အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖
""မောင်....!!!!""
ဖုန်းစခရင်ပေါ်မှာ ပေါ်လာသည့်စီးချင်းဆို
သည့်မောင့်အမည်လေးကြောင့် မှော်ငုပ်တုတ်
မေ့နေတာ အဘယ်မျှကြာသွားပြီမှန်းမသိ
သည့်အချိန်ကို ရေတွက်မနေပဲနှင့် အလိုလို
တခြားလိုင်းပြောင်းနေသည့် TVကသာသက်
သေပြနေပေသည်။ စောစောကသီချင်းဆိုပြီး
ရင်ဖွင့်နေတဲ့မောင့်ကိုမတွေ့ရတော့ပဲ စိုက်
ပျိုးရေးသတင်းကြော်ငြာတွေသာ မြင်နေရ
သည့် ဖန်သားပြင်ကိုတလှည့် တတီတီနှင့်
မြည်နေသည့် ဖုန်းကိုတလှည့် မှော်တွေတွေ
လေးကြည့်နေလိုက်သည်။
လွမ်းဆွတ်မှု့အရိပ်တွေ စွန်းနေသည့်ရင်တွင်း
အပူလှိုင်းလေးပါးပြင်ပေါ် နွေးခနဲ ဖြစ်သွား
သည်နှင့် မှော့်လက်တွေမှာအလိုလိုနေရင်း
စိုစိစိမျက်ရည်တွေကို အလန့်တကြားသုတ်မိပြီးသား။ကိုယ်တိုင်မထင်မှတ်ထားပဲ ကျသွားမိတဲ့မျက်ရည်တွေကပဲ သက်သေပြနေတာပါ
မောင်။ မောင့်ကိုအရမ်းလွမ်းပြီး အရမ်းချစ်
နေတဲ့အချစ်က ရင်ထဲကပဲသက်သေပါမောင်။
မောင့်ကိုချစ်နေတယ်ဆိုတာ မောင်သိဖို့ထက်
မောင်နားလည်ပေးဖို့က အဓိကပါပဲမောင်။
""ဟယ် ဟယ်လို.....""
မှော်ဖုန်းလေးကို တုန်တုန်ယင်ယင်နှင့်ကောက်ကိုင်ပြီး စိတ်လှုပ်ရှားမှု့တွေမှာ လှိုက်
ခါနေသော မှော့်အသံတွေမှာအထင်သား။
ကျင်ခဲနေသည့် လည်ချောင်းတွင်းထဲခြောက်
ကပ်ကပ်နှင့် အသက်ရှူနှုန်းတွေသာမြှင့်နေပြီး
လှိုက်ဖိုနေသည့် ရင်အစုံသည်လည်း ငြိမ်သက်ခြင်းမရှိ နိမ့်ချည်မြင့်ချည်နှင့် တစ်ဖက်မှ
ထူးလာမည့်မောင့်အသံကိုသာ နားစွင့်နေမိ၏။
""ဟယ်လို""
တိတ်ဆိတ်နေမြဲ...
""ဟယ်လို....""
မှော်သက်ပြင်းလေးချမိပြီး ဖုန်းခေါ်ပြီး
စကားတစ်ခွန်းမှ မဆိုပဲတိတ်ဆိတ်နေသည့်
သူ့ဖုန်းကို မှော်နားနားကပ်ထားရာမှဖယ်ခွာပြီးသူ့ဖုန်းမှ ဟုတ်ပါရဲ့လားဆိုပြီး ပြန်ကျိမိ
ပြန်သည်။ မောင့်ဖုန်းပါပဲ။ ဘာကြောင့်
စကားမပြောပဲတိတ်ဆိတ်နေတာလဲ။
မှော့်ကိုများ မောင်စိတ်ဆိုးနေတာများလား။
""ဟယ်လို""
""စာမလာသတင်းမကြား မင်းဟာလေနှင်ရာ
လွှင့်တဲ့ မှော်ပန်းချီလေးလား""
""ရှင်...""
""ဒင်...ဒင်...ဒင်""
ဂစ်တာခေါက်သံနှင့်အတူ သူ့ဘက်မှ သီချင်း
ဆိုတာလိုလို စကားပြောသံလိုလိုနှင့် ဖုန်းကို
သူ့သဘောအတိုင်းချသွားပြန်သည်။
သူဆိုတာအမြဲတမ်းပဲ မှော်ကိုပြုစားနေတတ်
သူတစ်ယောက်ဆိုမမှားပါ..။ ဖုန်းလေးကို
ဆိုဖာပေါ်ပြန်ချပြီး ခုန်နေသည့်ရင်ကိုလက်ကလေးနှင့်ဖိထားပြီး မှော်မျက်ဝန်းတွေထဲ
ပီတိလှိုင်းတွေ ဖြာနေတာသူ့ထံမှ ခေါ်လာသည့်ဖုန်းလေးကြောင့်ပဲမဟုတ်လား..။
~~~~~~~
""အဲ့လိုပဲ ပြစ်ထားရတာမင်းပျော်တယ်လား""
""အို..!!""
အလွမ်းများနှင် နေ့စဉ်မတွေ့ရသည့်အချိန်
တိုင်း သူ့ကိုတိုးတိုးတိတ်တိတ်တမ်းတနေ
သည်ကို သူမှမသိပဲလေ။
မှော်နောက်ကျောမှ မျက်နှာတင်းတင်းနှင့်
ရပ်နေသည့်သူ့ကို ဘာပြောရမည်မှန်းမသိ။
ဆံပင်ရှည်တွေက မျက်နှာပေါ်အုပ်ကျနေပြီး
နယ်ကလေစိမ်းတွေတိုက်၍ ထင်ပါရဲ့မောင့်
အသားတွေညိုသွားသလိုပဲ။ ဖရိုဖရဲပုံစံ
ပေါက်နေပေမယ့် ကြည့်ကောင်းနေတာ သူ
ဘယ်လိုနေနေ...။
မှော်ကပဲမောင့်ကိုအရိပ်တကြည့်ကြည့်
ကြည့်နေ၍လားပဲမသိ။ ညှိုးနွမ်းနေတဲ့သူ့မျက်နှာက အပြုံးတွေဆိတ်တုန်းနေတာအရင်
ထဲက ဆိုပေမယ့် ယခုပိုဆိုးပြီးတင်းမာနေ
သည့်သူ့မျက်နှာထားက တသ်ခုခုအလိုမကျ
နေမှန်းသိသာနေသည်။ဘောင်းဘီအိတ်ထဲ
လက်နိုက်ပြီး ထိုင်နေသည့်မှော့်ကို မျက်ဝန်း
များခပ်စိုက်စိုက်နှင့် ငုံ့ကြည့်နေသည့်သူ။
မှော်မျက်လွှာလေးချပြီး သူ့ကိုမကြည့်ပဲစကားဆိုမိ၏။
""ထိုင်ပါဦး...ဘယ်နေ့ကပြန်ရောက်တာလဲ""
""မေးဖော်ရတာပဲ ကျေးဇူးတင်ရမယ်""
""ရှင်...""
""ငါနဲ့ အပြင်လိုက်ခဲ့။""
""ရှင်""
""ကျစ်.....""
တရှင်ရှင်နှင့် ပြူးကြောင်ကြောင်လေးနှင့်
သူ့ကိုကြည့်နေသည့်မှော့်ကို သူစိတ်မရှည်စွာ
ကျစ်သတ်မိ၏။ နယ်ကိုတစ်ပတ်လုံးလုံးသွား
ပြီး အနားမှာ သူမ မရှိ၍ ဘာလုပ်လုပ်စိတ်တို
ပြီး အလိုမကျဖြစ်နေရသည့် သူ့အဖြစ်က
ဘာနှင့်တူနေသလဲဆိုလျှင် မျောက်မီးခဲကိုင်
ထားမိသလိုအဖြစ်မျိုး။ ဘာလုပ်လုပ်စိတ်တို
ဒေါသထွက်နေတာ။ရှိုးပွဲအတွက်အကျီင်္
တွေပြင်ဆင်ပေးသမျှလူတွေကိုလဲ မှော်မဟုတ်တိုင်း စိတ်အလိုမကျတိုင်း ထပ်ခါထပ်ခါလှဲခိုင်းပြီးမှ အလိုကျတတ်သည့်သူ။
ဒါတွေသူမ မသိ။ သူမကတော့အေးချမ်းနေ
နိုင်လိုက်တာ...သူ့မှာသာ အကြောင်းအရင်း
မရှိပဲ လွမ်းနေရတဲ့အဖြစ်က စိတ်တိုရမလား
ကိုယ့်ကိုယ်ကိုယ်ပဲအပြစ်ပေးရမလားပဲ။
ခုလဲ ခရီးကရောက်ရောက်ချင်းပဲ သူမဆီ
တန်းလာခဲ့မိတာ စိတ်၏စေရာအတိုင်း....။
""ခရီးကဘယ်နေ့ကရောက်တာလဲ""
""အခုပဲရောက်တာ""
""ဟင်...ဒါဆိုရှင်ကောင်းကောင်းအနားယူ
သင့်တယ်စီးချင်း။ အိမ်ပြန်ပြီးအနားယူလိုက်ပါလား။ ရှင့်ကိုကြည့်ရတာ မလန်းနေ
သလိုပဲ""
""သေ သွားလဲအေးတာပဲ""
""ဘယ်လိုပြောလိုက်တာလဲ။ ဘာတွေအလို
မကျဖြစ်နေတာလဲ။ ရှင့်မျက်နှာကိုကြည့်အုံး
အသားတွေက ဝါနေသလိုပဲ ဆေးခန်းမပြ
ဘူးလား နယ်မှာအရမ်းပင်ပန်းလာလို့လား""
""ဝါနေသလားဖြူနေသလား ကိုယ့်မျက်နှာ
ကိုယ်တောင်မှန်မကြည့်အားပဲ မင်းဆီလာခဲ့
တာပဲ။ မင်းကြည့်ပေါ့ ငါ့မျက်နှာဘယ်လိုဖြစ်
နေသလဲဆိုတာ ငါသိဖို့ထက်မင်းသိဖို့က
အဓိကပဲ။""
မှော်သူ့စကားတွေနားထောင်ပြီး ပြုံးရမလား
ငိုရမလားပဲ။ ကြည့်အုံးလေ ဘာမဆိုင်ဘာမဆိုင်နဲ့မှော့်ကို အပြစ်မရှိအပြစ်ရှာပြီး ရန်လိုနေ
တာ။ အဓိကအကြောင်းရင်းက မှော်နယ်ကို
မလိုက်၍လဲ ဖြစ်နိုင်သည်။ ဒါမှမဟုတ်သူ
စိတ်မကြည်တိုင်း အပြစ်ရှာနေတာလဲ ဖြစ်နိုင်
သည်။ ဒါပေမဲ့ မှော်သူ့ကိုအပြစ်မယူပါ။
""ဒါဆိုဘယ်သွားမှာလဲ...ဆေးခန်းသွားပြမှာ
လား။ ခနလေးနေအုံးမှော် မှာစရာရှိတာလေး
မှာအုံးမယ်နော်""
""ဘာဆေးခန်းမှမပြဘူး။ ရုပ်ကိုကြည့်
အသက်ထွက်လုနီးနီးရုပ်ပေါက်နေလို့လား။
သေလုမျောပါးဖြစ်နေရင်တောင် ဆေးခန်း
မပြဘူး။""
ဂျွတ်ဆတ်ဆတ် နှင့်ပြောနေသည့်စကားတိုင်း
အဆီအငေါမတည့်နိုင်အောင် ကန့်လန့်တိုက်
နေသည့် သူ့ကိုမှော်အပြစ်မမြင်တဲ့အပြင်
ရယ်ချင်နေမိတာ။ တကယ်ကလေးဆိုးကြီး။
""ကားထဲကပဲစောင့်နေမယ် မကြာစေနဲ့""
""အင်းပါ""
ကျောခိုင်းလှည့်ထွက်သွားသည့် သူ့ကျောပြင်
ကိုမှော် ကြည့်နေပြီး ရင်ထဲ ကြည်နူးသလိုလို
ပီတိတွေဖျာနေသလိုနှင့်။ သေချာတာကတော့မှော့်မျက်နှာလေး ပြုံးစိစိဖြစ်နေတာပဲ။
ခရီးကရောက်ရောက်ချင်း ရောက်ချလာပြီး
မှော့်ကို လာတွေ့တာကိုပဲ သူ့ရင်ထဲမှာ
မှော်ဆိုတာနေရာတစ်နေရာရှိနေ၍ပဲလား...။
ရယ်ချင်တယ်။ တကယ်ပဲကလေးဆိုးကြီး
ကျနေတာပဲ။ မသိရင်မှော်ကို့စိတ်ကောက်နေ
တဲ့ ချစ်သူလိုပဲ။ တကယ်မလွယ်ပါလားမောင်။ ကိုယ့်အတွေးနဲ့ကိုယ် ကျေနပ်ပျော်
ရွှင်နေရခြင်းကလဲ ပီတိတစ်မျိုးပဲဆိုရင်...
မောင့်အကြောင်းတွေးပြီးပျော်ရတဲ့ ပီတိလေး
ကို မှော်အနှစ်သက်ဆုံးပဲ...။
~~~~~~~~~
""ဟင်....စီးချင်း။ စီးချင်းထပါအုံး""
ကားကူရှင်ကိုမှိပြီး မလှုပ်မယှက်ဖြစ်နေသည့်
သူ့ကိုယ်ကြီးကို လှုပ်နိုးနေပေမယ့် ဘယ်လိုမှ
အသံမပေးပဲ ငြိမ်သက်နေသည့် သူ့ကိုယ်ကြီး
ကြောင့် မှော်မျက်လုံးတွေ ပြူးကျယ်သွား
ပြီးအလန့်ကြီးလန့်သွားရသည်။
ကားထဲမှာစောင့်နေမယ်ဆိုပြီး ထွက်သွားတာ။ မှော်လဲဆယ်မိနစ်မျှ မှာစရာရှိတာမှာပြီး
ကားထဲဝင်ထိုင်တော့ အိပ်နေတယ်ထင်ပြီး
မှော်ငြိမ်နေမိတာ။ ကြာလာမှသူ့ကို နိုးတော့
ကိုယ်တွေ ပူခြစ်ပြီးဘယ်လိုပဲ နိုးနိုးအသံမပြု
လာတော့မှော် စိုးရိမ်လွန်ပြီး ဘာလုပ်၍ဘာ
ကိုင်ရမှန်းမသိတော့။
""စီးချင်း....စီးချင်း။
ထပါအုံး ရှင်အိပ်နေတာလား။ စီးချင်း""
မှော်ဇောခွျေးတွေပါ ျပန္လာမိ၏။
သူ့နဗူးလေးကို လက်ကလေးဖြင့် ပြန်စမ်း
မိပြန်သည်။ ပူခြစ်နေသည့် အသားတွေကြောင့် မှော်သူ့ကိုကြည့်ပြီး စိတ်မကောင်းဖြစ်ရ
မလား အပြစ်တင်ရမလားပဲ။ ဒီလောက်အဖျားကြီးနေတာ မှော်ဆီဘာကြောင့်လာခဲ့ရ
တာလဲ။ ဒါကြောင့်မျက်နှာတွေက အသားဖြူ
လွန်းသည့် သူ့အသားအရည်ကြောင့် ဝါရောင်
ဘက်သန်းသွားသည်မှာ သိသိသာသာ။
မဖြစ်ဘူး။ သူတစ်ခုခုဖြစ်လို့မရဘူး။
""စီးချင်း....စီးချင်း""
""ဟင်....""
မျက်တောင်တိုစိတ်စိတ်ကလေးတွေ လှုပ်ခပ်
သွားပြီး ည ည်းသံလိုလိုထူးသံလေးကြားမှ မှော်သက်ပြင်းချမိသည်။
""ရှင်အရမ်းဖျားနေတယ် စီးချင်းအိမ်ပြန်ပြီး
အနားယူလိုက်ပါ။ ဒါမှမဟုတ်ဆေးခန်းသွား
ပြမှ ဖြစ်မယ်""
""ရတယ်မပြဘူး။ ဘာမဖြစ်ဘူး""
""ဘာလို့ဘာမဖြစ်ရမှာလဲ။ ရှင်ခနကပဲသတိ
လစ်သွားတာ အဖျားတွေအရမ်းကြီးနေတယ်""
စိုးရိမ်လွန်ကဲနေသည့် သူမမျက်နှာလေးကို
ကြည့်ပြီး စီးချင်းအောက်နှုတ်ခမ်းလေးကိုက်
ပြီး အမူပိုစွာ နှာထင်လေးကိုလက်နှင့်ဖိနိပ်လိုက်မိသည်။ သူလူလည်ကျနေတာကိုမှော်
မှ မသိပဲ။ ဖျားတာတော့ဖျားတာပဲ သေသွား
လောက်တဲ့ထိတော့ မဖျားတာအသေအချာပဲ။
ကိုယ်တွေအရမ်းပူအောင် တမင်ချိုင်းမှာ
ကြက်သွန်ဥညှပ်ထားတာ မှော်မှမသိပဲ။ သူ့ကို
ပြစ်ထားတဲ့မှော်ကို အပြစ်ပေးချင်၍ တမင်
ဖျားချင်ယောင်ဆောင်တာ။ သူလွမ်းနေရသမျှ သူမလဲထပ်တူ စိတ်ပူပေးရအောင်တမင်
လုပ်တာ။ သူ့လုပ်ရပ်တွေက ကလေးဆန်နေ
သလားလို့လဲ သူတွေးမိပေမဲ့ နေနိုင်လွန်းတဲ့
မှော်ပန်းချီကိုတော့ အပြစ်ပေးရမှာပဲ။
""ဆေးခန်းပြလိုက်ပါစီးချင်းရယ်နော်။""
""မပြဘူး။ ရတယ်သေ သွားလဲအေးရောပဲ။
ဘာမှမခံစားရတော့ဘူး""
မှော်မျက်မှောင်လေး ကျုံံပြီးကားကိုမောင်း
ထွက်ခဲ့သည့်သူ့ကိုသာ ကြည့်နေမိတော့သည်။ တကယ်မလွယ်တဲ့ မောင်ပဲ။
ဒီလောက်အဖျားတွေကြီးနေတာကို ဂျစ်တိုက်နေတာ။
""ခုကဘယ်သွားနေတာလဲ""
""ရောက်ရင်သိရမှာပေါ့ ဘာလို့မေးနေတာလဲ""
""ဘယ်သွားနေမှန်းမသိပဲ မှော်ကဘယ်ကို
လိုက်ရမှာလဲ။ ရှင်ကအရမ်းဖျားနေတာပြော
စကားကိုလဲ နားထောင်လို့လား""
""ဂရုမစိုက်ပဲ ပြစ်ထားတဲ့မင်းတောင်နေနိုင်
သေးတာပဲ။ ငါကအနေသာကြီး""
""ဗုဒ္ဓေါ...!!...""
မှော်မျက်လုံးလေးပြူးပြီး ရင်ဘတ်ကလေးကို လက်နှင့်ဖိကာ ဂျစ်တိုက်ပြီးပြောနေသည့်
သူ့စကားတွေမှာ ဒီနေ့အဖို့အရမ်းထူးဆန်းနေသည်။ မှော့်ကသူ့ကိုဂရုမစိုက်၍ပဲ တမင်
ဂျီကျနေသလိုသဘောနှင့် ပြောနေတာပဲ။
တကယ်ဆိုမှော်နှင့်သူဘာများ ဆိုင်၍လည်း။
သူပြောလိုက်သည့်စကားတိုင်း မှော်ကိုအူ
ကြောင်ကြောင်ဖြစ်စေပြီး ချောင်ပိတ်ရိုက်ခံလိုက်ရသလို ဖြေစရာလမ်းစပင်မရှိတော့။
တကယ်ဘယ်လိုလူလဲ ဖျားတာဖျားတယ်
လူကိုတော့ အပြစ်ရှာနေတတ်သားပဲ။
မှော်ဘာမှဆက်မပြောနေတော့ပဲ တိတ်ဆိတ်နေလိုက်တော့သည်။ ဆိုးပါမောင်...ရှင်ဆိုး
သမျှသ ည်းခံနိုင်ဆုံး လူသားအဖြစ်ရှိနေပေး
မှာပါ။ ရင်ထဲကအချစ်က အရင်းခိုင်နေပြီး
သားလေ။ လွယ်လွယ်နဲ့ယိမ်းယိုင် စိတ်ပျက်
သွားဖို့ဆိုတာ ဖြစ်မှမဖြစ်နိုင်ပဲ။ မှော့်အချစ်
တွေကရင်ခုန်တတ်စ မနူးမနပ်အရွယ်ထဲက
အချစ်ဆိုတာ ဂျိုနဲ့လားလို့မေးရမဲ့အရွယ်မှာ
မောင့်ကိုချစ်ခဲ့တာပဲ။ စိတ်ချမောင်...မောင်က
မှော့်ရဲ့ ရည်းစားဦး။
~~~~~~~~~~~~
""ဟင်...ကြည့်စမ်း။ ဒင်းတို့အဲ့လောက်ထိ
တောင် ခြေလှမ်းတွေ သွက်နေကြတာလား။""
လီလီအားမတန်၍ မာန်လျော့လိုက်ရပုံနှင့်
အမြန်ပြေးလွှားနေသည့် ခြေလှမ်းတွေကိုရပ်
လိုက်ပြီး ကားပေါ်တက်သွားကြသည့် စီးချင်း
နှင့်မှော့်ကို ကြည့်ပြီးဒေါသအချောင်းချောင့း
ထွက်နေမိတာ မည်သူသိပါလိမ့်မလဲ။ တွေ့
တွေ့ချင်းပြေးလိုက်တာကိုပင်မမှီတော့..။
""တွေ့မယ်နှင်တို့ငါ့အကြောင်း ကောင်းကောင်
သိစေရမယ်။ စီးချင်းနင်ငါ့ကို လျော့တွက်ထားတာပဲ။ ငါ့ကိုခါချပြီး နင်ကမှော်နဲ့ပြန်ပြီး
တွဲလို့မရဘူး။ မှော်မှမဟုတ်ဘူး နင်ဘယ်မိန်း
မကိုမှ မချစ်ရဘူး။ နင့်အချစ်ကငါတစ်
ယောက်ထဲအတွက်ပဲ""
လီလီတွေးလေမိတိုင်း ရင်ထဲနာကျင်စူးရှ
သွားသည်ထိ ဝေဒနါဆိုးဆိုးကို ခံစာစေ
သည့် စီးချင်းကို ချစ်ခဲ့မိသည့်အချစ်တွေက
တွေးမိရင် အဆိပ်တွေလိုပဲ။ ကိုယ်တိုင်ကလည်း အဲ့ဒီအဆိပ်ကိုမှ နှစ်ခြိုက်နေတော့လဲ
အဆိပ်ပင်ကိုတော့ အသာတကြည်ရေလှောင်းမပေးဘူး တန်ရာတန်ရာပြန်ယူရမှာပဲ။ စိတ်ချစီးချင်း....ရှင်ကလီလီအပိုင်ပဲ။
လီလီရှေ့မှ မြင်ကွင်းကို ကြည့်ပြီးအံ့တကြိတ်ကြိတ်နှင့် ကြိမ်းဝါးနေမိ၏။ လွတ်ထားပေး
တာကို အဟုတ်ထင်နေသည့် သူတို့နှစ်
ယောက်ရဲ့ ခြေလှမ်းတွေကို လီလီအသာတ
ကြည် ကြည့်နေမိတာကြာနေပြီပဲ။ သိစေရ
မယ် လီလီနုသွေးအကြောင်းကို နှင်တို့သိစေ
ကမယ်။
ဒေါသရမက်တွေနှင် အမှန်ကိုမမြင်အမှောင်
ဖုံးနေသည့် လီလီအကြံအစည်တွေက ယုတ်မာလွန်းနေတာကိုတေ.့ စီးချင်းနှင့်မှော်
ဘယ်သိမလဲလေ..။
~~~~~~~~~~~
""တကယ်ထွက်မရဘူး စီးချင်းရယ်။ ညဆယ်နှစ်နာရီပဲ ထိုးနေပြီ ဘယ်လိုထွက်လို့ရမှာလဲ""
""မရဘူး။ လာဆိုလာခဲ့""
တမင်အနိုင်ကျင့်နေတာ သိသိနှင့်ပဲပတ်ပြတ်
သားသားမငြင်းဆန်နိုင်သည့် မှော့်ကိုမှော်သာ.အပြစ်တင်ရမလားပဲ။ သူနှင့်တနေကုန်ပင် အချိန်တွေ ဖြုန်းခဲ့ပြီပဲ။ ဖျားနေတယ်ပြော
ပြီး ဆေးခန်းမပြပဲ သူသွားရာနောက်တကောက်ကောက်လိုက်နေပြီး ည၈နာရီထိုးမှ
အိမ်ရောက်ပို့ပြီး ခုချိန်ထိ ဂျစ်တိုက်ချင်နေ
တဲ့ စီးခ်င္းကို မှော်ဘယ်လိုခွျေးသိပ်ရမှန်း
မသိ။ ကိုယ်တိုင်ကလဲ မလွန်ဆန်နိုင်တာပို
ဆိုးနေသည်။
သူမသိဘူး။ အိမ်မှာမှော်ဘယ်လိုရင်ဆိုင်နေ
ရသလဲဆိုတာ။ မှော်အိမ်ပြန်နောက်ကျတာနှင့် သူနှင့်ပတ်သက်ပြီးမေမေနှင့် မှော်စကားမပြောကြတာ အတော်ကြာနေပြီ။ စကားမပြော
ပဲ အသံတိတ်ဆန္ဒပြနေတဲ့ မေမေ။
စကားသာမပြောတယ် အိမ်ပြန်နောက်ကျ
တဲ့မှော့်ကို မကျေမနပ်အမူအယာတွေနှင့်
ကြည့်နေသည့် မေမေ့ကိုမှော်မသိဟန်ပြုပြီး
အပေါ်ထပ်တန်းတက်ခဲ့ရတာ။
""လာခဲ့မှာလားမလာဘူးလား""
""တောင်းပန်ပါတယ် စီးချင်းရယ် တကယ်
ထွက်လို့မရတော့ဘူး။ ညနေကအိမ်ပြန်
နောက်ကျလို့ မေမေကလဲဆူနေတာ""
""အိမ်ပြန်နောက်ကျတာနဲ့ ဆူရအောင်မင်းက
ကလေးလား""
""ကလေးမဟုတ်လို့ဆူတာပေါ့""
တကယ်ပါပဲ။ သူ့အိမ်ကိုဇွတ်လာခိုင်းနေတာ။
ဒီအချိန်ကြီး သူ့အိမ်သွားမှ သင့်တော်ပါ့မလား။ သူ့အိမ်ကလဲမှော့်ကို ဘယ်လိုထင်မလဲ။
မေမေကလဲ ထွက်ခိုင်းတော့မှာမဟုတ်။ ဒါကို
နားလည်မပေးပဲ စကားကိုကပ်သပ်ပြီး ပြောချင်နေသည့်သူ့ကိုမှော် ဘုတောပြစ်သည်။
""မရဘူးလာဆိုလာခဲ့။ ဒီမှာနေမကောင်း
ဖြစ်ပြီးသေ သွားမှအလောင်းဖက်ပြီး ငိုမပြ
နဲ့ ပြန်မလာဘူး""
""စီးချင်း....ရှင်ဘယ်လိုဖြစ်နေတာလဲ။
စကားကို ဘာလို့ကပ်သပ်ပြီးပြောနေတာလဲ။
မှော်ဘက်ကိုလဲ စဉ်းစားပေးအုံး။ တခြားနေရာကြိုက်သလိုဆိုး။ ခုလိုညကြီးတော့ရှင့်
အိမ်ကို မလာခိုင်းနဲ့မသင့်တော်ဘူးဆိုတာတွေးမိရဲ့လား။ ပတ်ဝန်းကျင်ကဘယ်လို
မြင်ကြမလဲ""
""ညတွေအိမ်လာတိုင်း မသင့်တော်ကြေးဆို
ရင် ငါ့မှာနေစရာတောင်မရှိတော့ဘူး။ ငါ
ဂရုမစိုက်တဲ့အထဲလဲ ကိုယ့်ကိုယ်ကိုယ်မကြည့်ပဲ သူများအကြောင်းတွေ လိုက်ပြောနေကြတဲ့ ပတ်ဝန်းကျင်ဆိုတာတွေပဲ။""
""ဂရုမစိုက်လို့မရဘူး စီးချင်း။ ရှင်ကသာမန်
လူမဟုတ်ဘူး""
""သာမန်လူမဟုတ်တော့ ဘုန်းကြီးလား""
မှော်သက်ပြင်းလေးချပြီး သူ့ကိုဘယ်လိုစကားနိုင် လုပြောရမှန်းမသိတော့။ မှော်သူ့
အကြောင်းမသိတဲ့အထဲ ခုလိုဇွတ်တရွတ်ဆန်
တတ်မှု့ကိုပဲ။ တော်တော်ခေါင်းမာပြီး လုပ်ချင်ရာကို မရရအောင်လုပ်သည့်လူစားမျိုး။
တကယ်မလွယ်တဲ့လူ။ နေမကောင်းတာကို
ဆရာဝန်မခေါ်ပါပဲ မှော့်ကိုဇွတ်ခေါ်နေတာ။
မသိရင်ပဲ သူနှင့်မှော်ကချစ်သူတွေလိုလိုနှင့်။
သူဆိုးတာတွေကို သည်းခံနေတဲ့မှော်က
သူ့ကိုချစ်၍ဆိုတာမှန်သည်။ အကြောင်းမရှိ
အကြောင်းရှာပြီး မှော့်အပေါ်ဆိုးနေတဲ့သူက
ဘာကြောင့်များလည်း..။
""နေမကောင်းဖြစ်နေရင်လဲ စောစောနားပါ
စီးချင်းရယ်။ မနက်မှပဲမှော် စောစောရှင့်ဆီ
လာခဲ့မယ်။""
သူလုပ်နေကျအမူအယာအတိုင်း စီးကရက်လက်ကြားညှပ်ထားရာမှ ပြာခွက်ထဲထိုးချေ
လိုက်ပြီး အောက်နှုတ်ခမ်းလေးကိုကိုက်ကာ
ရီချင်နေသည့်စိတ်ကို ထိန်းထားနိုင်ပေမယ့် မထိန်းနိုင်သည့် မျက်နှာမှာတော့ ပြုံးစိစိနှင့်။
တော်တော်အတဲ့ မှော်ပန်းချီ။ တကယ်အ၍ပဲ
လား။ သူ့ကိုချစ်နေ၍ အရာရာကိုမတွေးတတ်
တော့တာလားပဲ။ သူ့လုပ်ရပ်မှန်သမျှကိုနားပူ
ခံပြီး မပြီးမချင်းဖြေရှင်းနေတာ တကယ်သနားစရာ။ မှတ်ထားဒီနေ့တနေကုန်မင်းကို အပြစ်ပေးတာပဲ မှော်ပန်းချီ။ မင်းငါ့ကို ပြစ်ထားခဲ့တဲ့ တစ်ပတ်လုံးလုံးအတွက် လျော်ကြေးပြန်ယူလိုက်တာပဲ။
""တော်ပြီ မင်းမလာလဲရတယ်မလာနဲ့...
ငါဘာပဲ ဖြစ်ဖြစ်မင်းစိတ်မပူဘူးဆိုလဲနေပေါ့
""မဟုတ်ဘူး...စီးချင်း။ မှော်က...ဟယ်လို
ဟယ်လို""
သူတမင်ဖုန်းကို ချပြစ်သည်။ ရင်ထဲတွင်လဲ
မှော့်ကိုအပြစ်တွေ ပေး
လိုက်ရ၍ပဲလား မှော်နှင့်တစ်နေကုန်
ရှိနေခဲ့ရသည်ကြောင့်ပဲလားမသိ တစ်နေကုန်
ပျော်နေတာ။ သူ့ကိုယ်သူပင်အဖြေရှာရမလို
ဖြစ်နေပြီ။ သူ့သက်တမ်းတစ်လျှောက်ထား
လာသည့် ချစ်သူတွေမှာ သူ့အသက်ထက်ပင်.ကျော်နေပြီ ။ ခုလိုတစ်ခါမှတွေးတွေးပြီး
မပျော်ခဲ့ဖူးပါ။ တကယ်ထူးဆန်းတယ်။ ဒီနေ့
သူမမျက်နှာလေး ကြည့်ပြီးအလိုလိုပျော်နေတဲ့ စိတ်ကိုကသိသိသာသာထူးခြားနေတာ။
သူမလေးကို စိတ်ဒုက္ခပေးပြီး အကျေနပ်ကြီး
ကျေနပ်နေတာ ကလဲခံစားချက်တစ်မျိုးပဲ။
Ring...Ring....
သူဖုန်းချလိုက်တာနှင့် ဘယ်လောက်ထိရောက်ယက်ခတ်ပြီး စိတ်ပူနေမယ်မှန်းမသိ။
အဆက်မပြတ် မြည်နေသည့်ဖုန်းလေးကို
ငဲ့ကြည့်ပြီး ခေါင်းလေးခါရမ်းပြီး ပီတိပြုံးတွေ
နှင့်။ အလိုလိုပြုံးချင်နေတာ စီးချင်းထိုးမှဟုတ်ပါလေစ။ တကယ်မလွယ်ဘူး။ ရင်ခုန်သံက ထိန်းရခက်မှန်း မှော်ပန်းချီနဲ့တွေ့မှပဲ
သိတော့တယ်...အဟွန်း။
ဟိုဘက်ဒီဘက်မြင်နေရသည့် ခြံချင်းကပ်ရက် မှမှော့်အခန်းဟုထင်ရသည့် မီးရောင်
ထိန်ထိန်လေးနှင့်အခန်းကို ကြည့်ပြီးသူခပ်သဲ့သဲ့လေးပြုံး
နေမိသည်။ မင်းငါ့ကိုချစ်နေရင်လဲ ဝန်ခံလိုက်
စမ်းပါလား Gravityရယ်။ မင်းစိတ်တွေပင်ပန်းမှာစိုးလို့ပါ။
ဟိတ်...တစ်ရက်ကလေးအချိုတွေကြွေးလိုက်တာနဲ့ပျော်မသွားနဲ့...မနက်ဖြန်ပြန်ဆုံမယ်အပိုင်းသစ်မှာ...😁😁
အခန်း [ ၁၂ ]မျှော်
AUTHOR~~~ငှေသုန်ဒရီ
စာဖတ်သူတစ်ဦးတစ်ယောက်ချင်းစီတိုင်းကို
ချစ်ခင်လေးစားလျှက်...