"ရှင်ကြီးချစ်တဲ့ကျွန်မ"
"အရိပ်လေး ဆင်းလာပြီလား "
"ဟုတ်"
"ဒါဆို လာထိုင် မနက်စာအမြန်စားပြီး ပြီးရင် အပြင်သွားမယ်"
"ဉီးခမ်းဒီနေ့ ကမ္ပဏီ မသွားဘူးလား"
"ကိုယ်ဒီနေ့ ကမ္ပဏီ မသွားဘူးဒီနေ့ အရိပ်လေးနဲ့လျှောက်လည်ဖို့ စီစဉ်ထားတာ "
"ေအာ်......."
"လာပါ ထိုင်"
"ဟုတ်"
မဏ္ဏိုင်နဲ့ အရိပ် မနက်စာစားလိုက်ကြပြီး လျှောက်လည်ဖို့ ထွက်လာခဲ့ကြသည်။
"ဉီးခမ်း ဘယ်သွားမလို့လဲ"
"အရိပ်လေး သရေစာမုန့်တွေ ကြိုက်လား"
"သရေစာမုန့်ဆို အကုန်ကြိုက်တယ်"
"အဟွန်း........ ဟုတ်ပါပြီဒါဆို ကိုယ်အခု မုန့်တွေအများကြီးရှိတဲ့ ဆိုင်ခေါ်သွားမယ် ကြိုက်လား"
"ကြိုက်တယ်"
"ဘာကိုလဲ"
"မုန့်ဆိုင်ကိုလေ"
"ကိုယ့်ကိုရော"
"ဟင်........."
"အရိပ်လေး ကိုယ့်ကိုချစ်လား"
"ချစ်တယ်လို့ ပြောပြီးပြီလေ "
"မရဘူး နောက်တစ်ခါ ပြန်ပြော"
"ဉီးကို အရိပ် အရမ်းချစ်ပါတယ်ရှင့်"
"အဟား......... ကိုယ့်ကို ဘယ်လိုခေါ်လိုက်တယ်"
"ဉီး........"
"အသဲယားလိုက်တာ ခလေးရာ"
"ဟင်......... ဉီးလဲအရိပ်ကို ဘယ်လိုခေါ်လိုက်တယ်"
"ခလေးလို့ခေါ်လိုက်တာလေ မကြိုက်ဘူးလား"
"ရပါတယ် ဉီးကြိုက်သလိုခေါ်"
"အဟွန်း........."
ဒီလိုနဲ့ သူတို့ သရေစာမုန့်အစုံရောင်းသည့် ဆိုင်ကြီးရှိရာသို့ ရောက်လာခဲ့သည်။
"ရောက်ပြီ ဆင်းတော့"
"ဝိုး......... ဆိုင်က အကြီးကြီးဘဲနော် ဉီး......"
"ဟုတ်တယ် ခလေးဒီဆိုင်က ကြိုက်တဲ့မုန့်ဝယ်ခဲ့ ဒါပေမယ့် ခေါက်ဆွဲခြောက်ထုတ်တွေ cola တွေမဝယ်ခဲ့ရဘူးနော်"
"ဟမ်......... ဘာလို့လဲ"
"အဲ့ဒါတွေက ကျန်းမာရေးအတွက် မကောင်းဘူးလေ ခလေးရဲ့"
"ဟုတ်ပါပြီ.......... အဲ့ဒါတွေ မဝယ်ခဲ့ပါဘူး........ ဒါဆိုအရိပ် ဆိုင်ထဲဝင်ပြီ"
ဆိုကာ သူမနှုတ်ခမ်းလေးစူကာ ဆိုင်ထဲ ဝင်သွားသည်။
ခဏကြာတော့ မုန့်အစုံဝယ်ပြီးပြီဖြစ်၍ အရိပ်ဆိုင်ထဲမှ ထွက်လာသည်။ ပါးစပ်တွင်လဲ ချိုချဉ်တစ်လုံး စားနေသေးသည်။
"ပြီးပြီလား ခလေး"
"ဟုတ်........."
"ပေးအဲ့အထုပ်တွေ"
"ရော့........"
မဏ္ဏိုင် အရိပ်လက်ထဲမှ မုန့်ထုပ်တွေအား ယူလိုက်ပြီး ကားနောက်ခန်းထဲ ထည့်လိုက်သည်။ ထို့နောက်မဏ္ဏိုင်လဲ ကားပေါ်တက်ပြီး ကားမောင်းသူနေရာမှာ ဝင်ထိုင်လိုက်သည်။
"ခလေး ဘာတွေစားနေတာလဲ"
"ချိုချဉ်လေ ဉီးကော စားချင်လို့လား"
"အင်း........."
"ဒါဆို အရိပ်ယူပေးမယ်"
အရိပ် ချိုချဉ်ယူဖို့ အနောက်သို့ လှည့်လိုက်စဉ် မဏ္ဏိုင် သူမမေးဖျားလေးကို ကိုင်လိုက်ပြီးသူနဲ့မျက်နှာချင်းဆိုင် တစ်ဖက်သို့ လှည့်လိုက်သည်။
"ဘာဖြစ်လို့......."
မဏ္ဏိုင် အရိပ်မေးတာကို မဖြေဘဲ သူမစကားပြောချိန် ဖွင့်ဟလာတဲ့ နှုတ်ခမ်းတစ်စုံကို အရအမိ စုပ်ယူနမ်းရှိုက် ပစ်လိုက်သည်။ သူမခဏက စားနေတဲ့ ချိုချဉ်လေး မဏ္ဏိုင် ရဲ့ပါးစပ်ထဲ ရောက်သွားသည်ထိ မဏ္ဏိုင်နမ်းနေသည်။ အနမ်းချိုချိုလေးတွေကြား အရိပ်စားနေတဲ့ ချိုချဉ်လေးအား မဏ္ဏိုင် စုပ်ယူလိုက်ပြီး ခဏကြာမှ နမ်းနေသည်ကို ရပ်လိုက်သည်။ အရိပ် ရှက်သွေးဖြာကာ ခေါင်းလေးအားငုံ့ထားပြီး ပါးနှစ်ဖက်လေးကလဲ နီမြန်းနေသည်။
"ဘာလဲ ရှက်နေပြီလား"
"သွား သူများစားနေတဲ့ ချိုချဉ်ကို လာယူတယ် မကောင်းတဲ့ လူကြီး"
"အဟွန်း......... ချိုချဉ်ဆိုတာ ဒီလိုစားမှ ပိုချိုသွားတာမဟုတ်လား"
"ချိုချဉ်ဆိုတာ အစကတည်းက ချိုပြီးသားပါနော် "
"မသိပါဘူး ကိုယ်ကတော့ ခလေးစီက ဒီလိုစားလိုက်ရမှ ပိုချိုသွားတယ်ထင်တာဘဲ"
"အပိုတွေ"
"မပိုပါဘူးဗျာ........ နောက်ကျရင်လဲ ချိုချဉ်ကို ဒီလိုဘဲ စားရအောင်နော်"
"ဟာ........ ဉီးနော် ဘာလို့ဒီလိုတွေပြောနေတာလဲ "
"ဘာလို့လဲ ပြောလို့မရဘူးလား"
"မရဘူး အရိပ်ရှက်တယ်"
"ဒီလိုမျိုး ရှက်နေချိန်ဆို ခလေးကလေ အတော်ချစ်ဖို့ကောင်းတယ်သိလား"
"အရိပ်က အမြဲတမ်း ချစ်ဖို့ကောင်းပြီးသားပါနော်"
"ဟုတ်ပါပြီဗျာ ကိုယ့်ရဲ့ခလေးက အမြဲတမ်းချစ်ဖို့ကောင်းပြီးသားပါ"
"ဟီး........ ဒါနဲ့ အခုဘယ်သွားကြမလဲဟင်"
"အမ်........ ခလေး bubble tea သောက်ဖူးလား"
"မသောက်ဖူးဘူး "
"ဒါဆို ကိုယ် bubble tea ဆိုင် လိုက်ပို့ပေးမယ် အဲ့ဆိုင်က bubble tea က အရမ်းသောက်ကောင်းတယ် သိလား "
"အဲ့ဒါဆို မြန်မြန်သွားရအောင် အရိပ်အရမ်းသောက်ချင်နေပြီ"
"ဟုတ်ပါပြီဗျာ"
ဒီလိုနဲ့ bubble tea ဆိုင်ရှိရာသို့ သူတို့နှစ်ယောက်လာခဲ့ကြသည်။ သူတို့ဆိုင်ထဲလဲ ဝင်သွားရော အသက်၂၀ ဝန်းကျင် အရပ်ရှည်ရှည် အသားဖြူဖြူနှင့် ကောင်လေး တစ်ယောက် သူတို့အနားရောက်လာသည်။
"အစ်ကိုနဲ့ ညီမ ဘာသောက်မလဲဗျ"
"bubble tea နှစ်ခွက်"
"ဟုတ်...... ဒီမှာ ခဏထိုင်စောင့်ပေးပါနော်"
"အင်း........."
မဏ္ဏိုင် ထိုင်စောင့်နေရင်း ဆိုင်တစ်ခုလုံးကို ဝေ့ကြည့်လိုက်သည်။
"တစ်ဆိုင်လုံးကလဲ ကောင်လေးငယ်ငယ်လေးတွေကြီးဘဲ "
မဏ္ဏိုင် အရိပ်အား သဝန်တိုသလို ပုံစံကြီးနှင့် ကြည့်နေသည်။
"အဲ့ဒါဘာဖြစ်နေတာလဲ ဉီးရဲ့"
"ဘာဖြစ်ရမှာလဲ ဟိုမှာကြည့်ကြည့် တွေ့လား"
အရိပ် မဏ္ဏိုင်ထိုးပြရာ နေရာကိုကြည့်လိုက်သည်။ ကောင်လေးချောချောလေးတစ်ယောက် သူမကိုလှည့်ကြည့်နေသည်။
"တွေ့တယ်လေ ဘာဖြစ်လို့လဲ"
"အဲ့ကောင်လေးလေ ခလေးကိုဘဲ လှည့်ကြည့်နေသလိုဘဲနော်"
"အော်........ ဘာများလဲလို့ သူ့ဟာသူကြည့်ချင်လို့ ကြည့်နေတာနေမှာပေါ့"
"မရပါဘူး ခလေးကို အဲ့လိုသူစိမ်းတစ်ယောက်က စူးစိုက်ကြည့်နေတာ ကိုယ်မခံနိုင်ဘူး "
"အဲ့တော့ ဉီးကဘာလုပ်မှာလဲ"
"ခလေး ကားထဲအရင်သွားနှင့်လိုက်"
"ဘာလို့လဲ"
"သွားနှင့်လိုက်ပါနော် ကိုယ်ပြောတာနားထောင်"
"ဟုတ်ပါပြီ"
အရိပ် ထိုင်နေရာမှ ထလိုက်သည်။ ထိုအချိန်
"အစ်ကိုနဲ့ညီမ မှာထားတာရပါပြီ"
မဏ္ဏိုင် ဘာမှပြန်မပြောဘဲ သူ့လက်ထဲက ဗူးနှစ်ဘူးအား ယူလိုက်သည်။
"ကျေးဇူးပါနော် နောက်လဲလာအားပေးပါအုံး ညီမ"
"မပေးဘူး သွားမယ် ခလေး........."
မဏ္ဏိုင် သူမလက်ကလေးကို ဆွဲခေါ်လိုက်ပြီး ဆိုင်ထဲမှ ထွက်လာခဲ့သည်။ ထိုကောင်လေးကတော့ ကြောင်အအဖြင့် ကျန်ခဲ့ရသည်။
"ဘယ်လိုလူတွေပါလိမ့် ဝယ်တာကငါလေ ငါ့ကိုကြတော့ ကျေးဇူး မပြောဘဲနဲ့ ခလေးကိုမှ လာပြောရတယ် ကျစ်.......... နောက်တစ်ခါကျရင် အဲ့ဆိုင် ဘယ်တော့မှ မသွားနဲ့နော် ခလေး"
အရိပ် bubble tea သာအာရုံစိုက်သောက်နေသဖြင့် မဏ္ဏိုင်အပြောကို သူမမကြားပေ။
"ခလေး ကိုယ်ပြောတာ ကြားလား"
"ရှင်........ ဘာပြောလိုက်တာလဲဟင်......."
"ဟာ........ ခလေးကတော့ကွာ"
"ကဲပါ အဲ့ဒါတွေထားပါ ဉီး သိလား ဒီဟာလေ အရမ်းသောက်ကောင်းတယ် "
"ဘာလို့သောက်ကောင်းတာလဲ ကောသိလား"
"သိတယ်လေ"
"အဲ့ဒါဆို ပြောပါအုံး ဘာလို့သောက်ကောင်းရတာလဲဆိုတာ"
"အမ်......... ဘာလို့လဲဆိုတော့ ခဏက ရှောင်ကောကော တွေလုပ်ပေး တာမို့လို့လေ"
"ဘာ......."
မဏ္ဏိုင် အရိပ်ရဲ့အဖြေကို သဘောမတွေ့ဘဲ ဒေါသအနည်းငယ် ထွက်သွားသည်။ အရိပ် မဏ္ဏိုင်ရဲ့ ဒေါသထွက်နေပုံကို ကြည့်ကာ ရီချင်စိတ်ကို မနည်းထိန်းထားရသည်။
"ဉီးကလဲ အရိပ်က ချစ်လို့စတာပါ တစ်ကယ်တော့ ဒီ bubble tea ကဉီးဝယ်တိုက်လို့ ကောင်းတာ ဟုတ်ပြီလား"
"အဟွန်း.......... ကိုယ်ကလဲ ဒီအဖြေဘဲ ကြားချင်တာ"
"ဒါနဲ့ အခု အရိပ်တို့ ဘယ်သွားကြမလဲ"
"အားကစားကွင်း သွားကြတာပေါ့"
ဒီလိုနဲ့ သူတို့ တစ်နေကုန် နေရာအနှံ့လည်ပတ်လိုက်ကြသည်။
"ဉီး....... ညနေတောင်ရောက်နေပြီ အရိပ် လျှောက်မလည်ချင်တော့ဘူ"
"ဒါပေမယ့် သွားစရာတစ်နေရာကျန်သေးတယ်"
"ဘယ်လဲ ဉီးရဲ့"
"ကိုယ့်အမေအိမ်လေ"
"ဟင်........ ဘာသွားလုပ်မလို့လဲ"
"ကိုယ်တို့ ချစ်သူတွေဖြစ်နေပြီ ဆိုတာသွားပြောမလို့"
"ဟင်........ အခုလား"
"ဟုတ်တယ်လေ"
"ဉီးဘဲသွားပြောလိုက် အရိပ်ကတော့ မလိုက်ရဲဘူး"
"ဘာလို့လဲ"
"အရိပ် ဉီးရဲ့အမေကို ကြောက်တယ် "
"ဘာကြောက်စရာရှိလို့လဲ ခလေးရဲ့ ကိုယ့်အမေက ခလေးကို သူ့ချွေးမ ဖြစ်ခိုင်းစေချင်တာ သိလား"
"မသိပါဘူး.......... အဲ့ဒါ ဉီး အရိပ်ကို မကြောက်အောင် လျှောက်ပြောနေတာ"
"တစ်ကယ် ခလေးရဲ့ ကဲ........ လာပါ ပြောနေတာက ကြာတယ် သွားစို့"
"ဟာ........ ဉီး......."
"ဘာမှမကြောက်နဲ့ ကိုယ်တစ်ယောက်လုံးရှိတယ် ဟုတ်ပြီလား"
"ဟူး.........."
အရိပ်လဲ ပြောမရသည့်အဆုံး မဏ္ဏိုင်နောက်သာ လိုက်ခဲ့ရတော့သည်။ ဟိုရောက်တော့
"ဟယ်....... သမီးတို့ပါလား"
"အဟင်း....... ဟုတ်"
"လာလာ အထဲဝင်ကြ"
ဒီလိုနဲ့ အရိပ် မဏ္ဏိုင်အမေခေါ်ရာ ဧည့်ခန်းထဲ လိုက်လာခဲ့သည်။
"ကဲ ပြောပါအုံး ဘာကိစ္စရှိလို့ ဒီအထိလာခဲ့ကြတာလဲ"
"ကျွန်တော် အမေ့အတွက် သတင်းကောင်း ပြောစရာရှိလို့"
"ဟုတ်လား ပြောပါအုံး ဘာသတင်းကောင်းလဲ"
"ကျွန်တော်နဲ့ အရိပ် ချစ်သူတွေဖြစ်နေပြီ"
"ဟင်........ တစ်ကယ် ပြောတာလား"
"ဟုတ်....... အမေ"
အရိပ်ကတော့ ဒေါ်သက်ထားခင် နှင့် မျက်နှာချင်းမဆိုင်ရဲ့လို့ ခေါင်လေးအား ငုံ့ထားသည်။
"သမီး တစ်ကယ်ဘဲ သားနဲ့ချစ်သူတွေ ဖြစ်နေပြီလား"
"ရှင်.........."
"မရှက်ပါနဲ့ အန်တီက သမီးကို သဘောကျပြီးသားပါ သမီးသာ သားကို တစ်ကယ်ချစ်တယ်ဆိုရင် အန်တီက သဘောတူပြီးသား ကြားလားသမီး"
"ဟုတ်........"
"ဒါနဲ့ သမီး အန်တီ့သားကို တစ်ကယ်ချစ်ပါတယ်နော်"
"ဉီးကို အရိပ်တစ်ကယ်ချစ်ပါတယ်"
"အဟွန်း.......... ကောင်းပါပြီ ဒါနဲ့ သားတို့ ညစာစားသွားကြလေ"
"ရပြီ အမေရဲ့ ကျွန်တော်တို့ အပြင်မှာစားခဲ့ပြီ"
"အော်........ ဒါနဲ့ သမီးစာမေးပွဲ ဖြေနိုင်တယ်မလား"
"ဟုတ် ဖြေနိုင်ပါတယ်"
"အေးကွယ် "
"ဒါဆို ကျွန်တော်တို့ ပြန်တော့မယ်နော် "
"အေးအေး........ ကောင်းပါပြီ ဖြေးဖြေးပြန်ကြနော်"
"ဟုတ်"
"အမေ့ရဲ့ ချွေးမလေး လဲ အမေ့အိမ်ကို လာလည်အုံးနော်"
"ရှင်........ ဟုတ် လာလည်ပါ့မယ် အန်တီ"
"အန်တီ ဆိုတဲ့ အသုံးအနှုန်းကို မကြိုက်ဘူးနော်သမီး"
"ရှင်.........."
"အမေကလဲ ခလေးကို မစပါနဲ့တော့.......... ဒီမှာခလေးရဲ့ ကိုယ့်အမေကလေ ခလေးကို အမေလို့ ခေါ်ခိုင်းစေချင်တာ "
"အော်........ အဲ့ဒါဆို လာလည်ပါ့မယ် အမေ"
"အဟွန်း......... ဟုတ်ပါပြီ သမီးချွေးမလေးရဲ့........ ဒါဆိုပြန်ကြတော့လေ"
"ဟုတ် ပြန်ပြီအမေ"
"အေးအေး........"
ဒီလိုနဲ့ သူတို့နှစ်ယောက် အိမ်ကြီးစီ ပြန်လာခဲ့ကြသည်။
"ခလေး ကိုယ့်အမေက ခလေးထင်ထားသလို မဟုတ်ဘူးမလား"
"အင်း........ ဉီးအမေက တော်တော်ချစ်ဖို့ကောင်းတာဘဲသိလား"
"အဟွန်း......... ကိုယ့်အမေက ခလေးကို အစကတည်းက ကိုယ်နဲ့ တွဲခိုင်းစေချင်နေတာ ဒါပေမယ့် ခလေးက ၁၀တန်းတောင် မဖြေရသေးဘူးမို့လို့ ဘာမှမပြောဘဲ ထားတာ အခုတော့ ခလေး လဲ၁၀တန်း ပြီးပြီဆိုတော့ ကိုယ်လဲ မြိုသိပ်ထားတဲ့ ဟာတွေအကုန်လုံး ဒီကကိုယ့်ရဲ့ ခလေးကို ဖွင့်ပြောလိုက်တော့တာလေ "
"ဟွန့်...... အကြံကြီးနဲ့"
"ချစ်လို့ ကြံရတာပါ ခလေးရယ်......... ဒါနဲ့ ခလေး ကိုယ်အိပ်ခါနီးကြရင် ကိုယ့်ကို နမ်းရမယ်နော်"
"ဘာရယ် ဉီး နော်မကဲနဲ့"
"မရဘူး ကဲမှာဘဲ ခလေးက ကိုယ့်မနက်အိပ်ယာ ထခါချိန် တစ်ခါနမ်းရမယ် နောက်ပြီး ညအိပ်ယာဝင်ချိန် တစ်ခါနမ်းရမယ် ကျန်တဲ့အချိန်ကတော့ ခလေးနမ်းချင်တယ်ဆို လာနမ်းပေါ့ "
"ဟာ....... ဉီးနော်"
"အသဲယားလိုက်တာ ခလေးရာ"
"ဟင်....... ဘာလို့လဲ"
"ခလေးပါးစပ်က အဲ့လိုမျိုး ဉီးနော်လို့ ခေါ်လိုက်တိုင်းကိုယ် အသဲယားလွန်းလို့ သေတော့မလိုဘဲ သိလား ပြီးတော့ ခလေးပါးစပ်ကသာ ဉီးလို့တစ်ခွန်းတည်းခေါ်လိုက် ကိုယ့်မှာရှိနေတဲ့ စိတ်ညစ်စရာတွေ အကုန်လုံး ဘယ်စီးကရက်မှ အရက်မှသောက်စရာမလိုဘဲကို ပျောက်သွားတာ သိလား"
"အပိုတွေ ပြောပြန်ပြီ"
"ခလေးနဲ့ တွေ့မှဘဲ ဒီလိုအပိုတွေ ပြောတက်လာတာပါ"
ဟွန့်........
သူမ နှုတ်ခမ်းလေး စူကာတစ်ဖက်သို့ လှည့်သွားသည်။ မဏ္ဏိုင်လဲ သူမကို ထပ်မပြောတော့ဘဲ ကားသာအာရုံစိုက်မောင်းလာခဲ့သည်။
roပေးဆိုလို့ ro ပေးထားတာဘဲ ကြိုက်ကြလား ။
ဒါနဲ့ ငယ်တို့ကော ချိုချဉ်စားချင်နေပြီလား ။😁
ငယ်ဆိုတာ စာဖတ်သူလေးတွေကို ပြောတာနော်။
စာဖတ်သူလေးများအားလုံး ရောဂါဘေး လက်နက်ဘေး မှကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှားပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻