book

Index 12

အခန်း [ ၁၂ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

""စီးချင်း...မင်းတော်သင့်ပြီ""

""ဖယ်စမ်းပါ ငါ့ကိုအာရုဏ်လာမစားနဲ့
ငါ့စည်းစိမ်နဲ့ငါနေတာ အာရုဏ်နောက်တယ်""

""မင်းကိုမင်းပြုပြင်သင့်နေပြီ စီးချင်းမင်းက
သာမန်လူမဟုတ်ဘူး။ ပရိတ်သတ်အားပေးမှု့
အခိုင်အမာရထားတဲ့သူ။ ပရိတ်သတ်တွေက
မင်းရဲ့သတင်းစုံကိုသိချင်နေကြတာMedia
တွေကလဲမင်းကိုမျက်လုံး ဒေါက်ထောက်ကြည့်နေတာ မင်းဆင်ခြင်သင့်တာတွေ စွန့်လွှတ်
သင့်တာတွေကို ပြုပြင်သင့်နေပြီ""

""အဟွန်း....!!...Sorryပဲ။ ဘယ်သူ့ကိုမှဂရုမစိုက်တာငါ့အကျင့်ဆိုတာ မင်းသိနေရင် ဒီနေ
ရာတင်ပါးစပ်ကိုပိတ်လိုက်တော့""

""မဟုတ်သေးဘူး...မင်းက...""

""ကျစ်...""

သူပြောနေတာကို အာရုဏ်မထားပဲ
စားပွဲပေါ်တင်ထားသည့် ပန်းကန်ပြားပေါ်မှ အဖြူမှုန့်တွေကို စိတ်ရှိတိုင်းရှူရှိုက်နေသည့် စီးချင်းထံအကြည့်များမှာ စိတ်ပျက်ခြင်းများစွာနှင့်။ စိတ်ကြိုက် ဘယ်လောက်ပမာဏထိ ရှူရှိုက်လိုက်သည်မှန်းမသိ။ ဆိုဖာပေါ်ပက်လက်လန်ပြီးမျက်တောင်များမှေးစင်းကာ မှိန်းနေသည့်စီးချင်း။သီချင်းသံတွေ
တီးလုံးသံတွေနှင့် ဆူညံနေသည့်အခန်းထဲ
သူနှင့်စီးချင်းမျက်နှာချင်းဆိုင် စားသောက်ဖွယ်ရာများနှင့်။

တော်တော်သတင်းဆိုးတွေ ထွက်နေသည့်
စီးချင်းရဲ့ သတင်းတွေကိုနောက်ကွယ်ကနေ
သူငွေနှင့်လိုက်ဖုံးထား၍ သတင်းအမှားဆိုပြီး
လုပ်ထားပေမယ့် မဆင်မခြင်နေထိုင်နေသည့်
စီးချင်းကြောင့် ဘယ်နေ့များဘူးပေါ်သလို
ပေါ်တော့မလဲဆိုပြီး သူ့မှာတွေးပူရတာ။
သူကသာတွေးပြီးပူနေရတာ ကာယကံရှင်က
တော့အေးဆေး မပြုပြင်ပဲစိတ်ရှိတိုင်းထင်တိူင်း ကြဲနေတတ်တာ တော်တော်ဆိုးဆိုးပါပဲ။

""ဝါး....အဆိုတော်စီးချင်းနဲ့ ငါတို့ဒီညအတူ
ပျော်ရမှာပဲ""

""အမလေးလေး...!!...ငါသေပျော်ပြီ""

""ငါပိုက်ဆံမရချင်နေ။ ဒီညအတူသူ့အနားမှာ
နေခွင့်ရရင် ကျေနပ်ပြီ""

မပေါ်ရုံတမယ် ဝတ်ဆင်ထားကြသည့်
ကောင်မလေး သုံးယောက်အခန်းထဲဝင်လာပြီး စကားသံများမှာ အတိုင်းသားကြားနေရသည်။ တီးလုံးသံတွေ ဒီလောက်ကျယ်နေတာ
ပင် ထိုမိန်းကလေးတွေ၏ အသံများမှာကျယ်
လောင်စွာ ရှင်းရှင်းလင်းလင်းကြားနေရသည်။ ဂျူနိုမျက်လုံးများမှိတ်ပြီး ဆေးမှိန်းနေသည့် စီးချင်းကိုတချက်လှည့်ကြည့်
ပြီး အနားရောက်လာသည့် မိန်းကလေးသုံး
ယောက်ကို တစ်လှည့်ပြန်ကြည့်ကာ....

""မင်းတို့ကို မာမီကြီးပြောခဲ့တယ်မလား။
စီးချင်းဒီနေရာမှာ ဒါမျိုးတွေလုပ်တယ်ဆိုတာ
အပြင်ကိုသတင်းထွက်လို့မရမှန်း""

""ကိုကြီးကလဲ ပြောပြီးသားပါ။ အရင်ထဲက
အကိုစီးချင်း ဒီကိုလာတာသဲတို့သိပြီးသား
သဲတို့နဲ့တာအတူမရှိတာပါ။ တခြားသူတွေနဲ့
အတူရှိတာသဲတို့သိတယ်။ ဒါပေမဲ့ဘယ်သတင်းမှ မဖွဘူးဟုတ်...အဟင်းဟင်း""

""ဟုတ်တယ်ကိုကြီး...စိတ်ချ။ အကိုစီးချင်းရဲ့
သိက္ခာကိုမကျစေရသလို ဒီကလပ်ပိုင်ရှင်က
အကိုစီးချင်းရဲ့ အမေပိုင်တာပါဆိုတာဘယ်
သူမှမသိစေရဘူး""

ထိုမိန်းကလေးသုံးယောက်သည် တော်တော်ဆရာကျပြီး
ဒီနေရာမှာ ကျင်လည်နေတာ ကျွမ်းကျင်နေ
ပုံရသည်။ သူမတို့စကားကိုနားထောင်ပြီး
ဂျူနိုဘာစကားမှမဆိုတော့ပဲ ခေါင်းငြိမ့်ကာ
ဆေးမှိန်းနေသည့် စီးချင်းထံမျက်မှောင်များတွန့်ကွေးကြည့်ပြီး သက်ပြင်းငွေ့ငွေ့ချကာ...

""Ok!!
သူမျက်လုံးမဖွင့်သေးပဲ သူ့အသားကိုလုံးဝ
သွားမထိနဲ့။ သူ့အကြောင်းမင်းတို့သိမှာပါ""

""သိပ်သိတာပေါ့""

ဂျူနိုမျက်စိမဖွင့်ပဲ ငြိမ်သက်စွာဆိုဖာကိုမှိ
နေသည့် စီးချင်းကိုကြည့်ပြီး ဘယ်နှစ်ကြိမ်
မှန်းမသိသည့် သက်ပြင်းတွေကိုချမိသည်။
ဒီအကျင့်ဆိုးတွေ ရှိတဲ့စီးချင်းကိုပဲ အပြစ်
ဖို့ရမလား။ ဒီအကျင့်ဆိုးတွေရှိလာအောင်
လုပ်ခဲ့သူတွေကိုပဲ အပြစ်ရှာရမလားမသိတော့။ သေချာတာကတော့ သူ့ကိုအချစ်စစ်
နှင့်တွေ့စေချင်သည်။ သူ့ကိုချုပ်နောင်နိုင်တဲ့
အချစ်မျိုးပေါ့။

သေချာတယ် စီးချင်းအချစ်စစ်ကို တွေ့ရင်ပြောင်းလဲနိုင်တယ်။ အချစ်ကလူတစ်ယောက်ကို နူးညံ့စေနိုင်သလို ကြမ်းတမ်းမှု့ကိုလဲဖြစ်စေနိုင်တယ်။ သူတကယ်အချစ်စစ်
ကိုတွေ့ရင်တော့ အရာရာအကောင်းအတိုင်း
ဖြစ်နိုင်မယ်ဆိုတာ သူသိနေသည်ပဲ...။

~~~~~~~~~~~~~

""ဆရာအစောကြီးရောက်နေပါလား""

ဂါဝန်အဖြူလေးနှင့် အိပ်ယာထစအချယ်
အသကင်းပကတိဖြူဖြူစင်စင် မျက်နှာလေး။ ငယ်စဉ်ကလေးဘဝကိုပဲ သူသတိရမိ
ပြန်သလိုနှင့် ရင်ထဲဆွေးဆွေးကြီး ဖြစ်ရသည်။ ပိုချစ်တဲ့သူက ကိုယ်ပဲဖြစ်နေတော့ဖြစ်သမျှအရာရာတိုင်းကို လက်ခံနိုင်ရမှာပဲ။
အနားရောက်လာသည့် မှော့်ကိုကော်ဖီသောက်နေရာမှ သူပြုံးပြုံးကြီးကြည့်မိသည်။

""ဟုတ်တယ်။ သွားစရာရှိလို့လာခေါ်တာ""

""ဘယ်သွားမှာလဲ။ မှော်ကဆိုင်သွားရမှာအလုပ်တွေရှိသေးတယ်""

သူ့ဘေးမှ ခုန်လေးမှာဝင်ထိုင်ပြီး ကြိုငြင်း
ဆန်လိုက်သည့် မှော်ကြောင့်သူ့ရင်ထဲမချိလှစွာငျေ့သကျသကျနှငျ့။ မျက်နှာပေါ်ရောက်သွားရသည့်အပြုံးမှာမအီမသာ။ တတ်နိုင်သမျှတော့ မျက်နှာကိုပြုံးလိုက်ပြီး ကော်ဖီကိုတစ်ငုံသောက်လိုက်ကာ....

""ဒီနေ့က လပြည့်နေ့လေ ဒါကြောင့်မှော်နဲ့
ဆရာအရင်ကသွားနေကျ မိဘမဲ့ကလေးတွေ
ကျောင်းသွားပြီး အလှူသွားလုပ်ကြမယ်ဆို
ပြီးလာခေါ်တာ။ ရတယ်လေမှော်မအားရင်လဲ
ကိုယ်တစ်ယောက်ပဲ သွားလိုက်မယ်""

""မလိုက်လို့မရဘူး လိုက်သွား။ အမြဲတမ်း
သွားနေကျကို ဒီအလုပ်ကိုအကြောင်းပြပြီး
မသွားဘူးမလုပ်နဲ့ လိုက်သွား""

နောက်ကျောမှ ဆောင့်ဆောင့်အောင့်အောင့်
အသံနှင့်အတူ မုန့်ပန်းကန်လေးစားပွဲပေါ်ချ
နေသည့် မေမေ့ကို မှော်ကြည့်ပြီးနှုတ်ခမ်းတွေ
စူထားလိုက်မိသည်။ ခုချိန်ထိ မှော့်ကိုစိတ်
ကောက်မပြေသေးသည့်မေမေ ကြောင့်မှော်
မှာအတော်ကြီးနေရခက်နေပါပြီ။

ငယ်တည်းကမေမေနဲ့ သူငယ်ချင်းလိုညီအမ
လိုတစ်မျိုး သူငယ်ချင်းလိုအမျိုးမျိုး ပေါင်း
ကြသည့် သည်သားအမိက ခုလိုစကားမပြော
ရတော့ မှော်ဘယ်လိုလုပ်ပြီး နေနိုင်မှာလဲလေ။ မေမေကသာ မာနတွေထားပြီးနေနေတာပါ မှော်ကမနေနိုင်ပါဘူး။

""မေမေကလဲ....မှော်ကဘာပြောနေလို့လဲ""

""စကားဆက်မများချင်ဘူး မိမှော်ညည်း
သတိထားနေ""

စကားပြောခွင့်ပင်မပြုပဲ ဆီးဟောက်လိုက်
သည့် မေမေကြောင့်မှော် မျက်နှာလေးငယ်
သွားရသည်ကို ဆရာကကြည့်ပြီးရယ်နေသည်တဲ့။ မှော်မကျေမနပ်နှင့် မျက်စောင်း
စွေပြီး အကြည့်နှင့်မကျေနပ်ကြောင်း ဖော်ပြ
လိုက်သည်ကိုပင် ဖြုံးစိစိမျက်နှာက အပိုးမသေ။

""မှော်ကမငြင်းပါဘူး။ တခြားသွားမယ်ထင်
လို့ပါ မေမေရဲ့""

""ဘယ်နေရာပဲ သွားသွား သားတိဿရသွား
တဲ့ ဘယ်နေရာမဆိုည ည်းလိုက်ကိုလိုက်ရမယ်""

""မေမေနော် ရေပေးစရာမလိုပဲမြောင်းတွေ
ဖောက်မနေပါနဲ့ ဆရာနဲ့မှော်ကအရင်ထဲက
သွားနေကြပဲဆိုတာသိတာပဲကို တခါတလေ
မအားလို့ဆိုတာ ရှိသေးရင်တော့ တစ်
ယောက်နဲ့တစ်ယောက်ကနားလည်ပြီးသား
မှော်နဲ့ဆရာက ဆရာတပည့်နှစ်ယောက်လဲ
ဟုတ်တယ် မောင်နှမတွေလဲဟုတ်တယ် နော့်ဆရာ""

""အဟွတ်...!!...""

""ဆရာကလဲ အိမ်မှာမသောက်ဖူးတာကျနေတာပဲ ဖြေးဖြေးသောက်ပါလား ခုတော့နင်ကုန်ပြီ ""

""အိမ်မှာဒီလိုကော်ဖီမှ မရှိတာ""

""အဟိ....""

သူ့ကို မျက်နှာချိုသွေးပြီး စစ်ကူလာတောင်း
သည့် မှော့်ကြောင့်သောက်လက်စကော်ဖီပင်
သီးသွားရသည့် သူ့အဖြစ်။ တယောက်နှင့်တ
ယောက်စကားနာထိုးရင်း မသိမသာသူ့ခါးကို
လာတို့လိုက်သည့် မှော့်ကြောင့်သူ့မှာအလန့်တကြား ကော်ဖီတွေနင်သွားရတာ။ သူ့ရင်
ဘတ်ကို သတ်ချပေးရင်း တခိခိရယ်၍မပြီးတော့။

အန်တီကလဲမှော်နဲ့ ရန်ဖြစ်ထားပုံရသည်။
ဒေါသတွေနှင့် မှော့်ကိုမကျေနပ်သည့် အကြည့်တွေကသိသိသာသာဖော်ပြနေလျှက်...။

""ပြောင်ချော်ချော်လုပ်မနေနဲ့ သွား...အဝတ်စားသွားလည်း ကို့ရို့ကားယားတွေဝတ်မလာနဲ့ ဒီဇိုင်းနာဆိုပြီး ဝတ်ဝတ်နေတာ သူများတော့မပြောတတ်ဘူး ကျုပ်မျက်စိထဲတော့ ဘယ်
ဟာမှကိုကြည့်မရဘူး မြန်မာဝတ်စုံပဲဝတ်ခဲ့""

""ဟုတ်ကဲ့ပါ မေမေရှင့်။မေမေ့သဘောအတိုင်းပါ။ ဆရာခနစောင့်နော်မကြာပါဘူး""


""အင်းပါအေးဆေးလုပ်ပါ။ ကိုယ်ကော်ဖီသောက်ရင်းစောင့်နေမယ်""

""ဟုတ်""

မှော်ထမင်းစားခန်းမှ ထွက်သွားသည်နှင့်
သူ့အရှေ့ခုံမှာ ဒေါ်မာလာဝင်ထိုင်လိုက်သည်။

""သား...အိမ်မှာဒီနေ့ မြင့်ရှိလား""

""မေမေဖုန်းမဆက်ဘူးလားအန်တီ။ မေမေကနိုင်ငံခြားကို ဖေဖေနဲ့ပါသွားတာ နောက်
အပတ်မှပြန်လာမှာလေ""

""ဪ....ဟုတ်သားပဲအန်တီမေ့သွားတယ်""

""အရေးကြီးကိစ္စရှိလို့လား""

""ဟုတ်တယ်သားရေ""

""ဒါဆို ကျွန်တော်ကိုပြောလေ""

""မင်းတို့နားမလည်ပါဘူး လူကြီးတွေစီစဉ်ပြီး
မှ နားလည်ကြရမှာ။ ဟုတ်ပြီသားကော်ဖီအေးဆေးသောက်။ သိတဲ့အတိုင်း မင်းတို့မှော်ကအရင်ကလို အလှမကြိုက်တဲ့ မဟုတ်
တော့ဘူး အလှပြင်ရင် အနည်းဆုံးတစ်နာရီပဲ
သားပဲသူ့ကိုစိတ်ရှည်တာ ဒီကောင်မလေးခု
နောက်ပိုင်းမလွယ်ဘူး တော်တော်ထိန်းကျောင်းရခက်လာတယ်။ မဖြစ်ဘူးအမြန်ဆုံးမြင့်နဲ့တိုင်ပင်မှပါ""

ပြောချင်ရာပြောပြီး ထမင်းစားခန်းထဲမှထွက်သွားသည့်ဒေါ်မာလာစကားကြောင့် တိဿရနှုတ်ခမ်းတွေကို ခပ်ဖွဖွလေးပြုံးပြီး ခေါင်းတငြိမ့်ငြိမ့် ဦးတည်ချက်မရှိပဲ ရင်ထဲပြုံးနေမိ၏။

~~~~~~~~~~~~

""မှော်""

မျက်နှာချင်းဆိုင် တည့်တည့်ကြီးလာတာကို
ပင် ရယ်မောပြီးသူ့ကိုမမြင်နိုင် လောက်အောင်အပျော်တွေ လွန်နေပုံရသည့်မှော့်ကို
ကားထဲမှ ကျော်ပြီးလွန်သွားသည်ထိ လည်ပင်းကိုလိမ်သောင်းပြီး ရင်ထဲဒေါသတွေစီးမိုးလျက် ကြည့်နေမိသည့်သူ။

""တောက်..!!..တော်တော်ပျော်နေပုံပဲ ငါ့ကို
မမြင်နိုင်တဲ့အထိပဲ ဂျူနိုကားကိုပြန်လှည့်စမ်း""

""ဘာဖြစ်လို့လဲ""

""မှော်တို့ကားနောက်လိုက်""

ကားမောင်းနေရာမှ သူ့ကိုစိတ်ပျက်စွာကြည့်
လာသည့် ဂျူနို။

""ဟ!!
မင်းကဘာလုပ်မလို့လဲ သူ့လမ်းသူသွားစရာ
ရှိတာသွားတာနေမှာပေါ့ စတူဒီယိုမှာ အသံသွင်းသွားရမှာ အရေးကြီးတယ် စာချုပ်ချုပ်ဖို့လဲရှိသေးတယ်""

""မင်းမျက်လုံးကန်းနေလား သူ့ဘေးကကျား
ချောင်းသလို မှော့်ကိုအသေရရ အရှင်ရရ
ချောင်းနေတဲ့ ဂျပန်လက်ထက်ကဘိုးတော်
ကိုမှော်ကဘာလို့ အဲ့လူအနားမှာ
အမြဲတမ်းရှိနေရတာလဲ ကျွတ်....""

သူ့ပြောချင်ရာပြောပြီး စိတ်တွေလဲတည်တည်ငြိမ်ငြိမ်ထား၍ မရ။ ပြုံးနေတဲ့မှော်
မျက်နှာကသာ သူ့အာရုဏ်ထဲတဝဲလည်လည်
မြင်ရတိုင်း ဒေါသတွေမှာတားဆီးမရ။
သူ့အဖြစ်ကို ကားကိုနောက်ကြောင်းပြန်မလှည့်ပဲ ဆက်မောင်းရင်းနှင့် ကြည့်လာသည့်
ဂျူနိုကြောင့် သူပိုပြီးစိတ်တိုမိ၏။ ကြည့်စမ်း
ပြုံးနေလိုက် တာများ။ အဲ့အပြုံးတွေကတော်
တော်ပေါနေပုံပဲ။ ယောက်ျားမှန်သမျှပြုံးပြ
နေတာမလွန်လွန်ဘူးလား။ စောစောစီးစီးဒါက ဘယ်သွားတာလဲ။ ဘာလို့သူ့ဆီဖုန်းမဆက်တာလဲ။

ကျွတ်...သူအတွေးများစွာနှင့် ခေါင်းတွေပင်
ထူလာရသည်။

ကားနောက်ပြန်လိုက်မယ်ဆိုရင်လဲ မှော်တို့ကားအရိပ်ရောင်ပင် မမြင်ရတော့။ မှော်မင်း
တွေ့မယ်။ ငါ့အကြောင်းသိစေရမယ် ဘာလို့
အဲ့လူနဲ့ နှစ်ယောက်ထဲ သွားရတာလဲ။

""မင်းကိုငါပြောနေတယ်လေ ကားကိုပြန်ကွေ့
သူတို့ဘယ်သွားတာလဲမသိဘူး။ သူ့ဘေးမှာ
အဲ့လူရှိနေတာကို အကြီးမားဆုံး
အန္တရာယ်ပဲ တောက်..!!..""

""ဘယ်လိုဖြစ်နေတာလဲ တကယ်ပဲရည်းစား
မထားဖူးတာကျနေတာပဲ။ မှော်ကမင်းချစ်သူ
မို့လား ဒီလောက်ဖြစ်နေတာ မင်းသီးချင်းအခွေသစ်က MTVထွက်ဖို့ကအရေးကြီးနေပြီ ဆိုတာမင်းသိနေတယ်နော် ဒီတစ်ခါပျက်ကွက်ရင်မင်းအတွက် နစ်နာစရာတွေပဲ""

""တောက်..!!..""

ဂျူနိုစကားတွေကို သူဘာပြန်ဖြေရမယ်မှန်း
မသိ။ ဟုတ်တော့လဲဟုတ်နေတာပဲ ။ မှော်နှင့်သူက ဘာတွေပတ်သက်သလဲ မေးရင်သူ
ဘယ်လိုဖြေရမလဲ။ ဒါပေမဲ့မှော်ဘယ်ယောက်ျားနဲ့မှ ရင်းနှိးနေတာသူမလိုလားဘူး။
အထူးသဖြင့် အဲ့ဆရာဆိုတဲ့လူ။ ခွေထွက်ဖို့
ကလဲအရေးကြီးတော့ သူလက်လျော့လိုက်
ရပေမယ့် မမြင်ရတော့တဲ့မှော်တို့ကားကို
လှည့်ကြည့်နေဆဲ။

ဂျူနိုကားမောင်းနေရာမှ သူ့ပြောလိုက်မှ
ငြိမ်သက်သွားတဲ့ စီးချင်းကို လှည့်ကြည့်ပြီး
ကားကိုဆက်မောင်းနေလိုက်သည်။

""ချစ်ရင်လဲချစ်တယ် ဖွင့်ပြောလိုက်ပေါ့...""

""မင်းကိုဘယ်သူက ချစ်တယ်ပြောနေလို့လဲ""

""ငါ့ကိုချစ်တယ်ပြောခိုင်းတာမဟုတ်ဘူး။
မှော့်ကို""

""မင်းမျက်နှာကြီး ဟိုဘက်လှည့်ထားစမ်း
ရွှံလိုက်တာ ""

""ဟားဟားဟား""

ခေါင်းလေးငုံ့ချထားပြီး နှုတ်ခမ်းတွေကိုလက်
နှင့် တို့ထိကစားနေပုံက ကလေးတစ်ယောက်
ဖွယ်။ သူရယ်နေတာကို မကျေမနပ်နှင့် မျက်နှာနှင့်ကြည့်လာပြီး...

""စီးချင်းမင်းကတော့မျောက်သစ်ကိုင်းလွှတ်
ဖြစ်မှာမြင်ယောင်နေသေးတယ်။ ချစ်နေရင်
လဲ မြန်မြန်ဖွင့်မပြောပဲ သူများနောက်ပါသွား
မှ ကျွဲ မြီးတိုမနေနဲ့ ....""

""မင်းပါးစပ်ကို ပိတ်ထားတော့နော် မှော့်ကို
စိတ်တိုနေတာ မင်းဆီရောက်သွားမယ်""

သူပါးစပ်ပိတ်ပြီး ကားကိုသာအာရုဏ်စိုက်
ပြီး မောင်းနေမိသည်။ တကယ်မလွယ်ဘူး
ချစ်ရင်ချစ်တယ်မပြောပဲ တခြားတစ်ယောက်
နဲ့တွဲတာမြင်တော့လဲ ကျဲမီးတိုနေတာ။
မြုံစိစိနဲ့ ချစ်တာကိုဖုံးကွယ်နေတာ နောက်
ကောက်ကျကျန်ခဲ့မှာမြင်ယောင်နေသေး။

~~~~~~~~~~~

""ဘာလာလုပ်တာလဲ""

""လွမ်းလို့လေ""

""ကျစ်..!!..""

တစ်နေကုန်မှော့်ကိုဖုန်းခေါ်မရတာနှင့် လူက
နေမရထိုင်မရနှင့် ဘာလုပ်လုပ်အဆင်မပြေ။
စိတ်တိုတိုနှင့် အိမ်ပြန်ချခဲ့တော့ အိမ်ဝင်ဝင်ချင်း အခန့်သားနှင့်ဧည့်ခန်းထဲထိုင်နေတဲ့
လီလီကို မြင်ရတော့စိတ်ကတိုနေတာတွေက
ပိုဆိုးလာသည်နှင့် မျက်နှာမှာအလိုလိုမောင်း
တင်ပြီးသား။

""ပင်ပန်းလာပြီလား""

""ဒေါက်...ဒေါက်...ဒေါက်""

အပေါ်ထပ်တက်ဖို့ ပြင်နေသည့်သူ့အနား
ဒေါက်ဖိနပ်သံ တစ်ဒေါက်ဒေါက်နှင့်လျှောက်
လာတာ မျက်နှာပေါ်မှ အပြုံးတွေကမုန်းစရာ။ သူနှုတ်ခမ်းတွေကို မဲ့ရွဲ့ပြစ်ပြီး...

""မင်းနဲ့ငါမဆိုင်တော့ဘူး။ ငါ့အိမ်လာစရာ
အကြောင်းမရှိဘူး ငါ့အကြောင်းသိတယ်နော်ပြန်လိုက်တော့""

""အို့..!!..အချစ်ရယ် စိမ်းကားလိုက်တာ။
ငယ်ထဲကသံယောဇဉ်ကို တိခနဲဖြတ်ပြစ်ဖို့မှ
မလွယ်ပဲလေ။ ဘယ်လိုများပြောလိုက်ပါဘိ
အချစ်ရယ်""

""ငါ့အနားဆက်တိုးမလာနဲ့""

""အဟင်း...ဘာတွေဒေါသကြီးနေတာလဲ""

စီးချင်းအနားကို တရွေ့ရွေ့တိုးကပ်လာတဲ့
လီလီကိုအနားဆက်တိုးမလာဖို့ မျက်နှာမာမာ
နှင့် ဆီးတားပေမယ့် ဂရုမစိုက်စွာတိုးလာသည့် လီလီ။

""ပြောစရာတွေရှိလို့ပါ""

""စိတ်မဝင်စားဘူး။ လာရာလမ်းအတိုင်း
ပြန်လိုက်တော့။ ငါ့ဒေါသတွေမင်းဆီပုံမကျ
ခင် သွားလိုက်တော့""

""မှော့်အကြောင်းဆိုရင်ကော ရှင်စိတ်ဝင်စား
မှာပါ""

""မှော်...""

မှော်ဆိုသည်နှင့် ငြိမ်သက်သွားသညိ့ စီးချင်း
ကိုကြည့်ပြီး လီလီနှုတ်ခမ်းတွေကို မဲ့ရွဲ့ပြုံး
ပြစ်သည်။ ရင်ထဲမှနာနာကျင်ကျင်။ မှော်ဆို
တာနှင့်ပဲ လှုပ်လှုပ်ရှားရှားဖြစ်သွားပုံက သူမ
အတွက်အသဲခိုက်အောင် ရင်နာစေသည်။
ရှင်သူ့ကိုအဲ့လောက်ထိပဲချစ်တာလား။ မချစ်
ရဘူး။ ရှင်ဘယ်သူ့ကိုမှမချစ်ရဘူး။
လီလီစိတ်ထဲမှ နာကျင်နေပေမယ့် မျက်နှာ
ပေါ်တွင်တော့ အတတ်နိုင်ဆုံးပြုံးထားကာ..

""မှော်ကမကြာခင်မှာ နှင်မဟုတ်တဲ့တခြားသူ
နဲ့ လက်ထပ်တော့မယ်ဆိုရင်တော့ နင်တကယ်ရင်ကွဲနေမှာ မြင်ယောင်နေသေးတယ်""

""ဘာ..!!..""

အခန်း [ ၁၃ ]မျှော်
AUTHOR~ငှေသုန်ဒရီ

အဲ့မှာစတွေ့တာပဲ။😁


rate now: