book

Index 2

အခန်း [ ၂ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

မရည်ရွယ်ပါပဲ တိုက်တိုက်ဆိုင်ဆိုင်ဖြစ်သွား
ရပေမယ့် မှော့်မှာရှက်လွန်း၍ ကျောင်းကို
ဘယ်လိုမျက်နှာနှင့် သွားရမယ်မှန်းမသိ။
ပဒူကောင်လက်ချက်နှင့် မျက်နှာတွေဖောအမ်းသွားသည်ကြောင့် နှစ်ယောက်သား
ကျောင်းငါးရက်ပင် နားလိုက်ရသည်။ လီလီ
လဲမှော်ကြောင့်အရှက်ကွဲသွားရတယ်။ မေမေ့
မှာလဲမှော့်ကို စစ်ဆေးမေးမြန်းပြီးဆူ၍မပြီး
တော့ပါ။ တော်သေးတာပေါ့ မှော်လိမ်ပြော
ထားလို့။ မဟုတ်ရင်မှော်တော့ အရိုက်ခံရမှာ..

ရှက်လိုက်တာ။ အထူးသဖြင့်သူ့ရှေ့ကြီးမှာ
ခုလိုရုပ်ပျက်ဆင်းပျက် ဖြစ်သွားရတဲ့ကိုယ့်အ
ဖြစ်ကိုယ်တွေးတွေးပြီး ပိုပိုရှက်နေတာ။ မှော်
ခြံထဲထိုင်ပြီး ထိုနေ့မှအဖြစ်တွေကိုသာ တွေး
တွေးပြီးရှက်နေမိတာပါ။ မျက်နှာကိုစမ်းကြည့်မိတော့ လျော့သွားပြီ။ မနက်ဖြန်ဆိုကျောင်
သွားရတော့မှာ စိတ်ညစ်တယ်။ သူ့ကိုလွမ်းပေမယ့် မျက်နှာမပြရဲအောင်ဖြစ်ခဲ့ရတဲ့ကိုယ့်
အဖြစ်ကိုယ်တွေးမိလေ ရင်နာလေပဲ သူ့ရှေ့
မှာမှအရှက်ရလေခြင်း။

""ဟိတ်ကောင်!!!!
အပြင်ဘာထွက်လုပ်နေတာလဲ ငါ့ကိုထွက်
စောင့်နေတဲ့ သဘောပေါ့လေ အေးပါကွာလျှာ
ကြီးနဲ့ ငါ့ခြေထောက်ကို လျက်မနေနဲ့ကွာငါ
မောလာပြီ စာတွေသင်ရလို့...အဟွန်း!!""

မှော်ကိုယ့်အတွေးနှင့် ထူပူနေစဉ်တစ်ဖက်ခြံမှ
ယောက်ျားလေးတစ်ယောက်၏ အသံတိုးတိုး
လေးကိုကြားလိုက်ရသည်။ အသံလေးကသြ
သြလေးနှင့် နားထောင်ရအလွန်ကောင်းနေ
ရောပဲ။ တိရစ်ဆာန်တစ်ကောင်ကောင်နှင့်စကား
ပြောနေသည်ဟုထင်ရသည်။ မှော်အတွေးထဲ
ချက်ချင်းဝင်လာသူမှာ ကျေးဇူးပဲပြောသွား
သည့်သူ့အသံနှင့် တူနေသည်လားဆိုပြီး
မှော်တွေးလိုက်မိသည်။

""ကျွတ်!!!!!
ငါလဲနေရာတစ်ကာ သူ့အကြောင်းတွေပြီး
သူပဲထင်ထင်နေတာ လွန်နေပြီ။ ဟင်းနော်
"မှော်ပန်းချီ" ဆိုတဲ့ငါရေ ရူးနေပြီလားသူ့အ
ကြောင်းပဲ တွေးတွေးပြီး...အဟိ!!!""

မှော်ထိုင်နေရာမှ အတွေးစလေးဖြတ်ပြီးကိုယ့်
အကြောင်းနှင့်ကိုယ်တွေးကာ ပြုံးစိစိနှင့်အိမ်
ထဲဝင်လာမိတော့သည်။

>>>>>>>>>>>>>>>>>

""အား!!!
ငါ့ချိုချဉ်ဘယ်ရောက်သွားပြီလဲ အရှေ့အနောက်ကိုမကြည့်ဘူး အတင်းလာတိုးနေကြတာ မျက်စိမပါကြဘူးလား""

""ဘာဖြစ်တာလဲမှော်""

""ငါ့ချိုချဉ် ပါးစပ်ထဲမှာမရှိတော့ဘူးလို့!!!""

""နင်ကလဲချိုချဉ်တစ်လုံးလေးတောင် မထိန်းနိုင်ဘူးလား""

""စိတ်တိုနေရတဲ့ထဲ နင်ကတစ်မျိုး အတင်း
လာတိုးတိုက်နေကြတာကို...ကျွတ်""

နံနက် 9:00AM
ကျောင်းသား ကျောင်းသူတွေ Assemble
စည်ချိန်ဟောလ်ခန်းကြီးထဲ တစ်ကျောင်းလုံး
မှ ဆယ်တန်းကျောင်းသူကျောင်းသားများ
အလုအယက်နောက်ကျနေ၍ တိုးဝင်နေကြ
သည်။ မှော်တုတ်ထိုးသကြားလုံးလေးစုပ်ပြီး
လီလီလက်ကို ဆုပ်ကိုင်တွဲထားပြီးအေးဆေး
သွားနေသည်ကို အနောက်မှဘယ်သူဝင်တိုက်
လိုက်မှန်းမသိ ပါးစပ်ထဲမှသကြားလုံးဘယ်သို့လွင့်စင်သွားမှန်းမသိတော့ပါ။သကြားလုံးအလွန်ကြိုက်သည့်မှော်အတွက် စိတ်တိုစရာမဟုတ် ပါပဲဒေါသကအလိုလိုထွက်ပြီး ဘေးမှာရှိသည့်သူကို ရည်ညွှန်းပြီးမျက်နှာမာမာနှင့်ပြောမိသည်။

""ဟယ်!!!
သူလာပြီ... ဟော...ကြည့်စမ်း!!!
အိုက်စ့်!!!""

""အရမ်းချောတာပဲ""

""ငါနှလုံးခုန်သံတွေမြန်လာပြီ Stateကျောင်းသား ဖြစ်ပြီးကိုယ်ပိုင်ကား
မောင်းပြီလာတာချစ်တာ""

""ဟဲ့!!!!
ဟုတ်လို့လား!!! ကျောင်းသားတွေကိုယ်ပိုင်
ကားစီးပြီး လာပိုင်ခွင့်မရှိဘူးလေ ဒါအစိုးရ
ကျောင်းလေ""

""နင်မျက်မှန်ကြီးချွတ်ပြီး အသိပညာလေး
တိုးအောင်နားတွေဖွင့်ထားစမ်းပါ။ သူကဒီ
ကျောင်းကို လိုအပ်သမျှထောက်ပံ့ပေးနေတဲ့
ကျောင်းအကျိုးတော်ဆောင်ရဲ့သား။
ပိုက်ဆံအရမ်းချမ်းသာတယ်""

""ပိုက်ဆံအရမ်းချမ်းသာပြီး ဘာလို့အစိုးရကျောင်းမှာ လာတက်နေတာလဲ""

""သူ့အကြောင်းငါသိရသလောက်တော့ သူက
အရမ်းပွေတယ်၊ ဆိုးတယ်တဲ့ဘယ်ကျောင်းမှ
လက်မခံကြတော့လို့ ဒီကျောင်းမှာမှလာတက်
နေတာ၊ နိုင်ငံခြားကျောင်းလဲဉာဏ်ကောင်းပါ
ရဲ့နဲ့မတက်ဘူးတဲ့ ဘာကြောင့်လဲတော့ငါလဲ
မသိတော့ဘူး""

""ဪ....!!!
အဲ့လိုလား...ရုပ်ကတော့ဆော်ကြည်ဘဲပဲ""

ဘေးမှမိန်းကလေးတစ်စု မှော်တို့ကိုဂရုမစိုက်
ပါပဲ ခုန်ပေါက်ပြီး တစ်ယောက်တစ်ပေါက်ပြောနေကြသည့် စကားသံများနှင့်အတူ သူတို့ကြည့်နေသည့်ဘက် မှော်အကြည့်ပို့လိုက်
စဉ်....

""ဟင်!!!! သူ...""

""ဟယ်!!!နင့်လူကြီးပါလား""

အရှေ့မှ မျက်နှာတည်တည်နှင့် ဘေးပတ်ဝန်း
ကိုဂရုမထားပဲ မှော်တို့ရှိရာ ဟောလ်ခန်းဘက်
လျှောက်လာသည့် သူ့ကြောင့်အားလုံးအကြည့်များမှာ သူ့ထံတွင်သာ စုပြုံသွားကြတော့
သည်။

""ကြည့်စမ်းပါအုံး!!!
နတ်သက်ကြွေလာတဲ့ နတ်သားလေးကြနေ
တာပဲ ချစ်လိုက်တာ""

""နင့်ရုပ်ကြီးကို "စီးချင်း"လားချစ်မှာ ငါ့လို
မျက်နှာ လှလှလေးဆိုတော်သေး""

""အမယ်!!!
နင့်လိုငမဲမကိုလား သူကဂရုစိုက်မှာအပိုတွေ
လာပြောမနေနဲ့""

""ဟဲ့!!!!
တော်ကြစမ်း။ နင်တို့နှစ်ယောက်ရုပ်တွေနဲ့တက်မလာနဲ့ ကိုကိုစီးချင်းက ငါ့အတွက်
ပဲ""

""ဖြစ်စရာလား။ စီးချင်းရဲ့နံပါတ်ဘယ်နှစ်ခု
မြောက်ပဲဖြစ်ခွင့်ရရ သူနဲ့တော့ချစ်သူဖြစ်
ဖူးချင်လိုက်တာ သူ့ပုံစံကဂျစ်ကန်ကန်ပုံစံ
လေးနဲ့ ကြည့်တဲ့အကြည့်လေးကိုက ဂျစ်တူး
တူးနဲ့...ဟီး""

ကျောင်းသူလေးတွေ ဟောလ်ခန်းထဲမဝင်ပါ
ပဲသူလာရာကိုသာ မျက်စိတစ်ဆုံးကြည့်နေကြပြီး စိတ်ကူးကိုယ်စီနှင့်။ သူ့ကိုချစ်နေတာ
မှော်တစ်ယောက်ထဲမှ မဟုတ်ပဲ။ အမြဲတမ်း
ကျောင်းနောက်ကျမှ ရောက်လာတတ်သည့်
သူကတော့မည်သူ့ကိုမှ ဂရုမစိုက်စွာနှင့် ဟော
ခန်းထဲဝင်သွားလိုက်သည်မှာအေးအေးဆေး
ဆေးပါပဲ။ မအေးဆေးနိုင်သည်မှာတော့မှော်
ပါပဲ။ စိတ်ပူတယ် မှော်လိုချစ်နေကြတဲ့မိန်းက
လေးတွေအများကြီးပါလားဆိုပြီး သိလိုက်ရ
တော့ပိုဝမ်းနည်းတယ်။ ဘာကြောင့်လဲဆိုရင်
သူတို့တွေကမှော်ထက်လှကြသေမိန်းကလေးတွေကြောင့်ပါပဲ။

""ဟီး!!!
ကိုယ်သင်းနံ့လေးက နှခေါင်းထဲစွဲနေတာပဲ
ချစ်လိုက်တာ။ လာကြတော့သူဝင်သွားပြီ""

အရှေ့မှ ကျောင်းသူလေးတွေဝင်သွားသည်ထိ ထိုနေရာတွင်ငုပ်တုတ်မေ့နေသည့်မှော်ကို လီလီမှာအလိုက်သိစွာနှင့် လက်ကို
တင်းတင်းဆုပ်ကိုင်လာပြီး ဖျစ်ညှစ်ကာအား
ပေးသည်။

""လာ...ဝင်ကြမယ်။ ဘာမှစိတ်ထဲထားမနေ
ပါနဲ့ ""

ပြောရက်လိုက်တာလီလီရယ်။ စကားသံတွေ
နှင့် သူ့အကြောင်းတစ်စွန်းတစ်စ ကြားသိလိုက်ရချိန်မှာတော့ မှော်ဘယ်လိုမှစိတ်မပျော်
တော့ပါ။ မှော့်မျက်နှာသည်လည်းစောစောက
လိုကြည်လင်မနေတော့ပါ။ အရာအားလုံးက
ရှင့်ကြောင့်ပါပဲ "စီးချင်း"ရယ်။

>>>>>>>>>>>>>>>>>>

""ကျစ်!!!""

စီးချင်းသူ့ကိုအခန်းရှေ့တွင် အမြဲလာလာချောင်းနေကြသည့် မိန်းကလေးတွေများထဲမှ
မှတ်မှတ်ရရမှတ်မိနေတတ်သော သူတစ်
ယောက်ရှိနေသည်။ ထိုမိန်းကလေးသည် သူ့
ကိုရေကူးကယ်ပေးခဲ့သော ဝဝလုံးလုံးလေးနှင့် မျက်လုံးပြူးပြူးကောင်မလေးတစ်ယောက်ဖြစ်နေ၍ စိတ်ထဲပိုပြီးမှတ်မှတ်ရရဖြစ်နေရခြင်းဖြစ်သည်။ ဟိုနေ့ကလဲသူ့ကိုလာ
ချောင်းတာ ပြားတွေဝိုင်းကိုက်ပေးလိုက်တာ
မျက်နှာလေးနီနီနှင့် ရှက်ပြီးငါးရက်ခြောက်
ရက်လောက်ကျောင်းလာတာမတွေ့။ စီးချင်း
ဆိုသည့်သူ့ရာဇဝင်မှာ မည်သူ့ကိုမျှကျေးဇူး
မတင်တတ်သလို သနားလဲမသနားတတ်ပါ။
သူ့အသက်ကိုကယ်တင်ပေးခဲ့သောသူမကို
တော့အရမ်းကျေးဇူးတင်မိပေမယ့် နောက်
ထပ်ခုလိုဆက်ရန်တွေရှိလာပုံနှင့်သူ့အတွက်
အတော်စိတ်အနှောင့်အယှက်ဖြစ်နေရသည်။

ဘယ်သူ့ကိုမှ မသနားတတ်သောသူ့အတွက်
အထူးအဆန်းတော့ဖြစ်နေသား။ ခုလဲအခန်း
ရှေ့ယောင်လည်လည်လုပ်နေပြန်ပြီ။ ကျောင်း
တက်ချိန်နီးနေပြီ သူ့အခန်းရှေ့ရစ်ဝဲနေဆဲ။
စိတ်ကမှ အလိုလိုနေရင်းတိုနေတတ်သောသူ့
အတွက် တော်တော်ကြီးအနှောင့်အယှက်ဖြစ်
နေရသည်။

""စီးချင်း မင်းကိုအချိန်မှန်လာချောင်းနေတဲ့
သူလေး""

ပိုင်စိုးအပြောကို မျက်မှောင်ကျုံ့ပြီးသူနား
ထောင်နေကာ သူမထံကြည့်နေမိသည်။

""ချစ်စရာလေးပါကွာ မျက်နှာလေးကအပြစ်
ကင်းစင်လွန်းတယ်""

""စကားမများနဲ့စမ်းကွာ အာရုဏ်နောက်ရတဲ့
ထဲ ""

""မင်းကလဲ ကျေးဇူးကမ်းကောင်ပါလား ကို့
အသက်သခင်ကို ကျေးဇူးတင်တဲ့အနေနဲ့
ပြန်ကြိုက်ပေးသင့်တယ်...ဟဲဟဲ ငါဆိုအဲ့လို
မျက်နှာလေးကို ပြန်ချစ်မိမှာအသေအချာပဲ""

""အဲ့လိုပေါတောတောပုံစံတွေ ငါစိတ်မဝင်စား
ဘူး။ ငါ့ချစ်သူတွေစာရင်းထဲမှာ သူ့လိုပုံစံမျိုး
မပါဘူး မင်းကြိုက်ရင်လိုက် ငါ့ကိုထပ်ပြီး
စကားမများနဲ့""

ပိုင်စိုးမျက်နှာရှုံ့မဲ့ပြီး ထပ်မပြောတော့ပေ။
သူနှင့်ထိုကောင်မလေးအကြောင်းတွေသိထားကြသော သူငယ်ချင်းတွေ သူ့ကိုအမြဲ
ခေါ်ကြသည်မှာ ကျေးဇူးကမ်းကောင်တဲ့။ ဘာဖြစ်လဲ ဒါသူ့ရဲ့စရိုက်အမှန်ပဲ။ ကျေးဇူးပဲ
ပြောခဲ့ပြီပဲ နောက်ထပ်ပတ်သက်ဖို့ရန် ဘာအ
ကြောင်းတွေဆက်ရန်ရှိသေးလို့လဲ။

""ချွမ်...ချွမ်...ချွမ်""

""အားလုံးသတိ....ပြည်ထောင်စု မြန်မာနိုင်ငံ အလေးပြု.......""


""စီးချင်း ထလေကွာနိုင်ငံတော်သီချင်းဆိုနေ
ပြီ""

""ဪ!!!""

သူအတွေးလွန်သွားတာလား အငေးလွန်သွား
တာလားဝေခွဲမရ။ မှန်တံခါးတွေမှတစ်ဆင့်
နိုင်ငံတော်သီချင်းဆိုရင်း သူမရှိသေးလား
ချောင်းကြည့်မိတော့ သူမမရှိတော့။ သူ့မျက်နာမှာအလိုလိုနေရင်း ပြုံးမိတော့သည်။

>>>>>>>>>>>>>>>>>

""မှော်ရေ....ထတော့ဆရာရောက်နေပြီ""

""အာ!!!
အိပ်ချင်သေးတယ်မေမေရာ ကျောင်းပိတ်
ရက်ကလေးအိပ်ရေးဝဝလေးအိပ်ခွင့်ပေးပါ""

စောင်ကိုလာဆောင့်ဆွဲသည်ကို မျှောပွနျဆှဲပွီး ခေါငျးမွီးဆှဲခွုံထားလိုကျသညျ။ အိပ်ချင်မူးတူးနှင့် မှော်ပြောချင်ရာပြောပြီး
ပြန်အိပ်ဖို့ပြင်သည်ကို စောင်ကိုပြန်ဆောင့်
ဆွဲနေသည်။

""ဘာမမလေဲ...ငါဟဲ့ငါ!!!
ထတော့ နေဖင်ထိုးနေပြီ ဆရာစောင့်နေပြီ။""

""လီလီရာ ဘာလဲဟာ အိပ်ရေးမဝသေးဘူး
မနှောင့်ယှက်နဲ့""

""ဆရာရောက်နေပြီ အားနာဖို့သင့်တယ်ငါဒီနေ့နင်နဲ့ စာလာသင်တာထတော့မှော်ရယ်""

မှော်မထချင်ထချင်နှင့် မဖွင့်ချင်ပဲလေးလံနေ
သည့် မျက်ဝန်းအစုံကို လက်ဖနှောင့်လေးနှစ်
ဖက်နှင့်ဖိပွတ်ပြီး မျက်နှာစူ
ပုတ်ပုတ်နှင့် ထထိုင်မိ၏။ ပြူံးဖြီးဖြီးနှင့်လီလီ
မျက်နှာကို မကျေမနပ်ကြည့်ပြီး....

""လီလီစုတ် နင့်အကြောင်းငါမသိဘူးများ
မှတ်နေလား။ ဟွန်း!!!! စာလာသင်တာလား
ဆရာ့ကိုလာချောင်းတာလား အလှတွေပြင်ထားတာ အမြင်ကပ်စရာ""

""ရှူး!!!""

""အွန်း...အွန်း""

အသံကျယ်ကြီးနှင့် မကျေမနပ်ပြောနေသည့်
မှော်ပါးစပ်ကို လီလီလှမ်းပိတ်လိုက်ကာ
မျက်နှာအမူအယာသည်လည်း ဆရာကြားမည်စိုးရွံပုံနှင့် တံခါးဘက်ကြည့်လိုက်သေး
သည်။

""ပါးစပ်ပြဲကြီးနဲ့ပြောစရာလား စာသင်ခန်း
မှာဆရာစောင့်နေတယ် ""

""စောင့်ပါစေပေါ့အဲ့ဆရာလဲ ဘာလာလုပ်တာ
လဲအစောကြီး ကယ်စိတ်တိုတယ်""

အိပ်ရေးမဝ၍ စိတ်မကြည်မလင်ဖြစ်နေသမျှ
တွေ့သမျှကို ရန်ရှာချင်နေသည်။ ဆရာဆိုတာ
မှော်လေးတန်းနှစ်ထဲမှ မှော့်ကိုယနေ့ချိန်ထိ
စာသင်ပေးနေသော "ဒေါက်တာတိဿရ"။
ဖေဖေနှင့်ဆရာမိသားစုတွေက စီးပွားရေးလုပ်ဖော်ကိုင်ဖက်တွေ ငယ်ထဲကမှော့်ကို စာ
သင်ပေးခဲ့တာ ယနေ့ချိန်ထိမညီးမညူမပျက်
ကွက်ပါပဲ စိတ်ရှည်စွာနှင့် သင်ပေးသည်။ မှော်ဆိုးသမျှ သည်းခံပေးနိုင်ဆုံးသူသည်လည်းဆရာတစ်ယောက်သာရှိသည်လေ။ ဒါ
ကြောင့်မှော် စိတ်မကြည်တိုင်းဆရာအပေါ်အနိုင်ယူဆိုးနေတာ။ ဒီကြားထဲ လီလီတစ်
ယောက်ဆရာကို ကြိတ်ကြွေနေသေး။

""ထပါမျက်နှာသစ်တော့နော်""

""သစ်မယ်...သစ်မယ်!!!!!
မျက်နှာသစ်ပြီးလို့ကတော့ ငါနဲ့တွေ့မယ်နင်နဲ့
ဆရာနဲ့...""

မှော်စိတ်တိုတိုနှင့် ခုတင်ပေါ်မှမကျေမနပ်နှင့်
ဆင်းပြီး ရေချိုးခန်းဘက်ဝင်လာမိသည်။

>>>>>>>>>>>>>>>>>>>

""အခန်းထဲမှာပဲ နေ့တိုင်းစာသင်နေရတာ
ငြီးငွေ့လာပြီ ခြံထဲဆင်းသင်မယ် ""

မျက်နှာတစ်ခုလုံးစူပုတ်ပြီး မနက်ထဲမှဘာတွေအလိုမကျဖြစ်နေမှန်းမသိ။ သူ့ကိုလဲ
စကားအကောင်းမပြော။ စားပွဲပေါ်မှာဆောင့်
အောင့်ပြီး ထိုင်နေသည့် မှော်ကိုကြည့်ပြီးသူ့
မှာပြုံးစိစိနှင့် ....

""ဘာတွေအလိုမကျနေတာလဲ မှော်၊ ခြံထဲမှာ
စာသင်ချင်တယ်ဆိုလဲ မှော်သဘောပါပဲ
ဘာလို့စူပုတ်နေရတာလဲ""

သူ့စကားသံပင်မဆုံးချိန် သူ့ထံရောက်လာသည့်အကြည့်စူးစူးလေးတွေက ဒိုင်းကနဲ။
သူ့မှာရီရမလိုနှင့် ရယ်ပြန်ရင်လဲ စိတ်ဆိုးမယ်
မှန်းသိနေ၍ အောင့်သက်သက်နှင် ပါးစပ်ပိတ်
ပြီးသာခပ်တည်တည်နေပြရသည်။

""ဆရာကိုမကျေနပ်တာလေ ကျောင်းပိတ်ရက်ပါဆိုမှ အစောကြီးလာစရာ
လားစိတ်တိုတယ် အရမ်းစိတ်ဆိုးတယ်""

မျက်နှာသစ်ထားခါစ မျက်နှာလေးမှာကြည်
လင်ပြွး ချစ်စရာကောင်းနေသည်။ သူပြုံး
နှုတ်ခမ်းကိုဖိပိတိပြီး ပြုံးပြီပြန်သည်။

""ဆယ်နာရီတောင်ထိုးတော့မယ်မှော်၊ မစော
တော့ပါဘူး""

""စောတယ်...ဘာမစောလဲ ကြာလေဆရာ့ကို
လဲမုန်းလေပဲ ကြည့်မရလာတော့ဘူးမေမေတို့
နဲ့တူလာတယ် လာချုပ်ချယ်ချင်နေကြတာ
ဒီဆယ်တန်းလဲ အမြန်ပြီးမှပဲ မဟုတ်ရင်လူလဲ
အိပ်ရေးပျက်လို့သေတော့မယ်""

""မှော်""

စာသင်ခန်းထဲမှ ဆောင့်အောင့်ပြီ ခြေသံတဒုန်းဒုန်းမြည်အောင်ပြေးထွက်သွားသည့်
မှော်။ စာအုပ်တွေခြံထဲသွားဆင်းထားနေ
သည့် လီလီတံခါးဝလေးနားရောက်တာနှင့်
မှော့်ပုံစံကြောင့် လီလီမှာဆရာကိုအားနာရ
သည်။ ဆရာကတော့အပြုံးမပျက်။

""အားနာလိုက်တာဆရာရယ်""

""ရတယ်လီလီ၊ သူကအမြဲဒီလိုဆိုးနေကြပဲ
အဟွန်း....လာလာခြံထဲမှာစောင့်နေပြီနေမယ်""

""ဟုတ်ဆရာ""

အပြုံးမပျက် အပြစ်မယူပါပဲ ချစ်မဝဖြစ်
နေပုံရသည့် ဆရာ့မျက်ဝန်းတွေကြောင့်လီလီ
စိတ်ထဲ တုန်လှုပ်မိသည်။ အရှေ့မှခြေလှမ်း
ကျဲတွေနှင့် လျှောက်နေသည့်ဆရာကျောပြင်
ကိုကြည့်ပြွ လီလီသက်ပြင်းချမိသည်။
တစ်ဖက်သတ်အချစ်ကလဲ ပူလောင်လွန်းပါ
လား။

>>>>>>>>>>>>>>>>>

""ကဲ!!!!
မနက်အစောပိုင်း စိတ်ကြည်နေတဲ့အချိန်
အဂ်လိပ်စာလေးသင်မယ်နော် စာအုပ်တွေ
အသင့်ပြင်ထားပါ""

""ဟုတ်""

ခုချိန်ထိ အလိုမကျပုံနှင့်ဆူအောင့်နေသည့်
မှော်။ တကယ်စိတ်တိုတယ်။ မှော်ကအ အိပ်အရမ်းမက်သူ။ အိပ်နေတဲ့အချိန် လာနိုးကြ
ရင်စိတ်အရမ်းဆိုးတတ်တာ မှော်အကျင့်။

အဂ်လိပ်စာအုပ်ကို ထုတ်ပေမယ့် မျက်နှာမှာ
တော့ တင်းထားဆဲ။

""ဒီနားမှာ ဝက်ပေါက်တွေနေလားမသိဘူး
ဝက်နံ့ရတယ်နော် လီလီ""

""ဟီး...ဟုတ်တယ်ဆရာ ဝက်ပုလုံးအနံ့ရတယ်""

""လူကိုလာရွဲ့မပြောနဲ့နော် ""

ပြုံးစ်စိနှင့်စနေကြသာ့် လီလီနှင့်ဆရာကိုမှော်
မျက်စောင့်ရွယ်ပြီး လက်ထဲကိုင်ထားသည့်
ေဘာပင္ကို ေဆာ့ကစားပြီးမျက်မှောင်ကျုံ့
ထားမိသည်။ ဆရာနှင့်လီလီမှာတော့ ပြုံးစိစိ
လုပ်ပြီး စနေကြတာမပြီးနိုင်တော့ပေ။

ရုတ်တရက်ဘေးခြံထဲမှ ထွက်လာသည့်
သီချင်းသံလေးကြောင့် မှော်အာရုဏ်တွေမှာ
ထိုအသံလေးကိုနားစွင့်ထားပြီး မရည်ရွယ်ပါ
ပဲနားထောင်နေမိသည်။

ဘယ်တော့မှ🎼 ...နောက်ပြန်မကြည့်ပါနဲ့🎼
စိတ်ချပြီး ....ထွက်သွားပါကွယ်လူရယ်🎼
ဖြစ်လာမှ ...ကိုယ့်ထိုက်🎼 ကိုယ့်ကံကြီးပဲ🎼
ခေါင်းငုံ့ပြီးငါမျက်နှာလွှဲ ..လောကကြီးက🎼
တရားပါတယ္ကေျနပ်ပေးရုံနဲ့ဘာများ🎼
တတ်နိုင်လို့လဲဝေးသွားလဲ...ငါ့ကို.... ချစ်ရင်
မျက်ရည်မကျပါနဲ့ဝေးသွားလဲ .....ငါတို့ရဲ
အတိတ်ကို အတိတ်မှာချန်ထားခဲ့....
ဝေးသွားလဲ.....🎼🎼🎼🎼🎼🎼နားထောင်လို့ကောင်းလိုက်တာ""


""မှော်...စာသင်ရင်အာရုဏ်မစိုက်တာကိုတော့
ကိုယ်မကြိုက်ဘူး""

မှော်ဇက်ကလေးပုဝင်လိုက်ပြီး မျက်လွှာချ
ကာခေါင်းငုံ့ထားမိ၏။ ဆရာကတော့မကျေ
နပ်ပုံနှင့် မျက်ဝန်းစူးစူးတွေနှင့် ကြည့်လာပြီး
စာအုပ်တွေကို လှန်နေသည်။

လီလီကတော့ဘာမှ ဝင်မပြောပဲ အဂ်လိပ်စာ
တွေရွတ်နေသည်။ ဆရာကတခြားနေရာသာ
အလိုလိုက်တာ စာနှင့်ပတ်သက်လျှင် မျက်နှာ
သာမပေးပါ။

""Unit (5)ကိုလှန်ပါ နှစ်ယောက်လုံး""

""ဟုတ်""

မှော်စာသင်နေပေမယ့် တစ်ဖက်ခြံမှအသံ
သြသြလေးနှင့် သီချင်းတွေဆိုနေသည့်
သူရဲ့အသံကျုသာ နားမထောင်ပါပဲ ကြားနေရ
သည်။ ကောင်းလိုက်တဲ့အသံလေး ဘယ်လို
လေးမှန်းမသိဘူး။ မှော်စိတ်ထဲမှပြုံးလိုက်ပြီး
ထိုလူကိုမြင်ဖူးချင်နေမိသည်။ အသံလေးက
ဒီလောက်ကောင်းနေမှတော့ လူလေးလဲ
အရမ်းချောမှာပဲ....အဟိ။

မှော်ပြုံးလိုက်မိသည်မှာ စိတ်ထဲတွင်သာ။

အခန်း [ ၃ ] မျှော်

AUTHOR~~~သုန္ဒရီ




rate now: