📖အရိ အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖
ကောင်းကင်ကြီးက ပြာနေတာလား မှောင်နေတာလား။
သေချာတာကတော့ ကောင်းကင်တစ်ခုလုံး
ကြည်စင်နေလိမ့်မယ်။ ထိုကောင်းကင်ကြီးနှင့်
မျက်နှာချင်း ဆိုင်နေကြတဲ့ လူသားနှစ်ယောက်ကတော့...
တစ်ယောက်မှာ နှုတ်ခမ်းမွှေးပါးသိုင်းမွှေး
တွေနှင့် ဂုတ်သာသာရှိတဲ့ဆံပင်ရှည်တွေက
ကြည့်မကောင်းလောက်အောင် ရှုပ်ပွနေလျှက် မျက်ဝန်းတွေမှာ ကောင်းကင်နှင့်ဆန့်ကျင်ဘက် ညိုမှောင် အေးစက်ကျင်ခဲနေ၏။
ကျန်တစ်ယောက်မှာတော့ လက်ထဲမှဆုပ်ကိုင်ထားတဲ့ စက္ကူလှေလေးနှင့် မျက်ဝန်း
တွေမှာ ကောင်းကင်နှင့်အပြိုင် ကြည်စင်နေ
လျှက်... သို့သော်...မျက်ဝန်းတွေထဲမျက်ရည်
တွေတော့ ပြည့်နေဆဲ။
""မင်းအတွက် နောက်ထပ်ငိုစရာ မျက်ရည်
တွေ ရှိနေသေးလား""
""မောင် ဘယ်လိုပြောလိုက်တာလဲ ဒီလိုအချိန်
မှာ မောင့်ဘက်ကအေးစက်နေတုန်းပဲလား
မှော်အားလုံးနဲ့ ရင်ဆိုင်ခဲ့ပြီမောင် ၊ မှော်လေ
မောင့်ဘက်မှာပဲမှော် အမြဲရှိနေမယ်""
""ငါ့အတွက်မလိုအပ်တော့ဘူး""
အေးစက်စက်သူ့စကားသံတွေကို မှော်ကြားရ
တာ ခံနိုင်ရည်မရှိပါသလို ကြားလဲမကြားဝံ့
တော့ပါ။ အရင်ကထက်ပိုကြံ့ခိုင်နေတဲ့စိတ်က အချစ်ကသင်ပေးတဲ့ သင်ခန်းစာလား ၊
အချိန်တွေက ကုသပေးတဲ့ ဆုံးဖြတ်ခြင်း
တွေလား...မခွဲ ခြားတတ်ပေမဲ့ အရင်လိုမပျော့ညံ့တော့တဲ့ မှော့်စိတ်ကိုတော့ မှော်နား
လည်လာခဲ့တာပါ။
""ဒီထက်ပိုပြီး အေးစက်စရာတွေ ရှိနေလို့ပဲ""
""..........""
သူ့ထံ မျက်ဝန်းရွှဲလေးတွေနှင့် ကြည့်နေ
သည်မှာ မမိတ်မသုန်။ မျက်ဝန်းလေးတွေက
တော့ သူ့ထံလွမ်းဆွတ်တမ်းတနေပုံလေးနှင့်..
နှုတ်ခမ်းလေးတွေဆတ်ဆတ်တုန်ယင် နေလျှက် လှုပ်စိလှုပ်စိနှုတ်ခမ်းလေးတွေက သူ့ကိုတစ်ခုခုပြောဖို့ရန် အားမွေးနေဟန်နှင့်။ သူမျက်နှာလွှဲ အံကြိတ်ကာ....
""လမျးခှဲ ကြမယ်""
""လမ်းခွဲ ကြမယ်ဟုတ်လားမောင်""
စကားသံလေးနှင့်အတူ သူ့အနားရောက်လာပြီး ကျောခိုင်းထားတဲ့ သူ့ပုခုံးကိုဆွဲလှည့်ပြီး
မေးလာသည့်သူမ။ သူစိတ်ကိုတင်းလိုက်ပြီး
ခေါင်းငြိမ့်မိပြီး နောက်တသ်ကြိမ်ထွက်မိပြန်
တဲ့ သူ့စကားသည်လည်း
""ဟုတ်တယ်...လမ်းခွဲ ကြမယ် ""
""မောင်က.... မှော်ဘယ်လောက်ပဲ မောင့်
ဘက်ကရပ်တည်ခဲ့ပါစေ မောင်ဂရုမစိုက်ဘူး
အမှားတစ်ကြိမ်လေး လုပ်မိတာနဲ့ပဲ တစ်
ပါတ်လုံးလုံးအဆက်သွယ် ဖြတ်ထားတာကို
မကျေနပ်နိုင်တဲ့အပြင် လမ်းခွဲဖို့ဆိုတာက
မှော့်အတွက် လက်ဆောင်အဖြစ်ယူလာသေး
တာလား မောင်...""
""မတော်တဆ တိုက်ဆိုင်သွားတာ ၊ မင်းနဲ့
မျက်နှာချင်းဆိုင်ဖို့ ငါ့မှာစိတ်ကူးမရှိတော့ဘူး မှော်""
""ဪ...မတော်တဆတဲ့လားမောင် အဲ့...
အဲ့လောက်ထိပဲ မှော့်ကိုမုန်းနေတာလား""
နားကြည်းသံလေးနှင့် ပြောလာတဲ့မှော့်စကား
ကို သူမျက်နှာလွှဲခေါင်းငြိမ့်မိ၏။
""ရှင့်စိတ်ကူးတွေ ရှင့်အိမ်မက်တွေကို ကျွန်မ
ပဲ ပုံဖော်ပေးနေတာလေ ရှင်ဘာလို့ နာကျင်
စေမဲ့ စကားတွေပြောနေရတာလဲ ၊ ကျောခိုင်း
ခြင်းရဲ့ နောက်ဆုံးရလဒ်ကဘာလဲ ရှင့်အတွက်ပျော်ရွှင်မှု့လား ရှင့်အတွက်စိတ်
ချမ်းသာမှုလား ရတယ်ရှင်ပျော်မယ်ထင်ရင်
လုပ် ရှင်စိတ်ချမ်းသာဖို့ကအဓိကပဲ....ကြိုက်တာလုပ်၊ အဟင့်..ကျွန်မနှလုံးသားတစ်ခုလုံးလဲ စုတ်ပြတ်နေပြီ ကြိုက်တာလုပ်""
""ဘုတ်...ဘုတ်....""
သူ့ရင်ဘတ်ကြီးကို စိတ်ရှိတိုင်းထုရိုက်ပြီး
အသည်းခိုက်မတတ် ငိုကြွေးနေတဲ့ အူလှိုက်
သည်းလှိုက်သူမရဲ့ ငိုကြွေးမှု့ကို သူကျောက်
ရုပ်ကြီးသဖွယ်ငြိမ်သက်စွာ ကြည့်နေမိတာ
သူလဲ ခံစားချက်မဲ့နှလုံးသားပိုင်ရှင်မှ
မဟုတ်ခဲ့ပဲ။ မင်းငိုရင် ကိုယ့်အသည်းတွေထဲ
နာကျင်ရပါတယ် မှော်ရယ်...မင်းခံစားရတာထက်ပိုအောင် မောင်ပိုခံစားရပါတယ်။
တိုက်ပါများလာတဲ့ ခလုတ်တစ်ခုသဖွယ်
သူ့စကားတွေကို မှော်ချေပနေတတ်ပြီ။ သူ
ကျေနပ်ပါတယ်...ဒီလိုနားကြည်းတတ်အောင်
သူတမင်လုပ်နေတာပဲ သူမလေးနာကြည်းသွားတာကိုပဲ သူလိုချင်နေခဲ့တာပါ။
သူ့ရင်တစ်ခုလုံးတော့ မီးတောက်ကြီးသဖွယ်
ပူလောင် နာကျင်နေရတာ ဘယ်သူသိမလဲ။
မုန်းလိုက်ပါမှော်...မင်းမုန်းတာကိုပဲ မောင်ခံယူပါရစေ။ မင်းမောင့်ကိုမုန်းလိုက်ပါ...
""ကျွန်မ ရှင့်ကို ဒီတစ်ကြိမ်ကျောခိုင်းခြင်းက
နောက်ဆုံးပဲမောင် ၊ ရှင်ပျော်လား ရှင်ပျော်
ရဲ့လား...ရှင့်အတွက်နဲ့ မိခင်ကိုတောင်ဂရုမစိုက်ကျောခိုင်းပြီး ရှင့်ဘက်ကရပ်တည်ပေးခဲ့.တာတွေအလကားပဲ သဲထဲရေသွန်ပဲ
ကျွန်မသမီးမိုက်လုပ်ခဲ့တာ...အရမ်းမှားသွား
ပြီး ""
""..........""
""အနည်းဆုံးတော့ ကျွန်မရှင့်ဝဋ်ကကျွတ်သွားတာပေါ့ ""
နာနာကျင်ကျင်ပြောလာတဲ့ စကားတွေထဲမှာ
လေးလေးနက်နက်သူမရဲ့အကြည့်တွေ...
မခံစားနိုင်ပေမဲ့လဲ အံ့ကြိတ်တင်းထားမိတာ
သူယောက်ျားပါ။ ယောက်ျားတစ်ယောက်မို့
မျက်ရည်မကျပေမဲ့ ရင်ထဲမှာ ရစရာမရှိ
အောင် ဒဏ်ရာဒဏ်ချက်တွေက အတွင်းကြေ
ဒဏ်ရာဆိုးတွေ။ နှာသီးလေးတွေနီရဲနေသည်ထိ ငိုကြွေးနေတဲ့ မှော့်ကိုထွေးပွေ့ ချော့မြူချင်နေတဲ့ စိတ်ကိုချုပ်တည်းထားရသည်
မှာလဲ တကယ်မလွယ်လှပါ။ နားလည်ပေးပါ
မှော်...မင်းအနားမှာ မောင်မရှိချင်တော့တာ
မဟုတ်ပါဘူး မင်းအနားမှာမောင်မနေရက်
တော့တာကိုတော့ မှော်နားလည်ပေးပါ။
""ဘယ်လို အခြေအနေပဲ ရောက်ခဲ့ပါစေ
ကျွန်မရှင့်လက်ကို ရဲရဲ ကြီးဆုပ်ကိုင်ပြီး အားကိုးချင်ခဲ့တယ်၊ မှီခိုချင်ခဲ့တယ် ရှင်မလိုတဲ့လက်တစ်စုံကို ဖြုတ်ချလိုက်ပါ ကျွန်မထပ်ပြီးဆက်တွဲမနေတော့ဘူး ရှင်စိတ်ချမ်းသာ
သလိုပဲနေပါ ရှင်အဆင်ပြေသလိုပဲနေပါ""
""မင်း မုန်းလိုက်ပါ ငါ့ကိုမေ့လိုက်ပါ မင်း
အတွက်အကောင်းဆုံးဖြစ်မှာပါ...အရင်က
ငါတို့ရဲ့ အမှတ်တရတွေ သတိရခြင်းတွေကိုလဲ မေ့ဖျောက်လိုက်ပါ ၊ ဘာမှမပတ်သက်ခဲ့
ဘူးလို့ မင်းတွေးထားလိုက်ပါ""
သူ့စကားကို သူမနှုတ်ခမ်းမဲ့၏။ သူအားတင်း
ပြီး ပြောနေရတာကိုတော့ သူမဘယ်သိလိမ့်မလဲ...
""အမှတ်တရဆိုတာ သိမ်းထားလို့ကောင်းတဲ့
အရာကိုပဲ အမှတ်တရအဖြစ်သိမ်းဆည်းထားတတ်ကြတာပါ...အဟွန်း...
ရှင်နဲ့ရှိခဲ့တဲ့ အတိတ်ကအမှတ်တရတွေ
အားလုံးမှော် ဖျက်စီးလိုက်ပြီ ၊ မှတ်သား
ဖို့မကောင်းတဲ့ အမိုက်တွေလိုပဲ ကောင်းတဲ့
မှတ်မှတ်ရရတွေ တစ်ခုမှမရှိခဲ့လို့ပဲ""
ဒီတစ်ကြိမ်တော့ သူ့ကိုသူမတော်တော်ကြီး
စိတ်နာနေပြီဆိုတာ သူသေချာသိလိုက်ပြီ။
လက်သီးလေးကျစ်ကျစ်ပါအောင် ဆုပ်ထား
ပြီး စကားလုံးတွေကအစ သူ့ကိုအလဲထိုးနေ
ပြီ။ ဝမ်းသာတယ် မင်းမောင့်ကို ဒီလိုမုန်း
လိုက်တာကိုပဲ မောင်အရမ်းကျေနပ်တယ်။
မောင့်ရင်ထဲက မျက်ရည်တွေကိုတော့မင်း
ဘယ်တော့မှ မြင်ခွင့်ရှိမှာမဟုတ်ဘူးမှော်။
အမိုက်လိုပဲတဲ့လား...ဟုတ်တယ်မောင်က
မင်းဘဝအတွက်အမိှုက်လိုပဲ မင္းသိတာပဲ
မောင်ကျေနပ်တယ်။ ရင်ထဲများစွာငိုကြွေးနေ
ပေမဲ့ သူ့မျက်နှာထက်တော့ အေးစက်စက်
အပြုံးတွေကို မှော်ပိုပြီးခံပြင်းလှစွာ...
""ရှင့်ကိုကျွန်မ လွှတ်လပ်ခွင့်ပေးလိုက်ပြီ...
ရှင့်နောက်မှာ အရိပ်လိုတကောက်ကောက်
လိုက်နေမဲ့ ကျွန်မဆိုတာ မရှိစေရတော့ဘူး...
ရှင့်ကိုအရိပ်လိုလိုက်ကြည့်နေမဲ့ ကျွန်မမရှိတော့ဘူး ရှင့်ကိုတစ်ဖက်သတ် လိုက်ချစ်နေမဲ့ ကျွန်မမရှိတော့ဘူး စိတ်မြန်ဆန်ပြောင်းလဲ
တတ်တဲ့ရှင့်ကို ကျွန်မအရမ်းကြောက်သွားမိပြီ ""
ရှင်အတွက်ပိုအဆင်ပြေသွားဖို့ပါ မောင်။
ရှိုက်သံတွေနှင့် ရင်ထဲပြောမိခြင်း။ အေးစက်
နေတဲ့ သူ့အပြုအမူတွေကို မှော်စိတ်နာတတ်လာပြီ...စိတ်ကုန်သွားတာတော့မဟုတ်ဘူး
သိတ်နာတတ်သွားတာ။ စိတ်ပျက်သွားတာ
မဟုတ်ဘူး စိတ်ဆိုးသွားတာ။ ခုချိန်ထိအေး
စက်တဲ့ အကြည့်တွေနှင့် ကြည့်နေတဲ့ သူ့ပုံစံ
ဖရိုဖရဲကိုကြည့်ပြီး တစ်ပတ်ဆိုတဲ့ အတော
အတွင်းမှာ သူ့ပုံစံကိုကြည့်ရတာ မှော်ကြောင့်
ခံစားနေရတာလား...ဒါမှမဟုတ် သူပျော်နေခဲ့
တာလား။ ပျော်လိုက်ပါ ကျွန်မရှင့်အနား
အရင်လို ရှိနေမပေးတော့တာ ရှင်စိတ်ချမ်း
သာဖို့ပါ...
""ပြောင်းလဲတတ်တာ ငါ့စရိုက်မဟုတ်ဘူး
မေ့ပြစ်တတ်တာ ငါ့အကျင့်ပဲ ရှေ့ကိုခရီးဆက်ပါ ဗိုလ်နေမြဲကျားနေမြဲအတိုင်းပဲပေါ့
အဟွန်း""
""ဆက်ပါ...ရှင့်ဖြစ်ချင်သလို ရှင့်ဘဝကို
ရှေ့ဆက်ပါ ကျွန်မရှင့်ကို အချစ်တွေနဲ့
ဘောင်လဲခတ်မထားဘူး စည်းလဲတားမထား
ဘူး လွတ်လပ်စွာရှင့်ဘဝကို ရှေ့ဆက်ဖြတ်
သန်းပါ... ရှင်ပျော်ပါစေလို့လဲ ကျွန်မအမြဲဆုတောင်းနေမှာပါ""
""ဂျိန်း...ဂျိန်း....""
ရုတ်တရက် မိုးခြိမ်းသံအကျယ်ကြီးနှင့်အတူ
ကောင်းကင်တစ်ခုလုံး ညိုမှောင်သွားသည်။
မျက်နှာချင်းဆိုင် သူတို့နှစ်ယောက်ကတော့
မတုန်မလှုပ် ရပ်နေမြဲ။
တိမ်စိုင်တွေနှင့် အပြိုင်မင်းမျက်နှာတစ်ခုလုံး
ကလဲ ညိုမှောင်နေတာပါလား။ အသည်းတစ်
ခုလုံး ဆုပ်ညှစ်ခံလိုက်ရသလို နာကျင်သွား
တဲ့ ရင်တစ်ခုလုံးက သေတော့မယ်လူတစ်ယောက်သဖွယ် သူ့ကိုယ်ကြီးကတောင့်တောင့်ကြီးပင်။ မင်းစကားတွေတတ်လာလိုက်တာ
မောင့်ကို ဘယ်အချိန်ထဲက စီးချင်းထိုးဖို့
ကြံရွယ်နေခဲ့တာလဲ...
အသက်ရှူလိုက်တိုင်း အသည်းနာတယ်မှော်။
မင်းပဲပြောခဲ့တာလေ...မင်းကမောင်မပိုင်တဲ့
မောင့်ရဲ့ ဒုတိယအသက်ဆိုတာ အမှန်ပဲ။
မင်းမရှိတော့ဘူးဆိုတဲ့ အသိက မောင့်ကို
သတ်လိုက်သလိုပဲ...ဖြတ်သန်းခဲ့ရတဲ့ တစ်ပါတ်အတွင်းမှာ မောင်ဟာအသေခံလူသား
တစ်ယောက်လိုပဲ..... အသေချာဆုံးမောင်သိ
လိုက်တာ မင်းကိုအသက်လို မောင်ချစ်နေမိတယ်ဆိုတာပဲ။
""အပိုင်းပိုင်းခြားနားထားတဲ့ မင်းနဲ့ငါ့ကြား
မှာ နီးလျှက်နဲ့လဲ မဝေးချင်ဘူး မင်းမိဘတွေ
စကားကိုနားထောင်ပြီး မင်းမိဘသဘော
တူတဲ့သူနဲ့ လက်ထပ်လိုက်ပါ ဒါမင်းအတွက်
အကောင်းဆုံးဖြစ်သလို မင်းအပေါ်..
တဒဂ်စိတ်သာယာမိသွားတဲ့ ငါ့စိတ်ကိုလဲ
ငါပြန်ရုပ်သိမ်းလိုက်ပြီ ငါ့ကိုအလိုမရှိတဲ့
မင်းမိသားစုထဲ ငါဝင်မလာဘူး ငါ့အတွက်
မိန်းမမရှားဘူး""
""ဟုတ်တာပေါ့...ရှင့်စကားတွေသိပ်မှန်တယ်
ရှင့်အတွက်အပေါဆုံးက မိန်းမပဲလေ မှော်
မေ့နေခဲ့တာ""
သူသာမှော်ဘက်မှာ ရှိနေပေးကြည့် မှော်
တစ်လောကလုံးကို ဆန့်ကျင်ပြီးသူ့ဘက်
ရပ်တည်ပေးခဲ့မှာအမှန်ပဲ။ ခုတော့ သူပြော
ရက်လွန်းပါဘိ...ဘာတဲ့...တဒဂ်သာယာသည်
တဲ့လား။ မှော်မျက်နှာလေးကို တင်းလိုက်ပြီး
သူ့အရပ်အရှည်ကြီးမော့ကြည့်ကာ နှုတ်ခမ်း
တွေကို မဲ့ပြီးပြုံးနေတဲ့ သူ့မျက်နှာကိုမုန်းတီး
စွာကြည့်လိုက်ပြီး...
""ရှင့်ကိုနောက်ဆုံးအနေနဲ့တော့ ကျွန်မရဲ့ပေး
ဆပ်ခဲ့ရတဲ့ နှလုံးသားအတွက် လျှော်ကြေး
အဖြစ်တော့ တစ်ခုအလျှော်ယူသွားခဲ့မယ်""
""...........""
""ဖြန်း..!!!!""
အားရှိအားကုန်သုံးပြီး လွှဲရိုင်ပြစ်တဲ့သူ့ပါးပြင်
ကြီးမှာ လည်ထွက်သွားသည်။ ချက်ချင်းပြန်
လှည့်လာပြန်တော့လဲ ဂရုမစိုက်ဘူးဆိုတဲ့
သဘောနှင့်အကြည့်တွေ။ မှော်ကျေနပ်သွား
တာတော့မဟုတ်ပဲ ကျေနပ်အောင်နေလိုက်မိ
တာ သူ့ကိုလက်စားချေချင်တာမဟုတ်သလို
သူသိအောင် မှော်သူ့ကိုအရမ်းနာကြည်း
သွားပြီဆိုတာ သိစေချင်ယုံပင်။
""ရှင်ပျော်လိုက်တော့""
ကျောခိုင်းခြင်းတွေများစွာထဲကမှ ဒီတစ်ကြိမ်
ကျောခိုင်းခြင်းကမှော့်အတွက် အနာကျင်ဆုံး
ပါပဲ။ ကြွေမွနေတဲ့ ရင်ထဲကအချစ်တွေက
အစိုင်အခဲတစ်ခုသာဆိုလျှင် အဲ့အစိုင်အခဲ
တွေကို အငွေ့အဖြစ်ပြောင်းလဲစေလိုက်ချင်
သည်။
သို့ပေမယ့် အကောင်အထည်ဖော်ပြ
လို့လဲမရ ဆုပ်ကိုင်ပြလို့လဲမရတဲ့ သက်ရှိလဲ
မဟုတ်...သက်မဲ့လဲမဟုတ်တဲ့ စိတ္တဇလို
အချစ်ဆိုတဲ့အရာကို ကျွန်မသိပ်ကြောက်သွားမိပြီ။ အဲ့ဒီအချစ်ဆိုတဲ့အရာကို ကျွန်မ
သူ့ကိုကျောခိုင်းချင်းနှင့်အတူ ချိတ်ပိတ်
လိုက်ပြီ။ ကျွန်မနှလုံးသားလဲ အသေသတ်
လိုက်ပြီ။ ကျွန်မအချစ်ကိုသိပ်ကြောက်သွား
ခဲ့ပြီ။
~ ~ ~ ~~ ~ ~ ~ ~ ~ ~ ~ ~ ~
""အကြောင်းစုံကို မင်းရှင်းပြသင့်တယ်။
မင်းအပေါ်အရမ်း...ဒီလောက်နားလည်ပေးနေခဲ့တာပဲ""
""ငါမခေါ်ရက်ဘူး""
ကျောခိုင်းသွားတဲ့ မှော်ကျောပြင်ကိုကြည့်
ပြီး ဂျူနိုနှင့်စီးချင်းကားထဲမှ အသက်မဲ့စွာ
ကြည့်မိ၏။ တကယ်ပဲခက်ခဲလွန်းတာ
ကိုယ်ချစ်ရတဲ့သူ ကိုယ့်ကိုမုန်းတီးသွားခြင်း
က ခက်ခဲဆုံးပဲ။ သို့ပေမဲ့သူမတတ်နိုင်ပါ။
သူ့ဘဝအမှောင်ထဲ သူမကိုမခေါ်ရက်တော့ပါ။
မျက်စိထဲ ဝေဝါးသွားတဲ့အချိန်ထိ ကျောခိုင်း
သွားတဲ့ သူမကိုကြည့်နေဆဲ။ မင်းလေး
လွတ်လပ်စွာပျံသန်ပါ ဖြူစင်တဲ့ငှက်ကလေး။
""အန်တီကြီးရဲ့အမှု့ နောက်တစ်ပါတ်စစ်
မှာ မင်းသွားမှာလား""
သူခေါင်းကိုသာ ခါရမ်းမိသည်။ ဂျူနိုသက်ပြင်းချသံကြီးလဲ သူကြားနေရ၏။
""ငှမြေားတရားနိုငျဆျုပမေဲ့ နာမည်ကြီးသွား
တဲ့သတင်းနဲ့အတူ ငွေဘယ်လောက်ထိုးထိုး
လွှတ်ဖို့ရန် ခက်ခဲသွားပြီ၊ အထူးသဖြင့်
အမှု့ကဆေးမှု့ဖြစ်နေတော့""
""မင်းပဲ စီစဉ်လိုက်ပါ ကျေးဇူးပြုပြီးခုချိန်
ငါ့ကို ဘာအကြောင်းမှမပြောပေးပါနဲ့လား""
ဂျူနိုအလိုက်သိစွာ ငြိမ်သက်ပေးလိုက်မိ
သည်။ စီးချင်းကတော့ မမြင်ရတော့တဲ့ မှော်သွားရာ လမ်းကလေးကိုကြည့်နေဆဲ။
ဘယ်နှစ်ကြိမ်မှန်းမသိတော့တဲ့သက်ပြင်းကို
သူ လေးပင်စွာ ထပ်ချမိပြန်သည်။
တိုက်ဆိုင်လွန်းတဲ့ အခြေအနေတွေအဖြစ်
အပျက်တွေကပဲ စီးချင်းနဲ့မှော်ကိုဝေးကွာ
အောင် ဖန်လိုက်လေသလားပဲ။ မှော်စေ့စပ်တဲ့
နေ့မှာပဲ စီးချင်းမာမီဆေးသုံးစွဲမှု့နဲ့ ကလပ်မှာ
ဖမ်းမိလိုက်တာ...ကလပ်တစ်ခုလုံးမှာ
ပိတ်ခံလိုက်ရတာ။ ဒီလိုအခြေအနေမျိုးမှာ
ဖြူစင်တဲ့မှော့်ကို သူ့ဘဝထဲတွဲမခေါ်ရက်ဘူး
ဆိုပြီး သူမစိတ်နာစေတဲ့ စကားတွေသူရွေး
ပြောခဲ့ပေမဲ့ သူတို့ချစ်ခြင်းမှန်ကန်သည်ကြောင့်ဘေးမှမြင်ရသူပင် စိတ်မကောင်း ဖြစ်နေကြသည်။