book

Index 18

အခန်း [ ၁၈ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း📖

""မှော် မလိုက်သွားတော့ဘူးမေမေ၊ မှော်သွား
စရာလေး ရှိသေးလို့""

""ဘာကို စောဒက တက်ချင်ပြန်တာလဲ၊
သွား...ဟိုမှာသားက ကားပေါ်ကနေစောင့်နေ
ပြီ""

""မေမေကလဲ Dinnerစားတယ်ဆိုရင်လဲ မေမေတို့ကဘာလို့မလိုက်တာလဲ""

""ညည်းတို့လူငယ်ချင်း တမင်သွားခိုင်းတာ
သွားတော့ စကားမများနဲ့...အဲ့တာပဲ ကြည့်တော့မြင့်ရယ် ဒီကောင်မလေးတော်တော်
ပြောရခက်တာ""

ဆရာမေမေအန်တီ မြင့်ကတော့ရယ်နေလျှက်
မှော့်ကို ကလေးတစ်ယောက်ကိုကြည့်တဲ့
အကြည့်လေးနှင်သာ ကြည့်လာကာ...

""မှော်လေးက ကလေးပဲရှိနေသေးတာပဲ
အရမ်းကြီးမဆူပါနဲ့""

""ကလေးကလေးဆိုပြီး ကျုပ်ကိုအနိုင်ပိုင်း
ပြီးဆိုးနေတာ မြင့်ဘာသိလဲ၊ ကဲပါမှော်သွား
တော့ သားစောင့်နေတာ ကြာနေလောက်ပြီ""

မှော်မျက်နှာလေး ပျက်ပျက်နှင့် မေမေကို
မလွန်ဆန်နိုင်စွာနှင့်ပဲ ဆရာစောင့်နေတဲ့
ကားပေါ်တက်ထိုင်ပြီး ဆူအောင့်အောင့်နှင့်
လိုက်လာခဲ့၏။ ငြိမ်သက်ပြီးလိုက်လာတဲ့
မှော့်ကို ဆရာလှည့်ကြည့်လှည့်ကြည့်နှင့်
ဘာစကားမှတော့ မဆိုပဲကြည့်နေသည်ကို
တော့ သိသည်။ သို့ပေမဲ့ မှော်ဂရုမထာမိ...။
ခုချိန်မှော့်အတွေးထဲ မောင်ဘယ်လိုနေမလဲ
ပဲ တွေးနေမိတာ။ မှော့်ကိုညနေမှ ပြောစရာရှိ
တယ်ဆိုပြီး ပြောထားတာ။ မောင်ဘာများပြောမလဲ။ အပြင်ဘက်ရာသီဥတုကလဲ
အတော်မိုးမှောင်နေပြီပဲ။ ဖုန်းကလဲမေမေ
မကြိုက်မှာစိုးသည်ကြောင့် စက်ပိတ်ထားမိ
တာ။ ခုလဲမေ့ကျန်ခဲ့ပြန်ပြီ။ မောင် စိတ်တော့
မဆိုးလောက်ပါဘူး။ အိမ်ပြန်ရောက်မှပဲ
ဖုန်းဆက်ပြီးချော့လိုက်မယ်။ ခုမှမှော်စိတ်သက်သာပုံနှင့် ခပ်လေးလေးသက်ပြင်း
မောလေး ချမိ၏။

မှော်..မျက်မှောင်လေးကျုံ့ပြီး နားထင်လေး
ကို လက်ကလေးနိပ်လိုက် ခေါင်းလေးခါလိုက် လုပ်နေသည်ကို တိဿရကြည့်ပြီး..

""မှော်...ဆံပင်တွေက ဘာလို့ညှပ်လိုက်တာ
လဲ""

ဦးတည်ချက်နှင့် မေးခွန်းကတခြားစီဆိုပေမဲ့
မှော့်ကို သူ့စကားတွေကြောင့် စိတ်အနှောင့်အယှက်ဖြစ်မိစေမှာကို မလိုသည်ကြောင့်ပါ။
မှော့်ရင်ထဲမှာ ဘာတွေရှိနေလဲ သူကြိုသိနင့်
နေပြီပဲ။ ထပ်မေးရရင် နာကျင်စေရမဲ့သူက
သူဖြစ်နေတာကို သိနေလျှက်နဲ့တော့ ကိုယ့်
သေတွင်းကိုယ်မတူးချင်တော့၍ပါ။

""ဒီလိုပဲ စိတ်ရှုပ်လို့ညှပ်ပြစ်တာ""

""အရင်က မှော်ပဲဆံပင်အရှည်တွေကို အရမ်း
နှစ်သက်ပါတယ်ဆို။ မှော်ကကွာကလေးကျနေတာပဲ ဆံပင်ရှည်တွေ နှမျောစရာကြီး""

""မှော်မကြိုက်လို့ပါဆို ဆရာကလဲ ဆံပင်တွေ
က ရှုပ်ကရှုပ်နဲ့ ဆရာထားရတာမဟုတ်တိုင်း
နှမျောမနေပါနဲ့...""

""ကိုယ်က နှမျောလို့ပါ ၊ ပြီးတော့မှော်မျက်နှာ
လေးနဲ့က ဆံပင်အရှည်နဲ့ပိုလှတယ်လေ""

ဆရာပြောလေ မှော်ငိုချင်လေမို့ မျက်နှာလေး
မဲ့ကျသွားသည်ကို ကားမောင်းရင်းနှင့် ဆရာ
မြင်သွားကာ..အလိုက်မသိပါပဲ ဆက်ပြောနေ
သည်မှာ..

""ဘာဖြစ်လို့လဲမှော်၊ ကိုယ်ပြောတာမကြိုက်
လို့လား မှော်ကဘယ်လိုနေနေလှပါတယ်
ကိုယ်ကချစ်လို့စတာပါ""

""ဒါဆိုလဲဆက်မပြောနဲ့တော့ ကားကိုသာ
ဂရုစိုက်ပြီး အမြန်မောင်း မှော် ဗိုက်ဆာနေပြီ""

""စိတ်မဆိုးဘူးဆိုရင် ကျေနပ်ပြီ""

""မဆိုးဘူးလို့""

မှော်ဆက်မပြောတော့ပဲ ငြိမ်နေလိုက်တော့
သည်။ မောင်မကြိုက်ဘူးဆိုတဲ့အရာမှန်သမျှ
မှော်မကြိုက်ဘူးပဲမောင်။ မောင့်စိတ်နဲ့ရှင်သန်
နေခြင်းကိုပဲ မှော်နှစ်သက်နေမိတာ။ ချုပ်ချယ်တာတွေ အနိုင်ကျင့်တာတွေဆိုပြီး
တော့လဲ မောင့်ကိုမစွတ်စွဲပါဘူးမောင်။
မှော်ကိုယ်တိုင်က မောင်ပေးသမျှအရာရာကို
နှစ်သက်နေမိခြင်းက မောင့်အတွက်မဂ်လာ
တစ်ပါးဖြစ်သလို ၊ မှော်အတွက်စိတ်ချမ်းသာ
ခြင်းတစ်နည်းပဲ။

~~~~~~~

""မှော်လေး...ရပြီ""

""ကျေးဇူးပါပဲ..ဆရာ""

""ကလေးကျနေတာပဲ ရေခဲမုန့်ကိုညကြီးစား
ချင်နေတာ၊ စားပြန်တော့လဲနှစ်ခုတဲ့ ဒါကြောင့် ဝက်ပုတ်လေးဖြစ်နေတာ""

မှော်ခေါင်းလေးကို ဖွဖွပုတ်ပြီး ကြင်ကြင်
နာနာကြည့်နေတဲ့ ဆရာ့မျက်ဝန်းတွေကို
မျက်စောင်းရွယ်လိုက်ပြီး..

""ဘာပဲ ဖြစ်ဖြစ်၊ ဆရာနဲ့မဆိုင်ပါဘူး""

""ဟောဗျာ""

""ဖယ်ဦး ခန""

ရှေ့မှာ ပိတ်ရပ်ထားတဲ့ဆရာ့ကို နေရာရွေ့ခိုင်းပြီး ဆရာခုမှအပြေးသွားဝယ်ပေးတဲ့
ရေခဲမုန့်နှစ်ခုကို လက်က ကိုင်ထားလျှက်နှင့်
ထိုနေရာမှထွက်ခဲ့သည်။

""မှော်ဘယ်လဲ ဒီမှာပဲ ထိုင်စားပါလား""

""မှော်မစားပါဘူး""

""မကြိုက်လို့လား""

""ဟင့်အင်း...ခနလေး မှော် ကိုနောက်ထပ်မေး
ခွန်းတွေ ဆက်မမေးပဲမှော်လုပ်တာလေးပဲ
ကြည့်ပြီးဆုံးဖြတ် ဆရာ့ကိုဖြေရတာ မှော်
မောလာပြီ""

ရေခဲမုန့်လေးကိုင်ပြီး ဆိုင်အပြင်ဘက်ထွက်သွားတဲ့ မှော့်နောက်ကို သိဿရမနေနိုင်မထိုင်
နိုင်လိုက်ကြည့်ရသည်။ ဆိုင်အပြင်ရောက်
သည်နှင့်...

""ကလေးတွေ ရော့ ၊ ဒါကလေးတို့အတွက်
ရော့ ဒါကမုန့်ဖိုး ယူသွားကြနော်""

""ကျေးဇူးပါမမချောချော ၊ သားတို့အရမ်း
ဗိုက်ဆာနေတာမမ ကျေးဇူးပါဗျ""

ဆိုင်အပေါက်ဝမှာ ပေတီပေစုတ်နှင့်ကလေး
လေးနှစ်ယောက်လက်ထဲ ထည့်ပေးလိုက်တဲ့
ရေခဲမုန့်ကို ကြည့်ပြီးသူ့ရင်ထဲအမောဆို့သွား
ရသည်မှာအမှန်ပင်။ သူ့မှာတော့ခုချက်ချင်း
သားချင်လှပါသည်ဆိုတော့ အပြေးအလွှား
သွားဝယ်ပေးရတာ သူမကတော့ကလေးတွေ
ကိုကြွေးလိုက်သည်တဲ့။ မသိရင် သူက ကြည့်
ပြီး အကုသိုလ်များရတဲ့ ကုသိုလ်ကောင်ကြီး
ကျလို့..။ ကလေးတှကေိုမကြှေးခငျြ၍ မဟုတ်ပါ။ သူ့စေတနာကို အသိအမှတ်ပြုတဲ့
အနေနှင့်တော့ နည်းနည်းဖြစ်ဖြစ်မှော့်ကိုစား
စေချင်တာ သူ့ဆန္ဒပာ..။

မှော် ဆရာ့မျက်နှာပျက်ကျသွားသည်ကိုသိ
ပေမဲ့ တမင်ကိုလုပ်လိုက်မှန်း ဆရာမှမသိပဲ။
အရင်ထဲကဆရာ့အပေါ် အနိုင်ယူဗိုလ်ကျတတ်တဲ့မှော်..ယခုလဲဒီထက်မပိုခဲ့ပါ။ အရင်
လို ဆရာ့အပေါ်ကလေးတစ်ယောက်လို ဆိုး
ချင်၍...၊ ဆိုင်အပေါက်ဝမှာ လိုက်မျှော်နေတဲ့
ကလေးတွေကိုလဲ သနား၍ပါပဲ..။

""ဆရာ..မျက်နှာက ဘာဖြစ်နေတာလဲ""

""ဘာမဖြစ်ပါဘူး မှော်လေး""

""မလိမ်နဲ့နော် လိမ်တာမှော်မကြိုက်ဘူး""

ခပ်တည်တည်နှင့် ဟောက်ပြန်တော့လဲ
ကြင်ကြင်နာနာမျက်ဝန်းတွေက ဘယ်အရာမှ
အပြစ်မဆိုပုံ။

""အမောတော့ဆို့သွားတယ် ၊ မှော်နဲ့ပတ်သက်ပြီး စိတ်တိုတတ်တဲ့စိတ်တွေ မွေးကတည်းက
ယနေ့ချိန်ထိ မရှိသေးတော့ စိတ်ဆိုးလားမေး
နေဖို့မလိုဘူး ကလေး။ အရာရာတိုင်းကိုယ်
ခွင့်လွှတ်ပေးဖို့ကြိုးစားနေတာမဟုတ်ဘူး..။
ကိုယ့်ရဲ့ ဉာဉ်ကကိုမင်းအတွက် အရာရာစဉ်းစားပြီး ခွင့်လွှတ်တတ်နေတာ""

""ဒါဆိုလဲ မျက်နှာကိုပြုံးထားလေ""

""ဟုတ်ပါပြီဗျာ..ခင်ဗျားလေးသဘော...
ဆိုးလို့မဝသေးဘူးလား""

အရာရာကိုခွင့်လွှတ်နားလည်ပေးတဲ့
အကြည့်တွေနှင့် သူကတော့ပြုံးလျှက် ကြည့်
နေဆဲ။ မျက်တောင်လေးပုတ်ခတ်ပြီး သူမ
ဘာအပြစ်မှ မလုပ်ထားပုံနှင့် သူ့ကိုကြည့်နေ
သည်က အသဲယားစရာ။

""စိတ်ဆိုးစိတ်ကောက်တယ်ဆိုတာ ဉာဉ်ရည်
မမှီတဲ့လူတွေအတွက်ပါ မှော်ကတော့ကိုယ့်
လုပ်ရပ်က မှန်တယ်ထင်ရင် လုပ်စရာရှိတာ
ဆက်လုပ်ရမှာပဲ""

""ခင်ဗျားလေးပဲ စကားတတ်တိုင်းပြောနေ
လိုက်တော့...လာ..ဗိုက်ဆာနေပြီဆို ဟင်းတွေ
လဲ မှာထားတာ ရောက်နေပြီ စားကြမယ်ပြီးရင် မှော်အကြိုက် ကားပတ်မောင်းပြီး လေ
ညှင်းခံမယ်""

""မှော်အကြိုက်ကို သိနေလို့ အဲ့လိုတွေကြောင့်
ချစ်နေရတာ..အင့်အင့်...""

""ဟာ...!!...""

ဆံပင်အတိုလေးနှင့် အရင်ကထက်ပိုနုပျိုပြီး နေတဲ့ သူမလေးကမသိပေမဲ့ သူ့မှာတစ်လမ်းလုံး ခိုးကြည့်ပြီးရင်ခုန်နေရတာ မှော်မှ

မသိပဲ။ ခုလဲ သူ့ပါးကိုဆွဲလိမ်ပြီး ချစ်တာတဲ့။
သူ့နှလုံးသွေးကြောတွေ စီးဆင်းသွားသည်လား...ဖျာဆင်းသွားသည်လားမသိလောက်
အောင် မှော့်အပြောလေးက သူ့ကိုသေစေ
နိုင်တာ မှော်မသိဘူး။ ဘယ်လိုကောင်မလေး
လဲ မသိဘူး။ သူ့မှာတာ သူမလုပ်ရပ်ကြောင့်
ကြောင်အမ်းအမ်းနှင့် ထိုနေရာတွင်သာ ငုပ်
တုပ်မေ့နေပေမဲ့ မှော်ကတော့ သူ့ကိုလှည့်၍
ပင်မကြည့်တော့ပဲ လုပ်ချင်တာလေးများ
လုပ်ရရင် ၃၁ဘုံမှာသူမလေးက စိတ်အချမ်း
သာဆုံးရုပ်ကလေးနဲ့...။

တိဿရမျက်နှာချောချောမှာလဲ အပြုံးလေးနဲ့
မှော့်အနား ရင်ခုန်စွာ လျှောက်လာမိ၏။

~~~~~~~~

""စီးချင်း...မှော့်ဆီကဖုန်းလာတယ်""

""အဟက်..""

နှုတ်ခမ်းနားတေ့ထားတဲ့ စီးကရက်ကို ဖွာ
ရှိုက်လိုက်ပြီး တွန့်ကွေးပြုံးလိုက်သည့် သူ့
နှုတ်ခမ်းမှ အပြုံးတွေက အသက်မဲ့နေသယောင်...အေးစက်နေခြင်း...နာကျင်ခြင်း
အငွေ့အသက်တွေအလား သဏ္ဌာန်တူပေမဲ့
ဝေခွဲရခက်လှ၏။ နီသွေးနေတဲ့ မျက်ဝန်းတွေ
ကတော့ ပြတင်းပေါက်ကို ငေးနေပြီးမျက်ဝန်း
တွေမှာ ဦးတည်ရာမရှိ။

""ငါဘာပြန်ပြောလိုက်ရမလဲ။ မင်းဖုန်းကိုဆက်မရလို့တဲ့ မနေ့ညထဲက ငါ့ဆီဆက်နေ
တာ...""

ဂျူနိုကလဲ အလိုက်သိစွာ သူဘာမှမပြောခိုင်း
ပဲနှင့် သူ့သဘောသူ့ဆန္ဒနှင့်ဘာမှမပြောတတ်
သူ။ မှော်ကိုမတွေ့ရတဲ့ တစ်ရက်။ သူ့ရင်ထဲ
လွမ်းဆွတ်နေသလို တမ်းတနေမိတာမည်သူ
မှ မသိပေမဲ့ သူ့နှလုံးသားတမ်းတမှု့ကတော့
စိတ်တိုခြင်းတွေနှင့် ဖုံးကွယ်ထားပေမဲ့ သူ
တင်းခံမထားနိုင်တော့ပါ။ မာနလား မခံချင်စိတ်လား ဝေခွဲမရခင်မှာ သေချာသွား
တဲ့သူ့နှလုံးသားဝန်ခံချက်ကတော့ မှော့်ကို
တမ်းတမ်းတတတွေ့ချင်နေတာ ဘယ်လိုမှ
မျိုသိပ်မထားနိုင် ၊ မာနနှင့်လဲ ဖုံးကွယ်မထားနိုင်သည့်အဆုံး...ဂျူနိုကိုကျောခိုင်း
ပြီး ပြတင်းပေါက်ဘက်ကျောပေးရပ်ကာ..

""သူ့ကို ဒီကိုလာခိုင်းလိုက်""

~~~~~~~~~~

""ဒေါက်...ဒေါက်...ဒေါက်""

မှော်ခြေထောက်ရှေ့တည့်တည့် လိမ့်ကျလာ
တဲ့ အရက်ပုလင်းကို မှော်ငေးကြည့်နေစဉ်..

""တောက်...ဒီ..ဒီ အရက်ပုလင်းက ဘယ်ကို
ရောက်သွား ပြန်ပြီလဲ""

""မောင်...""

မှော် နှုတ်ခမ်းလှုပ်ရုံလေး ခေါ်ပြီးဖရိုဖရဲအကျီ
ပုံစံနှင့် ဆံပင်ရှည်တွေက မျက်နှာပေါ်အုပ်ကျ
ထား၍ မှော့်ကိုမမြင်ပေ။ အာလေးရှာလေး
အသံကြီးနှင့် မျက်စိပင်မဖွင့်တော့ပဲ စားပွဲပေါ်
မောက်နေသည့် မောင်။ တစ်ခါမျှ ခုလိုပုံစံ
နှင့် မောင့်ကိုမမြင်ဖူးသည်ကြောင့် မှော့်မှာ
ဆွံအနေမိ၏။

""ဟေ့ကောငျ...ဂျူနို ၊ မှော်ပန်းချီက လာမယ်
ဆို ဘာလို့ခုချိန်ထိ မရောက်သေးတာလဲ အေ့.
...""

""........""

ခေါင်းမထောင်ပဲ စကားတွေသာပြောနေတဲ့
သူ။ မှော်..လုပ်ရပ်အတွက် မောင်အဲ့လောက်
ထိ ခံစားသွားရတာလား။ မှော်...မျက်ရည်
လေး ဝဲဝဲနှင့် အရက်ပုလင်းကို ကောက်လိုက်
စဉ်....

""အဟက်...ငါမူးသွားလို့ မဖြစ်ဘူး မှော့်ကို
ပြောစရာတွေ ရှိသေးတယ် အေ့...သူ...""

""အို...မထနဲ့လေ စီးချင်းရယ်...""

ရုတ်တရက် စားပွဲပေါ်မောက်နေတဲ့ လူက
ထလိုက်သည်ကြောင့် ယိုင်လုလုကိုယ်ကြီးက
ပြိုလဲချင်နေသည်။ ကိုဂျူနိုကလဲ မှော်ကို
သူရှိတဲ့ အခန်းကိုပို့ပေးပြီး ထွက်သွားလိုက်
တာ။ သူ့ကိုယ်အနင့်ကြီးကို မှော့်ကိုယ်သေးသေးလေးနှင့် ပြေးထိန်းထားရသည်မှာ မနိုင်မနင်းမို့.... အလဲလဲအပြိုပြို...

""စီးချင်း ပြန်ထိုင်ပါ ၊ ရှင့်ကိုယ်ကြီးကို မှော်
မနိုင်ဘူး...အို...""

""ဘုန်း...""

""အား...""

ဒယီးဒယိုင်နှင့် သူ့ကိုယ်အလေးကြီးကို
မနိုင်မနင်းထိန်းနေရစဉ် တအိအိနှင့်ပြိုကျလာတဲ့ သူ့ကိုယ်ကြီးကြောင့် နှစ်ယောက်သား
ကြမ်းပြင်ပေါ် လုံးထွေးပြီးလှဲကျသွားတော့
သည်။ ကြမ်းပြင်နှင့် ကပ်သွားသည့်သူ့ကိုယ်
ကြီးပေါ် မှော်ကိုယ်လေးတက်ဖိထားသည်ကို
သူက မညည်းညူပဲ အလန့်တကြားအော်မိသူ
က မှော်။

""စီးချင်း ထ ရှင်ဘာလို့အရက်တွေ အရမ်းမူး
အောင် သောက်ရတာလဲ""

""အေ့...မင်း မင်းရောက်လာပြီလား""

""မှော် ရောက်ပြီ၊ ရှင်ဘာတွေ မကျေနပ်နေ
တာလဲ ၊ ပြော မှော့်ကိုပြော ရှင့်ရင်ထဲရှိသမျှ
အကုန်ပြော ရှင်မကြိုက်တာ မှန်သမျှမှော်အကုန်ပြင်မယ် မှော့်ကိုတော့အဆက်အသွယ်
မဖြတ်ထားနဲ့...""

တိမ်ဝင်သွားတဲ့ အသံလေးကိုတော့ သူသတိ
ထားမိမှာ မဟုတ်ပေ။ ရစ်ဝဲလာတဲ့မျက်ရည်
တွေကို မျက်တောင်ရှည်တွေနှင့်ပုတ်ခတ်ပြီး
သူဖက်တွယ်ထားတဲ့ လက်တွေကိုဖယ်ခွာရင်း
ဝမ်းနည်းစိတ်ကို မြိုသိပ်ထားသမျှ သူ့ကို
တွေ့တော့ရင်ခွင်ထဲ တိုးဝင်ပြီးငိုချင်တဲ့ စိတ်ကို မထိန်းချုပ်နိုင်တော့။

""အဟက်...မင်းငိုနေတာလား။ ဘာလို့ငိုနေ
တာလဲ ၊ ငါလိုအသုံးမကျတဲ့ ကောင်အတွက်
မင်းမျက်ရည်က တန်လို့လား""

""စီးချင်း....ရှင် ဘာတွေပြောနေတာလဲ။
ရှင့်ရင်ထဲရှိတာ အကုန်ပြော အသုံးမကျဘူး
ဆိုတဲ့ စကားတော့မပြောနဲ့ မှော်အတွက်
မောင်က အရေးကြီးဆုံးပဲ""

""အဟွန်း...!!!...""

ဝိုးတဝါးပုံရိပ်လေး။ မျက်ဝန်းလှလှလေးထက် မျက်ရည်ကြည်လေးတွေနှင့်..။ သူဖက်
တွယ်ထားတဲ့ သူမကိုယ်လေးက ဝါဂွမ်းလေး
လို နုထွေးအိနေတာ ။ ရင်ထဲ တစိမ့်စိမ့်နှင့်
တငြိမ့်ငြိမ့်တိုးဝင်လာတာ သံစဉ်တွေအလား
ရင်ခုန်သံတွေက ညင်သာသွားလိုက်၊ ကြမ်း
တမ်းသွားလိုက်နှင့်။ သူမလွှတ်တမ်း ဖက်တွယ်ထားမိတာ မြတ်နိုးမှု့အပြည့်နှင့်...

""ငါမဟုတ်တဲ့ တခြားယောက်ျားတစ်ယောက်နဲ့ စကားပြောတာမင်းပျော်ရဲ့လား
မှော် မင်းကမှတ်ဉာဏ်နည်းတာလား မသိချင်ယောင်ဆောင်တာလား""

""ရှင် မကြိုက်မှန်းမှော်သိတယ် ၊ ဒါပေမဲ့
ဘာကြောင့်ဆိုတာ မှော့်ကိုမေးပါဦးလား။
မှော်မှာ ရှင်းပြခွင့်မရှိဘူးလား""

""No....ဖြေးရှင်းချက်တွေ တောင်းပန်ခြင်း
တွေ ငါအမုန်းဆုံးပဲ ၊ ငါ့စကားကိုပဲ နား
ထောင် ငါပြောသလိုပဲနေ ဒါဆိုမင်းနဲ့ငါ့ကြား
ဘာ ပြသနာမှ မရှိတော့ဘူး""

""စီးချင်း...လွှတ်ဦး မှော်ကို...""

ချောင်ပိတ်မိနေတဲ့ သူ့စကားတွေကိုမတုံ့ပြန်
နိုင်တော့ တင်းတင်းကျပ်ကျပ်ဖက်တွယ်
ထားတဲ့ သူ့ရင်ခွင်ထဲ မှော်မွန်းကျပ်ကာ
အသက်ရှူပင်မဝတော့။ ပိုဆိုးသည်က မှော်
အရှက်လွန်ပြီး ထူထူပူပူနှင် မျက်နှာတစ်ခု
လုံးနီစွေးနေကာ ပန်းရင့်ရောင်ဘက်ကူးနေပြီ

""မင်း ငါ့ကိုချစ်တယ်ဆို..""

""ဘာဆိုင်လို့လဲ မှော့်ကိုလွှတ်ပါ""

နီကျင်ကျင်မျက်ဝန်း ညိုတွေကစံပယ်ကြီး
တစ်ကောင်တစ်ဖွယ် မှော့်ကိုညှို့ယူနေသည်မို့
မှော် ရင်မဆိုင်ရဲ။ အသက်ရှူသံပြင်းပြင်းသူ့
ထံ ကြားရတိုင်း မှော်သွေးလည်ပတ်မှု့တွေ
မူမမှန်ချင်တော့။ တောင်ပေါ်နှင့်တောင်အောက် ပြေးဆင်းသလို အသဲတွေထဲ အေး
ခနဲ ဖြစ်သွားလိုက် တစ်ကိုယ်လုံးကျဉ်ခဲသွား
လိုက်နှင့်... အရှက်ပိုနေမိတာ။ သူကတော့
လှဲနေရာမှ ထထိုင်ပြီး မှော့်ကိုထပ်မံဖက်တွယ်
ထားပြီး မျက်ဝန်းချင်းဆုံကာ...

""မောင်လဲ မင်းကိုချစ်တယ်""

""ဟို...ဟို...""

""မငြင်းနဲ့တော့ မင်းလဲမောင့်ကိုချစ်တယ်
မောင်လဲ မင်းကိုချစ်တယ်""

""အို...""

မြဲမန်လာတာလား တင်းကိပ်လာတာလား
မသိပဲ သူဆုပ်ကိုင်ထဲတဲ့မှော် လက်မောင်း
လေးမှာ ပိုတင်းကျပ်သွားလျှက် တရွေ့ရွေ့
တိုးကပ်လာတဲ့ သူ့မျက်နှာကြီးနီးလာလေ
မှော်အသက်ရှူကျပ်လေနှင့် ရင်ခုန်သံက
အတိုင်းအဆမဲ့။

""မင်းကို အရမ်းချစ်မိသွားပြီ""

""အွန်း...အင်း..... ""


သူ့နှုတ်ခမ်းညိုတွေ မှော်နှုတ်ခမ်းပေါ်ဖိကပ်နမ်း ရှိုက်လာသည်နှင့် စကြာဝဠာကြီးတစ်ခု
လုံး ရောင်စုံမီးတွေနှင့် လှပသွားလိုက်သလို၊သူ့အနမ်းတွေထဲစီးမျောနေမိသည့် မှော့်နှုတ်
ခမ်းလေးသည်လဲ ထူပူရှိန်းမြသွားလိုက်
သွေးခုန်နှုန်း အေးခဲသွားလိုက်နှင့် သူ့အနမ်း
တွေထဲ မူးမူးမေ့မေ့။ အသက်ရှူကျပ်သွား
လိုက် ဝင်သက်ထွက်သက်မူမမှန်လိုက်နှင့်
မှော့် ကိုယ်လေးသူကောက်ချီလိုက်မှ အသိကပ်လာသူသဖွယ်...

""မောင်....ဘာ..ဘာ လုပ်မလို့လဲ "

စီးချက်မညီတဲ့ ရင်ခုန်သံနှင့်အတူ သူ့ထံမှ
နှုတ်ခမ်းတွန့်ရုံအပြုံးနှင့် ရီဝေဝေမျက်ဝန်း
တွေက ရင်မဆိုင်ရဲလောက်အောင် ရင်ခုန်ဖွယ်
အသက်ရှူရပ်မတပ် ရင်ခုန်သံခပ်ကြမ်းကြမ်းကို ဖိဆုပ်ရင်း...

""ချစ်တယ်ဆို...""

ထိုစကားတစ်ခွန်းနှင့်သာ သူ့ဦးတည်လိုက်သည့် တစ်နေရာကြောင့် မှော်ခြေဖျားလက်ဖျား
တွေ အေးစက်လာပြီး အကြောက်ပိုသွားရ၏။ သူ့လည်ပင်းကို သိုင်းဖက်ထားသည့်
လက်ကလေးကို ခွာချလိုက်ပြီး မျက်ဝန်း
အပြူးသားလေးနှင့် မှော့်ကြည့်ကာ..

""ဟင့်အင်း...မှော် မှော်ကြောက်တယ်""

မှော်ရုန်းကန်မိ၏။ သူကတော့ဂရုမစိုက်စွာ
မီးရောင်မှိန်မှိန်လေးနှင့် အိပ်ခန်းထဲ ဝင်နေလျှက်...

အခန်း [ ၁၉ ]မျှော်
AUTHOR~ငှေသုန်ဒရီ

Roတယ်ဆိုတာ အဲ့လိုခေါ်တာလားဟင်🤗🤗
Cooming Soon>>>>
အချစ်ပြင်းပြင်းလေးလား ချိုချိုလေးကြိုက်လား😁😁


rate now: