book

Index 1

အခန်း [ ၁ ]

📖အ ရိ ပ် တ စ် ခု ပို င် ဆို င် ခြ င်း📖

အနီ​ရောင်တုပ်ထိုးချိုချဥ်လုံးလေးကိုပါးတွေပိန့်လိုက် ဖောင်းလိုက်ဖြစ်သည်ထိအားပါ
တရစုပ်ပြီး ပန်းရောင်ထီးလေးတစ်လက်နှင့်
ကော်ရစ်တာ လမ်းမကြီးတစ်လျှောက်သူတစ်
ယောက်တည်းပြည့်နေသည့် လမ်းလေးပေါ်မှ
ဝဝလုံးလုံးကောင်မလေးတစ်ယောက်။ အပူ
အပင်ကင်းမဲ့စွာ ဘေးပတ်ဝန်းကျင်ဘာဖြစ်
နေလည်းသူမ ဂရုမထား။ ယခုချိန်သူမစားနေ
သည့် ချိုချဉ်လုံးလေးလောက် ဘယ်အရာမှ
အာရုဏ်မလာ။ မေမေကမစားပါနှင့်ဟု အတန်တန်မှာပေမယ့် ဘယ်လိုမှသံယောဇဉ်
မဖြတ်နိုင်သည့် ချိုချဉ်လုံးလေးကို အိတ်ထဲ
အမြဲဆောင်ထားပြီး ကျောင်းလာလျှင်ခိုးစား
နေတတ်သည့် ""မှော်ပန်းချီ""။

နေ့လည်ကျောင်းတက်ချိန်ကြီး နောက်ကျနေ
တာကိုပင် ဂရုမစိုက်စွာ စိတ်ကူးလေးယဉ်ပြီး
ကျောင်းသို့သွားနေသည့် သူမလိုဝဝလုံးလုံး
လေးကို ကျောင်းမှကောင်လေးတွေ တစ်
ယောက်မှစနောက်ခြင်းမရှိ။ ဒါကိုပင်သူမမှာ
တော့အကျေနပ်ကြီး ကျေနပ်နေတာပဲမဟုတ်
လား။ အမေကဆို မှော်အစားသောင်းကျန်း
လို့ အစားလျော့ခိုင်းတာ။ မေမေနှင့်သူငယ်ချင်းလိုပေါင်းသည့် မှော်နှင့်မေမေထို
အချိန်တွေတိုင်း ရန်ဖြစ်နေကြ။ ယခုပင်ကျောင်းလာခါနီး မေမေနှင့်ရန်ဖြစ်ခဲ့သေးသည်။

""မိမှော်!!!!! လူကကြီးနေပြီ ဒီအချိုတွေက
စားတုန်း ငါ...နော်ခေါက်ထည့်လိုက်တော့
မယ်""

""အား!!!!
မေမေ ခေါက်ပြီးသွားပြီလေ ဘာကိုခေါက်
ထည့်လိုက်ရလဲ မေမေစိတ်ပုတ်ကြီး""

မေမေလက်ချက်ကြောင့် ခေါင်းထဲအီစလန်ဝေသွားရသည်။ တစ်ဆက်ထဲကယ်ြတွေလ
တွေပါမြင်သွားရသလိုပင်။ငိုမဲ့မဲ့မျက်နှာလေးနှင့် မေမေထံမျက်စောင်းက ဒိုင်းကနဲရောက်
ပြီးသား။

""တိတ်စမ်း!!!!
ငါ့ကိုပါးစပ်ပြဲကီးနဲ့ အော်မနေနဲ့ ဒီအချိုတွေ
စားလို့ ငယ်ငယ်ကသွားတစ်ချောင်းမှမကျန်
အောင်ကျိုးတာလဲ မမှတ်ဘူး""

""မေမေနော်....ဒီအားနည်းချက်ပဲ လာလာပြီးတိုက်ခိုက်နေတာ အဲ့ဒါငယ်ငယ်ကခုကြည့်ပါ
လား သွားတွေအစုံပေါက်နေပြီနော် မေမေ""

""အေး ည်းခုလို သကြားလုံးတွေစား ချောက
လက်တွေစားနဲ့ဆို သွားတွေအကုန်ပြန်ကျိူး
လိမ့်မယ်ကြည့်နေ ဒီသမီးလေးတစ်ယောက်
ထဲရှိပါတယ် ပြောရကျပ်ဆိုရကျပ်နဲ့ ငါတော့
ညည်းနဲ့ကြာကြာနေရရင်အသက်တိုလိမ့်မယ်""

""အဲ့ဒါကြောင့် မေမေ့ကို မောင်လေးမွေးပေး
ပါလို့ပြောတာပေါ့""

မှော်စကားကြောင့်"ဒေါ်မေရီ"ရင်ဘတ်ကလေး
ဖိပြီး မျက်လုံးတွေပြူးကျယ်သွားရသည်။
ကိုယ့်ရှေ့မြင်နေရသည့် အသားဖြူဖြူဝလုံး
လေးလို့ လုံးလုံးပြည့်ပြည့်လေးနှင့် ဆယ်တန်း
ကျောင်းသူသမီးလေး။ အမြဲတမ်းပြောစကား
နားမထောင်တတ်ပဲ လုပ်ချင်ရာလုပ်ပြီးအမေ
နှင့်အပြိုင်ရန်ဖြစ်တတ်သော သမီးလေး။ အိမ်
မှာမရှိသည့်အချိန်ဆိုလျှင်လည်း ဒီသမီးလေး
ကိုလွမ်းရသလို ရှိနေပြန်တော့လဲ သားအမိနှစ်
ယောက်မှာ အချိန်ပြည့်ရန်ဖြစ်ရသည်။ မတည့်အတူနေမမြင်ချောင်းကြည့် သားအမိဟု
သူ့အဖေအမြဲပြောတတ်သည်။

ဒီလိုရန်ဖြစ်တိုင်းလည်း မောင်လေးမွေးပေးပါ
ဆိုပြီးအမြဲပူဆာတတ်သည့်သမီး။

""ဒီအသက်ဒီအရွယ်ကြီးနဲ့ မွေးစရာလား
ည ည်းတစ်ယောက်နဲ့တင်ကို တော်တော်စိတ်
ပျက်နေလို့ မွေးလို့ရလဲမမွေးဘူးအေ""

""မမွေးပေးချင်နေ သမီးကလဲမောင်လေး
မမွေးပေးမချင်း ဆိုးနေမှာပဲ""

""ည ည်းနော်ညည်းငါ့ကို ဒါနဲ့ပဲအနိုင်ယူနေတာ""

အသက်သုံးဆယ်ကျော်မှ အိမ်ထောင်ပြုကြ
သည့် မှော်မိဘများသည်ခုလိုလေးဆယ်ကျော်အရွယ်ကြီး ကလေးမွေးဖို့ရန်ရှက်ကြ
သည်ကိုအလိုက်ကန်းဆိုးမသိစွာ တဂျီဂျီပူ
ဆာတတ်သော မှော်ပန်းချီ။ ဒါကမေမေအပေါ်မှော်နိုင်ကွက်ဖြစ်သလို မေမေကလဲမှော်အပေါ်နိုင်ကွက်တွေနှင့် သားအမိနှစ်
ယောက်မှာ တစ်ယောက်ယောက်နှင့်တစ်
ယောက်အမြဲအနိုင်ယူနေကြပါပဲလေ။

ခုလဲ""မှော်""မေမေကိုအနိုင်နဲ့ပိုင်းပြီးကျောင်း
သွားဖို့ရန် အသင့်စောင့်နေသည့် ဖေဖေကား
ပေါ်ကြီးထံပြေးတက်ပြီး ထွက်ခဲ့တာ။ မေမေ
ဒေါသထွက်ပြီးကျန်နေမှာ အသေအချာပဲ။
​ေမှာ်အတွေးများနှင့် လမ်းတစ်လျှောက်ပြုံးစိစိ
နှင့်လျှောက်နေမိသည်။

ကျောင်းဆောင်ကြီးတွေထံ ရောက်ဖို့ရန်အတွက် ဆယ်မိနစ်မျှလမ်းလျှေက်ရသေး
သည်။ ထိုလမ်းတစ်လျှောက် ကျောင်းဝန်းထဲ
ခြံစည်းရိုးကာရံထားခြင်းမရှိသေးသည့်
ရေကန်ကျယ်ကြီးရှိသည်။ ထိုရေကန်ကိုဖြတ်
ပြီးမှ ကျောင်းဆောင်ဘက်ရောက်သည်မို့
မှော်ရေကန်ဘက် မျက်လုံးလေးစွေပြီးတစ်
ချက်ရှိုးလိုက်သည်။

အရင်ကဆိုအဲ့ကန်ဘက်မှာ အတွဲတွေချိန်းနေ
ကြတာတန်းစီလို့။ ကျောင်းအုပ်ကြီးကဒါတွေ
သိ၍နေမည် ခြံစည်းရိုးအုတ်တံတိုင်းတွေ
ကာရံနေတာမပြီးသေးတော့ တစ်ချို့သော
ကျောင်းသားတွေ မုန့်စားနားချိန်တွေဆို ရေ
ကန်ဘက်သွားသွားပြီး အတွဲချိန်းတဲ့သူက
ချိန်းပြီး ဆေးလိပ်ခိုးသောက်ကြသူတွေကသောက်နှင့် စုံနေတာပဲ။ မှော်တို့ကတော့ကျောင်းတက်လာသည့် ဆယ်နှစ်တာတစ်
လျှောက်သိတတ်စ အရွယ်ထဲက စားမယ်အိပ်
မယ် အောင်သွယ်ပေးမယ် အတွဲချောင်းမယ်
ဆိုတာလောက်သာအာရုဏ်များသူလေ။
ဒီတော့မုန့်စားဆင်းချိန်ဆို မှော်သူငယ်ချင်း
""လီလီနုသွေး""တရုတ် ဗမာကပြားမနှင့်စပ်စု
နေကြ။ လီလီကအရပ်ရှည်ပြီး တရုတ်သွေး
နှော၍ အသားဖြူပြီးအရပ်ရှည်ကာ ကြည့်၍
လှသည်။ မှော်ကတော့ဝတာမဟုတ်ပဲ ပြည့်သည်ထက် ပိုပြည့်နေသည်ကြောင့်ဝတဲ့ဘက်
ကူးနေသည်မို့ မေမေကဖက်တီးမပဲခေါ်သည်။

""ချွမ်....ချွမ်....ချွမ်""

""ဟာ!!!
ငါတော့သေပြီဆရာ!!! အတွေးတွေလွန်နေတာ ကျောင်းကတက်သွားပြီ အမြန်ပြေးမှပဲ
မဟုတ်ရင် ထိုင်ထဆယ်ခါလုပ်ရတော့မှာ...""

မှော်တစ်ယောက်အတွေးလွန်နေရာမှ နေပူပူ
ကြီးထဲ ထီးတစ်လက်နှင့် စာအုပ်တွေအပြည့်ထည့်ထားသည့် လွယ်အိတ်အနင့်ကြီးကိုတအင့်အင့်နှင့် လွယ်ပြီးကျောင်းဆောင်ဘက်
ခြေလှမ်းတွေကို သွက်လိုက်စဉ်မှာ ကြားလိုက်ရသည့်အသံမှာ.....

""ကယ်...ကယ်ကြပါအုံး။ ဒီမှာရေနစ်နေလို့ပါ
ကယ်ပေးကြပါအုံး""

အသံကြားရာဘက် မှော်မျက်လုံးတွေနှင့်နား
တစ်ဖက်မှာ ရှာဖွေနေပြီး ရေကန်ဘက်မှလာ
သည့်အသံနှင့်အတူ ကုက္ကိုပင် အောင်ကလေး
တွင် အကျီအဖြူလေးနှင့် လက်ယက်ခေါ်နေ
သည့်မိန်းကလေးတစ်ဦး။ ရေထဲမှာကတစ်
ယောက်။

""အီး...ဟီး...ကယ်ကြပါအုံး""

ငိုသံကျယ်ကြီးနှင် အကူအညီတောင်းနေသည့် မိန်းကလေးအသံကြောင့်
မှော်ဘာမျှတွေးမနေတော့ပါပဲ စားလက်စ
သကြားလုံးကို ရောက်တတ်ရာရာလွင့်ပြစ်
လိုက်ပြီး လွယ်အိတ်နှင့် ထီးကိုလည်းဖြစ်သ
လိုပြစ်ချကာ ရေကန်ဘက်သို့ ပြေးသွားလိုက်
သည်။ ပြောရအုံးမယ် မှော်ကရေကူးချန်ပီယံ
လေ။

~~~~~~~~~~~~~~~~~

""အွန်း!!!!.""

"".......""

""အဟွတ်...အဟွတ် ဖယ်အသက်ရှူကျပ်လာပြီ...အဟွတ်""

""အယ်!!!!
ဟို...သတိရလာပြီလား""

မှော်စေတနာတွေရေစီးကမ်းပြို ဖြစ်သွား
သည်လားမသိ။ ရေထဲမှဆယ်ပြီးသည်နှင့်သတိမလည်သေးသည့် သူ့ကိုအသက်ရှူလေ
ကြောင့်ပွင့်ဖို့ရန်အတွက် မှော်ဇာတ်ကားတွေ
ထဲကည့်ဖူးသလို သူ့နှုတ်ခမ်းနှင့် မှော်နှုတ်ခမ်း
တေ့ပြီးလုပ်ကြည့်တာ သူ့နှုတ်ခမ်းရဲရဲတွေ
ကြောင့်မှော်မှာမခွာနိုင်တော့။ သူ့နှုတ်ခမ်းလေ
လှုပ်လာမှ​ေမှော်သတိဝင်ပြီး ရှက်ရှက်နှင့်ရုတ်
တရက်နောက်ဆုတ်မိသား။ချောမောလွန်းသည့် သူ့မျက်နှာကိုကြည့်ပြီး မျက်နှာမှာရှက်ရွှံ့မှု့တွေကြောင့် ပျာယာခတ်သွားကာ ထရနိုးနိုးထိုင်ရနိုးနိုးနှင့် ရင်ဘတ်ကလေးကိုလက်ချောင်းသွယ်သွယ်လေးတွေနှင့်ဖိပြီး ချောင်းတွေအဆက်မပြတ်ဆိုးနေသည် သူ့မျက်နှာကိုသာဆက်ငေးနေမိသည်။ ဘေးမှ
မိန်းကလေးမှာ သူ့လက်မောင်းကိုကိုင်လိုက်
သည်နှင့် ချက်ချင်းဆောင့်ရုန်းပြစ်တာကြည့်
နေသည့်မှော်ပင် လန့်သွားရသည်ထိ သူ့အပြု
အမှုမှာ မလိုလားမှုတွေများစွာနှင့် ငြင်းဆန်
ပြစ်သည်။



""စီးချင်း!!! ရလား.... အဆင်ပြေလားဟင်!!!
ငါ့ကြောင့်ဖြစ်ရတာ ငါတောင်းပန်ပါတယ်နော်
ငါ့ကိုခွင့်လွှတ်ပါ""

""ဖယ်စမ်း!!! ငါ့အသားကိုမထိနဲ့ ကံကောင်း
လို့ငါမသေတာကို မင်းကိုငါကခွင့်လွှတ်ပေး
ရမယ်လား""

""စီးချင်း...အဲ့လိုမပြောပါနဲ့ ငါတကယ်တောင်းပန်ပါတယ်နော်""

လေသံမာမာမျက်နှာမာမာနှင့် မျက်ရည်စီး
ကြောင်းလေးတွေနှင့် တောင်းပန်နေသည့်သူ
တို့နှစ်ယောက်ကို ကြည့်ပြီး​ှေမာ်နားမလည်တော့ပါ။ ​ေမှာ်လဲတစ်ကိုယ်လုံးရေတွေစိုရွှဲနေပြီးသူသည်လဲ ထိနြည်းတူ။ ​ေမှာ်ထံကြည့်လာ
သည့် သူ့မျက်ဝန်းများမှာ အသက်သခင်ဆိုပြီးနူးညံနေခြင်းမရှိ။ ခပ်စူးစူးအကြည့်များ
နှင့် တည်တင်းထားသည့် သူ့နှုတ်ခမ်းအစုံမှ
ပွင့်ဟလာသည့်စကားတစ်ခွန်းမှာ....

""ကျေးဇူးပဲ""တဲ့။
တကယ်ဆိုဒီထက်ပိုတဲ့
စကားလေးနှင့် လှိုက်လှဲပျူငှာစွာ ကျေးဇူး
တင်ရမှာမဟုတ်ဘူးလား။ နေရာတကာစွာ
တတ်သည့် မှော်ယခုတော့တိတ်ဆိတ်နေတာ
ထူးဆန်းလေစွ။ ထိုစကားတစ်ခွန်းလေးသာ
ပြောပြီး ကျောခိုင်းလှည့်ထွက်သွားသည့် သူ့
ကျောပြင်ကြီးကို မှော်ငေးနေမိတာပါ။

""စီးချင်း!!!
ငါတောင်းပန်ပါတယ်....""

""ဆက်လိုက်မလာနဲ့!!! ငါစကားကိုနှစ်ခါမပြောဘူး ဒေစီ""

မျက်လုံးနီတွေနှင့် အံ့ကြိတ်သံကြီးပါကြား
လိုက်ရသည်ထိ သူ့အသံကြီးမှာကြောက်စရာ
ကြီးမို့ မှော်အသားလေးပင်တုန်သည်ထိလန့်
သွားရသည်။ သူ့ဘေးမှကောင်မလေးကတော့ငိုပြီး သူ့နောက်တကောက်ကောက်နှင့်လိုက်ပါပြီး ထွက်သွားကြပြီ။ အဖြူအစိမ်း
တွေဝတ်ထားကြသည့် သူတို့နှစ်ယောက်ကို
ကြည့်ရပုံမှာ မှော်တို့ကျောင်းကပဲနေမှာပါ။
ဒါပေမဲ့ မှော်သူတို့နှစ်ယောက်ကို တစ်ခါမှမတွေ့ဖူးတာသေချာသည်။ ကျောင်းသားအသစ်တွေနေမှာပါ။

မှော်ရေတွေစိုသွားသည့် မှော်ကိုယ်မှော်ပြန်ငုံ့
ကြည့်ပြီး မတ်တပ်ရပ်လိုက်ကာပြုံးလိုက်မိ
သည်။ ကျေနပ်တယ် ဘာတွေဖြစ်ဖြစ်သူ့လို
အရမ်းချောတဲ့ ကောင်လေးတစ်ယောက်နှင့်
ဆုံဆည်းခွင့်ပေးလို့မှော်ကျေနပ်တယ်။

ထိုနေ့မှာမှော် ရေစိုကြီးနှငိ့ဆရာမကို ရှင်းပြ
ပြီးအိမ်သို့ပြန်ခဲ့ရသည့်အချိန်မှာ ရေစိုကြီးနှင့်
နှစ်နာရီကျော်မျှနေလိုက်ရ၍ နောက်တစ်နေ့
မှာ​ေှော်နှာတွေစေးပြီး ဖျားတော့တာပါပဲ။
ကျောင်းမသွားနိုင်အောင် ဖျားသွားသည့်မှော်
ကိုမှော်အပြစ်တင်၍မဆုံးတော့ပါ။ အရင်က
ဆိုနေကောင်းပါရဲ့နှင့် ကျောင်းမသွားချင်
သောမှော်သည် ကျောင်းမကောင်းယောင်
ဆောင်ပြွးနေခဲ့သည်။ ယခုတော့နေမကောင်း
တာကိုပင်အပြစ်တင်တတ်နေပြီ ဘယ်သူ
ကြောင့်လဲ။

သေချာတာတစ်ခုတော့ မှော်နှလုံးသားလေး
ထဲသူ့ကိုတံဆိပ်ရိုက် မှတ်သားထားလိုက်ပြီ
အမည်လေးက""စီးချင်း""တဲ့။

~~~~~~~~~~~~~~~

""မေမေရေ!!!
သမီးမိုးရေတွေ ကြည့်ချင်လို့ပြတင်းပေါက်
လေးဖွင့်ပေးပါလား""

ညောင်စာစာအသံလေးနှင့် သနားကမားသမီး
မျက်နှာလေးကြောင့် ဒေါ်မေရီဆန်ပြုတ်ခွံပေး
နေရာမှ စိတ်မကောင်းဖြစ်ရသည်။ မတည့်ရင်
လဲမတည့်ကြလို့။ ခုလိုသမီးလေးနေမကောင်း
ဖြစ်လာခဲ့ရင် မနေနိုင်မထိုင်နိုင်အောင် ပျာယာ
ခတ်ပြီးဂကုစိုက်ရတာလဲ ဒေါ်မေရီပါပဲ။

""သမီးရယ် မိုးတွေအရမ်းရွာပြီးခြိမ်းနေတာ
လေတွေပါကြမ်းနေတာ အခန်းထဲမိုးတွေဝင်
ကုန်မှာပေါ့""

""ဒါဆိုခန်းစီးစလေးပဲ ဖွင့်ပေးသမီးမိုးရေစက်
တွေကိုကြည့်ချင်တယ် ""

""ဟုတ်ပီကွယ် ဆန်ပြုတ်ကိုတော့ကုန်အောင်
သောက်ရမယ်နော် ပြီးရင်ဆေးသောက်မယ်
လို့ကတိပေးထားတယ်နော်""

""ဟုတ်ကဲ့ပါမေမေရဲ့""

မှော့်ကိုကလေးတစ်ယောက်လို ကြည့်ပြီး
လက်ညှိုးလေးထောင်ပြီး သတိတွေပေးနေတဲ့
မေမေ။ မသိရင်မှော်ကပဲ အရမ်းဂျစ်တိုက်နေ
သလိုပဲ။ မှော်ကဆေးသောက်ပဲပျင်းတာပါ။
ဆေးသောက်မကြောက်ပါဘူး။

အိပ်ယာထဲမှာနေနေရတာ မနေ့ထဲက။ မှော်
အရမ်းငြီးငွေ့လာပြီ။ အထူးသဖြင့်မှော်ကျောင်းမသွားရတာပဲ။ မနေ့ကတွေ့ခဲ့တဲ့သူ့
ကိုနောက်နေ့တွေ့ရမယ် ဆိုပြီးမှော်တွေးထား
တာခုတော့မှော်န္ဒတွေ သွားပြီ။ သူ့ကိုမတွေ့
ရတော့ဘူးလေ။ ဒီအကြောင်းတွေးမိတိုင်း
နေမကောင်းဖြစ်တဲ့မှော်ကိုမှော်ပဲ အပြစ်တွေ
တင်နေမိတာ မပြီးနိုင်တော့ပေ။

""ကဲ!!!!
မယ်မင်းကြီးမလေး!!! ခန်းစီးစတွေဖွင့်လိုက်
ပြီးပြီ။ မိုးစက်တွေလဲမြင်ရပြီ ဆန်ပြုတ်သောက်ပြီး ဆေးသောက်ဖို့ပဲ ကျန်တော့တယ်""

""ဟယ်!!!
မေမေရေ ကြည့်ပါအုံး။ ဟိုဘက်ခြံကလေး
ထပ်တိုက်ကြီးက ပြီးသွားတာမြန်လိုက်တာ
သမီးတောင်မသိလိုက်ဘူး အိမ်ကလဲအရမ်း
လှတာပဲ ဆေးရောင်ကအစအရမ်းမိုက်တယ်""

ပြတင်းပေါက်နားသွားပြီး ဆေးမသောက်ချင်
တာနှင့် မေမေကိုစကားလမ်းကြောင်းတွေ
လွဲပြီး ပြောနေပေမယ့် ဟိုဘက်အိမ်ကပြီး
သွသည်ကိုတော့ မှော်အရမ်းအံ့သြမိတာအမှန်ပါပဲ။ အနောက်မှာလာရပ်သည့် မေမေ့
ကိုသွားဖြီးပြပြီး မေမေ့ခါးလေးကိုဖက်ထား
မိသည်။

""ဟုတ်တယ်သမီး မေမေတောင်သတိမထားမိလိုက်ဘူး ပြီးသွားတာမြန်လိုက်တာ။ အေး
ပေါ့ပိုက်ဆံရှိရင် ဘာမဆိုဖြစ်တာပဲ အမြန်ပြီး
ချင်ရင်အမြန်ရတာပဲ အနှေးပြီးချင်ရင်အနှေး
လုပ်လို့ရတာပဲ အဓိက ကငွေပဲပရေးကြီးတာ
အဲ့ဘက်အိမ်ကပိုက်ဆံတော်တော်ရှိမဲ့ပုံပဲ""

ကလောနှင့်ပြင်ဦးလွင်တွေမှာ စိုက်ခင်းများ
စွာပိုင်ဆိုင်ထားသည့် မေမေကဒီလိုစကားမျိုး
ပြောသည်တဲ့။ သူတို့ဘယ်လောက်ချမ်းသာ
လဲမသိဘူး။ အိမ်ကိုကြည့်တာနှင့်ပဲ ကျောချမ်
ချင်စရာပါပဲလေ။ ခြံကလဲအကျယ်ကြီးပဲ။
ခြံထဲမှာလဲ ရေကူးကန်၊ ဘတ်စကတ်ကွင်း၊
ပန်းခြံအများကြီးပဲ မှော်မြင်ရသလောက်နှင့်
ကိုတော်တော်စုံနေပြီ။ မှော်တို့အိမ်ကနှစ်ထပ်
တိုက် ဟိုဘက်ခြံကလေးထပ် ဘယ်လောက်
ကွာနေပြီလဲ။

""မေမေအဲ့အိမ်မှာ လူတွေရောက်နေပြီလား""

""လွန်ခဲ့တဲ့နှစ်ရက်လောက်ကတော့ မေမေ
တွေ့လိုက်တယ် သုံးယောက်လားလေးယောက်လားပဲ မျက်နှာထားတွေကတော့မာ
တယ်။ အရောမဝင်နဲ့နော်မိမှော် ညည်းကို
တခါထဲသတိပေးထားမယ်""

ချက်ချင်းလေသံနှင့်မျက်နှာထားပါပြောင်း
သွားသည့် မေမေ့ကြောင့် မှော်သက်ပြင်းလေး
ချပြီး မေမေထံအကြည့်များရောက်သွား
သည်။

""မေမေကလဲ မှော်ကမသိပဲအရောဝင်စရာ
လားလို့ ကို့သမီးကိုယ်အရမ်းအထင်သေး
တာပဲ""

""အထင်သေးတာမဟုတ်ဘူးဟေ့!!!!
ညည်းကိုမယုံတာ နေရာတကာပါလေရာ
ငပိချက်ခုလဲ နေရာတကာဝင်ပါလို့ ဖျားနေတာလေ နောက်ကိုမြဲမဲမှတ်ထား ရေနစ်ရင်
ဘယ်တော့မှမကယျမိပါစနေဲ့ အခန့်မသင့်ရင်နှစ်ယောက်သလုံး ရုန်းရင်းဆန်ခတ်နဲ့အကြောက်လွန်ပြီးသေတတ်တယ် နားလည်လား""

""ကြည့်!!!
အဲ့မေမေကလေ သူများအားနည်းချက်ဆို
အရမ်းစိတ်မှတ်ကောင်းတာပဲ မလုပ်ပါဘူး
ဆိုလဲပြောလို့မပြီးတော့ဘူး""

အဟီး။
သေပျော်ပါတယ် သူ့ကိုကယ်တင်ခွင့်ရတဲ့
အခွင့်အရေးကိုပဲ မှော်ကျေးဇူးတင်နေမိတာ မေမေတာသိရင် ခေါင်းတော့ထူပူနေအောင်
အခေါက်ခံရမှာ အသေအချာပါပဲ။

""ကြိုတင်သတိပေးထားတာ ညည်းလေးက
ပြောစကားဘယ်တုန်းကနားထောင်လို့လဲ
ရှေ့တင်တာဟုတ်ကဲ့ ကွယ်ရာမှာလုပ်ချင်ရာ
လုပ်တတ်တဲ့ ကလေးည ည်းအကြောင်းမသိ
ဘူးများမှတ်နေလား""

""မေမေကလဲ""


သားအမိနှစ်ယောက် စကားပြောကြပြီဆို
အငြင်းလေးကပါလိုက်ရမှ။ မှော်ကလဲမှော်
ပါပဲ မေမေပြောသလိုနေရာတကာစပ်စုတတ်
တာမှော်အကျင့်။

""ကဲ...ကဲလာတော့။ ဆန်ပြုတ်သောက်ရမယ်
ည ည်းလေးကျုပ်ကိုလူလည်လာမလုပ်နဲ့
လာ""

ပြတင်းပေါက်နားရပ်နေပြီး သားအမိနှစ်ယောက်အတင်းတုပ်နေရာမှ မှော်လက်ကို
ခုတင္ေပာ်ထိဆွဲခေါ်လာသည့်မေမေ။

""ဟီး...မေမေလူလည်ကြီး""

""ည ည်းအမေပဲလေ ဒီလောက်မှမလည်ရင်
ည ည်းလေးကျုပ်ကိုရောင်းစားသွားမှာပေါ့""

မှော်လျှာလေးတစ်လစ်ထုတ်ပြီး ဘာမျှဆက်
မပြောတော့ပဲ မေမေတိုက်သည့်ဆန်ပြုတ်ကို
မသောက်ချင်သောက်ချင်နှင့် မျက်နှာရှုံ့မဲ့ကာ
အောင့်အီးပြီကုန်အောင်သာ မေမေ့စိတ်တိုင်း
ကျသောက်လိုက်ရတော့သည်။

~~~~~~~~~~~~~

နောက်တစ်နေ့ကျောင်းသို့ အစောဆုံးသွားပြီး
လီလီကိုပါ ကျောင်းစောစောလာဖို့ရန် ဖုန်းဆက်ပြောထားသည်နှင့်လီလီပါ ကျောင်းအစောကြီးရောက်လာသည်။ ကျောင်းခန်းထဲသန့်ရှင်းရေးတွေလုပ်ရင်း မှော်ပြောသမျှမျက်လုံးဝိုင်းလေးတွေနှင့်နားထောင်နေသည့် လီလီ။

""နင်ပြောပုံအရဆိုရင် သူကပွေမဲ့ပုံပဲနော် ""

"ဘာလို့လဲဟ!!!""

လီလီစကားကြောင့် မှော်မျက်ခုံးလေးတွေစု
ကျုံ့သွားသည်ထိ အလိုမကျမှု့တွေပေါင်းစု
သွားရသည်နှင့် တတွတ်တွတ်ပြောနေသည့်
စကားသံလေးမှာတိခနဲတိတ်သွားပြီး လီလီ
ထံမကျေမနပ်အကြည့်တွေ ကျရောက်သွားရ
သည်။ သူ့ကိုနည်းနည်းလေးမှ အပြစ်ပြော
တာကိုမခံနိုင်လောက်အောင် မှော်စိတ်တွေထဲ
သူကြီးစိုးနေတာ စတွေ့သည့်နေ့ထဲကပါပဲ။

""နင်ပြောပုံအရစဉ်းစားကြည့်လေ သူတိုနြှစျ
ယောက်က ချစ်သူတွေပုံစံပဲကို""

""မဖြစ်နိုင်ပါဘူး....ဖွဟဲ့လွှဲပါစေ ပယ်ပါစေ
ပါးစပ်ပုတ်ကြီးနဲ့ မပြောနဲ့တော့ မဟုတ်ဘူးသူ့မှာဘာရည်းစားမှမရှိဘူး ငါပဲဖစ်ရမယ်""

တံမြက်စည်းလေးမှာ ထိုင်ခုံမှာမှီစေပြီးလက်တစ်ဖက်မှာ ခါးလေးထောက်လျှက် ကျန်တစ်
ဖက်မှာ လက်မလေးထောင်ပြီးကြုံးစားနေ
သည့်မှော့်ကို လီလီမျက်စောင်းတွေထိုးနေသည်။

""ရူးမနေနဲ့.... ဟိုကဖြင့်နင့်ကိုကျေးဇူးစကား
တစ်ခွန်းလေးပြောသွားတာကို ကျေကျေနပ်နပ်နဲ့ စွဲလမ်းနေတာ တရားလားလို့စဉ်းစားမိ
ရဲ့လားအရူးမရဲ့""

""မသိဘူးဟယ်!!!
သူ့ကိုအစစအရာရာခွင့်လွှတ်ပြီးသား ဒါမဲ့
လောဘတော့ကြီးတယ် သူ့အချစ်ကိုရချင်တယ် အဟီး""

""နင်ဆေးမှားစားမိပြီ မိမှော်ရေ။ ငါတို့က
ကျောင့းစာလုပ်ရမဲ့အချိန်နော် အဲ့ဒါတွေစိတ်
ထဲထည့်ထားဖို့မသင့်ဘူး""

""ခုမှနှစ်စပဲရှိသေးတယ်ဆရာမ၊ တရားလာ
မချနဲ့ ပညာကိုသာသင်ကြားလမ်းညွှန်းပေးလို့
ရမယ်၊ အချစ်ကိုတော့တားဆီးပြုပြင်လို့မရ
ဘူး၊ ရင်ထဲကခံစားချက်ပန်းချီကားလေးက အသက်ဝင်သွားပြီ""

""အရူးမ...ဘယ်ကတတ်လာတာလဲ နင်တော့
တကယ်ရူးတေ.့မယ်မိမှော်၊ တစ်ခါလေးမြင်
ဖူးရုံနဲ့အဲ့လောက်စွဲလမ်းနေတာ မလွန်လွန်းဘူးလား""

""မသိတော့ဘူး ငါ့မျက်လုံးထဲသူ့ကိုပဲမင်နေတာ။ စကားမများနဲ့ဟယ်မြန်မြန်လုပ် သူ
ဘယ်အခန်းကလဲ စုံစမ်းရမယ်""

""ဒါမျိုးကြ တက်ကြွနေတာဟုတ်လား
ရုပ်ကိုက မျောက်အုံးသီးရတဲ့ရုပ်နဲ့ ဖြီးနေတာပဲ""

""ချစ်တာကိုးဟ!!!!""

ရယ်သံလေးတွေနှင့် ကျောင်းခန်းထဲဆူညံ
သွားပြန်တော့သည်။ အချစ်ကထူးဆန်းသား
လုပ်ယူဖန်တီးစရာမလိုပါပဲ အလိုလိုဖြစ်ပေါ်လာတာလဲ အချစ်ပဲလား။

~~~~~~~~~~~~~

နေ့လည်[ ၁၀:30မိန်စ် ] ကျောင်းသား/သူ
မုန့်စားဆင်းချိန်။

မှော်လည်ပင်းတွေ ရှည်အောင်သူ့ကိုလိုက်
ရှာပေမယ့် မတွေ့ပါ။ သူ့ကိုမတွေ့ရသည်နှင့်
စိတ်ကအလိုလိုဝမ်းနည်းလာပြီ။ သူနေတဲ့အခန်းက Grade.11(D)တဲ့။ မှော်သိခဲ့ပြီးပြီ။
မှော်တို့သူ့အခန်းရှေ့သွားစောင့်နေပေမယ့်
ကျောင်ူတက်ခါနီးချိန်ထိ သူေရာက္မလာ၍
စိတ်ပျက်ပျက်နှင့် မှော်တို့ Grade.11(B)ဘက်
ပြန်လာခဲ့ရတာ စိတ်ကသူ့အခန်းရှေ့မှာပဲကျန်
နေတာ။ ဒါကိုလီလီမှာမကျေမနပ်နှင့် မှော်ကို
ခုထိဆူ၍မပြီးနိုင်တော့။

""နင်အရမ်းသိသာလွန်းနေပြီ ကျောင်းကတွေ
သိကုန်ရင်အရှက်ကွဲလိမ့်မယ်""

""မိလီရယ် ကျေးဇူးပြုပြီးပါးစပ်လေး ခနလောက်ပိတ်ပေးစပ်းပါ သူ့ကိုမတွေ့ရလို့
စိတ်ညစ်နေပါတယ်ဆိုမှပဲ""

""အေး!!!! ငါကရောဂါမရင့်ခင် ကြိုတင်
တားဖို့ပြောနေတာ""

""မရတော့ဘူးရောဂါက ကျွမ်းနေပြီ!!!""

လည်ပင်းတရှည်ရှည်နှင့် မုန်းစားဆင်းချိန်
ကျောင်းသားတွေကြားကို ကြည့်ပြီးသူ့ကို
ရှာဖွေနေသည့် မှော်ကိုလီလီမကျေမနပ်နှင့်ပဲ
ဘာမှဆက်မပြောတော့ပဲ ကြည့်နေလိုက်တော့သည်။ ပြောပြန်ရင်လဲလက်ခံမည့်သူ
မဟုတ်မှန်း သိနေသည်ကြောင့်ပင်။

""ဟိုမှာ ဟိုမှာသူလာနေပြီမှော်""

""ဟဲ့!!! လက်ညှိုးကြီးကမထိုးနဲ့လေ မြင်ကုန်
တော့မှာပဲမိလီရဲ့...""

""ယောင်သွားလို့""

ဆယ်တန်းကျောင်းသား ဖြစ်နေပါလျှက်နှင့်
အောက်ခံအကျီဝတ်ထားတာတော့ အဖြူပါပဲ
အပေါ်ကအကျီအကွက် လက်တိုကိုကစတိုင်လ်အဖြစ်ထပ်ထားသည်မှာ သူ့မျက်နှာတွင်
သိသာပေါ်လွင်နေသည်။ သူ့သူငယ်ချင်း
သုံးယောက်နှင့် အတူလျှောက်လာသည်ကိုပင်မှော့် မျက်စိထဲသူတစ်ယောက်ကိုပဲ ပေါ်ပေါ်
ထင်ထင်မြင်နေရတာ ဘက်လိုက်တယ်ပဲပြော
ပြောအမှန်တရားပဲလေ။ အမျာယတကာထက်ခေါင်းတစ်လုံး ပိုသာပြီးရှည်နေသည့်
သူ့အရပ်က အားလုံးထဲမှာထင်းနေတာအသိ
အသာပဲ။

""မိလီ!!! ငါ့မျက်နှာကို ကြည့်စမ်း!!!
သနပ်ခါးတွေ ပျက်နေပြီလား!!! အကျီကကော တွန့်နေလား ကြည့်စမ်းပါဟယ်""

သူအနားနီးကပ်လာသည်နှင့် ပျာယာခပ်အောင် ဟိုဟာကြည့်ခိုင်းဒီဟာကြည့်ခိုင်းနှင့်
အမူပိုနေသည့် တေမှာ်ကိုလီလီမျက်စောင်းတွေရွယ်ပြီး အမြင်တွေကပ်နေမိသည်။

""ထမိန်ကြီးကစွေစောင်းနေတာ""

""ဟာ!!! ဘယ်လိုလုပ်မလဲ! !!
သူ့ရှေ့ကြီးမှာ ဖြန့်ဝတ်ရအောင်ရှက်စရာကြီး
တကယ်အရမ်းကြည့်ရဆိုးလား""

""ရွဲ့ပြောနေတာဟေ့!!! ရွဲ့ပြောနေတာ
အကဲပိုနေလို့ ကြည့်မရတော့လို့""

""လီလီစုတ် ဒါရွဲ့​ေပြာစရာလား""

ခုမှမှော်သတိဝင်တော့တယ်။ မှော်ဝတ်ထား
တဲ့ကျောင်းစိမ်းထဘီက ဇစ်နှင့်လေးလွှာစကပ်ကို စွေစရာမှမလိုပဲ။ သူ့အနားရောက်လာ
လေရင်ခုန်နှုန်းပိုမြန်လေနှင့် ဘာလုပ်၍ ဘာ
ကိုင်ရမှန်းမသိအောင် ခြေမကိုင်မိလက်မကိုင်
မိဖြစ်နေသည့်မှော်။

သူအနားတဖြေးဖြေးရောက်ဖို့ရန် နီးလာလေ
​ေမှာ်ရင်ခုန်သံတွေပိုမြန်လေပါပဲ။ ကတုန်ကယင်နှင့် လီလီလက်တွေကို ဆုပ်ကိုင်လိုက်မိသည်။

""လီလီသူငါ့ကိုမှတ်မိပြီး ခေါ်လောက်ပါတယ်
နော်""

""ငါလဲ ဘယသွိပါ့မလဲ!!!""

မှော်မှာသာ ဂဏာမငြိမ်ဖြစ်ရတာပါ။ သူမှာတော့အပြုံးမပျက် ကုက္ကိုပင်ဝါအောက်ကလေးမှာ သူ့ကိုရင်ခုန်တကြီး စောင့်နေတဲ့
မှော့်ကိုလှည့်၍ ပင်မကြည့်သွားတာစိမ်းကား
လွန်းသည်။ ကျောခိုင်းသွားသည့်သူ့ကျောပြင်ကိုလှည်ပင်းလေး လိမ်သည်ထိမှော်လှည့်
ကြည့်မိသေးသည် သူကတော့မှော်ကိုမှတ်မိ
ဖို့နေနေသာသာ ဂရုပင်မစိုက်။ ဝမ်းနည်းသွား
သည့် မှော်မျက်နှာကိုကြည့်ပြီး လီလီဒေါသ
ထွက်နေတာ အသိအသာကြီးပင် မျက်နှာတွေ
ရဲလို့...

""နင့်ကိုငါပြောတယ်မှော်!!! အဲ့ကောင်က
ကျေးဇူးတရားနဲ့မတန်တဲ့ကောင် လာသွားမယ်ကျောင်းခန်းထဲ အလကားအချိန်ကုန်တယ်""

လီလီဆွဲခေါ်ရာနောက် ဘာစကားမှမဆိုပဲ
နှုတ်ပိတ်ပြီးပါလာရပေမယ့် မှော်သူ့ထံလှည့်
ကြည့်လှည့်ကြည့်နှင့် စိတ်တွေကသူ့ထံတွင်သာကျန်ရစ်နေဆဲပါ။ မမှတ်မိတာလား မမှတ်
မိချင်ယောင်ဆောင်နေတာလား စီးချင်းရယ်။
မှော်ဘက်တစ်ချက်လေးတော့ လှည့်ကြည့်သင့်ပါတယ်....

~~~~~~~~~~~~~

ယောက်ျားကြိုက်တော့ဆိုက်ဆိုက်လာ....
မိန်းမကြိုက်တော့ ကောက်ကောက်ပါတဲ့။
အဲ့စကားပုံကမှော်အတွက်တော့မှားနေပြီ။
သူ့ကိုစတွေ့ပြီး ချစ်မိသွားထဲက သူ့အခန်း
ရှေ့ကျောင်းမတက်မချင်း ယောင်လည်လည်နှင့် ဝေ့ဝိုက်နေတာ သူမသိဘူး။ အခန်းထဲမှာ
သူတို့အခန်းဖော် မိန်းကလေးတွေ စကားလာပြောသည်ကိုပင် ခပ်ချေချေနေနေတတ်သည့်
သူ့ကိုခိုးကြည့်ပြီး မှော်ကြိတ်ပျော်နေမိတာ။

ဟွန်း...မိန်းမတွေများ သူ့ကိုလိုက်ကပ်ချင်နေတာမသိပဲနေမလား။ သူ့အခန်းထဲကမိန်းမတွေအကုန်လုံးနီးပါး သူ့အနားမှာပဲတဝဲလည်
လည်နဲ့ရှိနေကြတာ တော်သေးတာပေါ့ ဟိုက
ကျောက်ရုပ်ကြီးမို့လို့။ မဟုတ်ရင်မှော်ပဲခံစား
ရမှာ။

ခုလဲမှော်နှင့်လီလီသူ့အခန်းကို လာနေတာ။
သူ့ကိုမှော်ချစ်နေမှန်း ဘယ်သူမှတော့မသိသေး လီလီတစ်ယောက်ကလွဲရင်ပေါ့။ သူက
သိနေတာလား မသိချင်ယောင်ပဲဆောင်နေတာလားပဲ ။ မျက်လုံးချင်းဆုံရင် မျက်တောင်
မခတ်စိုက်ကြည့်တတ်တဲ့ သူ့အကြည့်ကို
ရင်မဆိုင်ရဲလို့ ရှောင်တိမ်းရတာမှော့်မှာအမော။ သူကတော့မသိတာလားပဲ။ စကား
ပြောဖို့နေနေသာသာပြုံးတောင်မပြုံးပြတာပဲ
ကြည့်။ သူ့အသက်သခင် ကျေးဇူးရှင်လို့ကော
သတ်မှတ်ထားပါရဲ့လားမသိ။

ထိုနေ့က သူရေနစ်တာသွားကယ်ပြီးသိခဲ့ရ
သည့်သူ့အကြောင်း တစ်ခုမှာ ရေကိုအသေ
ကြောက်သောသူ့အကြောင်းပါပဲ။

""မှော်....ကြည့်စမ်း!!!
ဝရန်တာမှာ သူ့သူငယ်ချင်းတွေနဲ့ အခန်းရှေ့
ထွက်ရပ်နေတာ ငါတို့အမြဲရပ်နေကြနေရာမှာ
ငါတို့ကဘယ်မှာ သွားနေရမှာလဲ""

""ဟုတ်သားပဲ""

လီလီလက်ကုတ်ပြောမှ မှော်တို့အမြဲရပ်ပြီး
သူ့ကိုချောင်းနေကြနေရာမှာ သူတို့အဖွဲ့တွေ
စကားရပ်ပြောနေကြသည်တဲ့။ နှစ်ယောက်
သားခြေလှမ်းတွေပင်ရုတ်တရက်တန့်သွားချင်သည်။

""ဒါဆိုငါတို့ [ E ]အခန်းသွားသလိုနဲ့ ကျော်
သွားကြမယ်ခပ်တည်တည်ပဲသွားလီလီ""

""အေးပါ နင်သာသရုပ်မပျက်စေနဲ့""

တစ်ယောက်လက်တစ်ယောက်ဆုပ်ကိုင်ပြီး
သူတို့ကို ဂရုမစိုက်သလို ခပ်တည်တည်နှင့်
လာနေသည်ကို သူ့သူငယ်ချင်းတွေမလာဖို့
လက်ကာပြနေသည်။ မှော်..လီလီကိုလက်ကုတ်လိုက်ပြီး...

""ဘာလဲဟ!!!! သူတို့ရိပ်မိသွားလို့လား""

""မဖြစ်နိုင်ပါဘူး အဲ့ကောင်တွေကအစသန်တာနဲ့ ငါတို့ပြန်လှည့်လိုက်ရင် ပိုသိသာသွား
မယ်၊ ပုံမှန်လေးပဲလျှောက်""

""အေးပါ""

နှစ်ယောက်သား တိုးတိုးနှင့်ပြောပြီး ဆက်
လျှောက်သွားကြသည်နျင့် သူနှင့်မျက်နှာချင်းဆိုင်မိမှာကို အရမ်းစိုးရိမ်နေသည်ကြောင့် မှော်ခေါင်းကိုသာငုံချထား
ပြီး လီလီလက်ကိုတင်းတင်းဆုပ်လျှက်
လေးလံနေသည့်ခြေလှမ်းများနှင့်
သွားနေမိသည်။

""ဝှီ...ဝှီ...ဝှီ""

သူတို့နားရောက်ဖို့ခြေဆယ်လမ်းမျှအကွာတွင်
အုတ်နံရံကြားမှ ရုတ်တရက်ထွက်လာသည့်
ပြားကောင်တွေလား ပဒူလားမသိအောင်
မှော်တို့နှစ်ယောက်ထံ အများကြီးဝိုင်းလာ
ကြသည်နှင့် နှစ်ယောက်သားဘယ်ကိုပြေး၍
ပြေးရမယ်မှန်းမသိ။ ရောက်တတ်ရာရာထွက်
ပြေးကြသည်ကို နောက်ကျောမှ ကပ်ပါလာသည့် သူတို့အဖွဲ့ရယ်သံတွေကြောင့်ရှက်စိတ်တွေ
နှင့် နောက်တစ်နေ့မျက်နှာပြဖို့ရန်ပင် အတော်
ခက်ခဲသွားရသည်။ ပူထူအောင်ကိုက်ပေး
လိုက်သည်ပဒူကောင်တွေလက်ချက်ကြောင့်
မှော်နှင့်လီလီ ကျောင်းတွင်နာမည်ကြီးစွာ
နှင့်မျက်နှာတွေ ဖောပြီးပဒူကောင်မတွေဆို
ပြီးနာမည်တွင်သွားတော့သည်။

အမုန်းဆုံးသော နာမည်တစ်ခုတွင်ခဲ့သည်မှာ
မပဒူဟုခေါ်ခံရခြင်းပါပဲ။

အခန်း[ ၂ ] မျှော်

AUTHOR~~~သုန္ဒရီ




rate now: