📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း📖
""ဟင့်အင်း ""
လည်တိုင်တစ်လျှောက် သူ့နှုတ်ခမ်းတွေ
ဖိကပ်လာသည်နှင့် မှော်ကြက်သီးတွေထပြီး
သူ့ရင်အုပ်ကားကားကြီးတွေကို လက်ကလေးနှင့် ထောက်ထားကာ တွန်းကာထားမိပေမဲ့ သူ့ကိုယ်ကြီးကိုတော့ ဘယ်လိုမှ ရွေ့သွားအောင်တွန်းဖယ်မရ။
သူ့အနမ်းတွေကြား အမှောင်ကမ္ဘာထဲ
ရောက်သွားလိုက် အလင်းတန်းကြီးပေါ်လာ
လိုက်နှင့် မှော်မှာယောင်ချာချာ။ သူကတော့
အနမ်းမျိုးစုံ ကျွမ်းကျင်နေသည့်သူမို့
မှော့်ကို ရုန်းမထွက်နိုင်အောင် အနမ်းတွေနှင့်
ခေါ်ဆောင်နေ၏။
မူးနေတာလား ဒါမှမဟုတ် သူမမူးဘူးလား။
မှော် မဝေခွဲတတ်ပေမဲ့.... သူ့အနမ်းတွေကြား
ခဏမျှ ယစ်မူးသွားတဲ့သူကမှော်..။ အသိဝင်လာသည်နှင့် ကြောက်အားပိုလာပြီး သူအသိဝင်လာအောင် သူ့ရင်ဘတ်ကြီးကို အားရှိသမျှ
ထုရိုက်နေပေမဲ့ ရှည်ကြာသည့် သူ့နှုတ်ခမ်း
တွေကတော့ မှော့်မျက်နှာအနှံ့အနမ်းတွေပို့ချ
နေသည်။ တစ်ချက်ကလေးမှ ဖယ်ခွာမသွားတဲ့ သူ့နှုတ်ခမ်းနွေးနွေးမှအနမ်းတွေ...။
သူ့လက်ချောင်းတွေမှာ မှော်ပေါင်
တံ သွယ်သွယ်လေးတွေထံ မထိတထိမြူလာ
သည်နှင့် မှော်အသက်ဝဝရှူပြီး မျက်ဝန်းစုံ
မှိတ်ကာ...လက်တစ်ဖက်ကို အားကုန်စိုက်ပြီး
သူ့ပါးပြင်ကို ရိုက်ချပြစ်မိ၏။ အသားတွေမှာတော့ တဆတ်ဆတ်နှင့် တုန်ယင်နေလျှက်
ရင်တုန်ဒူးတုန်နှင့် လူကအားအင်ချိနဲ့နေပြီ။
""ဖြန်း..!!!!..""
""မှော်...မင်း...""
ထိုအခါမှ မှော့်ကိုယ်ပေါ်တက်ဖိထားတဲ့သူ့
ကိုယ်ကြီး မတ်သွားကာ နီရဲသွားတဲ့သူ့ပါးပြင်
ကို ပွတ်သပ်ပြီး ခပ်မဲ့မဲ့ပြုံးကာ..
""မင်းပြောတော့ ချစ်တယ်ဆို...""
""မှော်ကရှင့်ကို ချစ်တယ်ဆိုတာနဲ့ ဒီလိုပဲ
တန်းဖိုးမထားပဲ အလိုရမ္မက်တစ်ခုအတွက်နဲ့
မှော့်ကို အသုံးချမလို့လား မှော် မှော်ကအဲ့
လောက်ထိ တန်ဖိုးမဲ့တဲ့ မိန်းမမဟုတ်ဘူး""
မျက်ရည်တွေ အဖြိုင်ဖြိုင်ပြိုဆင်းလာသည့်
ပါးပြင်ကို မှော်ခပ်ကြမ်းကြမ်းဖိသုပ်ပြီး
ဝမ်းနည်းစိတ်ကြီးက ယခုမှပိုပြီးကြီးစိုးလာ၏။ သူ..မှော့်ကိုတန်ဖိုးမထားဘူးဆိုတဲ့
အသိနှင့် ပိုပြီးဝမ်းနည်းသွားမိတာပါ။ စီးချင်းမှာတော့ မှော်ရိုက်လိုက်၍ ဖြူဖွေးနေတဲ့ပါးပြင်ကြီးပေါ်မှ လက်ငါးကြောင်းအရာကြီးကို
ပွတ်သတ်ပြီး နှုတ်ခမ်းကိုသွားစွယ်လေးတွေ
နှင့် ကိုက်ထားပြီး အကြည့်များကမှော့်ထံ
စူးစူးနစ်နစ်..
""မင်းငါ့ကို ချစ်တယ်ဆိုရင် အရာရာပေးဆပ်
ရဲရမှာပဲလေ ၊ Sorry ငါလူရွေးမှားသွားတယ်
မင်းကို ငါပတ်သက်ဖူးတဲ့ မိန်းမတွေလိုပဲ
ထင်ထားမိတာ ငါမှားသွားတယ်""
သူခုတင်ပေါ်က ဆင်းပြီးဆံပင်အရှည်တွေ
ကို စိတ်ရှုပ်ထွေးစွာ လက်ချောင်းတွေထိုးသွင်းလိုက်ပြီး သက်ပြင်းလေးလေးကြီးကို
ချမိ၏။ သူမှားသွားတယ်။ မှော်ဆိုတာ သိပ်ကို ရိုးသားဖြူစင်တဲ့ မိန်းကလေး။ ခုတင်ပေါ်
လေးမှာ တုပ်တုပ်မျှမလုပ်ပဲ မျက်ရည်စီး
ကြောင်းတွေနှင့် တွေတွေလေးဖြစ်နေတဲ့
မှော့်အနားမှာ သူကပ်ထိုင်လိုက်သည်။
သူမရဲ့လက်ချောင်းလေးတွေကို ဆုပ်ကိုင်
တော့ အေးစက်နေ၏။ ကြောက်သွားမှာပဲ
သူမလေးတော်တော်ကြီး သူ့ကိုကြောက်သွား
မှာ အသေအချာပဲ။ သူ့ကိုပင်မော့မကြည့်ပဲ
မျက်ရည်တွေနှင့် မျက်ဝန်းတွေက တစ်ခုခု
ပြောချင်နေဟန်နှင့်..။ မူးလာရင်သွေးဆူ
တတ်တဲ့ သူ့အကျင့်ကို ပထမဦးဆုံးသူအပြစ်
တင်မိတာ မှော်နှင့်ပတ်သက်၍ပါ..။
""ကိုယ့်ကြောင့် မင်းစိတ်အနှောက်အယှက်
ဖြစ်သွားရပြီ ကိုယ်မှားသွားတယ်""
""ဟင့်အင်း...ရှင်မမှားဘူး။ ရှင်မူးနေမှန်း
သိသိကြီးနဲ့ ဝင်လာမိတဲ့မှော်ကပဲ မှားတာ
ခုလိုတွေ ဖြစ်တတ်တယ်ဆိုတာ မှော်သိလျှက်
နဲ့ ရှင့်အနားလာမိတာမှော်မှားတာပဲ""
""မင်း ပါးစပ်ကိုပိတ်လိုက်တော့ မှော်""
ဒူးနှစ်ဖက်ကလေးကို ပိုက်ကာငိုကြွေးနေလျှက် သူ့ကိုမယုံကြည်ဖွယ်သဘောနှင့်ပြောလာ
တဲ့ မှော့်စကားတွေက သူ့အတွက်ခံရခက်လှ
စွာ..။ အံကိုတင်းတင်းကြိတ်ပြီး မာနကိုထိခိုက် ခံလိုက်ရသဖွယ် စိတ်တွေကရိုင်းစိုင်း
ချင်လာသည်။ ငြိမ်ငြိမ်လေးနှင့်ခုတင်ပေါ်
ထိုင်ပြီး ငိုနေတဲ့မှော်ပုခုံးနှစ်ဖက်ကို ခပ်ကြမ်း
ကြမ်းဆုပ်ကိုင်လိုက်တော့ မျက်ဝန်းလှလှ
လေးတွေထဲ မျက်ရည်ကြည်လေးတွေနှင့်
အထိတ်ထလန့်သူ့ကိုမော်ကြည့်လာသည်
""ငါ့ရုပ်ကိုသေချာကြည့်ထား။ မူးတိုင်းအခွင့်
အရေးယူတတ်တဲ့ တဏှာရူးကောင်မဟုတ်ဘူး။ မင်းကိုချစ်လို့... မင်းကိုချစ်လို့ ခုလိုဖြစ်
သွားတာ မင်းသိလား""
"".........""
သူထိုင်ရာမှ ထရပ်ပြီး မှော်ကိုကျောခိုင်းကာ
နံရံကို နဗူးနှင့်မှီထားပြီး
လက်သီးကိုကျစ်ကျစ်ပါအောင်ဆုပ်ထား၏။
တစ်ခါမှ မခံစားဖူးတဲ့ ဝေသနာတွေကမဖိတ်
ခေါ်ပါပဲ အလိုလိုတိုးဝင်လာသလိုပင်။
""တစ်လောကလုံး ငါ့ကိုဘယ်လိုထင်ထင် ၊
ဘယ်လိုပြောပြော ငါခံနိုင်တယ်၊ ငါဂရုမစိုက်
ဘူး ဒါပေမဲ့ အဲ့ထဲမှာ မင်းမပါဘူး မှော်...မင်း
ငါ့ကို အဲ့လိုအကြည့်တွေ အပြောတွေနဲ့ငါ့ကို
ပြောတာ ငါမခံနိုင်ဘူး...မင်း မင်းဖြစ်နေလို့
ငါပိုပြီး မခံစားနိုင်တာ""
""အဟင့်...မှော် မှော်ကရှင့်ကို အဲ့လိုသဘော
မျိုးနဲ့ ပြောတာမဟုတ်ဘူး ၊ ရှင့်ကိုမှော်ဘယ်
တုန်းကမှ အထင်မသေးဘူး..""
""အထင်လဲမကြီးတော့ဘူး မဟုတ်လား...
ရတယ် မင်းသွားတော့ ဒီအခန်းထဲကနေမင်း
ထွက်သွားလိုက်တော့ ငါ့စိတ်ကိုနားမလည်
နိုင်ရင်တော့ မင်းငါ့အနားမှာနေပြီး သနားပြ
နေလဲ အပိုပဲ၊ ငါအမုန်းဆုံးက ငါ့ကိုသနားတဲ့
အကြည့်တွေနဲ့ကြည့်လာကြမှာကိုပဲ""
""ချစ်လို့ဆိုပြီး ရှင့်အနားမှာနေချင်နေတဲ့သူ
ဆိုရင် ရှင်နေခွင့်ပြုမှာလား မောင်""
ဘယ်အရာက မှန်သည်လဲ ၊ မှားသည်လဲ
မှော် မဝေခှဲတတျပမေဲ့ သူ့အနားမှာနေခွင့်ရချင်တာနှင့်ပဲ ကောင်းခြင်းဆိုးခြင်းဆိုပြီး
ခှဲခွားမနတော့ပါ။ အဓိကအရေးအကြီးဆုံးက သူ့အနားမှာနေခွင့်ရရင်မှော်ပျော်တယ်။
ထိုအရာကလဲ သူ့ကိုအရမ်းချစ်နေ၍ဆိုတာ
သူသိရင်သိပ်ကောင်းမှာ...။
""ရှင် ရှင်သနားတတ်မယ်ဆိုရင် နှစ်နဲ့ချည်
အောင် စွဲစွဲမြဲမြဲချစ်ခဲ့တဲ့မှော်ကို ပြန်မချစ်ချင်
နေ အသိအမှတ်လေးပြုပေးရင် မှော်ကျေနပ်
တယ် ။ ခုတော့ရှင်က အမြဲဥပေက္ခာတရားတွေနဲ့ပဲ လွန်ခဲ့တဲ့ခြောက်နှစ်ကလိုပဲ သွေး
အေးအေးနဲ့ရက်စက်ပြနေအုံးမှာပဲလား""
မျက်ရည်တွေကြားမှ သူ့ကိုကြည့်ပြီးအသံ
တိမ်တိမ်လေးနှင့် ပြောလာပုံက သူ့ရင်ထဲ
မခံစားနိုင်အောင် နာကျင်စေနိုင်တဲ့ သူမ
အသွင်လေး။ မင်းကိုအရမ်းချစ်မိသွားတဲ့
ငါ့ကိုလဲ မင်းနားမလည်ပါဘူးမှော်။
""လူတစ်ယောက်ကို ဓားနဲ့ထိုးသတ်မှသေတယ်လို့ မထင်နဲ့ ဥပေက္ခာတရားနဲ့ အေးစက်စက်အပြုအမူတွေကလဲ ပြစ်မှု့
မြောက်တဲ့ ပုဒ်မတွေစွဲတင်ပြီး ဒဏ်ခတ်လို့ရတဲ့ သေဆုံးခြင်းတစ်နည်းပဲ""
ငါကိုယ်တိုင် အဲ့ဒီဥပဒေ တွေကြားတဲ့ ပိတ်မိနေတာ မင်းမှမသိပဲမှော်..
နှုတ်ဆိတ်နေတဲ့သူ့အတွက် မှော့်စကားလုံး
တွေက အရှိုက်တည့်တည့်ကို စူးနစ်ဝင်သွား
သည်ထိ နာကျင်စေတာ မှော်မသိဘူး...
""ရှင့်ကို မှော်ကအမြဲလိုက်နေရသူပါ။ ရှင်က
တော့ ဂရုမစိုက်ပဲ ဒီလိုအခြေအနေမျိုးရောက်
နေတာကို ထပ်ထွက်ပြေးနေဦးမှာလား မျှော်
လင့်ချက်နဲ့ ရှင့်အနားဘာအပေးအယူမှမရှိပဲ
အရှက်မရှိတွယ်ကပ်နေတဲ့ မိန်းမတစ်ယောက်ရဲ့ သိက္ခာတွေမာနတွေ ဟိုးအောက်ဆုံး ချထားပြီး ရှင့်ကိုချစ်နေတာ ရှင်သိနေလျှက်နဲ့...မှော်ကိုနောက်တစ်ကြိမ်ထပ်ရက်စက်ဦးမယ်ဆိုရင်လဲ မှော်က အမြဲလိုက်နေရသူပဲ...ရှင်ပြေးနေလဲရှင့်အနောက်မှာ အရိပ်လိုလိုက်ကပ်နေအုံးမှာပဲ...ခုလိုပြောလို့ ရှင်မှော့်ကိုအထင်သေးလဲ မှော်ဂဏုမစိုက်ဘူး..""
""........""
""ရှင့်ကိုအရမ်းချစ်လို့ဆိုတာ ရှင်နား
လည်ပေးပြီး မှော်ကိုကျောခိုင်းဖို့ နောက်ထပ်
တစ်ကြိမ်ရှင်သေချာစဉ်းစားပြီးမှ ဆုံးဖြတ်""
""........""
""ရှင့်ဆီကနေ ခခယယဒူးထောက်တောင်းပန်
မှ ရှင့်အချစ်တွေ ပေးမယ်ဆိုလဲ မောင့်
သဘောအတိုင်း မှော်ဒူးထောက်ပေးမယ်..""
""ကျစ်...!!..မင်း...""
""အို...""
ကိုယ်လေးကိုညွှတ်ပြီး ဒူးထောက်မယ် ပြင်ပြီးမှ ရုတ်တရက်
အနောက်မှ သူ့လက်တံရှည်တွေနဲ့ ထွေးဖက်
ခြင်းခံရသည်နှင့် မှော်ရင်ထဲပိုပြီးငိုချင်စိတ်
က ထိန်းချုပ်မထားနိုင်တော့။ သူနှင့်မျက်နှာ
ချင်းဆိုင် လှည့်ရပ်လိုက်ပြီး သူ့ရင်ခွင်ထဲ
တိုးဝင်ကာ မျက်ရည်မိုးတွေရွာချမိတော့သည်။ ဖေးမလာတဲ့သူလက်နွေးနွေး
တွေကတော့ မျက်ရည်တွေနှင့်ပါးပြင်တွေယကို ဖိသုပ်ပေးပြီး...မှော့်အတွက်နှစ်သိမ်းပေး
ခြင်းတွေက မှော်တစ်ခါမှ မျှော်လင့်မထားတဲ့
အိမ်မက်သဖွယ်...
""ဒီနေ့ကစပြီး မင်း မောင့်ကြောင့် စိတ်မညစ်
စေရတော့ဘူး။ မင်းကိုမောင်အရမ်းချစ်တယ်
မင်းနာကျင်နေရင် မောင်နဲ့နှစ်ယောက်အတူ
နာကျင်ခံစားမယ်၊ မင်းပျော်နေရင်လဲ
မင်းနဲ့မောင်နှစ်ယောက်အတူ ပျော်မယ်။
မင်းအတွက်မောင်ရှိနေသလို မောင့်အတွက်
လဲ မင်းအမြဲရှိနေပေးရမယ်""
မောင်ချည်းထပ်နေတဲ့ နူးညံနေတာထက်ပိုပြီး
နက်နက်ရှိုင်းရှိုင်း လေးလေးနက်နက်သူ့စကား
တွေကို နားထောင်ပြီး မှော်ကြည်နူးလိုက်တာ။
သူ့မျက်နှာချောချောထံ မော့ကြည့်ပြီးဘယ်
အချိန်ထဲက ခြောက်ခမ်းသွားမှန်းမသိတဲ့
မျက်ရည်တွေကို ဖိသုပ်ပြီးသူ့မျက်ဝန်းညိုတွေမှ အနူးညံဆုံးချစ်ခြင်းတွေ မြင်နေရစဉ်
မှော့်ကမ္ဘာကြီးအေးချမ်းလိုက်တာ...
""မောင် မောင်တကယ်ပြောတာလား""
""ဒီထက်ပိုပြီးလေးနက်တဲ့ စကားရှိရင်ပြော
ချင်တယ်။ အရင်ကမောင့်ရဲ့ ရပ်တည်မှု့က
အဓိပ်ပါယျမဲ့နသေလို အနာဂါတ်အတွက်ဝေဝေ
ဝါးဝါးပဲ မင်းဆိုတာ နောက်တစ်ကြိမ်မောင့်
ဘဝထဲ ဝင်လာပေးတာကိုပဲ မောင်ကျေးဇူး
တင်ရမယ်။ မောင်ယုံတယ် ကိုယ့်ရဲ့မှားယွင်း
နေတဲ့ လမ်းတွေကို မင်းပြုပြင်ပေးနိုင်မယ်
ဆိုတာ..""
""မောင်ရယ်..""
""မင်းကို ဉပေက္ခာပြုထားတာက မရေမရာ
နဲ့ အမှောင်တွေပဲဖုံးနေတဲ့ မောင့်ဘဝထဲ
ဆွဲမခေါ်ချင်တာပါ မောင်မင်းကိုအရမ်းချစ်
နေတာ မင်းမှမသိပဲ ""
သူ့ရဲ့မိသားစုရေးရာကို ဖွင့်မပြောပေမဲ့
သူလမ်းမှားနေတာတွေကို သွယ်ဝှိုက်ပြီး
ပြောလာပုံက မှော့်ကိုယုံယုံကြည်ကြည်နှင့်။
ကလေးတစ်ယောက်လို မှော့်ရင်ခွင်ထဲခါး
ကြီးကိုကိုင်းပြီး တိုးဝင်လာတဲ့မောင်..။ မှော်
နှုတ်ခမ်းပါးလေးက အလိုလိုအပြုံးတွေနှင့်..
""မောင့်ရဲ့ အရာရာတိုင်းကိုမှော်နားလည်တယ် ခွင့်လွှတ်တယ်။ မှော်ပြုပြင်ပေးတာ
ကို မောင်လက်ခံလိုက်နာရင် မောင့်ကြောင့်
လှပတဲ့နေသစ်တွေပဲ ဖြစ်နေမှာအသေအချာပဲ မှော်ကမောင်နဲ့ပတ်သက်ပြီး ရှင်သန်ခြင်းလဲ မောင့်အတွက်ပဲ ၊ သေဆုံးနေခြင်းကလဲ
မောင့်အတွက်ပဲ မောင်သတ်မှတ်ထားပေး
လိုက်ပါ မှော်ကမောင်မပိုင်တဲ့ မောင့်ရဲ့ဒုတိယအသက်ပဲဆိုတာ...""
""မင်းကိုအရမ်းချစ်နေမိပြီ မှော်""
ကြင်နာတာလား ဝမ်းသာတာလားမသိတဲ့
သူအနမ်းတစ်ပွင့်။ မှော်နဗူးဆံစလေးကို
သူ့နှုတ်ခမ်းနွေးနွေးတွေနှင့် အနူးညံဆုံးသော
အနမ်းတစ်ပွင့်က ပြာလဲ့လဲ့ကောင်းကင်ကြီး
၌ အေးချမ်းနေရောပေါ့...။
စောစောကဖြစ်ခဲ့တဲ့ ပြသနာကတော့ သူတို့
နှစ်ယောက်ကြား ဘာမှမဖြစ်ခဲ့သလို ။
~~~~~~~
""မဟုတ်ဘူးလေ မောင်ကလဲ၊ မြေလေးတွေ
ဆွပေးမှပေါ့၊ ဒီလိုကြီးဓားကြီးနဲ့အတင်းကြီး
ထိုးထည့်နေမှတော့ အပင်ကဘယ်ခံနိုင်ပါ့
မလဲ""
""ဟား....မသိတော့ဘူး။ မှော်လုပ်တာပဲ
မောင်ကြည့်တော့မယ် မောလိုက်တာ မှော့်
မျက်နှာလေး ကြည့်ရတာအမောကိုပြေသွား
တာပဲ""
""ဟယ်...မောင် ညစ်ပတ်ကြီး ၊ လက်ပေကြီး
နဲ့ သူများပါးကို လိမ်ဆွဲစရာလားလို့ ကြည့်
ဦး သူများအလှတွေပျက်ကုန်ပြီ ထင်တယ်""
နံနက်ခင်းလဲ မဟုတ်ပါပဲ နေခြည်နုနုလေးက
အချစ်ကြောင့် နွေးထွေးနေတာလား...ဒါမှ
မဟုတ် ရာသီဥတုကပဲ သာယာနေတာလား
မသိတော့ပါ။ ကောင်းကင်နဲ့ မျက်နှာချင်း
ဆိုင်ပြီး မြက်ခင်းစိမ်းပေါ်မှာ တစ်ယောက်နဲ့
တစ်ယောက်အပြုံးချင်းဖလှယ်နေကြသည့်
စီးချင်းနှင့်မှော်ကတော့ တစ်လောကလုံးမှာ
သူတို့နှစ်ယောက်ပဲ ရှိနေပုံနှင့် ရယ်ရယ်မော
မော စနောက်သံတွေကတော့ တိတ်ဆိတ်နေတဲ့ ခြံဝန်းထဲ ကြေးငှက်ကလေးတွေအသံ
နှင့်အပြိုင် သဲ့သဲ့တိုးတိုးလေးထွက်နေလျှက်
သူတို့အချစ်ကို သက်သေထူနေသူတွေကတော့ ပြာလဲ့လဲ့ကောင်းကင်ကြီးနှင့် မြက်
ခင်းစိမ်းကြီးရယ်၊ သူတို့စိုက်နေတဲ့ သစ်ပင်
လေးတွေကတော့ သက်သေအဖြစ်ရပ်တည်
ပေးနေလျှက်
""ပျက်ပါစေပေါ့။ မင်းအလှကမောင့်တစ်
ယောက်ထဲ အတွက်ပဲလေ မလှလဲမောင်က
ချစ်တယ် အဲ့တော့လှနေဖို့မလိုဘူး""
အပင်လှောင်းဖို့ချထားတဲ့ ရေပုံးကြီးကို
လက်တစ်ဖက်ထောက်ကာ မျက်စိတစ်ဖက်
မှိတ်ပြပြီး ပြောင်စပ်စပ်ပြောနေပုံကြီးက
အသဲယားစရာ။ သူ့အကျင့်တမင်တကာ
ပုတ်မှန်းမှော်ကမသိ။ သူဆံပင်ညှပ်ပေးလိုက်မှ အရင်ကထက်ပိုပိုပြီး လှနေတဲ့ သူမကိုမနာ
လိုဖြစ်နေတာ မှော်မှမသိပဲ။ ခုလဲကျစ်ဆံမြီးနှစ်ခွလေးက ကပိုကရိုဆံမြိတ်ကလေးတွေ
နှင့်လှချင်တိုင်းလှနေတာ။ ပါးဖောင်းဖောင်း
လေးတွေက ငယ်ငယ်ကအတိုင်းပဲ။
လှတာထက်ချစ်ဖို့ကောင်းတဲ့ သူ့ရဲ့ချစ်သူ
လေး။
""မောင်နော်...အလှပျက်တာဘာအကြောင်း
ဆနျူလဲ မှော်မျက်နှာမှာ မြေကြီးတွေပေကုန်
တာပေါ့လို့...""
""မှော်ကွာ...ခုကစပြီး ဆံပင်အရှည်ပဲ ပြန်
ထားတော့..""
""မောင်ပဲအတင်းညှပ်ပေးပြီးမှ ခုက
ဘာဖြစ်ပြန်ပြီတုန်း""
သူ့မဆီမဆိုင်အမေးအဖြေကို သူမလေးက
ခရေပင်လူတစ်ရပ်စာြးြကို စိုက်နေရင်းလှည့်မကြည့်ပဲ ပြောနေတော့သူမကျေနပ်။ အသဲယား
လိုက်တာ...နောက်ကျောပြည့်ပြည့်လေးနှင့်
နောက်ဇက်ကလေးကနေ လည်တိုင်တွေထိ
ဆင်းနေတဲ့ဆံစလေးတွေက သူ့ကိုပိုပြီးအသဲ
ယားစေသည်။ ချစ်လာမှ ပိုပိုပြီးအရမ်းချစ်
နေမိတဲ့ သူကတော့ မှော်ရဲ့ဖြစ်တည်မှု့တိုင်း
က သူ့အတွက်ရင်ခုန်နှုန်းတစ်ခုသဖွယ်....
သူမခါးလေးကို ဖက်တော့ရုတ်တရက်တွန့်သွားတဲ့ ကိုယ်လေးနှင့် သူ့ကိုမျက်လုံးဝိုင်း
လေးတွေနှင့် လည်လေးလှိမ်ကာ
မော့ကြည့်လာပြီး...
""အရင်ကထက်ပိုလှနေလို့ မောင်ကစိတ်မချ
တော့တာ ဟုတ်ပြီလား""
""စိတ်မချရမဲ့သူက မှော်ပါနော်။ အဆိုတော်
ဆိုပြီး မောင့်အနားမှာဝဲနေတဲ့ မိန်းကလေး
တွေက တစ်ပုံကြီး""
""ဒီမှာကြည့် မောင်ပြောမယ်..""
မှော့်ကိုသူနှင့် မျက်နှာချင်းဆိုင်ဆွဲလှည့်လိုက်
ပြီး သူဆွဲညစ်ထားတဲ့ပါးပြင်လေးက မြေကြီး
တွေနှင့် ဒါလဲလှနေတာပဲ။ ကျုပ်ချစ်သူက
ကမ္ဘာပေါ်ကအလှတွေထဲကမှ သဘာဝအလှဘုရင်မလေး...
""အနားမှာဝဲနေတာနဲ့ မောင်ကစိတ်ဝင်စား
ရမှာလား။ မင်းဆိုတာ မောင့်အနားရောက်လာထဲက တခြားမိန်းကလေးကို ရင်ခုန်ဖို့မပြောနဲ့ လှည့်ကြည့်ဖို့တောင် မောင်
စိတ်မလာဘူး မင်းလေးသံသယတွေနဲ့
စိတ်ညစ်မခံနဲ့ မောင့်ကြောင့်မင်းကို ပျော်
တာပဲ မြင်ချင်တယ်""
""အရမ်းချစ်တာပဲမောင့်ကို..ကတိတွေမလို
ဘူး။ ပါးစပ်ကတစ်တွတ်တွတ်ချစ်တယ်ဆိုပြီးပြောပေးနေဖို့ မှော်မတောင်းဆိုဘူး စစ်
မှန်တဲ့မေတ္တာနဲ့ သစ္စာတရားထားဖို့ပဲ မှော်မျှော်လင့်တယ်""
တစ်ယောက်နှင့်တစ်ယောက် ပွေ့ဖက်နေ
သည်ကို အိမ်ထဲမှကြည့်နေသည့် ဂျူနိုမျက်နှာ
လွှဲ ပြီးမျက်ဝန်းတွေက ပြုံးလဲ့လဲ့နှင့်....
နှုတ်ခမ်းတွေကို ရုပ်ဆိုးအောင်မဲ့ရွဲ့ပြစ်ပြီး
မကျေမနပ်နှင့် လက်ထဲမှသတင်းစာကို
စားပွဲပေါ်ဆောင့်ချလျှက်..
""ချစ်နေကြတော့လဲ သူတို့နှစ်ယောက်ပဲ
ဒီကမ္ဘာမှာရှိနေပုံနဲ့ ငါ့ကိုလာပြီးအားငယ်
အောင်လာလုပ်နေတာ မဖြစ်ဘူးငါလဲ ချစ်သူ
တစ်ယောက်အမြန်ရှာမှပဲ သူတို့ထက်ပိုချစ်ပြ
ရအောင်လို့လေ တကယ်ပဲငါ့ကိုရှိတယ်လို့တောင်ထင်ကြသေးလားမသဘူး သူတို့ကိုငါပဲရှောင်နေရတာ သိပ်အဆင်မပြေဘူး...""
အခန်း ( ၂၀ )မျှော်
AUTHOR~ငှေသုန်ဒရီ
သုန်စာတင်ချိန်က ၈ နာရီတိတိပါနော်။
ဒီနေ့ကသုန်နောက်ကျသွားလို့ပါ...။
Sorryအားလုံးကို သုန်တောင်းပန်တယ်။
ငါးခုံးမတစ်ကောင်ကြောင့် တစ်လေ လုံပုတ်ဆိုသလို တစ်ယောက်အတွက်နဲ့ သုန်ပေါက်
ကွဲပြီး ပိုစ့်တင်မိတာ သုန့်စာဖတ်သူတွေကို
စိတ်အနှောင့်အယှက်ဖြစ်စေမိပြီ။ နောက်ကို
သုန်ဆင်ခြင်ပါ့မယ် မကျေနပ်တဲ့သူကို မကျေနပ်သလိုပဲ တစ်ယောက်ထဲBlockလိုက်
ပါမယ် အားလုံးကိုပတ်မရမ်းတော့ဘူးနော်။
ချစ်တယ်အားလုံးကိုအရမ်းချစ်တယ်😘😘