book

Index 23

အပိုင်း(၂၃)

"ရှင်ကြီးချစ်တဲ့ကျွန်မ"

"ခလေး "

"ရှင်....... ပြောလေ ဉီး"

"ကိုယ်တို့ ချစ်သူတွေဖြစ်နေပြီ ဆိုတာကိုလေ ကြီးသန်းတို့ကိုကော ပြောပြလိုက်ရင် မကောင်းဘူးလား"

"ဟမ်........ ဘာလို့ပြောပြမှာလဲ"

"ဒီလိုပြောပြလိုက်မှ ကိုယ်တို့တွေ အိမ်မှာလွတ်လွတ်လပ်လပ်နေလို့ရမှာပေါ့ မဟုတ်ရင် ကြီးသန်းတို့ရှေ့ဆို အနေအထိုင်က ဆင်ခြင်ရအုံးမှာ"

"ဆင်ခြင်လိုက်ပေါ့ ဉီးရဲ့ ဘာခက်တာကြလို့"

"မရပါဘူး ကိုယ်က အသဲယားလာရင် ခလေးကို ကြီးသန်းတို့ ရှေ့လဲ ဆွဲနမ်းမိလိမ့်မယ် ခလေးရဲ့"

"ဟာ........ ဉီးနော်"

"ဉီးမနေနဲ့တော့ ကိုယ်ကတော့ အိမ်ရောက်ရင် အကုန်လုံးကို ပြောပြလိုက်တော့မယ် ရလား ခလေး"

"ဟူး......... ဉီးသဘောပါဘဲ"

"အဟွန်း........ ဒါ​ကြောင့်မို့ ကိုယ်က ခလေးကို အရမ်းချစ်နေရတာ"

"အပိုတွေ"

"မပိုပါဘူးဗျာ"

"ဒါဆိုရင် အရိပ် ဘယ်လောက်ဆိုးဆိုး ဉီးကသည်းခံမှာလား"

"ခံမှာပေါ့ ......... ခလေးကြိုက်သလောက်ဆိုး ကိုယ်က အမြဲတမ်း သည်းခံပြီးသား"

" ဉီးစကားအတည်နော်"

"အတည်ပါဗျ"

"ဒါဆိုရင် နောက်ဆို အရိပ် ဉီးအပေါ် အမြဲတမ်း အနိုင်ယူမှာ အမြဲတမ်းကလေး တစ်ယောက်လိုဆိုးမှာ အဲ့အချိန်ကြမှ သည်းမခံနိုင်တော့ဘူ လို့မပြောနဲ့"

"မပြောပါဘူးဗျ"

"ဟီး...... ပြီးသာဘဲ "

ဒီလိုနဲ့ သူတို့အိမ်ပြန်ရောက်လာကြသည်။

"လာ ဆင်းပါ ကိုယ့်ရဲ့ခလေး"

"ဟုတ်........"

အရိပ် မဏ္ဏိုင်ဖွင့်ပေးတဲ့ ကားတံခါးပေါက်နေ ဆင်းလိုက်သည်။

"အော်....... သခင်လေးတို့ ပြန်လာကြပြီလား"

"ပြန်လာပါပြီ ကြီးသန်း"

"ညစာ စားတော့မလား ကြီးသန်းပြင်လိုက်မယ်လေ"

"ကျွန်တော်တို့ အပြင်မှာစားခဲ့ပါပြီ ကြီးသန်း....... ဒါနဲ့ကျန်တဲ့ လူတွေကော"

"ရှပါတယ် သခင်လေး"

"ဒါဆို ဧည့်ခန်းထဲကို လာခဲ့ဖို့ အကုန်လုံးကို သွားပြောပေးပါအုံး "

"ဟုတ်ကဲ့ပါ သခင်လေး"

ကြီးသန်း သူတို့အနားမှ ထွက်သွားလိုက်သည်။

"လာ ခလေး အထဲဝင်ရအောင်"

"ဟုတ်........"

ဒီလိုနဲ့ သူတို့နှစ်ယောက်လဲ ဧည့်ခန်းထဲသို့ ဝင်သွားကြသည်။ ခဏကြာတော့ အိမ်ကြီးထဲရှိ အိမ်အကူ ၄ယောက် လုံး ရောက်လာကြသည်။

"အားလုံးကို ကျွန်တော် အသိပေးစရာရှိလို့ပါ"

"ဟုတ်........"

"ကျွန်တော်နဲ့ အရိပ် ချစ်သူတွေဖြစ်နေပါပြီ "

"ရှင်......."

ကြီးသန်း အနည်းငယ် လန့်သွားသည်။ ဝတ်ရည်သန့်ကတော့ အတော်လေးပင် လန့်သွားရသည်။

"ဒါလေး ​ပြောချင်လို့ပါ ဒါနဲ့ ကြီးသန်း တူမနဲ့ ကျွန်တော့်ကို သဘောတူတယ်မလား ကြီးသန်း"

"ရှင်........ တူ........တူပါတယ် သခင်လေးရဲ့"

"ဟုတ်......... အော် ဒါနဲ့ ဉီးဘသက် ကြီးသန်းက အသက်ကြီး​ေနပြီဆိုတော့ အိမ်အကူ တစ်ယောက်လောက် ထပ်ရှာပေးပါအုံး အသက်ကတော့ ၄၀ဝန်းကျင်လောက်ဆို ပိုကောင်းပါလိမ့်မယ်"

"ဟုတ်ကဲ့ပါ သခင်လေး"

"အဲ့အိမ်အကူကိုတော့ သေချာစုံးစမ်းနော် ဟိုမိန်းမ ငုဝါဖူးလို မဖြစ်စေပါနဲ့"

"ဟုတ်........ ဉီးဘသက် သေချာ စုံစမ်းလိုက်ပါ့မယ်"

"ဟုတ်ကဲ့ပါ သခင်လေး "

"ဒါဆို ကျွန်တော်တို့ အပေါ်တက်ပြီ "

"ဟုတ်"

"လာသွားမယ် ခလေး"

"ရှင်........ ဟုတ်"

အရိပ် လူတွေကြားထဲ ခလေးဟုခေါ်ခံလိုက်ရသဖြင့် အနည်းငယ် ရှက်သွားသည်။ ခဏကြာတော့ ကြီးသန်းတို့လဲ အိပ်ခန်းထဲဝင်ဖို့ ဆုံးဖြတ်လိုက်ကြသည်။

"ဟဲ့ ဝတ်ရည်သန့် ညည်းအဲ့နားမှာ ဘာရပ်လုပ်နေတာလဲ"

"ရှင်....... ဟို........ ကျွန်မ လုပ်စရာလေး နည်းနည်းလေး ရှိသေးလို့ပါ"

"ပြီးသာဘဲ ငါကတော့ အရင်အိပ်နှင့်ပြီ "

"ဟုတ် ကြီးသန်း"

ကြီးသန်းလဲ အိပ်ရာစောစောဝင်ဖို့ အခန်းထဲသွားလိုက်သည်။ ဝတ်ရည်သန့်ကတော့ တစ်ယောက်ထဲ ခြံထဲဆင်းကာ ဧကရီဇန် အားဖုန်းဆက်လိုက်သည်။

တီ..........

"ဟယ်လို ညကြီးမိုးချုပ် ဘာကိစ္စရှိလို့လဲ ဝတ်ရည်သန့်"

"ဟို........ကျွန်မ မမဇန်ကို ပြောစရာရှိလို့ပါ "

"အဲ့ဒါဆိုလဲ မြန်မြန်ပြော"

"သခင်လေးနဲ့ အရိပ် ချစ်သူတွေဖြစ်နေပြီတဲ့"

"ဘာ.........."
ဧကရီဇန် ဝတ်ရည်သန့်ရဲ့ အပြောကို အတော်လေး အံဩသွားသည်။

ဒါဘဲလား ငါဖုန်းချတော့မယ်

"ခ........ခဏနေပါအုံး မမဇန်"

"ဘာပြောအုံးမလို့လဲ"

"ဟို......... အရိပ်ကို ဒီတိုင်းဘဲ လွတ်ထားလိုက်တော့မှာလားဟင်"

"အဲ့ဒါ ငါ့အပိုင်းပါ"

"ဒါဆို အခုအရိပ်ကို ဘာမှမလုပ်သေးဘူးပေါ့"

"အခုလောလောဆယ်တော့ သူတို့နှစ်ယောက် ပျော်ကြပါစေအုံး နောက်မှ မဏ္ဏိုင်ကိုမှ ချစ်ချင်တဲ့ အဲ့တော့သူမကို ငါကိုယ်တိုင်ရှင်းပစ်မှာပါ"

"ဟုတ်......... ဒါဆို ကျွန်မ ဖုန်းချပြီနော်"

"အင်း........"

ဝတ်ရည်သန့် ဖုန်းအမြန်ချလိုက်ပြီး ခြံထဲမှ မသွားသေးဘဲ မဏ္ဏိုင်နှင့် အရိပ်ကို တွေးနေသည်။

"တစ်ကယ်ဆို မချစ်သင့်မှန်း သိလျက်နဲ့ ချစ်ခဲ့မိတဲ့ ကျွန်မကဘဲ မှားတာပါ သခင်လေးရဲ့ အခုလဲ ကျွန်မလုပ်တာတွေ မှန်နေရဲ့လားဟင်.......... "
သူမ ပြောရင်းဖြင့် မျက်ရည်များ ဝဲနေရှာသည်။ ခဏကြာတော့ လေစိမ်းတွေက တစ်ဖြူးဖြူးနဲ့မို့ အိမ်ခန်းထဲဝင်သွားတော့သည်။

"တောက်........ တော်တော်လူပါးဝတဲ့ ကောင်မ မဏ္ဏိုင်ကို မင်းလိုတောသူမလက်ထဲ ထည့်ပေးမယ် ထင်နေတာလား အဟွန်း......... ထင်နေရင်တော့မင်းမှားသွားမှာပေါ့ အခုတော့ မင်းတို့ ပျော်ထားအုံးပေါ့ နောက်မှ မင်းတို့နှစ်ယောက် နာနာကြီးကြီးကို မုန်းသွားမယ့် အချိန်ကို ကောင်းကောင်းကြီး ထိုင်ကြည့်နေမှာပါ "

ဧကရီဇန် ယခုအချိန်တွင် သူ့စိတ်ထဲမှာ အရိပ်ကို ဘယ်လို မကောင်းကြံရမလဲသာ စဉ်းစားနေသည်။

""""""""""""""""""""""""""""""""""""""""""""""""""""""

"ခလေး အိပ်တော့မှာလား"

"မအိပ်သေးရင် အရိပ်က ဘာလုပ်ရမှာလဲ"

"ကိုယ့် အခန်းထဲမှာ ဇာတ်ကားကြည့်ရအောင် လာခဲ့"

"အရိပ်ကြိုက်တဲ့ ဇာတ်ကားကော ရှိရဲ့လား"

"ရှိပါတယ် ခလေးရဲ့ လာပါ "

မဏ္ဏိုင် အရိပ်ရဲ့ လက်ကလေးကိုင်ကာ အတင်းဆွဲခေါ်နေသည်။ အရိပ်လဲ မဏ္ဏိုင်ရဲ့ အခန်းထဲ လိုက်သွားလိုက်ရသည်။

အခန်းထဲရောက်တော့ သူကြည့်ချင်တဲ့ ဇာတ်ကားတွေ တစ်ကားပြီးတစ်ကား ရှာနေသည်။

"တွေ့ပြီ "

"ဘာလဲ ခလေး"

"အရိပ် ကြည့်ချင်တဲ့ ကားလေ"

"ဟုတ်လား ဘာကားလဲခလေး"

"ထိုင်းသရဲကား"

"ဟမ်....... သရဲကားကြီးလား ခလေးရဲ့ "

"ဟုတ်တယ်လေ ဘာလို့လဲ ကြောက်လို့လား"

"ဘယ်သူက ကြောက်တယ်ပြောလဲ မကြောက်ပါဘူး"


"ဒါဆိုလဲ ကြည့်ရအောင်လေ"

"အင်း........"

ဒီလိုနဲ့ အရိပ် မဏ္ဏိုင်ရဲ့ပေါင်ကို ခေါင်းအုံးလုပ်ပြီး အိပ်လိုက်သည်။

"ရော့ ဉီး....... အရိပ်ကို နေကြာစေ့ ခွာပေး"

"ဟုတ်ပါပြီဗျ "

မဏ္ဏိုင်က နေကြာစေ့ခွာပေး အရိပ်က ပါးစပ်လေးဟကာ မဏ္ဏိုင်ခွာပေးတဲ့ နေကြာစေ့ တွေကို စားနေသည်။

"ဉီး........ အဲ့နားမှာလေ သရဲလာတော့မှာသိလား အဲ့သရဲကလေ ဉီးလိုမျိုး ကုတင်ကို မှီပြီးအိပ်နေတဲ့ ကောင်လေးရဲ့ ခေါင်းပေါ်တည့်တည့်ကနေ စောက်ထိုးကြည့်ကြလားတာသိလား ဉီး........."

"ဟင်........."

မဏ္ဏိုင်တစ်ကယ်တမ်းပြောရရင် သရဲကားတွေမကြိုက်ပေ။ ကြောက်လို့လဲပါပေမည်။ မဏ္ဏိုင် သရဲထွက်လာတော့မည့် အချိန်ဆို မျက်လုံးကို တင်းကျပ်နေအောင် မှိတ်ထားသည်။

အဟွန့်........

အရိပ် မဏ္ဏိုင်ရဲ့ မျက်နှာလေးကို ကြည့်ကာ ရီနေသည်။

"ကဲပါ ဉီး သရဲကားမကြိုက်လဲ အရိပ်မဖွင့်တော့ပါဘူး "

"ဟင်....... ဘာလို့လဲ ခလေးကြည့်ချင်ရင် ကြည့်ပါ"

"တော်ကြာ သရဲကြောက်လို့ဆိုပြီး အရိပ်ကို အခန်းထဲက မလွတ်ပေးရင် ဒုက္ခရောက်နေအုံးမယ်"
ဆိုကာ အရိပ်ထိုသရဲကားကို ပိတ်ပစ်လိုက်သည်။

"အဟွန်း........ တော်တော်လဲ တွေးတက်တဲ့ ခလေး"

"ဉီး....."

"ပြောဗျာ........ "

"ဉီးရဲ့ ဖုန်း အရိပ်ကို ခဏငှားပေးပါလား"

"ကိုယ်ခလေးကို ဖုန်းဝယ်ပေးရအုံးမှာဘဲ ကိုယ်လဲ အလုပ်များတာနဲ့ မေ့နေတာ"

"အရိပ်က ဖုန်းလိုချင်လို့ အဲ့လိုပြောလိုက်တာ မဟုတ်ပါဘူး အရိပ်က ဉီးရဲ့ဖုန်းခဏလေးကြည့်ချင်လို့ပါ"

"ကိုယ်က ကိုယ့်ရဲ့ခလေးရဲ့ အကြောင်းကို သိပါတယ် ကဲ.......ရော့ ဖုန်း"

အရိပ် မဏ္ဏိုင်လက်ထဲက ဖုန်းအားယူလိုက်သည်။ ထို့နောက်ဖွင့်ကြည့်လိုက်သည်။

"ဒီပုံကြီးက ဘယ်သူ့ပုံပါလိမ့် ဒီလူကြီးက ဘယ်သူပါလိမ့်နော် ဉီး"
သူတို့နှစ်ယောက် ဘုရားမှာတုန်းက ခိုလေးတွေကြား ရိုက်ထားသည့်ပုံလေးကို အရိပ်ပြောလိုက်သည်။

"ကိုယ်လဲဘယ်သိမလဲ ဒါနဲ့ အဲ့ကောင်လေးချောချောလေးဘေးနားက ရပ်နေတဲ့ ပုပုနဲ့ကောင်မလေးကလဲ ဘယ်သူပါလိမ့်နော်"

"လူကိုပုပုလို့ပြောတယ်ပေါ့ ဉီး"

"စတာလေ ခလေးကလဲ"

"သွား စရင်လဲစိတ်စိုးတယ်"

"အဟွန်း........မစိုးပါနဲ့ ကိုယ်ရဲ့ခလေးကလဲ"

ဆိုကာ မဏ္ဏိုင်သူမကိုယ်လေးကို ထိုင်နေရာမှ သူ့ပေါင်ပေါ်ပွေ့တင်လိုက်သည်။

"မစိုးရဘူးနော်"

"သွားပါ ရှင်ကြီးက ကျွန်မကို ပုပုလို့ပြောတယ် သွားမခေါ်ဘူး"

"တစ်ကယ်မခေါ်တော့ဘူပေါ့"

"မခေါ်ဘူး"

"မခေါ်ရင် နမ်းပစ်လိုက်မှာနော်"

"ဟင်......... ခေါ်တယ်ခေါ်တယ်"

"ေခါ်ရင်လဲ နောက်ကျသွားပြီ"

ဆိုကာ မဏ္ဏိုင် သူ့ပေါင်ပေါ်ထိုင်နေတဲ့ အရိပ်လေးရဲ့ မျက်နှာကို သူ့ဘက် လှည့်လိုက်ပြီး သူမရဲ့ နှုတ်ခမ်းတစ်စုံကို စုတ်ယူနမ်းရှိုက်လိုက်သည်။ အရိပ်လဲမဏ္ဏိုင်ရဲ့ အနမ်းတွေကို ပြန်တုံ့ပြန်နေမိသည်။ ခဏကြာတော့ မဏ္ဏိုင် အနမ်းမိုး ရွသွန်းမှုကို ရပ်လိုက်သည်။

"သွားအခု ပိုစိတ်စိုးသွားပြီ"

"ဘာလို့လဲ ကိုယ်က ခလေးကို ချစ်လို့နမ်းတာလေ"

"ဟွန့်........"

သူမနှုတ်ခမ်းလေးစူကာ တစ်ဖက်သို့ လှည့်သွားသည်။

"အသဲယားလာပြီနော် ခလေး ဖတ်နမ်းပစ်ရမှာလား"

"ဟင်........ မနမ်းနဲ့ အခုအရိပ် အခန်းထဲသွားတော့မယ်"

"လာကိုယ်လိုက်ပို့ပေးမယ် ထ"

"ဟုတ်......."

အရိပ်မဏ္ဏိုင်ရဲ့ပေါင်ပေါ်မှ ထလိုက်သည်။

"လာကိုယ်ပွေ့မယ်"

အရိပ်လဲ အခွင့်အရေးရတုန်းမို့ မဏ္ဏိုင်ပွေ့မည်ကို မငြင်းလိုက်ပေ။ ဒီလိုနဲ့ မဏ္ဏိုင် သူမတင်လေးကနေမလိုက်ပြီး ပွေ့ချီလိုက်သည်။

"ခလေးက တံခါးဖွင့်"

အရိပ်အခန်းတံခါးကို ဖွင့်လိုက်ပြီး မဏ္ဏိုင်က သူမကိုယ်လေးကို ကုတင်ပေါ်သို့ အသာအယာတင်ပေးလိုက်သည်။

"အိပ်ပြီ ဉီး........ ဂွတ်နိုက်"

"ကိုယ်ကတော့ ဒီညဂွတ်နိုက် ဖြစ်မယ်မထင်ဘူး"

"ဟင်........ ဘာလို့လဲ "

"ဘာလို့လဲဆိုတော့ ခလေးမှ ကိုယ့်ကိုမနမ်းရသေးတာ "

"ဟင်........ ခဏမှဘဲ နမ်းပြီးပြီလေ"

"အဲ့ဒါက ကိုယ်နမ်းတာလေ ခလေးနမ်းတာမှ မဟုတ်တာ"

"ဟူး.......ဟုတ်ပါပြီ"

သူမကုတင်ပေါ်က ထလိုက်ပြီး မဏ္ဏိုင်ရဲ့ နှုတ်ခမ်းလေးကို ထိရုံမျှနမ်းလိုက်သည်။

"ရပါတယ် နောက်နေ့မှ အကြွေးအနေနဲ့ များများနမ်းပေးရမယ်"

"ဟာ..... ဉီးကတော့ သွားတော့ သွားတော့"

အဟွန်း.......

ဒီလိုနဲ့ မဏ္ဏိုင်လဲ သူ့အခန်းထဲ ပြန်သွားလိုက်သည်။ အရိပ်လဲ အိပ်လိုက်တော့သည်။

စာတိုသွားရင်လဲ တောင်းပန်ပါတယ်နော်။

စာဖတ်သူလေးများအားလုံး လက်နက်ဘေး ရောဂါဘေးမှ ကင်းဝေးကြပါစေ။

ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻


rate now: