📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း 📖
""ဖြေးဖြေးနော်ဆရာ..""
""Ok...ဝက်ကလေး""
""ဟင်..ဆရာအဘိုးကြီး""
မှော်ခေါင်းလေးကို ပွတ်ကာသူစချင်တာစပြီး
ရယ်မောကာ ကားကိုမောင်းထွက်သွားသည့်
ဆရာ့ကားလေးကို ကြည့်ပြီးမှော်မကျေမနပ်နှင့် ရပ်ကျန်ခဲ့ရ၏။
""ဘုရားရေ...သူ...သူ့ကားပါလား။ ဘာလို့များ
ကားကို အရှိန်ပြင်းပြင်းမောင်းလာရတာလဲ
တစ်ခုခုဖြစ်ကုန်တော့မှာပဲ""
မှော်ဆရာ့ကားလေးကို ကြည့်ပြီးဘာရယ်
မဟုတ်အနောက်ကို ပြန်လှည့်ကြည့်မိသည်နှင့် အရှိန်ပြင်းပြင်းနှင့် မောင်းနင်လာသည့်
ပြိုင်ကားအနက်ရောင်လေးက မျက်စိထဲ
တိုးဝင်လာသည်နှင့် မှော်သွေားနှာထင်တက်ပြီး ဘာလုပ်ရမည်မှန်းမသိတော့။ ထိုနေရာတွင်သာ ရပ်နေပြီး ဆိုင်ထဲပဲဝင်ရမလား သူ့
ကိုပဲရပ်စောင့်နေမလား....ထိုစဉ်...
""ကျွီ...!!!!""
""အမလေး....""
မှော်နှလုံးခုန်နှုန်းတွေ ရပ်တန့်သွားစေသည်ထိပင် အသဲတွေအေးခဲသွားရ၏။ မှော်နှင့်ခြေတစ်လှမ်းအလိုမှာ နီးနီးကပ်ကပ်အရှိန်ပြင်းပြင်းနှင့် ရပ်လိုက်သည့်သူ့ကားကြောင့် မျက်
လုံးတွေစုံမှိတ်ပြီး မှော်အလန့်ကြီးလန့်နေသလောက် သူကတော့သွေးအေးစွာ ကားပေါ်
ကာပင် ဆင်းမလာခဲ့ပါ..။
""ဘာလုပ်နေတာလဲ ကားပေါ်အမြန်လာ""
တော်သေးတာပေါ့ ဆရာ့ကားထွက်သွားသည်
နှင့် မှော်ဆိုင်ထဲဝင်ဖို့ရန် ခြေလှမ်းပင်မပြင်ရ
သေး။ အရှိန်ပြင်းပြင်းနှင့် သူ့ကားလေးထိုးရပ် သွားသည်ကြောင့် မှော်မှာရင်တထိတ်ထိတ်တွေးပူခဲ့သမျှ ခုတော့ပိုဆိုးသွားရပြီ...။
သူဘယ်လိုလုပ်ပြီး ရောက်လာသည်မှန်းမသိ။ မျက်နှာတစ်ခုလုံးမှာတော့ ခက်ထန်နေပြီး သေချာတယ် မှော်နဲ့ ဆရာ့ကိုတွေ့လိုက်ပြီ
ဆိုတာ မှော်သိလိုက်ပြီ။ မှော်အေးစက်စက်နှင်
သူ့မျက်နှာကို ကြည့်ပြီး ခြေဖျားလက်ဖျားပင်
အေးလာကာ ကြောက်ကြောက်နှင့် သူ့ကားပေါ် တက်ထိုင်လိုက်ရသည်.. ။
""အေမ့...""
ဘယ်တော့မှ ကားကိုညင်ညင်သာသာမောင်း
လေ့မရှိသည့်သူ။ ယခုလိုအခြေအနေမျိုးမှာ
ပိုဆိုးစွာ အရှိန်တင်ပြီးကားကိုဆောင့်ထွက်တော့ မှော်ကိုယ်လေးဟိုယိမ်းသည်ယိုင်နှင့်
ကို့ယို့ကားယားဖြစ်ရ၏။ ဒါကိုသူဂရုမစိုက်
လှည့်၍ပင်မကြည့်ခဲ့..။ ကားကိုသာသွေး
အေးအေးနှင့်မောင်းနေသည့် သူ့ကိုကြည့်ပြီး
မှော်ဘယ်ကဘယ်လိုစပြီးတောင်းပန်ရမည်
မှန်းမသိ။ အပြစ်လဲမမြင်ခဲ့ပါ..။
""စီးချင်း...မှော်ကလေ...""
""ဘာမှမပြောနဲ့ တိတ်တိတ်ကလေးပဲလိုက်ခဲ့
ခုမှငါ့ကို စကားတွေနဲ့သိမ်းသွင်းမယ် မစဉ်းစားနဲ့ မင်းကတိမတည်ဘူး""
""မဟုတ်ဘူး စီးချင်းရယ်""
""ဆက်မပြောနဲ့လို့ မင်းကိုငါပြောနေတယ်""
အံကိုတင်းတင်းကြီး ကြိတ်ကာမျက်ဝန်းနီနီ
တွေနှင့် ကြည့်ကာပြောခါသည့် သူ့အသံ
ကြီးမှာ ကြောက်စရာကောင်းနေသလောက်
မျက်နှာတစ်ခုလုံးလည်း ခက်ထန်မာကျောနေ၍ မှော်စကားဆက်မဆိုရဲတော့။ ပြောဖို့.ရန်ပြင်နေသည့် စကားလုံးတွေကို မျိုသိပ်ပြီး နှုတ်ခမ်းလေးတွေကို အလန့်တကြားလက်ချောင်းလေးတွေနှင့် အယောင်ယောင်အမှားမှား ဖိပိတ်ကာခေါင်းငုံ့မျိုသိပ်လိုက်ရ
သည့် ဖြေရှင်းနည်းက ဘယ်လိုရှေ့ဆက်ရ
မည်မသိ။
ဆက်ပြီးလဲမပြောရဲ..။ မှော်မှာသာတစ်
ယောက်ထဲ ရင်ထဲအတွေးပေါင်းစုံနှင့် လန့်နေ
ပြီး သူဘာလုပ်မလဲဆိုတာသာ တွေးနေမိတာ
စိတ်မှာမလုံခြုံလှပါ..။ သူ့မျက်နှာမာမာကြီး
ကိုဘေးတစောင်းခိုးကြည့်ရင်းနှင့်ပဲ ကြက်သီးတဖျင်းဖျင်းထပြီး ကြောက်ဒူးတွေ
တုန်နေရတာ..တကယ်ဆိုအကြောင်းပြချက်
က အထွေးအထူးမရှိ။ ဘာမှပတ်သက်မှု့မရှိ
ပေမယ့်လဲ ရင်ထဲမှာရင်းနှီးပြီးသားဆိုတော့လဲ မောင့်မှာအပြစ်မရှိပါဘူးလေ..။
~~~~~~~~~~
Queen Beauty Saloon
ဆိုင်းဘုတ်ကလေးကို မှော်ဖတ်ပြီးကားပေါ်
ကနေ သူ့အမိန့်မရမချင်းမဆင်းရဲသေးပါ..။
သူ့မျက်နှာ မာမာတွေကတော့ တစ်စက်ကလေးမှ လျော့သွားခြင်းမရှိပဲ ကားပေါ်
ကဆင်းသွားသည့်သူ။ မှော်ဘက်ကိုလာပြီး
ကားတံခါးလာဖွင့်တော့ သူ့ကိုမှော်ငေးကြည့်
နေတော့...
""ဆင်းလေ။ ကားထဲမှာပဲနေချင်လို့လား""
""မဟုတ်ပါဘူး""
""ဟိုကောင်နဲ့တုန်းက မျက်နှာကပျားသကာ
လို ချိုနေတာပဲ။ ဘာလဲငါ့ရုပ်က အစွယ်တွေ
ပေါက်နေလို့လား ကြောက်ကြောက်လန့်လန့်
မျက်လုံးတွေနဲ့ကြည့်နေတာ စိတ်ချမင်းကိုငါ
ကိုက်မစားဘူး အပြစ်တော့ပေးခံရမယ်""
""ဟို..ဟို...""
""လာဆင်းခဲ့""
မျက်လုံးပြူးလေးနှင့် ကားပေါ်ကမဆင်းပဲ
သူဆုပ်ပိုင်ထားသည့် သူ့လက်တွေကိုပါ ရုန်း
ကန်နေ၍ သူပိုပြီးစိတ်တိုမ၏။ သူမမျင်နှာ
လေးကို ကြည့်မိတိုင်း ပိုပြီးဒေါသထွက်လာရ
သည်မို့ အူကြောင်ကြောင်နှင့်ကားပေါ်မှ မဆင်း သေးသည့်သူမကို ဆွဲချမိ၏။
""စီးချင်း ရှင်ဘာလုပ်မလို့လဲ။ အလှပြင်ဆိုင်
ကို မှော့်ကိုခေါ်လာတာ""
""သိရမယ် မမေးနဲ့။ မေးခွန်းတွေမေးတာ
လောက်ငါမုန်းတာမရှိဘူး""
""မဟုတ်ဘူးလေ...""
""မင်းပါးစပ်ကို ပိတ်မလားငါပိတ်ပေးရမလား။ လူလည်ခေါင်ဆိုပြီးမှလဲ ငါမရှက်တတ်
ဘူးနော်...အေးဆေးငြိမ်နေလိုက်တော့ အရှက်မရချင်ရင် မင်းပါးစပ်ကိုပိတ်""
""ဟုတ်""
ဘာစကားမှ ထပ်မပြောတော့ပဲ စီးချင်းဆွဲ
ခေါ်သည့် အလှပြင်ဆိုင်ထဲ နှစ်ယောက်သား
ဝင်သွားသည်နှင့် ဆိုင်ထဲမှ မိန်းကလေးဝန်
ထမ်းများ၏ အကြည့်များမှာ လက်ချင်းချိတ်
ထားသည့် သူနှင့်မှော့်ကိုသာစူးစူးရဲရဲ ကြည့်ပြီး အေးစက်စက်သူ့မျက်ဝန်းတွေကြောင့် မည်သူမှ နှုတ်မဆက်ရဲ ကြ။
""သူ့ကိုတစ်ကိုယ်လုံး ပေါင်းတင်ပေးလိုက်ပါ။
ပြီးရင်ဆံပင်ညှပ်မယ်""
""ဟုတ်..ဟုတ်ကဲ့""
""စီးချင်း...မှော်ဆံပင်မညှပ်ဘူးနော်""
""မင်းပါးစပ်ကိုပိတ်ထား သွားသူတို့နဲ့လိုက်သွား ငါ့ကိုစိတ်တိုအောင်မလုပ်နဲ့မှော်...""
""လာညီမလေး...မမတို့နဲ့လိုက်ခဲ့...""
""စီးချင်း""
မှော်မျက်နှာလေးက သူ့ကိုလှည့်ကြည့်လှည့်
ကြည့်နှင့် ပါသွားသည်ကို သူကျေကျေနပ်နပ်
ကြီး ကြည့်နေလိုက်သည်။ မှတ်ထားမှော်...
အဲ့ကောင်ထိခဲ့တဲ့ မင်းဆံပင်အရှည်တွေကိုလဲ
ညှပ်ရမယ်။ ငါမမြင်လိုက်ပေမယ့် မင်းအသားကို သူထိချင်ထိနိုင်တယ်...သူ့လက်နဲ့
ထိထားတဲ့ မင်းရဲ့အသားတွေကို သန့်စင်ပေးရမယ်။
ဒါဟာ...ပထမဆုံးအကြိမ် မင်းအပေါ်နူးနူးညံ့
ညံ့ ဆက်ဆံရေးနည်းပဲမှော်..။ နောက်ပိုင်းမှာ
မင်းက ငါ့ရဲ့ချစ်သူဖြစ်လာခဲ့ရင် မင်းအသား
ကို တခြားယောက်ျားထိဖို့မပြောနဲ့ အကြည့်နဲ့
တင်အဲ့လူတွေရဲ့ မျက်လုံးကိုငါဖောက်ထုတ်
ပြီးသားပဲ။ ပထမဆုံးအနေနဲ့တော့ ပေးဆပ်မှု့
ပြစ်ဒဏ်ပါးပါးလေးပဲ မင်းရဲ့ဆံနွယ်ရှည်တွေကို ညှပ်ပြစ်ရမယ်..။ ငါ့အမိန့်ဟူသမျှ မင်း
လက်ခံရမယ် မင်းမှာငြင်းပိုင်ခွင့်မရှိဘူး..။
ဒါငါ့အမိန့်ပဲ..။
~~~~~~~~~~~~
""စီးချင်း...ရှင်အရမ်းရက်စက်တယ်။ မှော်အရမ်း မြတ်နိုးတဲ့ဆံပင်တွေကို ဘာလို့ညှပ်ခိုင်း ရတာလဲ...အဟင့်...""
ဆိုင်ထဲမှာထဲက ငိုမဲ့မဲ့လေးဖြစ်နေတာ။ သူ့
အကြည့်စူးစူးတွေကြောင့် အောင့်အီးထားတဲ့
မျက်နှာအမူအယာလေးနှင့် မျက်လုံးစုံမှိတ်
ပြီး ဆံပင်ညှပ်ခံနေပုံက သနားစရာကောင်းနေပေမဲ့ သူမသနားပါ။ ဒါပါးပါးလေးပဲရှိသေးတာပဲ။ မျက်ရည်လေးတွေနှင့် သူ့ကို
ဒေါသ သံမပါပဲပြောပေမယ့် မကျေနပ်မှု့အရိပ်အယောင်လေးတွေမှာ စွန်းထင်းနေလျက် မျက်ရည်စလေးတွေမှာ မျက်နှာ
လှလှလေးထက် ခိုတွဲနေသည်။
""ညှပ်ရမယ် မညှပ်လို့မရဘူး။ မင်းဆံပင်တွေ
ကို ဟိုကောင်ကိုင်သွားတာ ငါမကြိုက်ဘူး""
""ရှင်မကြိုက်ဘူးဆိုလဲ ပြောပါလား။ မှော်နောက်ကို အထိမခံဘူး။ မကျေနပ်ရင်ချက်ချင်း ခေါင်းလျှော်ပြစ်လို့ရတယ့။ ခုတော့ အပြစ်မဲ့တဲ့ကျွန်မသုံးနှစ်နီးနီး ထားခဲ့
ရတဲ့ဆံပင်လေး သွားပါပြီ အဟင့်...""
""ဟေ့...ငါ့ကိုငိုပြမနေနဲ့နော်။ မင်းကိုကျေနပ်
နေသေးတယ် မထင်နဲ့ အဲ့ကောင်ထိသွားလို့ကို
မကြိုက်တာ။ ဆံပင်ညှပ်လို့မှ အဆင်မပြေသေးရင် ကတုံးပါတုံးသင့်ရင်တုံးရမှာ မင်း
အပေါ်ငဲ့ညှာတဲ့အနေနဲ့ မလွှဲသာလို့ အဲ့ဆံပင်
တွေချန်ထားပေးတာ။ နောက်ထပ်ထပ်မပြောရင် မင်းဆံပင်တွေမရှိတော့ဘူးမှတ် ကတုံးကြိုက်လား ရှေ့တစ်လက်မနောက်ပြောင်
ကြိုက်လား။ ကြိုက်တာရွေးထား..""
""ရှင်...မှော့်အပေါ်အနိုင်ယူလို့ရမှန်းသိလို့
တမင်အနိုင်ကျင့်နေတာမဟုတ်လား မှော်က
ဘာလုပ်နေလို့လဲ""
""အနိုင်ကျင့်တာတွေ အနိုင်ယူတာတွေငါမသိ.ဘူး။ မကျေနပ်လို့လုပ်တာ အနိုင်ကျင့်တယ်လို့ သတ်မှတ်ရင်လဲမတတ်နိုင်ဘူး
မင်းကို ဒါခွင့်လွှတ်ပေးထားတယ်လို့ပဲ မင်း
တွေးထား နောက်ထပ်တွေဆို ဒီထက်ဆိုးမယ်မှတ်...""
""........""
ခါးနီးနီးရှိနေသည့် ဆံပင်တွေမှာ ပခုံးအပေါ်
သာသာတာ ရှိတော့သည့်ဆံနွယ်ပျော့ပျော့
လေးတွေနှင့်လဲ လိုက်ဖက်နေပြန်သည့် မှော်
ကြောင့် သူ့မှာပြန်မကျေနပ်မိပြန်။ ခုချိန်ထိ
အငိုမတိတ်သေးသည့် သူမကိုလဲ သူအလျော့
လဲမပေး ချော့လဲမချော့ပါ..။
""ဆင်း...ငိုမနေနဲ့""
""ရှင့်ဆံပင်မဟုတ်တိုင်း ရှင်ကတော့ဘယ်ငို
မလဲ မှော်မှာသာ အဲ့ဆံပင်ရဖို့သုံးနှစ်လောက်ထိထားခဲ့ရတာ""
""တော်တော့ကွာ...မင်းကိုခုလိုလုပ်တာ ငိုဖို့
မဟုတ်ဘူး။ နောက်ထပ်မျက်ရည်တွေ ကျရဲ
ကျကြည့် အပြစ်တစ်ခုထပ်တိုးပြစ်မယ်""
အရာရာတိုင်းခွင့်လွှတ်သည်းခံ တတ်သည့်
မှော်ကတော့ သူရယ်ဆိုရယ်။ သူငိုဆိုငိုဘဝနှင့် မှော်ခန္ဓာနှင့် သူ့စိတ်ဖြစ်နေရသည်ဆိုပေမဲ့
မကျေနပ်ချက်များစွာကို ရန်မတွေ့ခဲ့ပါ..။
မကျေနပ်တာတော့ မကျေနပ်တာပဲ။ သူ့ကိုမှ
မဟုတ်ပဲ။ မှော်ဆံပင်တွေညှပ်လိုက်ရတာ
ဘယ်လိုမှမဖြေသာ။ ဆံပင်အရှည်နှေးသည့်
မှော့်အတွက် ဒီဆံပင်လေးရောက်ဖို့အတွက်
ခဲခဲယဉ်းယဉ်းထားခဲ့ရတာ။ သူ့နေရာမှာတခြား သူသာဆိုလျှင် မှော်ကုတ်ဖဲ့ပြီးရန်တွေ့ပြီးလောက်ပြီ။ သူဖြစ်နေ၍အပြစ်မမြင်နိုင်ဖြစ်နေရတာပါ။
မှော်တစ်ခါမှမရောက်ဖူးတဲ့ ခြံအကျယ်ကြီး
ရှေ့မှာရပ်ပြီး ခြံထဲမှတံခါးလာဖွင့်သည်နှင့်
သူမောင်းဝင်လာသည်မှာ ဘယ်နေရာမှန်းမသိ။ မှော်ငိုနေ၍ဘယ်နေရာခေါ်လာမှန်းလဲ
မမေးမိပေ။ သူကားပေါ်ကခေါ်ဆင်းမှ ဆင်း
လိုက်တော့ တော်တော်ကျယ်သည့်ခြံကြီးကို
မှော်မျက်ရည်တွေ သုတ်ပြီးအကဲခတ်နေသည်ကို သူလက်ပိုက်ပြီးခပ်တည်တည်နှင့်
စိုက်ကြည့်နေသည်။ မှော်ကျယ်ဝန်းလှတဲ့ ခြံကြီးကို ကြည့်ပြီးစိတ်ထဲတော်တော် ငြီးငွေ့
သွားပြီး ခြောက်ခြောက်သွေ့သွေ့ကြီးခံစား
လာရ၏။
မျက်ခင်းပြင်ကလဲ စိမ်းလန်းခြင်းမရှိခြောက်ကပ်နေ၏။ ခြံဝင်းကျယ်သလောက်
ဘာသစ်ပင်ပန်းပင်တွေမှ မရှိ။ မရမ်းရင့်ရောင် နှစ်ထပ်တိုက်ကြီးကသာ ထီးထီးကြီး
ရှိနေပြီး ဘယ်အရာမှစိမ်းလန်းခြင်းမရှိ..။
""ဒါ..ဒါဘယ်နေရာလဲ စီးချင်း""
""ဘယ်နေရာလို့ထင်လဲ""
ခပ်တည်တည်နှင့် မရယ်မပြုံးပြောလာသည့်
သူ့အပြောက မထီမဲ့မြင်။ မဟုတ်မှလွှဲရော
သူ..သူမှော့်ကို ခိုးပြေးလာတာတော့မဖြစ်နိုင်
ပါဘူးနော်။ မှော်အတွေးနဲ့တင် ရင်တုန်ပြီး
ပြောလဲမပြောရဲ ပြန်ဖြစ်နေ၍ အံကြိတ်ပြီး
တိတ်ဆိတ်နေမိ၏။ မဖြစ်နိုင်ဘူးသူအဲ့လိုမလုပ်လောက်ဘူး..။
မျက်လုံးလေးတွေ စုံမှိတ်ပြီးတစ်ယောက်ထဲ
ခေါင်းကိုခါရမ်းလိုက် လက်နှစ်ဖက်ကိုချင်းချင်း ပွတ်သတ်လိုက်နှင့် ဂဏာမငြိမ်
သည့် မှော့်အမူအယာကိုကြည့်ပြီး သူအမြင်
ကပ်တာလား ချစ်စနိုးနှင့်ပဲ စချင်တာလားမသိတော့။ ဉာဏ်နီဉာဏ်နက်တွေထုတ်သုံး
တော့မှာမို့ နှာခေါင်းချွန်ချွန်တွေကို လက်မ
နှင့်ဖိပွတ်လိုက်ပြီး ပျက်ယွင့်ထိတ်လန့်နေတဲ့
မှော့်ကို ငုံ့ကြည့်ကာ...
""ပြောလေ...မင်းကိုဘယ်နေရာခေါ်ခဲ့တယ်.ထင်နေတာလဲ""
""ဟင်...ရှင်..ရှင့်အိမ်ပဲလားဒါက..""
""အင်းပေါ့ ဟုတ်တာပေါ့။ ဒါလဲကိုယ့်အိမ်ပဲ
ကိုယ်မိန်းမယူရင်နေဖို့ ရည်ရွယ်ထားတဲ့အိမ်""
အကြောက်လွန်နေတဲ့သူမကို သူခြောက်လန့်
လိုက်တော့ ခြေတစ်လှမ်းပင် ထိတ်ထိတ်ပျာပျာ ပုံစံလေးနှင့် နောက်ဆုတ်
သွား၏။
""အဟက်...မင်းကရယ်ရတယ်""
သွားညီညီလေးတွေ ပေါ်သည်ထိ ပြုံးလိုက်
တဲ့ သူ့အပြုံးတွေကြောင့် မှော်အူကြောင်
ကြောင်နှင့် ငေးကြည့်နေပြီးမှ သူစနေတာလားဆိုပြီး အတွေးဝင်မိ၏။ အကြောက်လွန်
ပြီး လက်ဖဝါးအချင်းချင်း..
ပွတ်သပ်ထားတဲ့ လက်တွေမှာလဲနာကျင်
လွန်းနေပြီ။ ခါးကိုင်းပြီး သူ့အရပ်ရှည်ရှည်
ကြီးတွေ နှင့် သူ့မျက်နှာမှာမှော်မျက်နှာနှင့်
နီးနီးကပ်ကပ် တိုးကပ်လာပြီး...အသက်ရှုနှုန်း
မျှင်းမျှင်းလေးတွေက မှော်ရင်ခုန်သံတွေကို
ဖျားယောင်းနေသယောင်...။
""ဘာတွေ စိုးရိမ်နေတာလဲ ။ မင်းငါ့စကားနား
မထောင်ရင် ဒီထက်ပိုအပြစ်ကြီးမယ်ဆိုတာ
သိအောင် ဒီနေ့ပညာပြတာ။ အဲ့ဆံပင်တွေလဲ
ဘယ်တော့မှ နောက်ထပ်အရှည်မထားရဘူး။
နောက်ထပ်မင်းအသားကို ထိတဲ့ကောင်မှန်
သမျှ ငါနဲ့ရန်သူပဲ... ခေါင်းငုံ့ခံနေတဲ့ မင်းလဲ
ငါ့အကြောင်းသိစေရမယ်....လာ""
""ဘယ်သွားမလို့လဲ""
စကားတွေတစ်ရှည်တလျားကြီးပြောပြီး
မှော်လက်ကောက်ဝတ်လေးကို ဆုပ်ကိုင်လာ
တဲ့ သူ့ကိုမှော် မျက်တောင်လေးပုတ်ခတ်ပြီးမေးတော့. ... သူ့ကိုယ်ကြီး နောက်တစ်ကြိမ်
ကိုင်းကျလာကာ...
""မင်းနဲ့နှစ်ယောက်ထဲ သီးသန့်ကမ္ဘာဆီ..""
""ဟင့်အင်း...မလိုက်ဘူးနော်။ စီးချင်း..မှော်
မလိုက်ဘူး""
""မရဘူးလိုက်ရမယ်""
""မလိုက်ဘူး...ပြန်မယ်ပြန်ပို့ပေး။ မှော်မလိုက်
ဘူး""
""မင်းကိုလိုက်ရမယ်လို့ပြောနေတယ်နော်..
မှော်""
မျက်နှာလေးအိုသွားပြီး သူဆုပ်ကိုင်ထားသည့် သူမလက်ဖျားလေးတွေပါ အေးစက်နေတာ သူမလေးတော်တော်စိတ်လှုပ်ရှားပြီး ကြောက်နေမှန်းသိသာနေ၏။ သူမျက်ခုံးကြားလက်တစ်ဖက်နှင့် ခြစ်ပြီး အကြောက်
လွန်နေသည့် သူမလေးကို ရယ်ချင်လာရ၏။
""လိုက်ရမယ်လို့ ပြောနေတယ်မှော်။ မင်းမှာ
ငြင်းပိုင်ခွင့်မရှိဘူး""
""စီးချင်း..""
အသံတုန်အက်အက်ကလေးနှင့် သူ့ကိုကြည့်
ပြီး ခေါ်လာသည်နှင့်....
""အဟက်..!!!!""
မျက်လုံးပြူးပြူးလေးနှင့် သူ့ကိုမလိုက်ဘူး
ဆိုပြီး အကြောက်အကန်အူကြောင်ကြောင်
လေးနှင့် ငြင်းနေပုံက ရယ်စရာလေးမို့ သူ
မရယ်ပဲမနေနိုင်တော့..။ အကြောက်လွန်ပြီး
နဗူးလေးမှာ ခြှေးစလေးတှပေါ စို့နေတာက
သနားစရာလေး။ သူထပ်မစရက်တော့..။
လက်ကလေးကို ဖိဆုပ်ဖျစ်ညှစ်လိုက်ပြီး...
""ဘာတွေတွေးနေတာလဲ ဒီညMTVအတွက်
မိတ်ဆက်ပါတီပွဲ ရှိတယ်အဲ့ကိုသွားမယ်ပြော
တာ..။ ဉာဏ်ဆင်ပြီး ထွက်ပြေးမယ်မစဉ်းစား
နဲ့ ဒီမှာတွေ့လား.... ""
""ရှင်.ရှင် ဓားကြီးက ဘယ်ကယူလာတာလဲ""
""ကြောက်ရင်တိတ်တိတ်ကလေးလိုက်ခဲ့ ဓားကြီးမဟုတ်ဘူး ဓားကလေး။ ဗိုက်ထဲဝင်သွားရင်သေတတ်တယ်ဆိုတာ သိရင် ငြင်းမယ်
မစဉ်းစားနဲ့..""
""ဟုတ်...""
မခြောက်ခင်ကပါ ကြောက်နေပါတယ်ဆိုမှ
ခလုတ်နိပ်ဓားလေးကို သူ့ဘောင်းဘီအိတ်ထဲ
ကနေထုတ်ပြပြီး ခြိမ်းခြောက်ပြနေတော့
ပိုပြီးကြောက်သွားပုံနှင့် စကားတစ်ခွန်းမှ
မဆိုတော့။ သူကားထဲထိုင်ခိုင်းတော့ ငြိမ်ငြိမ်
လေးဝင်ထိုင်ပြီး တုတ်တုတ်ပင်မလှုပ်ရဲ..။
သူ့မှာကြည့်ပြီး ရယ်ချင်စိတ်ကိုမျိုသိပ်ထား
ရတာ..။ တကယ်အူကြောင်ကြောင်နိုင်တဲ့
မှော်ပန်းချီ။
""ဒီအိမ်လေးက ကိုယ်မိန်းမယူရင်နေမှာလေ။
အဲ့တော့ နောက်နေ့တွေ အချိန်ရရင်ဒီအိမ်လေးမှာ မင်းနဲ့အတူတူသစ်ပင်လေးတွေ
စိုက်ဖို့စိတ်ကူးထားတယ်""
""......""
""ခုလောလောဆယ်တော့ ကိုယ်ပြစ်ထားတဲ့
အိမ်လေးက ချောက်ကပ်နေပါစေအုံး""
အိမ်ကြီးဘက်တစ်လှည့် သူ့ဘက်တစ်လှည့်
နှင့် နားမလည်သလို အူကြောင်ကြောင်
မျက်လုံးဝိုင်းလေးတွေက အသဲယားစရာ
လေး။ နှုတ်ခမ်းတွေကို တွန့်ကွေးပြုံးလိုက်ပြီး
ကားကို ဖြေးဖြေးချင်းမောင်းထွက်ကာ...
""မင်းပြောတဲ့ မင်းရင်ထဲကို ဝင်ကြည့်ရင်စိမ်း
လန်းတဲ့ မြက်ခင်းပြင်နဲ့ ဥယျာဉ်ကြီးလိုပေါ့
ကိုယ်တို့နေမဲ့ အိမ်လေးကိုကြည့်လိုက်ရင်လဲ
စိမ်းလန်းတဲ့ မြက်ခင်းပြင်ကြီးနဲ့ အေးချမ်းတဲ့
ဘဝလေးလေ""
""ရှင်..""
""မသိရင်မှတ်ထား ထပ်မမေးနဲ့...""
သူပြောသမျှ စကားတိုင်းကို အူလည်လည်
လေးနှင့် ပြန်လည်းချေမပ။ သေချာတာက
သူမ ရုတ်တရက် ဘာပြောရမှန်းမသိရင်ခုန်နေတယ် ဆိုတာ ပိုသေချာလိမ့်မည်။
~~~~~~~~~~~~~~~