"ရှင်ကြီးချစ်တဲ့ကျွန်မ"
"ဟင်........ မင်းထက်"
"ကိုယ့်လမ်းကို သွားပါနော် ကောင်လေး"
"သွားရမှာက ကျုပ်မဟုတ်ဘူး ခင်ဗျား "
"အောင်မှာ....... မင်းကဘယ်သူမို့ ငါ့ကိုလာပြောနေရတာလဲ"
"ထားပါ........ အခုလောလောဆယ် ခင်ဗျား အရိပ်ကို ကိုင်ထားတဲ့လက် အခုချက်ချင်းလွတ်လိုက်ပါ"
"ငါက ဘာဆိုင်လို့ မင်းစကားနားထောင်ရမှာလဲ"
"ရတယ်လေ ခင်ဗျားကို ကြိုပြောတယ်နော် ခင်ဗျားဘာသာ ခင်ဗျားနားမထောင်တာ"
မင်းထက် ဒေါ်ခင်လေး အရိပ်ကို ကိုင်ထားတဲ့လက်အား ကိုင်လိုက်ပြီး တစ်ဖက်သို့ လိမ်ဆွဲပစ်လိုက်သည်။
"အား.......ကျွတ်ကျွတ်......"
ဒေါ်ခင်လေး သူ့လက်အား ဆွဲရမ်းလိုင်သဖြင့် အတော်နာသွားသည်။
"တောက်....... မင်း........"
"အဟွန်း........ ခင်ဗျားကို ကြည့်ရတာ အရိပ်ကို လာခေါ်တာ မဟုတ်ဘူးထင်တယ်"
"မင်းက ဘာသိလို့ လာပြောနေတာလဲ"
"ခင်ဗျားနဲ့ ကျုပ်နဲ့ အပေးအယူတစ်ခုလောက် လုပ်ရအောင်"
"ဘာလဲ"
"ရော့.......ဘဏ်ကတ် ဒီထဲမှာ ၁၅သိန်းရှိတယ် ယူသွားလိုက် နောက်တစ်ခါ အရိပ်ကိုလာမနှောင့်ရှက်ပါနဲ့တော့"
"အဟွန်း........ ဒီအပေးအယူတော့ ကြိုက်သွားပြီ....... ဒါဆိုငါသွားပြီနော် မိအရိပ် နောက်တစ်ခါ ညည်း ကိုလဲ လာမရှာတော့ပါဘူး"
ေဒါ်ခင်လေး ပြောလဲပီးရော ဘဏ်ကတ်ယူကာ ထွက်သွားသည်။ခဏကြာတော့ မင်းထက်လဲ ထွက်သွားသည်။
"မင်းထက်....... ခဏလေး......."
တီ.........
ကားလမ်းတစ်ဖက်သို့ ရောက်သွားပြီဖြစ်တဲ့ မင်းထက်အား အရိပ် အနောက်မှ လိုက်လာပြီး လှမ်းခေါ်လိုက်ချိန် သူမအရှေ့တည့်တည့်သို့ ကားတစ်စီး ဝင်ရောက်လာသည်။
ဟင်.........
အရိပ် ကြောက်ကြောက်ဖြင့် ကားအရှေ့တည့်တည့်မှာ မျက်လုံးကို တင်းကျပ်အောင် မှိတ်ထားပြီး ရပ်နေသည်။
"ဟာ....... ဒီတစ်ယောက်နဲ့တော့"
မင်းထက် သူမလေးနား အပြေးလာခဲ့ပြီး သူမကိုယ်လေးကို ကားလမ်းပေါ်မှ လှမ်းဆွဲလိုက်သည်။ အရိပ် မသိလိုက်အချိန်လေးတွင် သူ့ရဲ့ကိုယ်က မင်းထက်ရဲ့ ရင်ခွင်ထက်သို့ ရောက်သွားရသည်။
"ဟင်......."
ထိုမြင်ကွင်းကို မျက်မှောင်ကြီးကြုံ့ကာ ကားထဲမှ ကြည့်နေသူက
"တောက်......... လူမြင်ကွင်းမှာ ဖြစ်ပျက်နေတာကိုက တောက်........"
မဏ္ဏိုင်ဒေါသ အရမ်းထွက်ကာ ကားစီယာတိုင်ကို သူ့လက်နှစ်ဖက်ဖြင့် ထုရိုက်လိုက်သည်။
"မိန်းမတွေများ မာယာများလိုက်တာ........... တစ်ယောက်ပြီးတစ်ယောက်ကို အမျိုးမျိုး လိုက်မြူဆွယ်နေတာဘဲ ငါလဲ သူ့ရဲ့စကားချိုချိုလေးတွေကို လိုက်ယုံမိတာကိုက မှားတာ တောက်.......... "
မင်းထက် သူမကိုယ်လေးကို ခဏဆွဲဖမ်းထားလိုက်ပြီး ခဏကြာမှ လွတ်ပေးလိုက်သည်။
"ဆောရီး မင်းပြုတ်ကျသွားမှာမို့ ဖမ်းပေးလိုက်တာ"
"ကျေးဇူးပါ......... "
မင်းထက် သူမဆီက ကျေးဇူးပါ ဆိုသည့်အသံလဲ ကြားပြီးရော သူမအနားမှ ထွက်သွားဖို့ ပြင်လိုက်စဉ်
"ခဏနေပါအုံး ငါနင့်ကိုပြောစရာရှိလို့"
"ကျစ်......... အမြန်ပြော ငါ့မှာအချိန်မရှိဘူး"
"ဟိုဟာလေ......... လရိပ် ကနင့်ကိုတိုက်ရိုက်မပြောရဲလို့ ငါကပြောပေးရမှာ"
"ဘာလဲ"
"လရိပ်က နင့်ကိုချစ်တယ်တဲ့"
"ဒါဘဲမလား ငါသွားပြီ"
"ခဏနေအုံး သူကပြောသေးတယ် နင်စိတ်စိုးပြောပါတော့တဲ့ သူကနင်စိတ်စိုးရင် မနေတက်ဘူးတဲ့"
"ကျစ်........."
မင်းထက် ကျစ်တစ်ချက်သပ်ကာ သူမအနားမှ ထွက်သွားလိုက်သည်။ သူမလဲ မင်းထက် ထွက်သွားပြီး ပတ်ဝန်းကျင်ကို တစ်ချက်ကြည့်လိုက်သည်။
"ဟင်........ ဟိုမှာ ဉီးခမ်းဘဲ ဘာလို့ ဒီဘက်ကို မကူးလာတာပါလိမ့်"
အရိပ်ဘဲ မဏ္ဏိုင်ရှိရာ ကားစီ သွားလိုက်သည်။ ထို့နောက်ကားထဲသို့ဝင်ထိုင်လိုက်သည်။
"ဉီးခမ်း အရိပ် စာမေးပွဲဖြေနိုင်တယ် သိလား နောက်ပြီး ဉီးခမ်းနဲ့ အရိပ်အတူတူ ကျက်ထားတဲ့ဟာတွေဘဲ စာမေးပွဲမှာပါလာတာသိလား"
သူမကသာ မဏ္ဏိုင်အား ပြောပြနေသည်။ မဏ္ဏိုင်ကတော့ သူမပြောတာတွေကို တစ်စက်မှ ဂရုမစိုက်ဘဲ အရှေ့သို့ တည့်တည့်ကြည့်ကာ ကားမောင်းနေသည်။
"ဉီးခမ်း......."
"မင်းမရှက်ဘူးလား"
"ရှင်........"
မဏ္ဏိုင်ရဲ့ အစမရှိ အဆုံးမရှိ စကားကြောင့် အရိပ်မှာ ကြောင်သွားရသည်။
"ဉီးခမ်းက ဘာကိုပြောတာလဲ"
"ငါ့အရှေ့မှာ ရိုးသားတဲ့ လူလိုလိုဘာလိုလို လာလုပ်မနေပါနဲ့"
"အရိပ်က ဘာလုပ်နေလို့လဲ ဉီးခမ်းရဲ့"
"မင်းတစ်ကယ်မသိတာလား "
"အင်း........."
"ဒါဆိုလဲ ငါပြောပြရတာပေါ့ မင်းတို့ ခဏကလမ်းပေါ်မှာ ဖြစ်ပျက်နေတာ တော်တော်ကြည့်ကောင်းတယ်ထင်နေတာလား"
"ရှင်......... ဉီးခမ်း ဘာမှမသိဘဲ အရိပ်ကို လာမပြောပါနဲ့ "
"အဟွန့်......... တော်တော်မာယာများတာဘဲ"
"ဘာ........"
အရိပ်မဏ္ဏိုင်ရဲ့ စကားကို အတော်လေး ခံပြင်းသွားသည်။ ဒါပေမယ့် သူမက မဏ္ဏိုင်အား ဘာမှပြန်ပြောပိုင်ခွင့်မရှိပါ ။ ဘာလို့လဲဆိုတော့ မဏ္ဏိုင်က သူမရဲ့ ကျေးဇူးရှင်လေ။ သူမလဲ ဒေါသထွက်ကာ ဘာမှမပြန်မပြောနေတော့ပေ။ အရိပ်ကားအပြင်ဘက်ကိုသာ ငှေးကြည့်ရင်း မျက်ရည်များကလဲ ကျနေသည်။ ခဏကြာမောင်းလာပြီးတော့ သူတို့ အိမ်ကြီးရှိရာရောက်လာခဲ့သည်။ အရိပ် မျက်ရည်များအား လျင်မြန်စွာ သုတ်လိုက်ပြီး ကားပေါ်က အမြန်ဆင်းကာ အပေါ်ထပ်ရှိ အခန်းရှိရာသို့ တက်သွားသည်။
"အဟင့်.......... ဉီးခမ်းက အရိပ်ကိုယ်တောင် မယုံကြည်ဘူးဘဲ"
အရိပ် ခုတင်ထက်၌ ငိုနေရှာသည်။
မဏ္ဏိုင် ထက်မြတ်စီ ဖုန်းဆက်ဖို့ ပြင်လိုက်သည်။
တီ..........
"ဟယ်လို"
"ဟယ်လို ထက်မြတ် ဒီညငါတို့ ထိုင်နေကြ barကိုလာခဲ့ "
"ဘာဖြစ်လို့လဲဟ"
"လာခဲ့ဆို လာခဲ့လိုက်ပေါ့ဟ ဘာလို့အရစ်ရှည်နေတာလဲ"
"အေးပါ........."
မဏ္ဏိုင် ဖုန်းချလိုက်ပြီး ကားမောင်းကာ bar သို့ သူအရင်သွားလိုက်သည်။
ညပိုင်လောက် ရောက်တော့ မင်းထက် bar သို့ရောက်လာသည်။
"ဟိတ်ကောင် မင်းက အရင်သောက်နေပြီပေါ့"
"ရော့........."
ထက်မြတ် ေမးတာကို မဏ္ဏိုင် ပြန်မဖြေဘဲ အရက်ခွက်အား ထက်မြတ် လက်ထဲသို့သာ ထည့်ပေးနေသည်။
"ဒီဟာ အရမ်းပြင်းတယ် ငါမသောက်နိုင်ဘူး"
"ဟိတ်......... သူ့ကို သိပ်မပြင်းတဲ့ဟာ ချပေးလိုက်ပါ ငါ့ကိုတော့ အခုချနေတဲ့ဟာဘဲ ဆက်ချပေး"
"ဟုတ်.........."
"ဟိတ်ကောင် မဏ္ဏိုင် မင်းဘာဖြစ်နေတာလဲ ငါ့ကိုပြောစမ်း"
"ဘာမှမဖြစ်ဘူး"
မဏ္ဏိုင် အရက်ခွက်တွေသာ တစ်ခွက်ပြီးတစ်ခွက် မော့သောက်နေသည်။
""""""""""""""""""""""""""""""""""""""""""""""""""""""""
"ကြီးသန်းတို့ အိပ်လိုက်တော့လေ အရိပ် ဉီးခမ်းကို ဆက်စောင့်လိုက်ပါ့မယ်"
"ဖြစ်ပါ့မလား သမီးရဲ့"
"ဖြစ်ပါတယ် ကြီးသန်းသာ အရင်အိပ်လိုက်ပါတော့နော် ကြီးသန်း အရမ်းပင်ပန်းနေပြီ"
"ဒါဆို ကြီးသန်းတို့ အိပ်ပြီနော်"
"ဟုတ်........"
ဒီလိုနဲ့ အရိပ် တစ်ယောက်ထဲ ဉီးခမ်း အပြန်လာကို စောင့်နေသည်။
"ဉီးခမ်း ဘာတွေဖြစ်နေတာပါလိမ့်"
အရိပ် မဏ္ဏိုင်အား အတော်လေးပင် စိတ်ပူနေသည်။ အခုဆို ၁၀နာရီတောင် ထိုးနေပြီေလ။
"မဏ္ဏိုင် ထတော့ ၁၀နာရီတောင် ထိုးတော့မယ် လာပြန်စို့"
"မပြန်ဘူး ဆက်သောက်အုံးမှာ"
"ဟာ........လာပါကွာ မင်းကလဲ"
"မပြန်ဘူး ဆက်သောက်အုံးမှာဟ"
ထက်မြတ် မဏ္ဏိုင်အား မတ်တပ်ရပ်ခိုင်းလိုက်ပြီး မဏ္ဏိုင်ရဲ့ကိုယ်ကို ထိန်းပြီး ကားရှိရာသို့ လာခဲ့သည်။
"ကျစ်......... ဒီအချိန်မှတော့ ငါဘဲပန်လိုက်ပို့ရမှာဘဲ"
ထက်မြတ် မဏ္ဏိုင်ကိုယ်အား ကားပေါ်တင်လိုက်ပြီး သူရဲ့ အိမ်ရှိရာသို့ ေမာင်းလာခဲ့သည်။ မောင်းလာတဲ့ တစ်လမ်းလုံးလဲ အရိပ်ကို သူအရမ်းချစ်ကြောင်း မူးရူးကာ တစ်ယောက်ထဲပြောနေသည်။ ဒီလိုနဲ့ဘဲ မဏ္ဏိုင် အိမ်ပြန်ရောက်လာခဲ့သည်။ အရိပ်လဲ ခြံရှေ့သို့ အပြေးထွက်လာခဲ့သည်။
"ဟင်........ဆရာ"
"ဒီမှာအရိပ်ရေ သူမူးလာလို့"
"ဉီးခမ်း အရက်တွေသောက်လာခဲ့တာလား"
"ဟုတ်တယ် အရိပ်ရဲ့......... ဒါနဲ့ မဏ္ဏိုင်ကို သူ့အခန်းထဲပို့ဖို့ အဆင်ပြေပါ့မလား"
"ရပါတယ် အရိပ်ပို့ပေးလိုက်ပါမယ်"
"ဖြစ်ပါ့မလား အရိပ်"
"ဖြစ်ပါတယ် ဆရာလဲ ညည့်နက်နေပြီ အိမ်ပြန်တော့လေ"
"အေးပါ အဆင်ပြေတယ်ဆိုရင် ဆရာသွားပြီနော်"
"ဟုတ်........."
ထက်မြတ်ကားလေး သူတို့အနားမှ ထွက်သွားသည်။ အရိပ်လဲ မဏ္ဏိုင်ကိုယ်ကြီးကို မနဲထိန်းပေးပြီး အခန်းရှိရာသို့ သယ်လာခဲ့သည်။
"ကျစ်.........ဉီးခမ်းရယ် ဘယ်လောက်တောင် သောက်ခဲ့တာလဲ"
"ချစ်တယ် အရိပ်လေးကို အရမ်းချစ်တယ် အရမ်းချစ်တယ် မွ........"
ဟင်........
မဏ္ဏိုင် မူးနေပြီး အရိပ်ပါးမို့မို့လေးကို နမ်းပစ်လိုက်သည်။ အရိပ် မဏ္ဏိုင်အား အခန်းထဲသို့ အမြန်ပို့ပေးလိုက်ပြီး ကုတင်ပေါ်သို့ ချလိုက်ချိန် မဏ္ဏိုင် သူမကိုယ်လေးအား ဆွဲချလိုက်သည်။
"ဟင်........"
ထို့နောက် မဏ္ဏိုင် အရိပ်ရဲ့ နှုတ်ခမ်းဖူးဖူးလေးတွေကို စိတ်ကြိုက် စုပ်ယူကာ နမ်းရှိုက်နေလိုက်သည်။
အွန့်.......
အရိပ် မဏ္ဏိုင်ရဲ့ အုပ်မိုးထားတဲ့ ကိုယ်ကို ဖယ်ပေမယ့်လဲ မရဖြစ်နေသည်။ တစ်ခဏကြာ သူမရဲ့ နှုတ်ခမ်းကို နမ်းရှိုက်ပြီး သူမရဲ့ လယ်တိုင်တွေစီ ဉီးတည်ကာ နီရဲသွားလောက်သည်ထိ စုပ်ယူနမ်းရှိုက် ပစ်လိုက်သည်။ ထို့နောက် သူမရဲ့ ညှပ်ရိုးလေးကို မဏ္ဏိုင် ကိုက်ချပစ်လိုက်သည်။
အား........
သူမနာကျင်သွာပြီး မျက်ရည်များလဲ ကျလာသည်။ မဏ္ဏိုင်ရဲ့ လက်တစ်ဖက်က အရိပ်ရဲ့ ပုခုံးပေါ် ရောက်နေပြီး နောက်တစ်ဖက်က သူမရဲ့ ပေါင်တံဖြူဖြူ တွယ်တွယ်လေးပေါ် ရောက်နေသည်။ မဏ္ဏိုင်ရဲ့ လက်ထဲမှ သူမလွတ်မြှောက်အောင် မနည်းကြိုးစားနေသည်။ မဏ္ဏိုင် အရိပ်ရဲ့ ရင်ညွှတ်ညွှတ်လေးအား နမ်းရှိုက်ဖို့ ပြင်လိုက်စဉ် မဏ္ဏိုင်သူမရဲ့ ကိုင်ထဖခုံးတစ်ဖက်ကို ကိုင်ထားတဲ့ လက်အား အရိပ်ကိုက်ချပစ်လိုက်သည်။
အား........
မဏ္ဏိုင်လဲ နာကျင်သွားသဖြင့် သူမကိုယ်လေးကို လွတ်လိုက်မိသည်။ သူမလဲ မဏ္ဏိုင်ရဲ့ကိုယ်ကို အမြန်တွန်းဖယ်လိုက်ပြီး အခန်းထဲမှ ထွက်ပြေးလာခဲ့သည်။
"အဟင့်.........အဟင့်........."
အရိပ် သူရဲ့ ညှပ်ရိုးပေါ်က သွေးစို့နေတဲ့ အနာလေးကို ပလာစတာဖြင့်ကတ်ထားလိုက်သည်။ နောက်ပြီး ပုံပြတ်နေတဲ့ အင်္ကျီ ကိုကောင်းကောင်းမွန်မွန် ပြန်ဝတ်လိုက်ပြီး ခုတင်ထက်၌ တစ်ယောက်ထဲ ကြောက်ကာ အိပ်မပျော်နိုင်ဖြစ်နေသည်။ ခဏကြာတော့ မျက်ရည်များနှင့် အိပ်ပျော်သွားတော့သည်။
ဒီလိုနဲ့ နောက်တစ်နေ့ မနက်သို့ရောက်လာခဲ့သည်။
မဏ္ဏိုင် ခေါင်းတွေ အရမ်းမူးနေသည်။
"ငါမနေ့က ဘာဖြစ်သွားတာပါလိမ့်........... စဉ်းစားစမ်း.........."
မဏ္ဏိုင် အချိန်ခဏကြာ စဉ်းစားလိုက်ပြီးမှ သူမနေ့က ကိစ္စကို သတိရသွားသည်။
"ဟင်..........ငါအရိပ်လေးကို ဘာလုပ်ခဲ့တာပါလိမ့် မလွန်ခဲ့ဖူးထင်ပါတယ် ကျစ်......... ငါနဲ့တော့ကွာ အရိပ်လေး အခုဆို ငါ့ကိုဘယ်လောက်တောင် ကြောက်နေမလဲ မဖြစ်ဘူး"
မဏ္ဏိုင် အရိပ်ရဲ့ အခန်းရှေ့သို့သွားလိုက်ပြီး တံခါးခေါက်လိုက်သည်။
"ဒေါက် ဒေါက်......... အရိပ်လေး ကိုယ်တောင်းပန်ပါတယ်နော် မနေ့က ကိုယ်စိတ်မထိန်းနိုင်လို့ပါ ပြီးတော့ ကိုယ်အရိပ်လေးကို ပြောစရာရှိတယ် အဲ့ဒါထွက်လာခဲ့လို့ရမလားဟင်........."
အရိပ် ကြားပေမယ့် ဘာမှပြန်မဖြေပေ။
"အရိပ်လေး အပြင်ထွက်လာခဲ့ပါနော် ကိုယ်တစ်ကယ်တောင်းပန်ပါတယ် အရိပ်လေး ကိုယ်မင်းကိုချစ်တယ် အရိပ်လေး နားထောင်နေမယ်ဆိုတာ ကိုယ်သိပါတယ် ကိုယ်မနေ့က အရမ်းစိတ်စိုးပြီး ပြောခဲ့မိတာပါ အဲ့ဒါကြောင့်မို့ ကိုယ်တောင်းပန်ပါတယ်နော် နောက်ပြီး ကိုယ်အရိပ်လေးကို ချစ်နေပြီ မူးပြီးပြောနေတာမဟုတ်ပါဘူး တစ်ကယ်ပြောနေတာပါ အရိပ်လေးကို ကိုယ်အရမ်းချစ်တယ် အရမ်းချစ်တယ် အရိပ်လေးကို အရမ်းအရမ်းချစ်တယ် တစ်ဘဝလုံးစာအတွက်ကို ချစ်တယ် အရိပ်ေလးအရမ်းချစ်တယ်"
"ဟာ........ ဉီးခမ်းနဲ့တော့ ကျစ်........"
အရိပ်အောက်ကလူတွေ ကြားသွားမည်ဆိုး၍ နောက်ထပ် ထပ်မပြောဖို့တားရန် အခန်းအပြင်သို့ ထွက်လာသည်။
"အရိပ်လေး ထွက်လာပြီပေါ့ အရိပ်လေး ကိုယ်ပြောတာကို ကြားတယ်မလား ကို်ယ်တောင်းပန်ပါတယ်နော် အရိပ်လေး ကိုယ့်ကို ခွင့်လွှတ်ပါနော်"
"ဉီးခမ်း တောင်းပန်စရာမလိုပါဘူး"
"ဟုတ်ပါပြီ........ ကိုယ် အရိပ်လေးကို ချစ်တယ် တစ်ကယ်တမ်းပြောရရင် အရိပ်လေးကို ကိုယ်မြင်မြင်ချင်းကတည်းက ချစ်မိသွားတာ သိလား အရိပ်လေး "
အရိပ် မဏ္ဏိုင်ရဲ့စကားတွေကို မျက်နှာပူပူဖြင့်နားထောင်နေရသည်။
"ဉီးခမ်း အရိပ်အခန်းထဲဝင်တော့မယ်နော်"
"ခဏလေး ကိုယ့်ကိုအဖြေပေးသွားအုံးလေ"
"ရှင်........"
"ဟုတ်တယ်လေ ကိုယ်အရိပ်လေးကို ချစ်တယ် အရိပ်လေးလဲ ကိုယ့်ကိုချစ်နိုင်မလား"
အရိပ် ဘာမှပြန်မပြောဘဲ ဒီတိုင်းသာ ရပ်နေမိသည်။ ဒါပေမယ့် သေချာတာကတော့ အရိပ်လဲ မဏ္ဏိုင်ကိုချစ်နေမိသည်။
"ဖြေလေ အရိပ်လေးရဲ့......... "
"အရိပ်လေး ကိုယ့်ကို မချစ်နိုင်ဘူးလို့တော့ မပြောနဲ့နော်"
"ဟင်.........ဘာလို့လဲ"
"အရိပ်လေး ဟိုးတုန်းက အရိပ်လေးသူငယ်ချင်းနဲ့ ခြံထဲမှာဖုန်းသွားပြောတုန်းက ကိုယ်အားလုံးကြားတယ်နော်"
"ဟင်........"
"အဲ့တုန်းက ဉီးခမ်းဆိုတဲ့ လူကိုတစ်ဖက်သတ် ကြိတ်ကြိုက်နေတယ်ဆိုဘဲလား ကိုယ်ကြားလိုက်တယ်နော်"
အရိပ် ရှက်သွေးဖြာကာ ပါးနှစ်ဖက်လုံးရဲနေသည်။
"အရိပ်လေးရယ် ကိုယ့်ကို ချစ်တယ်ဆိုချစ်တယ်ပေါ့ အခုလို ဟန်မဆောင်နေပါနဲ့ ပင်ပန်းတယ်"
"မပင်ပန်းပါဘူး "
"မပင်ပန်းဘူးဆိုတော့ အရိပ်လေးက ကိုယ့်ကိုချစ်နေတာကို ဟန်ဆောင်နေတာပေါ့"
"ဟာ.......သွားပါ"
မဏ္ဏိုင်သူမကိုယ်လေးအား သိမ်းကျုံးဖတ်လိုက်သည်။
"အရိပ်လေး ကိုယ့်ကိုချစ်လားလို့"
"မသိဘူး......."
"ဟာ.......ဒီအဖြေကြီးမကြားချင်ဘူးကွာ ကိုယ်က ချစ်တယ်ဆိုတာကိုဘဲ ကြားချင်တာလို့ ချစ်တယ်လို့ ဖြေပေးပါနော်"
"မဖြေဘူး"
"ရတယ်လေ"
မဏ္ဏိုင် သူမကိုယ်လေးကို ပွေ့လိုက်သည်။
"ဟင်...... ဉီးခမ်း ဘာလုပ်မလို့လဲ ချပေး"
"မချပေးဘူး အရိပ်လေး ပါးစပ်က ကိုယ့်ကို ချစ်တယ်လို့ မပြောမချင်းမချပေးဘူး"
"ဟာ......."
"မဖြေသေးဘူးပေါ့ အဲ့ဒါဆို နောက်တစ်ဆင့် တက်လာရလိမ့်မယ်နော် အရိပ်လေး"
ရှင်.......
မဏ္ဏိုင်သူမရဲ့ မျက်နှာနားလေးသို့ ကပ်လာသည်။
"ဟင်....... ချစ်တယ် ချစ်တယ်"
"သေချာပြော"
"ဉီးခမ်းကို ချစ်တယ်လို့"
"နောက်တစ်ခါလောက်"
"ဉီးခမ်းကို အရိပ်ချစ်တယ်"
အဟား........
မဏ္ဏိုင် အားရပါးရ ရီပစ်လိုက်ပြီး သူမကိုယ်လေးအားချပေးလိုက်သည်။
"ဒါဆိုရင် အဝတ်စားလဲပြီး အောက်ဆင်းလာခဲ့နော် ကိုယ်မနက်စာစားဖို့်စောင့်နေမယ်"
"ဟုတ်........"
ဒီလိုနဲ့ မဏ္ဏိုင်လဲ အောက်ဆင်းသွားသည်။
စာဖတ်သူလေများအားလုံး ရောဂါဘေး လက်နက်ဘေး မှကင်းဝေးကြပါစေ။
ဝါသနာအရရေးတာမို့ အမှာပါရင် ခွင့်လွှတ်ပါ။ 🙏🏻🙏🏻