book

Index 25

အပိုင်း (၂၅)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"ဉီးဘသက်"

"ပြောလေ သမီး"

"ဟို........ ဉီးရဲ့ ကမ္ပဏီ လိုက်ပို့ပေးပါလား"

"ရတယ်လေ သမီး ဒါနဲ့....... အခုသွားမှာလား သမီး"

"ခဏနေရင် သွားမယ်လေ အရိပ် အဝတ်စားလဲပီး ဉီး အတွက်နေ့လယ်စာ ပါယူသွားမလို့"

"ဒါဆို သွားမဲ့အချိန် လာခေါ်လိုက်နော် သမီး"

"ဟုတ်"

အရိပ် အိမ်ထဲဝင်သွားပြီး ကြီးသန်းတို့ရှိရာ မီးဖိုခန်းထဲ လာခဲ့သည်။

"ကြီးသန်း"

"ပြောလေ အရိပ်"

"အရိပ် ဉီးအတွက် နေ့လယ်စာသွားပို့မလို့ အဲ့ဒါပြင်ပေးထားပါနော် အခုအရိပ် အဝတ်စားသွားလဲ လိုက်အုံးမယ်"

"အင်းပါ "

အရိပ် အပေါ်ထပ်သို့ တက်လာပြီး အဝတ်စားလဲလိုက်သည်။ သူမ နံရံနားကပ်ထားတဲ့ နာရီကိုလဲ တစ်ချက်လှည့်ကြည့်လိုက်သည်။

"၁၀ခွဲဆိုတော့ ဟိုရောက်ရင် ၁၁နာရီ ကွတ်တိပါဘဲ ဉီးမရှိတော့လဲ ထိုင်စောင့်နေရုံပေါ့"

သူမ ကိုယ့်ဟာကို ပြောလိုက်ပြီး အောက်ဆင်းကာ အဆင့်သင့်ပြင်ထားတဲ့ ထမင်းဘူးလေးအား ယူလိုက်ပြီး မဏ္ဏိုင် ကမ္ပဏီ ရှိရာသို့ ထွက်လာခဲ့သည်။

"ရောက်ပြီ သမီး ဉီးဘသက် စောင့်နေရအုံးမလား"

"ဉီးဘသက် အရိပ်ကို တစ်နာရီလောက်မှာ လာကြိုလိုက်လေနော်"

"အင်း......... ဟုတ်ပါပြီ ဒါဆို ဉီးဘသက်ပြန်ပြီနော်"

"ဟို........ ခဏနေအုံး ဉီးဘသက်"

"ပြောလေ သမီး"

"အဲ့အရှေ့က လုံခြုံရေးတွေက အရိပ်ကိုဝင်ခိုင်းပါ့မလား"

"အော်......... ဒါလေးများ လာ ဉီးဘသက် အထဲထိ ရောက်အောင် လိုက်ပို့ပေးမယ် "

"ဟုတ် ကျေးဇူးပါနော်"

"ရပါတယ်ကွယ်"

ဉီးဘသက် တစ်ခါတစ်ခါ မဏ္ဏိုင်ရဲ့ အလုပ် ကိစ္စတစ်ချို့​ကြောင့် ကမ္ပဏီ ထဲကို လာဖူးသဖြင့် လုံခြုံရေးများက သိကာ ဝင်ခိုင်းလိုက်သည်။

"ဒါဆို အထဲကိုတော့ သမီးဘာသာသမီး ဝင်သွားလိုက်တော့နော် "

"ဟုတ်"

"အထဲရောက်ရင် ဝန်ထမ်းကောင်မလေး တစ်ယောက်ကို သခင်လေးနေတဲ့ အခန်းကို မေးကြည့်လိုက် အဲ့ဒါဆို သူတို့က လမ်းညွှန်ပေးလိုက်လိမ့်မယ် ဟုတ်ပြီလားသမီး"

"ဟုတ် ဒါဆိုရင် အရိပ်သွားပြီနော်"

"အေးအေး........"

ဒီလိုနဲ့ အရိပ်လဲ ကမ္ပဏီ ထဲသို့ ဝင်သွားလိုက်သည်။ အထဲလဲ ရောက်တော့ အားလုံး အလုပ်ကိုယ်စီနှင့် သူမကိုယ် တစ်ယောက်မျှ ဂရုမစိုက်ကြပေ။ သူမလဲ ဝင်လာချင်းတွင် တွေ့လိုက်သော ကောင်းမလေး တစ်ယောက်အား မဏ္ဏိုင်ရဲ့ အခန်းကို ေမးလိုက်​ေတာ့သည်။

"ဟို....... အစ်မ ဉီး ေအာ်......မှာသွားလို့ မဏ္ဏိုင်ဉီးခမ်း ရဲ့အခန်းက ဘယ်မှာလဲဟင်"

"ဒါနဲ့ ညီမက boss နဲ့တွေ့ဖို့ ချိန်းထားတဲ့လူလား "

"မဟုတ်ဘူးရှင့်"

"ဒါဆို ဘာကိစ္စရှိလို့လဲ "

"ဟို....... နေ့လယ်စာလာပို့တာပါ"

သူမ လက်ထဲက ထမင်းဗူးလေးကို ပြကာ ပြောလိုက်သည်။

"ဒါဆို ဒီမှာထားခဲ့လိုက်နော် boss meeting ပြီးရင် အစ်မပေးပေးလိုက်ပါမယ်"

"ဟို....... မရဘူးရှင့် ညီမကိုယ်တိုင်တွေ့ရမှ ဖြစ်မှာမို့ပါ"

"ခက်တော့တာဘဲ ညီမရယ် အစ်မတို့ boss ကဘယ်မိန်းကလေးကိုမှ သူ့အခန်းစီ မလာခိုင်းဘူး ညီမရဲ့ ဒါပေမယ့် သူကခွင့်ပြုရင်တော့ ရပါတယ် အခုဟာက ညီမကို အစ်မကတစ်ခါမှလဲ မမြင်ဖူးဘူး နောက်ပြီး အစ်မကိုလဲ boss ကညီမလာရင် သူ့အခန်းထဲ လာခဲ့ဖို့ မပြောထားဘူးဆိုတော့......... "

"ဟူး......... ဟုတ်ပါပြီ ဒါဆို ညီမ ဒီနားမှာ အစ်မတို့ရဲ့ boss ကိုထိုင်စောင့် လို့ရတယ်မလား"

"ရပါတယ် ညီမ"

"ဟုတ်........"

ဒီလိုနဲ့ အရိပ် မလှမ်းမကမ်းနားက ထိုင်ခုံလေးပေါ် ထိုင်ကာ မဏ္ဏိုင်အား စောင့်နေလိုက်သည်။

"""""""""""""""""""""""""""""""""""""""""""""""""""""

"ဒါဆိုရင် ကျွန်တော်တို့ ပြင်ဉီးလွင် မှာဖွင့်မယ် ဟိုတယ်က အဆင်ပြေသွားပြီလို့ သတ်မှတ်လိုက်တော့မယ်နော်"

"ဟုတ်ပါပြီ ​ meeting ဲဲပီးပြီဆိုတော့ uncle တို့လဲပန်ပီနော် "

"ဟုတ်ကဲ့ပါ "

ဒီလိုနဲ့ meeting အခန်းထဲရှိ လူအားလုံး ထွက်သွားကြသည်။

"ဟူး.........၁၁တောင် ခွဲနေပြီဘဲ နေ့လယ်စာသွားစားရတော့မယ်"
ဆိုကာမဏ္ဏိုင် meeting အခန်းထဲမှ ထွက်လာလိုက်ပြီး ဆိုင်တစ်ဆိုင် သွားဖို့ ကမ္ပဏီ အောက်သို့ ဆင်းလာလိုက်သည်။ အောက်ရောက်တော့ အရိပ်နှင့် တူသည့်ကောင်မလေးတစ်ယောက် ထိုင်နေတာကို တွေ့လိုက်သည်။ မဏ္ဏိုင်လဲ ထိုကောင်မလေးနားလျှောက်လာခဲ့သည်။

"ဟင်......... ခလေးဘဲ ဘယ်လိုလုပ်"

"ဟိတ်.......သူမ ဘယ်လိုလုပ်ရောက်လာတာလဲ"

"သူရောက်တာ နည်းနည်းတော့ကြာပါပြီ boss ကဘယ်မိန်းကလေးကိုမှ boss အခန်းထဲ မလာခဲ့နဲ့ဆိုလို့ သူမကို boss အခန်းထဲ မသွားခိုင်းလိုက်တာပါ အဲ့ဒါနဲ့ သူမလဲ ဟိုနားမှာ ထိုင်စောင့်နေမယ်ဆိုပြီး အခုအိပ်ပျော်သွားတာပါ"

"ဟာ........ မင်းတို့ကတော့ ကျစ်......... နောက်ဆို သူမလာရင် ဝင်ခိုင်းလိုက်ကြားလား "

"ဟုတ်........."

မဏ္ဏိုင် ထိုင်ခုံ သေးသေးလေးပေါ် အိပ်ပျော်နေတဲ့ သူမအား အသာပွေ့လိုက်ပြီး လက်ထဲက ဗူးလေးကိုပါ တစ်ခါတည်း ယူလိုက်ပြီး သူ့ရုံးခန်းရှိရာသို့တက် လာခဲ့သည်။

"ဟိတ် ခဏက boss အဲ့ကောင်မလေးကို ပွေ့သွားတာ မြင်လိုက်လား"

"မြင်လိုက်တယ်ဟ boss တော့အချစ်နဲ့ တွေ့သွားပြီ ထင်တယ်"

"ဟုတ်ပ နောက်ဆုံးတော့ လူပျိုကြီး အချစ်နဲ့တွေ့ပြီပေါ့ ဒါနဲ့ကောင်မလေးက တော်တော်ငယ်မဲ့ပုံဘဲနော်"

"ဟုတ်တယ်ဟ ဒါနဲ့ ချူစားတဲ့ ကောင်မလေးဖြစ်နေရင်တော့..........."

"ဟာ........ နင်တို့ကလဲ သူများသားသမီးကို........ အဲ့ကောင်မလေးက အဲ့လိုလူမျိုး မဟုတ်လောက်ပါဘူး ကြည့်ရတာ အေးအေးလေးဟဲ့ လူသာငယ်သာ စိတ်ကတော့ ရင့်ကျတ်ပြီးသားနေမှာ သိမ်သိမ်မွေ့မွေ့ နဲ့ ယဉ်ယဉ်လေးဟ"

"အမယ်လေး ဟုတ်ပါပြီ "

"ညည်းတို့ကလဲ ဘာမှမသိဘဲနဲ့ boss ရဲ့ကောင်မလေးလို့ဘဲ လိုက်ပြောနေကြတယ် "

"ကောင်မလေးမဟုတ်ရင် ဘာလဲ"

"သူ့ရဲ့ ညီမလဲ ဖြစ်ရင် ဖြစ်မှာပေါ့"

"သူ့ရဲ့ ညီမဆို ပွေ့သွားစရာလား "

"အေးလေ"

မဏ္ဏိုင် အရိပ်အား ပွေ့သွားသည်ကို ကမ္ပဏီ ထဲရှိဝန်ထမ်းများက တစ်ယောက်တစ်ပေါက် ပြောနေကြသည်။

""""""""""""""""""""""""""""""""""""""""""""""""""""


""""""""""""""""""""""""""""""""""""""""""""""""""""

မဏ္ဏိုင် အရိပ်ရဲ့ ကိုယ်လေးကို ဆိုဖာပေါ် ချထားလိုက်သည်။ ထိုအချိန် အရိပ် နိုးလာခဲ့သည်။

"ဟင်........ ဉီး......."

"ခလေး အိပ်ချင်ရင် ဆက်အိပ်အုံးလေ"

"မအိပ်တော့ပါဘူး အရိပ် ခဏက စောင့်ရတာကြာလို့ ခဏလေးမှေးနေလိုက်တာပါ"

"ကိုယ့်ရဲ့ခလေးတော့ ခုံပေါ်မှာ အိပ်ရတာ ညောင်းနေတော့မှာဘဲ "

"မညောင်းပါဘူး ဉီးရဲ့ လာ ၁၂နာရီတောင်ထိုးတော့မယ် နေ့လယ်စာစားရအောင် အရိပ် ထမင်းဗူးထုတ်လာခဲ့တယ်"

"အဟွန်း.......... ဟုတ်ပါပြီ "

အရိပ် ထမင်းဗူးတွေ ကို ဖွင့်နေချိန် မဏ္ဏိုင် သူမပါးလေးကို နှာတံတွေ နစ်ဝင်သွားသည်အထိ နမ်းပစ်လိုက်သည်။

ရွှတ်........

"ဟာ......... ဉီးကတော့ လူကို နမ်းဘဲ နမ်းနေတော့တာဘဲ"

"ချစ်လို့"

"ကဲပါ နေ့လယ်စာ စားရအောင် "

"ဟုတ်ပါပြီဗျာ "

မဏ္ဏိုင် အရိပ်လေးဘက် လှည့်လိုက်ပြီး ပါးစပ်ဟလိုက်သည်။

"ရှင်ကြီးကတော့ ကိုယ့်ဟာကို မစားတက်ဘူး ဟွန်း......"
အရိပ် နှုတ်ခမ်းလေးစူလိုက်ပြီး မဏ္ဏိုင်ကို နေ့လယ်စာ ခွံကျွေးလိုက်သည်။

"ဒီနေ့ စားရတာ ပိုကောင်းနေသလိုဘဲ သိလားခလေး"

"ဘာလို့ ပိုကောင်းနေတာလဲ"

"ကြီးသန်း ထည့်ပေးလိုက်လို့ နေမှာပေါ့"

"ဟာ........ ဉီးနော်"

သူမ မျက်စောင်းလေး ထိုးလိုက်ပြီး စိတ်ကောက်သွားသည်။

"ဟား........ ကိုယ်က စတာပါ ဒီနေ့ ခလေးကိုယ့်ကို ခွံကျွေးလို့ ပိုကောင်းတာသိလား"

"ဟွန်း......... ဉီးကတော့ နာချင်တာ"

"ခလေးလဲ bubble tea ဝယ်တုန်းက ကိုယ်ပြောသလို ပြောခဲ့တာဘဲ မဟုတ်လား"

"ဉီးက အဲ့လိုမှတ်ထားတာပေါ့ ရတယ်လေ ေနာက်တစ်ခါ ဉီးဘာပြောပြော ဘာလုပ်လုပ် အရိပ်လဲ လိုက်မှတ်ထားပြီး ဉီးလုပ်သလို ပြန်လုပ်မှာ"

"ရွှတ်......... ကိုယ်အခု ခလေးကို နမ်းလိုက်တယ်လေ ခလေးကိုယ့်ကို ပြန်နမ်းတော့"

"ဟာ........ ဉီးညစ်ပတ်တယ် ပါးစပ်က ဆီတွေနဲ့ အရိပ်ကို လာနမ်းတယ်"

"ဆောရီး ဆောရီး ခဏနေမှ ပါးစပ်က ဆီတွေသုပ်ပြီး ပြန်နမ်းတော့မယ်"

"ဟာ....... ဉီးကတော့ တော်ပြီ ထမင်းလဲ မခွံကျွေးတော့ဘူ "

ဆိုကာ အရိပ် တစ်ဖက်သို့ လှည့်သွားသည်။

"စတာပါ ခလေးရဲ့ လာပါ ဟ ကိုယ်ဘဲ ခွံကျွေးမယ် ဟ ဟ"

အရိပ်လဲ မဏ္ဏိုင် ခွံကျွေးတဲ့ ထမင်းတွေကို စားလိုက်သည်။ ခဏကြာတော့ သူတို့နေ့လယ်စာစားပြီးသွားပြီ။

"ဉီး......... ဒါဆို အရိပ်ပြန်တော့မယ်နော် "

"ဟင်......... ဘာလို့လဲ ခလေးရဲ့"

"ဉီးဘသက်ကို ၁နာရီလာကြိုခိုင်းထားတာမို့လိုပါ"

"ကိုယ် ဖုန်းပြန်ဆက်လိုက်မယ် ခလေးကို လာမကြိုနဲ့တော့လို့ ညနေကြမှ ကိုယ်နဲ့အတူ ပြန်ရအောင် ဟုတ်ပြီလား"

"ဟုတ်ပါပြီ"

ဒီလိုနဲ့ မဏ္ဏိုင် ဉီးဘသက်ဆီ ဖုန်းဆက်လိုက်သည်။

"ဟယ်လို ဉီးဘသက် အရိပ်ကို လာမကြိုနဲ့တော့နော် ညနေကြမှ ကျွန်တော်နဲ့အတူတူ ပြန်လာခဲ့တော့မယ်"

မဏ္ဏိုင် ပြောလဲပီးရော ဖုန်းကို ချလိုက်သည်။

"ဉီးဘသက်က လာမကြိုတော့ဘူတဲ့ "

"ဒါဆို အရိပ်က အခု ဘာလုပ်နေရမှာလဲ"

"ခလေးက ကိုယ့်အခန်းကို လျှောက်ပတ်ကြည့်နေပေါ့ ကိုယ်ကတော့ ဒီဟာလေးတွေ ပြီးအောင် လက်မှတ်ထိုးလိုက်အုံးမယ်"

"ဟုတ်..........."

ဒီလိုနဲ့ အရိပ်လဲ မဏ္ဏိုင်ရဲ့ အခန်းထဲ လျှောက်ပတ်ကြည့်နေသည်။

အခန်းက အကျယ်ကြီးဘဲနော်

"ဟုတ်တယ် ခလေးရဲ့ ကိုယ်က အခန်းကျယ်ကျယ်ဘဲ နေတက်တာမို့လို့လေ"

"အော်......... စားပွဲ​ကြီးကလဲ အကြီးကြီးဘဲ ဟင်........ ဒီပုံက ဒီမှာလဲ ရှိနေပြန်ပြီ"

အရိပ် မဏ္ဏိုင် အလုပ်လုပ်နေတဲ့ စားပွဲပေါ်က သူတို့နှစ်ယောက် ဘုရားမှာ ရိုက်ထားတဲ့ပုံလေးကို ကြည့်ကာ ပြောလိုက်သည်။

"ဟုတ်တယ် ကိုယ်အမောပြေဖို့ ဒီပုံလေးကို ဒီမှာ ထားထားတာ"

"ဉီးရဲ့ အိမ်ခန်းထဲမှာလဲ တစ်ပုံရှိသေးတယ်နော် အဲ့ပုံက ဒီပုံထက်ကြီးတယ်"

"အင်း........."

"အမယ်လေး"

မဏ္ဏိုင် စားပွဲပေါ်က စာရွတ်တွေကို လက်မှတ်ထိုးအပြီး အရိပ်ရဲ့ ကိုယ်လေးကို ဆွဲလိုက်ပြီး သူရဲ့ပေါင်ပေါ်မှာ ထိုင်ခိုင်းစေသည်။

"ဉီး......... ဘာလုပ်တာလဲ အလုပ်ကမပြီးသေးဘဲနဲ့"

"ပြီးပါပြီ "

"ဟင်........ မြန်လိုက်တာ"

"ခလေးကို ဖတ်ထားချင်လွန်းလို့ အမြန်ပြီးအောင် လုပ်လိုက်တာ "

"ဉီးကတော့"

"လာပါ ကိုယ့်ကို ဖတ်ထားပါနော်"

"အင်းပါ"

အရိပ် မဏ္ဏိုင်ရဲ့ ပေါင်ပေါ်ထိုင်နေရာမှ သူ့ရဲ့ကိုယ်ကို ဖတ်ထားလိုက်သည်။

"အရမ်းချစ်တာဘဲ ခလေးရယ်"

"သိပါတယ်ဆို ခဏခဏပြောနေတော့တာဘဲ"

"ကိုယ်က ခလေးရဲ့နားထဲမှာ ကိုယ့်ရဲ့ချစ်တယ်ဆိုတဲ့ အသံလေးကို စွဲနေအောင် နေ့တိုင်းပြောမှာ သိလား"

မဏ္ဏိုင် ခေါင်းလေးငုံ့လိုက်ပြီး သူမရဲ့ ဆံနွယ်လေးတွေကို နမ်းရှိုက်လိုက်သည်။

"ဉီး ဖယ်​​တော့"

"ဘာလို့လဲ ခလေးရဲ့"

"သူများတွေ မြင်သွားလိမ့်မယ်"

သူမ မဏ္ဏိုင်ရဲ့ ရင်ခွင်ထဲမှ ခေါင်းလေးမော့လာကာ ပြောလိုက်သည်။

"ဘယ်သူမှ မလာပါဘူး စိုးရိမ်မနေနဲ့"

"​ ေအာ် ပြောလို့ရတာ မ.........."

မဏ္ဏိုင် သူမခေါင်းလေး မော့လာပြီး စကားပြောလာချိန် အမိအရ သူမရဲ့ နှုတ်ခမ်းလေးကို စုပ်ယူနမ်းရှိုက် လိုက်သည်။ အချိန်ကြာမြှင့်စွာ နမ်းရှိုက်ပြီးမှ မဏ္ဏိုင် သူမလေးကို လွတ်ပေးလိုက်သည်။

"ဉီး......... "

"ပြောလေ ခလေး"

"ဘာလို့ အရိပ်ကို လာနမ်းတာလဲ"

"ချစ်လို့လေ"

"ချစ်လဲ မနမ်းနဲ့ ဉီးက အမြဲတမ်း လူကို လာလာနမ်းနေတာ မကြိုက်လာတော့ဘူ"

"မကြိုက်တော့ ဘာလုပ်ချင်တာလဲ ဒါမှမဟုတ် ကိုယ့်ကို ပြန်နမ်းမလား"

"ဟာ........သွားကွာ "

"အဟွန်း.........."



အရိပ် မျက်နှာလေးကို အောက်သို့သာ ငုံ့ထားသည်။ မဏ္ဏိုင်ကတော့ သူ့ပေါင်ပေါ်မှာ ခေါင်လေးငုံ့ကာ ထိုင်နေတဲ့ သူမလေးအား သဘောကျစွာ ပြုံးလိုက်သည်။

ရှေ့အပိုင်းလေးတွေက တစ်ခြားgroup တစ်ခုမှာ တင်ပေးထားတယ်နော်။ စာကမစုတက်လို့ မစုရသေးတာပါ ။ နောက်ကျရင် စုပေးပါ့မယ်။

ချိုချိုလေးဘဲ ေရးပေးထားတာနော် ကြိုက်ကြလားမသိဘူး။😊

စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻



rate now: