာ ယခုတော့သွယ်သွယ်လေးတွေ ဖြစ်နေသည်ကို သူဖွဖွလေးဆုပ်ကိုင်ရင်း...မှော်ကတော့မတုန်မလှုပ်နှင့်ကော်ဖီပူပူလေးကိုငုံ့သောက်နေပြန်၏။

""စီးချင်းရဲ့ သတင်းတွေကောမှော်ကြားပြီးပြီ
လား""

စီးချင်းဆိုသည်နှင့် မှိန်ဖျော့ဖျော့မျက်ဝန်း
လေးတွေမှာ မာနကြောင့်လားခံပြင်းစိတ်
ကြောင့်လား မခှဲခွားတတျအောငျပငျ အရောင်တလက်လက်နှင့် အံကြိတ်သွားပုံက
ဝေခွဲရခက်ခဲလှစွာ...

""သူ့အကြောင်းတွေမှော် မသိချင်တော့လို့
ကမ္ဘာကြီးတစ်ခုလုံးနဲ့ အဆက်အသွယ်ဖြတ်
ထားလိုက်တာ ကျေးဇူးပြုပြီးသူနဲ့ပတ်သက်
တဲ့ အကြောင်းအရာကောင်းခြင်းဖြစ်ဖြစ်
ဆိုးခြင်းဖြစ်ဖြစ် မှော့်ကိုဘာမှမပြောပေးပါ
နဲ့ သူနဲ့မှော်ဘာမှမသက်ဆိုင်တော့တဲ့ သူစိမ်း
တွေ...""

ယတိပြတ်ပြောချလာတဲ့ မှော့်စကားသံတွေက ခံပြင်းစွာ။ စိတ်နာသွားတာလား နာချင်
ယောင်ဆောင်နေတာလား ဆိုတာသူကွဲခြား
တတ်ပါသေးတယ်။

""မှော် စိတ်ချမ်းသာဖို့က အဓိကပါ၊ ကိုယ်က
တော့မင်းအနားမှာ အသက်ရှင်နေတဲ့ သက်တမ်းတစ်လျှောက်တော့ ပါရမီဖြည့်ပေးနေမှာပါ။ မှော်အဆင်ပြေသလိုနေပါ မင်းအနားမှာ ဘယ်သူမှမရှိခဲ့ရင် ကိုယ်ရှိနေတယ်
ဆိုတဲ့ စိတ်ကလေးနဲ့တော့ စဉ်းစားပေးကြည့်ပါ""

သူ့စကားတွေကို နားထောင်နေတာလား
ဒါမှမဟုတ်ဂရုမစိုက်တာလား မသိအောင်
မှော့်အမူအယာတွေက လစ်လျူရှု့ထားဟန်
နှင့်.... သူမျက်လွှာချကာ ဆုပ်ကိုင်ထား
တဲ့ သူမလက်ကလေးကို ဖြေလွှတ်ပေးမိ၏။

""ဆောရီး...မင်းကိုယ့်ကိုအထင်သေးစေမဲ့
စကားတွေပြောမိပြီ။ ပွဲလန့်တုန်းဖျာခင်းလို့
မင်းထင်သွားလောက်ပြီ ကိုယ်တောင်းပန်ပါ
တယ်""

""မှော်ဘယ်လိုမှ မထင်ဘူး၊ ဆရာပြောနေတဲ့
စကားတွေ မှော်ဦးနှောက်ထဲလဲ မရောက်ပါဘူး မှော်စိတ်တွေက သူ့နေရာနှင့်သူ
အတွေးကိုယ်စီရှိနေပြီးသားပါ""

သေလိုက်ပါတော့လား တိဿရ ရယ်။ သူ့နဗူး
သူရိုက်ပြီးသာ ဆဲရေးဆိုမိတော့၏။ သူ့စကားကိုပင်အာရုဏ်မထားဘူးတဲ့လား။
သို့ပေမဲ့ သူကျေးဇူးတော့တင်ရပေမည် သူမလေးသူ့ကို စိတ်မဆိုး၍ပါ။

""မှော်ကို လက်ဆောင်ပေးစရာရှိတယ်""

""အင်""

ဒါလဲသူမက မရွှင်ပျ။ အိမ်ထဲမှာနေတာကြာ
လို့ အပြင်ကိုခေါ်ထုတ်ခဲ့တော့လဲ အေးစက်စက်သူမ အမူအယာက သွေးအေး
လွန်းလှသည်။ သူသက်ပြင်းကိုသာခိုးချပြီး
ဘေးမှာရှိတဲ့ လက်ဆောင်ဗူးလေးထဲမှ
အိမ်မက်ပိုက်ကွန်လေးကို ထုတ်ပြီးပေးတော့
လဲ...

""ဘာအတွက်လဲဆရာ""

""ဒီအိမ်မက်ပိုက်ကွန်လေးကို မှော်ရဲ့အိပ်ယာ
နံဘေးမှာထားပြီးအိပ် ၊ မှော်အိမ်မက်ဆိုးတွေ
မမက်တော့ဘူး""

""တကယ်လားဆရာ""

အိမ်မက်ဆိုးတွေကို ကြောက်နေတဲ့မှော့်
အတွက် ဝမ့းသာစရာစကားလေးပါပဲ...။
ဆရာကမ်းပေးတဲ့ လက်ဆောင်လေးကိုမှော်
အရမ်းနှစ်သက်မိပါတယ်။ အိမ်မက်ဆိုးထက် ပိုကြောက်သည်မှာ အိမ်မက်တွေထဲ
ဝင်ရောက်လာတတ်တဲ့ သူ့ကိုပိုပြီးကြောက်.နေမိတာပါ။ မေ့လိုက်ချင်၍ပါ။
သူနှင့်ပတ်သက်တာ အကုန်မေ့လိုက်ချင်ပြီ။
မေ့အောင်ကြိုးစားနေမိပြီ။

""မှော်ကြိုက်လား""

""အင်း""

ပြုံးသွားတာမဟုတ်ပဲ မျက်လုံးလေးတွေ
အရောင်တလက်လက်နှင့် ကျေနပ်သွားပုံရ
တဲ့ မှော့်ကိုကြည့်ပြီး သူ့ရင်ထဲပီတိလှိုင်းတွေမှာ ပြောမပြတတ်အောင်ပင်။ ခေါင်းလေး
ကို ကလေးတသ်ယောက်လို ဖွဖွ ပွတ်သပ်ပေးမိ၏။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

""တောက်""

""သွားစမ်း !!!
သုံးစားမရတာတွေ ဒီလိုလက်ဆောင်တွေ
ပေးပြီး မှော့်အနားကို ချဉ်းကပ်ချင်နေတဲ့
ကောင်...တောက်""



တွေးလေ စိတ်တိုလေမို့ အပြစ်မဲ့တဲ့အိမ်မက်
ပိုက်ကွန်လေးကတော့ ရစရာမရှိအောင်
စုတ်ပြတ်နေလို့ပေါ့။ စိတ်ရှိတိုင်း ထင်တိုင်း
ကျဲ ပြီးမှ ကျမ်းပြင်ပေါ်ပြစ်ချကာ ခြေထောက်နှင့် အားရှိအင်ရှိပင် တက်နင်း
ပြစ်သည်။

မှော်ခေါင်းကို ကိုင်လိုက် လက်ကိုကိုင်လိုက်
လုပ်နေသည်ကို သူမြင်ပါလျှက်နှင့် ဘာမျှ
မပြောပဲ ကြည့်နေရတဲ့သူ့ဘဝကိုသူပင် မကျေနပ်ချင်။ သူမနောက်ကိုအရိပ်လိုလိုက်နေတဲ့ သူ့ကိုမှော်ကတော့ ဘယ်သိမလဲ။

ကော်ဖီဆိုင်ထဲ စဝင်ထိုင်ထဲကပင် သူတို့နှင့်
နောက်ကျောခုံမှာ သူဝင်ထိုင်နေမိတာ သူတို့
မသိ။ မှော်သူ့ကိုစိတ်နာနေတာ သူဝမ်းသာ
ရမှာလား ဝမ်းနည်းရမည်လားမသိတော့။
ခံပြင်းနေတာတော့ သူမဟုတ်တဲ့တခြား
ယောက်ျားတစ်ယောက်က သူမအသားကို
ထိနေတာကို ကျေကျေနပ်နပ်ခံယူနေတာကို
သူကြည့်နေနိုင်လောက်တဲ့ထိ ခံနိုင်ရည်မရှိ။
ကံကောင်းချင်လာတော့လဲ ထိုလူပေးတဲ့လက်
ဆောင်ကျန်ခဲ့တဲ့ သူတို့သားပွဲကနေယူပြီး
စိတ်ရှိတိုင်း ဖျက်စီးပြစ်သည်။ သူနှုတ်ခမ်းတွေကို တွန့်ကွေးပြုံးလိုက်ပြီး ကျေနပ်နေတုန်းမှာပင်...ဆိုင်ထဲဝင်လာကြတဲ့ ထိုလူနှင့်
မှော်။ သူခပ်တည်တည်နှင့် ကျောပေးပြီး
ထိုင်ထားလိုက်သည့။

""သွားပါပြီ...ဆရာပေးတဲ့အိမ်မက်ပိုက်ကွန်
လေး ရစရာကိုမရှိတော့ဘူး လုပ်ရက်လိုက်ကြတာ ဘယ်လူယုတ်မာတွေရဲ့ လက်ချက်လဲမသိဘူး""

မှော်မငိုရုံတမယ် ကြမ်းပြင်ပေါ်ရစရာမရှိ
အောင် တစ်စ စီဖြစ်နေတဲ့ ပိုက်ကွန်လေးကို
စိတ်မကောင်းလှစွာကြည့်နေမိ၏။ ဆရာကတော့ မှော့်ကိုထစေပြီး...

""စိတ်မကောင်းမဖြစ်ပါနဲ့ ကိုယ်နောက်တစ်ခု
ထပ်ဝယ်ပေးမယ်""

""ဟုတ်...ဒါပေမဲ့စိတ်တော့ မကောင်းဘူး""

""နေပါစေ ထားလိုက်ပါ ""

စိတ်မကောင်းပေမဲ့လဲ မှော်ကျေနပ်လိုက်ရ
သည်။

မကျေနပ်နိုင်တာတော့ စီးချင်းပင်။ လက်သီး
ကို ကျစ်နေအောင်ဆုပ်ထားပြီး မှော့်အသံကြားမှ ပိုပြီးတွေ့ချင်နေတဲ့ စိတ်ကိုချုပ်တီး
ထားရနှင့် အစိုးမရတဲ့စိတ်ကိုကို ထိန်းချုပ်
ထားရနှင့် သူ့ဘဝရဲ့အဆိုးရွားဆုံးအဖြစ်မှာ
ဒီတစ်ကြိမ်သည်သာ။ ကျောခိုင်းထွက်သွား
တဲ့ မှော်ကျောပြင်လေးကို လွမ်းဆွတ်ငွေ့တွေ
နှင့် ကြည့်ပြီးကျေနပ် ဖြေသိမ့်လိုက်ရ၏။

မင်းပျော်နေတာကို မြင်ချင်ပေမဲ့ မောင်ကိုယ်
တိုင်ဖြစ်စေချင်တဲ့ တခြားသူနဲ့လက်ထပ်ခြင်းကိုလဲ မောင်ကိုယ်တိုင်ဝန်တိုနေမိတာ မင်းကို
ချစ်လို့ပါမှော်။ လူယုတ်မာတဲ့လား။ မင်းစကားတွေအရမ်းတတ်လာပြီပဲ။ အဲ့လူယုတ်မာက မောင်ဆိုတာ မင်းသိရင်ပိုပြီး
မုန်းသွားမလားပဲ။

အသက်ရှူလိုက်တိုင်း လွမ်းတယ်။ မင်းနဲ့
ဝေးနေရတဲ့ တန်ဖို့ရှိတဲ့ စက္ကန့်တွေကိုလဲ
မောင်စန်စီထားတယ်...သိပ်တန်ဖိုးရှိလွန်းလို့
ပါ။ မင်းမရှိပဲ ဖြတ်သန်းနေရတဲ့ မောင့်ဘဝ
က အနက်ရှိုင်းဆုံးအမှောင်ကမ္ဘာကြီးထဲ သီး
သန့်ရှင်သန်နေရသလိုပဲ။ မင်းမရှိရင်အသက်မရှင်ချင်တော့ပေမဲ့ သေခြင်းတရားက
မောင့်ကိုလက်ကမ်းမကြိုသေးဘူး မှော်။

အချစ်ကပေးတာ ချိုမြိန်ခြင်း...အလွမ်းက
ပေးတာခါးသီးခြင်း.... ခွဲခွာခြင်းကပေးတာ
ကိုတော့ သေဆုံးခြင်းလို့ မောင်သတ်မှတ်
ပါရစေအချစ်ရေ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~~ ~ ~

""ဟေး....""

""အသံအိုး ကွဲ ကြီး""

""ဆိုပုံက ပုံမလာတော့ဘူး စင်ပေါ်ကဆင်း
လာလိုက်တော့""

""အသံအိုးကွဲ ကြီး""

ဘယ်လိုမှ ထင်မှတ်မထားသည့်အခြေအနေ။
သူကိုယ်တိုင်လဲ ထင်မထားသည်မို့ အံသြမင်
သက်နေစဉ် စင်အောက်မှ ပရိတ်သတ်တွေ
ရဲ့ ဆဲသံပြစ်တင်သံတွေ ကြားရတော့....
စီးချင်းအံကြိတ်ထားမိ၏။

အရက်တွေရက်ဆက်သောက်...ဆေးတွေ
ရက်ဆက်ချနေတော့ ဘယ်လိုမှမထူမထောင်
နိုင်တဲ့ အခြေအနေဖြစ်နေသည့်အချိန်။ ဒါကို
နှစ်စဉ်ကျင်းပနေကျ အဆိုတော်များစွာ
စုဝေးတဲ့ ရှိုးပွဲကိုမတက်မဖြစ်တက်ရောက်
ခဲ့ရင်း ဆိုနေစဉ် ခုလိုအသံယတိပြတ်ကြီး
မအော်နိုင်အောင်ဖြစ်သွားရ၏။

""ဆက်ဆိုမနေနဲ့ ဆင်းလာခဲ့ဟေ့""

""အကျင့်မကောင်းတဲ့...""

""တောက်""

ထိန်းချုပ်ထားတဲ့ သူ့စိတ်တွေ လွှတ်ထွက်သွားသည်ထိ ပရိတ်သတ်တွေ၏ စကားများ
မှာ နားမခံသာနိုင်စရာပင်။ လက်ထဲမှာကိုင်
ထားတဲ့ မိုက်ကိုစိတ်တိုတိုနှင့် စင်အောက်ကိုပေါက်ချပြသ်သည်။

""မင်းတို့ကောင်တွေ အမှောင်ခိုပြီးပြောမနေ
နဲ့ စင်ပေါ်တက်လာခဲ့""

စင်ပေါ်တက်လာခဲ့လဲပြောသေး သူစင်ပေါ်က
ဆင်းဖို့ပြင်နေတော့ စင်အောက်မှ ပရိတ်သတ်တွေ လူရှဲသွားပြီး နောက်ဆုတ်ကုန်ကြ၏။

""စီးချင်း မလုပ်ရဘူး""

""ဟာ..လွှတ်ကြစမ်း ငါ့ကို...မလွှတ်ရင် မင်း
တို့ပါအသေပဲ လွှတ်လို့ ငါပြောနေတယ်
လွှတ်စမ်း...""

အဆိုတော်ဆယ်ယောက်မျှ သူ့ကိုဆွဲခေါ်မှ
ပင်ပါသွားရသည်။ အားသန်လွန်းတဲ့ သူ့ကို
ဘယ်သူမှချုပ်မရ လူအများနှင့်သာချုပ်နိုင်
တော့၏။ အဆိုတော် နာမည်ကြီး ဆယ်လီ
ဆိုပေမဲ့လဲ ပုတုစဉ်လူသားတစ်ယောက်ဖြစ်
နေ၍ စိတ်တိုမှု့ကိုတော့ တရားမစောင့်နိုင်။
ပိုဆိုးသည်မှာ စီးချင်းဆိုသည်မှာ စိတ်ဆတ်လွန်းသော သူဖြစ်နေ၍ပင်။

ထင်မှတ်မထားတဲ့အခြေအနေ ထင်မှတ်မထားတဲ့ အဖြစ်အပျက်က မြန်ဆန်လွန်းလှ၏။ ဒီနေ့ဘာဖြစ်မယ်ဆိုတာ ကြိုမတွေး
နိုင်ပေမဲ့ ဖြစ်ပြီးသွားသမျှတွေက ရင်သပ်ရှူ
မောဖွယ်။ ပိုပြီးစိတ်ဝင်စားရမှာက ဒီအခြေ
အနေတစ်ခုကြောင့် မနက်ဖြန်ဘာဖြစ်မယ်
ဆိုတာ ကြိုသိမထားနိုင်၍...စီးချင်းအတွက်
ပရိတ်သတ်အချစ်အခိုင်အမာ ရရှိထားတဲ့
စီးချင်းကို ပရိတ်သတ်တွေ မုန်းသွားကြမှာ
လား ၊ နားလည်ပေးကြမှာလား ကြိုမသိနိုင်
၍ အားလုံးက ကံစီမံရာအတိုင်းပဲပင်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အခန်း[၂၅]မျှော်
Own Creator~ငှေသုန်ဒရီ


rate now: