book

Index 20

အခန်း [ ၂၀ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း📖


""မေမေ..မှော်ဒီနေ့ ဒင်နာစားပွဲလေး သွားစရာ
ရှိတယ်နော်""

ဧည့်ခန်းထဲ သတင်းစာဖတ်နေတဲ့မေမေအနား
ကဆိုဖာလေးမှာ ထိုင်ပြီး မှော်အသံချွဲချွဲလေး
နှင့် ပြောသည်ကို ဂရုမစိုက်စွာ လှည့်၍ပင်
မကြည့်။ ခုချိန်ထိ မေမေစိတ်ဆိုးမပြေသေးပဲ။

ဒီနေ့မောင်နဲ့ ညနေတွေ့မယ်ဆိုပြီးချိန်းထား
တာကြောင့် တစ်နေကုန်အိမ်ကပ်နေမိခြင်း။
မေမေကိုမျက်နှာလုပ်ထားတာဆို ပိုမှန်ပေ
သည်။ ခုတော့မေမေကမှော့်စကားကိုပင်
အလေးအနက်မထား။ သတင်းစာလောက်
တောင် စိတ်ဝင်စားမှု့မရှိပုံနှင့် အရေးလဲမစိုက်တော့ မှော့်မှာနေရခက်လှ၏။ မေမေနဲ့စကားမပြောတာ တော်တော်ကြာနေပြီပဲ
လေ။ မှော် သက်ပြင်းလေးပင်စွာ ချပြီးမှ

""ခုချိန်ထိ မှော့်ကိုစိတ်ဆိုးနေတုန်းပဲလား
မေမေ၊ မှော်ကလေ...""

""သွားစရာရှိရင် သွားလေ အချိန်တော့နောက်
မကျစေနဲ့ မသွားနဲ့ပြောလဲ ရမှာမှမဟုတ်တာ
ငါမွေးထားတုန်းကငါ့သမီးလေးက အလိမ္မာလေးဆိုတာ ယုံကြည်ပြီးသားပဲ သွားပေါ့
သတ်မှတ်ထားတဲ့အချိန်တော့နောက်မကျစေနဲ့...""

မှော့်ကိုနောက်ထပ်စကားဆိုခွင့် မပေးတော့
ပဲ ဧည့်ခန်းထဲမှ ထွက်သွားတဲ့မေမေ။ မှော်မျက်နှာလေးပျက်ယွင်းကာ စိတ်မကောင်း
လှပါ။ မေမေမွေးတုန်းကလိမ္မာပေမဲ့ ခုမလိမ္မာ
တော့ဘူး ဆိုပြီးပြောချင်မှန်း မှော်သိတာပေါ့။
တကယ်အရမ်းဝမ်းနည်းတယ်။ အရင်ကမေမေနဲ့မှော်ဆိုတာ သူငယ်ချင်းလိုပေါင်းလာ
ကြတဲ့ သားအမိတွေ။ ခုတော့မေမေကမေး
ထူးခေါ်ပြောရုံသာ မှော့်ကိုအရင်လိုလဲမဆူ
တော့။ အရင်လိုလဲဂရုမစိုက်တော့။ ခပ်တန်းတန်းသာနေလာတော့တဲ့ သားအမိနှစ်ယောက်ကြား အိမ်ကြီးက တိတ်ဆိတ်နေ
လိုက်တာများ ခြောက်ကပ်ကပ်ကြီးနှင့်...။

မောင့်ကိုချစ်မိထဲက မှော်ကသမီးမိုက်တစ်
ယောက်ပါ။ မေမေ့ဆန္ဒတွေကို ဆန့်ကျင်ပြီး
အချစ်တစ်ခုအတွက်နဲ့ မိဘရင်ကိုခြေစုံကန်
ချင်တဲ့သမီးမိုက်။ မှော်ထိုင်နေရင်း တွေးရင်း
ရင်ထဲတင်းကျပ်ကျပ်ကြီးနှင့် စည်းနှစ်ခု
ကြားပိတ်မိနေတဲ့ ဘောင်ထဲကလူတစ်
ယောက်သဖွယ် မွန်းကျပ်လာရ၏။ တကယ်
ပဲ မှော်မှားနေပြီလားမေမေ...။

~~~~~~~~

""မှော် မှော်ပန်းချီ လာနေပြီ""

""မင်းမျက်နှာကြီးက ဘာ....""

ဂျူနိုမျက်လုံးပြူးကြီးနှင့် ကြည့်နေတဲ့ဘက်
ကို စကားတစ်ဝက်တစ်ပျက်နှင့် ကြည့်မိစဉ်
သူမြင်ဖူးသမျှ မိန်းမတွေ အလှမယ်တွေ
မော်ဒယ်တွေ မင်းသမီးတွေ ကုန်ကုန်ပြော
ရင် နတ်သမီးတွေ လှတယ်ဆိုတာထက်ပိုပြီး
လှနေတဲ့ သူ့ချစ်သူလေး။ ဆံနွယ်လေးတွေကို
ချထားပြီး မရမ်းနုရောင်
ကိုယ်ကျပ်ဂါဝန်အရှည်ကိုမှ လည်ပင်းအပိတ်
ပိုပြီးကြည့်၍ ရင်သပ်ရှူမောဖွယ်ကောင်းနေ
သည်မှာ ပေါင်တံသွယ်သွယ်လေးတွေထိ ခွဲ
ထားတဲ့ အကျီကြောင့် သူမအလှ၌မင်သက်
နေတဲ့ သူ မျက်မှောင်ကြီး ကျုံ့သွားရသည်။

မှော်ကတော့ သူတို့အနားအပြုံးလေးနဲ့လျှောက်လာကာ
ခြေလှမ်းတွေကအစ ဆွဲဆောင်မှု့ရှိနေတာ။
စီးချင်း မှော့်ကိုကြည့်ပြီး ဟိုတယ်ထဲမှ
ယောက်ျားပေါင်းစုံရဲ့ မျက်ဝန်းတွေကသူမ
ထံတွင်သာ စုပုံနေ၍ ကျွဲမြီးတိုရကာ စိတ်က
အလိုမကျချင်တော့..။ ဘေးနားကဂျူနိုက
လဲ အလိုက်မသိစွာ မျက်လုံးကြီးကျွတ်ထွက်
မတတ်မှော့်ကိုကြည့်နေပုံက ဖြတ်ရိုက်ချင်
စရာ...

""ဒီနေ့ မှော်အရမ်းလှတာပဲ""

"".........""

""ဒီနေ့ထူးထူးခြားခြားအလှတွေ အရမ်းပြင်
လာတာ၊ ငါတို့တောင်ဒီလောက်ငေးနေတာ
တခြားကောင်တွေ မျက်လုံးတွေလဲ မှော်
ဆီမှာပဲ စီးချင်းမင်းမြင်လား...""

""ကျစ်..!!!..""

စီးချင်းဒေါသထွက်နေတာကို သိ၍ ဂျူနို
ပိုပြီးစချင်နေတာ ။ စားပွဲခုံပေါ်တင်ထား
တဲ့ လက်သီးက ကျစ်ကျစ်ပါနေအောင်ဆုပ်
ထားတာက သက်သေအဖြစ်ပဲလေ။

""မှော်က ဒေါင်းမျိုးထင်တယ် ကြီးလေလှ
လေ ကြာလေ လှလေပဲ""

""ကျစ်....မင်းပါးစပ်ကြီးပိတ်ထားပြီး မျက်လုံးကိုသူ့ဆီကနေ အကြည့်ခွာထားလိုက်တော့ မဟုတ်ရင်မင်းမလွယ်ဘူး""

""ဘာမှလဲ မဆိုင်ဘူး ငါကအကောင်းပြောပြ
တာကို...အဟက်""

မျက်နှာကြီး သုန်မှုန်က ထိုင်နေရာမှဦးထုတ်
အနက်ရောင်လေးကို ခပ်ငိုက်ငိုက်ခေါင်းကာ
မျက်မှန်အနက်ကို တပ်ပြီးထွက်သွားတဲ့
စီးချင်းကျောပြင်ကို ကြည့်ပြီးဂျူနို ရယ်နေမိ
၏။ မျက်နှာကြီးကပုတ်သိုးနေတာပဲ ။ မှော့်
ကိုသဝန်တွေတိုနေတာ သူ့ကိုတောင်ပတ်ရမ်း
သွားသေးတာ။ ဂျူနိုပြုံးစိစိနှင့်သာ စီးချင်း
လက်သီးကိုလဲ ကြောက်သည်ကြောင့်မျက်နှာ
သာ လွှဲထားလိုက်မိ၏။

~~~~~~

""အ့...လက်ကိုအရမ်းကြီးမကိုင်ထားနဲ့လေ
မောင်ကလဲ မှော်လက်တွေနာနေပြီ""

""နာပါစေ၊ မင်းကိုဒီလိုတွေ ပြင်ခဲ့ပါလို့
ငါပြောမိလား""

သူအတင်းဆောင့်ဆွဲခေါ်လာတာကြောင့်
မှော့်မှာဒေါက်ဖိနပ်အမြင့်ကြီးနှင့် ဒယီးဒယိုင်
သူ့နောက်မှပါလာရတာ မသက်မသာ။
သူ့လက်အားကြီးနဲ့ ဆုပ်ကိုင်ဖျစ်ညှစ်ထား၍
လက်ကောက်ဝတ်ကလေးမှာလဲ နီးစွေးပြီး
နာကျင်လွန်းလှတာကြောင့် မျက်နှာလေးက
ရှုံ့မဲ့နေ၏။ မှော်မှာတော့ သူနဲ့တွေ့ရမယ်ဆိုပြီး အလှဆုံးပြင်ခဲ့ရတာ သူကတေ.့အသိအမှတ်မပြုသည့်အပြင် အပြစ်ပင်တင်နေတယ်တဲ့။ မှော်နှုတ်ခမ်းလေးကိုစူထော်ထားပြီး..

""မောင် လက်ကိုဖြေးဖြေးကိုင်ပါ အရမ်းနာ
နေပြီ။ လူတွေလဲဝိုင်းကြည့်နေကြတာ မောင်
သတိထားဦးမှပေါ့""

""မင်းကိုက ဒီလိုတွေအကြည့်ခံချင်လို့ဝတ်လာတာမဟုတ်လား ကျစ်...တော်တော်ပေါ်
ပြူလာဖြစ်ချင်နေတာလား ကြည့်ဦးအကျီကလဲ ပေါင်ထိပေါ်နေတာ တော်တော်လှနေတယ်များထင်နေလား""

""မှော်က မောင်နဲ့တွေ့မှာဆိုပြီး အလှဆုံးပြင်
လာခဲ့တာကို မောင်ကချီးမကျူးပဲ အပြစ်
တင်နေရတာလား""

""အပြစ်မတင်ပဲ မင်းကိုငါက သွားအဖြီးသား
နဲ့ ချီးကျူးနေရမှာလား...ကျစ်...စကားမများနဲ့ ခြေလှမ်းကို စိပ်စိပ်ကလေးလျှောက် ""

""မောင်ပဲ အတင်းဆွဲခေါ်နေပြီးတော့ မှော်က
ဘယ်လိုဖြေးဖြေးလျှောက်ရမှာလဲ""

""ကျွတ်..""

ဒေါက်ဖိနပ်ကြီးကိုလဲ ထိန်းစီးရ ၊ သူအတင်း
ဆွဲခေါ်ရာလဲလိုက်ရနှင့် မှော့်မှာမသက်သာ
လှ။ ဒါကိုပင်သူက လမ်းကိုစိပ်စိပ်လျှောက်တဲ့။ သူ့မျက်နှာကြီးကလဲ ဦးထုတ်တွေမျက်
မှန်တွေ ကာထားပေမဲ့ မှော့်ကိုအတော်ကြီး
ဒေါသထွက်နေတယ်ဆိုတာတော့ အသံနား
ထောင်ရုံနှင့် သိနိုင်သည်။ သူအဓိကစိတ်တို
နေခြင်းက မှော်အလှတွေအရမ်းပြင်လာ၍
လား ဘာကြောင့်လဲမတွေးတတ်တော့...
မေးလဲပြောမည့်ပုံမရ။ သူပြောချင်တာပဲ
ဇွတ်ပြောနေတတ်တဲ့လူစားမျိုးက မှော်အရမ်းချစ်ရတဲ့ မှော်ရဲ့ချစ်သူ မောင်လူဆိုး
လေး...။ သူခြေလှမ်းတွေ နှေးသွားမှသာ မှော်
သက်သက်သာသာလေးလှမ်းလျှောက်ရတော့
သည်။

""မင်းနော် မင်း ငါမပြောတော့ဘူး အဝတ်
အစားဒီလောက်ရှားနေလား ၊ အကွဲအပြဲတွေ
နဲ့ အကျီကိုက ပုံမလာဘူး နောက်နေ့ဒီလိုပုံစံ
တွေ ဝတ်လာကြည့် အကျီဆိုင်တွေအကုန်လုံးမီးရှို့ပြစ်မယ်""

""မောင်ကလဲ""

""နောက်တစ်ခါ ဝတ်ရဲဝတ်ကြည့် ငါ့ကိုမောင်
မောင်ဆိုပြီး လာချွဲ ပြလဲ ငါပျော့သွားမယ်
မထင်နဲ့ လုံးဝဆောရီးပဲ အဲ့လိုအကျီတွေအရမ်းဝတ်ချင်နေရင်ပြော မင်းနဲ့ငါနှစ်ယောက်ထဲရှိတဲ့အချိန်မှ ကြိုက်သလောက်ဝတ်ပြ ငါကြည့်မယ်""

သူအလိုမကျတိုင်း အပြစ်မရှိတဲ့ အကျီဆိုင်ကိုအပြစ်ရှာလိုက် မှော့်ကိုအပြစ်ရှာလိုက်နှင့်
ဘယ်အရာမှအပြစ်ကမလွှတ်။
မှော်ဘာမှ
ဆက်မပြောတော့ပဲ နှုတ်ဆိတ်ပြီး သူခေါ်ရာ
နောက်သာ လိုက်လာမိတော့သည်။



~~~~~~~~

ဟိုတယ်ရဲ့သီးသန့် စားသောက်ခန်းလေးထဲ
သူရယ် မှော်ရယ် ကိုဂျူနိုရယ် သုံးယောက်
တိတ်ဆိတ်စွာ စားသောက်နေကြပေမဲ့ သူ့အကြည့်တွေကတော့ မှော့်ကိုခုချိန်ထိ ရန်လိုနေဆဲ။ မှော်ပြုံးပြန်လျှင်လဲ ဘာလို့ပြုံးတာလဲ၊
မဲ့ပြန်ရင်လဲ ဘာလို့မဲ့တာလဲ ဆိုပြီးအပြစ်
မရှိအပြစ်ရှာနေတဲ့ မှော့်ရဲ့ချစ်သူ ။ မှော့်မှာ
တော့ သူ့အပြုအမူတွေကို စိတ်ဆိုးဖို့မပြော
နှင့် ဂျေဝင်ပြီး ချစ်ဖို့ကောင်းနေတဲ့ သူ့ကို
အချစ်ပိုနေရတာ သူမှမသိပဲ။

""စီးချင်း ငါအရင်ပြန်နင့်လိုက်မယ်။ ဒါရိုက်တာနဲ့ ချိန်းထားတာရှိသေးလို့""

""အင်း...""

စားလက်စကိုလက်စသတ်ပြီး ကိုဂျူနို
ထိုင်ရာမှထပြီး မှော့်ထံကြည့်လာကာ..နှုတ်ဆက်လာတော့လဲ မလိုတမာအကြည့်တွေနှင့်...

""ခွင့်ပြုပါဦးနော်မှော်""

""ဟုတ်ကဲ့ ကိုဂျူနို""

""ချွမ်း...""

""အေမ့...""

ကိုဂျူနိုပြုံးပြီး နှုတ်ဆက်ထွက်သွားတော့
ဇွန်းခရွင်းကို အသံမြည်အောင်တမင်ချလိုက်
တဲ့ စီးချင်းလုပ်ရပ်ကြောင့် မှော်ထမင်းစားနေရင်းနှင့် သူ့ကိုအလန့်တကြားကြည့်မိ၏။
သူ့အကြည့်တွေကတော့ စူးရဲလွန်းတာကြောင့်
မှော်ပင် လောင်မြှိုက်ခံလိုက်ရသလိုပင်။

""မင်းကို ဒီလိုတွေဝတ်ရမယ်လို့ ဘယ်သူက
မြောက်ပေးလိုက်တာလဲ တွေ့သမျှယောကျ်ားတိုင်းကိုလဲ ဒီလိုပဲ သွားဖြီးဖြီးပြနေတာ
မင်းမမောဘူးလား""

""မောင်ကလဲ မှော်ကအရင်ကလဲ ဒီလိုပဲဝတ်
နေကြပဲကို ပြီးတော့လူမှု့ရေးအရပြုံးပြ...""

""အရင်က ဘယ်လိုဝတ်ဝတ် မင်းခုချိန်က
စပြီး ဒါနောက်ဆုံးအကြိမ်ပဲ ဖြစ်ပါစေ။ ပြောစကားနားမထောင်ရင် မင်းငါ့အကြောင်းသိစေရမယ်""

""မောင့်စကားဆို မှော်ဘယ်တုန်းက နားမထောင်ခဲ့တာရှိလို့လဲ မောင်မကြိုက်ရင် နောက်တစ်ခါဒီပုံစံတွေ မှော်မဝတ်တော့ဘူး
ဘယ်ယောကျားကိုမှလဲ ပြုံးမပြတော့ဘူး""

သူ့အသံကျယ်ကြီးကို မဖြုံသလိုလေးနဲ့
ပြုံးစိစိလေး ဖြေလာပုံက အသဲယားစရာ။
ဂျူနိုပြောသွားတဲ့စကား ...ကြီးလေ လှလေ ဒေါင်းမျိုးဆိုတာကြီးကလဲ နားထဲကမထွက်။
လှချင်တိုင်းလှနေတဲ့ သူမကိုလဲမနာလို...
အပြစ်မရှိအပြစ်ရှာသမျှကိုလဲ ပြုံးပြုံးလေးသာ တုံ့ပြန်နေတဲ့ သူမ။ ဒီတော့သူ့အတွက်
ပိုပြီး ရန်လိုအားကောင်းနေတာပေါ့။

စားသောက်ပြီးသွားတော့လဲ ပြန်ကြမယ်
ဆိုမှ နောက်ထပ်ပြသနာတစ်ခုကစလာပြန်သည်။ စောစော
က သူမမြင်။ အရှေ့က လည်စေ့ဆိုပမေဲ့
နောက်ကျောကြီးက တစ်ခုလုံးခွဲထားပြီး
ဇာတွေနှင့်သာ ကာထားတာကြောင့် မှော်ရဲ့
ကျောပြင်ဖွေးဖွေးလေးတွေမှာ အတိုင်းသား
မြင်နေရတော့ သူတိမ်မြုပ်သွားတဲ့ဒေါသ
ပြန်ပြီးအမောက်ထောင်လာကာ...

""ကြည့်စမ်း... !!...ကြည့်စမ်း....
အကျီကအနောက်ကြီးက
ခွဲထားပြန်တယ်။ မင်းတော့နော် ငါပြောရင်
လွန်တော့မယ် ကျွတ်...ငါလဲချစ်သူလေး
တစ်ယောက်ထားမှပဲ အသက်တိုရတော့မယ်
နဲ့တူနေပြီ""

""မောင်ကလဲ...""

မျက်နှာငယ်လေးနှင့် ပြောပြန်တော့လည်း
သူ့မှာ မကျေနပ်။

""ချစ်သူလေးတစ်ယောက်ထားမှပဲ အရင်က
အဖြစ်တွေကပဲ ဝဋ်လည်လာသလိုပဲ ၊ မင်းကို
မှ အထိမခံအကြည့်မခံဖြစ်နေတဲ့ငါ့ဘဝက
တောာ်တော်မှ တရားကျဖို့ကောင်းနေပြီ""

""မှော်လဲဆင်ခြင်နေတာပဲ""

""မင်းဘာမှမလုပ်ပေမဲ့ မင်းလုပ်တာအကုန်
ချစ်ဖို့ကောင်းနေလို့ ငါတစ်ယောက်ထဲ အူ
ပုတ်နေရတာ နားလည်ပြီလား""

""အဲ့တာ ချစ်လို့လေ""

သူ့မေးဖျားလေးကို လှမ်းကိုင်ပြီးချစ်စနိုး
လေး မျက်နှာနားကပ်ပြီးပြုံးပြနေတဲ့ သူမ
ကြောင့် သူ့မှာမျက်နှာတည်တည်ကြီးနဲ့ ရယ်
ရမလို တည်ရမလိုမျက်နှာကြီးက ကြားထဲ
အီလည်လည်ကြီးဖြစ်သွားရ၏။ မျက်ခုံးကြား လက်ညှိုးလေးနှင့် ကုတ်ခြစ်ပြီး
မကျေနပ်သော်လည်း ချစ်စရာကောင်းအောင် ချွဲ ပြနေတဲ့မှော်ကြောင့် သူ့မှာဒေါသ
လဲ မထွက်နိုင်တော့။ သူ့အပေါ်ကုတ်အကျီ
ကို ချွတ်ပြီး သူမလေးကိုခြုံပေးလိုက်တော့
မျက်လုံးဝိုင်းလေးတွေက မသိနားမလည်တဲ့
ကလေးတစ်ယောက်သဖွယ်။

""ဘာမှစောဒက မတက်နဲ့မင်းကငါ့အတွက်ပဲ
မင်းအလှကိုငါပဲကြည့်မယ် ငါပဲခံစားမယ်၊
တိုက်ဆိုင်တာတွေ တုံ့ပြန်တာတွေ သက်ရောက်မှု့တွေ နားလည်တယ်၊ တစ်ချို့နေရာတွေ
က သူ့နေရာနဲ့သူပဲ ကောင်းတယ်""

""မှော်နားမလည်ဘူးမောင်""

""နားမလည်ရင် ဆက်မပြောနဲ့...""

စီးချင်းစကားပင်မဆုံးလိုက် အနားရောက်လာတဲ့ ရေးမွှေးနံ့စူးစူးနှင့်အတူ...

""Hello...!!!...နေကောင်းကြရဲ့လား""

~~~~~~

နီရဲနေတဲ့လှပတဲ့နှုတ်ခမ်းတစ်စုံနှင့် စမတ်ကျ
ကျ ဝတ်စားဆင်ယဉ်မှု့က ဒီဇိုင်နာ မှော်ပင်
အရှုံးပေးရလောက်အောင် ခေတ်ရှေ့ပြေး
လွန်းနေတော့ ပုရိသတွေမပြောနှင့် မိန်းမချင်း
ဖြစ်တဲ့ မှော်ပင် လီလီအလှမှာ ငေးနေမိတာ
အချိန်ဘယ်မျှ ကြာသွားသည်မသိ။ ပခုံးကို
ဖျစ်ညှစ်လိုက်တဲ့ သူ့လက်တစ်စုံကြောင့်သာ
သတိဝင်လာသူသဖွယ် မျက်တောင်များကို
ပုတ်ခတ်မိ၏။ သူ့ထံမော့ကြည့်တော့လဲ သွား
စေ့ထားပုံနှင့် မှေးကြောများကာတည်ကာ ဘေးတစ်စောင်းတွေရတာပင် တည်တာထက်
ပိုပြီးမာထန်နေကာ..

""ခုလိုနေရာမျိုးမှာ တွေ့ရတာတိုက်တိုက်
ဆိုင်ဆိုင်ပဲနော်...အဟွန်း...ဘာလာလုပ်ကြ
တာလဲ""

စီးချင်းကိုပြောသလို မှော့်ကိုပြောသလိုနှင့်
အကြည့်များမှာတော့ အလှကြီးလှနေတဲ့
မှော်ထံတွင်သာ စုံချည်ဆန်ချည်အကြည့်များ
က မလိုတမာပုံနှင့်...

""ဒီလိုပဲ ဒင်နာလာစားကြတာပါ""

""အိုး...နှစ်ယောက်ထဲအတူတူလာစားကြတာ
လား။ အို...စီးချင်းရယ် ဦးထုတ်ကြီးကမပူ
ဘူးလား။ ဒီနေရာမှာ မီဒီယာတွေမရှိဘူးဆို
တာ လိလီ ရဲရဲ ကြီးအာမခံပါတယ် စီးချင်း
ပူတာမကြိုက်ဘူးဆိုတာ လီလီသိတာပေါ့""

""မလိုဘူး""

လိုတာထက်ပိုပြီး အီတလီဆန်နေတဲ့အသံ
က နားထဲသံရေပူလောင်းတာလား ပုရွက်ဆိတ်တက်တာလားမသိလောက်အောင် ချိုအီနေတာ။ စီးချင်းဦးထုတ်ကို
ချွတ်ပေးဖို့ ရွယ်လိုက်တဲ့လက်တွေမှာ စီးချင်း
အသံမာမာကြောင့် လေပေါ်တွင်သာရပ်တန့်
သွား၏။ နှုတ်ခမ်းတွေကတော့ ပြုံးနေဆဲ။
မှော်ကတော့ သူတို့နှစ်ယောက်ကို ပွဲ ကြည့်ပရိတ်သတ်တစ်ယောက်အနေနှင့် ဟိုကြည့်
ဒီကြည့်ဘာမှ မပြော..

""ကိုယ့်လမ်းကိုယ်သွား၊ နှုတ်ဆက်ဖို့လိုနေ
ရလောက်အောင် မိတ်ဟောင်းဆွေဟောင်း သူငယ်ချင်းကောင်းတွေ
မဟုတ်ဘူး ၊ မှော်ကိုထိချင်ရင် ငါနဲ့အရင်
ညှိမယ် မင်းမျက်နှာကိုကြည့်ထဲက မင်းမှာ
ဘာအကြံတွေ ရှိနေလဲ ငါသိတယ်၊ စကားအပိုဆိုပြီး ယုတ်မာဖို့ချဉ်းကပ်နေလဲ ငါ့ကို
ထိရင်မင်းသက်သာမယ် မှော်ကိုထိရင်တော့
မင်းဘယ်လမ်းသွားချင်လဲ ကြိုရွေးထားလိုက်""

""ရှင်....""

""မင်း မှော်ကိုဘာတွေယုတ်မာဖို့ကြံနေလဲ
ငါသိတယ်၊ မင်းလုပ်ရပ်တွေရပ်တန်းက
ရပ်လိုက်ရင် မင်းအတွက်ပိုပြီး အဆင်ပြေ
လိမ့်မယ် လီလီ""

""ကြည့်စမ်းငါက ဘာလုပ်နေလို့လဲ""

""မင်းလဲမှတ်ထနော် အနီးဆုံးမိတ်ဆွေတွေက
ကိုယ့်ရဲ့အကြီးမားဆုံးရန်သူပဲ ဆိုတာမင်း
မှတ်ထား အရင်ကမင်းလုပ်သမျှမှော်ငြိမ်ခံ
ခဲ့ရတာ ငါနဲ့ဘာမှမဆိုင်သေးလို့ ခုမှော်နဲ့ငါ
ချစ်သူတွေ သူ့အသားနာအောင်လုပ်ဖို့မတွေး
နဲ့ မင်းကြောင့်သူမျက်နှာတစ်ချက်ညှိုးခဲ့ရရင်
ကြိုက်တဲ့လမ်းရွေးထား မှော်ကိုထိရဲရင်တွေးကြည့်ထားလိုက်""

""တောက်..!!!..." "



""လမ်းကိုဖယ်လိုက်...""

သူ့အမိန့်အလိုက် ကြောက်တာလား
ရုတ်တရက် ကြောင်သွားတာလားမသိပဲ လီလီလမ်းကိုချက်ချင်းဖယ်ပေး၏။ သူကလဲ
လမ်းဖယ်ပေးတာကိုပင် တမင်တွန်းတိုက်ပြီး
လျှောက်လာခဲ့တာ လီလီ​နောက်မှာ
ဘယ်လိုဖြစ်ပြီး ကျန်ရစ်ခဲ့မည်မတွေးတတ်။ သူ့မျက်နှာတင်းတင်းကြီးကို ကြည့်ပြီး မှော့်ရင်ထဲ ကြည်နူးလိုက်တာ။ မှော့်ရှေ့မှာ မားမားမတ်မတ်ရပ်တည်ပေးတဲ့အတွက်
ရှင့်ကို မှော်အရမ်းချစ်တယ်မောင်။

စီးချင်းနဲ့မှော်ကျောပြင်ကိုကြည့်ပြီး စွေ့စွေ့
ခုန်ဒေါသတွေနဲ့ ကျန်ရစ်ခဲ့တဲ့ လီလီအဖြစ်ကို
တစ်ချက်ကလေးမှ လှည့်မကြည့်ပါပဲ လက်ချင်း ယှက်ကာကြည်ကြည်နူးနူးထွက်သွား
ကြတဲ့ သူတို့နှစ်ယောက်။

အခန်း [ ၂၁ ] မျှော်
AUTHOR~ငှေသုန်ဒရီ

ဟိတ်...ဖတ်ပြီးရင်လဲ Like&Comလေး
ပေးဖို့မမေ့နဲ့နော်😁😁
ဒါနဲ့ မောင်ကတက်တူးအကြောင်းလဲ မပြောပြသေးဘူးနော်😇😇


rate now: