book

Index 7

အပိုင်း(၇)

  • Author : Rudylinn
  • Genres : Romance, Comedy, Drama, Action

💖 အမုန်းရန်များပျက်ပြယ်သော်
(or)
အချစ်များဖြင့်ဖန်ဆင်းမည် 💖

------------------

"ကဲ....စားပြီးပြီဆိုတော့ သွားကြရအောင်လေ လိပ်ပြာကတော့ စိုင်းနဲ့လိုက်မစီးနိုင်တော့ဘူး"

"ဘာဖြစ်လို့လဲ...လိပ်ပြာရဲ့ "

" ဘာဖြစ်ရမှာလဲ ဘယ်ကောင်မလေးနဲ့သွားတွေ့မှာမလို့ အဲ့လောက်တောင်
ရေမွှေးတွေဆွတ်လာရတာလဲမသိဘူး မြတ်လေးနဲ့ပဲလိုက်စီးတော့မယ်၊ မယ်ရေ....စိုင်းနဲ့အတူစီးပေးပါနော်
လိပ်ပြာ ရေမွှေးနံမခံနိုင်လို့ပါ နှာခေါင်းတွေလည်းနီနေပြီ ပွတ်ရလွန်းလို့ "

မယ်လည်းကြောင်နနနဲ့ပင် စိုင်းဘေးသို့ရောက်သွားရသည်။

"ဘစိုင်း..နင်မယ်ကိုတင်မောင်းလိုက်နော် လိပ်ပြာတို့တော့သွားပြီ"

စိုင်းတို့ကိုပြောပြီး ဆိုင်ကယ်ပေါ်သို့တက်ကာ လက်ပြနှုတ်ဆက်သွားသည်။

"လိပ်ပြာတို့ကတော့လေ အဆင်ပြေရင်ကျွန်တော်နဲ့ပဲ လိုက်စီးလိုက်ပါ"

"ဟုတ်ကဲ့...ရပါတယ် ဟို"

"ကျွန်တော့်ပုခုံးကိုကိုင်ပြီးတက်လို့ရပါတယ် အားမနာပါနဲ့"

သူကအားမနာနဲ့ပြောပေမဲ့ မယ်ကဒီလိုယောက်ျားလေးတစ်ယောက်နောက် လိုက်မစီးဘူးသူမို့ မရဲတရဲနဲ့ပင်
လိုက်စီးလိုက်ရသည်။ သူကမယ်ကြောက်မည်ဆိုးသောကြောင့်နဲ့တူတယ် တစ်လမ်းလုံးဖြည်းဖြည်းပင်မောင်းလာခဲ့သည်။

Kalaw ဘူတာရုံသို့ရောက်သည်နှင့် view ကောင်းကောင်းကိုရှာကာ ဓာတ်ပုံရိုက်ကြသည်။

"ဟိုနား ဟိုနားက ပိုလှတယ်"

"မြတ်လေး လိပ်ပြာကလျှောက်နိုင်တာမှမဟုတ်တာ မယ့်ကိုလှလှလေးသာ ရိုက်ပေးလိုက်ပါ"

"လာမယ်... မြတ်လေးဓာတ်ပုံရိုက်ပေးမယ်နော်"

မယ်နှင့်မြတ်လေးတို့ ဓာတ်ပုံရိုက်နေကြချိန် လိပ်ပြာနဲ့စိုင်းကအုတ်ခုံတွင် ထိုင်ကာစကားပြောနေကြသည်။

မယ်သည် လိပ်ပြာကိုအားကျမိပါသည်။လိပ်ပြာဘေးမှာ အဆိုးအကောင်းကိုခွဲဝေယူမဲ့ သူငယ်ချင်းတွေရှိနေတာ လိပ်ပြာဘယ်လောက် ကံကောင်းလိုက်လဲ၊ မယ်
လည်းအဲ့လို သူငယ်ချင်းမျိုးလိုချင်ခဲ့တာအမှန်ပင်။

"စိုင်း....နင်ဆိုတာလေ ငယ်ငယ်တည်းကလိပ်ပြာနားပဲကပ်နေတာ အခုလည်းအဲ့နားမှာပဲနေ သိလား ငါတို့ကိုဓာတ်ပုံလာရိုက်ပေးပါဦး စိုင်းကဓာတ်ပုံရိုက်တာတော်တယ် မယ်ရဲ့ "

"ဒီမှာ..ငါတို့ပြောနေတာ ရထားစီးရင်ကောင်းမလားလို့မစီးရတာလည်းကြာပြီမို့လား ဘယ်လိုလဲ"

"အင်းကောင်းသားပဲ မယ်ရော မစီးဖူးဘူးမလား"

စိုင်းစကားကို မြတ်လေးကထောက်ခံပြီး မယ့်ကိုမေးလိုက်သည်။

"အင်း မယ်မစီးဖူးဘူး အတွေ့အကြုံရတာပေါ့ လိပ်ပြာရော"

"ကောင်းသားပဲ....ရထားလက်မှက်က စျေးချိုတယ်သိလား အသွားအပြန်မှ ၅၀၀ ထဲလေ တစ်ယောက်ကို"

"ဟင် စျေးချိုလိုက်တာနော်...."

"ဟုတ်တယ် စိုင်းရေ လိပ်ပြာတို့ကို လက်မှက်သွားဝယ်ပေးပါနော်"

"အင်း....ခွေးရုပ်တောင်ထိနော်"

"ဟုတ်တယ် သွား....."

"ကဲရပြီ သွားရအောင်"

စိုင်းကလက်မှက်ဝယ်ပြီး ဆိုင်ကယ်အပ်ကာ ရထားပေါ်သို့တက်လာကြသည်။

"လိပ်ပြာ၏ဘေးတွင်မယ်ထိုင်ပြီး မျက်နှာချင်းဆိုင်တွင် စိုင်းနှင့်မြတ်လေးတို့ကအသီးသီးထိုင်ကြသည်။

"လိပ်ပြာဒါဘယ်နေရာလဲ လှလိုက်တာ "

"အင်း ဒါက beautiful flowers at myin dike station လေ ပန်းတွေကအရမ်းလှတာ ပြီးတော့စျေးလည်းချိုတယ် လှတယ်မဟုတ်လား"

"အင်း လှတယ်"

"ရှေ့ ကျရင် ဂူ ​ေစ်ဂူကိုဖြတ်မှာလေ အသေးတစ်ခု၊
အကြီးတစ်ခု လေ ဟောဖြတ်ပြီ ဖြတ်ပြီ"

"မှောင်ကျသွားတာပဲနော်"

"ဟုတ်တယ် မကြောက်နဲ့ "

"ဟင်း..မကြောက်ပါဘူး"

"ကဲရောက်ပြီ...ဆင်းရအောင်ဖြေးဖြေး"

မြတ်လေးက ဦးဆောင်ကာ လိပ်ပြာကိုတွဲ၍ ရထားပေါ်မှဆင်းလာသည်။ ရောက်ရောက်ခြင်းပင် စိုင်းက kalaw
သို့အပြန်လက်မှက်ဝယ်၍ ရထားပေါ်သို့ပြန်တက်ခဲ့ကြသည်။

ရထားဟွန်းသံနှင့်အတူ ရထားတွဲကြီးသည် အနောက်သို့ဇောက်ထိုးပြန်ဆင်းရသည်။

"လိပ်ပြာ ဒါဇောက်ထိုးကြီးပြန်ဆင်းနေတာမလား"

"ဟုတ်တယ် ကားတွေကသာ အဆင်းအတက်လွယ်တာလေ ရထားတွေကနောက်ပြန်ဆင်းရတာခတ်တယ်
အဲ့ဒါကြောင့်ဇောက်ထိုးဆင်းရတာ..."

"လိပ်ပြာပြောမှပဲ ဗဟုသုတ တစ်ခုရတော့တယ်"

ဒီလိုနဲ့ပင် ရထားဆိုက်ကာ ဆိုင်ကယ်များကိုယူ၍ အိမ်ပြန်လာခဲ့ကြုပြီး အိမ်မှာပဲထမင်းစားသောက်ကြသည်။

"ကဲ....ငါပြန်တော့မယ်နော် မနက်တည်းက ထွက်လာတာဆိုတော့ ခြံထဲပြန်ဆင်းရဦးမယ် "

စိုင်းပြန်သွားပြီးနောက် ဧည့်ခန်းထဲတွင် လိပ်ပြာရယ် မယ်ရယ် မြတ်လေးရယ်သာ ကျန်ခဲ့တော့သည်။

"လိပ်ပြာ....မယ်ဖုန်းခဏသွားပြောလိုက်ဦးမယ်နော်"

"အင်း သွားလေမယ်"

မယ်ထွက်သွားပြီးနောက် မြတ်လေးဆီမှမျိုသိပ်အောင့်အီးထားသည့် စကားများထွက်ကျလာသည်။

"အိန်ဂျယ် မယ်ကအနေအေးတာလား၊မာနကြီးတာလားတစ်ခုခုပဲ"

မြတ်လေးကတော့ သူ့ခံစားချက်တစ်ခုတည်းဖြင့်ကောက်ချက်ချလိုက်သည်။

"မဟုတ်ပါဘူး နည်းနည်းစိမ်းနေသေးလို့ပါ အနေအေးပြီးတည်ငြိမ်တာလည်းပါမယ် နောက်ပြီးမယ့်မိဘတွေလည်းမရှိတော့ဘူးလေ မိဘမဲ့ဂေဟာမှာ ကြီးပြင်းပြီး
(၁၀)တန်းအောင်တော့ ကိုယ့်ခြေတောက်ပေါ်ကိုယ်ရပ်တည်ပြီး ကျောင်းတက်လာတာလေ အဲ့ဒီလို"

"သြော်....အဲ့လိုလား"

"ဟုတ်သပ ဘယ်လိုလဲ...စိုင်းဝဏ္ဏ အခြေအနေလေးပြောပါဦး"

"သူ့အကြောင်းလား.....မပြောချင်တော့ဘူး"

"ဟင်...အတည်ပြောနေတာလား"

"ငါဖြတ်လိုက်ပြီ"

"နင်ကဖြတ်လိုက်တာ သေချာလို့လား"

တစ်ခဏလောက်တိတ်ဆိတ်နေပြီး ရှိုက်သံသဲ့သဲ့ ထွက်လာသည်။ သေချာပါတယ် မြတ်လေးကစပြီး ဖြတ်မှာမှ မဟုတ်တာ မြတ်လေးကတခြားနေရာတွေမှာသာ စိတ်မာပေမဲ့ အချစ်ရေးနှင့်ပတ်သက်လာရင် အစွဲအလမ်းကြီးတတ်တာ သူအသိဆုံးပင်။

"ဟင့် သူ့ဘက်ကပါ"

မြတ်လေးမှာ မနည်းအားယူကာ စကားလုံးတစ်လုံးသဲ့သဲ့ ထွက်လာသည်။ လိပ်ပြာလည်း မြတ်လေးလက်ကလေးကို ဆွဲယူကာ နှစ်သိမ့်သလိုအားပေးလိုက်
သည်။

"သူငယ်ချင်း ငါရှိတယ်...နော် သူမရှိလို့နင့်မှာ တစ်ပြားတစ်ချပ်မှ လျော့သွားတာမှမဟုတ်တာ နင့်အရေအချင်းနဲ့သူ့ထက်သာတာ အများကြီးပဲ စိတ်ထဲထားမနေနဲ့
ဟုတ်ပြီလား တိတ်တိတ်...."

"အင်းပါ...မြတ်လေးမှာလိပ်ပြာလို သူငယ်ချင်းရှိတာအရမ်းအားရှိတာပဲ ငါပြန်လိုက်ဦးမယ်နော် မေမေလည်း
စိတ်ပူနေမှာစိုးလို့ လိပ်ပြာငါကရုံးပိတ်ရက်မို့ လာနိုင်တာနော် ခြေထောက်ကိုလည်းဂရုစိုက်ဦး မယ့်ကိုလည်း
နှုတ်ဆက်သွားတယ်ပြောပေးနော်"

"အင်းပါ ကျေးဇူးပါပဲ ဂရုစိုက်ပြန်ဦးနော်"

မြတ်လေးကိုကြည့်ပြီး တစ်ခုတော့ မှတ်သားလိုက်ရသည်။ အရမ်းချစ်ရင် အရမ်းခံစားရမယ် ကိုယ့်ဘက်က
ချည်းပေးပြီး တူညီတဲ့တုန့်ပြန်မှု မရရင်တောင် အသိအမှက်ပြုမှု၊ တန်ဖိုးထားမှုကိုတော့ လိုချင်ကြတာပါပဲ...။

"လိပ်ပြာ မြတ်လေးပြန်သွားပြီလား နှုတ်တောင်မဆက်လိုက်ရဘူး"

"စောစောကပဲပြန်သွားတာ မယ့်ကိုတောင်နှုတ်ဆက်သွားသေးတယ်"

"မယ် အလုပ်ကိစ္စပြောတာနည်းနည်းကြာသွားလို့ လိပ်ပြာအပေါ်ပြန်တက်တော့မလား မယ်ကူပေးမယ်"

"ကျေးဇူးပါပဲ"

လိပ်ပြာလည်းမယ်ကိုတွဲကူကာ အပေါ်သို့ပြန်တက်ခဲ့ကြသည်။

°°°°°°°



"ဒေါက် ဒေါက်"

"အဂ္ဂ .... ညနေမှလာခိုင်းတာလေ"

"ဟုတ်ပါတယ်... အခုလည်းညနေ ၄ နာရီထိုးနေပါပြီ တံခါးခေါက်သေးတယ် အသံမကြားတာနဲ့ဝင်လာခဲ့တာပါ သခင်လေး"

"ငါ နှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်သွားတာပဲ မင်းဝင်လာတာတောင်မသိလိုက်ဘူး"

"ဒါဆို သခင်လေးဘာမှမစားရသေးဘူးပေါ့ ကျွန်တော်ပြင်ပေးပါ့မယ်"

အဂ္ဂ ပြင်ပေးသည့်ထမင်းစားပြီး Nightclub သို့ထွက်လာခဲ့သည်။

အရောင်အသွေးစုံလှတဲ့ ပန်းပေါင်းစုံနှင့်ကျားချောင်း ချောင်းနေသည့်ကျားနာများ အဖြူထည်အရောင်မစိုးရ
သေးသော ပန်းရိုင်းများက မီးရောင်စုံများအလယ်ကခုန်နေကြသည်။

မရဏလည်း သူတို့တွေကို တစ်ချက်ဝေ့ကြည့်ပြီး အပေါ်ထပ်သို့တက်သွားကာ အမြင်ကွယ်ရာထောင့် တစ်နေရာတွင်နေရာယူလိုက်သည်။

"အဂ္ဂ ဇာနည်ကိုခေါ်လိုက်"

ဇာနည်ဆိုသော ဆိုင်မန်နေဂျာရောက်လာသည်နှင့်...

"ဆိုင်အခြေအနေ ဘယ်လိုရှိလဲ.....ပစ္စည်းတွေရော..."

ပစ္စည်း တွေဆိုတာ club ကို အယောင်ပြပြီးနောက်ကွယ်မှာ မူးယစ်ဆေးနဲ့လက်နက်တွေကို တွင်ကျယ်စွာရောင်းဝယ်ဖောက်ကားနေတာဖြစ်သည်။

"အခြေအနေကောင်းပါတယ် ဒါပေမဲ့ ဟိုတစ်လောကဆိုင်ကို ရှောင်တခင်ဝင်စစ်သေးတယ် ကိုသူရိန်က
ကြိုအကြောင်းကြားထားလို့ အဆင်ပြေပါတယ်"

"သတင်းပေးတာ ဘယ်သူလဲ.....ကိုယ့်ဘာသာ လုပ်နိုင်တယ်ထင်တယ်ပေါ့ မသာပေါ်မှပြောမှာလား"

"မဟုတ်ပါဘူး.....ကိုသူရိန်စုံစမ်းပေးနေလို့ပါ"

"ဟွန်း သူလည်းသူ့ရဲအလုပ်သူလုပ် ငါတို့လည်းငါတို့အလုပ် ငါတို့လုပ်ရမယ်... မင်းကိစ္စ မင်းရှင်းနိုင်ရင်ရှင်း အမျှင်တန်းပြီး နောက်မှ ငါ့ကိုလာမပတ်စေနဲ့"

"နောက်မဖြစ်စေရပါဘူး....ကျွန်တော်တောင်းပန်ပါတယ်"

"တောင်းပန်တာမလိုချင်ဘူး ငါ့မျက်စိရှေ့ကထွက်သွား"

သူလည်းခေါင်းငုံ့ အရိုအသေပေးကာထွက်သွား လိုက်သည်။ အရင်ကဆိုအပြစ်ပေးခံရမှာကျိန်းသေတယ်။

"အဂ္ဂ...မင်းဘယ်သူလို့ထင်လဲ"

"ဟုတ်ကဲ့ ကျွန်တော်ပြောစရာရှိပါတယ်"

ပြော ဟုသောပုံဖြင့်ခေါင်းဆက်ပြသောကြောင့် သူစကားကိုဆတ်လိုက်သည်။

"သခင်လေးဟိုတလောက အလုပ်ထုတ်လိုက်တဲ့ ဦးမင်းထက်က သိပ်ပြီးအစာမကြေသလိုပဲ"

"အဲ့တော့..."

"ကျွန်တော် သူ့ရဲ့လှုပ်ရှားမှုတွေကို ကြည့်ရတာသိပ်ပြီးမယုံရဘူး တစ်ခုခုဘဲ မုန်တိုင်းမလာခင် လေပြည်သယ်
လာနိုင်တယ် သူ့ကိုစောင့်ကြည့်ရမလား"

"မင်းသဘောပဲ သိပ်ပြီးအလုပ်ရှုပ်မခံနဲ့"

ဂရုမစိုက်သည့်ပုံစံဖြင့် ပြောကာ အိပ်ကပ်ထဲမှဆေးလိပ်ကိုထုတ်ကာ မီးညှိလိုက်သည်။ယ
"အာရုံနောက်တယ် ပြန်ရအောင်"

သူထွက်သွားသည်နှင့် အဂ္ဂလည်းသူ့အနောက်မှ အရိပ်လို လိုက်လာခဲ့သည်။

°°°°°°°°

၃/၄ ရက်ရှိပြီမို့ လိပ်ပြာခြေထောက်လည်းအတော်ပင်သက်သာနေပြီဖြစ်သည်။ ရေကောင်းကောင်း မချိုးရတာလည်း ကြာနေပြီမို့ ရေချိုးခန်းထဲသို့ဝင်ကာ ခေါင်း
ပါလျှော်လိုက်သည်။

"ညို့တတ်သောပင်လယ် ဆွဲငင်သောလမင်း
တို့နှစ်ဦးဆုံတွေ့ကြတဲ့အခါ
ဆွဲငင်သောလမင်းနဲ့ ညို့ တတ်သောပင်လယ်ကြောင့် ဒီရေဆိုတဲ့ အချစ်တို့ဖြစ်တည်လာ"

လိပ်ပြာကရေချိုးခန်းထဲတွင် သီချင်းဆိုရသည်ကို နှစ်သက်သည်။ ခံစားချက်နှင့်တိုက်ဆိုင်သည့်သီချင်းတွေကိုလည်း ကြိုက်သည်။

တဘက်ရှည်တစ်ထည်ဖြင့် ဦးခေါင်းကိုသုတ်လျက် ရေချိုးခန်းထဲမှထွက်လာသည်။

📲 "You just want attention,You don't want my heart"📲

"ဟင် စိုင်းပါလား"

"ဟဲလို စိုင်းပြော"

"အားရင်လာခဲ့ပါလား kalaw view point သွားရင်ကောင်းမလားလို့"

"OK Bye Bye"

စိုင်းနှင့်ဖုန်းပြောပြီးသည်နှင့် ဘောင်းဘီရှည်ပွပွနဲ့ ရှပ်အကျီဖလန်နယ်ကို တွဲဖက်ဝတ်ဆင်ပြီး ဆံပင်ကိုဖြန့်ချထားသည်။ မယ့်ဆီသွားဦးမှပဲ....

"ဒေါက် ဒေါက်"

"ချလပ်"

"ဟယ် လိပ်ပြာကရေချိုး ခေါင်းလျှော်လို့တောင်ပြီးပြီပေါ့ လာလေ အထဲဝင်"

"မဝင်တော့ဘူ မယ့်ကိုလာခေါ်တာ ဘာလုပ်နေလဲ"

"ထွေထွေထူးထူးတော့မဟုတ့ပါဘူး ဘာဖြစ်လို့လဲ"

"လိပ်ပြာ မယ့်ကို Kalae view point လိုက်ပို့မလို့ပါ"

"ကောင်းသားပဲ လိပ်ပြာသဘောလေ"

"လိပ်ပြာအောက်မှာစောင့်နေမယ်နော် မယ်အဝတ်အစားလဲဦးမှာမလား"

"လိုက်ခဲ့မယ် သွားနှင့်နော်"

လိပ်ပြာလည်းအောက်ထပ် သို့ဆင်းလာခဲ့သည်။

"ဖေဖေ....ထမင်းစားပြန်လာတာလား အစောကြီးရှိသေးတယ်"

"ဟုတ်တယ် သမီးဖေဖေ ခြံထဲမသွားရသေးတာ သမီးခြေထောက်ရောသက်သာရဲ့လား"

"ဟုတ် သက်သာသွားပါပြီဖေဖေရဲ့"

"သမီးတို့ ဘယ်သွားကြမလို့လဲ"

မယ့်ကိုအပေါ်ထပ်မှ ဆင်းလာတာတွေ့သောကြောင့် ဖေဖေကမေးလိုက်ခြင်းဖြစ်သည်။

"သမီးတို့ view point သွားကြည်မလို့ပါ "

"view point ကလမ်းကြမ်းတယ်နော် သမီးတို့သတိထားသွား နှစ်ယောက်ထဲလား"

"စိုင်းကို ခေါ်ထားတယ်ဖေဖေ "

"ဖေဖေ ခြံကိုလည်း သမီးသူငယ်ချင်းလိုက်ကြည့်ရအောင် ခေါ်ခဲ့ဦးလေ"

"ဟုတ်ကဲ့ အပြန်ကျရင် လှည့်ဝင်ခဲ့ပါ့မယ်"

"အိန်ဂျယ် ခေါင်းမခြောက်သေးဘူးမို့လား လာဒီနား လာထိုင် "

မေမေက လိပ်ပြာကိုအနားတွင်ထိုင်စေကာ ခေါင်းခြောက်အောင်သုတ်ပေးနေသည်။

"မေမေရယ် ခြောက်နေပါပြီ ကိုယ့်ဘာသာသုတ်လိုက်ပါ့မယ်"

မယ်ကလိပ်ပြာတို့ကိုမျက်နှာမကောင်းစွာ ကြည့်နေသည့်အတွက် မေမေကိုလိပ်ပြာက တားလိုက်ခြင်းဖြစ်သည်။

"ဟယ် စိုင်းတောင်ရောက်လာပြီ မေမေလိပ်ပြာတို့ သွားလိုက်ဦးမယ်နော်"

လိပ်ပြာတို့သည် Kalaw view point သို့ခက်ခက်ခဲခဲရောက်လာခဲ့သည်။

"Wow... လှလိုက်တာနော် လေလေးကတဖြူးဖြူးနဲ့ခံစားလို့ကောင်းလိုက်တာ လိပ်ပြာဟိုးကတောင်က ဘာတောင်လဲဟင်"

"အဲ.... လိပ်ပြာလည်းသေချာမသိဘူး စိုင်းတော့သိမယ်ထင်တယ် စိုင်းရေ..."

"မယ့်ကို ရှင်းပြလိုက်ဦး လိပ်ပြာကသိပ်မသိဘူးမယ် လိပ်ပြာဟိုနားမှာဓာတ်ပုံသွားရိုက်လိုက်ဦးမယ်နော်"

စိုင်းကိုလှမ်းခေါ်ကာ လိပ်ပြာလည်းမရောက်တာကြာပြီမို့ selfie ဆွဲနေမိသည်။ မြတ်လေးသာသိရင် သူလည်းလိုက်ချင်မှာသေချာတယ်၊ သူအလုပ်ပိတ်မှ တစ်ခေါက်
ထပ်လာရမယ်။

"မယ် အဲဒါ ဆင်တောင်အရမ်း သာယာတယ်လို့ကြားတယ် ကျွန်တော်တော့ တစ်ခါမှ မရောက်ဖူးဘူး...."

"အင်း သာယာတယ်နော် အနီးကပ်သွားကြည့်ရရင် ဘယ်လောက်တောင်ကောင်းမလဲ"

"ဟုတ်တယ်"

"ကျေးဇူးပါ စိုင်းတို့လိုက်ပို့လို့ မယ့်ဘာသာဆို ရောက်ဖြစ်မှာတောင်မဟုက်ဘူး"

"မဟုတ်တာ ကြုံတုန်းလိုက်ပို့ရတာ ကျေးဇူးတင်စရာမလိုပါဘူး"

မယ်တို့လည်း view point ကိုကြည့်ပြီးသည်နှင့် လိပ်ပြာတို့ လိမ္မော်ခြံသို့ တစ်ဆက်တည်းသွားကြသည်။

"သမီးတို့ပါလား လာကြ လာမယ်တောင်မထင်ဘူး "

"ဖေဖေကလည်း လာမယ်လို့ပြောထားတာ လာမှာပေါ့ မယ်ကိုလေ ခြံထဲလျှောက်ပြလိုက်ဦးမယ်နော်"

"အသီးတွေက ပြွတ်ခဲနေတာပဲ.....မယ်ခူးလို့ရလားဟင်.."

"အင်း ရတယ် အညှာကနေ အသာခြွေလိုက်နော်"

"ဟင်း ချဉ်စုပ်နေတာပဲ"

"ချဉ်မှာပေါ့ မယ်ရဲ့. ဒီမှာလေ ဖင်ရှုံ့နေတာကိုခူးရတယ်ရော့ စားကြည့်"


လိပ်ပြာကဘေးနားက အပင်ကနေတစ်လုံးကိုခူးလိုက်ပြီး မယ့်ကိုပေးလိုက်သည်။

"ဒီအလုံးက ချိုတယ်နော်"

"အင်း ချိုပါတယ်ဆို အရှေ့ကိုသွားရအောင်လေ"

"ကဲ သမီးတို့ လိမ္မော် ရည်စစ်စစ်လေးသောက်လိုက်ပါဦး"

"ကောင်းလိုက်တာ ချဉ်ချဉ်ချိုချို လေး "

"စေတနာတွေပါတယ်လေ မယ်ရဲ့ "

"အန်ကယ် ကျွန်တော်ရော မပါဘူးလား"

"သားလည်းပါ ပါတယ် ရော့ သောက်ပါဗျာ"

လိပ်ပြာတို့လည်း ဖေဖေ့ကို ကူကာ အိမ်သို့ပြန်လာကြသည်။

"လိပ်ပြာ မယ်နက်ဖြန်ဆို hotel မှာသွားနေရတော့မယ်၊ ဒီအတောအတွင်း ကူညီခဲ့တာတွေအတွက် ကျေးဇူးတင်ပါတယ်နော် အမြဲသတိရနေမှာပါ"

"မဟုက်တာ...၁ ပတ်က ခဏလေးလိုပဲနော် လိပ်ပြာကတော့သတိရနေတော့မှာပဲ"

"တူတူပါပဲ လိပ်ပြာရယ်"

သံယောဇဉ်ဆိုတာ ဘယ်သံယောဇဉ်ကမှာ အအေးပါဘူး၊ သံယောဇဉ်ထားသလောက်ပူလောင် ရတာပါပဲ...။

လိပ်ပြာလည်းမယ့်ကို ကိုယ့်ညီမတစ်ယောက်လိုချစ်မိပါသည်။ ထိုညကလိပ်ပြာတို့ညနက်သည်အထိ စကား
ပြောခဲ့ကြသည်။

°°°°°°°°°°°°°°°°°°°°°°°°•°•°•°•°•°•°•°•°•°

အပိုင်း(၈) ဆက်ရန် >>>

#Ruby Linn


rate now: