ရှင်ကြီးချစ်တဲ့ကျွန်မ"
"ဒေါက် ဒေါက်.........နိုးပြီလား ခလေး"
အရိပ် အသံကြောင့် သွားတိုက်နေရင်း ရေချိုးခန်းမှ ထွက်လာခဲ့သည်။
"အော်........ ခလေးက သွားတိုက်နေတာကိုသွားသွား ကိုယ်ဒီမှာ ထိုင်စောင့်နေမယ်"
အရိပ် ခေါင်းလေးငြိမ့်ပြလိုက်ပြီး ရေချိးခန်းထဲ ပြန်ဝင်သွားသည်။ မဏ္ဏိုင်လဲ ကုတင်ထက်၌ ထိုင်နေလိုက်သည်။
ခဏကြာတော့ အရိပ် ေရချိုးခန်းထဲမှ ပြန်ထွက်လာသည်။
"ဉီး....... မနက်အစောကြီး ဘာလာလုပ်တာလဲ "
"အိပ်ရာထထချင်း ကိုယ့်ခလေးရဲ့မျက်နှာ ကိုတွေ့ချင်လို့"
"ဟွန့်....... အပိုတွေ"
"အဟွန်း........"
သူမရဲ့ စူပုတ်သွားတဲ့ မျက်နှာလေးကို ကြည့်ပြီး မဏ္ဏိုင် သဘောကျကာ ရီလိုက်သည်။
"ဉီး...... အရိပ်အဝတ်လဲအုံးမယ် "
"လဲလေ"
"ဉီးက ဒီမှာ ရှိနေတာ အရိပ်ကဘယ်လိုလုပ်ပြီး လဲရမှာလဲ"
"ရေချိးခန်းထဲ သွားလဲပေါ့ ခလေးကလဲ"
"ဟူး......... ဒီဉီးနဲ့တော့"
"သွားပါ အမြန်သွားလဲခဲ့ ကိုယ်ဒီမှာဘဲ ထိုင်စောင့်နေမယ်"
အရိပ်ဝတ်မဲ့ အဝတ်တွေယူသွားပြီး ရေချိုးခန်းထဲ ဝင်သွားသည်။ ခဏကြာတော့ခြေမျက်စိ မရောက်တစ်ယောက် ဂါဝန်လေးနှင့် ပြန်ထွက်လာသည်။
"ကိုယ့်ရဲ့ခလေးက ချစ်စရာကောင်းတာ လာပါအုံး ဒီကို"
မဏ္ဏိုင်ထိုင်နေရာမှ လက်နှစ်ဖက်ဖြင့် လှမ်းလိုက်သည်။ အရိပ်လဲသူ့ရဲ့ပေါင်ပေါ်ကို တက်ထိုင်လိုက်သည်။ ထို့နောက်မဏ္ဏိုင် သူမကိုယ်လေးကို သူ့ရင်ခွင်ထဲသို့ ဆွဲကာ ဖက်ထားလိုက်သည်။
"အရမ်းချစ်တာဘဲ ခလေးရာ"
"အရိပ်လဲ ဉီးကို ချစ်ပါတယ်"
"အဟွန်း........ သိပါတယ်....... ဒါနဲ့ ခလေးကိုယ့်ကို morning kiss မပေးရသေးဘူးနော်"
"ဟာ........ ဉီးနော်"
"ဘာလဲ မပေးဘူးပေါ့"
"မပေးဘူး"
"မပေးရင် တစ်နေကုန် ဒီတိုင်းဘဲ ဖက်ထားလိုက်တော့မှာ"
"ဖက်ထားလေ ဉီးဘယ်လောက်ထိ ဖက်ထားနိုင်မှာမို့လို့လဲ"
"ကိုယ်က ဘယ်အချိန်ထိဘဲ ဖြစ်ဖြစ် ခလေးကို ဖက်ထားနိုင်ပါတယ် ဒါပေမယ့် ဒီနေ့က ကိုယ်တို့ ကမ္ပဏီ မှာအရေးကြီးတဲ့ meeting တစ်ခုရှိတယ် ခလေးရဲ့ ........... အဲ့ဒါ ခလေးသာ ကိုယ့်ကို မနမ်းရင် ကိုယ်မသွားရတော့ဘူ သိလား"
"ဉီးကတော့"
"လာပါ နမ်းလိုက်ပါနော် ခလေးရဲ့ သူများအတွဲတွေဆို တစ်နေ့ကို ၁၀ခါလောက် နမ်းနေကြတာဘဲ ခလေးက ကိုယ့်ကို မနက်တစ်ခါ ညတစ်ခါဘဲ နမ်းရတာကို "
"ဟုတ်ပါပြီ အရိပ်နမ်းပါ့မယ်"
"မနေ့ကလို ထိရုံလေးဆို မရဘူးနော် ကြာကြာနမ်းရမယ်........... အမ်....... ၁မိနစ်လောက်ဆို ရပါတယ်"
"မရပါဘူး စက္ကန့် ၂၀လောက်ဘဲ ရတယ်မလား"
"အင်း......... မဆိုးပါဘူး ရပါတယ်......... ကဲ ဒါဆို နမ်းလေ"
အရိပ် မဏ္ဏိုင်ရဲ့ လည်တိုင်ကို ကိုင်လိုက်ပြီး သူမရဲ့ မျက်နှာအရှေ့သို့ ဆွဲလိုက်ကာ သူ့ရဲ့ နှုတ်ခမ်းတစ်စုံကို နမ်းလိုက်သည်။ မဏ္ဏိုင် ရင်ခုန်သံများက အလွန်မြန်ဆန်စွာဖြင့် ပေါက်ထွက်မတက် ခုန်နေသည်။ သူမလေး သူ့ကို အချိန်အနည်းငယ်ကြာအောင် နမ်းသည်ဆိုလို့ ဒီတစ်ကြိမ်သာ ရှိဖူးသည်။ မဏ္ဏိုင် မျက်လုံးနှစ်ဖက်ကို စုံမှိတ်ထားပြီး လက်နှစ်ဖက်ကလဲ အရိပ်ရဲ့ ခါးသွယ်သွယ်လေးကို တင်းကျပ်အောင် ဖက်ထားသည်။ အချိန် အနည်းငယ်ကြာတော့ အရိပ် မဏ္ဏိုင် နှုတ်ခမ်းလေးနှင့် ခွာလိုက်သည်။
မဏ္ဏိုင် ကုတင်ပေါ်တွင် ထိုင်နေရာမှ လဲပစ်လိုရ်သည်။
"ဉီး ဘာဖြစ်လို့လဲ"
မဏ္ဏိုင် ဘာမှ ပြန်မပြောဘဲ သူမလေးရဲ့ ကိုယ်ကိုပါ သူ့ရဲ့ ရင်ပတ်ပေါ်သို့ ဆွဲချလိုက်သည်။
"အမယ်လေး........"
"ခလေး ကိုယ့်ရင်တွေ အရမ်းခုန်နေတယ် သိလား"
"ဟင်.........."
အရိပ် မဏ္ဏိုင်ရဲ့ ဝဲဘက် ရင်အုပ်ပေါ်သို့ သူမရဲ့နားလေးကပ်ကာ နားထောင်လိုက်သည်။
"ဟုတ်သားဘဲ ဉီး အရိပ် ဘာလုပ်ပေးရမလဲ"
"ဘာမှမလုပ်ပေးနဲ့ ကိုယ့်ကိုဖက်ထား"
"ဟင်.......... ဉီးကွာ အဲ့လိုတွေ လုပ်မနေနဲ့ေတာ့ထ ဘာလဲကိုမသိဘူး နမ်းတာလေးကို ဒီလောက်ထိရင်ခုန်စရာလား"
"ခလေး ကိုယ်နောက်တစ်ခါ ရင်ခုန်ချင်သေးတယ်သိလား"
"မရတော့ဘူ အရိပ် ဗိုက်အရမ်းဆာနေပြီ လာပါ ေအာက်ဆင်းရအောင်"
"ဟုတ်ပါပြီဗျာ .......... လာ ကိုယ်ပွေ့ပေးမယ်"
"မပွေ့ပါနဲ့တော့ အောက်မှာက လူတွေရှိတယ်"
"လူတွေအရှေ့မှာမှ ပွေ့ချင်လို့ ကိုယ်တို့နှစ်ယောက်က ချစ်သူတွေဖြစ်ကြောင်း ပြောပြထားတာပါဆို အခုတော့ မပွေ့နဲ့ဆိုတော့........ "
မဏ္ဏိုင် မျက်နှာလေးညိုးကာ ပြောလိုက်သဖြင့် အရိပ်လဲ မနေနိုင်ကာ ပွေ့ခိုင်းလိုက်သည်။
"ပွေ့ပွေ့"
"အဟွန်း......... လာ........"
အရိပ် မဏ္ဏိုင်ရဲ့ လည်တိုင်ကနေဖတ်ထားလိုက်ပြီး မဏ္ဏိုင်က သူမတင်လေးကနေ မကာ ပွေ့လိုက်သည်။ ထို့နောက် အိမ်အောက်ရှိ ထမင်းစားခန်း သို့ ဆင်းလာခဲ့ြကသည်။
ထမင်းစားခန်း ရောက်တော့ ကြီးသန်း သိပ်မအံ့ဩပေမယ့် ဝတ်ရည်သန့်ကတော့ မျက်နှာလေး ညိုးသွားပြီ ဝမ်းနည်းသော မျက်လုံးတို့နှင့် ကြည့်နေသည်။
"ထိုင်....... အော်........ ဒါနဲ့ ကြီးသန်း အိမ်အကူသစ်က ဘာတဲ့လဲ"
"ဉီးဘသက် နေ့လယ်လောက်ကြရင် ခေါ်ခဲ့မယ်လို့ ပြောပါတယ်"
"အော်.......... ဟုတ်ပါပြီ....... ရော့ စား"
"ဟုတ်........."
ဒီလိုနဲ့ သူတို့ မနက်စာစားပြီး သွားကြသည်။ မဏ္ဏိုင် ကမ္ပဏီ သွားဖို့ အိမ်ရှေ့ရှိ ကားရှိရာကို လာခဲ့သည်။
"ခလေး ကိုယ်သွားပြီနော် ပျင်းရင် ဉီးဘသက်နဲ့ အတူတူ ကိုယ့် ကမ္ပဏီ လာခဲ့နော်"
"ဟုတ်.......... တာ့တာ........"
"အဟွန်း....... ရွှတ်"
မဏ္ဏိုင် သွားခါနီး သူမရဲ့ ပါးဖောင်းဖောင်းလေး ကိုနမ်းပစ်လိုက်သည်။
ထို့နောက် ကားလေး အိမ်ကြီးထဲမှ ထွက်သွားလေသည်။
"အရိပ်တော့ ပျင်းနေရတော့မယ် ထင်တယ်"
သူမခြံထဲတွင် ဆင်ကာထိုင်နေလိုက်သည်။
""""""""""""""""""""""""""""""""""""""""""""""""
မဏ္ဏိုင် ကမ္ပဏီ ကိုအရင်မသွားဘဲ ထက်မြတ် ရဲ့အိမ်ကို အရင်လာခဲ့သည်။
"ဟင်......... မဏ္ဏိုင် မင်းပါလား ဘာလာလုပ်တာလဲ ငါ့ကောင်"
"ငါလေ အရိပ်လေးနဲ့ ချစ်သူတွေဖြစ်နေပြီ သိလား"
"ဟင်.......... တစ်ကယ်လားဟ ဘယ်လိုလုပ် ချစ်သူတွေ ဖြစ်သွားတာလဲ ငါ့ကိုပြောပြအုံး"
"ဒါနဲ့ မင့်ဆီလာတဲ့ ဧည့်သည်ကို အိမ်ထဲဝင်ပြီး ဧည့်မခံတော့ဘူလား"
"မင်းကလဲ ပြောစရာလား လာစမ်းပါ"
ဒီလိုနဲ့ သူတို့လဲ အိမ်ထဲ ဝင်သွားကြသည်။
"လာထိုင် ပြောအုံး"
"ဒီလိုဟ............"
မဏ္ဏိုင် အရိပ်နှင့် ချစ်သူတွေဖြစ်သွားရတဲ့ အကြောင်းကို အကုန်လုံး ထက်မြတ်အား ပြောပြလိုက်သည်။
"မင့်ညီရဲ့ ကျေးဇူးကြောင့်ပေါ့ကွာ"
"ငါ့ညီပြောပါတယ် မင်းက သူနဲ့အရိပ်ကို အထင်လွှဲသွားပြီ ထင်တယ်တဲ့ "
"ဟုတ်တယ် ငါလဲဘာမမသိဘဲ ရှောက်ပြီး စွတ်စွဲခဲ့တာလေ ဒါနဲ့........ ရော့"
"ဒီကတ်က"
"ဘဏ်ကတ် မင့်ညီ အရိပ်ကို ဒေါ်ခင်လေး လက်ထဲကနေ ဒီကတ်နဲ့ ကူညီပေးခဲ့တာလေ အဲ့ဒါကြောင့် အစားပြန်ပေးတာ"
"မလိုပါဘူးကွာ မင်းကလဲ "
"ယူလိုက်ပါ မင့်ကိုပေးတာမှ မဟုတ်တာ မင့်ညီကိုပေးတာလေ ဒါနဲ့......... မင့်ညီကော"
"နိုင်ငံခြားသွားလိုက်ပြီလေ"
"ဘယ်တုန်းကသွားလိုက်တာလဲ"
"မနေ့ကမှ သွားလိုက်တာပါ"
"အော်........ အေးပါကွာ ဒါဆို ငါလဲသွားတော့မယ် meeting ရှိသေးလို့"
"အေးအေး......... ဖြည်းဖြည်းနော် ငါ့ကောင်ရေ"
"အေးပါ"
ဒီလိုနဲ့ မဏ္ဏိုင်လဲ ကမ္ပဏီ သို့လာခဲ့လိုက်သည်။ ဟိုရောက်တော့
"မဏ္ဏိုင် ရှင်ရောက်လာပြီပေါ့ ကျွန်မကတော့ ဒီမှာအကြာကြီး စောင့်နေရတာ ဘာတွေလုပ်နေလို့ ဒီလောက်နောက်ကျနေရတာလဲ"
ဆိုကာ ဧကရီဇန် မဏ္ဏိုင်ရဲ့ လက်မောင်းကို ကိုင်လိုက်သည်။
"ဖယ်စမ်း......... ဧကရီဇန် ငါ့ကို ဒီလိုတွေ လာမလုပ်ပါနဲ့ ငါ့မှာအခု ချစ်သူရှိနေပြီ ဒါကြောင့် နောက်ဆို အနေအထိုင် ဆင်ခြင်ပါ ငါ သူမအထင်လွှဲသွားမှာကို မလိုလားဘူး"
"ဒါပေမယ့် ရှင်နဲ့ ဟိုတောသူမနဲ့က ယူမှမယူရသေးတာ အဲ့တော့ ကျွန်မကတော့ ကပ်စရာရှိတာ ကပ်မှာဘဲ"
"တောက်......... မင်း မိန်းကလေး ဖြစ်သူ အရှက်မရှိဘူးလား"
"မရှိဘူး ရှင့်ကို ချစ်လွန်းလို့ ကျွန်မ အရှက်တွေတောင် မသိတော့ဘူ အဲ့ဒါရှင်သိလား"
"မင်းအခု အိမ်ပြန်လိုက်တာ ကောင်းမယ် ထင်တယ် "
"အဟွန်း......... ပြန်မှာပါ ဒါနဲ့ ရှင့်ကို ကျွန်မကလွှလို့ ဘယ်သူမှမရစေရဘူး အဲ့ဒါရှင်မှတ်ထားလိုက်"
"အဟွန်း........ ဒီနေ့တော့ ဟာသတစ်ခု နားထောင်လိုက်ရပြီ ဒီမှာ ဧကရီဇန် မင်းငါနဲ့ အရိပ်ကို လူချင်းတာ ခွဲချင်ခွဲနိုင်လိမ့်မယ် ငါတို့နှစ်ယောက်ရဲ့ ရင်ထဲအချစ်တွေကိုတော့ ဘယ်တော့မှ မခွဲနိုင်ဘူးဆိုတာ မင်းမြဲမဲမှတ်ထားလိုက် အော်......... ဒါနဲ့ မင်းငါတို့နှစ်ယောက်ကို လူချင်းလဲမခွဲနိုင်ဘူးနော် ခဏက ဉပမာအနေနဲ့ ပြောလိုက်တာ ခဏနေ လူချင်းခွဲနိုင်တယ် ပြောလိုက်လို့ ကိုယ့်ကိုယ်ကို အထင်တွေ စွတ်ကြီးနေမှာစိုးလို့ .......... သွားပြီ"
ဧကရီဇန် မဏ္ဏိုင်ရဲ့စကားတွေကို သိပ်မနားလည်ပေမယ့် သူ့ကို သက်သက်မဲ့ဖဲ့သွားတယ်ဆိုတာ သိသဖြင့် အတော်လေး ဒေါသထွက်သွားရသည်။
"တောက်........ မဏ္ဏိုင် ရှင်တော်တော်တက်နေတယ်ပေါ့ အဟွန်း.......ရပါတယ် ကျွန်မက အချိန်စောင့် ရအုံးမှာမို့လို့ ရှင်တို့ လောလောဆယ်တော့ ပျော်ထားလိုက်ကြအုံးပေါ့ "
ဆိုကာ ဧကရီဇန် ဒေါသထွက်ပြီး ထိုနေရာမှ ထွက်သွားလိုက်သည်။
"ခဏနေ meeting ရှိတယ်နော် အားလုံးပြင်ဆင်ပြီးပြီလား"
"ဟုတ် ပြင်ပြီးပါပြီ boss"
"အင်း........"
မဏ္ဏိုင်သူ့ရဲ့ ရုံးခန်းထဲသို့ ဝင်သွားလိုက်သည်။ ထို့နောက် စားပွဲပေါ်က သူနှင့် အရိပ်ရဲ့ ပုံလေးကို အချိန်ကြာမြှင့်စွာ ငေးကြည့်နေသည်။
"တော်တော် အပြစ်ကင်းဆင်တဲ့မိန်းကလေးဘဲ ဟူး......... နောက်နေ့ကြရင် သွားတာလာတာ သတိထားရတော့မယ် ခလေးရေ မင်းနားမှာ အန္တရာယ် တွေက ဝိုင်းနေပြီ"
စာဖတ်သူလေးများအားလုံးလက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻