book

Index 17

အခန်း [ ၁၇ ]

📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း📖

Ring..Ring..

""အား...ခေါင်းတှေကလဲ ကိုက်လိုက်တာ
ဘယ်ကဖုန်းလဲ အဆက်မပြတ်မြည်နေရတာ
အား..ကျွတ်..ကျွတ်...""

ခေါင်းထဲတစ်ဒိတ်ဒိတ်နှင့် ထိုးကိုက်နေသည့်
ဝေသနာကအတော်ဆိုးရွားလွန်း၍ မှော့်မျက်နှာလေး ရှုံ့မဲ့က စောင်ပုံထဲကခေါင်းမြီး
လေးခြုံထားရာမှ လက်ကလေးပဲထုတ်ကာ
ဖုန်းကိုလိုက်စမ်းနေမိ၏။ မျက်ဝန်းတွေမှာ
မှိတ်တားဆဲ။ ခေါင်းတစ်ခုလုံး ထိုးကိုက်နေသည့် ဝေသနာသည်လည်း အတော်ဆိုးဆိုးပင်။ အာခေါင်ထဲခြောက်ကပ်နေပြီး ရေလဲ
အတော်ဆာနေပေမဲ့ ဘယ်လိုမှဖွင့်မရတဲ့
မျက်ဝန်းတွေကြောင့် ပေပြီးအိပ်နေလိုက်တာ
အဆက်မပြတ်မြည်နေသည့် ဖုန်းကြောင့်
စိတ်တိုတိုနှင့်မှော်နိုးလာရ၏။

Ring...Ring...

""ဟာ...ဒီဖုန်းကလဲ ဘယ်နားရောက်နေတာ
လဲ စိတ်မရှည်တေယ့ဘူး ""

မှော်စိတ်အလိုမကျစွာ မဖွင့်ချင်ဖွင့်ချင်
မျက်ဝန်းများကို လေးပင်စွာခက်ခက်ခဲခဲ
လေး အားယူပြီးဖွင့်ရ၏။ စာကြည့်စာပွဲပေါ်
တင်ထားသည့်ပိုက်ဆံအိတ်ထဲမှ ဖုန်းလေးကို
ထုတ်ယူလိုက်ပြီး မှော်မျက်ဝန်းတွေပြန်မှိတ်
ထားပြီး ပါးနားကပ်ထားလိုက်သည်။

""Good morningမှော်။ ..""

""ဟင်..!!...""

တစ်ဖက်မှ မှော်တစ်ခါမှမကြားဖူးသည့်
အသံသဖွယ် သြရှရှလေးနှင့် မှော်နှစ်စက်လွန်း
တဲ့ဘသကြားလုံးထက်ပင် ပို၍ချိုမြနေသည့်
အသံလေး။

""ဟိတ်...ဘာမှပြန်မပြေဘူးလား""

""စီးချင်း..!!..""

မှော်ကြောင်ပြီး ငြိမ်သက်နေစဉ်ဘသူ့ထံမှ
ရယ်သံသဲ့သဲ့လေးထွက်လာ မှော်သတိဝင်
လာသူသွယ် အိပ်ချင်စိတ်တွေပင် ပယ်ပျောက်ပြီး ခုတင်ပေါ်ဆတ်ကနဲ ထထိုင်မိသည်ထိ။ မှော်ခုမှသတိရတယ် မနေ့ညက
မှော်ဝိုင်တွေသောက်ပြီး မူးသွားတာ..။
အိမ်ကိုပင် ဘယ်လိုရောက်ခဲ့မှန်းမသိတော့။
စဉ်းစားစမ်း...စဉ်းစားစမ်း။ မှော်နှာထင်လေး
ကို လက်ကလေးနှင့် ထိုးနှိပ်ထားပြီး ရေရေ
ရာရာအကြောင်းတရား မသိပါပဲနှင့်ပင်
မျက်နှာတစ်ခုလုံး ထူပူရှက်ရွံ့လာရသည်။

""မောင့်မနက်ခင်းတိုင်းက မင်းကိုမောနင်း
လုပ်ပြီး နိုးထရင် ၊ Gravityရဲ့မနက်ခင်းတိုင်း
က မောင့်အကြောင်းအိမ်မက်ပြီးပဲ နိုးထရ
မယ်..အဟွန်း..""

""ဗုဒ္ဓေါ..!!..""

အထူးတဆန်းသူ့စကားတွေကြားရစဉ်
မှော် တစ်ကိုယ်လုံး ကျဉ်ခဲသွားပြီး ကြက်သေ
သေ သွားရသည်ထိပင်။ သူ..သူ..ကမောင်တဲ့။ ဘုရား..ဘုရား..မှော်များ သူ့ကိုမနေ့က
မူးမူးနဲ့ မောင်ဆိုပြီးခေါ်လိုက်မိတာလား။
မှော်အတွေးနဲ့တင် ရှက်လွန်း၍ ထူပူနေတဲ့
မျက်နှာကြီးကို ရေခဲသာပြေးကပ်ပြစ်ချင်စိတ်က တားဆီးမရ။ မျက်နှာလေးသည်လည်း ချက်ချင်းပင် အိုသွားရသည်ပင်။

""ဘာတွေ အံ့သြနေတာလဲ။ မောင်ပြောနေတာ
တွေကော ကြားရဲ့လား။ ဝရံတာကိုထွက်ခဲ့
မောင်ကြည့်နေတယ်""

""ဘာမောင်လဲ...ဘယ်ကလဲမောင်လဲ။
ရှင်နဲ့ မှော်ကဘာဆိုင်လို့ မောင်လို့လာပြော
နေတာလဲ""

""အဟက်""

မှော်အသံ တုန်အက်အက်ကလေးက အသက်
မပါလှသလို ငြင်းဆန်ခြင်းမှာလဲ ယုံကြည်
ချက်မရှိ။ သူ့ကိုလဲမျက်နှာချင်းဆိုင်ရမှာ...
ထူပူနေသည်ကြောင့် ဘယ်လိုတွေ့ရမည်မှန်းမသိတော့။

မှော်ငြင်းဆန်မှူ့ကို သူကလှောင်နေသလို
ရယ်လာပြီးမှ...

""ခုမှရှက်ရမ်းရမ်းမနေနဲ့ မသိချင်ယောင်
လဲဆောင်လို့မရပါဘူးနော်။ မနေ့ကပဲမောင်
မှော့်ကို အဖြေပေးလိုက်ပြီ..။ ခြောက်နှစ်
လုံးလုံး ချစ်ခဲ့တဲ့ချာတိတ်မလေးကို သနား
သောအားဖြင့်...""

""စီးချင်း..!!..ရှင်..ဆက်မပြောနဲ့တော့နော်""

""အဟွန်း..ဒါဆိုဝရံတာကို ထွက်ခဲ့..""

သူ့စကားတွေကို မှော်နားမထောင်ရဲတော့ပါ။
သူနှင့်မျက်နှာချင်းမဆိုင်ပါပဲနှင့် မျက်နှာတစ်ခု လုံးထူပူပြီး အရှက်သည်းနေရတာ သူနှင့်သာမျက်နှာချင်းဆိုင်ရရင်တော့ မှော်သေမှာ။
မနေ့ညက အကြောင်းကို တွေးကြည့်တော့
လီလီနှင့်တွေ့သည်ဝိုးတဝါးပုံရိပ်တွေနှင့်
ရေကန်ဘေးမှာ ထိုင်ပြီးသူနှင့်စကားပြော
နေတာတွေ မြင်ယောင်လာတော့ မှော်ပါးစပ်
ကလေးကို လက်နှင့်အုပ်ပြီး ငိုချပြစ်ချင်
သည့်စိတ်ကြီးကို ထိန်းထားရ၏။

""မှော်...မောင်စိတ်မရှည်တတ်ဘူးနော် အမြန်
ထွက်ခဲ့..""

""စီးချင်း...""

""တစ်ဆယ်ထိ ရည်မယ်၊ တစ်ဆယ်ပြည့်လိုမှ
ထွက်မလာရင် မောင့်အဆိုးမဆိုနဲ့ စရည်
မယ်..တစ် နှစ် သုံး...""

""အာ...လာပြီ လာပြီ...""

တော်တော်အနိုင်ကျင့်တဲ့လူ။ မှော်အိပ်ယာ
ထစ မျက်နှာမသစ်ဘာမသစ်နှင့် ဆံပင်ပွပွ
တွေအတိုင်း ဘာမှမပြင်ဆင်တော့ပဲ အိပ်ချင်
မူးတူးနှင့် ဝရံတာဘက်ပြေးထွက်လာခဲ့မိ၏။
တော်တော်ဆိုးတဲ့ မောင်။ မှော်သူ့ကိုဘာ
တွေပြောထားမိမှန်းမသိအောင်ပင် တွေးမရ
ပဲဖြစ်နေရသည်ကို သူ့ထက်မှမောင်ဆိုတဲ့
အသံကြားရသည်နှင့် ကြက်သီးတွေထထ
လာပြီး စိတ်မှာမလုံခြုံတော့...။
လေးလံနေတဲ့ မျက်ဝန်းလေးကို ပွတ်သတ်
ပြီး သူ့အိမ်ဘက်မှမျက်နှာချင်းဆိုင် ဝရံတာ
ဘက်ကြည့်တော့...

""ချောလိုက်တာ..မောင်ရယ်""

မှော်စိတ်ထဲတွင်သာရေရွတ်ပြီး ကောင်းကင်
ပြာပြာကြီးနှင့် အပြိုင် ခါတိုင်းမြင်နေကျ
ပုခုံးသာသာ မီးခိုးရောင်ဆံပင်ရှည်တွေက
ဖရိုဖရဲမဟုတ်ပဲနှင့် အုပ်လုံးစုချည်ပြီး စီး
ထားပုံက မျက်နှာပေါ်ထက်ရှင်းသန့်နေ၏။
ငယ်ငယ်ကဖြူဖြူချောချောလေး ပါးပြင်က
အရင်ကဆို နှုတ်ခမ်းမွေးရေးရေးလေးတွေ
သာ ဖြစ်နေတတ်သည့်သူ့မျက်နှာထက် ပါးသိုင်းမွှေးတွေက မျက်နှာအနှံ့နေရာယူထားသည်မှာ သူ့မျက်နှာဥပဓိရုပ်ရဲ့ ခန့်ညားမှု့မှာ ထိုအရာနှင့်ပဲ ဆွဲအားပိုနေသည်ဟု ထင်ရ၏။ ရှပ်အကျီအဖြူရောင်နှင့် သူ့
အသွင်ရှင်းသန့်ချောမောနေသလောက်
မှော်ကတော့ အိပ်မှုန်စုန်မွှား ဆံပင်စုပ်ဖွာ
ညအိပ်ဝတ် အကျီ
နှင့်မို့ ကိုယ့်ကိုယ်ကိုယ်ပြန်ငုံ့ကြည့်ပြီး ခုမှပဲ
ရှက်ရကောင်းမှန်းသိတော့သည်။

""ဘာ...ဘာ ပြောမလို့လဲ အမြန်ပြော""

""မနေ့ကမှ မင်းကို အဖြေပေးထားတာနော်
အချိုးတွေက ချက်ချင်းပြောင်းရိုးလား။
အညာလွယ်တယ်ဆိုပြီး ဘာလဲအလေးမထား
ဘူးဆိုတဲ့သဘောလား""

""..........""

မှော်သူ့စကားတွေနားထောင်ပြီး မျက်နှာလေး
မှာ ရှုံ့မဲ့သွားလျက်မျက်နှာချင်းဆိုင် သာယာ
လှတဲ့နံနက်ခင်း နေခြည်နုနုလေးထက် မှော်
ပါးပြင်နုနုလေးသည်လည်းပန်းရောင်သန်း
လျှက် မျက်နှာချင်းပင်မဆိုင်ရဲတော့ပါ။

""ဟေ့..ဟေ့...မျက်နှာကို ဘာလို့လက်နဲ့ကွယ်
တာလဲ။ မရဘူးနော်ခုချက်ချင်းခွာ ဘာလဲ
ရည်းစားစကားပြောတုန်းကပြောပြီး ခုမှ
ဘာရှက်နေတာလဲ""

""စီးချင်း..ရှင် ဆက်မပြောနဲ့တော့နော် မှော်
ငိုလိုက်တော့မှာ...""

တမင်အကျင့်ပုတ်နေတာ။ မှော်ရှက်နေမှန်းသိသိကြီးနှင့်ပဲ အနေခက်အောင်စနေတာ
အကျင့်မကောင်းတဲ့မောင်။ မှော့မျက်နှာလေး
သူနှင့် မျက်နှာခိင်းဆိုင်မအီမလည်ကြီး
နေရခက်နေတာကို သူကြည့်ပြီးရယ်နေ
သည်တဲ့။ သူ့မျက်နှာကို ကြည့်လေမှော်ပိုပြီး
ရှက်လေမို့ သူ့ကိုကျောခိုင်းလိုက်ပြီး...

""ပြောဝရံတာကိုထွက်ခဲ့ပြီ ဘာပြောမှာလဲ""

""ဒီဘက်လှည့်လေ မျက်နှာချင်းဆိုင်ပဲ
ပြောချင်တာ""

""ကျွတ်...တော်တော်စျေးကိုင်တဲ့လူ""

""ဘာပြောတာလဲ""

""ဘာမပြောဘူး လှည့်ပြီလို့ပြောတာ""

မတတ်နိုင်ဘူး။ မျက်နှာမသစ်ပဲထလာတာ
မလှနေလဲ မပြောတတ်ဘူး။ သူပဲအတင်း
ထလာခိုင်းတာပဲ။ မှော်မျက်နှာစူပုတ်ပုတ်နှင့်
သူ့ဘက်လှည့်တော့ သွားတန်းဖွေးဖွေးလေး
တွေနှင့် ချိုမြိန်ခြင်းအပြုံးတွေက ခုံမင်ဖွယ်ရာ နူးညံနေလျှက်...



""ဒီနေ့ မောင်ရှူတင် နားတယ်။ နေ့လည်မောင့်ဆီမလာနဲ့တော့။ ညနေမှပဲမောင်ချိန်းတဲ့
နေရာကိုလာခဲ့""

""ဘယ်ကိုလာရမှာလဲ မှော်က...""

သူ့စကားတွေကို မှော်ရင်တော့ခုန်မိသား။
မနေ့ညကိုပဲ ကျေးဇူးတင်ရမလိုလိုရယ်ပါ။
ဝိုင်သောက်ပြီးမူးသွားမှ စကားပြောကောင်း
ပြီး ရင်ထဲမှခံစားချက်တွေသူ့ကိုဖွင့်ပြောမှ
ပဲ မှော်တို့ကြားပိုရင်းနှီးမှု့ရှိသွားခဲ့ရတာလား။
ဘာပဲ ဖြစ်ဖြစ်မှော်ပျော်တယ်မောင်။ မောင့်ကို
မှော် ဘယ်လိုနည်းနဲ့ပဲ အနားမှာနေခွင့်ရရ
မှော်ကျေနပ်တယ်။

""True Love Coffeeဆိုင်..""

""ဟင်""

သူပြောပြောပြီးချင်း ဖုန်းကိုချသွားပြီး
မျက်နှာချင်းဆိုင် မှော့်ကိုမျက်စိတစ်ဖက်မှိတ်ပြကာ နှုတ်ခမ်းလေးထော်ပြီး အနမ်းပေး
သွားသည့် သူ့အသွင်မှာ ပေါ့ပါးလန်းဆန်းနေ
၏။ သူအိမ်ထဲဝင်သွားထိ မှော့်မှာထိုနေရာမှာ
မလှုပ်မယှက်နှင့် ရင်တုန်ဒူးတုန်ရပ်နေဆဲ။
ထူးဆန်းတယ်..သူဒီနေ့အရမ်းထူးခြားနေတာ။ သူ့အပြော သူ့အကြည့် သူ့အမူအယာ
အို..အကုန်ထူးဆန်းနေတာ။ အယောင်ယေင်
အမှားမှားမှော်နှုတ်ခမ်းလေးကို လှမ်းပိတ်ပြီး
လှိုက်ဖျာနေတဲ့ရင်ခုန်သံလေးကို ထိန်းချုပ်
ရင်း...

သူ့ပြောတဲ့ True Love Coffee ဆိုင်ကို ညနေ
သွားရဖို့အတွက် မှော်အရမ်းရင်တွေခုန်ပြီး
အတွေးပေါင်းစုံနှင့် ရင်တဖိုဖိူ။

""မဟုတ်မှလွှဲရော...ကော်ဖီဆိုင်ခေါ်တာဆို
တော့ ငါတို့Dateမလို့လား""

ရင်ဘတ်ကလေးကိုဖိပြီး ကြည်နူးပီတီတွေ
မှာ ပင်လယ်ရင်လှိုင်းတွေသဖွယ်နူးနူးညံညံ
ရိုက်ခတ်သွားလိုက် ကြမ်းကြမ်းတမ်းတမ်း
ရိုက်ခတ်သွားလိုက်နှင့် သူပြုစားသည့်အရာ
သည် ရင်ခုန်နေခြင်းလား နှလုံးရောဂါတိုးစေ
နိုင်သည့် အချစ်ဝေသနာတွေလား...။

~~~~~~

Ring...Ring..

""ဪ..ဒီဖုန်းကလဲ လာနိုင်လွန်းတယ်""

မနေ့ညက အိမ်ဘယ်လိုပြန်ရောက်ခဲ့မှန်းမသိ
အောင်မူးနေခဲ့သည်ကြောင့် မေမေနှင့်ရင်ဆိုင်
ရမှာ မှော်ကြောက်နေ၍အောင်ထပ်လဲမဆင်းရဲ၊ အပေါ်ထပ်မှာပဲနေပြီး ရေချိုးပြီး
ရေချိုးခန်းမှထွက်ခဲ့သည်နှင့် ဖုန်းဝင်နေ
သည်မို့ ကောက်ကိုင်လိုက်သည်နှင့်...

""တော်တော်မှ ကျေနပ်နေရဲ့လား
ဒေါ်ရွှေမှော်ပန်းချီ""

""ဟင်..""

ဖုန်းနံပါတ်အသစ်နှင့် လီလီအသံကိုကြားရတော့မှော် မျက်နှာလေးမှာ တင်းသွားပြီး

""နင်ဘာကိုမေးတာလဲလီလီ၊ နင့်ရဲ့အတ္တ
တွေကိုလျော့သင့်တယ်မထင်ဘူးလား။
နင့်ကိုကြည့်ရတာ ငါပူလောင်လွန်းလို့ပါ..""

""အဟင်းဟင်း...နင်ငါ့ကိုတရားလာမချနဲ့..
ငါအတ္တကြီးနေတာမဟုတ်ဘူး နင့်နေရာနင်
ပြန်ရောက်အောင်ပို့ပေးမလို့ပါ""

""နင်ဘာစကားတွေပြောနေတာလဲ""

""ပြောရမှာပေါ့ ရှင်းပြရမှာပေါ့...စီးချင်းအနား
ဝဲနေတဲ့နင့်ကိုနေရာမှန် ပြန်မောင်းထုတ်ပေး
မလို့လေ အဟင်း...လူမှန်နေရာမှန်လေးသိအောင်လို့လေ""

လီလီစကားသံတွေ ကြားတိုင်းမှော်နားမထောင်ချင်လောက်အောင် အသည်းထဲ
တဆစ်ဆစ်နာကျင်မိ၏။ ကိုယ်အချစ်ဆုံး
က အနီးဆုံးရန်သူဖြစ်လာတော့ ဘယ်လောက်ပဲ မုန်းတယ်ပြောပြောငယ်ငယ်
က သံယောဇဉ်နှင့် ခင်တွယ်မှု့တွေက
သေးသေးလေးမှမဟုတ်ခဲ့ပဲ..။

""နင်လုပ်ရပ်တွေကို ရပ်သင့်ပြီမထင်ဘူး
လား လီလီ။ ငါတိူ့ကသူစိမ်းတွေမဟုတ်ဘူး။
ရန်ငြိုးတွေအဲ့လောက်ထားဖို့မလိုပါဘူး။
ယောက်ျားတစ်ယောက်အတွက်နဲ့ ဂုဏ်သိက္ခာတွေ ထိခိုက်ခံဖို့လိုမှမလိုအပ်ပဲ""

""ဒါဆိုနင်စီးချင်းနဲ့ဝေးဝေးနေလိုက်လေ""

""ဒါကသူ့ရဲ့ ရွေးချယ်မှု့ပဲလေ လီလီ။
ဘယ်အရာကိုမှအတင်းလုပ်ယူဖန်တီးလို့မရ
ဘူးဆိုတာ နင်မှတ်ထားပါ။""

""ရတယ်...ရအောင်ငါလုပ်ပြမယ်။ ခုမှ
အစပဲရှိသေးတာ အဟင်း...နင်စီးချင်းအနား
မှာနေခွင့်ရှိမယ်ကိုမထင်နဲ့ ဒီနေ့ကစပြီးမှပဲ""

""သူနင့်ကိုတကယ်ချစ်ရင် သူကငါ့အနား
ရောက်စရာအကြောင်းမရှိဘူး။ နင်လက်လွှတ်သင့်တဲ့အရာကို လွှတ်ချလိုက်ပါ
လား ဒါနင့်အတွက်အေးချမ်းဆုံးပဲ""

""Sorry ပဲမှော်။ နင့်စကားတွေနင်ကိုယ်တိုင်
လိုက်နာနိုင်မှ ငါ့ကိုနားချ။ အေး...ငါခုသတိ
ပေးလိုက်မယ် ဒီနေ့ကစပြီး နင်နဲ့စီးချင်း
ဟွန်း...မနီးစေရဘူး""

""..........""

ဖုန်းကိုချက်ချင်းချသွားတဲ့ လီလီကိုမှော်
ထပ်ပြီးမခေါ်မိ။ သက်ပြင်းရှည်ကိုသာ ခပ်
လေးလေးချလိုက်ပြီး တည်ဆောက်မှု့
တွေက မလွယ်ကူပါလား။ ဖြစ်တည်မှု့တိုင်း
သာ လွယ်နေရင်း လောကမှာလူကောင်းတွေ
ပဲ ရှိနေမှာပဲလေ။ အဆိုးအကောင်းဒွန်တွဲနေတတ်တာတွေတော့ လက်ခံနိုင်ပြီး ခံနိုင်ရည်
ရှိရမှာပဲ။ မနေ့ကမှော့်ကိုလီလီရေထဲတွန်းချ.တာကို မှော်မြင်ယောင်နေပေမဲ့
အမုန်းတရားမရှိပေမယ့် အသိတရားလေး
တော့ရစေချင်သည်။ တချို့သောအတ္တတွေကပဲ ကိုယ့်ကိုယ်ကိုယ်သေစေနိုင်သော
အနီးဆုံးလက်နက်ဆိုတာ သူမတို့မှမသိပဲ။

စီးချင်းရယ်..ရှင့်ကိုချစ်ရတာလဲမလွယ်ပါ
လားနော်။ ကျွန်မတို့အချစ်က ခိုင်မြဲစေမှာပါနော်..။ မှော်ဘက်ကတော့ဘယ်သူတွေဘယ်
လိုရှိရှိ မောင်သာမှော့်ဘက်မှာ ရပ်တည်ပေး
ကြည့် အရာရာကိုရင်ဆိုင်ဖို့အသင့်ဆိုတာ
မောင်သိခဲ့ရင်...။

~~~~~~

""စီးချင်း မင်းတကယ်ကြီးလား""

""ဘာလဲ..ငါ့ရုပ်ကအလကားဆော့နေရုပ်ပေါက်နေတာလား""

""မဟုတ်ဘူးလေ""

တက်တူးထိုးတဲ့စင်ပေါ် ပက်လက်လန်ပြီး
စီးချင်းဘယ်ဘက်ရင်အုံမှာ ထိုးနေတဲ့
မှော်ပန်းချီပုံတက်တူး တစ်ဝက်တစ်ပျက်ကိုကြည့်ပြီး ဂျူနိုမယုံကြည်နိုင်စွာမေးမိသည်။
ဒါကိုဂျစ်ကန်ကန်နှင့် မျက်လုံးလန်ကြည့်ဖြေလာပုံက အချိုးမပြေပေမယ့် ဒါသူ့အသွင်
စစ်ပဲမို့ ဂျူနိုအတွက်တော့အထွေအထူးမဟုတ်။

ထူးဆန်းသည်က မိန်းကလေးတစ်ယောက်
နတ်သက်ကြွေအောင်ဘယ်လောက်လှလှ
ရင်ဘတ်မှာတက်တူးထိုးဖို့နေနေသာသာ
တစ်လကြာကြာပင်မတွဲတတ်သည့် လူစား
မျိုး။ ယခုတော့ တော်တော်ကြီးကိုပြောင်း
လဲ သွားသည့်စီးချင်း။ အထူးသဖြင့်ဆေးတွေပါ ရှောင်လာသည်က ဝမ်းသာစရာဆိုပေမဲ့
အံ့သြလွန်း၍ ဘာပြောရမှန်းမသိအောင် မှော်ပန်းချီ အစွမ်းထက်မှု့ကို ဦးညွှတ်ရသည်ထိ
လေးစားသွားမိသည်။

""မင်း..တကယ်ပဲ မှော်ပန်းချီကိုအရမ်းချစ်
တာလား""

""ငါ့မျက်လုံးကိုကြည့် မင်းကိုရင်ထဲဝင်ကြည့်
ပြောရအောင်လဲ နားလည်မဲ့ပုံမရဘူး..။
အလွယ်ဆုံးက ငါ့မျက်လုံးတွေထဲကနေပဲ
သူ့အပေါ်ထားတဲ့ အကြင်နာတွေကိုပဲကည့်
လိုက်...""

""မင်းတကယ် ချစ်တတ်သွားပြီပဲ။ ငါပြောပါ
တယ် အချစ်ကအရာရာကိုပြောင်းလဲစေနိုင်
တယ်ဆိုတာ တကယ်အရမ်းမှန်သွားပြီပဲ""

တစ်ကိုယ်လုံးတက်တူးတွေ ပြည့်နေတာကို
ပင် ရင်ဘတ်မှ ခွသေ့်ျပုံကိုဖကျြပွီး
မှော်ပန်းချီပုံ အစားထိုးထဲက သူနားလည်
လိုက်ပြီ။ သူ့အပြောကို ကျေကျေနပ်နပ်ကြီး
ရယ်နေတဲ့ စီးချင်းမျက်နှာကြီးကိုသာ
ကြည့်ပြီး ဂျူနိုခေါင်းတငြိမ့်ငြိမ့်နှင့် တကယ်
ပျော်မိပါတယ်။

တကယ်ဝမ်းသာပါတယ်။ စီးချင်းကို
အကောင်းဘက်ပဲ ရောက်စေချင်၍ မှော်ပန်းချီကိုပဲ သူကျေးဇူးတင်ရတော့မည်။
ခုတင်ပေါ်ပက်လက်လန်ပြီး မျက်နှာတစ်ချက်
မပျက်ပဲ မှိန့်မှိန့်ကြီးတက်တူးထိုးခံနေတဲ့
စီးချင်းကိုကြည့်ပြီး ဂျူနိုသဘောတကျပြုံး
ပြီး အခန်းထဲမှထွက်လာခဲ့လိုက်တော့သည်..။

~~~~~~

""ဘာလုပ်ဖို့အတွက်လဲ မေမေ""

""စကားမများနဲ့ သွားကိုယ်တိုင်းလိုက်""

""မှော်ကဘာမှမသိရပဲနဲ့...""

မှော်စကားပင်မဆုံးလိုက်ပါပဲ မေမေ့မျက်ဝန်း
စူးစူးအကြည့်ကြောင့်မှော်ရပ်တန့်လိုက်ပြီး
ဆိုင်ဝန်ထမ်းလေးခေါ်ရာ အဝတ်လှဲခန်းထဲ
ရောက်လာပြီး ကိုယ်အတိုင်းခံလိုက်ရသည်။
မနက်ထဲမှ အိမ်ကထွက်ခဲ့သည်နှင့်မေမေ
ဘာလုပ်မှာလဲ မေးတာမေးမရ။ မှော်ဘာ
လုပ်ရမှန်းမသိတော့။ အကျိုးလဲမသိ
အကြောင်းလဲ မသိပါပဲနှင့် မေမေစီစဉ်သည်
အတိုင်းသာ နာခံလိုက်ရ၏။ ကိုယ်တိုင်းပြီး
ထွက်လာတော့လဲ နောက်ထပ်တောင်းဆိုမှု့
တစ်ခုသည်...

""သားသိဿရတို့အိမ်မောင်း""

""မေမေက အိမ်ကဦးမောင်ကိုပို့ခိုင်းတာ
မဟုတ်ဘူး။ မှော်ကဆိုင်သွားရအုံးမှာကို..""

မှော်ဆင်ခြေစကားကြောင့် မေမေမမျက်နှာ
တည်တည်မှာ တင်းသွားပြီး..

""ညည်းကို မပြောပဲနေနေတာအကောင်းထင်နေလား။ ဆိုင်ကိုအကြောင်းပြပြီး ဟိုဘက်
အိမ်က အဆိုတော်ယောင်ယောင်ဆေးသမား
ယောင်ယောင်ကောင်လေးနဲ့ တွဲနေတာမသိဘူးများထင်နေလား""

""အလုပ်သဘောအရပါ မေမေ""

""ညည်းဆင်ခြေတွေပေးထား နောက်မှကျုပ်
အဆိုးမဆိုနဲ့ သွားခုတော့ သိဿရအိမ်ကိုပဲ
မောင်း""

မှော်ဘာမှခစောဒကမတက်တော့ပဲ မေမေ
အလိုကျပဲ ကားကိုမောင်းထွက်ခဲ့တော့သည်။
တစ်ခုပဲစိတ်ဖြေရမှာက မနေ့က မှော်အိမ်ကို
ဘယ်လိုပြန်ရောက်မှန်းမသိအောင် အမူး
လွန်နေခဲ့တာ ။ ခုချိန်ထိအဲ့ကိစ္စနဲ့ ပတ်သက်ပြီး မဆူသေးတာပဲ ခေါင်းကြိမ်းသက်သာ
သည်ကြောင့် မှော်ငြိမ်နေလိုက်တော့သည်။

~~~~~~

""လူကြီးမင်း ခေါ်ဆိုသော တယ်လီဖုန်းမှာ
စက်ပိတ်ထားပါတယ်ရှင်..တူ..တူ..""

""တောက်..!!..""

ညနေခြောက်နာရီထဲမှ ဖုန်းကိုအဆက်မပြတ်
ခေါ်နေပေမဲ့ စက်ပိတ်ထားပါတယ်ပဲပြောနေ
တာ အချိန်ကြည့်တော့ ညရှစ်တာရီထိုးနေပြီ။
သေချာမှာထားပါလျှက်နဲ့ သူ့စကားနားမထောင်သည့်မှော့်ကို သူတော်တော်စိတ်တိုမိ
သည်။ တစ်ညနေလုံးဗျောင်းဆန်အောင်ပျာယာခတ်နေတဲ့ သူကပဲအရူးကြီးလား။
သူမကတော့ တည်ငြိမ်သွေးအေးစွာနဲ့ဖုန်းပါ
စက်ပိတ်ထားသည်တဲ့။

ကော်ဖီဆိုင်တစ်ဆိုင်လုံးကို တစ်ရက်စာအပြတ်ဝယ်ထားပြီး မှော်ကိုချစ်ခွင့်ပန်မယ်
ဆိုပြီး တွေးထားတဲ့ အတွေးတွေမှာခုတော့
တစ်စွန်းတစ်စ မြူခိုးတွေသဖွယ်၊ ရေငွေ့တွေ
အလား လွင့်ပျံကုန်၏။ ဝေဝါးလာတဲ့ရင်ခုန်နှုန်းတွေမှာ ဒေါသအလျောက်မြင့်တင်လာပြီး စိတ်ထဲတင်းကျပ်ကျပ်ကြီးဖြစ်လာသည့်
ဝေသနာဆိုးက သူတစ်ခါမျှမခံစားဖူးသည့်
ခံစားချက်။

ခက်ထန်နေသည့် သူ့မျက်ဝန်းအစုံနှင့်
ဒေါသတကြီး သွားချင်းချင်းအံတင်းတင်း
ကြိတ်ထားပြီး ဝင်လာတဲ့အတွေးက အခိုင်
အလုံဖြစ်နိုင်ခြေများသည်ကြောင့်.. သူထိုင်
နေရာမှ ဝုန်းကနဲထရပ်ပြီး...

""တောက်..!!..သွားစမ်း။.. ""

""ဝုန်း...!!!!""

ဒေါသတွေအလျောက် စနစ်တကျစီစဉ်ထား
တဲ့ စားပွဲပေါ်မှ ကော်ဖီလေးနှစ်ခွက်နှင့်အတူ
အဖြူရောင် နှင်းဆီပန်းစီးကြီးမှာလဲ အပြစ်မဲ့
သက်သက် ဓားစာခံအဖြစ်ကြမ်းပြင်မှ
ကြွေကျနေလျှက်...

""ငါ့ကိုအလေးမထားတဲ့ မင်းကိုလဲ
ငါကမေ့လိုက်ရုံပဲပေါ့မှော်ပန်းချီ..မင်းဆရာနဲ့ပဲ အေးချမ်းနေလိုက်ပါ။ ငါဆိုတဲ့ကောင်က
မင်းအတွက်စိတ်အနှောင့်အယှက်ပေးနိုင်
လွန်းတဲ့ သူဆိုတာမင်းသိသွားလိုပဲ မေ့လိုက်နိုင်တာ ကောင်းတယ်..""

နာနာကြည်းကြည်း ရွတ်ဆိုပြီး...
ဆိုင်ထဲမှဒေါသတကြီးထွက်လာပြီး ဦးတည်ချက်မရှိ ကားကိုတရကြမ်းမောင်းထွက်ခဲ့
သည်မှာ ချစ်၍လားတကယ်မေ့နိုင်၍လား..။

~~~~~~

အ ခ န် း [ ၁၈ ] ေ မျှာ်
A U T H O R ~ ေ ငွ သု န္ဒ ရီ
စာဖတ်သူများကို လေးစား ချစ်ခင်လျှက်...


rate now: