book

Index 16

အခန်း [ ၁၆ ]

📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င် း 📖

""ဟုတ်..ဟုတ်မေမေ မှော်စောစောပြန်မှာပါ""

""........""

""မေမေရယ် အိမ်ရောက်မှပဲအဝဆူပါနော်
ခုလူတွေအများကြီးမို့ပါ""

""......""

ညအမှောင်ယံထဲ ဆူညံနေသည့်လူအုပ်ကြီး
ထံ ကျောခိုင်းပြီး စကားသံလေးခပ်အုပ်အုပ်
နှင့် ဒေါသတကြီးမေမေစကားသံတွေကို မှော်
နားကွဲမတတ်နားထောင်နေရင်း ဦးတည်ရာမဲ့
ဆူညံနေသည့်အသံတွေနှင့် ဝေးရာကိုထွက်ခဲ့
ပေမယ့် ခေါင်းတွေထဲရိပ်ရိပ်နှင့်....

""ခုမှ ညခုနှစ်နာရီကျော်ပဲ ရှိသေးတာကို...""

"".........""

""ဟုတ်။ မှော် ကိုးနာရီဆိုအိမ်အရောက်ပြန်ခဲ့မယ်နော်မေမေ""

""............""

ဒေါသတကြီးနဲ့ မေမေကတော့ဖုန်းချသွားပြီ။
စိတ်ညစ်ညစ်နှင့် မှော်သက်ပြင်းကို လေးပင်
စွာချပြီး ထိုနေရာလေးမှာသာ ငူငူကြီးရပ်နေမိ
၏။ အမေကတစ်မျိုး စီးချင်းကတစ်မျိုးနဲ့..။
မှော်ဘာလုပ်ရမည်မှန်း မသိအောင်ပဲ ခေါင်း
တွေ ထူပူနေပြီ။ တစ်ဖက်ကလဲ မိဘ။ တစ်ဖက်ကလဲ မှော်အရမ်းချစ်ရသူ။ မေမေ
ကလဲ သူနှင့်ပတ်သက်ပြီး လုံးဝခါးခါးသီးသီး

ရှေ့ဆက်မှော် အသက်ရှူချောင်ပါ့မလား။
တွေးလေတိုင်း ခေါင်းတွေနောက်ကျိပြီး ဘာ
ထပ်လုပ်ပြီး ဘယ်လိုရှေ့ဆက်ရမည်မှန်းမသိ
အောင် ချောင်ပိတ်ရပ်စေတဲ့ ရွေးချယ်မှု့တွေ။ အမှားနဲ့အမှန်ကို ခှဲ ခြားသိတတ်ပေမဲ့
လည်း မှော်ချစ်မိနေခဲ့တာ အချိန်ခနလေးမှ
မဟုတ်ခဲ့ပဲလေ။ လွယ်လွယ်နဲ့တော့ မှော့်
နှလုံးသားကို ဥပေက္ခာထားဖို့ခက်လိမ့်မယ်။

ခုလဲ သူနဲ့ပါတီပွဲအသေးစားလေးဆိုပေမဲ့လည်း မီဒီယာတွေက အချိန်မရွေးသူ့နောက်
ကတကောက်ကောက်လိုက်နေကြ၍ မှော်နဲ့သူ
ရဲ့ တွဲလျှက်ပုံတွေက ရိုက်ပြီးသား။ ဘယ်နေ့
များ စာမျက်နှာတွေမှာ ပလူပျံလာအုံးမည်မသိ။ သူ့ကြောင့်အရာရာကို စွန့်စားရဲပေမယ့်
ပြန်တွေးကြည့်ပြန်ရင်လဲ မစွန့်လွှတ်ရဲ ပြန်သည့် မိသားစုကရှိနေပြန်သေး၍ မှော်တစ်ယောက်ထဲ ဒွိဟဖြစ်နေရတာမည်သူမှမသိ..။

မှော်သူ့ကိုဖုန်းသွားပြောအုံးမယ်ဆိုပြီး ထွက်ခဲ့တာတိတ်ဆိတ်သည့်ရေကူးကန်ဘက် ရောက်လာသည်တဲ့။ လူတစ်ယောက်မှလဲမရှိ။ ဟိုတယ်ထဲမှကျင်းပ၍ တချို့သော Waiterလေးတွေတော့
ဖြတ်သွားဖြတ်လာတွေ့ရပေမယ့် ကျန်သူတွေတော့ သိပ်မရှိ။ မှော်သက်ပြင်းလေးချပြီး
သူဝတ်ခိုင်းတဲ့ နံ့သာရောင် ဂါဝန်အကျပ်ကလေးနှင့် ရင်ဘတ်ကလဲအရမ်းမဆန်းပေမယ့် အရမ်းလဲမရိုင်း။ ပေါင်အထိ စကပ်ကို
ခွဲထားတာမို့ တစ်လမ်းလုံးသူကိုယ်တိုင်ဝတ်
ခိုင်းပြီး ပြသနာရှာလာလိုက်တာ မပြီးတော့။
သူ့အပြောတွေ သူ့လုပ်ရပ်တွေက မှော့်အတွက် ရင်ခုန်စရာတွေလား ကြောက်စရာ
တွေလားမပြောတတ်တော့။ ညနေကတော့
မှော်အရမ်းကြောက်ခဲ့ရတာ..။

""တစ်ယောက်ထဲ ဘာများလုပ်နေသလဲမှော်""

""........""

နောက်ကျောမှ အသံတစ်ခုကြောင့် မှော်အတွေးစတွေ ပြတ်တောက်သွားပြီး လှည့်ကြည့် မိတော့....

""လီလီ...""

~~~~~~~~~~~~

""တွေ့ရတာ ဝမ်းသာပါတယ်""

တစ်ခါမှမတွေ့ဖူးကြသည့် လူတွေဖွယ်လက်
ကမ်းပေးပြီး မျက်နှာချိုချိုတွေနှင့် နှုတ်ဆက်
နေတဲ့ လီလီကြောင့် မှော်မျက်လုံးစူးစူးလေးနှင့် စိုက်ကြည့်ပြီး ....

""ဘာလာလုပ်တာလဲ။ ငါတို့ကမိတ်ဆွေတွေ
မဟုတ်လို့ လက်ချင်းဆွဲ ပြီးနှုတ်ဆက်ဖို့မလိုဘူး။ ငါရှိနေတယ်ထင်ရင် ငါ့အနားမလာဖို့
နင်ကြိုစဉ်းစားသင့်တယ်""

""အမလေးလေး...စကားတွေတတ်နေလိုကျတာ မှော်ပန်းချီမှဟုတ်သေးရဲ့လား""

စောစောက စီးချင်းနဲ့အတူသောက်ထားတဲ့ ဝိုင်တွေကအစွမ်းပြလာပြီ။
အရှိန်က ခုမှတက်လာသည်ထင်ပါရဲ့မှော်ခေါင်းထဲ တရိပ်ရိပ်နှင့် ဖြစ်လာပြီးသွေးတွေဆူပွက်လာသလို အရင်လိုအားနာစိတ်တွေ ညှာတာစိတ်တွေမှာ ကွယ်ပျောက်နေမိ၏။

လီလီလည်းမှော်လိုပဲ ပါတီပွဲလာပုံနှင့် အနီရောင် ပွဲတက်ဂါဝန်ကိုယ်ကျပ်ကလေးဝတ်
ထားပြီး ဒီဇိုင်နာဖြစ်တဲ့မှော်ပင် သူဝတ်ထား
သည့် အကျီကြောင့် မိန်းကလေးချင်း...ပေါ်လွန်းနေတဲ့ သူ့ရင်ဘတ်ကိုမကြည့်ရဲ..။

""စီးချင်းအနားမှာ ဘယ်နေရာ ရာထူးပဲ...
ရလိုက်သလဲမသိပါဘူး...ဘဝင်တွေဇွတ်ထနေတာ သိပ်ကျေနပ်နေတယ်ပေါ့""

""ဒေါက်...ဒေါက်...ဒေါက်""

ရေကူးကန်ဘောင်နားမှာ ရပ်နေတဲ့မှော်အနား
ကို ဒေါက်ဖိနပ်သံတဒေါက်ဒေါက်နှင့် လျှောက်လာပြီး မျက်နှာတစ်ခုလုံးပြုံးနေပုံက
မုန်းစရာပင်။ မှော်ကစီးချင်းအတွက်ပဲ သည်း
ခံစိတ်ပါလာတာ...ကိုယ့်အပေါ်မကောင်းတဲ့
လီလီကိုတော့ ပြန်ချေပချင်နေ၍ ခါးကိုမတ်
မတ်ရပ်လိုက်ပြီး မျက်နှာလေးကိုလဲရင်ထဲ
နှင့် သဏ္ဍာန်ကွဲ ပြုံးနိုင်သမျှပြုံးထားပြီး...

""လိုအပ်လို့လား။ အမှန်ဆိုနင့်စိတ်ကကို ဘာ
ဖြစ်နေလဲ နင့်ကိုနင်မေးကြည့်ပါလား။ သံသယကင်းကင်းနဲ့ နင့်ကိုနင်စိတ်မှန်ရဲ့လား
ဆိုတာ ပိုသေချာသွားအောင်လို့လေ မဟုတ်
ရင် မည်းမည်းမြင်တိုင်း ဟောင်ချင်နေတာ""

""ဘာ...""

မှော်စကားကြောင့် လီလီစွေ့စွေ့ခုန်ဒေါသထွက်သွားပုံနှင့် အံ့တင်းတင်းကြိတ်ပြီး လက်
သီးလေးတွေပါ ဆုပ်ထားသည်ကို မှော်မြင်နေ
ရသည်။ မှော်အောင်နိုင်သူတစ်ယောက်သဖွယ် မျက်ခုံးတစ်ဖက်ကိုပင့်ပြီး ဆက်ပြော
လေဆိုသည့်သဘောနှင့်ကြည့်နေလိုက်သည်။

""နင်..နင်..တော်တော်သတ္တိကောင်းနေပါလား
ငါ့ကိုများ ရိုင်းရိုင်းစိုင်းပြောရဲသေးတယ်""

""ဟွန်း...""

""အား...""

မြောက်တက်သွားသည့် လီလီလက်ကိုမှော်
ဖမ်းဆုပ်ကိုင်လိုက်ပြီး လက်ကောက်ဝတ်ကို
နာကျင်အောင်ဖျစ်ညှစ်လိုက်ကာ ဆောင့်လွှတ်ပြစ်တော့ လီလီဟန်ချက်ပျက်ကာ ဒေါက်ဖိနပ်အမြင့်ကြီးနှင့် ဒယီးဒယိုင်။
မီးဝင်းဝင်းတောက်မျက်လုံးတွေက မှော်ထံ
ပေါက်ကွဲတော့မည့် မီးတောင်သဖွယ်စိုက်ကြည့်လာလျှက်...

""ငါ့ရဲ့ခန္တီပါရမီက စီးချင်းတစ်ယောက်ထဲ
အတွက်ပဲ ဖြစ်လာတာ။ ငါ့ကိုနင်အရင်လို
အနိုင်ယူလို့ရမယ်မထင်နဲ့ ငါခေါင်းငုံ့ခံနေမှာ
မဟုတ်ဘူး။ အခုကစပြီး ငါ့ကိုတိုက်ခိုက်ချင်
နေတဲ့နင့်ကို ငါပြန်တိုက်ပြီလို့မှတ်ထားလိုက်""

ခေါင်းထဲရီဝေဝေနှင့် မှော်အာလေးရှာလေး
နှင့် ရန်တွေ့ပေမယ့် လီလီကိုသဲသဲကွဲကွဲမမြင်
ရပေ။ ခုချိန် မှော်သွေးတွေဆူပွက်နေပြီး
ဘယ်အရာမှ ကြောက်လန့်စိတ်မရှိ။ ကျားရဲမ
လေးလို မျက်နှာလေးကလဲ မာန်တဝင့်ဝင့်နှင့်။

လီလီမှာသာ မျက်နှာလေးရှုံ့မဲ့ပြီး ဒေါသ
တလိတ်လိတ်ထွက်နေရသည်။ နာကျင်သွား
သည့် လက်ကလေးကို ခပ်ကြမ်းကြမ်းမကျေနပ်စွာ ပွတ်သပ်ပြစ်ရင်း မျက်နှာချင်း
ဆိုင်ပြန်ရပ်ပြစ်ကာ...

""ငါ့ကိုများနင်က လုပ်ရဲနေတယ်ပေါ့။ သိမယ်
နင်ငါ့အကြောင်းသိစေရမယ်""

""ဒီမှာမြင်လား ငါ့မှာလက်ပါတယ်။ နင်တစ်
ချက်ဆို ငါကဆယ်ချက်ရိုက်ပြီးသားပဲ ဒီ
သတ္တိတွေဘယ်ကရခဲ့လဲ နင်သိလား။ စီးချင်း
ရိုက်သွင်းပေးထားတဲ့ သတ္တိမသိရင်မှတ်ထား ဒါပေမဲ့ နင့်လိုတော့ဉာဏ်နီဉာဏ်နက်မများတတ်ဘူး ငါကကျောက်ခေတ်ကလိုပဲ သွားတစ်ချောင်းကျိုးရင် သွားတစ်ချောင်းပဲအစား
ပြန်လျော်ခိုင်းမှာ ခေါင်းထဲတော့ သွေးညစ်ကြေးတွေထည့်မထားဘူး နင့်ရုပ်လိုကြာလေမလှလေ ဖြစ်မှာစိုးတယ်လေ...အဟင်း""

မျက်လုံးလေးမှေးစင်းပြီး လက်ကလေးကိုပါ
မြောက်ပြကာ ပြောလိုက်သည်နှင့် ပြူးတူး
ပြဲတဲ အကြည့်တွေက မကျေနပ်ဘက်ကူးပြောင်းသွားတဲ့ လီလီကိုအားရကျေနပ်
စွာနှင့် မှော်ပြုံးပြုံးကြီးကြည့်နေလိုက်၏။

""နင်..နင်""

""ဆက်ပြောကြည့်စမ်း""

""ဪ...စီးချင်းက ငါနဲ့သူနဲ့ရဲ့ပတ်သက်မှု့ကို နင့်ကို ဂဃနဏမပြောပြမထားဘူးထင်ပါ
ရဲ့...ငါတို့ရဲ့ပတ်သက်မှု့က အဟွန်း...အရာ
အားလုံးထက်ပိုတယ် နင်မသိရင်မှတ်ထားလိုက် စီးချင်းနဲ့ငါကနင့်ထက်ပိုပြီး ရင်းနှီးတဲ့
ဆက်ဆံရေးတွေရှိတယ်ဆိုတာ...""

""ဉာဏ်နီဉာဏ်နက်တွေများပြီး ပြောနေတာငါ
သိပေမယ့် နင့်လိုအပေါစားဆန်တဲ့ မိန်းမတစ်
ယောက်ရဲ့ စိတ်ဓာတ်ကိုငါသိလိုက်ရတာ
တော်တော်မှပျော်ပါတယ်။ နင်ဆိုတာယောက်ျားတွေနဲ့.....""

""နင်.နင်..!!!
ကဲဟာ..ငါ့ကိုထပ်ပြောကြည့်စမ်း""

""ဝုန်း..!!!!""

""အား...ဖူး..ဗလူး...""



ရေကန်ထဲတွန်းချလိုက်ပြီး ရေကန်ဘေး
ငုပ်တုတ်လေးထိုင်ချကာ ရေမကူးနိုင်ပဲမွန်း
နေသည့် မှော်ကိုကျေကျေနပ်နပ်ကြီးကြည့်
နေပြီး....

""မှတ်ပြီလား မှော်။ ငါ့ကိုနင်ကလာယှဉ်နေ
တာကိုး။ နင်မှတ်ထားလိုက် နင်ငါ့ကိုဘယ်တော့မှ ယှဉ်ပြိုင်နိုင်မဲ့ အရည်အချင်း
မပြည့်ဝဘူးဆိုတာ...အဟင်း...ဟင်း....""

""ငါ့.ငါ့ကို..ကယ်....ငါ့.ခြေထောက်...""

ရေထဲ မြှုပ်ချည်ပေါ်ချည်နှင့် စကားသံတွေ
မှာ မသဲကွဲစွာကြားနေရသည်။ လီလီနှုတ်
ခမ်းတွေကို ရုပ်ဆိုးအောင်မဲ့ရွဲ့ပြုံးလိုက်ပြီး..

""ဒီနေ့နင့်သေနေ့ပဲ။ နင့်ကိုဘယ်သူမှလာမကယ်ဘူး။ အဟင်း..ဟင်း""

""ဟေ့...မင်းဘာလုပ်လိုက်တာလဲ""

""ဟင်..စီး.စီးချင်း""

""ဖယ်စမ်း..!!!..တောက်...""

""ဘုန်း..""

လီလီကိုယ့်အတွေးနှင့်ကိုယ် ကျေနပ်နေပြီး
အနားကို စီးချင်းဘယ်ချိန်ကရောက်လာသည်မှန်းမသိလိုက်။ သူမကိုဒေါသတကြီး
နှင့်တွန်းလွှတ်လိုက်ကာသူရေထဲခုန်ချသွားမှ
သတိဝင်လာသလို အကြံအစည်တွေမအောင်
မြင်တော့ဘူး ဆိုသည့်အတွေးနင့် ရင်ထဲ
လောင်မြု်ိက်သွားရသည်။

""တောက်...မှော်...""

~~~~~~~~~

""မှော်...မှော်....""

ရေကန်ဘေးမှာ ညင်ညင်သာသာလေးချပေး
ပြီး သတိမလည်သေးတဲ့ ပါးလေးကိုလှုပ်ရမ်း
ပြီးနိုးပေမယ့် သတိမလည်လာ။ ရေစိုနေတဲ့
နှုတ်ခမ်းရဲရဲတွေကို စုပ်ယူပြီး အသက်ရှူနိုင်
အောင် ရေတွေစုပ်ယူပြီးမှ...လှုပ်ခတ်လာသည့်မျက်တောင်လေးတွေကြောင့် သူနှုတ်ခမ်း
တွေကို ခဲယဉ်းစွာ ဖယ်ခွာလိုက်ရင်း....

""အဟွတ်...အဟွတ်...""

""မှော်...မှော်။ မျက်လုံးတွေဖွင့်လိုက်တော့..""

""အဟွတ်...အားအေးတယ်""

""မျက်လုံးတွေ ဖွင့်ပါအုံး။ မင်း...""

""ဟင်...မောင်...မောင်လားဟင်""

မျက်လုံးလေးဖွင့်ပြီး သူ့လည်ပင်းကိုသိုင်း
ဖက်ကာ ရေစိုနေသည့်မျက်နှာလေးမှာ ပကတိရိုးရှင်းလှရက်လွန်းနေသည်။ မျက်ဝန်းအကြည့်ချင်းဆုံပြီး မောင်ဆိုသည့်
သူမထံမှ ခေါ်သံလေးကြောင့် သိစိတ်ကသဝန်
တိုပြီး မျက်မှောင်ကအလိုလိုကျုံ့သွားပြီးသား။ သူ့ကိုဖက်တွယ်ထားတဲ့ လက်ကလေး
ကို ခပ်ကြမ်းကြမ်းဆုပ်ကိုင်လိုက်တော့ မျက်နှာလေး ရှုံ့မဲ့သွားပြီး...

""မောင်ကလဲ နေရာတကာအနိုင်ယူမယ်
ဆိုတာကြီးပဲ လူညှစ်ကြီး။ အဟွန်း...အလျော့
ပေးမှန်းသိသိနဲ့ ဆိုးတဲ့ မောင်လူဆိုး""

""မှော်...မင်းဘယ်သူ့ကိုမောင်လို့ခေါ်နေတာလဲ
ငါ့ကို စိတ်တိုအောင်လာမဆွနဲ့နော်""

""ဘယ်သူ့ကိုခေါ်ရမှာလဲ ခု..ကျွန်မနဲ့မျက်နှာ
ချင်းဆိုင်ထားတဲ့ ဟော့ဒီလူကြီး..ဟော့ဒီ
လူရှုပ်ကြီး""

""မင်း...""

သူ့နှဗူးကို လက်ညှိုးလေးနှင့်ထိုးကာ မျက်ဝန်းတွေ မှိတ်ထားရာမှ စကားသံမသဲ
မကွဲကြောင့် သူငုံ့ကြည့်မိတော့မျက်လုံးလေးပင် ဖွင့်မလာပဲ နှုတ်ခမ်းလေးတွေလှုပ်ရုံ
သာ ပြောနေသည့် မှော်ပန်းချီ။ သူ့ကိုမောင်
ဆိုသည့် အခေါ်အဝေါလေးကြောင့် တစ်
ကိုယ်လုံးကျဉ်ခဲ သွားပြီ သွေးတွေမှာပြောင်း
ပြန်စီးဆင်းသွားသလို ခံစားသွားရသည်။
မောင်တဲ့..။

""မှော့်မှာ.သာ...ချစ်နေရတာ။ အဟင့်...သူကတော့ သူများကို ဓားနဲ့ထိုးမယ်လေးဘာလေးနဲ့ အလကားလူ။ အချစ်ကိုနားမလည်တဲ့
လူရှုပ်ကြီး။ ချစ်နေတာကို သိသိကြီးနဲ့ အတိတ်မေ့ချင်ယောင်ဆောင်နေတဲ့ အဆို
တော်စီးချင်းအစုတ်ပလုတ်""

မျက်နှာမဲ့လိုက် ပြုံးလိုက်နှင့် မျက်ဝန်းတွေ
မဖွင့်ပဲ ပြောနေသည့်မှော် စွတ်စွဲမှု့တွေကို
သူနားထောင်ပြီး ရယ်ရခက်ငိုရခက်နှင့်..။
မျက်ဝန်းတွေမဖွင့်နိုင်သည်ထိ အာလေးရှာလေးဖြစ်နေပုံထောက်ရင် သူတိုက်လိုက်တဲ့
ဝိုင်တွေကြောင့် မူးနေပြီဆိုတာ။ ဒါကြောင့်
လဲ ရေမကူးနိုင်အောင်ဖြစ်သွားရတာ ဖြစ်မယ်။

""မင်းဘာလို့ ဝိုင်တွေအများကြီးသောက်လိုက်တာလဲ..ထ..""

""မထဘူး။ ရှင်နဲ့ကျွန်မ စာရင်းရှင်းမယ်။
ရှင်လဲ လုံးဝမထနဲ့နော်ထရဲထကြည့် ဒီမှာ
မြင်လား ဓားနော်ဗိုက်ထဲဝင်ရင် သေတတ်တယ်ဆိုတာ သိနေရင်ဆက်မမေးနဲ့ ပြန်ထိုင်""

""အဟက်...""

ဘယ်လိုလေးလဲ။ မျက်လုံးတွေကို လုံးဝမဖွင့်ပဲ သူ့ကိုဘယ်လောက်ထိ မကျေနပ်ထားလဲ
မသိ။ သူခြိမ်းချောက်ခဲ့သလို ဓားနဲ့ပြန်ခြိမ်းချောက်နေတာ ။ လက်ထဲမှာတကယ်လဲ ဓား
ကမရှိပဲနှင့်..။ မျက်နှာလေးကအပြစ်ကင်း
ပြီး ချစ်စရာကောင်းနေလိုက်တာ။ စိတ်ရှိတိုင်းသာ ဖျစ်ညှစ်ပြစ်ရရင်တော့ မူးနေတာ
တွေပြေသွားနိုင်တယ်။ သူပြုံးနေသည့် မျက်နှာကြီးနှင့် နှုတ်ခမ်းလေးတွေပြာနေတဲ့
အေးနေတာကိုပင် ရစ်ချင်နေသည့် ငမူးမလေးကို သူ့အပေါ်အကျီချွတ်ပေးပြီး ခြုံပေးလိုက်သည်။ သူမမျက်နှာလေးပေါ်မှ
ဆံပင်ရေစိုတွေကို ဖယ်ပေးရင်း....

""မှော်...ထလို့ကိုယ်ပြောနေတယ်။ အအေးမိနေတော့မယ်""

""မထဘူးလုံးဝမထဘူး။ ရှင်လဲမသွားရဘူး။
မှော်မှာတော့ ချစ်လိုက်ရတာ။ ရှင်ကသာ
မှော်အချစ်ဦး ရည်းစားဦး။ သူကတော့ရှုပ်
လိုက်တာမှ သပွတ်အူကျနေတာပဲ အလကားလူ""

""မှော်.မင်းငါ့ကို စွတ်စွဲတာများနေပြီနော်""

သူဒေါသသံမပါပဲ ရယ်သံတွေစွက်နေသည့်
အသံနှင့်ပြောတော့...

""ဘာဖြစ်လဲ။ မကျေနပ်လဲ မတတ်နိုင်ဘူး။
မှော်ကအမှန်တရားတွေ ပြောနေတာ။ ရှင်က
လေ မှော်ကိုဆိုရင် ဟိုအော်ငေါက်ရတာနဲ့
ဒီအော်ငေါက်ရတာနဲ့ မှော်တုန်းကတော့
ကြည်ဖြူနေခဲ့ရတာ ရှင့်အလှည့်ကျတော့နာတတ်နေတယ်ပေါ့...ဟုတ်လားမောင်""

""ကျစ်...မင်းအေးနေပြီထတော့""

""မထဘူး...အဟင့်...""

လက်ကိုကိုင်ဖို့ ရွယ်လိုက်သည့်သူ့လက်တွေကို ပုတ်ထုတ်ပြစ်ပြီး အကြောင်းမရှိအကြောင်းရှာပြီး ကျောက်ခဲရေညှစ်သလို
မျက်ရည်တွေ မကျကျအောင်ညှစ်ချနေတာ
တော်တော်ရယ်စရာကောင်းနေ၏။

""မှော့်ကိုဆို သူ့အလှည့်ကျအလိုမလိုက်ဘူး။
သူ့အလှည့်တုန်းကတော့ မှော်ကအလိုလိုက်
ခဲ့ရတာ ခုတော့...စိတ်မရှည်သလိုကြီးနဲ့...
ကျစ်တဲ့...အဟင့်...အီး..ဟီး..""

""ဟာ..ဟေ့..မငိုနဲ့လေမှော်""

တော်သေးတာပေါ့ ခုချိန်ထိအနားကို လူတစ်
ယောက်မှရောက်မလာ၍။ မှော်ရစ်နေခြင်း
ရဲ့ အကြောင်းရင်းကို သူသိလိုက်ပြီ။ အလို
လိုက်ခံချင်နေတဲ့ မှော်။ သူခေါင်းကိုခါရမ်း
ပြီး ရင်ထဲ ကြည်နူးနေသလိုနှင့် ပြုံးနေသည့်
မျက်နှာကြီးက ဘယ်လိုမှတည်၍မရတော့ပါ။ မူးနေတာလေးကကြည့်အုံး..။ အမူးပါး
လေး။ မကျေနပ်ချက်တွေပဲ ပြောနေတာ ဒါ
မူးတယ်လို့သူကယူဆရမှာလား လူလည်မလေး။

""ခုလဲတမင် ရေနစ်ချင်ယောင်ဆောင်တာ
ကိုးရီးယားကားတွေထဲကလို မင်းသမီးက
ရေနစ်ရင် မင်းသားကလာကယ်ပြီး နှုတ်ခမ်း
ကိုနမ်းအောင်လို့ တမင်ရေနစ်ချင်ယောင်
ဆောင်လိုက်တာ။ မှော်လောက်ရေကူးကျွမ်း
တာ မှော်ပဲရှိတယ်။ ရှင်ကိုတောင်အရင်က
ကယ်ခဲ့သေးတာပဲ ခုကတမင်နစ်ချင်ယောင်
ဆောင်တာ..မယုံရင်ပြိုင်ကူးချင်တယ်ဆိုလဲ
ရတယ်။.""

""ကိုးရီးကားတော်တော်ကြိုက်ပုံပဲ... ""

ပုံမှန်ဆိုရင် လက်ကလေးကိုင်တာပင် သဘောမကျပဲ ကြောက်ကြောက်လန့်လန့်နဲ့
ခုတော့ တမင်အနမ်းခံချင်၍တဲ့ ဖြစ်နိုင်မတဲ့လား။

""ပြောကြည့် မှော်ပြောတာလက်ခံရင် ခုရေကူးပြိုင်မယ်""

""ဗုဒ္ဓေါ...""

သူ့နဗူးသူလက်ဝါးနှင့် ရိုက်ပြီးဘုရားတမိတော့သည်။ မူးနေတာမို့ စကားတွေက
ဟိုရောက်လိုက်သည်ရောင်လိုက်နှင့် သူ့ကို
ပင်စိန်ခေါ်နေသေးသည်။

သူဘယ်လိုမှ တေးမထားနိုင်တော့ဘူး။ မျက်လုံးမဖွင့်ပဲ နှုတ်ခမ်းတွေထော်ပြီးပြော
နေတာက အသဲယားစရာပင်။ ရေနစ်ချင်
ယောင်ဆောင်တာတဲ့။ တကယ့်အမူးမလေး။
သူမှရောက်မလာရင် ရေနစ်ပြီးဘယ်လိုဖြစ်နေမလဲ မတွေးတတ်...ခုတော့သူမကသံယောင်လိုက်ပြီး အယောင်အဆောင်ဆိုပြီး
ပြောနေတာ။ တကယ်မဟုတ်မှန်းသိနေသည့်
သူကတော့ စောစောကလီလီကို အနားမှာ
မျက်လုံးဝှေ့ကြည့်ပြီး ရှာတော့အရိပ်အယောင်ပင်မမြင်ရ..။

""မောင်...သိလားမောင့်ကြောင့် မှော်တိုက်
ခိုက်ခံနေရတာ။ ဂရုမစိုက်ပါဘူး...ဟွန်း..
သူတို့ကို မှော်ကအမှုန့် ချေပြစ်မှာ။ မောင့်ကို
တော့ ဘယ်သူ့ကိုမှမပေးနိုင်ဘူး။ မှော်ခြောက်
နှစ်လုံးလုံးရူးရူးမူးမူးချစ်ခဲ့ရတဲ့ အချစ်ဆုံး
မောင်...နော်..""

""မရတော့ဘူး။ မင်းတော်တော်မူးနေပြီ။
မင်းစကားတွေ ကြာကြာနားထောင်နေရင် ကိုယ့်စိတ်ကိုယ်လဲ အာမမခံနိုင်ဘူး။ ထတော့..""

""အား...မပြန်ဘူးနော်...စီးချင်း မှော်ကိုအောက်ချပေးနော်...ဟင့်အင်း..မပြန်ဘူး""

""တော်တော်ဆိုးတဲ့ ငမူးမလေး""

သူ့မှာပွေ့ချီလိုက်တာကိုပင် မျက်လုံးမဖွင့်ပဲ
အာခေါင်ခြစ်အော်ပြီး ခြေထောက်တွေလေပေါ်၌ ဟိုကန်သည်ကန်နှင့် အငြိမ်မနေ။

""မှော်....ငြိမ်ငြိမ်နေနော် ကိုယ်စိတ်မရှည်တော့
ဘူး မင်းကိုယ်မင်းသိုင်းသမားထင်နေတာလား""

""နေဦး...စိတ်ကမရှည်တော့ဘူးဆိုရင် စိတ်တို
နေတာ ဘယ်လောက်အထိတိုင်းအတာရှိလဲ
ဆိုတာ မှော်ပေတံနဲ့တိုင်းကြည့်မယ်။ မယုံဘူး
မှော့်ကို ချစ်တဲ့မောင်ဆိုရင် စိတ်ကိုအရှည်ကြီးထားရမယ်""

""ဟာကွာ...မူလီမလေးနဲ့ လာတွေ့နေတာ။
စီးချင်း..စီးချင်း ဒီတစ်ခါတော့ မင်းထိုက်နဲ့
မင်းက ခံပေအုံးပေါ့..ဝဋ်လည်နေတာလားပဲ""

ပြောရင်းနဲ့မောသွားပုံရသည်။ အိပ်ပျော်သွား
တာလဲ ချက်ချင်းကြီးပင်။ ပါတီပွဲကများနေ၍ သူမသွားတော့ပဲ ကားပါကင်ဘက်သာ
သွားလိုက်တော့သည်။

သူတို့နှစ်ယောက်ကို ကြည့်ပြီး ဒေါသတွေထွက်ပြီး မကျေမလည်နှင့်ပုန်းကွယ်ပြီး
လိုက်ချောင်းနေသည့် လီလီနုသွေး တောက်
တစ်ခေါက်ခေါက်နှင့်...

""မှော်...နင်အရမ်းကံကောင်းသွားတယ်မှတ်။
ဒါငါ့ရဲ့ ပထမဆုံးတိုက်စစ်ဆင်ပွဲပွဲပဲ။ ကျေ
နပ်စောမနေနဲ့ နင့်ကိုတခြားနည်းနဲ့ စီးချင်းနဲ့
ကွဲအောင်လုပ်ဖို့ ငါ့မှာနည်းလမ်းရှိပြီးသား
ဆိုတာ နင်သိလာတဲ့နေ့ ဒူးနဲ့မျက်ရည်သုတ်စေရမယ်...အဟင်းဟင်း..""

ခြောက်သွေ့နေသည့် ရယ်သံနှင့် စောစောက
ဒေါသမျက်ဝန်းတွေနှင့် ကြည့်သွားပြီးသူမ
ကို တွန်းလွှတ်သွားသည့် စီးချင်းရဲ့အမူ
အယာတွေကိုတော့ ပြန်တွေးမိတိုင်းရင်ထဲ
နာကျင်ဆိုကျပ်သွားရသည်ထိ ခံစားမှု့က
မနည်းပါ။ သူပေးသမျှတိုင်းက ဝေသနာ
တွေကြီးပဲဆိုတာ သိနေ၍ ကိုယ်တိုင်ဖြေသိမ့်နိုင်အောင် ဖြေဆေးဆောင်ပြီးသားပါ စီးချင်း
ရယ်...။ ရှင့်ကိုချစ်နေမှတော့ အပြုအမူတွေကို လက်ခံရမှာပေါ့...။ မကြာခင်မှာတော့
ရှင်တို့တွေ ဝမ်းနည်းကြရမယ်ဆိုတာ သိခဲ့
ရတော့ မှော်ပန်းချီကိုရှင်အရမ့းမုန်းသွားမယ်
ဆိုတာ ကျွန်မအာမခံပြီး ပြောရဲတယ်။

တစ်ယောက်တည်းအကြံပေါင်းစုံနှင့် ကား
ပါကင်ကြီးထဲ ရယ်နေသည့်သူမက ရူးနေ
သည်ဟု ထင်မြင်နိုင်သည်ထိ ရယ်သံကတော်တော်.နှင့် မစဲသွားခဲ့ပါ....။

အ ခ န် း [ ၁၇ ] ေ မျှာ်
A U T H O R ~ ေ ငွ သု န္ဒ ရီ

စာဖတ်သူများကို ကျေးဇူးအထူးတင်လျှက်ကြိုးစားပါဦးမည်။


rate now: