📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖
လကျထဲမှသတင်းစာတွေကို စိတ်ရှိတိုင်း
လုံးချေပြီး ရောက်တတ်ရာရာပေါက်လွှင့်
ပြစ်သည်။ ဒေါသစိတ်နှင့် ထိုင်ရာမှ ထရပ်
လိုက်ပြီး ဘာလိုက်ရမလဲဆိုသည့်အတွေးနှင့်
အခန်းထဲ တစ်ရောက်ထဲဟိုလျှောက် သည်လျှောက်နှင့် အတွေးများစွာခေါင်းထဲထည့်ကာ တစ်ခုခုလုပ်ဖို့ရန်ကြံစည်မိ၏။
""မှော်....မှော်ပန်းချီ...
အရင်ကငါတို့ အရမ်းချစ်ကြတဲ့ သူငယ်ချင်း
တွေ...အဟွန်း။ နှင်ငါ့အပေါ်ဘာကြောင့်အမြဲ
တမ်း သာနေရတာလဲ။ ပထမဆုံးအနေနဲ့
ဆရာ့ကိုငါလက်လွှတ်ခဲ့ရတယ်။ ငါချစ်နေမှန်းသိလျှက်နဲ့ ငါ့ကိုဂရုမစိုက်ပဲ နှင့်ကိုပဲ
ချစ်နေတဲ့ဆရာ့ကို ငါမုန်းမုန်းနဲ့စွန့်လွှတ်ပြီး
စီးချင်းရဲ့အချစ်ကို အရယူခဲ့တယ်။ ငါနင့်
အပေါ်တရားမျှတမှု့နဲ့ နင်အရမ်းချစ်တဲ့
စီးချင်းကိုအမုန်းခံပြီး အရယူခဲ့တယ်။ ဆရာ့
ကိုမချစ်လို့မဟုတ်ဘူး။ ငါမရနိုင်မှန်းသိတဲ့
ဆရာ့ကို စွန့်လွှတ်ပေးခဲ့တာ။ အဲ့ဒီအတွက်
ကြောင့်စီးချင်းရဲ့အချစ်ကို ငါရခဲ့တာနင့်အပေါ်ငါအမြဲလိပ်ပြာလုံတယ်။ ငါမှန်တယ်
လို့ပဲငါယူဆတယ်။ ခုတော့နင်ကဆရာ့နဲ့
စီးချင်းနှစ်ယောက်စလုံးကို အရယူဖို့ကြံနေ
တာအရမ်းလွန်နေပြီ""
နှုတ်ခမ်းနီနီတွေကို မဲ့ရွဲ့ပြုံးလိုက်ပြီး ခေါင်း
ထဲမှပေါ်လာသည့်အကြံနှင့်အတူ လီလီကျေ
နပ်ပီတိပြုံးတွေမှာ မျက်နှာပေါ်ထင်ဟပ်
လာရသည်။
""အဟွန်း!!!""
မွေ့ယာပေါ်အိပ်လှဲချလိုက်ပြီး မျက်နှာကျက်
ကို မျက်လုံးဝိုင်းတွေနှင့် မရည်ရွယ်ပဲအကြံ
အစည်များနှင့်အတူ စိုက်ကြည့်နေမိ၏။
နှုတ်ခမ်းအစုံသည်လည်း အေးစက်စက်အပြုံးများနှင့်....
""မှော်....မှော်။
နင်နောက်ထပ်အသဲကွဲချင်နေသေးတာပဲ။
ငါတို့က ကလေးဘဝကပဲသူငယ်ချင်းတွေ
ခုချိန်ကရန်သူတွေပဲ။ နင်ဆိုတဲ့မှော်ပန်းချီ
အတွက် ကွဲဖို့ရန်အသဲအပိုပါသလို စီးချင်း
ကိုချစ်မိသွားထဲက နင်မှမဟုတ်ဘူး သူ့အနား
ကပ်လာသမျှ မိန်းမတိုင်းကိုကောက်ကျစ်
ဖို့အတွက် ဦးနှောက်အပိုပါနေတဲ့ မိန်းမက
လီလီနုသွေးဆိုတာ နင်သိစေရမယ် အဟင်း
ဟင်း။
ရူးမိုက်တယ်ပဲပြောပြော တစ်ကိုယ်ကောင်း
ဆန်တယ်ပဲပြောပြော ငါအချစ်ကိုတော့နင်
မရစေရဘူး။ စီးချင်းကငါ့အပိုင်ပဲ ဖြစ်ရ
မယ်။...အဟင်းဟင်း""
အရူးတစ်ယောက်လို ပခုံးလေးတွေလှုပ်ရမ်း
မိသည်ထိ လီလီရယ်နေမိသည်မှာ တစ်
ယောက်တည်းအတွေးများစွာနှင့်ပင်။
အောင်နိုင်သူအပြုံးတွေနှင့် ကိုယ့်ကိုကိုယ့
ဂုဏ်ယူမဆုံးအပြုံးများနှင့် ရယ်၍မပြီးနိုင်
တော့ပေ။ သူမတစ်ယောက်ထဲသူမအခန်း
ထဲ၌ ရယ်သံတွေပဲ့တင်ထပ်နေတော့သည်။
""ငါရူးနေတာ...အဟင်း။
ဟုတ်တယ်...ငါရူးသွားပြီ။ စီးချင်းကိုချစ်မိ
သွားထဲက ငါရူးသွားတာပဲ။""
~~~~~~~~~~~~~~~
""မဟုတ်ဘူးအမေရယ် ရှင်းပြနေလဲအမေက
နားလည်မပေးပါလား""
""ညည်းဘာသိလို့လဲ""
အမေ့အသံကျယ်ကျယ်နှင့်မျက်ဝန်းစူးစူး
များကြောင့် မှော်မှန်တင်ခုံရှေ့ ဆံပင်ရေစို
တွေကို ဒရိုင်ရာနှင့် မှုတ်နေရာမှ စိတ်ညစ်
သွားရသည်။ မှန်ထဲမှမြင်နေသည့် အလိုမကျမှု့များနှင့် တွန့်ကွေးနေသည့် မျက်ခုံးနှစ်ဖက်မှာထိလုနီးနီးရယ်။ စိတ်ဆိုးနေသည့်အမေ့
မျက်နှာထံစိုက်ကြည့်ပြီး .....
""အမေပြောနေတာတစ်ခုမှမဟုတ်ဘူး။
သမီးတို့ကရိုးရိုးသားသား လုပ်ဖော်ကိုင်ဖက်
တွေပဲ။ ဘာအကန့်မှမပါဘူး။ ဒီအတိုင်းပဲ
တိုက်ဆိုင်မှု့ကြောင့် နယ်မှာတစ်ရက်ကြာ
သွားတယ်။ သမီးတို့ရိုးသားတယ်""
""ည ည်းတို့ရိုးသားတယ်ဆိုတာ ကျုပ်တစ်
ယောက်ထဲကို ယုံအောင်ပြောလို့မရဘူး။
သတင်းတွေမှ အများကြီးပဲပျံ့နေတာ ညည်း
သိသေးရဲ့လား""
""မေမေရယ်""
ဒီတစ်ခါတော့ မှော်ထိုင်နေ၍မရတော့
ဒေါသတကြီးမှော့်ကို ရန်တွေ့ပြီးခုတင်ပေါ်
ထိုင်နေသည့် အမေ့ခါးကိုသွားဖက်ပြီး
မျက်နှာချိုသွေးဖို့ ကြိုးစားသည်။
သို့ပေမယ့် မှော့်အကြံအစည်တွေမအောင်
မြင်ပါ။ မှော့်လက်တွေကို အမေဒေါသတကြီး
ခွာချပြီး မဆုံးနိုင်သည့်ဒေါသများနှင့်
စကားများမှာတရစပ်ထပ်ထွက်လာပြန်တော့
သည်။
""အဲ့ဒီအလုပ်ကို စလက်ခံထဲက ညည်းကို
ငါသဘောတူခဲ့သလား။ ညည်းအဖေနိုင်ငံ
ခြားမှာမို့မသိသေးတာ။ အဲ့ဘက်အိမ်ကကောင်လေးဆိုတာ သိလို့ကတော့ညည်း
မလွယ်ဘူးမှတ်။ သူ့တို့ဖာသာသူတို့ဘယ်လောက်ပဲ ချမ်းသာနေပါစေ ဂရုမစိုက်
ဘူး။ လူဆိုတာအကျင့်စာရိတ္တကောင်းမွန်ဖို့က
အဓိကပဲ။ အဲ့ဘက်အိမ်ကအကြောင်းည ည်း
ဘယ်လောက်သိလို့လဲ""
ဒေါသတကြီးနှင့် ပြောနေသည့်မေမေ့ကို
မှော်စကားတစ်ခွန်းမှ မဆိုပဲမျက်တောင်ရှည်
တွေကို ပုတ်ခတ်ပြီး ငြိမ်သက်စွာနှင့်ကြည့်နေ
မိ၏။
""အဆိုတော်လုပ်နေပြီး ကိုယ်ရေးရာဇဝင်ကို
ငွေတွေနဲ့ဖုံးထားပြီး အများအမြင်မှာ သူတော်
ကောင်းလေးလိုလိုဘာလိုလိုနဲ့ တကယ်မကျင့်
စာရိတ္တပျက်ပြားနေတာကို ပရိတ်သတ်တွေ
ကမသိပေမယ့် အိမ်နီးချင်းလုပ်နေတဲ့
ကျုပ်တို့ကအကုန်သိတယ်""
""အမေရယ် သိနေရင်မပြောပါနဲ့တော့...""
""အေး!!!!
အဲ့ဒီမသိကြတဲ့အထဲ ည ည်းလဲပါနေလို့ ကျုပ်
ပြောကိုပြောရအုံးမယ်။ ည ည်းအလုပ်စလက်
ခံထဲက အဲ့ဘက်အိမ်ကကောင်းလေးမှန်း
မသိလို့ ကျုပ်တို့ခေါင်းငြိမွခဲ့တာ ခုချိန်က
စပြီး ည ည်းအဲ့ကောင်လေးရဲ့ ဒီဇိုင်နာလုပ်
တာမမြင်ချင်ဘူး။ ""
""မေမေကတော့လုပ်ပြီဆို။
သူကဘာဖြစ်နေလို့လဲ မေမေရယ်""
ပြောမဲ့သာပြောနေရတယ် တစ်ခါမှမေမေ
ခုလောက်ကြီး ဒေါသထွက်နေတာမမြင်ဖူး။
အံတကြိတ်ကြိတ်နှင့် မှော့်ကိုမေမေအရမ်း
ဒေါသထွက်နေတာ။ မှော်ခေါင်းလေးငုံ့ထား
ပြီး လက်ဖဝါးနှစ်ဖက်ကို ပွတ်သပ်ပြီး
မျက်နှာငယ်လေးနှင့် စကားတစ်ခွန်းမှမဆိုမိ
ပဲနှုတ်ဆိတ်နေမိသည်။
""ပိုက်ဆံရှိတိုင်းထင်တိုင်းကျဲနေတာ။
သူ့အမေကလဲ မိန်းမတစ်ယောက်လုပ်နေပြီး
နှိုက်ကလပ်တွေဖွင့် ဖအေလုပ်သူကလဲ
မယားငယ်လက်ချက်ကြောင့် အသက်တို
သွားရတာ။ ဒီလိုအကျင့်ပျက်ပြားနေတာ
တောင် မာနတလွင့်လွင့်နဲ့အလံထူနေတဲ့သူ့
အမေဆိုသူကလဲ မောက်မာလိုက်တာနှစ်
ယောက်မရှိဘူး။ ဒီစကားတွေကအတင်း
မဟုတ်ဘူး။ ည ည်းကိုအဲ့လိုမိသားစုနဲ့ပတ်
သက်တာ လုံးဝမကြိုက်လို့ပဲ ည ည်းနားလည်လား။ လူဆိုတာငွေချမ်းသာဖို့ထက် လူချမ်း
သာဖို့ကအဓိကပဲ။ဇာတ်လမ်းဖြတ်ပါ။ နောက်ထပ်ထပ်ပြောရမယ်ဆိုရင် ည ည်းလဲကျုပ်တို့နဲ့သေခန်းပြတ်ပဲ""
""မေမေ!!!!
အဲ့လောက်ထိပြောဖို့လိုလို့လား။ သူ့မိဘတွေ
မကောင်းတိုင်းသူက မကောင်းတဲ့လူတစ်
ယောက်ဖြစ်ရိုးလား။ အမှန်ဆိုသူ့ဘဝလေး
က သနားစရာလေးပါမေမေရယ်""
""သူ့မိဘတွေမကောင်းလို့ သူမကောင်းဘူး
ပြောနေတာ မဟုတ်ဘူး။ အဲ့ဒီကောင်လေးက
ဆေးစွဲနေတဲ့ ကောင်လေး။ ည ည်းဘဝကို
အဆုံးခံချင်ရင်တော့ အဲ့လိုဆေးသမားနဲ့
ဆက်ပတ်သက်။ အဲ့ချိန်ည ည်းကျုပ်တို့ကို
မိဘလို့လဲ လာမသတ်မှတ်နဲ့....""
ယတိပြတ်ပြောချသွားပြီး ကျောခိုင်းထွက်
ခွာသွားသည့်မေမေကျောပြင်ကို ကြည့်ပြီး
မှော်မျက်ရည်တွေရစ်ဝဲလာရသည်။ တစ်ခါမှ
မေမေခုလိုမပြောဖူးပါ။ သူနဲ့ပတ်သက်ပြီးမှ
မှော့်ကို သမီးအဖြစ်ကနေ စွန့်လွှတ်မယ်တဲ့
သဘောတွေနဲ့ ပြောသွားလိုက်တာများ
ပြတ်ပြတ်သားသား။ မှော်မျက်နှာကို လက်ဖဝါးနှစ်ဖက်နှင့် အုပ်ချလိုက်ပြီး လှိုက်
မောနေသည့် ရင်တွင်းခံစားချက်ကို မျက်ရည်.တွေနှင့်ဆေးကြောနေမိ၏။
ထိုမျက်ရည်တွေမှာ မောင့်ကိုအထင်သေး
ခြင်းတွေမပါခဲ့....မုန်းတီးခြင်းတွေမပါခဲ့ပါ။
သူ့အကြောင်းလေးကို သိရတော့ပိုပြီးသနား
သွားရတာပါ။ မေမေကလဲသူနဲ့အဆက်သွယ်
ဖြတ်ဖို့ပြောသွားလိုက်တာ အဆုံးအစွန်။
မှော်ဘာလုပ်ရမလဲမောင်။ မောင့်ရဲ့အမှောင်
ကျနေတဲ့ဘဝလေးငို မှော်ပြုပြင်ပေးချင်တာ
ပါ။ မောင့်အနားမှာနေပြီး မောင့်ကိုပျော်ရွှင်
မှု့လေး နှစ်ယောက်တစ်ဘဝထူထောင်ပြီး
ဖန်တီးပေးချင်တာ ပျော်ရွှင်မှု့လေးတွေပါ။
မောင်လိုချင်ပါ့မလား။
တစ်ဖက်ကမှော့်ရဲ့ မွေးသမိခင်၊ တစ်ဖက်က
မှော်သိပ်ချစ်ရတဲ့မောင်။
လက်တစ်ဖက်ကို ခိုင်ခိုင်တွဲချင်ရင် ကျန်တစ်
ဖက်ကို လွှတ်ချရမဲ့ အခြေအနေမျိုးဖြစ်လာ
ခဲ့ရင် မောင်ဆိုတာ ကျွန်မဘက်ရှိနေပေးရင်
အချစ်ကို ရူးရူးမိုက်မိုက် ကိုးကွယ်မိတဲ့ကျွန်မ
ဆိုတာ သမီးမိုက်တစ်ယောက်။
တစ်ခုပဲမှော် တောင်းဆိုချင်တယ်...
မောင်....မှော့်ဘက်မှာ ရပ်တည်ပေးခဲ့ရင်
မှော်ကျေကျေနပ်နပ်နှင့်ပဲ မောင့်လက်ကို
ခိုငျခိုငျတှဲ ပြီးသမီးမိုက်ဖြစ်ရဲပါတယ်မောင်။
~~~~~~~~~~~~~~~
[ တစ်ပတ်ခန့်ကြာပြီးနောက်...]
""ကျွန်တော် ရင်ထဲရှိနေတဲ့ ကောင်မလေး
တစ်ယောက်ကို ရည်ညွှန်းပြီး သီချင်းလေး
တစ်ပုဒ်ဆိုချင်ပါတယ်""
""ဖြောင်း...ဖြောင်း...ဖြောင်း""
""ရေး....ဘယ်သူလဲပြောပြပေးပါ""
""စီးချင်း....စီးချင်း""
ခေါင်းလေးငြိမ့်ပြီး သွားချွန်ချွန်လေးတွေ
ပေါ်သည်ထိ မျက်နှာပေါ်မှ ခြှေးစို့စို့လေးတှကေို ပုဝါလေးနှင့်သုတ်ကာ စွဲမက်ဖွယ်
အပြုံးတစ်ပွင့်ကို ထပ်ခြွေလိုက်ပြန်သည့်မောင်။ စတိတ်စင်ပေါ်မှ ဂီတာလေးကို
လက်ကမချတော့ပဲ အနက်ရောင်အကျီလက်
ရှည်လေးနှင့် ကြယ်သီးတွေကို ဗိုက်နားထိ
ဖြုတ်ထားသည့်သူ။
ပရိတ်သတ်တွေကို လက်ဝှေ့ရမ်းနှုတ်ဆက်ပြီး
ပြုံးနေရာမှ မျက်နှာလေးတည်လိုက်ပြီး....
""မိန်းကလေးတစ်ယောက်ကို ရင်ထဲအလိုလိုတမ်းတနေမိတာ အချစ်ဆိုရင် သေချာတယ်
ကျွန်တော်သူ့ကို ချစ်မိနေပြီ""
""ဝါး""
""ဖြောင်း...ဖြောင်း..ဖြောင်း""
သူ့အသံတစ်ချက်ပေးလိုက်တိုင်း လှိုက်ရှား
သွားပြီး စင်အောက်မှ များပြားသောပရိတ်
သတ်တွေ၏ အသံများမှာ တစ်ထပ်ထဲထွက်
လာပြီး ဆူညံသွားတတ်သည်။
""ပရိတ်သတ်ကြီးကို သက်သေထားပြီး
သူ့ကိုလွမ်းနေတဲ့အကြောင်းလေး သီချင်းလေးနဲ့အတူ သက်သေပြချင်ပါတယ်""
""ရေး....ရေး...ရေး...""
""ဘယ်သူလဲ...ပြောပြပေးပါ""
TVဖန်သားပြင်ပေါ် မြင်နေရသည့် သူ့အပြုံး
လေးကို ရင်ထဲမှတ်သားသိမ်းဆည်းထားပြီး
လွမ်းနေသမျှ အတိုးချမိတော့သည်။
သူ့ကိုဒီလိုအမြဲ ပြုံးနေတာလေးပဲ မြင်နေချင်
မိ၏။ ရှင်ပျော်နေတာပဲ မြင်ချင်တာပါ။
ရှင်သိလားမောင်....မှော်ကလေ မောင့်ကိုအရမ်းချစ်တယ်ဆိုတာ ဘာလိုချင်ရမက်မှ
မပါဘူး။ ချစ်နေရရုံနဲ့ ပြည့်စုံနေတဲ့ကျွန်မ
အချစ်က ရိုးရှင်းတယ်။
ရယူခြင်းလား...ပေးဆပ်ခြင်းလား...
ပိုင်ဆိုင်လိုခြင်းလား....ဘယ်အရာမှ
ကျွန်မအချစ်က သတ်မှတ်ကန့်သတ်ထား
တာမရှိဘူး။ အနားမှာမရှိချင်နေ လွမ်းနေသမျှကို မောင့်အကြောင်းတွေးပြီးဖြေသိမ့်
နိုင်တယ်။ ဒါပေမဲ့ မောင်စိတ်ဆင်းရဲနေမှာကို
တော့ မှော်အရမ်းစိုးရိမ်မိတယ်။
ဆိုဖာပေါ်ထိုင်ပြီး ဘေးမှာအသင့်ချထား
သည့် သစ်သျှူးတွေဆွဲထုတ်ပြီး အလိုလို
စီးကျနေသည့် မျက်ရည်တွေကိုသုတ်ပြီး
ဖန်သားပြင်လေးကို မျက်တောင်မခတ်ကြည့်
နေမိတာ သူရဲ့လှုပ်ရှားမှု့ဟူသမျှတိုင်းက
ကျွန်မအတွက် အသက်ရှူလိုက်တိုင်းရင်ခုန်
စေ၍ပါ။
""ပြောပြမှာပါ။ အချိန်တစ်ခုရောက်တဲ့နေ့
ကျွန်တော့်ရဲ့ "Gravity" လေးကို ခုတော့
ရင်ထဲမှာပဲ သိမ်းထားအုံးမယ်""
""ဝိုး....ဝိုး!!!""
""Gravity....""
""ပြောပြပေးပါ...ဘယ်သူလဲ""
လက်သီးဆုပ်လေးနှင့် သူ့ရဲ့ဘယ်ဘက်
ရင်အုံကို ထိကပ်ပြပြီးပြုံးကာပြောလိုက်
သည့် သူ့စကားများကြောင့် ပရိတ်သတ်တွေ
၏ အထင်အယူအဆတွေနှင့် ဆူညံသွားပြန်
သည်။
Gravity ဆိုပဲ။ မောင်...ရှင်ကျွန်မကိုအတွေး
နဲ့ပဲ ရူးအောင်လုပ်နေတာလား။ ရှင်ဘယ်သူ့
ကိုရည်ညွှန်းပြီးပြောနေတာလဲ။
MRTV.4 Channel မှ LIVE လွှင့်နေသည့်
သူ့မျက်နှာလေးကို မတွေ့ရတဲ့တစ်ပတ်
အတွင်း လွမ်းဆွတ်မှု့များနှင့် ပြောင်းလဲ
သွားသည့် အခြေအနေကို မှော်မုန်းချင်တယ်
မောင်။
အလိုလိုစိတ်ကမောင့်ဆီပဲ ရောက်နေမိတယ်။
""မှော်နေမကောင်းလို့ ရှမ်းပြည်ကိုဖျော်ဖြေ
ရေးထွက်ဖို့အတွက် မှော်မလိုက်တော့ဘူး""
""အကြောင်းပြချက်က နေမကောင်းတာ
ပဲလား""
""မှော်တကယ်နေမကောင်းလို့ပါ။""
ဘာစကားမှမဆိုပဲ ဖုန်းကိုချသွားပြီး
ယနေ့ချိန်ထိ တိတ်ဆိတ်စွာသူ့နဲ့မှော်ကြား
အေးစက်သွားပြန်သည်။
အမေ့ကိုလဲ ဒီရက်ကြားထဲဖြောင့်ဖျမယ်
ဆိုတဲ့အတွေးနှင့် ရှမ်းပြည်ဖျော်ဖြေရေး
သွားရမည်ကို မှော်ငြင်းလိုက်မိတာပါ။
ခုလိုသူ့ကိုမြင်နေရတော့ လွမ်းသလိုနှင့်
ရင်ထဲတစ်ခုခုကို ဆွေးဆွေးမြေ့မြေ့ခံစား
နေရတာ ဘာကြောင့်မှန်းမသိ။
""ကဲ...အားလုံးလိုက်ဆိုကြ....""
""....မြေမှာတို့ရဲ့....အချစ်ပန်းလေး.....
ပျက်ကြွေသွားချိန်မှာ....နင်းဖြတ်ကာသွား
တော့မယ်....မေ့လိုက်မယ်.....သွားဖို့လွယ်မလား....ကိုယ်ဟာမင်းရဲ့....ကိုယ်စားခံ....
ပျက်သုဉ်းပေးချင်တာ...ချစ်တဲ့သူငါ့သွေး
အားများနဲ့ လန်းဆန်းနေပါ...လေပြေသူ့
ကြောင့်....ကြွေသွားမဲ့နေ့ရောက်တဲ့......
အချိန်မှာ....ကိုယ့်အတွက်နဲ့....ဝင်ခံကြွေလိုက်
ပါ....ခိုင်းဖို့မလွယ်ပါ.....ကိုယ်သာမင်းရဲ့.....
ကိုယ်စားပဲ....ပေးဆပ်ချင်ခဲ့သာ.....ကိုယ်
သာပေးဆပ်လိုချင်း...နှလုံးသားယူသွား
လိုက်ပါ....အိုဝေးကွာအောင်......""
နားထဲတိုးဝင်နေသည့် သူ့အသံသြသြလေး
ကစွဲမက်ဖွယ်ရာ။
ကျွန်မလဲရှင့်ပရတ်သတ်တွေနဲ့အတူ
မောင့်ရဲ့ Gravityလေးကဘယ်သူလဲဆိုတာ
သိချင်လိုက်တာ။ ဖန်သားပြင်ပေါ်မှ သီးချင်း
ဆိုနေသည့်သူ့မျက်နှာလေးကို ကြည့်ပြီး
မှော်ချစ်မဝဖြစ်နေမိ၏။
ရင်ဘတ်မှမြင်နေရသည့် တက်တူးတွေမှာ
လဲ ဆွဲဆောင်မှု့တစ်ခုပဲလား။
ပြုံးလိုက်တိုင်း ပေါ်သွားတတ်သည့် သွား
ချွန်ချွန်လေးတွေမှာလည်း ဆွဲဆောင်ခြင်း
တစ်နည်းလား။
ချစ်တယ်မောင်...မောင့်ကိုမှော်အရမ်းချစ်
တယ်။ မောင်ဘာပဲ ဖြစ်ဖြစ်ချစ်တယ်။
မောင့်ကိုမှော်ပြုပြင်ပေးမယ်။ ဒါပေမဲ့
မောင်လက်ခံနိုင်ပါ့မလား။ မောင်သာ
မှော့်ဘက်မှာရှိနေခဲ့ရင် မောင့်အရှေ့မှာ
ရပ်ပြီး အရာရာကိုရင်ဆိုင်ပြစ်မယ်။ အဓိက
မောင်ဒို့ဘက်မှာရှိနေဖို့ပဲ မောင်....။
Ring...Ring....
ဟင်..။
မှော်တီဗွီရှေ့ သူ့အကြောင်းတွေတွေးပြီး
ငုပ်တုတ်မေ့နေတာ ရုတ်တရက်ဖုန်းမြည်
လာမှ အသားလေးပင်တုန်သွားသည်ထိ
လန့်သွားမိ၏။ တုန်ယင်သွားသည့်စိတ်ကို
ချုပ်တည်းပြီး အဆက်မပြတ်မည်နေသည့်
ဘေးမှာချထားသည့် ဖုန်းကိုလှမ်းကြည့်မိတော့....
""မောင်...""
~~~~~~~~~~~~~~
အခန်း [ ၁၁ ] မျှော်
AUTHOR~~~ငှေသုန်ဒရီ