book

Index 14

အခန်း [ ၁၄ ]

📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း 📖

""ပြန်စမယ် မင်းသားမျက်လုံးက အသက်မပါနေဘူး။ မင်းသမီးပခုံးကိုလဲ ဖက်ပါမင်းသားရဲ့ အားနာနေလို့မရဘူး။ သရုပ်ပေါ်
အောင် သရုပ်ဆောင်ရမှာ""

""........""

""သီးချင်းMTVဆိုပေမယ့် ဒီသီချင်းကို
စီးချင်းက သရုပ်ဆောင်တာဆိုရင် မိန်းကလေးတွေ သဲသဲလှုပ်ကြည့်ကြမှာသေ
ချာတယ်။ အပြတ်ခြွေပြလိုက်။ ကျုပ်ပြောရဲ
တယ် ခင်ဗျားရဲ့ခုနောက်ထွက်မဲ့ခွေက
အောင်အားအမြင့်ဆုံးဖြစ်မယ်ဆိုတာ""

""........""

""ပြန်စမယ်။ စီးချင်းမျက်လုံးလေးကိုအသက်
သွင်းမယ်။ ကဲ့..!!..စပြီ။ 5.4.3.2.1..အက်ရှင်""

""ကျွတ်...""

အရှေ့မှ စီးချင်းနှင့်မော်ဒယ်မလေး တစ်
ယောက်ကိုတစ်ယောက်အကြည့်ချင်းဆုံပြီး
သရုပ်ဆောင်နေတာ ကြည့်ပြီးမှော့်စိတ်တွေ
အလိုမကျချင်တော့။ ဆူအောင့်ပြီးထိုင်နေ
သည်ကို မိတ်ကပ်ဆရာကအနားလာပြီး...

""အမလေးလေး...အဲ့ဒါမျက်နှာက ဘာဖြစ်
တာတုန်း""

စိတ်တိုနေပါတယ်ဆို နွဲ့နွဲ့လျလျနှင့် လာပြောနေသည့် မိတ်ကပ်ဆရာ မယ်သခင်ကို
စိတ်ပျက်ပျက်နှင့်ကြည့်ကာ...

""မယ်နော် ဘာဖြစ်ဖြစ်ပေါ့။ စိတ်တိုနေရတဲ့
အထဲ လာမမေးနဲ့...""

""အမလေးနော် ချစ်သူကမဖြစ်ရသေးဘူး
တစ်ယောက်နဲ့တစ်ယောက်အဖြစ်သည်းပြီး
သဝန်တွေတိုနေကြတာ။ ဟွန်း...မသိရင်ကျွန်မတို့က ရွာအပြင်ကလူတွေကြနေတာပဲ""

""ဟာမယ်...ရှူး...""

စီးချင်းနဲ့မှော့်တို့အကြောင်းကို သိထားတဲ့
မယ်သခင်ကလဲ ပါးစပ်လုံပေမယ့်အာကျယ်
ကျယ်ပြောတတ်တာကတော့ ဘယ်လိုမှတားမရ။ သူ့အသံအကျယ်ကြီးနှင့် ပြောလိုက်၍
မှော့်မှာသူ့ကိုဘရိတ်အုပ်ချိန်ပင်မရလိုက်။
သူကအကုန်ပြောပြီးပြီ။ တော်သေးတာပေါ့
အပင်အောက်ကလေးမှာ ထိုင်နေကြလို့ဘယ်သူမှ အနားမှာမရှိ။

""မယ်နော်...တော်တော်စပ်စုတာပဲ။ ရှင်မကျေ
နပ်ရင် ရှာပါလား။ မှော်တို့ကိုမနာလိုမဖြစ်နဲ့
စကားကိုလဲ တိုးတိုးပြောပါလား သူများတွေ
ကြားကုန်မှဖြင့်""

""ကြားကြားပေါ့။ ရှင်တို့အကြောင်းကိုသိကြ
တဲ့ သူတွေအများကြီးပဲ သတင်းမထွက်ဘူးစိတ်ချ။ စီးချင်းအကုန်ရှင်းထားတယ်""

""ကျွတ်""

""ဘာဖြစ်ပြန်တာတုန်း""

ပြောနေရင်းနှင့်အကြည့်က သူ့ထံရောက်သွား
ရင်ပဲ မှော်မဟုတ်တဲ့တခြားမိန်းမတစ်ယောက်
ဖြစ်နေရင်ပဲ မှော်စိတ်တိုနေတာလား သဝန်တို
နေတာလား မဝေခွဲတတ်တော့။

""မယ်မမြင်ဘူးလား စီးချင်းကိုဟိုမော်ဒယ်က
ရမ်းကြီးဖက်ထားတာ""

""အမလေးတော်....မင်းသားနဲ့ မင်းသမီးပဲ
ဒီလောက်တော့ရှိမှာပေါ့""

""တော်ပြီ ....မယ်ကိုမပြောတော့ဘူး။ မှော်ဘက်ကမပါပဲ သူများဘက်ကပဲ လိုက်ပါနေတာ။""

""နေပါဦး....ရှင်တို့နှစ်ယောက်က တစ်ယောက်
နဲ့တစ်ယောငက် သဝန်တွေတာ ဇွတ်တိုနေကြ
တာ...သူများကဘာဆိုင်လို့လဲ မေးရင်ဘယ်လိုဖြေကြမလဲ""

မယ်စကားတွေကြောင့် မှော်ငြိမ်သက်သွားရ
သည်။ သူ့ထံငေးငးလေးကြည့်လိုက်ပြီး ဘာ
ပြန်ဖြေရမည်မှန်းမသိသည့် အမေးတစ်ခုမေး
နေပြီမောင်။ တကယ်ပဲမှန်နေရောပဲ...။ မှော်
မှာအဖြေမရှိနေခဲ့ဘူး..။

""သေချာတာကတော့...""

""ဖြေကြည့်ပါအုံး""

မဲနေတဲ့အသားတွေပေါ် မိတ်ကပ်ထူထူတွေ
လိမ်းထားတဲ့ မယ့်မျက်နှာကိုကြည့်ပြီး မှော်
လွန်ခဲ့တဲ့ ဒီမေးခွန်းတွေ မမေးခင်အချိန်က
တော့ ကြည့်ကြည့်ပြီးရယ်နေပေမယ့် ယခု
တော့နှုတ်ဆိတ်နေမိ၏။

""ဟင့်အင်း....မှော်.မှော်ဘာဖြေရမလဲမသိဘူး။ ဒါပေမဲ့ မှော်စိတ်ထဲ သူနဲ့ပတ်သက်ပြီး
ခံယူထားတာကတော့ လူသိအောင်ဖွင့်ပြောနေဖို့ထက် မှော်တို့နှလုံးသားကသိနေဖို့က
အဓိကပဲမို့ ဘာမှထွေထွေထူးထူးမခံစားမိဘူး""

""သေချာလို့လား။ ကိုယ့်ကိုယ်ကိုယ်သေချာ
မေးပြီး နောင်တလဲမရစေနဲ့ ဒဏ်ရာလဲမဖြစ်
စေနဲ့ မှော်""

"".........""
မယ်ပြောတဲ့ ဒဏ်ရာလဲမရစေနဲ့စကားကို
မှော်ဘာမှန်းမသိပေမဲ့ အဲ့ဒီစကားတစ်ခွန်းအတွက် တစ်နေ့တာလုံးမှော်စိတ်မလန်းဆန်းနိုင်တော့ပါ....။

~~~~~~~~~~~

""ဟဲ့.!!! ကောင်မတွေ ရပ်လိုက်စမ်း""

"".......""

ဝရုန်းသုန်းကား မိန်းကလေးတစ်စုရန်ဖြစ်
နေကြသည့် သီးချင်းသံများနှင့် လူအမျာကြီး
အုပ်စုထဲ စီးကရက်ငွေ့တစ်ထောင်းထောင်း
နှင့် အနားရောက်လာသည့် ခက်ထန်သည့်
မျက်နှာပိုင်ရှင်အသက်အရွယ်နှင့်မလိုက်အောင် နုပျိုနေသည့် မိန်မကြီးတစ်ဦး၏ ဩဇာသံပြင်းပြင်းနှင့် အမိန့်ပေးမှု့ကြောင့် ထိုမိန်းကလေးများငြိမ်သက်သွားကြသည်။

""ကောင်မတွေ.!!..လင်လုနေကြတာဟုတ်လား
နင်တို့နင်တို့ကို ဘယ်လင်ကမှ အတည်မယူ
ဘူး ဖြစ်မနေကြနဲ့... ""

တီးလုံးသံတွေတိခနဲ တိတ်ကျသွားပြီး ကလပ်တစ်ခုလုံးထဲ ထိုအမျိုးသမီးကြီး၏
အသံတစ်ခုတည်းသာ စိုးမိုးနေပြီး ကျနိသူ
များမှာ ခေါင်းငုံ့လက်နောက်ပြစ်ပြီး အမိန့်
နာခံနေသူဖွယ် အပ်ကျသံပင် မကြားရအောင်
စောစောကဆူညံနေသည့် ရန်ပွဲမှာဆန့်ကျင်
ဘက် ငြိမ်သက်နေသည်မှာ ထူးဆန်းလွန်းလှ
သည်...။

""ခန္ဓာနဲ့ရင်းပြီးရတဲ့ ပိုက်ဆံဆိုတာသိသိနဲ့
တခြားဟာမတွေကလဲ ဘာမနာလိုဖြစ်နေကြ
တာလဲ။ နင်တို့ကိုယ်တိုင်လဲ ဒီလိုပဲရင်းမှရမယ်ဆိုတာ သိသိနဲ့ဖြစ်နေလိုက်ကြတာ...။
ဒီဘဝကနေနင်တို့ ဘယ်တော့မှ ကျွတ်မှာမဟုတ်ဘူး..။....တောက်...""

ဒေါသတော်တော်ဖြစ်နေပုံနှင့် လက်ထဲမှစီးကရက်ကို ကြမ်းပြင်ပေါ် ပြစ်ချလိုက်ပြီး
ဒေါက်ဖိနပ်နှင့် ဖြေးဖြေးချင်းနင်းချေကာ....

""ဒီမှာကြည့်ကြစမ်း...!!! နင်....
တို့မြဲမဲမှတ်ထား။ နင်တုိ့ကယောက်ျားတွေ
ကြိုက်တဲ့ စီးကရက်လိုပဲ။ သူတို့အငွေ့မကုန်
ခင်ချိန်ထိတော့ မက်မက်မောမောနဲ့ လက်မှာကိုင်ပြီး တယုတယနဲ့ သောက်မှာပဲ...။ အေး..!!!..
ကုန်ခါနီးသူတို့သောက်လို့မကောင်းတော့ရင်
ဒီမှာကြည့်.!!!...ဒီဆေးလိပ်လိုပဲ သုံးစားမရ
တော့ဘူးဆိုပြီး နင်းချေပြစ်မှာ.နင်းခြေခံဘဝပဲရောက်ကြမှာ...ခုလိုအချိန်မှာပဲ ရသမျှကိုခြူထားကြ....""

အားလုံးက ငြိမ်သက်ပြီး အကြည့်များမှာ
ထိုအမျိုးသမီးထံတွင်သာ။ မပေါ်ရုံတမယ်
ဝတ်ဆင်ထားကြသည့် ကလပ်မှမိန်းကလေး
များစွာသည်လာ်း ဘာစောဒကမှ မတက်ရဲ
လောက်အောင် ထိုအမျိုးသမီး၏ စကားများ
သည်လည်း လက်ခံနိုင်လောက်အောင် မှန်
ကန်လွန်းနေသည်ပဲ...။

""ဒီနေရာမှာ ပိုက်ဆံလာရှာပြီး တစ်ယောက်ကို
တစ်ယောက်မဖေးမပဲ လင်လုမနေကြနဲ့...။
ဘဝပေးကုသိုလ်ကံက ဒီဘဝမှာတောင် သူများမယားငယ် လုပ်ပြီးရမှ ထမင်းစားနေ
ရတာ။ နင်တို့တစ်ယောက်အပေါ်တစ်ယောက်
မနာလိုနေကြရင် နောင်ဘဝဒီထက်ဆိုးမယ်
နားလည်ကြလား...""

"".........""

""တောက်..!!!.....အလကားဟာမတွေ။
နောက်ထပ် လင်လုတယ်အသံကြားကြည့်
ချက်ချင်းအလုပ်ထုတ်ပြစ်မယ်""

စကားလုံးတွေက ကြမ်းတမ်းပေမယ့်မှန်ကန်
နေသည်ကြောင့် မည်သူမှစောဒကတက်ပြီး
အသံမထွက်ရဲ။

ချာခနဲထည့်ထွက်ခဲ့သည့် ထိုအမျိုးသမီး၏
မျက်နှာထက်မှာတော့ နာကျင်ခြင်းအပြုံးတွေ တပ်ဆင်ထားခဲ့၏။ အတိတ်ဆိုတဲ့အရာ
မျိုးက မေ့ထားလို့မရတဲ့အရာဖြစ်သလို
အပြစ်တင်၍ မရသောအရာလည်းဖြစ်သည်။
မပြီးဆုံးသေးပါ...ထို့ကြောင့်သူမလုပ်နေသမျှ
သောအရာရာတိုင်းသည်...မှားသည်ဖြစ်စေ
မှန်သည်ဖြစ်စေ...ရှေ့ဆက်ဖို့ရန်သာပဲရှိတော့
သည်...။

~~~~~~~~~~~

""ပြန်လာပြီလား...သား""

အဆုံး တကယ်နစ်နာ
ထိခိုက်ခဲ့သည်မှာ သာယာသည့် မိသားစုလေး
သာ ကြားခံနယ်အဖြစ်ပြိုကွဲပျက်စီးခဲ့ရသည်။

~~~~~~~~~~~~~~

""စီးချင်းဘာလို့လဲ ဒီနေရာကိုလာတာ""

ရှူတင်ခနနား၍ ရေကူးကန်ဘေးမှာ စီးချင်းနှင့်မှော် ထိုင်နေကြပြီး တစ်ယောက်နှင့်တစ်
ယောက် အချိန်ကြာသည်ထိ စကားတစ်ခွန်းမှ
မဆိုမိကြပေ..။ တိတ်ဆိတ်မှု့ကို ပထမဦးဆုံး
ဖြိုခွဲလိုက်သူမှာ မှော်ဖြစ်၏။ သို့ပေမယ့်...
သူ့မျက်နှာ ချောချောမှာ အရင်ကထက်ပိုပြီး
စိတ်ရှုပ်ထွေးနေပုံနှင့် မျက်မှောင်တွေတွန့်
ကွေးလျက် တစ်ခုခုကိုလေးလေးနက်နက်
တွေးတောနေဟန်နှင့် မှော့်ထံကြည့်လာသည်။

""မှော်....""

""ပြောလေ စီးချင်း""

ရေကန်ပြာပြာကို မျက်နှာမူပြီး စားပွဲတစ်လုံး
သာ ခြားပြီးတစ်ယောက်နှင့်တစ်ယောက်မျက်နှာချင်းဆိုင်ကာ သူ့ခေါ်သံကထူးဆန်း
နေသယောင် တိုးလျလျလေးထွက်ပေါ်လာခဲ့
သည်...။

""ရှင် ဘာဖြစ်နေတာလဲ စီးချင်း။ မျက်နှာလဲ
မကောင်းပါလား။ သရုပ်ဆောင်ရတာ အရမ်း
ပင်ပန်းနေလို့လား""

""......""

ညှိုးနွမ်းနေသည့် သူ့မျက်နှာကိုမှော်ခုမှ
သတိထားမိတော့သည်...။ မှော့်အမေးကိုမဖြေပဲ မှော်နှင့်မျက်နှာချင်းဆိုင်နေရာမှ
မျက်နှာလွှဲသွားသည့် သူ။ သူမနက်တည်းက
မျက်နှာမသာယာနေတာ မှော်သိနေလျှက်နဲ့
ဥပေက္ခာပြုသလို သတိမထားမိသွားတာ
ခွင့်လွှတ်ပါမောင်...။ မောင့်ကိုလျစ်လျှူရှူ့
သလိုဖြစ်သွားခဲ့တယ်။

""ခွင့်လွှတ်မှု့နဲ့ မတန်တဲ့လူတွေကို ခွင့်မလွှတ်
တာ ငါမမှားပါဘူးနော်""

မှော်အမေးနှင့် မဆိုင်သည့်အဖြေကသူ့ထံမှ
နောက်ထပ်မေးခွန်းတစ်ခုပင်.. ။ သူ့အမေးကို
မှော်မျက်တောင်လေး ပုတ်ခတ်ပြီး စဉ်းစား
ကာ...

""စီးချင်းမမှားဘူး ဒါပေမဲ့မှန်လဲမမှန်နေဘူး""

""ဘာလို့လဲ""

""လူတိုင်းမှာ အခွင့်အရေးဆိုတာ ရှိတတ်ကြတယ်။ လူတိုင်းကအမှားနဲ့ မကင်းကြဘူး..။
ခွင့်လွှတ်မှု့နဲ့ တန်သည်ဖြစ်စေ မတန်သည်ဖြစ်စေ အနည်းဆုံးတစ်ကြိမ်တော့ အခွင့်အရေးပေးသင့်တယ်""

""No...လက်မခံဘူး""

""ဘာလို့လဲ... ""

""သူတို့ကိုယ်တိုင် အမှားလုပ်ခဲ့ကြတာ ကလေးအရွယ်တွေမှ မဟုတ်ပဲ။ တကယ်ပဲ
နစ်နာထိခိုက်ခံရတာ သူတို့ရဲ့သားသမီးတွေ..""

မျက်မှောင်ကျုံ့ပြီး မှော်နှင့်ဆန့်ကျင်ဘက်
ရေကန်ကို မျက်နှာမူပြီး ပြောလိုက်သည့်သူ့
စကားသံများမှာ အက်ရှပြီးမာထန်နေ၏။
သူ့ကိုကြည့်ပြီး မှော်သက်ပြင်းချမိကာ...

""ဘာပဲ ဖြစ်ဖြစ်လူတွေကို အကောင်းမြင်ဝါဒ
နဲ့ပဲ ကြည့်ပါ...။ ကိုယ်ပြုပြင်လို့ရတဲ့ သူကိုပြုပြင်ပေးလိုက်ပါ ပြုပြင်လို့မရတဲ့လူတစ်
ယောက်ဆိုရင်လဲ ပြစ်မထားပါနဲ့ အချိန်ဆွဲ
ပြီး ပြုပြင်ကြည့်ပါ..။ လူထဲကလူတစ်ယောက်ဖြစ်နေလို့ အမြဲတမ်းကြီးအမှားဘက်
မလိုက်နိုင်ဘူးဆိုတာ အသေအချာပဲ""

""........""

""ရှင်သေချာစဥ်းစားပြီး ခွင့်လွှတ်ပေးလိုက်ပေါ့""

သူ့ထံမှ တိတ်ဆိတ်နေသည်ကို မှော်အရဲစွန့်ပြီး သူ့ကိုပြောလိုက်ပေမယ့် တုတ်တုတ်ပင်
မလှုပ်သည့်သူ..။

""မင်းဆံပင်တွေက အရမ်းလှတယ်နော်..။
အရင်လို တိုကပ်ကပ်ကလေးမဟုတ်တော့ဘူး။ အဟွန်း...အရင်ကလိုပဲ သကြားလုံးတွေ
မစားတော့ဘူးလား ရှေ့သွားတွေ ခုကောကျိုးနေသေးလား""

""ရှင်...ရှင်သိနေတယ်""

စကားလမ်းကြောင်း လွှဲလိုက်သည့်သူ....
မှော်လည်း သူ့စိတ်ခံစားချက်ကို သိ၍ သူ့ဦး
တည်ချက်က မှော့်ရဲ့ငယ်ဘဝလေးကို သူ့ရင်
ထဲ မှတ်မှတ်ရရဖြစ်နေ၍ တကယ်အရမ်းပျော်မိပါတယ်..။ သူ့အပြောကြောင့်လည်း
မှော်အရှက်လွန်ပြီး မျက်နှာလေးနီရဲသွားကာ
လည်ပင်းလေးကို လိမ်ပွတ်ပြီး ပြုံးစိစိနှင့်
သူ့မျက်နှာချောချောကိုလဲ မကြည့်ရဲတော့..။

""အဟက်...သိပ်သိတာပေါ့ မသိပဲနေမလား။
မမှတ်ထားပေမယ့် ခုချိန်ပြန်တွေးကြည့်တိုင်း
သတိရရနေလို့လေ။""

""ကြိုက်တာပေါ့ မှော်ကသကြားလုံးတွေခုချိန်
ထိ ကြိုက်နေတုန်းပဲ..။ ဒါမဲ့ကလေးဘဝကလို
တော့အရမ်းမစားဖြစ်ပေမယ့် အိတ်ထဲတော့အမြဲဆောင်ပြီး စိတ်ကူးပေါက်ရင် ငုံ့ငုံ့ထားဖြစ်တယ် ဒါပေမဲ့...အဟင်း...သွားတော့ကျိုး
အောင်မစားတော့ပါဘူး""

ရှက်ပြုံးလေးနှင့် မျက်နှာလေးကိုငုံ့ချကာ
ပြောနေတဲ့ မှော့်ကိုကြည့်ပြီး လှုပ်ခတ်နေသည့်
နှလုံးခုန်သံတွေကို ထိ်နးချုပ်ပြီး သူ့အကြည့်
များက ဖူးဖူးအိအိနှုတ်ခမ်းရဲရဲလေးကို ကြည့်ရင်း....

""မင်းနှုတ်ခမ်းတွေကလဲ သကြားလုံးလိုပဲ
ချိုနေမှာသေချာတယ်...""

""ရှင်....""

""အဟက်""

သူ့စကားသံ ကိုမှော်ကြားပေမယ့် မသဲကွဲ၍
ဘာပြောလိုက်မှန်းမသိ။ နှုတ်ခမ်းရဲရဲတွေက
တွန့်ကွေးပြုံးလိုက်ပြီး စီးကရက်ကို နှုတ်ခမ်း
မှာ တေ့လိုက်သည့် သူ့ကိုမှော်ငေးကြည့်ရင်း...
ဒီလောက် စီးကရက်တွေအလွန်အကျွံသောက်နေတာ ဘာလို့နီရဲနေရတာလဲ။ မနာလို
စရာပဲ..။ ဒါကြောင့်လဲ မိန်းကလေးတွေ အသဲ
စွဲ ဖြစ်နေတာပေါ့။ ပုံစံကလဲ ဘယ်သူ့ကိုမှဂရု
မစိုက်ပဲ မိုက်တိမိုက်ကန်းပုံနှင့်... ။ တကယ်
စွဲလမ်းလန်းမှု့ တစ်မျိုးက သူ့ကိုကြည့်တိုင်း
ဆွဲဆောင်မှု့အပြည့်။

""မှော်တစ်ခုလောက် ပြောခွင့်ရှိမလား""

မှော်စကားကြောင့် သူ့မျက်နှာကပြောဆိုသည့်သဘောနှင့် မျက်ခုံးတစ်ဖက်ပင့်ကာ မှေိာ်
ထံစိုက်ကြည့်လာ၏။ မှော်သူ့ကို မရဲတရဲလေး
ကြည့်ကာ...

""ဆေးလိပ်တွေ အရမ်းမသောက်ပါနဲ့လား
ကြာလာရင်ရှင်ကျန်းမာရေး ထိခိုက်လိမ့်မယ် ဖြစ်နိုင်ရင် ရှင်ဆေးလိပ်ဖြတ်ပေးပါလား..။ ရှင့်ကိုမြင်တိုင်း စီးကရက်ငွေ့တထောင်းထောင်းနဲ့...""

""ဪ...ဒါလား""

ဟန်ပါပါနှင့် လက်ကြားထဲ ညှပ်ထားသည့်
စီးကရက်ကို မသောက်သေးပဲ မှော်ထံကြည့်လာကာ ဟက်ခနဲ ပြုံးလိုက်သည့်သူ..။
ပြုံးလိုက်တိုင်း သွားဖွေးဖွေးလေးတွေက ထင်းနေပြီး အလွန်ကြည့်ကောင်းနေသည့် သူ့
မျက်နှာလေးရဲ့ လှုပ်ရှားမှု့တိုင်းက မှော့်အတွက် ရင်ခုန်နှုန်းတွေ ရပ်တန့်စေနိုင်သည်ထိပါပဲလား။ ပြုစားလွန်းနိုင်တဲ့ ရှင်ကြီးကို
ချစ်လိုက်တာ မောင်ရယ်..။

""Sorryပဲ ကိုယ်လုပ်နိုင်လိမ့်မယ်မထင်ဘူး။""

သူ့စကားကြောင့် မှော်မျက်နှာလေးပျက်သွား
ရပေမယ့် နောက်ထပ်ဘာစကားမှတော့မဆိုမိပြန်..။ ပထမအကြိမ်စည်းရုံးမိတာ မအောင်မြင်တဲ့အတွက်တော့ ဝမ်းနည်းမိသား။
ဒါပေမဲ့ မှော်လက်မလျော့ပါ..။ တဖြေးဖြေး
တော့ သူ့ကိုသိမ်းသွင်းရမှာပဲ။ တစ်နေ့နေ့
တော့ ရှင်လက်ခံနိုင်မယ်ဆိုတာ မှော်ယုံကြည်
တယ်။

""ဒါပေမဲ့...မင်းမကြိုက်ရင်....
ကြိုးစားကြည့်မယ်""

""တကယ်..""

မျက်လုံးလေးတွေ အရောင်တလက်လက်နှင့်
သူ့ထံ လက်ညှိုးလေးညွှန်ပြီးပြောတော့ အလွယ်တကူ ခေါင်းငြိမ့်ပြသည့်သူအမူအယာ လေးကြောင့်မှော် ပျော်လိုက်တာ..။

နောက်ထပ်သူ့ထံမှ စကားသံတွေထွက်မလာပေမယ့် သူ့မျက်ဝန်းမှ အရိပ်အယောင်များမှာ
ပူဆွေးနေခြင်းတွေ...ခွင့်မလွှတ်နိုင်ခြင်းတွေ..
အရာရာတိုင်း သူ့စိတ်အလိုက် ထင်ပေါ်နေသည့် သူ့မျက်နှာထက် တစ်ခုခုကိုအလိုမကျမှု့များက ဖော်ပြနေ၏။ ဆေးလိပ်သောက်တာ
လေးပင် မကြိုက်သည့်မှော်။ သူဆေးသုံးနေတာများ သိသွားခဲ့လျှင် ဆိုသည့်အတွေးနှင့်
စိတ်တွေထဲ လောင်မြိုက်သွားရ၏။

သူ့ကိုကြည့်ပြီး မှော်မျက်လွှာလေးချကာ...
အမြန်ဆုံးပြေလည်စေချင်တယ်..။ ပြီးတော့
မောင့်ဘဝလေးကို အေးချမ်းစေချင်တယ်..။

~~~~~~~~~~

""ရတယ်ဆရာ မှော်မလိုက်တော့ဘူး""

""ဘာလို့ ဇွတ်ငြင်းနေတာလဲ။ လာပါကိုယ်လဲ
ဆေးရုံတစ်ခါထဲသွားမှာ..။ ဒီကြားထဲမတွေ့ရတာ တစ်ပါတ်တောင်ရှိပြီ။ ကိုယ်လဲ Dutyတွေ
ရက်ဆက်ဖြစ်နေတာနဲ့ မအားနေလို့မလာဖြစ်
ဘူး..။ လာကားပေါ်တက်တော့""

ကားတံခါးကို အရန်သင့်ဖွင့်ပြီး ဆိုင်ကိုအတင်း လိုက်ပို့ပေးမယ် ပြောနေသည့်ဆရာ
ကြောင့် မှော်စိတ်အိုက်သွားရသည်။ မောင်
ကဆရာနဲ့ နောက်ထပ်မပတ်သက်ဖို့ ပြောထားတာ ခုလိုပက်ပင်းကြီးတိုးနေတာ
ငြင်းရမဲ့ပုံမရမှန်း မှော်သိလိုက်ပြီ။

သူ့အိမ်ဘက်မယောင်မလည်လေး မျက်လုံးလေး ဝှေ့ကြည့်ပြီးမှ သူ့အရိပ်အယောင်ပင်
မမြင်ရမှ မှော်စိတ်ဒုန်းဒုန်းချပြီး ဆရာကိုလဲ
အားနာ၍ ကားပေါ်တက်ထိုင်လိုက်မိသည်။

""ခုတလော မှော်ပိန်သွားသလားလို့""

""မပိန်ပါဘူးဆရာကလဲ""

""အဟက်...ရွဲ့ပြောနေတာ.. ။အရင်ကလို ဖက်
တီးပုတ်ဖြစ်နေတုန်းပဲ"

ဆရာနော် ဘာဖက်တီးပုတ်လဲ။ မော်ဒယ်
ကိုယ်လုံးလို့ ပြောရတယ်။ လူကိုများငယ်ငယ်
ကလိုထင်နေလား။ ဆရာသာဆံပင်တွေဖြူ
နေတာ""

မျက်စောင်းတဝင့်ဝင့်နှင့် ချစ်စရာကောင်း
အောင်စူပုတိပြီး ပြောနေတဲ့ သူမလေးကိုကြည့်ပြီး သူပိုစချင်လာရသည်။ ချစ်ဖို့ကောင်း
လိုက်တာ မျက်နှာလေးက ဘယ်လိုကြည့်ကြည့်ချစ်စရာကောင်းနေတာ...။

""ကိုယ်ကခုမှ ဆယ့်ခြောက်နှစ်""

""ဟွန်း..!!!..နောက်ကနေသုညတစ်လူံးထည့်လိုက်ရင်တော့ တစ်ရာ့ခြောက်ဆယ်ပေါ့..""

""ဟားဟား..ပြောတတ်ပါဘိ။ ဒေါ်မှော်လေးရယ်။ ခင်ဗျားလေးကြာလေ စကားတတ်လေပါလား""

ဆရာစကားကြောင့် မှော်မျက်ခုံးလေးပင့်ကာ
မာန်ဝင့်ပုံလေးနှင့်..

""မှော်က ကလေးမှမဟုတ်ပဲ။ စကားပြောတတ်တယ်""

""ဟုတ်ပါပြီဗျာ..ဟုတ်ပါပြီ""

ကားထဲမဝင်သေးပဲ မှော့်ကိုကားပြင်ကနေစနေသည့် ဆရာကို မျက်စောင်းတွေထိုးပြစ်
ပြီး နှုတ်ခမ်းတွေကို မဲ့ရွဲ့ပြုံးပြစ်သည်။ သူ့
ကိုယ်သူများဆယ့်ခြောက်နှစ်တဲ့။ တစ်ယောက်နှင့်တစ်ယောက် ပြုံးရွှင်ပြီးစနေကြတာ တွေကို အိမ်အပေါ်ထပ်ကနေကြည့်ပြီး
ဒေါသဖြစ်နေသူက စီးချင်း။

""တောက်.!!..တော်တော်ပျော်နေပုံပဲ ငါဒီ
လောက်မှာထားတာကို ပြောစကားသိပ်နား
ထောင်တယ်။ မင်းငါနဲ့တွေ့မယ်မှော်""

အောက်ထပ်ကို ဒုန်းစိုင်းပြေးဆင်းပြီး ဒေါသ
တွေ ကအစိုးမရပါ။ မျက်လုံးတွေထဲ မြင်မြင်
သမျှ အခိုးငွေ့တွေသာ ဖြစ်နေပြီး ကားပေါ်
တက်ပြီး ကားကိုတရကြမ်းမောင်းထွက်ခဲ့သည့် စီးချင်း၏ ဦးတည်ရာမှာ မှော့်ထံသို့သာ..။

အ ခ န်း [ ၁၅ ] မျှော်
A U T H O R ~ ေ ငှ သု န်ဒ ရီ

စာဖတ်သူများကို လေးစားချစ်ခင်လျှက်..။


rate now: