book

Index 8

အပိုင်း(၈)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

--------------

📲 "You just want attention,You don't want my heart... " 📲

"အူး...ဟဲ...ဟဲလို"

လိပ်ပြာအိပ်ချင်မူးတူးအသံဖြင့် ဖုန်းကိုင်လိုက်သည်။

"လိပ်ပြာခုထိမနိုးသေးဘူးလား ၈း၀၀ နာရီထိုးနေပြီ"

"အူး....ညကညဉ့်နက်သွားလို့ ဘာကိစ္စရှိလို့လဲ၊
စောစောစီးစီး "

"ကိစ္စကတော့ကြီးတယ် Diamond hotel က
အလုပ်လျှောက်လွှာတွေ ခေါ်နေတယ်၊ အဲဒါနင်များ
လုပ်ချင်မလားလို့၊ ဟာ လုပ်ချင်ချင် မလုပ်ချင်ချင်
ငါလျှောက်လွှာယူဖောင်ဖြည့်ပြီး တင်ပြီးပြီ၊ နက်ဖြန်
လူတွေ့စစ်ဆေးမှာသွားလိုက်ဦး ကြားလား"

"အင်း..."

"အင်း...ဒါဆိုလည်းဖုန်းချလိုက်ပြီ အခုထိအိပ်နေတုန်း
လားမသိဘူး"

လိပ်ပြာလည်းဖုန်းပြောပြီးသည်နှင့် ကိုယ်ပေါ်မှစောင်ကို
ခွာကာ ရေချိုးခန်းထဲသို့ ဒယိမ်းဒယိုင်နဲ့ဝင်သွားလိုက်၏။ တွေ့ကရာ ဝင်တိုက်နေသေးသည်။

ဆွဲသားအကျီလက်ရှည်ပန်းရောင်နှင့် ဆွဲသားဘောင်းဘီ
ကိုဝတ်လိုက်ပြီး အောက်ထပ်သို့မြန်မြန်ဆင်းလာခဲ့သည်။

"မယ်..."

အောက်ထပ်တွင်အဆင်သင့်ပြင်ပြီး အသင့်စောင့်နေ
သောမယ့်ကို သူမတွေ့လိုက်ရသည်။

မယ့်ကိုတွေ့တွေ့ချင်း ပြေးဖက်ကာ စကားများ
လည်ချောင်းဝတွင် ပျောက်ရှသွားခဲ့ရ၏။

"သမီးမယ် သမီးဘာကိစ္စပဲရှိရှိ ဝင်ပါထွက်ပါ၊ သမီးလာ
မယ်ဆိုအချိန်မရွေး တံခါးဖွင့်ထားတယ် သိလား"

"ကျေးဇူးတင်ပါတယ်အန်တီ ဒီအတောအတွင်းသမီးကို
သမီးအရင်းတစ်ယောက်လိုစောင့်ရှောက်ပြီးကူညီဖေးမခဲ့တာတွေအတွက် သမီးအမြဲအမှတ်ရနေမှာပါ"

"ကဲ..ကဲ နောက်ကျနေဦးမယ် အိန်ဂျယ် သမီးလိုက်ပို့
လိုက်ပါဦး"

"ဟုက်ကဲ့ လာ မယ်..."

လိပ်ပြာတို့ မယ်တည်းမဲ့ 5 stars hotel သို့ရောက်လာ
ခဲ့ကြသည်။

မယ့်ကိုနေရာထိုင်ခင်းချပေးကာ ညနေစောင်းသည်အထိနေပြီး hotel မှပြန်လာခဲ့သည်။

"ဒီဆိုင်ကယ်က လိပ်ပြာဆိုင်ကယ်ပဲ သူကဒီကိုဘာလာ
လုပ်တာလဲ"

မင်းထက်အာကာလည်း hotel ရဲ့ VIP ခန်းထဲက
အထွက် လိပ်ပြာဆိုင်ကယ်ကိုလှမ်းမြင်လို့ သိချင်ဇောနဲ့လိုက်ကြည့်ပေမဲ့ ဆိုင်ကယ်လေးကတော့မောင်းထွက်
သွားပြီဖြစ်သည်။

"မင်းကငါလွှတ်ထားတာကြာတော့ ငါ့စိတ်ကိုလာဆွနေ
တာလား အဟဲ"

မင်းထက်အာကာတစ်ယောက်ကတော့ လိပ်ပြာကို ကျားချောင်းချောင်းနေလေရဲ့။

လိပ်ပြာလည်း အိမ်ပြန်ရောက်သည်နှင့် ခြေတွေလက်
တွေမသယ်ချင်သောကြောင့် ခုတင်ပေါ်သို့ ခြေပစ်
လက်ပစ် လှဲလိုက်သည်။ ဘေးနားကဖုန်းကိုယူကြည့်
လိုက်တော့ 3 calls တောင်ခေါ်ထားတာမို့ပြန်ခေါ်လိုက်ပြီး...

"မြတ်လေး...ဖုန်းခေါ်ထားတာတွေ့လို့ပြန်ခေါ်လိုက်တာ
ဘာဖြစ်လို့လဲ "

"......"

"သြော်... .အဲဒီတုန်းကအိပ်ချင်မူးတူးနဲ့သေချာပြန်ပြော
ပါဦး"

"......."

"ဟင် နက်ဖြန် ငါအဆင်သင့်မဖြစ်သေးဘူး"

"....."

"လိပ်စာပြော..... ဘာယူသွားရဦးမှာလဲ"

"....."

"အေးပါ...ကျေးဇူးပဲ...ကျေးဇူးပဲ "

ဟာ...ဒုက္ခပဲ ငါဘာပြင်ဆင်မှုမှလည်းမလုပ်ရသေးဘူး...
ဟိုကဘာတွေမေးမှာလည်းမသိဘူး၊ ငါတော့အလုပ်ရမှာကျိန်းသေပြီ။

ဒါနဲ့အန်တီနွယ့်ဆီဖုန်းဆက်ဦးမှ မဆက်ဖြစ်တာတောင်
ကြာပြီ။

"ဟာ...အန်တီနွယ်ကလည်းဖုန်းမကိုင်ဘူး ဘယ်များ
သွားနေလို့ပါလိမ့်၊ နောက်မှပဲပြန်ခေါ်လိုက်ပါမယ်လေ"

"အိန်ဂျယ်... ထမင်းစားရအောင် အောက်ဆင်းခဲ့တော့"

"လာပြီ...တီလေးရေ..."

တီလေးလှမ်းခေါ်သောကြောင့် အောက်ထပ်သို့ဆင်း
လာခဲ့သည်။

"ဝါး....မွှေးနေတာပဲ ဗိုက်တောင်ဆာလာပြီ ရှမ်းမျှစ်ချဉ်
ပါလား မယ့်အကြိုက်ပဲ ဟူး ပြောရင်းနဲ့မယ့်ကိုတောင်
သတိရလာပြီ"

"အိန်ဂျယ်.... အဲ့တာကြောင့်ပြောတာပေါ့ မေမေက
သမီးကခံစားလွယ်တယ် တစ်ခုခုဆိုစိတ်ရောကိုယ်ပါ ဆက်ဆံတတ်တယ် သမီးပဲခံစားရမှာ နောက်ပြီး
တစ်ခုခုဆို စိတ်ခံစားချက်နောက်မလိုက်ဖို့အရေးကြီး
တယ်"

"ဟုတ်ကဲ့ပါ မေမေ မေမေဆုံးမတာတွေကို လိပ်ပြာ
မှတ်ထားပါ့မယ် လိုက်လည်းလိုက်နာပါ့မယ်"

"ကောင်းပါပြီ ထမင်းစားလိုက်ဦး"

"ဒါနဲ့ မေမေနဲ့တီလေးကိုပြောစရာရှိသေးတယ်
မြတ်လေးအကူအညီနဲ့လေ နက်ဖြန် Diamond hotel
မှာ အလုပ်လျှောက်ကြည့်မလားလို့ပါ"

"ဟေ ဗြုန်းစားကြီးပါလား သမီးအလုပ်တွေရောဘယ်
လိုလုပ်မလဲ"

"မေမေရယ် လိပ်ပြာကလူတွေ့စစ်ဆေးတာကိုသွားမှာ
လေ ဟိုကကြိုက်လို့ခန့်မှအလုပ်လုပ်ရမှာ"

"အင်း....အိန်ဂျယ့်သဘောပါ သမီးအဆင်ပြေရင်ပြီးတာပါပဲ အလုပ်အတီတကျဆိုရင်ပိုကောင်းတာပေါ့"

လိပ်ပြာလည်းမေမေနဲ့ အတူတူပင်၊ hotel အလုပ်ရရင်
ကောင်းမှာပဲဟုတွေးမိသည်။

°°°°°°°°°°°°°°°°

မရဏ (death)စံအိမ် 🕍

စံအိမ်သို့ပြန်ရောက်သည်နှင့် မြေအောက်ခန်းထဲသို့ သတိုးတေဇ
တန်းဝင်သွားသည်။ မြေအောက်ခန်းမှာအမှောင်အတိ
ဖြစ်ပြီး နှိပ်စက်ရာတွင်သုံးသော ပစ္စည်းမျိုးစုံနှင့်
အချုပ်ခန်းတစ်ခန်း ပါပါရှိသည်။

အလင်းရောင်ရစေရန် ခေါင်မိုးတွင်မှန်ချပ်တွေကပ်ထား
ပေမဲ့ အဖွင့်ခလုတ်နှိပ်မှသာ အလင်းရောင်ရတာမျိုး
ဖြစ်သည်။

မြေအောက်ခန်းသို့ရောက်သည်နှင့် မရဏသည်
လက်ဗွေရာဖြင့် တံခါးကိုဖွင့်လိုက်ပြီး အထဲသို့ဝင်သွားသည်။ အချုပ်ခန်းထဲတွင်အသက်(၄၀) ကျော်အရွယ်
လူကြီးတစ်ယောက်သည် သူ့အသက်ထက်ပင်အိုမင်း
ရင့်ရော်ပြီး နှစ်ရှည်လများနေလာခဲ့သည့်အတွက် အဝတ်
အစားများဟောင်းနွမ်းကာ ဖြူဖွေးသောဆံပင်များပင်
ဂုတ်ထောက်နေပြီဖြစ်သည်။

အခန်းလေးထဲ အလင်းရောင်များဝင်လာပြီးသူ့ရှေ့တွင်
ခြေထောက်တစ်စုံလာရပ်သည်မို့ မော့မကြည့်ပါပဲ
သတိုးတေဇ ဆိုတာသိလိုက်သည်။

မျက်နှာတွင် အနှစ်နှစ်အလလက ပျောက်ဆုံးနေသော
အပြုံးတစ်ခုဖြစ်ပေါ်လာသည်။ သူ့ကိုမြင်တွေ့ရ၍ပြုံးခြင်း
မျိုးမဟုက် အလင်းရောင်ကိုသူမတွေ့ရတာ နှစ်နဲ့ချီနေပြီ
ဖြစ်သောကြောင့်ပင်။



"ခင်ဗျား ဘာတွေတင်းခံနေတာလဲ....ခင်ဗျားကိုတစ်စုံ
တစ်ယောက်ကလာကယ်မယ်လို့များထင်နေသေးတာလား"

"......."

"တောက်"

"ကျုပ် မေးတာကိုဖြေလိုက်ရင် ခင်ဗျားအသက်ချမ်းသာ
မယ်ဆိုတာ ခင်ဗျားသိရက်နဲ့"

သူ့ဘက်ကသာတစ်ယောက်တည်းပြောနေပေမဲ့ ထိုလူ့
ဘက်က ဘာမှပြောမလာသောကြောင့်ဒေါသကိုမနည်း
ထိန်းကာနေရာမှထွက်လာခဲ့သည်။ နမို့ဆို သူ့အသက်
ကိုသူ အာမမခံနိုင်။

မြေအောက်ခန်းမှထွက်သွားပြီးစံအိမ်သို့ရောက်သည်
နှင့် ...

"သခင်လေး မနက်ဖြန်ကျရင် hotel အတွက်ဝန်ထမ်း
ခန့်ဖို့ လူတွေ့စစ်ဆေးမှာပါ"

"မင်းပဲကြည့်လုပ်လိုက် "

"မနက်ဖြန် သခင်လေးခိုင်းထားတဲ့လေလံပွဲသွားစရာ
ရှိပါတယ် "

"ကောင်းပြီ လူကြည့်ရုံပဲမလား မင်းကိစ္စပြီးရင် hotel တန်းလာခဲ့"

"ဟုက်ကဲ့ မနက် ၉း၀၀ စမှာပါ"

သခင်လေးကကုမ္ပဏီကို အလေးမထားပေမဲ့ hotel
ကိုတော့ဂရုစိုက်မှန်းသူသိပါတယ်။

°°°°°°°°°°°°°°°°°

ဒီနေ့လူတွေ့မေးမယ်ဆိုတဲ့အသိကြောင့် ဝီရီယရှိကာ
အစောကြီးနိုးနေသည်။ ကြောက်တယ်လို့တော့
မဟုက်ပေမဲ့ နည်းနည်းတော့စိတ်လှုပ်ရှားနေမိသည်။
ဂျင်းဘောင်းဘီပြာကို ရှပ်အကျီအဖြူ နှင့်တွဲဖက်
ဝတ်ဆင်ပြီးအကျီလက်ရှည်ကို တတောင်ဆစ်နားထိ
ခေါက်လိုက်ကာ အပေါ်ဆုံးကြယ်သီးကိုတစ်လုံး
ဖြုတ်လိုက်၏။

လိပ်ပြာရဲ့ ပိတုန်းရောင်ဆံကေသာကို ခပ်မြင့်မြင့်ထုံးလိုက်ပြီး ပင်ကိုပန်းရောင်သန်းနေတဲ့ လိပ်ပြာရဲ့ အသည်းပုံ
နှုတ်ခမ်းကို အရောင်နည်းနည်းတင်လိုက်ပြီးအဆုံးသတ်
လိုက်သည်။

"အိန်ဂျယ်တို့များ ဝီရိယကောင်းနေလိုက်တာ ဒီလိုဆိုရင်
သူဌေးတော့သဘောကျတော့မှာပဲ"

အောက်ထပ်ဆင်းလာသော လိပ်ပြာကို မေမေကလှမ်း
၍စနောက်သလိုပြောလိုက်သည်။

မနက်စာစားပြီးသည်နှင့်hotel သို့ရောက်ချိန်သည် ၈:၃၀ ဖြစ်သောကြောင့်လိပ်ပြာအတွက် အစောဆုံးဟုထင်မိ
သော်လည်း လူတွေ့ ဖြေရန်စောင့်နေသောခုံတန်းလျား
တွင်လူများပြည့်ခါနီးနေပြီဖြစ်သည်။

"ဟာ အစောကြီးရောက်နေကြတာလား"

ကံကောင်းစွာနဲ့ပင်ခုံတန်းလျားစွန်းတွင်နေရာလွတ်ရှိနေ
သည့်အတွက်ဝင်ထိုင်ကာ စောင့်နေလိုက်သည်။

📲 "You just want attention" 📲

ဖုန်းသံကြားသည်နှင့်တစ်ပြိုင်နက်ထုတ်ကိုင်လိုက်သည်။

"မြတ်လေး ပြော"

ဘေးတွင်လူများရှိနေသည်မို့ အသံခပ်အုပ်အုပ်ပင်ပြော
လိုက်သည်။

"အင်း ရောက်နေပြီ"

"အင်းပါ fighting "

မြတ်လေးကို fighting လို့ပြောလိုက်ပေမဲ့ အသံက
တုန်ချင်နေတာကိုဝန်ခံပါသည်။

" ကျွိ "

အနောက်ရောင်ကားတစ်စီး ဆင်ဝင်အောက်သို့ ထိုးရပ်
လိုက်သည်နှင့် တစ်ကိုယ်လုံးနက်စွေးသောအနောက်
တိုင်းဝတ်စုံကိုဝတ်ထားပြီး ရှူးဖိနပ်အနက်ရောင်ကို
စီးထားကာ ဖွင့်ထားသောတံခါးမှဆင်းလာသူမှာ
မရဏ(death) ပင်ဖြစ်သည်။

အဂ္ဂလည်း သခင်လေးကိုပို့ပြီးသည်နှင့် စတီယာ
လက်ကိုင်ကိုလှည့်ကာ အနောက်သို့ပြန်လည့်ထွက်
လာခဲ့သည်။

Hotel ရဲ့ အရေးကြီးပုဂ္ဂိုလ် ဟုထင်ရသောလူ
တစ်ယောက်အနောက်တိုင်းဝတ်စုံပြည့်ဖြင့် လိပ်ပြာတို့
ရှေ့ ဖြတ်သွားသည်နှင့် မကြည့်ဘဲနဲ့ပင်ကြက်သီးမွှေး
ညှင်းများပင်ထလာရသည်။

တန်းစီ၍စောင့်နေသောသူများကို သူတစ်ချက်မျှဝေ့ကြည့်
လိုက်ချိန် ရှပ်အကျီအဖြူလေးကိုဝတ်ထားပြီးရှင်းသန့်
ဖြူစင်သောမျက်နှာလေးနှင့် နောက်ဆုံးတွင်ရို့ရို့လေး
ထိုင်နေသောသူမကိုတွေ့လိုက်ရသည်။

ခါတိုင်းလိုပင် သူမကသူ့ကိုကြည့်မနေဘဲ သူကသာသူမ
ကို အရင်ဆုံးမြင်တွေ့ခြင်းဖြစ်သည်။ တအံ့တသြဖြစ်ခဲ့
ရသော်လည်း မျက်နှာလွှဲကာဟန်မပြက်ရှေ့ဆက်
လျှောက်လာခဲ့လိုက်၏။

တစ်ဦးပြီးတစ်ဦးမေးနေသော်လည်း စိတ်ထဲတွင်
အာရုံမရ၊ အရှေ့တွင်ရှိသော သူမဆီကိုသာစိတ်ရောက်
နေသည်။

"အဂ္ဂ မင်းခုချက်ချင်းငါ့ဆီလာခဲ့"

နောက်ဆုံးအဂ္ဂ ကိုလှမ်းခေါ်လိုက်သည်။မိနစ်အနည်း
ငယ်ကြာပြီးနောက် အဂ္ဂသည် သူ့ရုံးခန်းထဲသို့ဝင်
လာသည်။

"အပြင်မှာစောင့်နေတဲ့ရှပ်အကျီအဖြူရောင်နဲ့
ကောင်းမလေး... အဲ့ကောင်မလေးကို ငါ့မန်နေဂျာရာထူး
ခန့်လိုက်၊ နောက်ပြီးသူ့ biography ပါသိချင်တယ်"

"ဟုတ်ကဲ့ပါ သခင်လေး ကျန်တဲ့သူတွေကိုရော ဘယ်လို
လုပ်ရမလဲ"

"မင်းပဲဆက်မေးလိုက်တော့"

"ခဏ မနက်ဖြန်အလုပ်စဆင်းဖို့ပါပြောလိုက်"

"ဟုတ်ကဲ့"

အဂ္ဂက လှည့်ထွက်ဖို့ခြေလှမ်းပြင်နေတာမို့ သူ အချိန်မှီလှမ်း
ပြောလိုက်ခြင်းပင်။

°°°°°°°°°°°°°°°°°°°°°°°

"မေမေ... တီလေး.... မေမေရေ... လိပ်ပြာလေ
လိပ်ပြာအလုပ်ရပြီသိလား "

ဆိုင်ကယ်ပေါ်မှ ဆင်းကာအမောတကောဖြင့် အိမ်
ပေါက်ဝမရောက်ခင်ကပင် အော်ဟစ်လာသောကြောင့်
အိပ်ခန်းထဲမှ အလျှိုအလျှို ထွက်လာကြသည်။

"ဟဲ့...မိအိန်ဂျယ် အိမ်ထဲရောက်မှပြောလို့ရပါတယ်
ချော်ချက်လဲနေပါဦးမယ်"

"ဝမ်းသာလွန်းလို့ပါ မေမေရဲ့ ဘဝကမထင်မှတ်ထားတဲ့
အရာတွေဖြစ်လာတတ်တယ်နော်"

"ဟုတ်ပါပြီ မေမေတို့ကိုအသေးစိတ်ပြောပြပါဦး"

"ဒီလို Diamond Hotel မှာအလုပ်ရလာတာ မန်နေဂျာ
ရာထူးနဲ့မေမေရဲ့၊ ဘာပဲဖြစ်ဖြစ် မြတ်လေးအကူအညီပါ
တယ် မြတ်လေးကိုကျေးဇူးတင်ရမယ် မေမေ"

"မေမေလည်းဝမ်းသာပါတယ် ဘယ်တော့စဆင်းရ
မှာလဲ"

"မနက်ဖြန်ပဲ မေမေရဲ့ "

"Hotel မှာအလုပ်လုပ်ရမှာဆိုတော့အစစအရာရာမှာ
သတိထား အမှားမလုပ်မိစေနဲ့ "

"မေမေကလိပ်ပြာကို မယုံလို့လားဟင်"

"သမီးကိုမယုံတာမဟုက်ပါဘူး ကြိုမသိနိုင်တဲ့ ကံကြမ္မာ
ကိုမယုံတာပါ"

"ဟုက်ကဲ့ပါ မေမေ မေမေသင်ပေးထားတွေကိုလိပ်ပြာ
မေမ့ပါဘူး"

"ကဲ သွားနားလိုက်ဦး ပင်ပန်းလာရောပေါ့"

"ဟုက်ကဲ့ပါ မေမေ"

Hotel မှာအလုပ်လုပ်ရမှာဆိုတော့ မေမေ စိတ်ပူနေမှန်း
လိပ်ပြာသိပါတယ်။ လိပ်ပြာလည်းအံသြမိပါတယ်။
လိပ်ပြာကို မေးမြန်းခြင်းတောင်မရှိဘဲ အလုပ်ခန့်ခဲ့တာ
ဘာကြောင်များပါလိမ့်။ မေမေ့ကိုအဲ့အကြောင်းပြောခဲ့
ရင် လိပ်ပြာအလုပ်လုပ်ရပါ့မလား မသိတဲ့အတွက် ထိန်ချန်ထားခဲ့ခြင်းဖြစ်သည်။ပို၍အံသြဖို့ကောင်းတာက
လိပ်ပြာကိုအလုပ်ခန့်တဲ့လူက ဟိုနေ့ကဆိုင်ကယ်
မှောက်တုန်းက တွေ့တဲ့လူဖြစ်နေသောကြောင့်ပင်။


°°°°°°°°

ပက်လက်ကုလားထိုင်တွင်ထိုင်ကာ မျက်လုံးများမှိတ်
ထားလျက် ပေါ် ပေါ်လာသောရှင်းသန့်ဖြူစင်နေသည့်
မျက်နှာတစ်ခု၊ သူမကိုဘာလို့အလုပ်ခန့်ခဲ့တာလဲလို့မေး
ရင် အဖြေကရေရေရာရာမရှိ။

ဒါပေမဲ့ သူမပြုံးနေတာကိုမြင်ရတာ သူ့ရင်ကိုပူလောင်
စေသည်။ သူမကသူကိုမသိပါဘဲသူ့ဘက်ကသာ
မုန်းနေမိတာ၊ သူမကိုမဖိတ်ခေါ်ဘဲ အာရုံထဲမှာ ပေါ်ပေါ်
လာတာကိုလည်းမုန်းတယ်၊ ဟုတ်တယ် သေချာတာ
တစ်ခုက သူမကိုမုန်းတယ်ဆိုတာပဲ...။

လူတစ်ယောက်ကို အကြောင်းပြချက်တွေရှာပြီး မုန်းနေ
တဲ့ သူ့ကိုယ်သူလည်းမုန်းတယ်။ ထူးဆန်းတာကသူမကို
မနက်ဖြန်ကျရင် ဘယ်လိုနာကျင်ခံစားရအော်လုပ်မလဲ
ဆိုတာပင်။

သူမကိုအလုပ်ခန့်လိုက်ခြင်းက သူ့ဘဝကိုတစ်ဆစ်ချိုး
ပြောင်းလဲစေခဲ့မယ်ဆိုတာ မည်သူကရောသိနိုင်
မည်နည်း.....?

°°°°°°°°°°°°°°°°°

ညနေစောင်းနေပြီမို့ မြတ်လေးတို့အိမ်ကိုမေမေနှင့်
လမ်းလျှောက်ကာသွားလိုက်သည်။

"သစ်ခွတို့သားအမိပါလား လာလာ"

မြတ်လေးမေမေက လိပ်ပြာတို့ကိုနှုတ်ဆက်ကာကြိုဆို
လိုက်သည်။

"အလည်လာတာလား....ဒါမှမဟုက်ထွေထွေထူးထူး
ကိစ္စရှိလို့လား"

"အင်း အိန်ဂျယ်က မြတ်လေးတို့ဆီသွားမယ်ဆိုတော့
အတူထွက်လာခဲ့တာ"

"မြတ်လေးက အခုထိပြန်မလာသေးဘူးအိန်ဂျယ်ရဲ့ "

"ဟုတ်လား အဘွားနေကောင်းရဲ့လား"

မြတ်လေးအဘွားက ဝှီးချဲလ်ကိုလိပ်ပြာတို့စကားပြော
နေသောနေရာသို့ တွန်းလာသောကြောင့် မေးလိုက်
ခြင်းပင်။

"အေး ကောင်းပါတယ်ကွယ် ဒါနဲ့မြေးက"

"အဘွားမြေးကိုမမှတ်မိဘူးလား သေချာကြည့်ပါဦး"

"မြေးက အဘွားမြေးသူငယ်ချင်းလား"

အဘွားကအသက် ၈၀ ကျော်ပြီမို့ သတိတော့မကောင်း
ပေမဲ့ သူငယ်ပြန်တဲ့အထိတော့မဟုက်ပေ။

ချော်လဲထားလို့ လမ်းကောင်းကောင်းမလျှောက်နိုင်သောကြောင့် ဝှီးချဲလ် ဖြင့်သွားနေရသော်လည်း အသံကတော့မာမာချာချာပင်ဖြစ်သည်။ အဘွားကအိမ်မှာပဲ
နေရသူမို့ စကားပြောဖော်ဆိုအလွန်ခင်မင်တတ်သည်။

" ဟုတ်ကဲ့ အဘွားကမှတ်ဉာဏ်ကောင်းတာပဲ
မြေးနာမည်က ပန်းလိပ်ပြာ ပါအဘွား..."

"မြေးမနက်ဖြန်အလုပ်စဆင်းရမယ်ဆိုတဲ့အကြောင်း
လာပြောတာပါအဘွား"

"အေး ကောင်းပါတယ်ကွယ် "

"မြေးနက်ဖြန်အလုပ်စဆင်းမယ်ဆိုတော့ အဘွားတစ်ခု
လောက်ပြောချင်တယ် "

"ဟုတ်ကဲ့ပြောပါ အဘွား"

လိပ်ပြာကမျက်လုံးလေးအသာပြူးကာ ခါးကိုအသာ
မတ်လိုက်ပြီး အဘွားစကားကိုဂရုတစိုက်နားထောင်
နေသည်။

"မြေးမှတ်ထားနော် လူတွေကို ကူညီသင့်တယ်
မပတ်သက်သင့်ဘူး၊ ခင်မင်သင့်တယ် မရင်းနှီးသင့်ဘူး
အဘွားပြောတာမှတ်မိရဲ့လား "

"ဟုတ်ကဲ့ မြေးမှတ်မိပါတယ်အဘွား၊ လူတွေကို
ကူညီသင့်တယ် မပတ်သက်သင့်ဘူး၊ ခင်မင်သင့်တယ်
မရင်းနှီးသင့်ဘူး ဟုတ်တယ်မလားအဘွား "

အဘွားကလိပ်ပြာကို အကြင်နာမျက်လုံးများနှင့်ကြည့်
နေသည်။

အဘွားနဲ့စကားပြောနေရင်းအပြင်မှမြတ်လေးပြန်လာတာကိုတွေ့လိုက်ရသည်။

"မြတ်လေး သူငယ်ချင်း..."

"ဟယ် အိန်ဂျယ် "

"အလုပ်အဆင်ပြေရဲ့လား ပြောပါဦး"

"အဆင်ပြေတာပေါ့ ဘယ်သူမို့လို့လဲ"

"မန်နေဂျာ မန်နေဂျာရာထူးနဲ့ မနက်ဖြန်အလုပ်စဆင်း
ရပြီ သိလား "

"ဟုတ်လား ဝမ်းသာလိုက်တာဟယ်"

"မြတ်လေး နင့်ကျေးဇူးတွေလည်းပါပါတယ် ကျေးဇူးပါ"

"မဟုတ်တာ အချင်းချင်းပဲ"

"သြော် နင်လည်းအခုမှပြန်လာတာဆိုတော့နားလိုက်ဦး
ဟုတ်ပြီလား"

"နောက်နေ့မုန့်ကျွေးရမယ်နော် အကြွေးမှတ်ထား
လိုက်ပြီ"

"တာ့တာ "

လိပ်ပြာလည်း မြတ်လေးတို့မိသားစုကိုနှုတ်ဆက်ကာ
အိမ်သို့ပြန်လာခဲ့သည်။

°°°°°°°°°°°°°°°°°°°°°°°°

မနက်ခင်းမိုးသောက်ယံတေးငှက်သံများနှင့်အတူ
နိုးထလာရသောမနက်ခင်းက တခြားနေ့တွေနဲ့မတူပဲ
စိတ်လှုပ်ရှားရင်ခုန်ရပါသည်။ လိပ်ပြာရဲ့ဘဝသစ်
စတဲ့နေ့သစ်တစ်ခုလိုခံစားနေရသောကြောင့်ပင်။

📲 "You just want attention " 📲

"ဟဲလို စိုင်းပြော"

"အင်း အခုပဲသွားတော့မလို့"

"စိုင်းရော "

"ညနေကျမှ တွေ့ကြတာပေါ့ bye bye"

စိုင်းနှင့်ဖုန်းပြောပြီးသည်နှင့် မနက်စာမစားတော့ဘဲ
မေမေတို့ကိုနှုတ်ဆက်ကာ ထွက်လာခဲ့သည်။

Hotel သို့မောင်းလာသည့်လမ်းတစ်လျှောက်တွင်
အရာရာဟာမနေ့ကနှင့်မတူဘဲ သစ်လွင်နေပါသည်။
လမ်းဘေးတစ်ဖက်တစ်ချက်တွင် အလေ့ကျပေါက်နေ
သော ပန်းပင်တွေတောင် မွှေးရနံ့တွေ သင်းထုံနေသကဲ့သို့။
လိပ်ပြာပထမဆုံးအလုပ်စဆင်းတဲ့နေမို့ စိတ်လှုပ်ရှားမိပြီး အရာအားလုံးအဆင်ပြေပြေနှင့်ပြီးသွားရန် မျှော်လင့်
ရပါသည်။

°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°

အပိုင်း(၉) ဆက်ရန် >>>

#Ruby Linn


rate now: