book

Index 22

အခန်း[၂၂]

📖အရိပ်တစ်ခုပိုင်ဆိုင်ခြင်း📖

""မေမေ မှော်လက်မခံဘူးနော်""

""စေ့စပ်ကြောင်းလမ်းပြီးပြီ ၊ ဘာကိုလက်မခံ
ဘူး လုပ်နေသေးတာလဲ""

အိမ်ထဲမှာ လူတစ်ယောက်မှမရှိတော့သည့်
အချိန်၌ ဧည့်ခန်းထဲတွင် ဖေဖေ မေမေနဲ့မှော်
သုံးယောက်သာရှိနေစဉ် မကျေမနပ်ပြောနေတဲ့ စကားတွေကို မေမေကလဲလက်မခံ။
ဖေဖေကတော့ ပွဲ ကြည့်ပရိတ်သတ်တစ်ယောက်သဖွယ် ဘာမှဝင်မပြောပဲ မှော်တို့
ပြောစကားကိုသာ အကဲခတ်နားထောင်နေ၏။ မှော့်မှာတော့ သွေးပျက်မတတ်
ခြောက်ခြားနေရတာ မေမေမှာတော့အောင်နိုင်သူသဖွယ် သွေးအေးအေးနှင့်သာ။

""မေမေအဲ့လို လုပ်လို့မရဘူးနော် ၊ မှော့်
ဆန္ဒမပါပဲ မေမေမလုပ်သင့်ဘူး မှော်ကလေး
လဲ မဟုတ်ဘူး အိမ်ထောင်ရေးကိုတော့
မေမေတို့ချုပ်ကိုင်ဖို့ မစဉ်းစားပါနဲ့..မေမေရယ် မှော်အရွယ်ရောက်နေပါပြီ စဉ်းစားတတ်ပါတယ်""

""အဟွန်း...အေး...ညည်းသိအောင်ပြောပြ
မယ် ၊ ညည်းကိုအရင်က အိမ်ထောင်ရေးမှာ
ဘာမှ မစွက်ဖက်ဘူးလို့ စဉ်းစားထားတာပဲ
ဒါပေမဲ့ခုတော့ ဝင်မပါလို့မရအောင် ည ည်း
တွဲနေတဲ့ ကောင်လေးရဲ့နောက်ကြောင်း
တစ်ခုလုံးက စုတ်ပြတ်နေတာပဲ""

""သူပြုပြင်နေပြီပဲ သူ့အတိတ်ကမလှခဲ့ရင်
တောင် အနာဂါတ်အတွက် သူအကောင်းဆုံး
ပြင်ဆင်နေတာ မေမေတို့မှမသိပဲ""

မှော်မျက်ရည်တွေ ရစ်ဝဲလာပြီး မေမေ့လုပ်ရက်တွေကို ဘယ်လိုတားဆီးရမည်မှန်း
မသိတော့။ မေမေ့အကြောင်းကို မှော်သိတယ်
လုပ်ချင်ရာကို မဖြစ်ဖြစ်တဲ့နည်းနဲ့ ဖြစ်အောင်
လုပ်တတ်တဲ့သူ။ ခုလဲမှော်ဆန္ဒမပါပါပဲ ဆရာ
နှင့်မှော်ရဲ့ စေ့စပ်ကြောင်းလမ်းခြင်းပြီးဆုံး
သွားပြီတဲ့။ ဟင့်အင်းမဟုတ်ဘူး မဖြစ်ရဘူး။
မောင် မှော့်ကိုမုန်းလိမ့်မယ်...မေမေ မေမေက
လဲ မှော့်ကိုမုန်းလိမ့်မလားပဲ။ မှော် မေမေ
ထံ ကြည့်ပြီး စကားတွေသာပြောနေပေမဲ့
တစ်ကိုယ်လုံး ထူပူပြီးဘာလုပ်ရမည်မှန်း
မသိအောင် ချောင်ပိတ်ခံနေရတဲ့ အနေ
အထားတစ်ခု။

""ဘာမှ ဖြေရှင်းချက်တွေလာမပေးနဲ့ ညည်း
ကို အဲ့ကောင်လေးနဲ့ပေးစားမဲ့အစား ခွေး
မြီးဖြတ်ပြီးပေးစားပြစ်မယ် ညည်းရှေ့ဆက်
ကြည့်စမ်း ငါတို့မလုပ်ရဲဘူးမထင်နဲ့ ညည်းလဲ
သေခန်းပြတ်ချင်ရင် အဲ့ကောင်လေးနဲ့ရှေ့
ဆက်""

မေမေကလဲ မာန်မလျော့ မှော်ကလဲဇွဲမလျော့
နှင့်တော့ ရှေ့ဆက်ရမဲ့လမ်းမှာ ဆက်ထုံးကနေ ပြတ်ဖို့ရန်သေချာနေတဲ့ မောင်နဲ့မှော်
ရဲ့ အနာဂါတ်ကမတွေးရဲစရာ။

မေမေ မောင့်ကိုအဲ့လောက်တောင် မုန်းနေတာ
လား။ တစ်ခါမှ ကြမ်းကြမ်းတမ်းတမ်းမပြော
ဖူးတဲ့ မေမေပါးစပ်က သူ့ကိုခွေးထက်ပင်
တန်ဖိုးမထားဘူးတဲ့လားမေမေရယ်။ သူ့ကို
ဘာကြောင့် အလိုမရှိနေတာလား။

""မေမေဘာလို့ သူ့အပေါ်အဲ့လောက်ထိ ခါးသီးနေရတာလဲ""

""ငါတို့မျိုးရိုးက သူများတွေလိုပိုက်ဆံအရမ်း
ချမ်းသာဖို့မလိုဘူး လူချမ်းသာမှု့ကအဓိက
ပဲ အဲ့ကောင်လေးက ဘယ်လိုဆိုတာညည်းကို
အရင်ထဲက ပြောပြထားပြီးပြီ ထပ်မေးနေဖို့
လိုသေးလို့လား တော်ပြီ ငါ့ကိုဘာမှစောဒက
ထပ်မတက်နဲ့ စေ့စပ်ကြောင်းလမ်းပြီးပြီ
နောက်လထဲ တစ်ခါထဲလက်ထပ်ပေးမယ်
ခုချိန်ကစပြီး အဲ့ကောင်လေးဆီမှာ ညည်း
အလုပ်လုပ်စရာမလိုဘူး""

ဖေဖေကတော့ မေမေနဲ့မှော်ကိုဘာမှမပြော
တော့ပဲ ထွက်သွားပြီ။ မေမေသည်လဲ ပြော
စရာရှိတာတွေပြောပြီး ထွက်သွားလေပြီ။
မှော်တစ်ယောက်ထဲ ဧည့်ခန်းထဲအရုပ်ကြိုး
ပြတ် ထိုင်ချပြီးဘာလုပ်ရမည်မှန်းမသိတော့။
မျက်ရည်တွေသာ ခြောက်ကပ်ကပ်နှင့် အဖော်ပြုလာရ၏။

ဟင့်အင်း...ဒီလိုဖြစ်လို့မရဘူး။ ဆရာ...ဆရာ
ကိုငြင်းခိုင်းရမယ်။ မှော်မျက်ရည်များကို
ကပျာကယာဖိသုတ်ပြီး ဆရာထံသွားဖို့ရန်
ခြေလှမ်းတွေကို ဦးတည်လိုက်သည်နှင့်
ရုတ်တရက်မှော့် ဖုန်းလေးဝင်လာသည်နှင့်
ရင်တစ်ခုလုံး မိုးကြိုးပြစ်ခံလိုက်ရသလို
တုန်ယင်သွားရသည်။ မောင်လား... မောင်သိသွားပြီလား...သို့ပေမဲ့ မောင်မဟုတ်ခဲ့ပါ...

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

""ဟေ့...တော်တော်မှ ပျော်ပါရဲ့လား မှော်""

""လီလီ နင် ဘာပြောစရာရှိလဲ ပြောစရာရှိတာ
အမြန်ပြောငါမအားဘူး""

""အို..!!...ဟုတ်ကဲ့ပါရှင့် ကျွန်မအမြန်ပြောပါ့
မယ်""

လီလီအသံမြူးနေသည်ကို မှော်စိတ်ရှုပ်ရှုပ်
နှင့် ကားထဲထိုင်ပြီး နားထောင်နေမိသည်က
စိတ်ကတခြား။ ဆရာ့ထံသာ အမြန်ရောက်
သွားချင်နေ၏။

""စေ့စပ်ပွဲလေးမှာ ပျော်နေကြရဲ့လား""

""ဟင်.,.""

လီလီထံမှ စေ့စပ်ပွဲဆိုသည့်အသံကြားရတော့ မှော်ကြက်သေသေ သွားသလို ငြိမ်သက်သွား
ရ၏။ သူ သူဘယ်လိုသိတာလဲ။ မှော်တောင်
ဒီနေ့မှ သိရတဲ့စေ့စပ်ပွဲကို လီလီကချက်ချင်း
ကြီး ဘာကြောင့်သိနေရတာလဲ။ မှော်အတွေး
နဲ့တင် မျက်ဝန်းတွေမှာ အေးစက်လာပြီး
ဖုန်းကိုကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားရင်း

""လီလီ နင့်စိတ်ဓာတ်လေးကို ပြုပြင်သင့်နေ
ပြီလို့ငါထင်တယ် ၊ ဘာလဲနင်ကငါတို့မျက်ရည် ကျမှကျေနပ်နိုင်မှာလား""

""No... နင်နဲ့စီးချင်းကွဲမှ ငါပျော်နိုင်မှာ...
ငါကမရရင်နင်လဲ သူ့ကိုမရစေရဘူး""

""အခုနင်ပျော်နေလား ဟင် လီလီ နင်အခု
ပျော်နေတယ်မဟုတ်လား""

မျက်ဝန်းတွေထဲ ပူလောင်လာပြီးမျက်ရည်
ပူတွေက မှော့်ပါးပြင်ပေါ်သို့ မဖိတ်ခေါ်ပါပဲ သူ့သဘောနှင့်သူ.... သံရည်ပူတွေနဲ့
လောင်းချနေသည့်အလား။ မှော်အသည်း
တွေ တစ်စစီကွဲမကြေသေးပေမဲ့ ကွဲစပြုနေပြီ
မေမေကိုပဲ လွန်ဆန်ရမလား...ချစ်သူကိုပဲ
ကာကွယ်ပေးရမလား။ အတွေးပေါင်းစုံကြားမှာ ပိတ်မိနေတဲ့ ယုန်သူငယ်အဖြစ်နဲ့
မှော်အဖြစ်ကခုချိန် အရာရာတိုင်းသိမ်ငယ်
စရာတွေကြီးပဲပင်။ သို့ပေမဲ့...ရင်ထဲမှာတော့
ဒေါသထက် ပူလောင်ခြင်းတွေကသာကြီးစိုး
နေ၍ လီလီဘယ်လိုပဲ မောင်နဲ့မှော်ကွဲအောင်
လုပ်ပါစေ အပြစ်မယူချင်တော့ပါ..။

""ပျော်တာပေါ့ ငါခုအရမ်းပျော်နေတယ် အဟင်း""

""ပျော်ပါ...ငါနင့်ကိုအပြစ်မပြောတော့ဘူး။
လူတစ်ယောက်ကို စိတ်ချမ်းသာမှု့ ပေးပြီး
သူ့လုပ်ရပ်အမှားအမှန်ကို ဥပေက္ခာပြုပေး
လိုက်တာလဲ အေးချမ်းတဲ့ ကုသိုလ်တစ်ပါးပဲ""

""တရားတွေတော်တော် ပေါက်နေတာပဲ""

""နင့်ကို ငါထပ်ပြောလိုက်မယ်လီလီ၊ နင့်စိတ်
ပင်ပန်း လူပင်ပန်းခံပြီး ငါနဲ့စီးချင်းကို
ကွဲအောင်ဘယ်လောက်ပဲ ကြံကြံ မေတ္တာစစ်နဲ့
ချစ်တဲ့ငါတို့နှစ်ယောက် ဘယ်တော့မှဝေး
မှာ မဟုတ်ဘူးဆိုတာ နင်သိထားပါ""

""ခုချိန်ထိ နင်လေကြီးနေတုန်းပါလား မှော်
ရယ်၊ Ok လေ နင်ပြောတဲ့စကားကို ငါစောင့်
ကြည့်နေမယ် တကယ်ဟုတ်မဟုတ်ဆိုတာ
ပေါ့၊ အေးဟယ်ဒါပဲကွယ် အဟင်း...ငါ
စီးချင်းဆီ ဆက်လိုက်အုံးမယ်""

""လီလီ..""



တားဆီးချိန်ပင်မရလိုက် လီလီထံမှဖုန်းချ
သွားပြီ။ မှော်လှုပ်ရှားနေတဲ့ စိတ်ကိုငြိမ်အောင်ထားပြီ ခေါင်းနောက်စရာတွေကို ရှင်း
ပြစ်လိုက်သည်။

""စိတ်ကိုအေးအေးထားမှော် ၊ ဒီအခြေအနေ
မျိုးမှာ ဝုန်းဒိုင်းကျဲလို့မဖြစ်ဘူး ၊ သေချာ
တယ် မောင်ကလဲမှော်ကို နားလည်ပေးမယ်
ဆိုတာ မှော်သိနေတယ်""

မှော် ကို့ကိုယ်ကိုယ် အားပေးရင်း ဆရာ့ဆီ
သာ သွားဖို့ရန်ပြင်လိုက်မိသည်။ ခွင့်လွှတ်ပါ
မောင်.. မှော်အရာရာအဆင်ပြေအောင်လုပ်ရ
မှာမို့ မောင့်ဆီစိတ်ဒုက္ခမပေးချင်တာပါ။
အားလုံးအေးချမ်းသွားရင်မောင့်ကို မှော်ရှင်းပြပါ့မယ်။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

""ကိုယ်တောင်းပန်ပါတယ်မှော် ကိုယ်လဲ ဒီကိစ္စတွေ တကယ်မသိရတာပါ""

သူကိုယ်တိုင်လဲ ဒီနေ့မှသိရသည့်အဖြစ်မို့
သူတွေးထားသည်က မှော်သူ့ထံဝုန်းဒိုင်းကျဲ
ပြီး ရောက်ချလာမည်ဟုသာ။သူထင်ထားတာထက် ပိုပြီးတည်ငြိမ်နေတဲ့ သူမလေးကြောင့် သူ့မှာပိုပြီး အားနာမိ၏။

ခြံထဲမှဒန်းလေးပေါ် နှစ်ယောက်သားထိုင်နေ
ကြပြီး နှစ်ယောက်လုံးမသိပဲ စေ့စပ်ကြောင်း
လမ်းပြီးဆုံးခြင်းကို ခေါင်းအေးအေးထားပြီး
တိုင်ပင်နေကြ၏။

""မှော့်ကို နားလည်ပေးပါဆရာ ၊ တကယ်တော့မှော်မှာ ချစ်သူရှိပါတယ်""

""ကိုယ်သိပါတယ်""

""ဟုတ် ဆရာ""

ဆရာသိနေတာကို တော့မှော်မအံ့သြတော့ပါ။
တစ်လောကလုံးနီးနီး သိနေကြပြီးမှ ဆရာ
သိနေတာက အထူးအဆန်းမှမဟုတ်ပဲလေ။

""ကိုယ် ဝန်ခံပါရစေ ""

""ဟုတ် ပြောပါဆရာ""

""မှော့်ကိုငယ်ငယ်ထဲက ချစ်ခဲ့တဲ့အချစ်က
တော့ ဘယ်တော့မှမပြောင်းလဲပဲ ရှိနေမှာပါ။
ဘယ်အခြေအနေမျိုးပဲရောက်ခဲ့ပါစေ
မှော့်ဘက်မှာ ဘယ်သူမှမရှိခဲ့ရင် မှော်အနောက်လှည့်ကြည့်လိုက်သည်ဖြစ်ဖြစ် ၊
အရှေ့လှည့်ကြည့်လိုက်သည်ပဲ ဖြစ်ဖြစ်...
အရပ်လေးမျက်နှာလုံးမှာ ကိုယ်ရှိနေတယ်
ဆိုတဲ့ အတွေးလေးရှိနေပေးပါ""

""ဆရာရယ်""

အလိုလိုရစ်ဝဲလာတဲ့ မျက်ရည်တွေက စိတ်နု
နယ်တဲ့ မှော့်အတွက် အရာရာတိုင်းကထိလွယ် ရှလွယ်ခံစားလွယ်တဲ့ နှလုံးသားနုနုလေး။ ဆရာ့အချစ်ကို လေးစားပေမဲ့ လက်မခံနိုင်တဲ့ နှလုံးသားကိုတော့ လက်ညှိုးညှန်ပြီး
ခိုင်းစေ၍လဲမရတော့...နေသားတကျနေကြ
ရုံမှလွှဲ ပြီး ကျန်တာဘာမှမရှိချေ။ အရပ်လေးမျက်နှာလုံးမှာတောင် ဆရာကမှော့်
အတွက်နေရာယူထားပေးတာလား။ မှော်
ဝမ်းနည်းမိပေမဲ့ ဖေးမမည့်စကားတွေက ကိုယ့်ကိုယ်ကိုယ်ပင်မထိုးဖောက်နိုင်၍ ဘာမျှ
မတတ်နိုင်။

""စွန့်လွှတ်သင့်တဲ့သူကို စွန့်လွှတ်လိုက်ပါ..
စွန့်လွှတ်မှု့နဲ့မတန်တော့တဲ့သူကို ကိုယ့်ဘဝ
ထဲကနေ အပြီးပိုင်ထုတ်လိုက်ပါ အဲ့ဒါက
ဆရာ့အတွက်ပိုပြီး စိတ်ချမ်းသာမယ်လို့
မှော်ထင်ပါတယ် ၊ မှော်တောင်းဆိုတာလေးတော့ ဆရာလက်ခံပေးပါ....
လက်ထပ်ပွဲကိုဆရာငြင်းပေးပါ""

မှော့်စကားတွေကိုနားထောင်နေတာလား
ဒါမှမဟုတ် ဆရာတစ်ခုခုကိုပဲ လေးလေးနက်
နက်တွေးနေတာလား မှော်မဝေခွဲတတ်။
သူ့ကိုမှော်အကဲခတ်နေမှန်းသိပေမဲ့ သူ မတုန်
မလှုပ် ခေတ္တ တိတ်ဆိတ်နေမိခြင်းက ရင်ထဲ
လှိုင်းလုံးပြင်းပြင်းရိုက်ခတ်နေသလို ပြင်းရှရှ
ခံစားချက်က ဆို့ကျပ်နေ၍ပါ..။ လွယ်လွယ်
နှင့် စကားပြောမထွက်နိုင်လောက်အောင်
ဆို့ကျပ်နေမိ၍ပါ။

လက်ထပ်ပွဲကို ငြင်းပေးပါဆိုထဲက သူ့ကြို
သိထားတဲ့အရာဆိုပေမဲ့လဲ ခံနိုင်ရည်ရှိဖို့
အဆင်သင့်မဖြစ်သေးတဲ့ သူ့နှလုံးသားက
ခံစားတတ်သွားတာပါ။ ယောက်ျားတန်မဲ့
နုလွန်းပြီး ခံစားတတ်တဲ့နှလုံးသားရှိနေတာကလဲ ကိုယ်တကယ်နှစ်နှစ်ကာကာချစ်မိ၍ပင်။
အချစ်ဆိုတာထက် ခိုင်မြဲတဲ့သံယောဇဉ်နှင့်
ချည်နှောင်ထားတော့ လွယ်လွယ်ဖြတ်ဖို့ရန်
ခက်နေတဲ့ သူ့အဖြစ်ကိုသူအပြစ်မတင်ချင်တော့။ ရသမျှကိုယူပြီး ပေးတာလေးနှင့်ပဲ
ကျေနပ်လိုက်မိတော့သည်။ ဒါတရားသော
နည်းလမ်းဟု သူထင်၍ပါပဲ။သက်ပြင်းကိုလေးပင်စွာချပြီး သူတစ်လုံးခြင်းပြောမိ၏။

""အရာရာမှော် စိတ်တိုင်းကျဖြစ်စေရပါမယ်
မှော်ဆန္ဒမပါပဲ ကိုယ်ဘယ်အရာမှ လက်မခံ
ဘူးဆိုတာ ယုံထားပေးပါ""

သူ့စကားကို မျက်ဝန်းလေးတွေတလက်လက်
နှင့် အကျေနပ်ကြီးကျေနပ်ကာ ပျော်နေတဲ့
သူမမျက်နှာလေး ကြည့်ပြီး သူပျော်နေမိတာ။
သူအရမ်းပျော်နေမိတာပါ..။ ကိုယ်ချစ်ရတဲ့
သူကို သူစိတ်ချမ်းသာအောင် စွန့်လွှတ်ပေး
ခြင်းကလဲ ကိုယ့်ချစ်သူကို ပေးနိုင်တာလေး
ထဲက အကောင်းဆုံးဆုတစ်ခုပါပဲ။

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

[ တစ်ပတ်ခန့်ကြာပြီးနောက်...]

သို့/
ချစ်လှစွာသော....
မောင်....

လူနှစ်ယောက်မှာ တစ်ယောက်က
အတင်းချစ်နေပြီး...ကျန်တစ်ယောက်က
အလေးမထားရင် အချစ်စစ်မဟုတ်တော့ဘူး
အဲ့ဒါ ဝဋ်ကြွေးဖြစ်သွားပြီတဲ့ မောင်။
ဟုတ်လားမောင်.... ကျွန်မမောင့်ကိုအရမ်း
ကြီးချစ်နေမိတာ ကျွန်မဝဋ်များဖြစ်နေမိတာ
လား။ တကယ်လို့ ဝဋ်ဆိုတာမှန်ခဲ့ရင်လဲ
အချစ်ဝဋ်ပဲ ဖြစ်ပါရစေ ......
မောင်။
အခုလဲ...ကိုယ့်ကို စွန့်ပြစ်သွားတာလား...
မေ့ပြစ်သွားတာလား မသေချာမရေရာတဲ့
လူတစ်ယောက်ကို ကျွန်မတမ်းတနေမိပြန်ပြီ
ဒါကိုဘယ် စာဆိုပညာရှင်တွေက
ဘယ်လိုသတ်မှတ်ကြဦးမှာလဲ ကျွန်မ....
မသိဘူး။
ကျွန်မသိတာ မောင့်ကိုရိုးရှင်းစွာနဲ့
ချစ်တယ်။ အချစ်တစ်ခုမှာ မိန်းကလေး
ဖြစ်ဖြစ် ၊ ယောက်ျားလေးဖြစ်ဖြစ် ချစ်သူ
တွေ ဖြစ်ခဲ့ကြရင်...သူတို့နဲ့သက်ဆိုင်တဲ့
မိဘတွေ အသိုင်းအဝိုင်းတွေရဲ့ ကြည်ဖြူမှု့
ရဖို့အတွက်...ဥစ္စာရှိရမယ်...
ဥစ္စာမရှိရင် ပညာရှိရမယ် ပညာမရှိရင်
လိမ္မာရေးခြားရှိရမယ်...သို့လောသို့လော
များစွာသော စံတွေနဲ့သတ်မှတ် ချုပ်နှောင်
တတ်ကြတယ်...ကျွန်မမောင့်ကိုအဲ့လို
စံတွေနဲ့ သတ်မှတ်ခဲ့ဖူးလားမောင် ချုပ်နှောင်
ခဲ့မိဘူးလား...အကျပ်ရိုက်ခဲ့ဖူးလား...

မှော်စာလေးရေးနေရင်းနှင့် မျက်ဝန်းတွေထဲ
မျက်ရည်တွေ အိုင်လာပြီး ဗလာကျင်းဖြစ်နေ
တဲ့ ရင်တစ်ခုလုံးအသည်းခိုက်အောင် နာကျင်
နေတာ တိတ်တိတ်ပုန်းတစ်ယောက်ထဲ ကြေ
ကွဲနေမှုမျိုး။ မည်သူ့ကိုမှရင်မဖွင့်ရဲ မည်သူ့ကို
မှ မပြောပြရဲ။ ကိုယ့်ဘက်မှာတစ်ယောက်မှ
မရှိခဲ့ကြ။ ဆရာနှင့် လက်ထပ်ဖို့ရန်ငြင်းဆို
လိုက်ထဲမှ မှော့်ကိုသမီးအဖြစ်မှ မစွန့်လွှတ်ရုံ
တမယ် ဒေါသဖြစ်ခဲ့တဲ့မေမေ။ မှော်ကသမီး
မိုက်မို့ ဒါတွေကိုလစ်လျှူရှူ့ခဲ့တယ်..။
ခွင့်လွှတ်ပေးပါမေမေ...မှော်ကလူငယ်မို့
နှလုံးသားကိုရှေ့တန်းတင်နေမိပေမဲ့မေမေကို
မှော် ပုန်ကန်တာမဟုတ်ခဲ့ပါဘူး။

ဆရာ့ကို မှော်တရားချခဲ့ပေမဲ့ မှော်ကိုယ်တိုင်
က မောင့်ကိုရူးမိုက်ပြီး ကပ်တွယ်ချင်နေသေးတာ..ဆရာကြားရင် ဟားတိုက်ရယ်လေ
မလားပဲ။

မောင့်တစ်မျက်နှာတစ်ရွာထင်ပြီး အရာရာ
ကို ကျောခိုင်းလိုက်ပြန်တော့လဲ ကပ်တွယ်
ဖို့ရန်မပြောနှင့် အရိပ်အယောင်လေးပင်မပြ
ချင်လောက်အောင် ကျွန်မကိုမောင်အရမ်း
မုန်းသွားခဲ့ပြီ။ ဒီလိုအခြေအနေမျိုးမှာပဲ
မှော်သူ့ဘက်ကရပ်တည်ခဲ့ပေမဲ့ မှော်ဘက်မှာ
သူရှိမနေခဲ့တာ မှော်ရင်နာနာနှင့်ပဲ သူ့ကိုစွဲမိ
နေတဲ့ စိတ်ကိုမုန်းသည်။ ရှင့်ကိုကျွန်မ မုန်းလို့ရရင်မုန်းချင်ပါတယ် မောင်။ မျက်ရည်စက်တွေနှင့် ပြည့်နေတဲ့စရွက်ကလေးကို လက်ကလေးပြန်ချပြီး စာရွက်တွေပေါ် ဖွင့်ချမိတဲ့
စကားလုံးများမှာ...

..............

မောင့်အပေါ် စိတ်စေတဲ့အနိုင်ယူမှု့တွေ
ကျွန်မဖန်တီးမိဖူးလား...တစ်လောကလုံးကို
ရင်ဆိုင်ပြီးမှ မောင့်လက်တစ်စုံကို
ဆုပ်ကိုင်ဖို့ ရွယ်လိုက်တဲ့ ကျွန်မလက်တစ်စုံ
ကို ပြန်ရိုက်ချလိုက်တဲ့ ရှင့်ကိုမှော်.....
မုန်းရမည်လား ချစ်ရမည်လား။
လူတစ်ယောက်....ပထမတစ်ကြိမ်မှားတယ်
ခွင့်လွှတ်တယ် ဒုတိယတစ်ကြိမ် ခွင့်လွှတ်
တယ်...တတိယအကြိမ်နောက်ဆုံးထားပြီး
ခွင့်လွှတ်တယ်...လူတိုင်းက ဘောင်တွေ
စည်းတွေနဲ့ ကန့်သတ်မှု့တွေထဲမှာအများဆုံး
နေကြပါတယ်...ကျွန်မကတော့ စည်းအပြင်
ဘက်ကလူတစ်ယောက်လိုပဲ အကြိမ်ကြိမ်
ခွင့်လွှတ်တတ်နေခဲ့တယ်...ဒီလိုရှင့်အပေါ်
အမြဲသည်းခံနေတတ်တာတွေကို ကျွန်မ
စိတ်ကုန်တတ်လာပြီ...ဒါပေမဲ့စိတ်မပျက်
မိဘူး။ ရှင်ရှိနေနိုင်မဲ့ အရပ်လေးမျက်နှာလုံး
ကို မျက်နှာမူပြီး လိုက်ရှာနေမိတာ အရူး
တစ်ယောက်လိုပဲ။ တကယ်လဲကျွန်မက
ရူးနေခဲ့တာ ကြာပါပြီ ၊ ရှင့်ကိုချစ်မိထဲက
ရူးနေမိတာဆိုပိုမှန်လိမ့်မယ်။ နီးသွားဖို့..
ကြိုးစားလေ ဝေးဖို့ဖန်လာလေ...ထွက်ပြေး
လေ...ဝေးလေ...ဝေးမြဲ ဝေးနေဆဲ။
တစ်ခုပဲ ကျွန်မနှလုံးသားနဲ့ရင်းပြီးပြောပြ
ရရင် ....
မျှော်လင့်ခြင်းကင်းမဲ့နေတဲ့ ကျွန်မရဲ့
အချစ်တွေက မောင့်တစ်ယောက်ထဲအတွက်
သီးသန့်ဖြစ်တည်မှု့လေးတစ်ခုမို့...
ရည်မှန်းချက်ကြီးကြီးထားတတ်တဲ့ မှော်
အတွက် အမြဲထာဝစဉ် ရှင်သန်နေဦးမှာပါ...

ပြန်လာပါလို့ ပြောဖို့မလိုမှန်းရှင်သိနိုင်အောင်
ကျွန်မမေတ္တာတွေက စစ်မှန်ခဲ့ရင်...
အလိုလို ရှင်ကျွန်မအနားရောက်လာခဲ့မယ်
လို့ ကျွန်မယုံကြည်တယ်...
မောင်.....

ဆောရီးမောင်...ကျွန်မစာတွေအများကြီး
ရေးပြီး မောင့်ကိုအလွမ်းဖြေမိပြန်ပြီ။

မောင့်ကိုသိပ်ချစ်တဲ့
မှော်...

..................

ရေးလက်စလေးကို အဆုံးသတ်လိုက်ပြီး
စာရွက်ပေါ် ကြွေဆင်းနေတဲ့ မျက်ရည်စတွေ
ကို ဖိသုပ်ရင်း ရင်ဘတ်ကလေးဆုပ်ကိုင်ကာ
ရှိုက်ကြီးတငင်.ငိုမိပြန်၏။ ရှိုက်သံမစဲတဲ့
နေ့တွေညတွေမှာ တစ်ပတ်ပင်ကြာခဲ့လေပြီ။

""ငိုပါရစေ...ကျွန်မငိုပါရစေ။ ကျွန်မမျက်ရည်
တွေက သူ့တစ်ယောက်ထဲအတွက် သီးသန့်
ဖြစ်တည်ခဲ့ရင် ကျွန်မရဲ့ရှင်သန်ခြင်းသည်
လဲ သူ့အတွက်သီးသန့် ဖြစ်တည်မှု့ပဲ ""

အဆီအငေါ်မတည့်သော်လည်း ရင်ထဲခံစား
ရတဲ့ဝေသနာတွေက စာစီနေတာမှမဟုတ်ပဲ။
သူမနှလုံးသားကသာ သိနိုင်တဲ့အတွင်းကြေ
ဒဏ်ရာတွေ။ စာလဲမလာလူလဲမလာ
အားလုံးကိုအဆက်အသွယ်ဖြတ် ခြေရာ
ဖျောက်သွားတဲ့သူ။ မသိခဲ့လျှင် မှော်က
ဒဏ္ဍာရီထဲကမင်းသမီးလိုပဲ သူတောလည်လာ
ရင်း မျက်စိလည်လာ၍ ခိုဝင်တည်းဖူးတဲ့
တဲအိုလေးထဲမှ မင်းသမီးတစ်ပါးသဖွယ်.....
ချန်ထားပြစ်ခဲ့၏။

""ပြေးပါမောင်...ဝေးနိုင်သမျှဝေးအောင် ပြေး
ထားလိုက်ပါ မှော်.... စိတ်မပျက်မချင်း
မောင့်နောက်လိုက်နေအုံးမှာပါ။ ""

မှော်ရေးထားပြီးတဲ့ စာရွက်ကလေးကို
စက္ကူလှေလေးခေါက်ပြီး အဖြိုင်ဖြိုင်စီးကျ
နေတဲ့ ပါးပြင်ပေါ်မှ စိုစွတ်နေတဲ့အရာတွေက
မိုးစက်တွေလား...မျက်ရည်တွေလား။

ကန်ရေပြင်ကို မျက်နှာမူပြီး ဒီနေရာလေး
မှာ မောင်နှင့်မှော်ပထမဦးဆုံးရင်းနှီးမှု့ရခဲ့
တာ...ဒီနေရာလေးမှာ မောင့်ဆံပင်တွေကို
မှော်ရှင်းပေးခဲ့တာ။ ပုံရိပ်တွေထင်လာတိုင်း
မျက်ရ်ာစက်တွေအဖြစ် ဖန်လာပြန်သည်။
အောင့်သက်နေတဲ့ ရင်ဘတ်ကလေးကို
ဆုပ်ကိုင်ပြီး စက္ကူလှေလေးကို ကန်ရေပြင်ထဲ
မျောဖို့ပြင်နေစဉ်...

""မင်းမျက်ရည်တွေက ဒီတစ်သက်ကုန်ဦး
မှာလား""

""ဟင်""

~ ~ ~ ~ ~ ~ ~ ~ ~ ~ ~ ~

အခန်း [၂၃]မျှော်
Own Creator~ငှေသုန်ဒရီ

Please>>>Like&Share&Comments



rate now: