book

Index 21

အခန်း [ ၂၁ ]

📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း 📖

""စီးချင်း""

""..........""

ရှိုးပွဲအတွက်..
သီချင်းစာသားတှေလေ့ကငျြ့နတေုနျး အနားမှာရပ်ပြီး ခေါ်လာတဲ့ဂျူနိုကို မျက်ခုံးတစ်ဖက်သာပင့်ပြီး ထူးမိ၏။ ဂျူနိုကတော့စီးချင်းကို
ခပ်စိုက်စိုက်ကြည့်လျှက် လက်ထဲမှလက်တော့ပ် ထဲမှသတင်းတစ်ခုကို စီးချင်းမျက်နှာရှေ့ထိရွေ့ပြမိသည်။ သီချင်းဆိုလက်စကို
ရပ်လိုက်ပြီး ဂျူနိုပြတဲ့သတင်းကို မျက်မှောင် ကျုံ့ကြည့်ရင်း...

""မင်းနဲ့မှော်ရဲ့ ဓာတ်ပုံတွေ ၊ တစ်ချိူ့ကအစစ်
တွေ တစ်ချိူ့က ဖိုတိုရှော့တွေနဲ့ ဟိုတယ်ထဲက ထွက်လာတဲ့ပုံတွေ...""

""ကျစ်...""

သူစိတ်ရှုပ်စွာ နားထင်ကိုလက်မနှင့်ဖိထောက်ထားပြီး ဂျူနိုကိုစိုက်ကြည့်ကာ...

""ဒီနေ့တစ်နေမကုန်စေနဲ့ အဲ့သတင်းတွေငါ
မမြင်ချင်ဘူး ဂျူနို ၊ ငါ့တစ်ယောက်ထဲတိုက်
ခိုက်ခဲ့ရင် ငါဂရုမစိုက်ဘူး ခုကမှော်ပါပါနေတယ် သူ့ကိုထိခိုက်လို့မရဘူး...""

စဉ်းစားသလုနှင့် စီးချင်းမျက်ဝန်းတွေ မှိတ်ချ
လိုက်ပြီး နောက်ထပ်ရည်ရွတ်မိသည်မှာ..

""ဟုတ်တယ် ငါ့ကြောင့်သူထိခိုက်နစ်နာရတာ
တွေ အရမ်းများလွန်းနေပြီ""

~~~~~~~~~

""လီလီပါလား ဘယ်လာတာလဲ""

""အဟင်း...ဒီနားကိုလာတာပဲ ၊ ပြီးမှဒီဆေးရုံ
မှာ ဆရာရှိတယ်ဆိုပြီး သတိရလို့ဝင်လာတာ
နေကောင်းလားဆရာ""

မှော်နှင့်လီလီဆိုတာ သူ့မျက်စိရှေ့တင်ကြီး
လာကြတဲ့ ကလေးတွေ..။ ခုလိုတွေ့ရပြန်
တော့လဲ ကိုယ်ကပဲလိုက်ငေးရပြီး မင်းသမီး
ရှုံးအောင် ပြင်ဆင်တတ်နေတဲ့ အရွယ်ရောက်
နေကြတဲ့ ကလေးတွေ။

""ဟုတ်လား ၊ လီလီနဲ့တောင် မတွေ့ဖြစ်တာ
ကြာပြီ ၊ လာဆေးရုံထဲဝင်ဦး""

""မဝင်တော့ဘူးဆရာ လီလီဆရာ့ကိုပြော
စရာလဲရှိတယ် သတိလဲရလို့ဝင်လာတာပါ""

""ဘာများလဲ မှော်နဲ့ကောအရင်လိုမတွေ့ဖြစ်ကြတော့ဘူးလား""

""အဟင်း...မျှောကဒီဇိုငျနာမမကွီး ဖြစ်သွား
တော့ လီလီကိုတောင်မေ့နေပါပြီဆရာရယ်""

မှော်နဲ့လီလီရဲ့ နှစ်ကိုယ်တော်အတွင်းရေးစစ်
ပွဲကိုမသိရှာတဲ့ ဆရာကတော့အရင်လိုခင်မင်နေဆဲ ထင်ပုံနှင့်ရိုးရိုးသားသားမေးမှန်း သိပေမဲ့တမင်ရွဲ့စောင်းပြီး ဖြေလိုက်တာ မှော့်ကို
မကျေနပ်သည့်စိတ်တွေကြောင့်ပင်။

ဂျူတီကုတ်နှင့် ခန့်ညှားချောမောနေတဲ့
ဆရာ့အသွင်က အရင်ကလီလီအတွက် ရင်ခုန်ခဲ့ရတဲ့သူဆိုပေမဲ့ ခုချိန်မှတော့သစ်ရွက်
လှုပ်ရင် ကြွေဖို့မပြောနဲ့ စူနာမီမုန်တိုင်းကြီး
တိုက်ခတ်သွားခဲ့ရင်တောင် လေညှာမှာအနေ
သာကြီး ခိုပြီးခိုင်ခိုင်ခံ့ခံ့ရပ်တည်နေမဲ့သူ။
အရပ်ရှည်ရှည်နှင့် အကြောတွေစိမ်းနေသည်
ထိ ဖြူဖွေးချောမွေ့နေတဲ့ ဆရာမျက်နှာကို
ကြည့်ပြီး လီလီပြုံးနေမိ၏။ ဆေးရုံရဲ့ကား
ပါကင်မှာ ဆရာနှင့်လီလီမျက်နှာချင်းဆိုင်ကာ...

""ပြောစရာရှိတာပြောလေ လီလီ ဆရာ
ဂျူတီဝင်စရာရှိသေးတယ် နောက်မှအေးဆေးပြန်တွေ့ကြတာပေါ့...""

လက်ကနာရီကို ငုံ့ကြည့်ပြီးပြောလာတဲ့
ဆရာကို လီလီပြုံးပြပြီး...

""မှော်ကအရင်လိုမဟုတ်တော့ဘူးဆရာ""

""ဘာဖြစ်လို့လဲ လီလီ""

အစမရှိ အဆုံးမရှိ လီလီစကားကိုနားမလည်ဟန်နှင့်မေးလာတဲ့ဆရာ..

"" သူအခုဒီဇိုင်နာပဲ လုပ်နေတာလား ၊ နာမည်
ကြီးအောင်ပဲ အဆိုတော်နားကပ်နေတာလား
မသိဘူး အဟင်း""

""သူက အဆိုတော်ရဲ့ဒီဇိုင်နာပဲလေ ဒီလိုပဲ
သွားပုတ်လေ လွင့်ပြောကြတာပဲ သတင်း
တွေတော့ကြားပါတယ် မှော့်ကိုမေးတော့
မဟုတ်ပါဘူးတဲ့..""

ဆရာ့စကားကို လီလီဆရာတွေ့အောင်မျက်နှာကို တမင်မဲ့ရွဲ့ပြစ်ကာ...

""သတင်းလေးဘာလေး ဆရာလဲ ကြည့်ကြည့်ပေါ့ လီလီပြောတာ အမှန်လားအမှားလား
ဆိုတာ သိရအောင်လို့လေ""

""ဪ...""

သူဘာဆက်ပြောရမည်မှန်းမသိတော့။ ကိုယ်
မပိုင်တဲ့အရာ တစ်ခုကို ဘာနဲ့အကြောင်းပြပြီး
ချုပ်နှောင်ရမှာလဲ ဆိုတာသူမတွေးတတ်။
အထူးသဖြင့် မှော်သူ့ကိုမုန်းသွားမှာ အကြောက်ဆုံးပင်။ သူသက်ပြင်းကိုလေးပင်
စွာ ချပြီး...

""သူတို့လူငယ်ချင်း လွတ်လပ်စွာ ချစ်သူဖြစ်ခွင့်ရှိတာပဲ ဆရာဝင်မစွက်ဖက်ချင်ပါဘူး...
ကဲ..လီလီပြောစရာ ဒါပဲလား၊ ဆရာအချိန်မရ
လို့ သွားတော့မယ်နော်""

""ဆရာနေပါဦး...တောက်...""

လီလီစကားကို ဂရုမစိုက်ပဲ ခြေလှမ်းကျဲ ကြီး
တွေနှင့် ထွက်သွားတဲ့ဆရာ့ကျောပြင်ကို
ကြည့်ပြီး လီလီသွားစေ့အံ့ကြိတ်ကာဒေါသ
က ရင်ထဲတွင်မက မျက်ဝန်းတွေထဲပါ တရိပ်ရိပ်တက်လာရ၏။ ဝေဝေဝါးဝါးမြင်
ကွင်းတွေကို ပုံဖော်ပြီး အကြံတစ်ခုဝင်လာ
သည်နှင့် သူမအပြုံးတွေက အေးစက်စက်။

""အဟင်းဟင်း...မစားရတဲ့အမဲကို သဲနဲ့ပက်
တယ်ပဲပြောပြော နင်တို့နှစ်ယောက်ဘယ်တော့မှ ပေါင်းစည်းခွင့်မရအောင် ငါ
လုပ်ပြမယ် ဆရာ့ကိုပြောမရတော့လဲ မှော်
မေမေကိုပြောရုံပေါ့...အဟင်းဟင်း...ငါက
လဲနော် ဒီလိုဆိုရင် အကြံလေးတွေကထွက်
တတ်သားပဲ ဉာဏ်ကြီးရှင်လေး...အဟင်းဟင်း""

~~~~~~~~~~~

""သား ခဏဒီမှာ လာထိုင်ပါဦး ၊ မာမီပြော
စရာရှိသေးတယျ""

ဧည့်ခန်းထဲ အငွေ့မသေသေးတဲ့ ပြာခွက်ထဲ
မှ စီးကရက်ငွေ့ကို သူကြည့်ပြီး ထိုင်နေတဲ့
မာမီကို နှုတ်ခမ်းတွေမဲ့ပြီး ကြည့်ကာ...

""အထွေအထူးဘာတွေများ ပြောစရာရှိလို့
လဲ""

""မာမီကို ခနလေးပဲအချိန်ပေးပါ""

အရင်လို ခက်ထန်နေတဲ့မာန မျက်ဝန်းတွေ
နှင့် မဟုတ်ပါပဲ သူ့ကိုတောင်းပန်နေတဲ့
မျက်ဝန်းတွေ ကြည့်လာသည့်မာမီ။
သူဘာမှ ဆက်ပြောမနေပဲ ဆိုဖာပေါ်ထိုင်
လိုက်သည်။ စီးကရက်ကိုကြည့်ပြီး သူမျက်နှာမှာ အလိုလိုထင်းနေသည်က ဒေါသ
ရိပ်တွေ။ ဒီလိုဆေးလိပ်တွေ မာမီသောက်နေတာလဲ သူမကြိုက်မှန်းမာမီသိနေသည်ပဲ
လေ ထပ်ပြောစရာမှမလိုပဲ။

""မာမီ ကလပ်ကိုအပြီးအပိုင် ရောင်းလိုက်
တော့မယ်""



သူ့မျက်ဝန်းတွေမှာ တည်ငြိမ်စွာပြောလာ
တဲ့ မာမီထံအကြည့်တွေ ရောက်သွားသည်မှာ
မယုံနိုင်ဖွယ်။ ဆွံ့အသွားတာတော့အမှန်ပါ။
မာမီခုပြောနေတာတကယ်ကောဟုတ်ရဲ့
လားဆိုတဲ့ အတွေးနှင့်အတူ မာမီမျက်နှာထံ
အကဲခတ်ကြည့်ပြန်တော့လဲ တည်ငြိမ်နေ၏။
တကယ်ပဲ သူ့ရင်ထဲဝမ်းသာမိတာတော့
အမှန်ပါပဲ။ သို့သော် သူထုတ်မပြပါ...အချိန်
ဆိုတာတော့ ယူသင့်တယ်လို့ သူထင်၍ပါ။
မာမီလုပ်ရပ်တွေနဲ့ ဗီဇကတော့အလွယ်
တကူ ပျောက်သွားလိမ့်မယ်လို့ သူမထင်
မိသေးတာပါ။

""မာမီကိုသား လွတ်လပ်စွာမုန်းနိုင်ပါတယ်
မာမီလုပ်ရပ်တွေကို ခွင့်လွတ်ပါလို့လဲ မာမီ
မပြောတော့ပါဘူး ၊ အဲ့အမှားတွေအတွက်
လဲ ပြစ်ဒဏ်ခံဖို့မာမီပြင်ဆင်ထားပါပြီ""

""အရင်ထဲက မာမီသိခဲ့သင့်တာ""

""အမှားကို အမှန်ပြင်လို့ရပေမဲ့အတိတ်က ဖြစ်ပြီးသား အဆိုးအကောင်းတွေကို ပြန်ပြီးနောင်တရနေလဲ အပိုပဲမဟုတ်ဘူးလား သား ၊ နောက်ထပ်ဒီလို နောင်တတွေကိုမဖြစ်အောင် ဖန်တီးဖို့ပဲ လိုတာမဟုတ်ဘူးလား""

""ဝမ်းသာပါတယ် ဒါပေမဲ့ ကျွန်တော်မယုံဘူး၊
မာမီ ပြသနာပေါင်းစုံတွေ အေးချမ်းသွားတဲ့
တစ်နေ့ မှကျွန်တော်ယုံမယ်၊ မာမီကိုယ်တိုင်
ဝန်ခံဖို့မလိုဘူး အဲ့ချိန် မာမီရှေ့ကိုအရင်ဆုံး
ရောက်လာမဲ့သူက ကျွန်တော်ပဲ ""

သူထိုင်နေရာမှ ထ ထွက်ခဲ့လိုက်သည်။ မာမီ
ကလဲ မတားဆီးပါ။ သူ့မျက်နှာထက်တော့
အပြုံးရိပ်တွေ ထင်းနေတာ မည်သူမှမသိ။
ဘယ်တော့မှ ဒီအလုပ်တွေမစွန့်လွှတ်ပါဘူး
ဟု ကြိမ်းဝါးခဲ့တဲ့မာမီထံမှ ဒီလိုစကားတွေ
ကြားရတော့ သူအရမ်းဝမ်းသာမိသည်။ မှော်
မင်းအတွက် မောင်အားလုံးကို ပြုပြင်မယ်။
မင်းမိဘတွေသဘောတူလာတဲ့ အခြေအနေ
ထိ မောင်ကြိုးစားမယ်။ မောင်တို့နောက်ထပ်
ဝေးဖို့ရန် မရှိတော့ဘူးမှော်..။

~~~~~~~~~~~

""မောင်....ဘယ်တွေ လျှောက်နှိုက်နေတာလဲ""

""ရှူး...မောင်ကဘယ်ကို နှိုက်လို့လဲ ချစ်နော်၊
တိုးတိုးပြောသူများတွေကြားရင် မောင့်ကို
တစ်မျိုးထင်နေပါ့မယ် ပြီးရင်မောင်က ပါး
လေးတောင်နမ်းခွင့်ရှိတာ မဟုတ်ဘူး""

""မောင်! !!""

ကိုယ့်စကားနှင့်ကိုယ် သူပြောမှပဲ ပြန်တွေးမိ
ကာ မှော်ရှက်ရှက်နှင့် မျက်နှာလေးရဲကာ
အံ့ကြိတ်ပြီး ခပ်အုပ်အုပ်ခေါ်တော့... သူများ
ရှက်နေတာကို မညှာမတာရယ်နေတဲ့သူ။

""မှော်ပြောတာက ပေါက်ပေါက်ကိုမနှိုက်ပဲ
ခါးကိုဟိုဖက် ဒီဖက်နဲ့ အကျီအိတ်မပါတာကို
လိုက်ကလိနေတဲ့ မောင့်လက်တွေကို ပြော
တာ ငြိမ်ငြိမ်နေ""

""မောင်က ဘာပြောနေလို့လဲ""

ရယ်ကျဲကျဲနဲ့ စပ်ဖြီးဖြီးသူ့မျက်နှာကြီးကို
စိတ်ပေါက်ပေါက်နဲ့ ဗိုက်ကြောကိုဆွဲလိမ်ပြစ်တော့လဲ..

""အား...နာတယ်နော် မှော် ၊ ရုပ်ရှင်ရုံထဲဆိုပြိး
မှလဲ မောင့်ကိုမအော်ရဲဘူးမထင်နဲ့ အော်ငို
ပြစ်မှာ..ဒီမှာအနိုင်ကျင့်နေတယ်ဆိုပြီး.""

""ပြောလေဆိုးလေပါလားမောင်နော် အရမ်း
မဆိုးနဲ့ မှော်ဘာလုပ်လုပ်အမြဲအနိုင်ယူချင်နေ
တာ ဘာကိုမှော်ကအနိုင်ကျင့်တာလဲ ၊ တိတ်
တိတ်နေ မောင်မှန်းသိကုန်ကြတော့မယ်""

ရုပ်ရှင်ရုံထဲမှာ နှစ်ယောက်သားအသံတိတ်
စစ် ဖြစ်နေကြခြင်းပါ။ ချစ်လာကြတော့လဲ
မခွဲနိုင်မခွာနိုင်။ မှော်ကလဲသူ့အပေါ် အရာရာ
နားလည်ပေးသလို သူကလဲအရင်ကလိုမှော့်
အပေါ် အနိုင်ယူတာတော့ မဟုတ်ပဲ အမြဲ
ချွဲနေတတ်တဲ့သူ။ တကယ်ဆို မိန်းကလေးဖြစ်တဲ့မှော်က ကိုယ့်ချစ်သူကို ချွဲရမှာသူက
ပြောင်းပြန်ချွဲနေတတ်တာ။ ချစ်နေတဲ့မှော်ကပဲ အပြစ်မမြင်တော့လဲ သူဘာလုပ်လုပ်ချစ်
နတောပဲ။

""သိပါစေပေါ့ ၊ မှော်ပဲတိတ်တိတ်ပုန်းချစ်ချင်
နေတာ မောင်ကတရားဝင်ချပြပြီးတွဲမယ်ဆို
တော့လဲ လက်မခံဘူး။""

အိမ်ကအခြေအနေကို မှော်ပြောပြထားတာ
မောင်သိလျှက်နဲ့ ....ပြောလာတာကတော့
မှော်ကိုအပြစ်တင်ချင်တာ မဟုတ်ပဲ သူဖြစ်
ချင်တာလေးကို ပြောပြချင်ရုံပါ။ သူလဲပုပြင်
နေသလို မှော်လဲအိမ်ကို သူနဲ့ပတ်သက်ပြီး
ပြောပြဖို့ အချိန်ယူနေပေမဲ့မျက်နှာသာ
မပေးတဲ့ မေမေကြောင့် မှော်ဘယ်ကဘယ်လို
စပြောမယ်မှန်းမသိတော့။

သက်ပြင်းကိုချပြီး ကိုယ့်စိတ်ကိုယ်ဖြေသိမ့်
မိသူက မှော်ပါ။ သူဖက်တွယ်ထားတဲ့ခါးမှ
လက်ကို ဖိဆုပ်လိုက်ပြီး...

""ဖြစ်လာမှာပေါ့မောင်ရယ်""

""ရုပ်ရှင်က ရယ်ရတယ် ကြည့်ပါဦးမှော်
မင်းကြိုက်တဲ့အခန်းလေ ကြော်ငြာထဲမှာပါ
တဲ့အခန်း""

စကားလမ်းကြောင်းလွှဲ ပြီးပြောနေတဲ့သူ့မျက်နှာကိုမှော်ကြည့်ပြီး ရင်ထဲမှအတိုင်းအဆမသိ ပျော်ရွှင်မှုက ဖော်မပြတတ်အောင်ပါပဲ။ သူမှော့်အပေါ်နားလည်ပေးတယ်၊ စိတ်ညစ်မှာကို စိုးရိမ်နေတဲ့သူ
မှော်ပျော်တာပဲ မြင်ချင်နေတဲ့သူ မှော်လူရွေး
မမှားဘူးဆိုတာသိပေမဲ့လဲ လက်မခံနိုင်တာက မှော့်မိဘတွေပါ...

~~~~~~~~~~

""မှော်မျက်နှာကြီးက ဘယ်လိုဖြစ်နေတာလဲ""

""ဘယ်လိုဖြစ်ဖြစ်ပေါ့""

""မောင့်ကိုပြောပြလေ အဲ့လိုကြီးမျက်နှာက
စူပုတ်နေတော့ မောင်ဘယ်လိုနေရမလဲ""

""နေချင်သလိုနေပေါ့ စောစောကတော့မျက်နှာကြီးတစ်ခုလုံး ကြံသကာရည်လောင်းထားသလို ချိုမြနေပြီးတော့""

""မှော်နော် ဘာအလိုမကျနေတာလဲ မောင့်
ကိုပြော မပြောပဲနဲ့တော့ တစ်ယောက်ထဲစိတ်
တိုမနေနဲ့""

ရှိုးပွဲမို့ သီချင်းတစ်ပုဒ်ဆိုပြီးအဝတ်လဲခန်း
ထဲ ခနဝင်လာတဲ့သူ့ကို မကျေမနပ်နှင့် ရန်တွေ့နေတဲ့မှော်ကို နားမလည်နိုင်စွာ
ကြည့်မိ၏။ ဘာကိုမကျေနပ်မှန်းမသိတဲ့
မှော်ကတော့ သူ့ကိုကျောခိုင်းထားပြီး မှန်ထဲ
မှ သူ့ကိုတစ်ဆင့်ကြည့်နေတဲ့ မျက်ဝန်းတွေက
စူးစူးရဲရဲ။

""ပရိတ်သတ်တွေကလဲနော် မှော်တို့နဲ့များ
တခြားစီပဲ ၊ ကိုယ်ဘယ်လောက်ပဲ ကြိုက်
ကြိုက် သူစိမ်းယောက်ျားလေးကိုတော့
ပါးနမ်းလိုက် ဖက်လိုက်နဲ့တော်တော် သိက္ခာ
မဲ့တဲ့ အပြုအမူတွေ မိန်းမစျေးကျလိုက်တာ""

""ဪ...ဒါလား အဟက်...""

""ရှင် တော်တော်ပျော်နေတာလား မောင်
ရယ်နေနိုင်သေးတယ်နော်""

သူ့မှာဖြင့် ဘာများဖြစ်သလဲဆိုပြီးတွေးပူ
နေတာ တကယ်တော့ သူမကသူ့ကိုသဝန်တိုနေတာပဲ။ စောစောကစင်ပေါ်တက်လာပြီး
ပန်းစည်းဆုချကာ သူ့ကိုဖက်နမ်းသွားတဲ့
မိန်းကလေးပရိတ်သတ်ကို မှော်သဝန်တိုနေတာကို သူခုမှပဲသဘောပေါက်တော့တယ်။
သူရယ်ပြီး မှော်ပခုံးလေးကို ဖက်တော့လဲ
အထိမခံပဲ သူ့လက်တွေကို ရိုက်ချကာ...

""ရယ်နေလိုက်...ရှင့်ကိုရှင် ဆယ်လီဆယ်လီ
ဆိုပြီး သာယာနေလိုက် မှော်အနားမလာနဲ့""

""မသာယာပါဘူးကွာ မှော်ကလဲ မောင့်ကို
ချစ်လို့ သဝန်တွေတိုနေရင်လဲ ပြောပေါ့
မောင်ချော့မှာပေါ့""

""မတိုပါဘူး ဘာလို့တိုရမှာလဲ ကာယကံရှင်
ကတောင် သဘောတွေ့ပြီး မနောခွေ့နေတဲ့
ရုပ်ကြီးနဲ့ သွားကြီးဖြီးဖြီးပြနေမှတော့ ကျွန်မ
က ဘာကိုပြောနေရအုံးမှာလဲ""

စူပုတ်ပြီး ထထွက်သွားဖို့ပြင်နေတဲ့ မှော်
လက်ဖဝါးထဲ သူ့လက်တွေထိုးသွင်းပြီး
ကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ကာ...

""သူတို့တွေကို မောင်သဘောကျရင်အရင်ထဲ
က ချစ်ခဲ့မှာပေါ့။ မောင့်နှလုံးသားကမှော်က
လွှဲ ပြီးကျန်တဲ့မိန်းမတွေ အကုန်ဖွဲနဲ့ဆန်ကွဲ
စိတ်မဝင်စားဘူး""

""လူပွေလူရှုပ်ကြီးက ဒီလိုစကားမျိုးပြောထွက်တယ်နော်""

""အရင်ကအကြောင်းတွေ မပြောပါနဲ့ကွာနော်
ခုလက်ရှိ မောင့်နှလုံးသားထဲ မှော်တစ်ယောက်ပဲ ရှိနေတာမှော်မယုံဘူးလား""

မျက်စိတစ်ဖက်မှိတ်ပြပြီး ပြောင်ချော်ချော်လုပ်နေနိုင်သေးတဲ့ သူ့မျက်နှာကြီးကို မှော်
ကြည့်ပြီး စိတ်တိုလာရ၏။ စားပွဲပေါ်မှာရှိတဲ့
မှော်ပိုက်တာအိတ်ထဲမှ အမြဲဆောင်နေကြ
ပလာစတာလေး ထုတ်ပြီးသူ့ဘယ်ဘက်ရင်အုံမှာ ကပ်ပေးတော့ သူအံ့သြစွာကြည့်လာသည်။



""အရင်ကရှင့်နှလုံးသား ဝေသန္တရာကြီးကို
အပြီးအပိုင် ချိတ်ပိတ်လိုက်ပြီ ဒီနေ့ကပြီး
မှော်ပြောသလိုပဲနေ နံပါတ်တစ် ဘယ်မိန်းကလေးကိုမှ တစ်စက္ကန့်ပြည့်အောင်မကြည့်ရ နံပါတ်နှစ် မိန်းကလေးတွေကိုမပြုံးပြရ
နောက်ထပ်ဆက်မဲ့နံပါတ်တွေထဲမှာ အများ
ကြီးကျန်သေးတယ် စဉ်းစားလိုက်အုံးမယ်""

သူ့နဗူးသူရိုက်ပြီး ဟက်ဟက်ပက်ပက်တာ
ရယ်ချလိုက်မိတော့သည်။ အဲ့လိုပဲဗျာ
ကျုပ်ချစ်သူက ကျုပ်ကိုလဲအရမ်းချစ်သလို
သဝန်လဲတိုအရမ်းတတ်တယ် တခါတလေ
သူအသိသူအတတ် လူကြီးမလေးလိုလိုဘာလိုလိုနဲ့ တစ်ခါတစ်လေတော့လဲ ကလေးလေးလိုချစ်ဖို့ကောင်းအောင် သူ့ကိုမတောက်တခေါက် သတ်မှတ်မှုစံနှုန်းတွေနဲ့ ချစ်ဖို့ကောင်းအောင် ချုပ်တတ်တဲ့သူလေး...။

~~~~~~~~~~

တစ်ယောက်နဲ့တစ်ယောက် မခွဲနိုင်မခွာနိုင်အောင် ချစ်နေကြတဲ့ စီးချင်းနဲ့မှော်။ သူများ
တွေလိုချစ်သူသက်တမ်းက နှစ်နှင့်မချည်..
လပင်မပြည့်.... ချစ်သူသက်တမ်းတစ်ပါတ်။
သို့ပေမဲ့ တစ်ပါတ်အတွင်း နှစ်ယောက်အတူ
ပျော်စရာတွေ ဖန်တီးကြတယ် ၊ ငိုစရာတွေကို
လဲ နှစ်ယောက်အတူ မျှဝေခံစားကြတယ် ၊
ဒီလို နှစ်ဦးသဘောတူ ကြည်ဖြူနေကြတာ
ဘယ်သူတွေ ဘယ်လိုခွဲခွဲမကွဲဘူးဆိုတဲ့
ကတိတွေနှင့်ပေါ့။ ချစ်တာထက်ပိုပြီးလေး
လေးနက်နက် တစ်ယောက်အပေါ်တစ်
ယောက်နားလည်လာကြတယ်။ ပြုပြင်လာကြတယ်။ ဒီလိုအခြေအနေမျိုးမှာ မုန်တိုင်း
ထန်လာလိမ့်မယ်လို့ ဘယ်သူတွေက တွေးမိ
ထားကြမှာလဲ။

ဒီနေ့တော့...မှော် မောင့်ရှိုးပွဲမှပြန်ရောက်ရောက်ခြင်း ဧည့်ခန်းထဲမှထွက်လာကြသည့်
တိုက်ပုန်အကျီတွေနှင့် လူကြီးတွေ...
မေမေ့မျက်နှာပြုံးချိုချိုနှင့် စကားသံတစ်ခု
ကြားလိုက်ရသည်နှင့် မှော်တစ်ကိုယ်လုံးမိုးကြိုးပြစ်ခံလိုက်ရသလို ကျင်ခဲသွားပြီးဆွံအသွားရ၏။ မေမေပြောခဲ့တဲ့စကားမှာ..

""သားတိဿရနဲ့သမီးရဲ့ စေ့စပ်ပွဲလေ""

~~~~~~~~~~~

အခန်း [ ၂၂ ] မျှော်
AUTHOR~ငှေသုန်ဒရီ

ဒီနေ့တော့ စာဖတ်ရတာအဆင်မပြေလောက်ဘူးလို့ သုန်ထင်ပါတယ်။😇
သုန်နေမကောင်းနေလို့ 😣
စာတွေအစီအငေါ်မတည့်ရင် ခွင့်လွှတ်ပါနော်



rate now: