book

Index 9

အပိုင်း(၉)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

--------------

Hotel ရှေ့သို့ရောက်လျှင် ဆိုင်ကယ်ပေါ်မှဆင်းကာ
အကျီကော်လံစနှစ်ဖက်ကိုဆွဲစိ၍ တစ်ချက်နှစ်ချက်
သပ်၍ hotel အတွင်းသို့လှမ်းဝင်လာခဲ့သည်။

ယူနီဖောင်းဆင်တူဝန်ထမ်းများနှင့် လုံခြုံရေးဝန်ထမ်းများ
ကိုဦးစွာတွေ့ရ၏။ လိပ်ပြာဘယ်နေရာမှာအလုပ်လုပ်
ရမှာလဲ၊ ဘာလုပ်ရမှာလဲဆိုတာ ဘယ်သူမှမပြော၊
ဘယ်သူ့ကိုမေးရပါ့မလဲ။ သေချာတာကတော့ ဟိုနေ့က
လိပ်ပြာဆိုင်ကယ်မှောက်မလိုဖြစ်တုန်းကကူညီတဲ့သူ
ရဲ့သူဋ္ဌေးအပိုင်ဖြစ်နေမလား။ လိပ်ပြာစိတ်ထင်နေတာ
လဲဖြစ်နိုင်တာပဲ.....

နောက်ဆုံး reception နေရာတွင်သာစောင့်နေလိုက်
သည်။ မနက် ၁၁း၀၀ နာရီပင်ရှိနေသော်လည်းသူဋ္ဌေး
ရဲ့အရိပ်အယောင်တောင်မမြင်ရပေ။

"ဟူး...စိတ်ညစ်လာပြီဒီမှာဘယ်အချိန်ထိနေ နေရမှာလဲ"

နောက်ဆုံးနာရီကြည့်လိုက်တော့ ၁၁း၃၀ ပင်ရှိနေပြီမို့
ဗိုက်ထဲကလည်းစစ်တိုက်ကာ အသံပေးနေပြီ။
တခြားဝန်ထမ်းများသည်လည်း စုရုံးစုရုံးနှင့် canteen
သို့သွားသူကသွား ထမင်းချိုင့်ဖွင့်၍စားသူကစားနေကြ
ပြီမို့ လိပ်ပြာဆုံးဖြတ်ချက်တစ်ခုကိုပြတ်ပြတ်သားသား
ချလိုက်သည်။

"တော်ပြီ.....မစောင့်နိုင်တော့ဘူး...သူ့ဘာသာလာချင်
လာမလာချင်ရင်နေတော့ လိပ်ပြာကတော့သွားစား
တော့မယ်"

လိပ်ပြာလည်းကြိမ်းဝါးလိုက်ပြီး hotel ထွက်ပေါက်သို့
လျှောက်လာလိုက်သည်။

ထိုအချိန် အနောက်တိုင်းဝတ်စုံကို ခန္ဓာကိုယ်တွင်
သေသပ်စွာဝတ်ဆင်ထားပြီး Dior အမှတ်တံဆိတ်
နေကာမျက်မှန်အကြီးကို တပ်ထားပြီးခံ့ညားစွာဝင်လာ
သောယောက်ျားတစ်ယောက်။ ရှည်လျားသောအရပ်
ကြောင့် လိပ်ပြာ ထိုသူ့ကို တမေ့တမောပင်မော့ကာ
ငေးကြည့်နေမိသည်။

နီမြန်းသောနှုတ်ခမ်းတို့က တင်းတင်းစေ့ပိတ်ထားလျက်
လိပ်ပြာဘေးနားဖြတ်လျှောက်သွားတော့မှရေမွှေးနံ့စူး
စူးကြောင့် လိပ်ပြာဖျတ်ခနဲသတိဝင်သွားသည်။

"ငါ ...ငါယောက်ျားတစ်ယောက်ကိုဘာကြောင့်များ
သတိလက်လွှတ်ကြည့်နေမိပါလိမ့်၊ ရှက်စရာကောင်း
လိုက်တာ "

လိပ်ပြာစိတ်ထဲကနေ ကိုယ့်ကိုယ်ကိုယ် တီးတိုးအပြစ်တင်
နေမိသည်။

"ဒီမှာ မပန်းလိပ်ပြာမလား အထဲလိုက်ဝင်လာခဲ့ပါ"

"သြော် ဟုက်ကဲ့"

ဟင် ဟိုလူမလား၊ ဒါဆိုဟိုနေ့ကကားပေါ်မှာပါလာ
တဲ့သူဋ္ဌေးက ဒီ hotel ပိုင်ရှင်ပေါ့..... ပြဿနာပဲ
မတွေ့ချင်တဲ့သူမှ တိုက်တိုက်ဆိုင်ဆိုင်လာတွေ့နေရ
တယ် ဘယ်လိုရေစက်ပါလိမ့်။

လိပ်ပြာလည်း ထိုလူ့ကိုကြည့်ပြီးသည့်အချိန်မှာ ဗိုက်ဆာ
တာဘယ်ရောက်လို့ရောက်သွားမှန်းမသိ ဟိုလူ့နောက်
သို့ ကပျာကယာလိုက်သွားလိုက်သည်။

ရုံးခန်းဟုထင်ရသောအခန်းသို့ရောက်လျှင် သူဋ္ဌေး၊
ဟိုလူနှင့်လိပ်ပြာတို့သုံးယောက်သာရှိသည်။လိပ်ပြာ
လည်း ထိုလူ့ရှေ့တွင် အပြစ်ရှိသူတစ်ယောက်လို
အကြောင်းမဲ့ခေါင်းငုံ့ထားမိ၏။ လိပ်ပြာရဲ့စိတ်ထဲတွင်
အတွေးများက ဟိုဟို ဒီဒီလွင့်နေသည်။

"မင်းနာမည် ပန်းလိပ်ပြာနော် "

ထိုလူ့စကားသံကြားတော့လိပ်ပြာ ဖျတ်ခနဲခေါင်းမော့
ကြည့်လိုက်သောအခါ... နက်မှောင်သောမျက်ခုံး၊ ဖြောင့်စင်းကာပေါ်လွင်နေသောနှာတံ၊ လျို့ဝှက်ပြီးစူးရှရဲရင့်သော
မျက်ဝန်းနက်၊ ယောက်ျားတန်မဲ့ ပိုင်ဆိုင်ထားသည့်
နီမြန်းနေသောနှုတ်ခမ်းတစ်စုံ၊ နဖူးပေါ်သို့ဟိုတစ်စ
ဒီတစ်စဝဲကျနေသည့် ဆံပင်တို့က သူ့မျက်နှာပေါ်မှာရှိတဲ့ပြေပြစ်မှုတွေကို မဖုံးကွယ်နိုင်ပါ။

ခြုံငုံပြီးပြောရလျှင် သူဟာချောမောခံ့ညားသူတစ်
ယောက်ပင်၊ ဒါပေမဲ့ လူတစ်ယောက်မှာရုပ်ရည်ထက်
စိတ်ဓာက်ကသာ အရေးကြီးဆုံးဖြစ်သည်။သူ၏
စူးရှထက်မြတ်သော အကြည့်နှင့် ဆုံလိုက်ရချိန် ဖျတ်ခနဲ
ဆိုခေါင်းငုံ့မိလိုက်သည်။

"အဟမ်း "

ဘေးနားကတစ်ယောက်ချောင်းဟန့်တော့မှ...

"ဟို...ဟုက်ကဲ့ ပန်းလိပ်ပြာပါ"

စိတ်နဲ့လူနဲ့ ကပ်ပုံမရပါလား၊ အခုမှအစပဲရှိသေးတယ်
သည်းခံလိုက်ဦး၊ ဘာပဲဖြစ်ဖြစ် ငါကမင်းရဲ့ ခံနိုင်ရည်အား
ကို ခဏခဏပေါ်တင်ကို စမ်းသပ်နေမှာမလို့ဘဲ...။

"မနက်ဖြန် hotel ဖွင့်ပွဲအတွက်မင်းတစ်ယောက်တည်း
စီစဉ်ရမယ်၊ နောက်ပြီးခိုင်းထားတဲ့အလုပ် ကိစ္စမပြီး
မချင်း တစ်ခြားကိစ္စတွေ မလုပ်ရဘူး... "

"ရှင် ဟုက်ကဲ့ လိပ်ပြာကြိုးစားပါ့မယ်"

"No No...ဖြစ်အောင်လုပ်ရမှာ မကြိုးစားနဲ့ "

"ဟုက်ကဲ့ လိပ်ပြာဖြစ်အောင်လုပ်ပါ့မယ် ခွင့်ပြုပါဦး"

သူကခေါင်းညိမ့်ခေါင်းခါမပြုသည်မို့ လိပ်ပြာဒီအတိုင်း
ပင်ထွက်လာခဲ့သည်။

"ဟာ ဘယ်လိုလူလဲ ဘာလုပ်ရမှာကိုပဲပြောပြီးဘယ်လို
လုပ်ရမယ်ဆိုတာမပြောတော့ လိပ်ပြာကဘယ်ကစ
ဘယ်လိုလုပ်ရမှာလဲ "

စောစောက သူ့ကိုအမွှန်းတင်ထားသမျှ 5 minutes
အတွင်း ကြက်ပျောက်ငှက်ပျောက်ပင်ဖြစ်ကုန်သည်။
ဒါနဲ့လိပ်ပြာသူ့နာမည်လည်းမသိပါလား၊ ရတယ်လေ
သူ့ပုံကြည်ရတာစိတ်ပုတ်တဲ့ပုံပဲ ဟုတ်တယ် ဦးစိတ်ပုတ်...
အဲ့နာမည်ပဲကောင်းတယ်။

လိပ်ပြာလည်းဘာလုပ်ရမှန်းမသိတာနဲ့ reception က
အစ်မတွေနဲ့စကားပြောနေမိသည်။

"ဒီကအစ်မတို့ လိပ်ပြာနာမည်က ပန်းလိပ်ပြာပါ"

"အစ်မနာမည်ကတော့ သော်တာပါ အစ်မကနေခြည်ပါ "

"ဟုက်ကဲ့ ကိုယ့်ညီမလိုသဘောထားနိုင်ပါတယ်"

"မပန်းလိပ်ပြာ"

အနောက်မှခေါ်သံကြောင့်လှည့်ကြည့်လိုက်စဉ်....

"ကျွန်တော့်နောက်လိုက်ခဲ့ပါ"

သူဋ္ဌေးရဲ့လူယုံဖြစ်တဲ့ ဟိုလူကလိပ်ပြာကိုခေါ်ပြီးဖျတ်ခနဲ
ပြန်လှည့်သွားတာကြောင့် လိပ်ပြာလည်းကြောင်နန နဲ့
ပင်လိုက်သွားသည်။ reception နှင်ခပ်လှမ်းလှမ်းနေရာ
အရောက်တွင် တိခနဲရပ်လိုက်ပြီးစာရွက်တစ်ရွက်နှင့်အတူ လိပ်ပြာရှေ့သို့ပြန်လှည့်လာ၏။

"ဒါက ဖိတ်ရမဲ့ဧည့်သည်စာရင်းတွေနဲ့ပြင်ဆင်ရမဲ့
ပစ္စည်းစာရင်းတွေ၊ ဒီနေ့အပြီးပြင်ဆင်ပေးရပါမယ်"

နောက်လှည့်ရန် ခြေလှမ်းပြင်လိုက်စဉ် မိတ်မဆက်ရ
သေးတာကိုသတိရသွာသည့်အတွက် သူပြန်လှည့်လာ
လိုက်သည်။

"သြော် ကျွန်တော်နာမည်က အဂ္ဂပါ"

"အဂ္ဂ"

သူ့နာမည်ကို လိပ်ပြာသံယောင်လိုက်ဆိုရင်း လက်ထဲမှ
ပစ္စည်းစာရင်းကို တစ်ချက်ကြည့်လိုက်ပြီး...

"ဟိုလေ..."

"ဘာမေးစရာရှိလို့လဲ"

"ဟိုသူဋ္ဌေးနာမည် နာမည်ကိုမသိလို့ပါ အဲဒါ..."

အဂ္ဂဆိုသူတစ်ချက်စဉ်းစားဟန်ဖြင့် မှိုင်တွေသွားသည်။

"လိပ်ပြာ သူဌေးကိုတိုက်ရိုက်သွားမေးဖို့မလိုဘူးမလား"

လိပ်ပြာပြောလိုက်မှ သတိပြန်ဝင်သွားဟန်ဖြင့်

" သခင်လေးနာမည်က သတိုးတေဇ ပါ၊ ဒါဖြင့်
ကျွန်တော့်ကိုခွင့်ပြုပါဦး"

ပြောပြီးသည်နှင့်နေရာမှ ချာခနဲလှည့်ထွက်သွားသည်။

"ဟွန်း သတိုးတေဇ တဲ့လား၊ နာမည်ကလည်းသူ့လိုပဲ
တင်တင်စီးစီးနဲ့ စောနကသူ့တပည့်နဲ့များကွာပါ့၊ ဆီနဲ့ရေ
လိုပဲ ပစ္စည်းစာရင်းတွေလာပေးလို့သာပေါ့ ဟိုလူ အဲ
ကိုအဂ္ဂ ကိုကျေးဇူးတင်ရမယ်"

လိပ်ပြာတစ်ယောက်တည်း တတွတ်တွတ်ပြောရင်း
Phone Counter သို့လျှောက်လာခဲ့သည်။အဲ့အချိန်
အနောက်မှာတစ်ယောက်ယောက်ရှိနေခဲ့တာ ကိုတော့
လိပ်ပြာမသိခဲ့ပါဘူး.....

"ဟွန်း"


နှုတ်ခမ်းတစ်ဖက် တွန့်ကွေးသွားရင်းမဲ့ပြုံးပြုံးလိုက်သည်။
'သတိုးတေဇ' ဒီနာမည်ကိုဘယ်သူမှခေါ်ခွင့်မရှိသလို၊
ခေါ်လည်းမခေါ်ရဲကြဘူး၊ မေးရဲမှာတောင်မဟုတ်ဘူး
မင်းကအာဂပဲ မင်းကိုအဲ့အတွက်အပြစ်ပေးရမှာပေါ့....

"အဂ္ဂ မင်းကိုငါဘယ်တုန်းကငါ့နာမည်ပြောပြဖို့ခွင့်ပြု
လိုက်လို့လဲ၊ မင်းခေါင်းကိုသေနတ်နဲ့ချိန်ပြီး မေးနေလို့
လား"

"ကျွန်တော်တောင်းပန်ပါတယ် သခင်လေးဆီ
ကိုယ်တိုင်လာမေးရင် အာရုံနောက်မှာစိုးလို့ပါ"

"ကောင်းတယ် မင်းရဲ့ကောင်းမှုကြောင့်သူမကြာခင်
လက်ဆောင်တစ်ခုရတော့မယ်ဆိုတာပဲ"

သခင်လေးပြောနေတဲ့ စကားတွေကိုသူလုံးဝနားမလည်
ဘူး၊ သခင်လေးပဲထူးဆန်းနေတာလား၊ သူပဲလိုက်မမိ
တာလား တစ်ခုခုတော့တစ်ခုခုရှိရမယ်ကျိန်းသေတယ်။

°°°°°°°°°°°°°°°°°°°°

ဟာ ဒီလောက်များတဲ့ အလုပ်တွေကို ဒီနေ့တောင်ပြီးပါ့
မလား... ဟုတ်ပြီ တခြား hotel တွေနဲ့ Company တွေကို
အရင်ဖိတ်ရမယ်။

"အား...ဗိုက်အောင့်လိုက်တာ"

ဧည့်သည်တွေကို တစ်ဦးချင်းလိုက်ဖိတ်ပြီးတာနဲ့ဗိုက်က
ထိုးအောင့်လာသည်။ နောက်ဆုံးဆိုဖာပေါ်တွင်ခွေ
ခေါက်ကာ သက်သာလိုသက်သာငြား မလှုပ်မယှက်နေ
နေသည်။

မရဏလည်း သူအလုပ်ခိုင်းလိုက်တာနဲ့အရိပ်အယောင်
တောင်မမြင်ရသည့်အတွက် အဂ္ဂ ကိုသွားကြည့်ခိုင်း
လိုက်သည်။

"သခင်လေး မပန်းလိပ်ပြာဆိုဖာပေါ်မှာခွေခေါက်နေပါတယ်"

"ခွေခေါက်နေတယ်"

အဂ္ဂ ပြောသလို သံယောင်လိုက်ပြောလိုက်ရင်း ထိလုရှိသည့်မျက်ခုံးနှစ်ခုကပို၍ပင် နီးကပ်သွားရသည်။

"ဒါသူအချောင်ခိုတာလား အမိန့်ကိုမနာခံတာလား
ဒါမှမဟုက်"

အမျိုးမျိုးစဉ်းစားပြီးမှ နောက်ဆုံးခြေလှမ်းကျဲများဖြင့်သူမ
ရှိရာသို့ထွက်လာခဲ့သည်။

ဆိုဖာပေါ်တွင် ဗိုက်ကလေးကိုနှိပ်ကာခွေခေါက်နေသော
သူမကိုတွေ့လိုက်ရချိန်...

"ဟေ့ ဟေ့ ဒီမှာမင်းဘာဖြစ်နေတာလဲ"

"အား...လိပ်ပြာ ဗိုက် အောင့် လို့"

ဗိုက်ကအရမ်းအောင့်နေသည်မို့စကားပင်မဆက်နိုင်
တော့....

သူမကိုအားမလိုအားမရဖြင့်ကြည့်ကာ ...

"ဗိုက်အောင့်ရင်ထလေ ဆေးလေးဘာလေးတောင်း
သောက်ပေါ့၊ ဘာတွေစားထားမှန်းမသိ ဘာဖြစ်လို့ဒီ
အတိုင်းနေနေရတာလဲ"

လိပ်ပြာခေါင်းပဲခါယမ်းလိုက်နိုင်သည်။ဘာစကားမှပင်
မထွက်တော့...

နောက်ဆုံးသူမဆီက စကားပြန်မရသည့်အတွက်
သူစိတ်မရှည်စွာ သူမခန္ဓာကိုယ်လေးကိုဒူးနားလေးမှ
အသာမချီလိုက်သည်။ ပြုတ်ကျမည်စိုးသောကြောင့်
သူ့ကျောဘက်ကအကျီကို လက်တစ်ဖက်ဖြင့်တင်း
တင်းဆုပ်ကိုင်ထားသေးသည်။

နောက်သူမကိုယ်မှ ကြာပန်းရနံ့သင်းသင်းလေးက
သူ့နာခေါင်းကို ထိခတ်ကျီစယ်နေသည်။သူမကတော့
သူ့ကိုယ်ပေါ်တွင်ပုဇွန်ထုပ်ကလေးပမာလိုက်ပါလာ၏။

သခင်လေးက ကားဆီပွေ့ချီလာသည့်အတွက်ကား
တံခါးကို အဂ္ဂကြိုဖွင့်ပေးထားသည်။ ကားပေါ်ရောက်သည့်တိုင် သူမခန္ဓာကိုယ်လေးက သူ့ပေါ်မှတစ်ချက်မျှမရွေ့ခဲ့
ကလေးတစ်ယောက်ပမာ၊ သူမဆီမှညည်းသံသဲ့သဲ့
ကြားနေရသည်။

"အဂ္ဂ ဆေးရုံကိုမောင်း"

"ဟုက်ကဲ့"

အဂ္ဂလည်းအမိန့်အတိုင်း နီးစပ်ရာဆေးရုံသို့
မောင်းနှင်လာခဲ့သည်။ ဆေးရုံခုတင်ပေါ်သို့သူမကိုပွေ့ချီလာသည်ကို သူများတွေကမသိရင်ကိုယ့်ချစ်သူ
အသည်းအသန်ဖြစ်လို့ လို့ထင်ကြပေဦးမည်။

"ဘာမှမဖြစ်တော့ပါဘူး အစာလွန်သွားလို့ပါ နောက်ပြီး
ကလေးမဆီမှာအစာအိမ်ရောဂါရှိတယ် အစာလွန်လို့
မဖြစ်ဘူး၊ မောင်ရင်ကကိုယ့်ချစ်သူဖြစ်ပြီးမသိဘူးလား"

ဆရာဝန်ပြောလိုက်သောစကားကြောင့် မရဏ
မျက်မှောင်ကြီးကြုတ်ကာ ရှုံ့မဲ့သွားရသည်။ညာဘက်
လက်ကိုလည်းကျစ်ကျစ်ပါအောင်ဆုပ်ကာ ပြန်ပြောရန်
ပြင်လိုက်စဉ်...

"သက်သာနေပြီဆိုတော့ အိမ်ပြန်ချင်ပြန်လို့ရပါပြီ ဒါဆို
ခွင့်ပြုပါဦး"

ဆရာဝန်ကစကားဖြတ်ပြောကာထွက်သွားတော့သူ
ခဏကြောင်သွားကာ နေရာမှချာခနဲလှည့်ထွက်သွား
သည်။

ကားရှေ့ခန်းတွင်ထိုင်ကာ သူတို့အလာကိုစောင့်နေလိုက်
သည်။ တစ်အောင့်ကြာတော့အဂ္ဂ ကဦးဆောင်လာပြီး
သူမကအနောက်မှခပ်ဖြည်းဖြည်းပင်လျှောက်လာသည်။

" တက် "

ကားပေါ်မတက်သေးပဲသူမကကားဘေးတွင်ရပ်နေ
သည့်အတွက် သတိုးခပ်မာမာပြောလိုက်သည်။

သူဝင်ခွင့်ပြုလိုက်မှ ကားနောက်ခန်းထဲသို့ဝင်ထိုင်လိုက်
သည်။ ကားရှေ့ခန်းတွင်ရှိသောလိပ်ပြာ သူဌေးကို
မျက်နှာငယ်လေးဖြင့်ကြည့်ကာ ...

"သူဌေး လိပ်ပြာတောင်းပန်ပါတယ် နောက်မဖြစ်စေရ
ပါဘူး"

"ဘာကိုပြောတာလဲ"

"ဟို ဟို အကုန်လုံးအတွက်ပါ လိပ်ပြာမရည်ရွယ်ပါဘူး"

"မင်းကိုယ့်အမှားကိုယ်သိရင်ပြီးတာပဲ အဂ္ဂ သူ့အိမ်
လိုက်ပို့ပေးလိုက်"

"ရပါတယ် လိပ်ပြာ hotel ပဲပြန်ပါရစေ"

"ရတယ် နက်ဖြန်မှစောစောလာခဲ့ပ၊ ထမဆုံးအလုပ်စ
ဆင်းတဲ့နေ့မှာဆေးရုံရောက်တဲ့အထိ ခိုင်းတယ်
ပြောဦးမယ်"

"အဲ့လိုမဟုတ်ပါဘူး လိပ်ပြာဆိုင်ကယ်ကျန်နေခဲ့လို့ပါ"

သူမစကားကြောင့် သူနည်းနည်းတွန့်သွားသည်။

"ကောင်းပြီ hotel ကိုပဲမောင်းလိုက်"

အဂ္ဂလည်းသေချာပြီဖြစ်သောကြောင့် hotel ကိုပဲ
မောင်းလာခဲ့သည်။
ဟွန်း မင်းကလည်းအစွမ်းဘယ်သေးလို့လဲငါမပျင်း
တော့ဘူးပေါ့၊ ရှေ့ဆက်ပြီးမင်းဘယ်လိုလုပ်မလဲလို့
ငါကြည့်ရသေးတာပေါ့...။

လိပ်ပြာလည်းဆိုင်ကယ်နဲ့ပင်အိမ်သို့ပြန်လာခဲ့သည်။

"မန်နေဂျာကြီးက အစောကြီးပြန်လာလို့ပါလား"

တီလေးရဲ့စသလို ခနဲ့သလိုပြောလာသောစကား
ကြောင့် လိပ်ပြာခဏဆွံ့အသွားရသည်။

"မနက်ဖြန်စောစောသွားရမှာမလို့ ဒီနေ့စောစောဆင်း
ပေးလိုက်တာပါ "

"မနက်ဖြန်ဘာအလုပ်ရှိလို့လဲ "

"မနက်ဖြန် hotel ဖွင့်ပွဲရှိလို့ လိပ်ပြာစီစဉ်ရမှာမို့လို့ပါ"

"ဒါဆို ရေမိုးချိုးပြီးရင်ထမင်းစားကြတာပေါ့ "

"ဟုတ်ကဲ့ မေမေရောဘယ်သွားလဲ"

"ခြံထဲလိုက်သွားတယ် ဒီညမိုးချုပ်မယ်တဲ့ထမင်းစား
စောင့်မနေတော့နဲ့"

"ဟုတ်ကဲ့ လိပ်ပြာအပေါ်သွားတော့မယ်နော်"

လိပ်ပြာလည်းရေချိုးပြီး အဝတ်စားလဲကာခုတင်ပေါ်
သို့ပစ်လှဲလိုက်သည်နှင့် အတွေးများခေါင်းထဲဝင်လာ
သည်။ စိုင်းကိုဖုန်းဆက်ဦးမှပဲ၊

"ဟဲလို စိုင်းလား"

"အင်း ပြန်ရောက်ပြီ"

"အခြေအနေလား"

ဒီနေ့အလုပ်အခြေအနေကိုမေးသောကြောင့်
ဗိုက်အောင့်ပြီးဆေးရုံရောက်သွားတာကိုမျက်စိထဲပြန်
မြင်လာသည်။

"နာတယ်"

"သြော် ပင်ပန်းတယ်လို့ပြောတာပါ"

"အင်း နောက်နေ့မှတွေ့တာပေါ့ ဒါပဲ မယ့်ဆီကဖုန်းဝင်
လာလို့ Bye"

"ဟဲလို မယ်အတော်ပဲအခုပဲစိုင်းနဲ့ပြောပြီးရင် ဖုန်း
ဆက်တော့မလို့"

"မယ်ကတစ်နေကုန် အလုပ်မှာဆိုတော့ အခုမှပဲဆက်
ဖြစ်သွားတာလိပ်ပြာရဲ့၊ ပထမဆုံးအလုပ်စလုပ်တဲ့နေ့က
ဘယ်လိုလဲအဆင်ပြေတယ်မလား"

"အင်း ဘယ်လိုပြောရမလဲ နည်းနည်းတော့ပင်ပန်းတာ
ပေါ့ မယ်ရောဘယ်လိုလဲ သတိရနေတာ "

"တူတူပါပဲ အလုပ်ပိတ်မှပဲတစ်ဝကြီးစကားပြောကြတာပေါ့"

"အင်းမယ်လည်းနားလိုက်ဦးနော် bye bye"
"Bye Bye"

မယ်နှင့်ဖုန်းပြောပြီးစောစောပင်အိပ်ရာဝင်ခဲ့သည်။

°°°°°°°°

6:00 A.M

'တီ တီ'နာရီမှ alarm ပေးသံကြောင့်အိပ်ချင်မူးတူးဖြင့်
နာရီခလုတ်ကိုလှမ်းပိတ်ကာတစ်ဖက်လှည့်၍ပြန်အိပ်
နေလိုက်သည်။

"အိန်ဂျယ်ထတော့လေ ၆း၃၀ နေပြီ"

" ၆း၃၀ နေပြီ"

တီလေးရဲ့နိုးသံကြောင့် ဖျတ်ခနဲဆိုအိပ်ရာမှထကာ
ကပျာကယာရေချိုးအဝတ်စားလဲကာအောက်ထပ်သို့
ဆင်းလာခဲ့သည်။

"အိန်ဂျယ် မနက်စာစားမသွားတော့ဘူလား"

"မစားတော့ပါဘူးမေမေ လိပ်ပြာနောက်ကျနေလို့ သွား
တော့မယ် တာ့တာ "

လိပ်ပြာအစောကြီးရောက်နေတယ်လို့ထင်တဲ့အချိန်က
hotel သန့်ရှင်းရေးတောင်ရောက်နေပြီဖြစ်သည်။
လိပ်ပြာလည်း ဧည့်သည်တွေစားဖို့အတွက် ပြင်ဆင်နေ
လိုက်သည်။

မနက် ၉း၀၀ နာရီပင်ဖြစ်နေသော်လည်းလိပ်ပြာပြင်ဆင်
မှုတွေကမပြီးသေးသည့်အတွက် ဇောချွေးပင်ပြန်လာ
ရသည်။

မရဏသည် ပန်းအိုးတွေပြင်နေသည့်သူမကိုကြည့်ကာ
ဒီနေ့ပြီးဖို့အစီအစဉ်မရှိမှန်း သေချာသွားသည်။ ဒီလိုဖြစ်
မယ်ဆိုတာကြိုသိသောကြောင့်အစောကြီးထဲက အဂ္ဂ
ကိုကြိုတင်ပြင်ဆင်ခိုင်းထားလို့သာတော်သေးသည်။

လိပ်ပြာလည်း ပန်းအိုးတွေကိုပြင်ဆင်ပြီးလို့နောက်
လှည့်ကြည့်ချိန် ခုနကနှင့်ခြားနားစွာအပြင်အဆင်တွေကသေသပ်လှပကျနစွာရှိနေသည်မို့ အံသြကာ
အနောက်သို့ခြေလှမ်း ၃ လှမ်းဆုတ်လိုက်မိသည်။

" ဒုတ် "

" အ "

အနောက်တွင်တစ်ခုခုနှင့် တိုက်မိသောကြောင့်
တစ်ဖက်လှည့်ကာကြည့်လိုက်စဉ် နီးကပ်လွန်းသော
အနေအထားကြောင့် အရှိန်လွန်ကာလိပ်ပြာ ခန္ဓာကိုယ်
လေးယိုင်နဲ့သွားရသည်။

"ဟို သူဋ္ဌေး...လိပ်ပြာ"

"ဧည့်သည်တွေကိုသွားဧည့်ခံလိုက် ပြီးရင်ငါ့ရုံးခန်းထဲ
လာခဲ့"

ရုံးခန်းထဲလာခဲ့တဲ့ ဘာတွေမှာတမ်းချွေပြီးဆူဦးမလဲ
မသိဘူး... ဟူးခိုင်းထားတဲ့ဟာအဆင်ပြေသွားလို့အခုမှပဲ
စိတ်ထဲပေါ့သွားတော့တယ်...။

"ဒေါက် ဒေါက် "

" ဝင်ခဲ့ "

အခန်းထဲသို့ဝင်သွားသည်နှင့်လိပ်ပြာ လက်နှစ်ဖက်ကို
ရှေ့ တွင်ယှက်ထားကာ မျက်လုံးကိုစားပွဲပေါ်တွင်ရှိ
သောပန်းအိုးသို့ပို့ထားလိုက်သည်။

"မင်းကိုငါ (၁) လ ၃ သိန်းပေးမယ်အချိန်ပိုဆင်းရင်
ဆင်းသလို bonus ပေးမယ် ဒီမှာစာချုပ်ကြည့်လိုက်"

စားပွဲပေါ်သို့စာရွက်တစ်ရွက်ပစ်တင်လိုက်သည်။

လိပ်ပြာတွေးထားသလိုမဟုတ်သည့်အတွက် အနည်း
ငယ်အံသြသွားရသည်။ စာရွက်ကိုယူလိုက်ကာအစ
အဆုံးဖတ်လိုက်တော့ လိပ်ပြာမျက်လုံးများပင်ပြူး
သွားရသည်။

"ဟင် မဖြစ်နိုင်တာ"

"ဘာကို..."

"တစ်နှစ်အတွင်း အလုပ်ထွက်ခဲ့ရင် ၃ ဆတဲ့လား၊ မမြင်
ရတဲ့အနာဂတ်ကို ဒီစာချုပ်တစ်ရွက်နဲ့ချုပ်နှောင်လို့ရပါ့
မလား မဖြစ်နိုင်တာ"

"No..No မဖြစ်နိုင်တာမရှိဘူး အခုပဲဖြစ်နေပြီလေ"

"ဒါပေမဲ့ ဒါကိုလိပ်ပြာဘက်ကသဘောမတူနိုင်ပါဘူး...
လိပ်ပြာကိုကြိုတင်ပြောပြထားတာလည်း မဟုတ်တဲ့အတွက်"

"မင်းဒီမှာအလုပ်လုပ်နေတာ ၂ ရက်ရှိသွားပြီး အဲ့တော့
မင်းကငါ့ရဲ့ တရားဝင်အလုပ်သမားပဲ၊ မင်းကို ငါ ၁ နှစ်ပိုင်
တယ်၊ မင်းမှာငြင်းပိုင်ခွင့်မရှိဘူး ပြောစရာမရှိတော့ဘူး
မလားသွားတော့၊ သြော် စာချုပ်မှာလက်မှက်ထိုးပြီး
လာပေးဖို့မမေ့နဲ့"

"ဒါပေမဲ့ လိပ်ပြာ..."

သူက Laptop ကိုအာရုံစိုက်နေပြီးမှလိပ်ပြာကို
အကြည့်စူးစူးဖြင့်ကြည့်ကာသူ့မျက်လုံးများကလိပ်ပြာ
ကိုသွားတော့လို့ အမိန့်ပေးနေသောကြောင့်လိပ်ပြာ
လည်း စာချုပ်ကိုလက်ထဲတွင်စုတ်ကာ လေးပင်သော
ခြေလှမ်းများဖြင့်ထွက်လာခဲ့သည်။

ဘာပဲဖြစ်ဖြစ် သူ့ဘက်ကပိုင်နိုင်စွာပြောလာသည်မို့
လက်မှက်ထိုးပေးလိုက်ရတော့မည်မဟုတ်လား၊
ဒါပေမဲ့ လိပ်ပြာကိုဘာအတွက် ဒီလိုလုပ်ရတာလဲဆိုတာတော့သိချင်မိသည်။ လိပ်ပြာလည်းအောင့်သက်
သက်ဖြင့် လက်မှက်ထိုးပေးလိုက်သည်။စာချုပ်ကိုပြန်
ပေးရမည်မို့ သူ့ရုံးခန်းထဲသို့နောက်တစ်ခေါက်ဝင်သွား
ရပြန်သည်။

သူ့စိတ်ဆန္ဒအတိုင်းလုပ်လိုက်ရပြီမို့ ကျေနပ်နေကာ
သူမဝင်လာသည်မို့ ချက်ချင်းပင် မျက်နှာကိုပြန်တည်
လိုက်သည်။

စာချုပ်ကိုစားပွဲပေါ်သို့ တင်လိုက်ပြီးပြန်လှည့်ထွက်ရန်
ခြေလှမ်းပြင်လိုက်စဉ်...

" နေဦး "

°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°

အပိုင်း(၁၀) ဆက်ရန် >>>

#Ruby Linn


rate now: