📖 အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း 📖
""စစ်မှန်တဲ့ပျော်ရွှင်မှု့က မေတ္တာတရားထား
ဖို့ပဲလိုပါတယ်တဲ့။ အဟွန်း...မဟုတ်ဘူးထင်ပါတယ် မေတ္တာဆိုတာအသွားအပြန်မရှိရင်
တော့ ကိုယ်ထားနေလဲအလကားပဲ သဲထဲရေ
သွန်ဖြစ်နေရတာပဲ ဥပမာငါ့လိုပေါ့ ဘာပျော်
ရွှင်မှု့မှမရခဲ့ပါဘူး""
""ငါ့ကိုစကားပလ္လင်တွေခံမနေနဲ့ လီလီနုသွေး
မှော်ကဘယ်သူနဲ့ လက်ထပ်မှာလဲပဲ ငါ့ကို
အတိအကျပြော""
""အဟွန်း။ သိချင်တာကိုအဲ့လို လေသံမာမာနဲ့
မေးရသလားအချစ်ရယ်။ လေပြေလေးနဲ့ပြောပါလား လီလီရေမှော်ဘယ်သူနဲ့လက်ထပ်မှာလဲ ငါ့ကိုပြောပြပါနော်ဆိုပြီး
အကြင်နာအပြည့်နဲ့ ညင်ညင်သာသာလေး
မေးရင် ဒီကလီလီကဖြေမှာပေါ့လို့..""
သူ့မျက်နှာရှေ့ထိလုနီးနီးတိုးကပ်လာပြီး
မျက်နှာပေါ်၌ မထိတရိအပြုံးတွေနှင့်ပြော
နေသည့်လီလီကို ကြည့်ပြီးသူလက်သီးများ
ကိုကျစ်နေအောင် ဆုပ်ထားပြီးအံ့ကြိတ်သံ
ကြီးမှာ ကျိခနဲ...
""မိန်းကလေးဖြစ်နေလို့ ငါမင်းစကားတွေကို
စိတ်ရှည်ရှည်နဲ့ နားထောင်နေတာလီလီ။ သဘောပေါက်ထားဖို့က မှော်ကလွဲ ပြီးငါဘယ်သူ့ကိုမှ စိတ်မရှည်တတ်ဘူး""
""အိုး..!!..အဟင်းဟင်း""
စီးချင်းစကားတွေကြောင့် လီလီဟန်လှုပ်ပြီး
မရယ်ချင်ပဲ ထွက်နေသည့်ရယ်သံများမှာ
ခြောက်ကပ်ကပ်အသက်မပါလှ။ စီးချင်းရဲ့
စကားတစ်ခွန်းတိုင်းမှာ မှော့်ဘက်အလေးသာ
နေ၍ မနာလိုစိတ်နှင့် မှော့်ကိုပိုပြီးမုန်းတီးမိ၏။
""ဒါကိုပြောတာပေါ့ တချို့သော အဓိပ်ပါယျ
ရှိနေခြင်းက လွှဲမှားခြင်းကို လမ်းညွှန်နေတယ်
ဆိုတာ စီးချင်းနဲ့တွေ့မှပဲ သိတော့တယ်။ ငါ့
လောက်နင့်ကို အရမ်းချစ်တာငါပဲရှိတယ်။
ငါ့ကိုကျတော့ ဥပေက္ခာပြုထားပြီး မှော့်ကို
ကြတော့ ဂရုစိုက်ကြင်နာနေတာ..""
""လီလီ""
မှေးကြောများထောင်ထသွားသည်ထိ သူ့ခေါ်
သံကြီးမှာအေးစက်စက်နိုင်လှပြီး ကျောချမ်း
ချင်စရာကောင်းလှသည်။ လီလီမျက်ထောင့်
နီတွေနှင့် အံကြိတ်ပြီးကြောက်စရာမျက်ဝန်း
တွေကို အံတုပြီး ရင်ထဲကဝေသနာတွေကို
ပြောချင်နေတာ တားဆီးမရ။ မျက်တောင်တွေကို ပုတ်ခတ်ပြီး တောင့်တောင့်ကြီးရပ်နေ
တဲ့ သူ့အနားမှာဟိုလျှောက်သည်လျှောက်နှင့်လီလီကြောက်ပေမယ့်လည်း စကားတွေကိုအကုန်ပြောဖို့ ပြင်ဆင်လိုက်သည်။
""ငါ့ကိုလျော့တွက်နဲ့ စီးချင်း။ ငါကအချစ်ကြီး
တယ်အမျက်လဲ ကြီးတယ်။ စူဠသုဘဒ်ဒါလို
မိန်းမ...နောင်ဘဝအထိ အချစ်ကြီးကြီးနဲ့
အမျက်တွေသယ်သွားမှာ နင်ငါ့ကိုမချစ်ပဲ
တခြားတစ်ယောက်ကိုချစ်ရဲရင်ချစ်ကြည့်""
ငိုသံစွက်နေသည့်အသံလှိုင်းတွေမှာ အဆုံး
သတ်မှာ တုန်ခါသွားပြီး ရင်ထဲမှလှိုက်လှဲစွာ
ပြောမိသည်။ သူ့ကိုအရမ်းချစ်လို့ အတ္တတွေ
ကြီးနေတာ သူမသိဘူး။
""ငါ့ကိုမခြိမ်းချောက်နဲ့လီလီ မြေစာပင်ဖြစ်
သွားးမယ်။ မင်းစကားတွေကို ဒီနေရာတင်ရပ်
ပြီး အေးဆေးပြန်လိုက်တော့""
ပြောသမျှစကားတိုင်းက ရေရေရာရာမရှိ။
သူသိချင်တဲ့အကြောင်းအရာမဟုတ်ပဲ သူမ
ပြောချင်တာတွေသာ ဇွတ်တရွတ်ပြောနေ၍
သူစိတ်မရှည်တော့ပါ..။
အံ့ကိုတင်းတင်းကျိတ်ပြီး ဆွဲဆန့်ထားသည့်
စိတ်တွေနှင့် အသဲတယားယားနှင့် လီလီစကားတွေကို နားထောင်နေပေမယ့် ရင်ထဲ
ကဒေါသတွေက ပန်းတွေမဟုတ်။ မုန်တိုင်း
ထန်နေတာ။ သူ့ရင်ထဲမုန်တိုင်းတွေ ဘယ်လောက်ထန်ထန် မှော်...မှော်ကသူ့ကို
တစ်နေကုန်ပြစ်ထားတာ။ တခြားယောက်ျား
တစ်ယောက်ကမှော့်ဘေးမှာ ရှိနေတာကိုသူ
လက်ပိုက်ကြည့်နေရတာ။ ဘာသဘောလဲ
ဘာသဘောလဲ..။ သူကျေနပ်နေတာလား။
လက်ပိုက်ကြည့်နေတာလား။ ဥပေက္ခာပြုထားရက်တာလား။ မှော့်ကိုရင်ထဲမှာတကယ်
မရှိ၍လား။ မေးခွန်းများစွာက သူ့ကိုယ်သူ
သတ်နေသည်။
""နင်ငါ့ကို ခါချပြီးတော့ မှော့်ကိုတွဲမယ်စိတ်
မကူးနဲ့ လီလီအကြောင်းသိသွားစေရမယ်။
နင့်ရဲ့မလှပတဲ့ အတိတ်တွေ လက်ရှိနင့်ဘဝ
ရဲ့ ရပ်တည်မှု့တွေ တစ်စစီဖြစ်အောင်ငါ
လုပ်ပြစ်မယ်။ နင်ငါကလွှဲ ပြီး...""
""တောက်..!!..တော်တော်ရူးနေတာဟုတ်
လား...သွားစမ်း..!!..""
""အ့...""
လူတစ်ကိုယ်လုံးစိတ်တွေ ကြွလာပြီးမျက်နှာ
မှာခွျေးတွေပြန်လာကာ ေမာဟိုက္လာသည့္
စိတ်တွေမှာ ဒေါသကြောင့်မဟုတ်ပဲလိုအပ်
နေသည့် အရာတစ်ခုက ဆန္ဒပြနေသည်။
အံ့တွေတကြိတ်ကြိတ်နှင့် အသားတွေတဆတ်ဆတ်တုန်လာကာ မျက်စိရှေ့မြင်တွေ့
သည့်အရာတိုင်းက မှုန်ဝါးဝါး။ ကြမ်းပြင်
ပေါ်ပုံကျနေသည့် လီလီကိုပင်မမြင်နိုင်တော့ပဲ တောင့်တင်းနေသည့်အကြောများကြောငိ့
အမြန်ဆုံးသူ့အခန်းရှိရာ သွားဖို့ရန်ဦးတည်လိုက်သည်။
""စီးချင်း...ငါ့စကားတွေမပြီးသေးဘူးနော်""
တစ်ချက်ကလေးမှ လှည့်မကြည့်ပဲ အပေါ်
ထပ်အမြန်ပြေးတက်သွားသည့် စီးချင်းရဲ့
အမူအယာကို ကြည့်ပြီးသူမသဘောပေါက်
လိုက်သည်။ စိတ်ထဲစိုးရိမ်မိပေမယ့် လိုက်မ
သွားရဲ ပြန်။ သူမကိုဘယ်လောက်ပဲနာကျင်
အောင်လုပ်ပါစေ သူမစိတ်မဆိုးရက်နိုင်အောင်စီးချင်းကို အရမ်းချစ်နေတာပါ..။
စီးချင်းခုလိုလမ်းမှားရောက်နေတာတွေကိုတော့ သူမ မဖြစ်စေချင်ပါ..။
ဒါပေမဲ့ဘာမှမတတ်နိုင်ခဲ့ပါ။ တားမှမဆီးနိုင်
ခဲ့ပဲလေ။
~~~~~~~~~~~
""စီးချင်း ဘာဖြစ်...အ..ဘာလုပ်တာလဲ လက်တွေအရမ်းနာနေပြီ လွှတ်အုံး.""
""မင်းပါးစပ်ကိုပိတ်ပြီးလိုက်ခဲ့""
မျက်ထောင့်နီကြီးနှင့် အံကြိတ်ပြီးလှည့်ပြော
လာသည့်သူ။ မှော်လက်ကောက်ဝတ်ကလေးကို မညှာမတာကြမ်းကြမ်းတမ်းတမ်း လိမ်
ဆွဲလိုက်သည်မှာ တစ်ခုခုကိုမကျေမနပ်ဖြစ်
နေပုံနှင့်။ ငြင်းဆန်ချိန်ပင်မရပဲ မှော်ဆိုင်ထဲက
နေဒရွတ်တိုက်ဖြစ်သလို ဆွဲခေါ်လာကာသူ့ကားထဲမှော့်ကို ဖြစ်သလိုဆွဲတင်ပြီး ကားတံခါးပိတ်သံအကျယ်ကြီးနှင့်အတူ မှော်အသားလေးပါတုန်သွားသည်ထိ ကြမ်းတမ်းလွန်းနေသည်။
""ဒုတ်...""
""အား...""
နာကျင်လွန်းသည့် လက်ကိုမျက်နှာရှုံမဲ့ပြီး
ပွတ်သပ်နေစဉ် ဆောင့်ထွက်သွားသည့်ကား
ကြောင့် ဒပ်စဘုတ်နှင့်မှော်နဗူးမှာ ဆောင့်
ပြီးသား။ နာကျင်နေသည့်လက်ကလေးကို
ပွတ်သပ်ရင်း နဗူးမှနောက်ထပ်ဝေသနာကို
ပြန်ဖြေနေလျှက် ဒေါသတွေဘာကြောင့်ထွက်
နေမှန်းမသိသည့် သူ့ထံမှော်ကြည့်မိ၏။
""ရှင် ဘာဖြစ်လာတာလဲ စီးချင်း။ မှော့်ကို
ဘာအတွက်ဒီလို ကြမ်းတမ်းနေရတာလဲ""
တစ်ချက်ကလေးပင် စောင်းငဲ့မကြည့်ပဲ
မျက်နှာတစ်ခုလုံးခက်ထန်နေသည်မှာ မှော်
မမြင်ဖူးသည့် လူတစ်ဦးအသွင်ပြောင်းနေသည့်သူ။ မှော်အသက်ပင်ဝဝမရှူနိုင်တော့ပါ။
သူဘာဖြစ်နေတာလဲ။ မှော်နားမလည်တော့...
""စီးချင်းကားကိုအရှိန်လျော့မောင်းပါ...။ အန္တရာယ်ဖြစ်လိမ့်မယ် ကားကိုအရှိန်လျော့ပြီး စိတ်ကိုအေးအေးထား ရှင်ဘာဖြစ်နေတယ်ဆိုတာ မှော့်ကိုပြော""
""........""
ကားတွေကို ကျော်တက်ကာ စိတ်ရှိတိုင်း
ထင်တိုင်းကျဲနေသည့်သူ။ ကားတစ်စီးကျော်
တက်တိုင်း မှော်အသည်းထဲအူထဲအေးခဲ
သွားပြီး ကြောက်ဒူးတွေပင်တုန်လာကာသူ့
ကားပေါ်ကနေ ပြေးဆင်းချင်နေသည့်စိတ်က
အတားအဆီးမဲ့။ ပြောလဲမပြောရဲ ပြန်။
ခုချိန်မှာ သူ့ကိုကြည့်ရတာအသိစိတ်ကင်းမဲ့
နေသလိုပဲ။သူဘာဖြစ်နေမှန်းမသိပေမယ့် ဒေါသထွက်နေတဲ့သူ့ပုံစံကို ကြည့်ပြီးမှော်ဘာလုပ်ရမှန်းမသိတော့။
""အဟက်...!!!
မလျော့ဘူး အနည်းဆုံးတော့ငရဲရောက်လဲ
မပျင်းတော့ဘူးလေ။ နှစ်ယောက်အတူသွား
ကြမယ်""
""ဘာတွေပြောနေတာလဲ ရှင်ရူးနေလား တောင်းပန်ပါတယ် ရှင့်စိတ်တွေကို ငြိမ်ငြိမ်
ထားပြီး ကားကိုအရှိန်လျော့မောင်းပါ။ ပြီးမှ
ကျွန်မတို့ စကားအေးဆေးပြောကြတာပေါ့""
""စကားကဘယ်ချိန်ပြောပြော အေးဆေးပဲ""
""ဒါဆိုကားကိုရပ်လေ ဘယ်သွားနေတာလဲ""
""ရောက်ရင်သိရမယ် ငါ့ကိုအမိန့်တွေလာမပေးနဲ့မှော် မင်းတခြားသူတွေနဲ့ သာယာပြီး
မှ ငါ့ကိုဒီလိုပုံစံနဲ့လာမဆက်ဆံနဲ့""
""ဘာတွေလဲ။ ဘာတွေပြောနေတာလဲ""
မှော်စကားတွေကိုမခံနိုင်ပုံနှင့် သူကတစ်ပြန်
ပြန်အော်နေတာ နားကွဲမတပ်။ တဖြေးဖြေးလျော့သွားသည့် ကားအရှိန်ကြောင့် မှော်သက်ပြင်းချနိုင်ပေမယ့် သူ့မျက်နှာမာမာကြီး
က စိတ်မသက်သာလှပါ။ မှော်ရင်ဘတ်ကလေးကို လက်နှင့်ဖိထားပြီး အကျိုးမဲ့
အကြောင်းမဲ့ သူ့လုပ်ရပ်တွေက မှော့်အတွက်
တွေးစရာတွေလား စိတ်တိုစရာတွေလား။
မှော့်ကိုပြောပြပါ အနည်း
ဆုံးတော့ ရှင့်ရင်ထဲခံစားရသက်သာတာပေါ့။
ရှင့်အိမ်မှာဘာတွေအဆင်မပြေ ဖြစ်ခဲ့တာလဲ
မှော့်ကိုပြော မှော်နားထောင်ပေးမယ်""
""အဟွန်း...
မင်းစကားတွေကရယ်ရတယ်နော်""
""ရှင်""
ကားမောင်းနေရာမှ လှည့်မကြည့်ပဲပြောလာ
သည့် သူ့ကိုမှော်ဘေးတစောင်းလေးငေး
ကြည့်မိ၏။ ပခုံးနားရောက်လုလုဆံပင်ရှည်
တွေမှာ တော်တော်ကြည့်ရဆိုးလောက်အောင်
ဖရိုဖရဲပွရှုပ်နေပြီး မျက်လုံးများမှာနီရဲတောက်နေသည်။
ဘုရား...ဘုရား။
မောင်ဆေးတွေသုံးလာတာများလား။
မှော်ရင်ဘတ်ကလေးဖိပြီး အသက်မဲ့သလို
ခံစားမှု့များက ဟာလာဟင်းလင်းပြင်ကြီး
ထဲတစ်ယောက်ထဲ နေနေရသလိုရင်ထဲလှစ်
ဟာသွားရသည်မှာ မောင့်အကြောင်းတွေ
တွေးလိုက်မိ၍။ ဟင့်အင်း မဖြစ်ရဘူး။ မဖြစ်
နိုင်ဘူး မေမေပြောသလို မောင်ဆေးတွေတကယ်စွဲနေတာများလား။ ဘေးတစောင်း
မြင်နေရသည် မောင့်မျက်နှာနီနီကြီးကို မှော်
ရင်ထဲ ထုံကျင်စွာခံစားရင်းတွေတွေလေးကြည့်နေမိ၏။
""ဘာမိသားစုအတွက် ငါကခံစားရမှာလဲ။
ငါ့မှာမိသားစုကြောင့် ရင်လေးခံပြီး ခံစားမနေ
ဘူး။ အဲ့လောက်ထိခံစားဖို့လဲမတန်ဘူး""
""ဘာပဲဖြစ်ဖြစ်အဲ့လိုမပြောရဘူး စီးချင်း""
မောင်ရယ်။
ရှင့်ရဲ့မိသားစုက ဘယ်လောက်ထိအဖြစ်
တွေဆိုးထားလို့ ခုလိုစကားတွေပြောနေရတာ
လဲ။ မှော်သက်ပြင်းလေးချကြီး သူလုပ်သမျှ
အပြစ်မယူပဲ သနားကြင်နာနေတာ သူ့ကို
သိပ်ချစ်၍ပါ..။
စောစောကဝုန်းဒိုင်းကျဲနေသည့်သူ ခုတော့င်ြမ်သက်နေသည်မှာ ရင်ထဲမှအစိုင်အခဲ
တွေက မီးခိုးငွေ့တွေလိုအဝဲဝဲလည်လည်။
ကိုယ်တည်လိုက်သည့် ဦးတည်ချက်နှင့် လွှဲ
မှားသည့် လက်တံဘက်ကူးပြောင်းသွားပြန်
သည်။ အတွေးတွေက ခေါင်းထဲပေါင်းစုံ
တရစ်ရစ်နှင့် ဟိုရောက်ရောက်သည်ရောက်
ရောက်။ ဆေးသုံးပြီးထူနေသည့် သူ့စိတ်တွေ
ခုမှ အနည်းငယ်ပြန်ကြည်လာပြီး စိတ်ကပုံ
မှန်ုပြန်ဖြစ်လာသည်နှင့် သူ့ကိုငေးငေးလေး
ကြည့်နေသည့် သူမထံကြည့်ပြီး မရည်ရွယ်ပါပဲ ကန်ဘောင်လေးမှာကားကိုရပ်လိုက်သည်။
~~~~~~~~~~~~~
""နေပါစေရတယ်...မင်းငါ့ဘေးမှာလာထိုင်""
သူ့အနောက်မှဆံပင်တွေထဲ လက်ချောင်း
သွယ်သွယ်လေးတွေ တိုးဝင်လာပြီး ရှုပ်ပွ
နေသည်ကိုရှင်းပေးနေသည့်မှော်။
""ရှင်စိတ်ငြိမ်အောင် အေးဆေးထိုင်နေပါ။
ဆံပင်တွေက ညှိပြီးရှုပ်နေတယ် မှော်ရှင်းပေး
မယ်""
ကန်ဘောင်ဘေးမှထိုင်ခုံလေး တစ်ခုမှာနှစ်
ယောက်သား ထိုင်နေပြီး စောစောကနှင့်
ဆန့်ကျင်ဘက် အေးချမ်းနေပြန်ရော။ ဒါကလဲ စီးချင်းရဲ့ဦးတည်ခြင်းတွေနင့်ပဲ ဆိုင်နေသည်လေ..။ သူ့ရဲ့အရာရာတိုင်းကို လက်ခံ
ထားနိုင်တဲ့မှော်အတွက်တော့ အပြစ်ဆိုတာ
မမြင်သာပါ...။ မောင့်အပေါ် နားလည်ပြီးသား
ပဲမို့ မောင့်လုပ်ရပ်တွေကို စိတ်တိုလားလို့မေး
ဖို့မှမလိုပဲ မောင့်ကိုဘယ်တုန်းကမှ အပြစ်မမြင်သလို ဘယ်တော့မှလဲ အပြစ်ယူမှာမဟုတ်ဘူး။
""ဘီးမွမပါတာ""
""မှော်အိတ်ထဲပါတယ် ဆံပင်တွေကအရမ်း
ရှုပ်နေတာ နည်းနည်းတော့နာမယ်နော်""
""အသည်းနာတာလောက်တော့ မဆိုးဘူး
မဟုတ်လား""
""အသည်းနာရအောင် ရှင်က ကင်ဆာဖြစ်နေ
လို့လား""
""မသိဘူး။ ခုတလောအသည်းတွေထဲအောင့်
အောင့်ပြီးနာနေတယ်။ တစ်ခါတစ်လေ ဓာတ်
လိုက်သလိုပဲ ကျင်ခဲခဲ ကြီး။ တစ်ခါတစ်လေ
ဆိုရင်လဲ ရေခဲပြင်ကြီးလိုပဲ အေးစက်သွား
တယ် အဲ့တာဘာဖြစ်တာလဲ""
သူ့နောက်ကျောမှ နေနေသည့်မှော်တော့မပြောတတ်ပါ။ သူကတေ.့ပြောနေရင်းနှင့်ပဲ
ရင်ထဲ ပျော်သလိုလို..။ အမှန်ဆုံးကိုဝန်ခံရရင်
ခုလို မှော်နဲ့နှစ်ယောက်ထဲ အတူရယ်စရာဖြစ်ဖြစ် ငိုစရာဖြစ်ဖြစ်ပြောနေရရင် သူပျော်နေတာ။ မှော့်ရဲ့ဂရုစိုက်ယုယမှု့လေးတွေအပေါ်
သူသာယာချင်တာ။ သူခုလိုတွေတစ်ခါမှမပြောဖူးတာသေချာတယ် မှော်ဖြစ်နေ၍ပဲ
ဒီစကားတွေက မှော်အတွက်သီးသန့် ...။
""ရှင်မှားနေပြီစီးချင်း။ မှော်ကဒီဇိုင်နာလေ
အဝတ်အစားတွေပဲ ပြုပြင်တတ်တာ အသည်းအနာဖြစ်တာတွေတော့ မှော်နဲ့မဆိုင်
ဘူး Doctorပြသင့်တယ် ရှင့်အသည်းအတွက်""
""အသည်းတော့ဖာပေးတတ်တယ်မဟုတ်လား""
""အဟင်း""
မှော်ထံမှ ရယ်သံတိုးတိုးလေးသာ ထွက်လာ
ပြီး နောက်ထပ်စကားသံလေးမှာ ထွက်မလာတော့။ ကောင်းကင်ကြီးကို မော့ကြည့်ပြီး
အေးချမ်းနေသည့် သူ့စိတ်ကလွန်ခဲ့သော
နာရီပိုင်းကနှင့် လုံးဝကွာခြားသွားသည်။
သူ့ဆံပင်တွေထံ လက်ချောင်းနုနုလေးတွေရဲ့
ခပ်ရွရွလှုပ်ရှားမှု့လေးတွေကြား ကြည်နူး
နေမိသည်။ သူပြုံးလိုက်ပြီး...
""ကောင်းကင်ကြီးက သာယာနေတာပဲ။ ခုလို
ညနေခင်းပိုင်းမှာ ဒီလိုနေရာလေးမှာထိုင်ပြီး
တစ်ခါမှမနေဖူးဘူး""
""ဟုတ်လား။ မှော်လဲဒါပထမဦးဆုံးအကြိမ်ပဲ""
""နေဦး..!!..""
တစ်ခုခုကိုသတိရလိုက်ပုံနှင့် ကောင်းကင်ကို
မော်ကြည့်နေရာမှ သူ့ဆံပင်တွေကို ရှင်းပေး
နေသည့် မှော့်လက်တွေကို ရုတ်တရက်ဆုပ်
ကိုင်လိုက်သည့်သူ။ မှော်နှင့် မျက်နှာချင်းဆိုင်
မျက်နှာတည်တည်နှင့် ကြည့်လာပြီး....
""မင်းကိုပြောရအုံးမယ်""
""ပြောလေ ရှင်ဘာပြောမှာလဲ""
အရာရာကို အလိုလိုက်ချင်နေတဲ့ မှော်ကမောင်ဘာပြောပြော မောင့်သဘောအတိုင်း
ခေါင့်ငြိမ့်ဖို့ဆိုတာ ၁၈၀ဒီဂရီလိုပဲသေချာနေ
ပြီးသားပါ။ ဒါကလဲမောင်နဲ့ရင်းနှီးခြင်း တစ်
နည်းပဲ။ မှော့်မှာရည်ရွယ်ချက်တွေရှိနေတယ်။
မောင့်ကိုပြုပြင်ပေးချင်တဲ့ ရိုးသားတဲ့ရည်ရွယ်ချက်ပါ။
""မင်းအနားမှာ ကပ်ကပ်နေတဲ့လူကဘာတော်
တာလဲ""
သူရွဲ့ပြီးမေးတာကို မသိတဲ့မှော်က အဟုတ်
ထင်ပြီး မျက်တောင်လေးပုတ်ခပ်ပြီး တစ်ခု
ချင်းသေချာရှင်းပြတော့သည်။
""ဆရာကမှော် ငယ်ငယ်ထဲက စာသင်ပေးတာ
မိဘချင်းကလဲ ရင်းနီးကြတယ်လေ။ ပြီးတော့
ဆရာနဲ့မှော်ကလဲ ငယ်ထဲကမောင်နှမတွေလိုပဲ နေလာကြတာ....""
""တော်လိုက်တော့။ ဆက်မပြောနဲ့တော့...
မင်းမှတ်ထားရမှာက မင်းအနားမှာအဲ့လူကို
နောက်ထပ်ငါမမြင်ချင်ဘူး""
""ဘာဖြစ်လို့လဲ""
""အဆိုတော်...စီးချင်းမဟုတ်လား""
""တူတာပါမဟုတ်ပါဘူး""
ကောင်မလေးနှစ်ယောက် တီးတိုးတီးတိုးပြောသံနှင့်အတူ အနားရောက်လာတော့ သူ
တစ်ဖက်သို့မျက်နှာအမြန်လွှဲလိုက်ပြီး မသိ
သလိုနေနေလိုက်မှ ကောင်မလေးနှစ်ယောက်
ဘာမှမပြောပဲ ထွက်သွားကြသည်။
မှော်သူ့စကားကိုနားမလည်သလိုနှင့် သူ့ကို
ကြည့်နေလိုက်တော့ သူအကြည့်များမှာ
မှော်ထံရောက်လာပြီး...
""မေးခွန်းတွေထုတ်မနေနဲ့ မင်းအနားမှာ
ဘယ်ကောင်မှမရှိစေချင်တာ ငါ့ဆန္ဒပဲမင်း
လိုက်နာရမယ်""
မှော်သူ့မျက်နှာကို ငေးငေးလေးကြည့်မိ၏။
ဘာစကားမှတော့မဆိုမိပြန်။ နှုတ်ဆိတ်နေလိုက်ပြီး ရင်ထဲမှ ခံစားမှု့က ပင်လယ်ရေလှိုင်းတွေလိုပဲ နိမ့်ချည်မြင့်ချည်နှင့် ညင်ညင်သာသာ လွင့်လူးနေသည်မှာ ကြည်းနူး
ဖွယ်။ မှော်စကားမဆိုပဲ နှုတ်ဆိတ်နေပြန်တော့လဲ သူအလိုမကျမျက်မှောင် ကုတ်တွေ
နှင့် ကြည့်လာပြီး...
""ဘာလဲလက်မခံနိုင်ဘူးဆိုတဲ့သဘောလား။
မင်းရင်ထဲမှာဘာတွေရှိနေတာလဲ ပြောစမ်းပါ""
မျက်ခုံးထူးထူတွေမှာ အလိုမကျစွာတွန့်ကွေး
သွားပြီး ထိဆက်သွားပုံမှာ ဒေါသထွက်နေရင်
တောင် ကြည့်ကောင်းနေတဲ့ မှော်ရဲ့မောင်...။
""ရှင်ကဘာတွေသိချင်တာလဲ""
""ငါနဲ့ပတ်သက်ပြီး ဘာတွေရှိနေလဲဆိုတာ
သိချင်တယ်""
မှော်ပြုံးလိုက်ပြီး ဆုပ်ကိုင်ထားတဲ့ သူ့လက်
နွေးနွေးတွေကို ပြန်ဖျစ်ညှစ်လိုက်ပြီး...
ကျွန်မရင်ထဲဝင်ကြည့်လိုက် ရှင်နဲ့ပတ်သက်
ပြီး စိုက်ပြီးထားတဲ့ စိမ်းလန်းတဲ့ ဥယျာဉ်ကြီး
ရှိတယ်။ မှော်စိတ်ပျော်သည်ဖြစ်စေ။ ဝမ်း
နည်းနေသည်ဖြစ်စေ ရှင်နဲ့ပတ်သက်ရင် စိမ်း
လန်းပြီး လှပတဲ့ဥယျာဉ်တစ်ခုကို မှော်စိုက်
ပျိုးထားထဲက လန်းလန်းဆန်းဆန်းပဲ။
ရှင့်အတွက်သီးသန့် ရှင့်ဘက်
ကနေရပ်တည်ပေးဖို့အဆင်သင့်ပဲ""
""ဒါဆိုမင်းအနားမှာ အဲ့လူကိုနောက်ထပ်မတွေ့ချင်ဘူး""
မှော်စကားတွေကို ကျေနပ်သွားပုံနှင့် နှစ်ခြိုက်စွာ ပြုံးလိုက်သည့် သူ့အပြုံးတစ်ပွင့်
ကို မှော်မြင်ရခဲစွာ မက်မောခုံမင်စွာ ငေးကြည့်မိ၏။ ရှင့်ကိုအရမ်းချစ်တယ်။ ဒီလိုသာယာမှု့လေးက ဒို့နှစ်ယောက်ရဲ့ ကမ္ဘာတစ်ခုလား။
ချစ်တယ်ဆိုပြီး ဖွင့်ပြောစရာမလိုပဲ ဒီလိုနား
လည်မှု့လေးနဲ့ တစ်ယောက်ကိုတစ်ယောက်
ဖေးမပြီး ရင်ထဲမှာ ရှိနေသ၍တော့ ရှင့်ဆီက
ချစ်တယ်ဆိုတဲ့စကားထက် မှော့်ကိုဂရုပြုရုံ
လေးနဲ့တင် မှော်ကျေနပ်တယ်။ ဒါတွေကလဲ
မောင့်ကိုမှော်အရမ်းချစ်၍ ဖြစ်သည်။
~~~~~~~~~~
အ ခ န်း [ ၁၄ ] ေ မျှာ်
A U T H O R ~ ေ ငွ သု န္ဒ ရီ
စာဖတ်သူတိုင်းကို လေးစားချစ်ခင်လျှက်။။